← Chapters

အခန်း (၁၇၃၅-၁၇၃၇)

Vol. 116 Ch. 1735-1737

အခန်း (၁၇၃၅-၁၇၃၇)

Vol. 116 Ch. 1735-1737

အခန်း(၁၇၃၅) အစည်းအဝေးသို့ တစ်ယောက်တည်းသွားပြီး သူ၏အစွမ်းသတ္တိကို ပြသခြင်း

ခဏတာအတွင်းတွင် ပွဲတော်၏ ပျော်ရွှင်ဖွယ်လေထုက ပြောင်းလဲ၍ လူတိုင်းက ချူးယွင်ဖန်းဆီသို့ အာရုံစိုက်သွားကြသည်။ တက်ရောက်လာသူအများစုက ယနေ့ပွဲတော်၏

ရည်ရွယ်ချက်အစစ်အမှန်ကို သိကြ၍ ချူးယွင်ဖန်းနှင့် တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်မှာ ကြာနှင့်ပြီဖြစ်သည်။ သို့သော် ချူးယွင်ဖန်း ဤမျှ မာနကြီးလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။

လူအများအပြားကို ပို၍ အံ့အားသင့်စေသည်မှာ ချူးယွင်ဖန်းသည် ထောင်ချောက်ဆင်ထားမှန်း သိသော်လည်း ပွဲတော်ကို တစ်ယောက်တည်း တက်ရောက်ရဲခြင်း ဖြစ်သည်။

"သူက သတ္တိရှိတာပဲ!" ထိုအတွေးက လူတိုင်း၏ စိတ်ထဲ၌ ပေါ်လာသည်။

‘ချူးယွင်ဖန်းက ချုံခိုတိုက်ခိုက်မှုတွေ ရှိနေတယ်ဆိုတာ သူသိပေမယ့် ဒီလောက်ထိ ပေါ့ပေါ့တန်တ်န ပြုမူရဲတယ်။ ဘာက သူ့ကို သတ္တိရှိစေတာလဲ။’

"မင်းတို့က ဧကရာဇ်နန်းတော်က အရာရှိတစ်ယောက်ကို ဝိုင်းထားတာပဲ။ မင်းတို့ရဲ့ ရာဇဝတ်မှုက နိုင်ငံတော်ပုန်ကန်မှုအဆင့်မှာ ရှိတယ်။ ဒီနေ့ မင်းတို့ထဲက ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူး" ချူးယွင်ဖန်းက လူအုပ်ကို ကြည့်လိုက်ရင်း ကြေငြာလိုက်သည်။

လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ၎င်းတို့က တရှ၏ အမျက်ဒေါသကို ကြောက်ရကြောင်းသိထားရမည်။ ထို့ကြောင့် ၎င်းတို့ စခန်းကို တိုက်ခိုက်မရဲပေ။

ယင်းက အဓိကအချက်ဖြစ်သည်။ တရှက ဤနယ်စပ်မြို့ငယ်လေးများကို မျက်ကွယ်ပြုထားသော်လည်း တရှ၏ လက်ရှိအခြေအနေကို လက်အောက်ခံများက ပိုင်းခြားထားသည်ဟု ပြော၍ရသည်။

သို့သော် ဧကရာဇ်နန်းတော်သည် အကြီးဆုံးဖြစ်သည်။ ၎င်းတို့သည် စခန်းကို ကျူးကျော်ဝင်ရောက်ပါက ဧကရာဇ်နန်းတော်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရာရောက်မည်ဖြစ်သည်။ ဤသည်မှာ ဧကရာဇ်နန်းတော်က လုံးဝသည်းမခံနိုင်သော အဓိကအချက်ဖြစ်သည်။ ဧကရာဇ်နန်းတော်ကို ဒေါသထွက်စေပါက လက်ချောင်းတစ်ချောင်းတည်းဖြင့် ချေမှုန်းနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် လူများကို တံဆိပ်ကပ်ရာတွင် ဤမျှကျွမ်းကျင်၍ ချက်ချင်းတံဆိပ်ကပ်လိမ့်မည်ဟု မည်သူထင်မည်နည်း။

သို့သော် ချူးယွင်ဖန်းပြောခဲ့သည်မှာ အမှန်တရားဖြစ်သည်။ သူတို့၏လုပ်ရပ်များနှင့် ပုန်ကန်မှုကြားက ကွာခြားချက်ကား အဘယ်နည်း။

"ဒီအကြောင်းကြောင့် မင်းဒီနေ့ ဒီမှာသေရမယ်။ မင်းလွတ်မြောက်မှာမဟုတ်ဘူး!" ပေါင်းစည်းခြင်းဂိုဏ်းခေါင်းဆောင်က အေးစက်စက်ပြောလိုက်သည်။

အခြေအနေများသည် ဤအခြေအနေအထိ ရောက်နေပြီဖြစ်သောကြောင့်

ဖော်ရွေသော ဟန်ဆောင်မှုအားလုံးကို လုံးဝစွန့်လွှတ်ပြီးဖြစ်သဖြင့် ၎င်းတို့ အနည်းငယ်လေးမျှပင် တွန့်ဆုတ်နေမည်ဆိုပါက ကံဆိုးကြရလိမ့်မည်။

ချူးယွင်ဖန်း ယနေ့ ဤနေရာတွင် သေဆုံးသွားကာ နတ်ဆိုးနတ်ဘုရားဂိုဏ်းကို စွပ်စွဲနေသရွေ့ တော်ဝင်တရားရုံးက စုံစမ်းစစ်ဆေးရန် စေလွှတ်လျှင်ပင် မထူးပေ။

