အခန်း (၂၈၁-၂၈၂)
Vol. 18 Ch. 281-282
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -281
အခန်း ၂၈၁ ။ ထိတ်လန့်တုန်လှုပ်ခြင်း
အစေခံမိန်းကလေးများမှာ ကြောက်လန့်လွန်းသဖြင့် ခြေဖျားလက်ဖျားများ မခိုင်တော့ဘဲ အော်ဟစ်နေကြတော့သည်။
သူတို့သည် အော်ဟစ်ရင်း ယဲ့ယွင်ကိုတွဲကာ အခန်းပြင်သို့ အမြန်ဆုတ်ခွာခဲ့ကြသည်။ ဤမျှကြီးမားသော လှုပ်ခတ်မှုကြောင့် ကျောက်ချွန်းနန်းဆောင်တစ်ခုလုံး ဆူညံသွားတော့သည်။
ထိုအချိန်တွင် ပိုင်ရှုမှာ အပြင်ရောက်နေသဖြင့် ဟွေယွဲ့မှာ အနားယူနေရာမှ အမြန်ထလာကာ မိန်းကလေးများကို ဦးဆောင်၍ အဆောင်မကြီးကို ဝိုင်းရံစောင့်ကြပ်စေပြီး တခြားနေရာများတွင် မြွေရှိ၊ မရှိကိုပါ ရှာဖွေခိုင်းလိုက်သည်။ ထိုသို့ရှာဖွေကြည့်လိုက်သောအခါ ဝင်းအတွင်းရှိ ပန်းခင်းထဲတွင် မြွေငယ်နှစ်ကောင်သည်ပင်မအဆောင်ရှိရာသို့ တွားလာနေသည်ကို တွေ့လိုက်ရပြန်သည်။
ညာန်ကောင်းသည်လည်း အလွန်ပင် စိုးရိမ်နေပုံရပြီး မိုးထဲရေထဲသို့ ပြေးဝင်ကာ ထိုမြွေများကို ကြည့်၍ အဆက်မပြတ် ဟောင်နေတော့သည်။
ယဲ့ယွင်မှာ ခုတင်ပေါ်သို့ မြွေပြုတ်ကျလာခြင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားရသဖြင့် အခန်းထဲတွင် ဆက်မနေဝံ့တော့ပေ။ သူမသည် ခြေဗလာအပြင်ပါးလွှာသော အိပ်ရာဝင်ဝတ်စုံလေးဖြင့် အစေခံများ၏ တွဲထူမှုဖြင့် အပြင်သို့ ထွက်လာခဲ့ရသည်။ အပြင်တွင် မိုးသည်းထန်နေသဖြင့် ထီးဆောင်းထားသည့်တိုင်အောင် ကိုယ်လုံးတစ်ဝက်မှာ ရွှဲစိုကုန်တော့သည်။
လျန်မားမား လည်းရောက်ရှိလာခဲ့သည်။ သူမသည် အသက်ကြီးသူပီပီ တည်ငြိမ်စွာဖြင့်ပင် ဦးစွာ မွေးခန်းအတွင်းသို့ သေချာစစ်ဆေးခိုင်းကာ ဘေးကင်းကြောင်း အတည်ပြုပြီးနောက် အစေခံလေးဦးအား ယဲ့ယွင်ကို ထိုင်ခုံဖြင့် မွေးခန်းအတွင်းသို့ မခေါ်စေခဲ့သည်။
ထိုထိုင်ခုံပေါ်မှာပင် ယဲ့ယွင်သည် ဗိုက်ထဲမှ အသည်းအသန် နာကျင်မှုကို ခံစားလိုက်ရပြီး ရုတ်တရက် အောက်ပိုင်းမှ နွေးခနဲဖြစ်ကာ အရည်များ စီးကျလာတော့သည်။
"မားမား... မားမား... ကျွန်မ မွေးတော့မယ်၊ မွေးတော့မယ်ထင်တယ်... ရေမြွှာရည် ပေါက်သွားပြီ မားမား..."
