← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 17 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 17 Ch. 257-258

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -257

အခန်း ၂၅၇ ။ ဗုံးဆန်ကြီး

ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ နင်ချန် ရောက်နေမည်ဟု မထင်ထားပေ။

ယဲ့ယွင် ဝင်လာသည်နှင့် နင်ချန်က လက်ကို ဆွဲယူလိုက်သည်။

"ဒီနေ့ လက်တွေက နွေးနေပါလား။ ဘယ်သွားခဲ့တာလဲ။”

"ဥယျာဉ်တော်ထဲ သွားလမ်းလျှောက်တာပါ။ ဒီကောင်မလေးတွေကအရမ်းပူပန်တတ်လုပ်လိုက်ကြတာ။ မီးဖိုတွေ၊ စောင်တွေ အကုန်သယ်သွားကြတယ်လေ"

ယဲ့ယွင် ရယ်မောပြီး ဖြေလိုက်သည်။

နင်ချန်က သူမကို ဆိုဖာပေါ်တွင် ထိုင်စေသည်။

"ဂရုစိုက်တာ ကောင်းပါတယ်။ အခုက ကိုယ်ဝန်ဆောင်ထားတာဆိုတော့ ပေါ့ဆလို့ မဖြစ်ဘူး။”

ဒါပေမဲ့ အပြင်မထွက်ရဘူးလို့ မပြောခဲ့ပါဘူး။ သမားတော်ကျန်းကိုယ်တိုင် မှာကြားထားတယ်လေ။ အမြဲတမ်း လှဲမနေဘဲ လှုပ်ရှားပေးမှ မွေးဖွားရ လွယ်ကူမယ်တဲ့။

ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး နန်ကျစ် ပေးသော နွားနို့ပူပူကို သောက်လိုက်သည်။

ခုနက ဥယျာဉ်တော်ထဲက ကိစ္စကို သတိရသွားပြီး နင်ချန်ကို မျက်စောင်းထိုးလိုက်သည်။

"ဘာဖြစ်လို့လဲ"

အကောင်းကြီးကနေ မျက်စောင်းထိုးခံလိုက်ရသဖြင့် နင်ချန် နားမလည်စွာ မေးလိုက်သည်။

"အရှင်မင်းကြီးက ချောမောခန့်ညားလွန်းတော့ အနောက်ဆောင်က မိန်းမလှလေးတွေ သဝန်တိုနေကြတာကို တွေးမိလို့ပါ။ ခုနက ဥယျာဉ်တော်ထဲမှာ ဝမ်ဝမ်ရုန်နဲ့ တွေ့ခဲ့တယ်။ အဲ့ကောင်မလေး သဝန်တိုလွန်းလို့ အချဉ်နံ့တွေတောင် ထွက်နေတယ်။”

သူမ၏ အမူအရာကို ကြည့်ပြီး နင်ချန် ရယ်ချင်စိတ် ပေါက်သွားသည်။ ဒီမိန်းကလေး တစ်ယောက်ယောက်ကို အနိုင်ကျင့်လာပြန်ပြီ။

"ဝမ်မျိုးရိုးက ဘာပြောလိုက်လို့လဲ။”

"ဟွန့်... ဒီချန်းချဲ့ကို တိုင်ချင်တာလေ။ ချီဝမ်ရုန် အချစ်ခံရတာကို မနာလိုဖြစ်ပြီး ဒီချန်းချဲ့ကို မြှောက်ပေးပြီး ရန်တိုက်ပေးချင်နေတာ"”။”

ယဲ့ယွင် နှုတ်ခမ်းမဲ့လိုက်ပြီး လက်သည်းနီဆိုးထားသော လက်ချောင်းလေးများကို ကြည့်ကာ မထီမဲ့မြင် ပြုလိုက်သည်။

"ကံဆိုးစွာနဲ့ပဲ ဒီချန်းချဲ့က သူများလက်ထဲက ဓားသွား အဖြစ်မခံဘူးလေ။”

သူမ ဒီလောက် ပွင့်လင်းစွာ ပြောလိုက်လိမ့်မည်ဟု နင်ချန် မထင်ထားသည့်အတွက် ဘာပြန်ပြောရမှန်း မသိတော့ပေ။