ထို့အပြင် လီချန်းယွမ်ကဲ့သို့ ကြီးမားသော ပုဂ္ဂိုလ်တစ်ဦးသည် တရားရုံးတွင် သူတို့ကို ကာကွယ်ရန် ရှိနေသောကြောင့် သူတို့တွင် ကြောက်စရာ များများစားစားမရှိပေ။

မည်သို့ပင်ဖြစ်စေကာမူ နတ်ဆိုးနတ်ဘုရားဂိုဏ်းသည် ပို၍ ဆိုးနိုင်မည်မဟုတ်၍ ၎င်းတို့ကို ထပ်မံအပြစ်တင်ရန်မှာ ကြီးကြီးမားမားကိစ္စ မဟုတ်ပေ။

"ဟုတ်တယ် ချူးယွင်ဖန်း။ မင်းဒီနေ့ထွက်ပြေးလို့မရဘူး။ မင်းထွက်ပြေးနိုင်မယ်လို့ ထင်လား" ဝမ်လူကြီးမင်းကလည်း အေးစက်စက်ပြောလိုက်သည်။

ချူးယွင်ဖန်းကို အပိုင်းပိုင်းဆွဲဖြဲပစ်ချင်နေသော အကြည့်များက အေးစက်နေ၏။

"ငါပြေးမယ်လို့ မင်းထင်နေတာလား။ ဟားဟား၊ ငါပြေးချင်ရင် ဒီနေ့မလာဘူး" ချူးယွင်ဖန်းက ပြောသည်၊ "မင်းက ငါ့ကိုသတ်ဖို့ ကြံစည်နေတာ၊ ဒါပေမယ့် ငါလည်း မင်းကိုသတ်ဖို့ အခြေအနေကို အခွင့်ကောင်းယူနေတာ။ မင်းတို့ဒီမှာရှိနေသရွေ့ ပေါင်းထိုင်က ဘယ်တော့မှ မဖွံ့ဖြိုးဘူး။"

ဤအဓိကတပ်ဖွဲ့များ၏ ခေါင်းဆောင်များသည် ချူးယွင်ဖန်း၏ စကားများကို နောက်ဆုံးတွင် ကြားလိုက်ရသည်။ သူ့အမြင်တွင် သူတို့အားလုံးသည် အကျိတ်များဖြစ်၍ အမြန်ဆုံး ဖယ်ရှားပစ်ရန် လိုအပ်သော လူများဖြစ်သည်။ ထိုအကြောင်းကို စဥ်းစားမိသောအခါ ၎င်းတို့က ချူးယွင်ဖန်းကို သတ်ဖြတ်ချင်စိတ်နှင့်ကြည့်နေကြသည်။ နှစ်ဖက်ကြားက ဆန့်ကျင်ဘက်ဖြစ်နေသည်က ညှိနှိုင်း၍ မရပေ။ ချူးယွင်ဖန်းက ၎င်းတို့ကို အဘယ်ကြောင့် ဤမျှ မုန်းကြောင်း ၎င်းတို့မသိသော်လည်း ချူးယွင်ဖန်းက ပြည်ထောင်စုကဲ့သို့ စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းမှ လာသည်ကိုမူ ၎င်းတို့မသိကြပေ။

ပြည်‌ထောင်စုသည် တစ်နှစ်ပတ်လုံး နတ်ဆိုးများ၊ ရေနတ်ဆိုးများနှင့် အခြားတပ်ဖွဲ့များ၏ ဖိအားပေးမှုကို ခံခဲ့ရသည်။ ၎င်းတို့သည် ရေခဲပါးများပေါ်တွင် အမြဲလျှောက်လှမ်းနေကြသည်။ ပြည်ထောင်စုက လူ့အစွမ်းအစတိုင်းကို အသုံးပြုရန် ကတိပြုထားသည်။ ပြည်ထောင်စုသည် ခွန်းလွန်နယ်မြေကို စည်းလုံးစေခဲ့ကာ ၎င်းသည် ချူးယွင်ဖန်း၏ အရိုးထဲတွင် နက်ရှိုင်းစွာ ထွင်းထုထားသဖြင့် ပြောင်းလဲ၍မရပေ။

"ဒီလိုဆိုမှတော့ ငါတို့မှာ ပြောစရာမရှိဘူး။ ဒီနေ့ မင်းသေမလား ငါတို့သေမလား!" ချန်လူကြီးမင်းက အံကြိတ်၍ ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။

"မင်းငါ့ကိုသတ်မှာလား။ ဒါဆို ငါမင်းတို့နဲ့စမယ်။"

ချူးယွင်ဖန်းသည် မိုးကြိုးပစ်သကဲ့သို့ ချက်ချင်း ပြေးထွက်လာပြီးနောက် လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ လူတိုင်းက သူသည် လျှပ်စီးတစ်စင်းကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တောက်ပသွားပြီး ချန်လူကြီးမင်းရှေ့၌ ပေါ်လာသည်။

"မင်းက အရမ်းမာနကြီးတာပဲ!"ချန်လူကြီးမင်းက ကြုံးဝါးလိုက်သည်။

သူသည် ထူထပ်သောမြူခိုးများကဲ့သို့ အလင်းလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ သူ့ရှေ့တွင် သံချပ်ကာတစ်ခု ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။

သူ၏ ကျင့်ကြံမှုအခြေခံက တင်းဖုန်ထက် ပိုသန်မာ၍ နှောင်းပိုင်း ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။ ထိုသို့သော ကျင့်ကြံမှုအခြေခံနှင့်ဆိုပါက ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ထိပ်တန်းတပည့်များထဲတွင် ကျွမ်းကျင်သူတစ်ဦးဟု သတ်မှတ်နိုင်သည်။