မည်မျှပင် တည်ငြိမ်သူဖြစ်ပါစေ ဤအခြေအနေမျိုးတွင်တော့ မအောင့်နိုင်တော့ပေ။ ယဲ့ယွင်မှာ ငိုသံပါကြီးဖြင့် လျန်မားမား၏ လက်ကို မြဲမြဲဆုပ်ကိုင်ထားကာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ လျန်မားမားက သူမ၏လက်ကို ပြန်လည်ဆုပ်ကိုင်ပေးကာ သူမ၏ နဖူးပေါ်က ချွေးစေးများကို ပုဝါဖြင့် သုတ်ပေးလိုက်သည်။
"ရှိုးယွမ် မကြောက်ပါနဲ့၊ ကျွန်တော်မျိုးမ ရှိပါတယ်၊ ဟွေယွဲ့က အရှင်မင်းကြီးကို သွားပင့်နေပါပြီ၊ လုမယ်ကလည်း သမားတော်ရှန်ကို သွားပင့်နေပါပြီ၊ ရှိုးယွမ် စိတ်အေးအေးထားပါ... သမားတော်က ပြောထားတယ်လေ ရှိုးယွမ်ရဲ့ သန္ဓေသားအနေအထားက မှန်ပါတယ်တဲ့၊ မွေးရမယ့်ရက်ထက် နှစ်ပတ်စောတာ၊ နောက်ကျတာက ဘာမှမဖြစ်ပါဘူး၊ ကျွန်တော်မျိုးမကို ယုံပါ... သေချာပေါက် ဘာမှမဖြစ်စေရဘူး"
ပြောရင်းနှင့် လျန်မားမားက လက်တစ်ဖက်ဖြင့် ယဲ့ယွင်၏ ဗိုက်ကို အသာအယာ နှိပ်နယ်ပေးလိုက်သည်။ သူမ၏ တည်ငြိမ်မှုကြောင့် ယဲ့ယွင်လည်း သတိပြန်ဝင်လာကာ အနည်းငယ် စိတ်အေးသွားရသည်။ ထိုအချိန်တွင် နန်ကျစ်က အဝတ်အစားသစ်များ ယူလာသဖြင့် လဲလှယ်ပေးကာ ခြေလက်များကို ရေနွေးဖြင့် သုတ်ပေးလိုက်သည်။
ယဲ့ယွင်က နာကျင်မှုကို အောင့်ခံရင်း မှာကြားလေသည်။
"မင်းသွားပြီး သူတို့ကို ပြောလိုက်... အဲဒီမြွေတွေကို အရှင်ဖမ်းလို့ရရင် အရှင်ဖမ်းခိုင်း၊ ရိုက်သတ်လိုက်ရင်လည်း လွှင့်မပစ်ခိုင်းနဲ့၊ ကျောက်ချွန်းနန်းဆောင်မှာ မြွေက ဒီအတိုင်း ပေါ်လာစရာအကြောင်းမရှိဘူး၊ ဒါ တစ်ယောက်ယောက်က နောက်ကွယ်ကနေ လုပ်တာ သေချာတယ်၊ သက်သေအထောက်အထား ထားခဲ့ရမယ်"
"ပြီးတော့ နေရာအနှံ့ကို သေချာရှာခိုင်းပါ၊ တစ်နေရာမှ မကျန်စေနဲ့၊ အထူးသဖြင့် ပန်းခင်းတွေထဲမှာ... အဲဒီမှာ မြက်တွေ ထူထပ်တော့ ပုန်းနေဖို့ လွယ်တယ်"
နန်ကျစ်က ခေါင်းငြိမ့်ပြကာ သူမကို စိုးရိမ်တကြီး ကြည့်ပြီးမှ အခန်းပြင်သို့ ထွက်သွားသည်။ ထိုအခါမှ ယဲ့ယွင်က လျန်မားမား၏ လက်ကို ပြန်လည် ဆုပ်ကိုင်
လိုက်ကာ မျက်ဝန်းများနီရဲနေပြီးငိုသံဖြင့်ပြောလိုက်သည်။
"မားမား... ကျွန်မ နန်းတွင်းက စီစဉ်ပေးတဲ့ ဝမ်းဆွဲသည်တွေကို မယုံဘူး၊ ပိုင်ရှုက ယဲ့မိသားစုကလူတွေကို သွားခေါ်နေပြီ၊ ကျွန်မ ချက်ချင်းတော့ မွေးဦးမှာ မဟုတ်ဘူးထင်တယ်၊ မားမားကို တောင်းဆိုချင်တာက နန်းတွင်းရေးရာဌာနက လူတွေကို တားပေးထားပါ၊ မိဖုရားခေါင်ကြီး စီစဉ်ထားတဲ့လူတွေ ကျွန်မနားကို အကပ်မခံချင်ဘူး။”
"ရှိုးယွမ် စိတ်ချပါ၊ ကျွန်တော်မျိုးမရဲ့ ဒီအသက်အရွယ်နဲ့ စကားပြောရင်တော့ အရာဝင်ပါတယ်"
လျန်မားမားက ဆိုသည်။