ကံကောင်းထောက်မစွာ သမားတော်ရှန် ရောက်လာကြောင်း ပိုင်ရှု လာလျှောက်တင်သဖြင့် စကားလမ်းကြောင်း လွှဲလိုက်နိုင်သည်။

သမားတော်ရှန် ဝင်လာပြီး ဂါရဝပြုလိုက်သည်။

ပုံမှန်အတိုင်း သွေးကြောစမ်းကြည့်ပြီး အစားအသောက် အနေအထား မေးမြန်းကာ အခန်းတွင်းရှိ အသုံးအဆောင်များ၊ ရနံ့များကို စစ်ဆေးကာ အသေးစိတ် ဂရုစိုက်သည်။

"ရှိုးရုန်ရဲ့ ကိုယ်ဝန်အခြေအနေ ကောင်းမွန်ပါတယ်။ လက်ရှိအတိုင်း ဆက်နေဖို့အကြံပေးချင်ပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း အားဆေးတွေစားတာ များနေပုံရတယ်။ လျှော့စားသင့်ပါတယ်။ အာဟာရလွန်ကဲရင် ကလေးအရွယ်အစားကြီးမားပြီး မွေးဖွားရ ခက်ခဲတတ်ပါတယ်။”

သမားတော်ရှန်၏ စကားကြောင့် ယဲ့ယွင် ရယ်မောလိုက်ပြီး ဘေးနားမှ အစေခံနှစ်ယောက်ကို ကြည့်လိုက်သည်။

"တွေ့လား... ငါ အများကြီး စားနေရတယ်လို့ ပြောတာ မယုံကြဘူး။ အခု သမားတော်ကြီး ပြောပြီဆိုတော့ လျှော့စားခွင့်ပေးတော့နော်"

နန်ကျစ် ခေါင်းကုတ်လိုက်ပြီး ရှက်ရွံ့နေသည်။ ဟွေယွဲ့လည်း မျက်နှာပူနေသည်။

အရှင်မင်းကြီးက နေ့တိုင်း ငှက်သိုက်ပေါင်း ပို့ပေးနေသလို သူတို့ကလည်း သီးသန့် ဟင်းချိုတွေ ချက်တိုက်နေတော့ အာဟာရလွန်ကဲသွားတာ ဖြစ်မယ်။

"မင်းအစေခံတွေက စေတနာနဲ့ လုပ်ပေးတာပါ။ ဒါပေမဲ့ အတွေ့အကြုံ မရှိကြဘူး။ ငယ်လွန်းသေးတယ်"

နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။

"ပြောရရင် မင်းဆီမှာ အတွေ့အကြုံရှိတဲ့ အထိန်းတော်ကြီး မရှိသေးဘူး။ ကျန်းသင့်တော်သူ တစ်ယောက်လောက် ရှာပေးမယ်။”

"ဟုတ်ပါတယ်။ ဟွေယွဲ့နဲ့ နန်ကျစ်က မွေးဖွားရေးကိစ္စ နားမလည်ကြဘူး။ သင်ပေးမယ့်သူ လိုအပ်တယ်။”

ယဲ့ယွင် သဘောတူလိုက်သည်။

နင်ချန်သည် ယွမ်ကျိုကို နန်းတွင်းရေးရာဌာနသို့ စေလွှတ်ပြီး နောက်ကြောင်းရှင်းသော အထိန်းတော်ကြီး တစ်ယောက် ရှာခိုင်းလိုက်သည်။

သမားတော်ရှန် ထွက်သွားမှ ယဲ့ယွင် ကိုယ်ဝန်ထိန်းဆေး မသောက်ကြောင်း နင်ချန် သတိထားမိလိုက်သည်။

"ဆေးဆိုတာ အဆိပ်သုံးပုံ တစ်ပုံ ပါတယ်လေ။ ဒီချန်းချဲ့က ကျန်းမာရေး ကောင်းတယ်။ ကိုယ်ဝန်လည်း ငြိမ်တယ်။ ခါးသက်တဲ့ ဆေးရည်တွေကို ဘာလို့ သောက်ရမှာလဲ။ သမားတော်ရှန်ကလည်း နေမကောင်းမှ သောက်ရမယ်။ ကောင်းနေရင် မသောက်တာ ပိုကောင်းတယ်လို့ ပြောတယ်။”