သို့သော်လည်း နောက်တစ်ခဏတွင် လူတိုင်းသည် ကြီးမားသော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ချူးယွင်ဖန်း၏ လက်သီးသည် ချန်လူကြီးမင်း၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်ကို မြင်လိုက်ရသည်။ သံချပ်ကာသည် ချူးယွင်ဖန်း၏ လက်သီးဖြင့် အပိုင်းပိုင်းကွဲသွားပြီး ပေါက်ကွဲသွားသည်။

ချန်လူကြီးမင်း၏ ချန်မျိုးနွယ်စုက တုံ့ပြန်ရန်အချိန်ပင်မရှိလိုက်ပေ။

ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခခါ တစ်ချက်တည်းနှင့် သေသွားလောက်အောင် အားနည်းလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

"အားနည်းတယ်။" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ ချန်လူကြီးမင်းက ခွန်အားကြီးသော်လည်း ချူးယွင်ဖန်းနှင့် မယှဥ်နိုင်သေးပေ။

လူတိုင်း တုံ့ပြန်နိုင်ခြင်း မပြုမီတွင် ချူးယွင်ဖန်းက ထိုလေဟာနယ်ကို ဆုပ်ကိုင်လိုက်သည်။ ၎င်းသည် ဝိညာဉ်စွမ်းအင်၏ လက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပုံရိပ်တစ်ခုကို လေထဲသို့ မြှောက်တင်လိုက်သည်။ တင်းချန်မှလွဲ၍ အခြားမည်သူ ဖြစ်နိုင်မည်နည်း။

"တင်းချန်၊ ငါမင်းကို ရှာနေတာ။ မင်းက ငရဲကိုသွားတဲ့လမ်းကို သွားဖို့ ဆုံးဖြတ်ထားပုံပဲ" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

ထိုကာလအတွင်း သူ၏ ဆက်သွယ်မှုများကို မည်သူမျှ မသိဟု တင်းချန်ထင်ထားခဲ့သည်။ သို့သော် အရာအားလုံးက ချူးယွင်ဖန်း၏ ထိန်းချုပ်မှုအောက်၌ ရှိနေလိမ့်မည်ဟု သူမသိပေ။ သူသည် သာမန်လူရွှင်တော်တစ်ဦးသာသာသာဖြစ်သည်။

"မဖြစ်နိုင်ဘူး! မင်းငါ့ကို ဘယ်လိုရှာတွေ့တာလဲ" တင်းချန်က မယုံနိုင်စွာ ပြောလိုက်သည်။

"မင်းရဲ့ အငွေ့အသက်ကို မဖုံးကွယ်ထားနိုင်တာကို ငါ့ရှေ့မှာ ပေါ်လာရဲသေးလား။ မင်းအတွက် အကောင်းအဆိုးကို တကယ်မသိဘူးလားကွ"

အခန်း(၁၇၃၆) တင်းချန်ကို သုတ်သင်ခြင်း

တင်းချန်သည် နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ရရှိခဲ့သော ကိုယ်ပျောက်အဆောင်တစ်မျိုးကို အားကိုးခဲ့သည်။ သာမန်လူများအတွက် ကိုယ်ပျောက်အဆောင်ကို အသုံးပြုနေသူကို ရှာဖွေရန် အလွန်ခက်ခဲသော်လည်း ချူးယွင်ဖန်းသည် သာမန်လူမဟုတ်၍ ကိုယ်ပျောက်အဆောင်များသည် တစ်စုံတစ်ဦးကို ထူးကဲသော ချူးယွင်ဖန်းထံမှ ဖုံးကွယ်ထား၍မရပေ။

"မင်းတကယ်ပဲ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား။ မင်းအရင်က လှုပ်ရှားမှုတွေအားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တာ။ ဒီသူပုန်တွေနဲ့ မင်းချိတ်ဆက်ဖို့ ငါမလိုအပ်ဘူးဆိုရင် အခုချိန်ထိ ငါမင်းကို သည်းခံနေလိမ့်မယ်လို့ မင်းထင်နေတာလား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

"မင်း ငါ့ကို အသုံးချရဲတယ်ပေါ့!" တင်းချန်၏ မျက်နှာ ဖြူဖျော့သွားသည်။

သူလွတ်မြောက်လာခြင်းသည် ချူးယွင်ဖန်း၏ ဝင်ရောက်စွက်ဖက်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ချူးယွင်ဖန်းကို ခုခံရန် အခြားအင်အားစုများ၏ အင်အားကို အားကိုးနိုင်သည်ဟု သူထင်ခဲ့သော်လည်း ယခုအခါ ချူးယွင်ဖန်းသည် လူတိုင်းကို စုဝေးစေရန် သူ့ကို အသုံးချနေပုံရသည်။

ချူးယွင်ဖန်းသည် ယခင်တပ်မှူးများနှင့် မတူပေ။ ပေါင်းထိုင်၌ တိတ်တဆိတ် အမြစ်တွယ်နေသော အဓိကတပ်ဖွဲ့များကို ကိုင်တွယ်ဖြေရှင်းရန် သူ့တွင် အချိန်မရှိပေ။ သူလိုချင်သည်မှာ ပေါင်းထိုင်၏ အဓိကတပ်ဖွဲ့အားလုံးကို သုတ်သင်ရှင်းလင်းရန်ဖြစ်သည်။ သူသည် တင်းမျိုးနွယ်စုကို အလျင်အမြန် သုတ်သင်ရှင်းလင်းခဲ့ရသည့် အကြောင်းရင်းမှာ ရန်သူကို သတိပေးရန်ဖြစ်သည်။