ယဲ့ယွင်က လျှို့ဝှက်စွာ စီစဉ်ထားသည်ကို အံ့သြမိသော်လည်း သူမ၏ ကြိုတင်ပြင်ဆင်မှုအတွက် ဝမ်းသာမိသည်။ မဟုတ်လျှင် ယခုအချိန်တွင် မည်သို့မှ အချိန်မီတော့မည် မဟုတ်ပေ။ ယဲ့ယွင်ကိုယ်တိုင်လည်း ကံကောင်းသည်ဟု ခံစားမိသည်။ ယနေ့ညမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ပိုင်ရှုကို ကြိုလွှတ်လိုက်မိခြင်းက အကွက်ကျသွားခဲ့သည်။ ၎င်းမှာ တကယ့်ကို ကောင်းကင်ဘုံက လမ်းညွှန်ပေးလိုက်သလိုပင်။
သို့သော်လည်း ထိုကံကောင်းမှုက သူမ၏ စိုးရိမ်စိတ်ကို လုံးဝ မဖျောက်ပစ်နိုင်ပေ။ ကျောက်ချွန်းနန်းဆောင်ထဲ မြွေဝင်လာခြင်းမှာ တမင်စီစဉ်ထားခြင်း ဖြစ်မှာအသေအချာပင်။ ယခုချိန်တွင်ရန်သူက အမှောင်ထဲမှာဖြစ်ပြီး သူမက အလင်းထဲမှာ ဖြစ်နေသည်။
ထိုလုပ်ကြံသူက တခြားဘာတွေများ ထပ်လုပ်ဦးမလဲဆိုသည်ကို မသိရခြင်းက အလွန်ပင် စိတ်ပင်ပန်းစရာ ကောင်းလှသည်။ ခန္ဓာကိုယ်မှ နာကျင်မှုကြောင့် သူမ အာရုံစူးစိုက်ရန် ခက်ခဲနေသဖြင့် ယခုအခိုက်အတန့်တွင် နင်ချန်ကို သူမအနားမှာ ရှိနေစေချင်ဆုံးပင်။ နင်ချန်ရှိလျှင် အနည်းဆုံးတော့ သူမ၏ ဘေးကင်းရေးက စိတ်ချရသည်ဟုခံစားနေမိသည်။
ထိုအချိန်တွင် သတင်းရရှိသော နင်ချန်သည် ဝေ့ရွယ်အဆောင်မှ ယဲ့ယွင်ဘက်သို့ အမြန်ပြေးလာခဲ့သည်။ ကျောက်ချွန်းနန်းဆောင်တွင် မြွေများရှိနေကြောင်း၊ မင်ရှိုးယွမ် ထိတ်လန့်သွားသဖြင့် လမစေ့ဘဲ မွေးဖွားခြင်းလက္ခဏာများ ပြနေကြောင်း ကြားလိုက်ရချိန်တွင် နင်ချန် ရုတ်တရက် ထရပ်လိုက်မိသည်။
သူ့ရင်ဘတ်မှာ တစ်စုံတစ်ခုက တင်းကြပ်စွာ ဆုပ်ကိုင်ထားသလို ခံစားလိုက်ရပြီး အသက်ရှူပင် ခက်ခဲသွားရသည်။
"ဒါက အရေးကြီးတဲ့ ကိစ္စပဲ၊ အရှင်မင်းကြီး ကျောက်ချွန်းနန်းဆောင်ကို မြန်မြန်သွားပါ၊ ဒီမှာတော့ မိဖုရားခေါင်ကြီးနဲ့ ချန်းချဲ့တို့ ရှိနေတာပဲ... ဘာမှမဖြစ်ပါဘူး"
ဟွေ့ရွှင်ရီက စိုးရိမ်တကြီး လျှောက်တင်သည်။ မိဖုရားခေါင်ကြီးလည်း အလိုက်သင့်ပင် သဘောတူလိုက်ရသည်။
နင်ချန်သည် ကိုယ်လုပ်တော်များနှင့် မွေးဖွားနေသော ယောင်ရှန်းကို ထားရစ်ခဲ့ကာ ဤဘက်သို့ အပြေးအလွှား ရောက်လာခဲ့သည်။ သူ ရောက်ရှိချိန်တွင် မြွေ လေးကောင်ကို ရိုက်သတ်ထားပြီး နှစ်ကောင်ကို အရှင်ဖမ်းမိထားချေပြီ။ အစေခံလေးနှစ်ဦး မြွေကိုက်ခံထားရသဖြင့် သမားတော်များက ကြည့်ပေးနေကြသည်။
နင်ချန်သည် မွေးခန်းအတွင်းသို့ တိုက်ရိုက်ဝင်သွားရာ ဝမ်းဆွဲသည် လေးဦးမှာ အပြင်တွင် တားဆီးခံထားရသည်ကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီး... လျန်မားမားက ကျွန်တော်မျိုးမတို့ကို အထဲဝင်ပြီး မင်ရှိုးယွမ်ကို ကူညီခွင့်မပေးပါဘူး၊ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ!"