ယဲ့ယွင် ရှင်းပြလိုက်သည်။ တခြားကိုယ်လုပ်တော်တွေ ကိုယ်ဝန်ရရင် ဆေးသောက်နေကျမို့ မသောက်ရဘူးဆိုတဲ့အတွေးက်ို နင်ချန် မတွေးမိခဲ့ဘူး။

အခုမှ သဘောပေါက်သွားသည်။

"သမားတော်ရှန်က ငယ်ပေမဲ့ တည်ငြိမ်တာပဲ"

နင်ချန် ရုတ်တရက် ပြောလိုက်သည်။

ယဲ့ယွင် သူ့ကို ထူးဆန်းသလို ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ။”

"အရှင်မင်းကြီး... သမားတော်ရှန်က အသက် ၃၀ ကျော်နေပြီလေ။ အရှင်မင်းကြီးထက် ၁၀ နှစ်နီးပါး ကြီးတယ်။”

လူငယ်လေးတစ်ယောက်က ဦးလေးကြီးတစ်ယောက်ကို ငယ်တယ်လို့ ပြောနေတာ ရယ်စရာ ကောင်းမနေဘူးလား။

နင်ချန် ကြောင်သွားပြီး ရှက်ရွံ့စွာ ချောင်းဟန့်လိုက်သည်။

"သမားတော်ဆောင်ထဲမှာဆိုရင် သူက ငယ်သေးတယ်လို့ ပြောချင်တာပါ"

ဟုတ်ပါပြီ... ထီးနန်းတက်လာတာ ၅ နှစ်ရှိပြီဆိုတော့ လူအိုကြီးတွေနဲ့ပေါင်းတာများပြီးတစ်ခါတစ်လေ သူက ၂၅၊ ၂၆ နှစ်ပဲ ရှိသေးတာကို မေ့နေတတ်တယ်။

အသက်ကြီးတဲ့ အမတ်ကြီးတွေနဲ့ နေ့တိုင်း ဆက်ဆံနေရတာ လူက်ိုမြန်မြန်အိုစေတာပဲ။

ဒါပေမဲ့သူ အသက် ၃၀ ပြည့်ဖို့ လိုပါသေးတယ်။ အဲ့ဒီအချိန်ကျရင် အာဏာကို အပြည့်အဝ ထိန်းချုပ်နိုင်မှာပါ။ ပြီးတော့အဲ့ဒီအချိန်ကျရင် သူနဲ့ ယဲ့မျိုးရိုးရဲ့ ကလေးက ၃ နှစ်၊ ၄ နှစ်လောက် ရှိနေလောက်ပြီ။ သားအမိနှစ်ယောက်လုံးကို ကာကွယ်ပေးနိုင်မှာပါ။

နင်ချန် စိတ်ကူးယဉ်ရင်း ယဲ့ယွင်၏ ဗိုက်ကို ကြည့်ပြီး မျှော်လင့်ချက်များ ထားရှိလာသည်။ အနောက်ဆောင်ထဲတွင် ယဲ့ယွင်က ထူးခြားသူမို့ သူ မွေးလာမယ့် ကလေးကလည်း ထူးခြားမှာ သေချာတယ်။

"နှစ်ကုန်တော့မယ်။ နောက်ထပ် နှစ်ရက်လောက်နေရင် ကြေညာလိုက်တော့မယ်။ နှစ်ကုန်ရင် အလုပ်ရှုပ်တော့ မသိတဲ့လူတွေ လာနှောင့်ယှက်မှာ စိုးလို့။”

နင်ချန် ရုတ်တရက် ပြောလိုက်သည်။

တကယ်တမ်းတွင် သူက ယဲ့ယွင် ကိုယ်ဝန်ရှိနေတာကို လူတိုင်း သိစေချင်နေပြီဖြစ်သည်။

"အရှင်မင်းကြီး သဘောပါပဲ"

ယဲ့ယွင် ပြုံးပြီး သဘောတူလိုက်သည်။

......