"ဟုတ်တယ်၊ ငါမင်းကို အသုံးချနေတာ။ အခုတော့ မင်းရဲ့တာဝန် ပြီးဆုံးသွားပြီ" ဓားအလင်းတစ်ခု သူ့လက်ထဲ၌ ပေါ်လာကာ ပေါ်လာကာ တင်းချန်ကို ခုတ်ပိုင်းလိုက်သည်။

"သေစမ်း! ငါသေလို့မရသေးဘူး မင်းအရင်သေတာကို ငါကြည့်ချင်တယ်!" တင်းချန်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။

သူ့မျက်လုံးများက ရဲရဲနီနေကာ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအားများ ဆူပွက်လာသည်။ ခဏအတွင်း၌ သူ့ရှေ့မှ ခုခံကာကွယ်သော အတားအဆီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ထိုခုခံကာကွယ်သည့် အတားအဆီးကို ချူးယွင်ဖန်း၏ ဓားက ချက်ချင်းပင် ချိုးဖျက်လိုက်သည်။

နတ်ဓား၏ စွမ်းအားက ပေါက်ကွဲထွက်လာသည်။ ယင်းက ဝမ်ယိဖန်၏ ဓားပင်ဖြစ်၍ ဝိညာဉ်လက်နက်တစ်ခု၏ အတိုင်းအတာကို များစွာကျော်လွန်နေသည်။ ယခု ချူးယွင်ဖန်း၏ လက်ထဲ၌ ရှိသောအခါ ယင်းစွမ်းအားက ပေါက်ကွဲထွက်လာသည်။

ဓားတစ်ချက်တည်းဖြင့် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော တင်းချန်သည် နှစ်ခြမ်းကွဲသွားပြီး သွေးများ ပက်ဖြန်းထွက်လာသည်။ ထိုအရာများအားလုံးကို ဖော်ပြရန်အချိန်အတန်ကြာသော်လည်း တကယ်တမ်းတွင် အသက်အနည်းငယ်ရှုစာမျှသာ ကြာမြင့်သည်။

ချူးယွင်ဖန်းက လူနှစ်ယောက်ကို ဆက်တိုက်သတ်ခဲ့ကာ တစ်ယောက်ကမူ ချန်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည်။ ခဏတာလေးအတွင်း၌ ချူးယွင်ဖန်းက ၎င်းတို့ကို သတ်ပစ်လိုက်သည်။ ထိုအရာများအားလုံးက အလွန် ရုတ်တရက်ဆန်လွန်းသဖြင့် မည်သူမျှ သူ့ကို တိုက်ရိုက်တိုက်ခခိုက်ကာ လူနှစ်ယောက်ကို တစ်ပြိုင်တည်းသတ်ပစ်လိုက်မည်ဟု မမျေှာ်လင့်ထားပေ။

"အား! ဒါဘယ်လိုဖြစ်နိုင်မှာလဲ?!"

ဝမ်လူကြီးမင်းက ဤမြင်ကွင်းကိုမြင်သောအခါ သူ့ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရ၍ တောင့်တင်းသွားသည်။ ချူးယွင်ဖန်း၏ ရုတ်တရက်လုပ်ရပ်က သူ့ကို လုံးဝကြောက်ရွံ့ထိတ်လန့်သွားစေသည်။ ၎င်းသည် သူခန့်မှန်းထားသည်နှင့် ကွဲပြားသည်။ သူ့ကိုဝိုင်းရံထားခြင်းက မပြီးဆုံးသေးဘဲ ထိပ်တန်းကျွမ်းကျင်သူများကိုလည်း မလှုပ်ရှားရသေးပေ။ သူသည် မူလက ချူးယွင်ဖန်းအပေါ် ယဉ်ကျေးဟန်ဆောင်၍ နှောင့်နှေးစေလိုခဲ့သည်။ ချူးယွင်ဖန်းသည် လုံးဝလက်မလျှော့ဘဲ အရာရာကို ခက်ခဲစေလိမ့်မည်ဟု မည်သူသိမည်နည်း။

"ပေါင်းစည်းခြင်းဂိုဏ်းချုပ် မြန်မြန်တိုက်ခိုက်ပါ!" လူကြီးမင်းဝမ်က အော်ပြောလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် ကောင်းကင်မှ ချက်ချင်းဆင်းသက်လာသည်။ ၎င်းသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်ကို ကျော်လွန်သော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုဖြစ်ကာ လူတိုင်း၏ ခန္ဓာကိုယ်ပေါ်သို့ ခွဲခြားမှုမရှိ ကျရောက်လာသည်။ ဤကဲ့သို့သော ကြီးမားသော ဖြစ်ရပ်က ပေါင်းထိုင်ရှိ ထင်ရှားသော ပုဂ္ဂိုလ်များစွာကို ချက်ချင်း ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ထိုလူအများက ဤပွဲတော်က ထောင်ချောက်တစ်ခုဖြစ်ကြောင်းမသိကြသကဲ့သို့

မည်သည့်အရာများဖြစ်ပျက်နေကြောင်းကိုလည်း မသိကြပေ။ ၎င်းတို့သည် ကြီးမားသော နတ်ဆိုးစွမ်းအင်တစ်ခုက ၎င်းတို့အပေါ် ရုတ်တရက် ဖိအားပေးနေသည်ကိုသာ ခံစားလိုက်ကြရသည်။

ထို့အပြင် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် သူတို့ရှေ့၌ ပေါ်လာသည်။ ထိုအသက်လတ်ပိုင်းသူတွင် ခမ်းနားထည်ဝါသော အငွေ့အသက်တစ်ခုရှိနေသည့်အပြင် သူ့ခန္ဓာကိုယ်က စစ်မြေပြင်မှ ပြန်လာသကဲ့သို့