ဝမ်းဆွဲသည်ကြီးက စိုးရိမ်တကြီး ပြောတော့သည်။
နင်ချန်၏ မျက်ဝန်းများမှာ တစ်စုံတစ်ခုက်ိုတွေး၍ အေးစက်သွားပြီး ပြောလိုက်သည်။
"မင်းတို့အားလုံး အပြင်မှာပဲ စောင့်နေကြ၊ လိုတဲ့အချိန်မှ ခေါ်မယ်"
အရင်က ယဲ့ယွင်သည်သူ့ကို ဖုံးကွယ်ပြီး ကိုယ်ပိုင်ဝမ်းဆွဲသည်များ စီစဉ်ထားသည်ကို မကျေနပ်ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ယဲ့ယွင်၏ ပါးနပ်မှုကိုသာ ကျေးဇူးတင်နေမိသည်။ ကျောက်ချွန်းနန်းဆောင်တွင် မြွေပေါ်လာခြင်းမှာ နောက်ကွယ်က ကြံစည်မှုဖြစ်မှန်း မည်သူမဆို သိနိုင်ပေသည်။ နန်းတွင်းက စီစဉ်ပေးသော ဝမ်းဆွဲသည်များကိုလည်း ယုံကြည်စိတ်ချရန် မဖြစ်နိုင်တော့ပေ။
သူသည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။ ဖြူလျော့သော မျက်နှာဖြင့် နန်ကျစ်ကို မှီထားကာ နာကျင်မှုကြောင့် ချွေးရွှဲနေသော ယဲ့ယွင်ကို တွေ့လိုက်ရသည်။ သူမမှာ ရေထဲက ဆယ်ယူထားသကဲ့သို့ စိုရွှဲနေ၏။ ဤမျှ အားနည်းနေသော သူမကို မြင်ရသောအခါ နင်ချန် ရင်ထဲတွင် ကြောက်စိတ်များ ဝင်လာမိသည်။ ဤအမျိုးသမီးက သူ့ကို ထားသွားမှာကို အလွန်ပင် ကြောက်ရွံ့နေမိသည်။
သူသည် အမြန်လှမ်း၍ သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
"မကြောက်နဲ့... မကြောက်နဲ့နော်၊ ကျန်း ရောက်ပြီ... မင်း မကြောက်နဲ့တော့"
နင်ချန်၏ နှလုံးခုန်သံမှာ ရင်ဘတ်ထဲကနေ ထွက်မတတ် မြန်ဆန်နေပြီး ယဲ့ယွင်၏ နဖူးလေးကို အကြိမ်ကြိမ် နမ်းရှုံ့ကာ ဖက်ထားမိသည်။ သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်နှင့် တုန်လှုပ်မှုများက အထင်အသား ပေါ်လွင်နေတော့သည်။
"အရှင်မင်းကြီး စိတ်အေးအေးထားပါ၊ ချန်းချဲ့က အသက်ပြင်းပါတယ်... အလွယ်တကူတော့ မသေပါဘူး"
ယဲ့ယွင်က အားယူပြုံးလျက် နင်ချန်၏ ပါးပြင်ကို လှမ်း၍ ပွတ်သပ်ပေးသည်။
"ဒီလိုအချိန်မှာ သေတာတွေ ဘာတွေ မပြောစမ်းနဲ့၊ မင်း ဘေးကင်းရမယ်၊ သားအမိနှစ်ယောက်လုံး ကျန်းအတွက် ဘေးကင်းပေးရမယ်!"