ထို့ကြောင့် ၁၁လပိုင်း ၁၀ ရက်နေ့တွင် သမားတော်ချုပ်ကျန်းကိုယ်တိုင် သတင်းထုတ်ပြန်ခဲ့သည်။

ယွီရှို့အဆောင်မှ မင်ရှိုးရုန်သည် ကိုယ်ဝန်

နှစ်လကျော် (သုံးလနီးပါး) ရှိနေပြီ ဟူ၍ ဖြစ်သည်။

ဒီသတင်းက အနောက်ဆောင်တစ်ခုလုံးကို ဗုံးတစ်လုံး ကျသလို လှုပ်ခတ်သွားစေသည်။

မိဖုရားခေါင်ကြီးသည် ဖုံးကွယ်ခံထားရသဖြင့် ဒေါသထွက်သော်လည်း နင်ချန်က ဦးအောင် ရှင်းပြလိုက်သည်။

"မင်ရှိုးရုန် ကိုယ်ဝန်ရစမှာ ဖျားနာခဲ့လို့ ကိုယ်ဝန်မငြိမ်မသက် ဖြစ်ခဲ့တာ။ လူအများကြီး သိသွားပြီး လာနှောင့်ယှက်ရင် ထိခိုက်မှာစိုးလို့ ကျန်းမာလာမှ ကျန်းထုတ်ပြောခိုင်းတာပါ။”

ထို့နောက် ဆုလာဘ်များစွာ ယွီရှို့အဆောင်သို့ ရောက်ရှိလာသည်။

ဖန်းကျယ်ယွီ ကိုယ်ဝန်ရတုန်းကတည်းက မနာလိုသူတွေ များနေခဲ့သည်။ အခု အချစ်ခံရဆုံး မင်ရှိုးရုန်ပါ ကိုယ်ဝန်ရသွားသောကြောင့် အနောက်ဆောင်တွင်တခြားလူများနေစရာ နေရာမရှိတော့ပေ။

ဒေါသအထွက်ဆုံးကတော့ ယောင်ရှန်း ပင် ဖြစ်သည်။ သူမအထင် ယဲ့ယွင်က ကိုယ်ဝန်ရှိမှန်း စောစောကတည်းက သိနေပြီး ချုံးယန်ပွဲတော်မှာ သူမကို တမင် သားကောင်အဖြစ် တွန်းပို့လိုက်တာ ဖြစ်မယ်။

ဒီကာလအတွင်း ယဲ့ယွင်က အေးဆေးအနားယူနေပြီး သူမကတော့ မြှားစာအဖြစ် အသုံးချခံလိုက်ရတယ်။

တကယ်တမ်းတော့ သူမ အတွေးလွန်နေခြင်း ဖြစ်သည်။ နင်ချန်က သမားတော် ခေါ်မစစ်ဆေးခိုင်းရင် ယဲ့ယွင်ကိုယ်တိုင်တောင် သိမှာ မဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ် အနောက်ဆောင်မှာ မိသားစုနောက်ခံ ကောင်းမွန်တဲ့ ကိုယ်ဝန်ဆောင် နှစ်ယောက် ရှိလာပြီ။ ထိုအချက်ကသားယောက်ျားလေး မမွေးနိုင်သေးသော မိဖုရားခေါင်ကြီးအတွက် ဖိအားများဖြစ်စေလာသည်။

ကံကောင်းသည်မှာ နင်ချန်က မိဖုရားခေါင်ကြီး မျက်နှာကို ထောက်ထားသေးသည်။

ယဲ့ယွင် ကိုယ်ဝန်ရှိကြောင်း ကြေညာသောနေ့ ညဘက်တွင် ဖုန်းရှီးနန်းဆောင်သို့ သွားရောက်အိပ်စက်ခဲ့သည်။