သွေးစွန်းနေသည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။

"ဒါ သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် မဟုတ်ဘူးလား"

တစ်စုံတစ်ယောက်က ရောက်လာသူကို မှတ်မိသွားသည်။

သွေးနတ်ဆိုးဂိုဏ်းခေါင်းဆောင်မှာ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံရှိသည်ဟု ပြောကြ၍ သူ မည်သည့်နေရာမှ လာသည်ကို မည်သူမျှမသိကြပေ။ သူ ရုတ်တရက် နယ်စပ်၌ ပေါ်လာ၍ ရန်သူများကို သတ်ဖြတ်ဲ့သည်။ ထို့နောက် သူသည် သွေးနတ်ဆိုးဂိုဏ်းကိုတည်ထောင်ကာ ယင်းက ထိုဒေသတွင် အာဏာအကြီးဆုံးဂိုဏ်းများထဲမှ တစ်ခုဖြစ်လာသည်။

ခွန်အားအရ သွေးနတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို ထိပ်တန်းအဆင့်ဟု မယူဆနိုင်သော်လည်း ရက်စက်ကြမ်းကြုတ်မှုအရ သူသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

ဖြောင့်မတ်သော ဂိုဏ်းများ၏ ထိပ်တန်းတပည့်များ မရေမတွက်နိုင်လောက်အောင်ပင် သူ့လက်ချက်နှင့်သေဆုံးသွားကြသည်။ အရေးကြီးဆုံးက သူသည် စကြဝဌာအဆင့်သို့ရောက်နေသည်မှာ ကြာနှင့်ပြီဟူသော ကောလဟာလများထွက်ပေါ်နေခြင်းဖြစ်သည်။

စကြဝဌာအဆင့်ဟူသည် စစ်သားထောင်ပေါင်းများစွာ၏ ဝိုင်းရံမှုမှ တစ်ယောက်တည်း မထိခိုက်ဘဲ လွတ်မြောက်နိုင်သည်ဟု ပြော၍ ရသည်။ ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်း၏ ဧရာမဂိုဏ်းများထဲတွင်ပင် စကြဝဠာအဆင့်များသည် အလွန်အစွမ်းထက်ကြသည်။ ၎င်းတို့က စစ်မှန်သော တပည့်များ သို့မဟုတ် အကြီးအကဲများဖြစ်ကြသည်။

"သွေးနတ်ဆိုးဂိုဏ်းခေါင်းဆောင်က ဘာလို့ဒီမှာရှိနေတာလဲ"

လူများစွာ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ ၎င်းတို့က ထောင်ချောက်အကြောင်း မသိကြသော်လည်း ကမ္ဘာကြီး ပျက်တော့မည်ဟု ခံစားလိုက်ကြရသည်။

သွေးနတ်ဆိုးဂိုဏ်းခေါင်းဆောင်က အမြဲတစေ ရက်စက်ကြမ်းကြုတ်ခဲ့သည်။ သူ စိတ်ဆိုးနေလျှင် မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

"ချူးယွင်ဖန်း၊ ဒီနေ့ ထွက်ပြေးနိုင်မယ်လို့ ထင်နေတုန်းပဲလား" ဝမ်လူကြီးမင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သွေးနတ်ဆိုးဂိုဏ်းခေါင်းဆောင်သည် စကြဝဠာအဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ ကြာနေပြီဖြစ်သော ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သာမန်ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်း၏ စစ်မှန်သောတပည့်များပင် သူ့နှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

"ဒါဆို ဒါက မင်းတို့ရဲ့ ဝှက်ဖဲပေါ့!" ချူးယွင်ဖန်းက သွေးနတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို လှောင်ပြောင်လိုက်သည်။

"ယွမ်ထျန်းဟွာ၊ မင်းရဲ့နာမည်က တရှမှာ အလိုရှိနေတဲ့သူတွေထဲက ထိပ်ဆုံးကပဲ။ ပုန်းအောင်းနေမယ့်အစား တရှနယ်မြေမှာ ပေါ်လာရဲတယ်။ မင်းက တကယ်ကို သေချင်နေတာပဲကွ ဒီနေ့ ထွက်သွားဖို့ မစဉ်းစားနဲ့။ ငါလည်း မင်းကို သတ်ပစ်မယ်"

"တကယ့်ကို လျှာရှည်တဲ့ ကောင်ပဲ။ ဒီနေ့ ဘယ်သူထွက်မပြေးမလဲဆိုတာ ငါသိချင်တယ်" ယွမ်ထျန်းဟွာက ကြောက်မက်ဖွယ်ကောင်းအောင် ရယ်လိုက်ပြီးနောက် ရုတ်တရက် တိုက်ခိုက်လိုက်သည်။

သွေးစွန်းနေသော လက်ဖဝါးကြီးတစ်ဖက်က ချူးယွင်ဖန်းအပေါ်သို့ ရိုက်ခတ်သွားပြီး ကမ္ဘာကြီးကို ကွဲကြေလုနီးပါး ဖြစ်စေသည်။

"စီနီယာယီ အခုမတိုက်ခိုက်ရင် ဘယ်တော့တိုက်ခိုက်မလဲ"

ချူးယွင်ဖန်းက လုံးဝမကြောက်မိပေ။ ယင်းအစား သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူစကားပြောပြီးသည်နှင့် ကောင်းကင်မှ အနီရောင် အလုံးတစ်လုံး ပြုတ်ကျလာသည်။