နင်ချန်က စိုးရိမ်တကြီးဖြစ်ကာအမိန့်ပေးသောလေသံနှင့်ပြောဆိုနေခဲ့သည်။ သူ၏ မျက်ဝန်းထဲတွင် ဒေါသနှင့် ဂရုဏာတို့ ရောယှက်နေပြီး သူမအား ပို၍ပင် တင်းကြပ်စွာ ဖက်ထားမိသည်။
ဧကရာဇ်ကိုယ်တိုင် ရှိနေမှသာ ကျောက်ချွန်းနန်းဆောင်တစ်ခုလုံး ပြန်လည်
တည်ငြိမ်သွားတော့သည်။
ရေနွေးတည်သူကတည်၊ သန့်ရှင်းရေးလုပ်သူကလုပ်နှင့် အားလုံး အလုပ်ရှုပ်နေကြသည်။ သမားတော်ရှန်သည် ကံမကောင်းစွာဖြင့် ယနေ့ည နန်းတွင်း၌ တာဝန်မကျသော်လည်း သတင်းကြားသည်နှင့် နန်းပြင်မှ အမြန်ပြေးဝင်လာခဲ့ရာ ယဲ့အိမ်တော်က လူများကို သွားခေါ်သော ပိုင်ရှုနှင့် တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး ရှိုးယွမ်ကို စမ်းသပ်ခွင့်ပြုပါဦး"
ရှန်ဖိန်ကျစ်က လျှောက်တင်သည်။
ထိုအခါမှ နင်ချန်သည် ယဲ့ယွင်ကို မခွဲချင်ဘဲ လွှတ်ပေးလိုက်ရသည်။ ထိုအချိန်မှသာ နင်ချန်၏ ဝတ်ရုံမှာ ခြေမျက်စိအထိ စိုရွှဲနေသလို ဖိနပ်များမှာလည်း ရွှံ့များ၊ ရေများဖြင့် စိုနေသည်ကို ယဲ့ယွင် မြင်လိုက်ရတော့သည်။
စမ်းသပ်ပြီးနောက် ရှန်ဖိန်ကျစ်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားကာ ပြန်လည် လျှောက်တင်သည်။
"အရှင်မင်းကြီး စိတ်အေးလို့ရပါပြီ။ ရှိုးယွမ်က ထိတ်လန့်သွားလို့ မွေးရမယ့်ရက် စောသွားတာမှန်ပေမဲ့ သန္ဓေသားရော မိခင်ပါ အားလုံး ကောင်းမွန်ပါတဲ့အတွက်ကြောင့် ဘေးကင်းစွာ မွေးဖွားနိုင်မှာပါ၊ အခုကတည်းက ဝမ်းဆွဲသည်တွေကို ခေါ်ပြီး ပြင်ဆင်ခိုင်းလို့ ရပါပြီ။”
***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -282
အခန်း ၂၈၂ ။ မင်္ဂလာနှစ်ပါး တစ်ပြိုင်နက်ဆိုက်ရောက်ခြင်း
သမားတော်ရှန်ဖိန်ကျစ်၏ စကားကြောင့် အခန်းထဲရှိလူများ၏ စိုးရိမ်ပူပန်မှုများမှာ အဆုံးစွန် ပြေပျောက်သွားတော့သည်။
နင်ချန်လည်ဍသက်ပြင်းချကာ စိတ်အေးသွားသည်ကို မြင်ရသောအခါ ယဲ့ယွင်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားရသည်။ သို့သော် သူမသည် ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းလိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ ဝတ်ရုံနဲ့ ဖိနပ်တွေ အကုန်စိုရွှဲနေပါပြီ၊ ချန်းချဲ့ဆီမှာ အရှင်မင်းကြီးရဲ့ ဝတ်စုံတွေ ရှိပါတယ်၊ အစေခံတွေကို အဝတ်လဲခိုင်းလိုက်ပါဦး၊ ချန်းချဲ့လည်း သမားတော်ရဲ့ စကားအတိုင်း မွေးဖွားဖို့အတွက် သေသေချာချာ ပြင်ဆင်ရပါတော့မယ်"
နင်ချန်သည် သူမကို အလေးအနက် ကြည့်ကာ အနည်းငယ် တုန့်ဆိုင်းနေမိသည်။ သို့သော် မွေးခန်းဆိုသည်မှာ အမျိုးသားများ နေရမည့်နေရာ မဟုတ်သဖြင့် မည်မျှပင် စိုးရိမ်နေပါစေ အပြင်သို့ ဦးစွာ ထွက်ပေးလိုက်ရသည်။ မထွက်ခွာမီ သူသည် ယဲ့ယွင်၏ နဖူးလေးကို နမ်းရှုံ့ကာ ကတိများအထပ်ထပ်ပေးနေခဲ့သည်။
"လိမ္မာတယ်... ကျန်း ရှိနေတာပဲ၊ မင်းတို့ သားအမိနှစ်ယောက်လုံးကို သေချာပေါက် ကာကွယ်ပေးမှာပါ"
"ဟုတ်ကဲ့... ချန်းချဲ့ အရှင်မင်းကြီးကို ယုံကြည်ပါတယ်။”
ယဲ့ယွင် ပြုံးလျက် သူ၏ မေးစေ့လေးကို ပြန်လည် နမ်းလိုက်သည်။
နင်ချန် ထွက်သွားပြီးနောက် အပြင်တွင် စောင့်နေသော ယဲ့မိသားစုမှ ဝမ်းဆွဲမားမားများ အထဲသို့ဝင်ကာ မွေးဖွားရန် ကူညီပေးကြတော့သည်။ အပြင်ဘက်တွင် မိုးသက်လေပြင်းများ ကျနေသော်လည်း နင်ချန်သည် အဝတ်လဲပြီးနောက် ဆန့်ကျင်ဘက် အဆောင်တွင် သွားရောက်နားနေရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ယွမ်ကျိုမှာ စင်္ကြံလမ်းတွင် လိုက်ကာများ ကာရံပေးကာ ကုလားထိုင်၊ စားပွဲနှင့် မီးဖိုများ ပြင်ဆင်ပေးရတော့သည်။ ဧကရာဇ်အား မိုးရေနှင့် လေဒဏ် မထိစေရန် ဖြစ်သည်။
...