ပထမအချက်က နှစ်သိမ့်ပေးရန်ဖြစ်သည်။ ကိုယ်လုပ်တော် ကိုယ်ဝန်ရပါကမိဖုရားခေါင်ကြီးကို အသိပေးရမည့် စည်းကမ်း ရှိသော်လည်း သူက ဖုံးကွယ်ထားခဲ့သဖြင့် မိဖုရားခေါင်ကြီး စိတ်မကောင်းဖြစ်နေမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။

ဒုတိယအချက်က ယဲ့ယွင် နေရာပြောင်းမည့် ကိစ္စကို အတည်ပြုရန် ဖြစ်သည်။

နောက်ဆုံးအချက်က နှစ်သစ်ကူးတွင် ယဲ့ယွင်ကို ရာထူးတိုးပေးရန် စီစဉ်ထားကြောင်း ပြောပြရန် ဖြစ်သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -258

အခန်း ၂၅၈ ။ တားမရတော့ဘူး

ဖုန်းရှီးနန်းဆောင်။

မိဖုရားခေါင်ကြီးသည် နင်ချန် ကြိုက်သော ဟင်းပွဲများကို အထူးစီစဉ်ထားသည်။

ယဲ့ယွင် ကိုယ်ဝန်ရသွားသည့်သတင်းက သူမကို စိတ်ထိခိုက်စေသော်လည်း အရှင်မင်းကြီးက သူမမျက်နှာကို ထောက်ထားသေးသဖြင့် ကျေနပ်ရသည်။

အရှင်မင်းကြီး ကြွလာကြောင်း လျှောက်တင်သည်နှင့် အစေခံများကို ခေါ်ပြီး ထွက်ကြိုလေသည်။

"ရာသီဥတု အေးနေတာကို ဘာလို့ အပြင်

ထွက်စောင့်နေတာလဲ။ အအေးမိသွားမှာစိုးရတယ်။”

နင်ချန် သူမကို တွဲထူပြီး နူးညံ့စွာ ပြောလိုက်သည်။

"ဒီချန်းချဲ့ မအေးပါဘူး။ အရှင်မင်းကြီးကမှ ဝတ်ရုံခြုံမလာဘူး။ အေးနေမှာပေါ့"

မိဖုရားခေါင်ကြီး ပြုံးလျက် ပြောလိုက်သည်။

"ယိရွှင်ရုန် ပေးထားတဲ့ လက်ကိုင်မီးဖိုရှိနေလို့ မအေးပါဘူး။ ကဲ... အထဲဝင်ကြစို့"

နင်ချန် ရှေ့က ဝင်သွားလိုက်သည်။

သူ့လက်ထဲတွင် ခရမ်းရောင်တိမ်တိုက်ပုံအိတ်စွပ်ထားသော လက်ကိုင်မီးဖိုကို တွေ့လိုက်ရသောအခါ မိဖုရားခေါင်ကြီး ရင်ထဲ နာကျင်သွားသည်။

သို့သော် စိတ်ထိန်းပြီး အပြုံးမပျက် လိုက်ဝင်သွားသည်။

စားပွဲဝိုင်းတွင် ထိုင်ပြီးနောက် နင်ချန်အတွက် ဟင်းထည့်ပေးသည်။

"ဒီ ကောက်ညှင်းကြက်ပေါင်းလေး မြည်းကြည့်ပါ။ အရသာကောင်းတယ်။”

"ကျေးဇူးပါပဲ။ ဟင်းရည် အရင်သောက်လိုက်ဦးမယ်"

နင်ချန် ပြောလိုက်သည်။ ယွမ်ကျိုက ဝါးပိုးမျှစ်ဟင်းရည်တစ်ခွက် ထည့်ပေးသည်။

မိဖုရားခေါင်ကြီး ဟင်းထည့်လက်စ ရပ်သွားပြီးမှ နင်ချန်၏ ပန်းကန်ပြားထဲ ထည့်ပေးလိုက်သည်။ မျက်နှာထား အနည်းငယ် တင်းမာသွားသည်။

"အရှင်မင်းကြီးက ဟင်းရည် သိပ်မကြိုက်ပါဘူး။ ဒီနေ့မှ ဘာလို့ ဟင်းရည်သောက်ချင်နေတာလဲ"