ဘမ်း

သွေးနီရောင် လက်ဖဝါးရာသည် ကြီးမားသော အနီရောင်အလုံးကြောင့် ကြေမွသွားခဲ့သည်။

အခန်း(၁၇၃၇) နောက်ဆုံးပေါက်ကွဲမှု၊ တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

ထိုအရာများအားလုံး အလွန် အမြန်အဆန်ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ခဏတာလေးအတွင်း၌ပင် ကြီးမားသော အနီရောင်ပန်းထိုးဘောလုံးကြီးက အောက်သို့လိမ့်ဆင်းလာကာ အနီရောင်လက်ကြီးကို ဖျက်ဆီးပစ်လိုက်သည်။

"ဘယ်သူလဲ" ယွမ်ထျန်းဟွာက ရုတ်တရက် ဟင်းလင်းပြင်ထဲသို့ လှမ်းကြည့်လိုက်သည်။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထား၍ အနီရောင်ပန်းထိုးဘောလုံးကို ကိုင်ဆောင်ထားသော လှပသောအမျိုးသမီးတစ်ဦးသည် ကောင်းကင်မှ နတ်ဘုရားမတစ်ပါးကဲ့သို့ ဆင်းသက်လာသည်။ ယွမ်ထျန်းဟွာသည် ချက်ချင်းပင် သူမကြောင့် ခြိမ်းခြောက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည်လည်း စကြဝဠာအဆင့်၌ရှိနေပြီဖြစ်၏။

ချူးယွင်ဖန်းက သူမကို “စီနီယာ" ဟု ယခုတင်ခေါ်လိုက်သည်နှင့် ရောက်လာသူ၏ အရည်အချင်းက ထင်ရှားသည်။ သူမက ကြယ်ကြွေကောင်းကင်ဂိုဏ်း၏တပည့်စစ်တစ်ဦးဖြစ်သည်။

တပည့်စစ်စစ်များသာ ထိုသို့အစွမ်းသတ္တိမျိုးရှိနိုင်သည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ စစ်မှန်သော တပည့်များကို ဆန့်ကျင်ရာတွင် ယွမ်ထျန်းဟွာ သတိထားရမည်။ သူ၏ ကျင့်ကြံမှုသည် ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ စစ်မှန်သော တပည့်များထက် အနည်းငယ် ပိုမိုအားကောင်းသော်လည်း ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ စစ်မှန်သော တပည့်များကို သူ အနိုင်ယူနိုင်သည်ဟု မဆိုလိုပေ။ သူက သီးသန့်ကျင့်ကြံသူတစ်ဦးဖြစ်ကာ ကံကောင်းစွာဖြင့် စကြဝဠာအဆင့်သို့ရောက်ရှိခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဂိုဏ်းကြီးတစ်ခုအဖြစ်အသတ်မှတ်မခံရသော သွေးနတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့သည်။

သို့သော် ဤဂိုဏ်းကြီးဆယ်ဂိုဏ်း၏ စစ်မှန်သောတပည့်များမှာ မတူညီပေ။ သူတို့တစ်ဦးစီတွင် မျက်စိကျစရာအမွေအနှစ်များရှိ၍ ၎င်းတို့၏ခွန်အားတိုင်းသည် အံ့မခန်းဖြစ်သည်။ တူညီသောအဆင့်တွင် သီးသန်န့ကျင့်ကြံသူ တပည့်နှစ်ဦး သို့မဟုတ် သုံးဦးသည် ဤအစဥ်အလာရှိတပည့်များကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ ယခု သူသည် ခွန်အားအားသာချက်ရှိသော်လည်း လာသောသူကို လျှော့တွက်ဝံ့ခြင်းမရှိပေ။

ထိုအချိန်၌ လူတိုင်း အံ့အားသင့်သွားကြသည်။ နောက်ထပ် စကြဝဠာအဆင့်ရှိသူတစ်ဦးပေါ်လာသည်။ ပေါင်းထိုင်ကဲ့သို့ နယ်စပ်မြို့ငယ်လေးအတွက် စကြဝဠာအဆင့်ဆိုသည်က ရှားပါးပါး မြင်တွေ့ခွင့်ရမည့် ဒဏ္ဍာရီလာကျွမ်းကျင်သူများဖြစ်ကြသည်။ ယခု ၎င်းတို့ထဲမှ နှစ်ယောက် တစ်ပြိုင်တည်းပေါ်လာသဖြင့် လူများစွာက ၎င်းတို့အဆုတ်ထဲမှ လေများ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

နှစ်ဖက်စလုံးက ၎င်းတို့၏ ဝှက်ဖဲများကို ထုတ်ပြလာကြသည်။

။ နှစ်ဖက်စလုံးက ၎င်းတို့၏ ဝှက်ဖဲအဖြစ် စကြဝဠာအဆင့်များကို ခေါ်လာသည်မှာ သံသယဖြစ်ရန်ပင်မလိုပေ။ ထို့ကြောင့် ပေါင်းစည်းခြင်းဂိုဏ်း၏ ခေါင်းဆောင် ဝမ်လူကြီးမင်းနှင့် ကောင်းကင်နယ်မြေခေါင်းဆောင်တို့၏ မျက်နှာများ အရုပ်ဆိုးသွားကြသည်။ ၎င်းတို့ အသာစီးရလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ချူးယွင်ဖန်း၌ ဤသို့သော ဝှက်ဖဲမျိုးရှိနေမည်ဟု မထင်ထားကြပေ။ သူသည်လည်း စကြဝဠာအဆင့်တစ်ဦးကို ဆင့်ခေါ်ခဲ့သည်။