တစ်နာရီခန့်အကြာတွင် အထဲမှ ယဲ့ယွင်၏ နာကျင်စွာ ညည်းတွားသံများ ထွက်ပေါ်လာသည်။ ထိုအချိန်မှစ၍ နင်ချန်၏ မျက်မှောင်များမှာ တင်းကြပ်စွာ တွန့်ချိုးနေတော့သည်။ ယွမ်ကျိုလည်း ကြည့်ရင်း စိုးရိမ်မိသော်လည်း အခြားကိစ္စတစ်ခုကို သတိရကာ အသာအယာ မေးမြန်းလိုက်သည်။
"အရှင်မင်းကြီး... ကျောက်ချွန်းနန်းဆောင်မှာ မြွေတွေ ပေါ်လာတဲ့ကိစ္စက ကျွန်တော်မျိုး ဘယ်လိုကြည့်ကြည့် နန်းတွင်းထဲက တစ်ယောက်ယောက် လုပ်တာပဲ ဖြစ်ရမယ်၊ အဲဒါ ဘယ်လို စီစဉ်ရမလဲ?"
"စုံစမ်းစမ်း... အခုချက်ချင်း စုံစမ်းခိုင်းလိုက်၊ ဘယ်သူပဲဖြစ်ဖြစ် သက်သေတွေ့တာနဲ့ ချက်ချင်း ကွပ်မျက်!"
နင်ချန်က အသံနှိမ့်ကာ အမိန့်ပေးလိုက်သည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ဒေါသအရှိန်အဝါကြောင့် လူတိုင်း အသက်ရှူပင် ကျပ်သွားရသည်။ ယခုတစ်ကြိမ်တွင် အရှင်မင်းကြီး တကယ်ပင် ဒေါသထွက်နေမှန်း ယွမ်ကျို သိလိုက်ရသည်။
ညဉ့်နက်သော်လည်း နန်းတွင်းရှိ အဆောင်နှစ်ခုမှာ မီးလင်းထိန်နေဆဲပင်။ ဝေ့ရွယ်အဆောင်တွင် ယောင်ရှန်းသည် အလွန်ခက်ခဲစွာ မွေးဖွားနေရပြီး နာကျင်လွန်းသဖြင့် အကြိမ်ကြိမ် သတိလစ်မတတ် ဖြစ်ခဲ့ရသည်။ သို့သော် ဝမ်းဆွဲမားမားများ၏ ကျွမ်းကျင်မှုကြောင့် သန္ဓေသားအနေအထား မှန်သွားခဲ့ပြီးနောက်တွင်မူ ချောမောစွာ မွေးဖွားနိုင်ခဲ့သည်။
ကျောက်ချွန်းနန်းဆောင်တွင်မူ ယဲ့ယွင်သည် အခြေအနေအားလုံး ကောင်းမွန်သော်လည်း ယောင်ရှန်းထက် တစ်နာရီကျော် နောက်ကျမှ ဗိုက်နာခဲ့ခြင်း ဖြစ်သည်။ ပထမဦးဆုံး ကိုယ်ဝန်ဖြစ်သဖြင့် မွေးဖွားရသည်မှာလည်း နှေးကွေးနေပြီး သတင်းကောင်းမှာ လွယ်လွယ်နှင့် ထွက်မလာခဲ့ပေ။
နင်ချန်သည် စင်္ကြံလမ်းတွင် မိုးလင်းသည့်အထိ ထိုင်စောင့်နေခဲ့သည်။ နောက်ဆုံးတွင် ဝေ့ရွယ်အဆောင်ဘက်မှ လူတစ်ဦး ရောက်လာခဲ့သည်။ မိဖုရားခေါင်ကြီး၏ အနီးကပ်အစေခံ စုအယ် ပင် ဖြစ်သည်။ သူမ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်နေပြီး -
"ဂုဏ်ယူပါတယ် အရှင်မင်းကြီး၊ ဝမ်းမြောက်စရာပါ၊ ဖန်းကျယ်ယွီ မွေးဖွားလိုက်ပါပြီ!"