နင်ချန် ဟင်းရည်တစ်ခွက် ကုန်အောင်သောက်ပြီး ပါးစပ်သုတ်ကာ ပြောလိုက်သည်။

"ဆောင်းတွင်းမှာ ဟင်းရည်ပူပူလေး သောက်ရတာ ကောင်းပါတယ်။ မင်ရှိုးရုန် က ဒါကို ကြိုက်တယ်။ ကျန်းလည်း သူနဲ့အတူ လိုက်သောက်ဖူးတယ်။ အဲ့တာနဲ့ကျန်းလည်း အကျင့်ပါပြီး သောက်ရတာကြ်ိုက်သွားတာ။”

"မင်ရှိုးရုန်က ထက်မြက်ပြီး အရှင်မင်းကြီး အကြိုက်ကို သိတာပဲ။”

မိဖုရားခေါင်ကြီး အသံတိမ်ဝင်သွားပြီးအပြုံးကလည်း မဲ့သွားသည်။

နင်ချန် ဗိုက်ဆာနေသဖြင့် သူမ၏ မျက်နှာထားကို သတိမထားမိဘဲ ကောက်ညှင်းကြက်ပေါင်းကို စားလိုက်သည်။ နင်ချန်နှစ်ခြိုက်စွာစားနေသည်ကို မြင်မှ မိဖုရားခေါင်ကြီး မျက်နှာပြန်ကောင်းသွားသည်။

အရှင်မင်းကြီး အကြိုက်ကို သူမလည်း သိထားသည့်အတွက် အကြိုက်ဆုံးဟင်းတွေကို ရွေးထည့်ပေးနေသည်။ နင်ချန်လည်း အားနာပါးနာ စားပေးနေခဲ့သည်။

မိဖုရားခေါင်ကြီး ပျော်ရွှင်လာသည်။

"ကျန်းကိုချည်း ထည့်မပေးပါနဲ့။ မင်းလည်း စားပါဦး။ နှစ်ကုန်ပိုင်းမှာ အလုပ်တွေများလို့ ပိန်သွားပြီ။”

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

မိဖုရားခေါင်ကြီး မတ်တတ်ရပ်ပြီး ကျေးဇူးတင်လိုက်သည်။

ပြန်ထိုင်ပြီးမှ နင်ချန် စကားဆက်ပြောသည်။

"မင်ရှိုးရုန် ကိုယ်ဝန်ကိစ္စကို တမင် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ သူ့စိတ်က ဆတ်တော့ ကိုယ်ဝန်မငြိမ်ခင်မှာ သူများတွေနဲ့ ရန်ဖြစ်ပြီး ထိခိုက်မှာစိုးလို့ နေမကောင်းဘူးဆိုပြီး အနားယူခိုင်းထားတာပါ။ စိတ်မဆိုးပါနဲ့"

ဆိုလိုတာက ယဲ့ယွင် နေမကောင်းဖြစ်တာ အတုပဲ။ အရှင်မင်းကြီးက ကာကွယ်ပေးထားခြင်းပင်။ ဒီအမှန်တရားကို သိလိုက်ရသောအခါ မိဖုရားခေါင်ကြီး စိတ်ရှုပ်ထွေးသွားသည်။

အရှင်မင်းကြီးက ယဲ့ယွင်ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ သိလိုက်ရလို့ ဝမ်းနည်းမိသလို၊ သူမကို အမှန်အတိုင်း ပြောပြလို့ စိတ်သက်သာရာ ရသွားသည်။

အနည်းဆုံးတော့ သူမကို လေးစားမှု ရှိသေးတယ်ပေါ့။ ဒါပေမဲ့ လေးစားမှုက ဘာလုပ်ရမှာလဲ။ သူမ လိုချင်တာက အချစ်မေတ္တာလေ။ မည်သို့ပင် ခံစားရစေကာမူ စိတ်ထိန်းပြီး သဘောထားကြီးဟန် ဆောင်လိုက်ရသည်။

"အရှင်မင်းကြီးကို ဘယ်စိတ်ဆိုးရက်ပါ့မလဲ။ တော်ဝင်မျိုးဆက်က အဓိကပဲလေ။ ဒီချန်းချဲ့က မိဖုရားခေါင်ကြီး (တရားဝင်မိခင်) အနေနဲ့ ကလေးအားလုံး ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။”