နှစ်ဖက်အသင်းကြား မျှခြေကို တူညီသော အဆင့်အထိ ပြန်ဆွဲတင်နိုင်ခဲ့သည်။ ၎င်းတို့၌ အနည်းငယ်အားသာချက်ရှိလျှင်ပင် ယခင်ကတမျှ မကြီးတော့ပေ။

"သွေးနတ်ဆိုးဂိုဏ်း။ ရှင်တို့က ကျွန်မဂိုဏ်းရဲ့တပည့်တစ်ယောက်ကို တိုက်ခိုက်ရဲတယ်လား" ယီယွမ်ယောင်က လှောင်ပြောင်လိုက်သည်။

ယွမ်ထျန်းဟွာ၏ မျက်လုံးများသည် အေးစက်သော သတ်ဖြတ်ချင်စိတ်များပြည့်နေသည်။ ထိုကိစ္စကို ဤအတိုင်းထား၍ မရပေ။ ထို့နောက်တွင် ကြယ်ကြွေကောင်းကင်က သူ့ကို လက်စားချေလာပါက မည်သို့ဖြစ်မည်နည်း။

"ဒါဆို မင်းမှာ စွမ်းရည်ရှိမရှိ ကြည့်ရမယ်" သူက ရက်စက်စွာ ရယ်မောလိုက်သည်။

မျက်လုံးများ၌ တပ်မက်မှု အရိပ်အယောင်များဖြင့် ယီယွမ်ယောင်ကို ကြည့်နေ၏။

"ငါ့မှာ အိပ်ရာခင်းပေးမယ့် အိမ်ဖော်တစ်ယောက် လိုအပ်နေတာက မဆန်းပါဘူး။ မင်းနဲ့ အရမ်းသင့်တော်မယ်လို့ ငါထင်တယ်"

ယွီယွင်ယောင်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်နှင့်အမျှ သူမ၏ မျက်လုံးများမှတစ်ဆင့် အေးစက်သော သတ်ဖြတ်လိုသော ဆန္ဒတစ်ခု ဖြတ်ပြေးသွားသည်။

"ချူးယွင်ဖန်း၊ ငါ သူ့ကို သတ်မယ်။ မင်း တခြားသူတွေကို သတ်လိုက်။ ဒီလူတွေက နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းကြံစည်ထားတာ။ သူတို့ သေထိုက်တယ်!"

တရှ၌ နတ်ဆိုးများနှင့် မိစ္ဆာဂိုဏ်းများအားလုံးကို ဒိဠိဂိုဏ်းများအဖြစ် သတ်မှတ်ထား၍ ဤဂိုဏ်းများသည် အင်ပါယာက သည်းမခံသော ဂိုဏ်းများဖြစ်ကာ ထိုဂိုဏ်းများနှင့် ပူးပေါင်းကြံစည်ရဲသော မည်သူမဆို သေဒဏ်ချခံရမည်ဖြစ်သည်။

အထူးသဖြင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းအတွက် ယင်းကအတော်အတန်အရေးကြီးသည်။ ၎င်းသည် အသက်အန္တရာယ်ရှိသော အခြေအနေဖြစ်ကာ တရှအတွက် မည်သူနှင့်အလုပ်လုပ်စေကာမူ အရေးမကြီးသော်လည်း ဂိုဏ်းကြီးဆယ်ဂိုဏ်းအတွက်မူ ယင်းက အယူဝါဒ တိုက်ပွဲတစ်ခုဖြစ်သည်။

ယီယွင်ယောင်ကဲ့သို့သော အမျိုးသမီးတစ်ဦးပင် ပြင်းထန်သောတိုက်ပွဲများကို ကြုံတွေ့ခဲ့ရကာ အလောင်းတောင်များနှင့် သွေးပင်လယ်များကို ဖြတ်သန်းသတ်ဖြတ်ခဲ့ရသည်။ ဤကိစ္စနှင့်ပတ်သက်၍ သူမသည် ပို၍ပင် ယိမ်းယိုင်ခြင်းမရှိပေ။

"ဟားဟားဟား၊ ဒါက မင်းရဲ့ လျှို့ဝှက်ချက်လား။ အလုပ်မဖြစ်မှာ စိုးရိမ်တယ်။" ချူးယွင်ဖန်း ရယ်လိုက်သည်။

ထိုလူများသည် သွေးနတ်ဆိုးဂိုဏ်းခေါင်းဆောင်နှင့် ပူးပေါင်းကာ သူ့ကို ကိုင်တွယ်ဖြေရှင်းချင်ကြသော်လည်း သူက ယီယွင်ယေင်ကို ဖိတ်ခေါ်ခဲ့သည်ကို မသိကြပေ။ ဤပွဲတော်က ထောင်ချောက်တစ်ခုဖြစ်ကြောင်း ချူးယွင်ဖန်း သိလိုက်ရသည့်အချိန်၌ သူ့တွင် အစီအစဥ်တစ်ခု ရှိနှင့်ပြီးသားဖြစ်သည်။ သူ

မသိလျှင်ပင် ဤလူများက သူ့ကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။ လီချန်းယွမ်ပင် သူ့ကို မတားဆီးနိုင်ပေ။

သို့သော် သူသာ ပွဲတော်ကို ငြင်းပယ်ခဲ့ပါက အဓိကအဖွဲ့အားလုံးကို တစ်ပြိုင်နက်တည်း သိမ်းပိုက်ရန် သူ၏အကြံအစည်သည် အချည်းနှီးဖြစ်လိမ့်မည်။ နောက်ဆုံးတွင် သူသည် ယီယွင်ယောင်ကို ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။ မှန်သည်။ တန်ကြေးအနေဖြင့် သူက ယီယွမ်ယောင်းကို ဧကရာဇ်တိုက်ပွဲစာအုပ်၌ မှတ်တမ်းတင်ထားသော သိုင်းပညာတစ်မျိုးပေးခဲ့သည်။ ထိုသိုင်းပညာက