သူမ ဘာမွေးသည်ကို မပြောရသေးမီမှာပင် ကျောက်ချွန်းနန်းဆောင် မွေးခန်းထဲမှ ကလေးငယ်၏ ကျယ်လောင်သော ငိုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယခုအချိန်တွင် နင်ချန်မှာ စုအယ်၏ စကားကို နားထောင်ရန် အာရုံမရှိတော့ပေ။ သူသည် ချက်ချင်းထရပ်ကာ မွေးခန်းတံခါးဝသို့ ပြေးသွားတော့သည်။
"မွေးပြီလား? မင်ရှိုးယွမ် ဘယ်လိုနေလဲ? ကလေးရော ဘယ်လိုနေလဲ?"
နင်ချန်၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။
တံခါးပွင့်လာကာ လျန်မားမားက ပြုံးရွှင်စွာ ဦးညွှတ်လျက် - "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ မင်ရှိုးယွမ်က အရှင်မင်းကြီးအတွက် စတုတ္ထမင်းသားလေးကို မွေးဖွားပေးလိုက်ပါပြီ၊ သားအမိနှစ်ယောက်လုံး ဘေးကင်းပါတယ်၊ အပြင်မှာ လေပြင်းနေတော့ ကလေးကို အပြင်ထုတ်ဖို့ မသင့်လို့ပါ၊ ခဏနေမှ ကြည့်ဖို့လုပ်ပေးပါ့မယ်။”
"ကောင်းတယ်... ကောင်းတယ်... သားအမိနှစ်ယောက်လုံး ဘေးကင်းတာ ဝမ်းသာစရာပဲ"
နင်ချန်မှာ ဝမ်းသာလွန်းသဖြင့် ဘာလုပ်ရမှန်းပင် မသိတော့ပေ။ သူသည် ယွမ်ကျိုကို လှည့်ကြည့်ကာ ချက်ချင်း အမိန့်ထုတ်
ပြန်လိုက်သည်။
"ကျန်းရဲ့အမိန့်ကို ကြေညာလိုက်၊ မင်ရှိုးယွမ်ဟာ သားတော်မွေးဖွားပေးတဲ့အတွက်ကြောင့် သူမကို မင်ရှိုးရီအဖြစ် ရာထူးတိုးမြှင့်လိုက်တယ်!"
ယွမ်ကျိုက ချက်ချင်း လက်ခံလိုက်သော်လည်း ဘေးနားရှိ မိဖုရားခေါင်ကြီး၏ လူကို မြင်သောအခါ သတိပေးလိုက်ရ
သည်။
"အရှင်မင်းကြီး... စုအယ်က စကားပြောလို့ မပြီးသေးဘူး"
ထိုအခါမှ နင်ချန် လှည့်ကြည့်ကာ - "အေး... ကျန်း မမေးရသေးဘူး၊ ဖန်းကျယ်ယွီ ဘယ်လိုနေလဲ?"
စုအယ်၏ မျက်နှာပေါ်မှ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားသော်လည်း အမြန်ပြန်ဖြေလိုက်သည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဖန်းကျယ်ယွီက တတိယသမီးတော်လေးကို မွေးဖွားလိုက်ပါတယ်၊ သားအမိနှစ်ယောက်လုံး ဘေးကင်းပါတယ်၊ ဒါပေမဲ့ မွေးရခက်ခဲ့တာကြောင့် ကိုယ်ခန္ဓာ ထိခိုက်သွားပြီး မွေးပြီးတာနဲ့ သတိလစ်သွားပါတယ်၊ ဒါပေမဲ့ သမားတော်ကတော့ ဘာမှစိုးရိမ်
စရာမရှိဘူးလို့ပြောထားပါတယ်။”
"အို... ဒီလိုဆိုရင်တော့ ဖန်းကျယ်ယွီက ပိုပြီး မြန်မြန်မွေးလိုက်တာပဲ၊ ဒီကလေးတွေကကျွန်တော်မျိုးတို့ရဲ့ တတိယမင်းသမီးနဲ့ စတုတ္ထမင်းသားလေးပဲပေါ့၊ ဒီနေ့တစ်ရက်တည်းမှာပဲ အရှင်မင်းကြီးအတွက် မင်္ဂလာနှစ်ပါး တစ်ပြိုင်နက်တည်းဆိုက်ရောက်တာပဲ၊ တကယ်ကို နန်ချီအတွက်နိမိတ်ကောင်းပါပဲ"
ယွမ်ကျိုက လျင်မြန်စွာ မြှောက်ပင့်ပြောဆိုလိုက်သည်။
စစ်ပွဲများ ဖြစ်ပွားနေသော အချိန်တွင် သားတစ်ယောက်၊ သမီးတစ်ယောက် ရရှိခြင်းမှာ နင်ချန်အတွက် တကယ့်ကို စိတ်ပျော်ရွှင်စရာ ကောင်းလှသည်။ ထို့ကြောင့် သူသည် ယောင်ရှန်း၏ ရာထူးကိုပါ တိုးမြှင့်ပေးလိုက်ရာ ယခုအခါ သူမသည် ဖန်းရှိုးရုန် ဖြစ်လာခဲ့သည်။
....