နင်ချန် သူမလက်ကို ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးလိုက်သည်။

"မင်းက ငယ်ပါသေးတယ်။ ကျန်းတို့မှာ သားယောက်ျားလေး ရလာမှာပါ။”

မိဖုရားခေါင်ကြီး မျက်ရည်ဝဲသွားပြီး ခေါင်းညိတ်ကာ မျက်ရည်ကို ထိန်းလိုက်သည်။

"နောက်ထပ် ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိသေးတယ်။”

"ပြောပါ အရှင်မင်းကြီး"

"မင်ရှိုးရုန်က ကျိုဖင်အဆင့် ရောက်နေပြီ။ အခု ကိုယ်ဝန်ရှိနေတော့ ကလေးမွေးရင် နေရာကျယ်ကျယ် လိုအပ်တယ်။ ကျောက်ချွန်းနန်းဆောင်က ကောင်းမယ်ထင်တယ်။ နှစ်သစ်ကူးပြီးရင် ပြောင်းခိုင်းလိုက်ဖ်ို့ စဉ်းစားထားတယ်။ အခုကတည်းက ပြင်ဆင်ထားလိုက်ပါ"

အဆောင်အပြောင်းအလဲက ကိစ္စကြီးမဟုတ်ပေ။ မိဖုရားခေါင်ကြီးက နေရာတစ်ခုလောက်နဲ့ မငြိုငြင်ပါဘူး။

တကယ်တော့ ယဲ့ယွင် အဆောင်ပြောင်းသင့်တာ ကြာပြီ။ အခုမှ အတည်ပြုပြီး နှစ်သစ်ကူးမှ ပြောင်းမှာဆိုတော့ အချိန်ရပါသေးတယ်။ ထို့ကြောင့်ခေါင်းညိတ် သဘောတူလိုက်သည်။

သို့သော် နောက်ဆက်တွဲ စကားက လက်ခံရခက်စေသည်။

"ယဲ့မိသားစုက နယ်စပ်ကို စောင့်ရှောက်နေတော့ ယဲ့ယွင်ရဲ့အစ်ကိုက အရည်အချင်းရှိတယ်။ ယဲ့စစ်သူကြီးရဲ့ခြေရာ နင်းနိုင်မယ့်သူပဲ။ သေဆုံးသွားတဲ့ စစ်သူကြီးရဲ့ သားသမီးနှစ်ယောက်လုံးက တိုင်းပြည်

အတွက် အကျိုးပြုနေကြလို့ဆိုရမယ်။ အခု ယဲ့ယွင် ကိုယ်ဝန်ရှိနေပြီဆိုတော့ နှစ်သစ်ကူးမှာ ရာထူးတိုးပေးလိုက်ရင် ကောင်းမလား။”

ကိုယ်ဝန်ရတာနဲ့ ရာထူးတိုးပေးမယ်တဲ့။ အချစ်ခံရလွန်းနေပြီ။ မိဖုရားခေါင်ကြီး မနေနိုင်တော့ဘဲ ဟန်လုပ်ပြုံးကာ ကန့်ကွက်လိုက်သည်။

"အရှင်မင်းကြီးက မင်ရှိုးရုန်ကို ချစ်တာ သိပါတယ်။ ဒါပေမဲ့ အခုမှ ကိုယ်ဝန်ရကာစ ရှိပါသေးတယ်။ မွေးပြီးမှ ဖန်းကျယ်ယွီနဲ့အတူ ရာထူးတိုးပေးလိုက်ရင် မကောင်းဘူးလား။ မဟုတ်ရင် အရှင်မင်းကြီးကိုမျက်နှာလိုက်တယ် ပြောကြပါလိမ့်မယ်။”