ဧကရာဇ်တိုက်ပွဲစာအုပ်၌ အထင်ရှားဆုံးမဟုတ်သော်လည်း ပြင်ပကမ္ဘာတွင်မူ ဘုရင်အဆင့်သိုင်းပညာတစ်ခုဖြစ်သည်။

၎င်းသည် ယခင်ဘုရင်တစ်ပါး ဖန်တီးခဲ့သော သိုင်းပညာတစ်ခုဖြစ်သည်။ အကယ်၍ ၎င်းကို တရှ ဧကရာဇ်နန်းတော်တွင် ထားရှိမည်ဆိုပါက တော်ဝင်မျိုးနွယ်များသာ သင်ယူနိုင်သော ပြိုင်ဘက်ကင်းသော သိုင်းပညာတစ်ခု ဖြစ်လာလိမ့်မည်။

ယီယွမ်ယောင်းက ချက်ချင်းကူညီရန် သဘောတူခဲ့သည်။ သူမသည် နေ့ရောညပါ ခရီးထွက်၍ ပေါင်းထိုင်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် သူမသည် မှောင်မိုက်ထဲတွင် ပုန်းအောင်းနေခဲ့ကာ ကိုယ်ထင်မပြခဲ့ပေ။

ထို့ကြောင့် ချူးယွင်ဖန်းသည် အစည်းအဝေးသို့ တစ်ယောက်တည်း ကြွားဝါစွာ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူက မည်သို့ပင်ဖြစ်စေ ယီယွင်ယောင်က သူ့ကို ပံ့ပိုးပေးနေသောကြောင့် စိုးစဥ်းမျှလည်းမကြောက်ခဲ့ပေ။

ထို့အပြင် သူ့တွင် ဓားအလင်းတံတိုင်းရှိနေသေးသည်။ သူ့ကို အတင်းအကြပ်ဖိအားပေးလာပါက ယွမ်ထျန်းဟွာကို တိုက်ခိုက်၍ သတ်ပစ်လိမ့်မည်။

အဓိကခေါင်းဆောင်များ၏ မျက်နှာများသည် အလွန် အရုပ်ဆိုးနေသည်။ ချူးယွင်ဖန်းအား သူတို့၏ထောင်ချောက်ထဲသို့ ကျရောက်စေရန် ဤမျှလောက်ကြိုးစားရလိမ့်မည်ဟု သူတို့မမျှော်လင့်ထားပေ။ သို့သော် ၎င်းတို့က ပြောင်းပြန်အနေဖြင့် သူ၏ထောင်ချောက်ထဲသို့ ကျရောက်သွားပုံရသည်။

ထိုအချိန်တွင် ယွမ်ထျန်းဟွာနှင့် ယီယွင်ယောင်တို့၏ တိုက်ပွဲသည် လေထဲတွင် စတင်နေပြီဖြစ်သည်။ နှစ်ဖက်စလုံးသည် နေရာကို လေထဲသို့ ပြေးဝင်သွားကြသည်။

"သွား! ချူးယွင်ဖန်းကို သတ်လိုက်ရင် အန္တရာယ်အားလုံး ပျောက်ကွယ်သွားလိမ့်မယ်!" ဝမ်လူကြီးမင်းက ဟိန်းဟောက်လိုက်သည်။

"မင်ကလား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

သူ့ကျောပေါ်တွင် မိုးကြိုးတောင်ပံတစ်စုံ ပေါ်လာသည်။ သူ၏အမြန်နှုန်းမှာ အလွန်မြန်ဆန်သောကြောင့် လျှပ်စီးတစ်စင်းနှယ်ဖြစ်နေကာ ချက်ချင်းပင် လူကြီးမင်းဝမ်၏ ရှေ့သို့ရောက်ရှိလာခဲ့သည်။

ခဏတာလေးအတွင်း၌ အံ့ဖွယ်လက်သီးရှစ်ချက် ပေါက်ကွဲသွားသည် ကောင်းကင်နဂါးအုပ်စု ရှစ်စုက ချူးယွင်ဖန်း၏ နောက်ကွယ်၌ ပေါ်လာ၍ ၎င်းတို့သည် ဧရာမတောင်တန်းများအဖြစ် ပြောင်းလဲသွားကာ ဆရာဝမ်ဆီကို အပြေးအလွှားသွားကြသည်။

ဘမ်း

ပြင်းထန်စွာ ဖြတ်ရိုက်ခြင်းခံရ၍ ကြိုးပြတ်နေသော စွန်တစ်ကောင်ကဲ့သို့ ချက်ချင်း လွင့်ထွက်သွားသည်။ သို့သော် မြေပြင်ပေါ်သို့ မဆင်းသက်မီတွင် ချူးယွင်ဖန်းက ဓားအလင်းကို မိုးကြိုးအလျင်ဖြင့် ဝှေ့ယမ်းနေသည်ကို သူမြင်လိုက်ရသည်။

၎င်းသည် နတ်သုတ်သင်သူဓားပင်ဖြစ်၏။

ဓားသည် ကောင်းကင်မှ သက်ဆင်း၍ ဝမ်လူကြီးမင်း၏ ဦးခေါင်းကို ထက်ခြမ်းခွဲလိုက်သည်။

ဝှစ်

သူ့ခေါင်းက နှစ်ခြမ်းကွဲသွားပြီး သွေးများက လေထဲတွင် ပက်ဖြန်းသွားသည်။

All Chapters