"မပူပါနဲ့။ ယောင်မျိုးရိုးက စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျမှုနဲ့ ပတ်သက်နေတာ။ကျန်းက စုကျယ်ယွီကို မချစ်ပေမဲ့ ကျားစခ်ဒေသကို မျက်နှာထောက်ရမယ်။ ယောင်မျိုးရိုးကို အရင်ဘွဲ့ထူးပြန်ပေးတာနဲ့တင်လုံလောက်နေပြီ။ ရာထူးတိုးတာကတော့ မွေးပြီးမှ စဉ်းစားမယ်။ မင်ရှိုးရုန်ကတော့ အရင် တိုးပေးလိုက်မယ်။ သူ့မိသားစုက အသုံးဝင်တယ်လေ။ ယိရွှင်ရုန်တုန်းကလည်း လုပ်ပေးခဲ့တာပဲ။”

ဒီစကားကြောင့် မိဖုရားခေါင်ကြီး ငြင်းလို့မရတော့ပေ။

ယိရွှင်ရုန် ကိုယ်ဝန်ရှိတုန်းက သူမကိုယ်တိုင် ထောက်ခံပြီး ရာထူးတိုးပေးခဲ့တာလေ။

အခု ယဲ့ယွင်အလှည့်ကျမှ ကန့်ကွက်ရင် မကောင်းသည့်အတွက် နောက်ဆုံးတော့ သဘောတူလိုက်ရသည်။

ဒီည နင်ချန် လာအိပ်သော်လည်း စကားသိပ်မပြောကြပေ။ ပုံမှန်အတိုင်းနင်ချန် အိပ်ပျော်သွားသော်လည်း မိဖုရားခေါင်ကြီး တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။

....

မနက်မိုးလင်းတော့ မျက်ကွင်းတွေ ညိုမဲနေသည်။ ဂါရဝပြုပွဲလာသော ကိုယ်လုပ်တော်အများစုလည်း ထို့အတူပင်။

ယဲ့ယွင် ကိုယ်ဝန်ရသွားသည့်သတင်းက ယောင်ရှန်း ကိုယ်ဝန်ရသည့်သတင်းထက် ပိုပြီး ထိခိုက်စေပုံရသည်။

အိပ်ရေးဝသူများလည်း ရှိပါသည်။ ရှူးဖေး နှင့် သယ့်ဖေး တို့ ဖြစ်သည်။ သူတို့က သားသမီးရှိပြီးသားမို့ အချစ်မခံရလည်း ကိစ္စမရှိပေ။

ထုံးစံအတိုင်းရှူးဖေးက မနက်စောစောစီးစီး လူလိုက်ကိုက်နေသည်။ ပထမဆုံး ပစ်မှတ်က ယဲ့ယွင်နှင့် အဆင့်တူသော ယိရွှင်ရုန် ဖြစ်သည်။

"အို... မင်ရှိုးရုန် မွေးလာရင် တတိယမင်းသားအတွက် ကစားဖော် ရတော့မှာပဲ။သားယောက်ျားလေးဆိုရင် နန်းတော်ထဲမှာ ပိုစည်ကားသွားမှာ။”

"ယောက်ျားလေးတွေက ဆော့ကစားတတ်တော့ စည်ကားသလို ရှုပ်လည်း ရှုပ်ပါတယ်။ ရှူးဖေးမယ်မယ်က သမီးမိန်းကလေး မွေးထားတော့ သားယောက်ျားလေး မွေးရတဲ့ ဒုက္ခကို ဘယ်နားလည်ပါ့မလဲ"

ယိရွှင်ရုန်က ပြန်ပက်လိုက်သည်။

သူမလည်း ယဲ့ယွင် မွေးမှာကို မလိုလားပေမဲ့ ကိုယ့်မှာ သားရှိပြီးသားမို့ စိတ်အေးနေသည်။ ယဲ့ယွင်က ဘာလေးမွေးမလဲ မသိသေးဘူးလေ။

ရှူးဖေး နှာမှုတ်လိုက်သည်။

သားယောက်ျားလေး မမွေးနိုင်တာကို စောင်းမြောင်းမှန်း သိသော်လည်း ပြန်ပြောစရာ မရှိပေ။

သူမတို့ ငြိမ်သွားမှ မိဖုရားခေါင်ကြီးက နင်ချန်၏ အမိန့်ကို ကြေညာလိုက်သည်။

***

All Chapters