တစ်နာရီခန့်အကြာတွင် မွေးခန်းအတွင်း သန့်ရှင်းရေးများ ပြီးစီးသွားခဲ့သည်။ ဟွေယွဲ့နှင့် နန်ကျစ်တို့က ယဲ့ယွင်၏ မျက်နှာကို သုတ်ပေးကာ အဝတ်အစားသစ်များ လဲလှယ်ပေးပြီး ဆံပင်ကို အသာအယာ စည်းပေးလိုက်သည်။ ၎င်းမှာ ယဲ့ယွင်၏ ဆန္ဒဖြစ်၏။ သူမသည် သူမ၏ အရုပ်ဆိုးသော ပုံစံကို နင်ချန်အား မမြင်စေချင်ပေ။ သို့သော်လည်း နင်ချန် အထဲသို့ ဝင်လာချိန်တွင် ဖြူလျော့နေသော သူမ၏ နှုတ်ခမ်းများနှင့် သွေးကြောလေးများ ထင်နေသော မျက်ဝန်းများကို မြင်ရုံနှင့် သူမ မည်မျှပင် ပင်ပန်းခဲ့မှန်း သူ သိလိုက်ရသည်။
အစေခံများမှာ အလိုက်သိစွာပင် အပြင်သို့ ထွက်ပေးကြသည်။ နင်ချန်သည် ခုတင်ဘေးတွင် ထိုင်ကာ ယဲ့ယွင်၏ လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ဂရုဏာများ ပြည့်နှက်နေ၏။
"ချင်းချင်း... မင်း ကျန်းအတွက် ကျန်းမာတဲ့ သားတော်လေးကို မွေးပေးလိုက်ပြီ၊ မင်း တကယ်ကို ပင်ပန်းသွားပြီ"
မူလက ယဲ့ယွင် မငိုချင်ခဲ့ပေ။ သို့သော် နင်ချန်ကို မြင်ရပြီး သူ၏ နူးညံ့သော စကားများကို ကြားလိုက်ရချိန်၊ မနေ့ညက ထိတ်လန့်စရာ မြင်ကွင်းနှင့် မွေးဖွားစဉ်က နာကျင်မှုများကို ပြန်လည် အမှတ်ရလိုက်ချိန်တွင် မျက်ရည်များမှာ ရုတ်တရက် ဝဲတက်လာတော့သည်။
"ဘာဖြစ်လို့လဲ... ဘာလို့ ငိုရတာလဲ၊ တစ်နေရာရာက နေမကောင်းလို့လား" နင်ချန် ချက်ချင်း စိုးရိမ်သွားကာ "သမားတော်... သမားတော်! မြန်မြန် ခေါ်လိုက်ကြစမ်း!"
"အရှင်မင်းကြီး..." ယဲ့ယွင်က ငိုရင်းပြုံးရင်း ခေါ်လိုက်သည်။
"ချန်းချဲ့ ဘာမှမဖြစ်ပါဘူး၊ ချန်းချဲ့က ဝမ်းသာလို့ပါ၊ ပြီးတော့ ကြောက်လည်း ကြောက်မိတယ်၊ မနေ့ညက ချန်းချဲ့ တကယ်ပဲ သေတော့မယ်လို့ ထင်နေခဲ့တာ"
နင်ချန် ခဏတာ ကြောင်သွားပြီးနောက် သူမအား ငုံ့၍ ဖက်ထားလိုက်သည်။
"ဘာမှမဖြစ်တော့ဘူး... အရာအားလုံး ပြီးသွားပြီ၊ မင်း ဘာမှမဖြစ်စေရဘူး၊ ကလေးလည်း ဘာမှမဖြစ်စေရဘူး၊ ကျန်းရဲ့ အမှားပါ... မင်းတို့ သားအမိနှစ်ယောက်ကို သေချာ မကာကွယ်ပေးနိုင်လို့ မင်း ထိတ်လန့်ခဲ့ရတာ၊ နောင်မှာ ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရဘူး။”
သူ့အသံထဲတွင် တုန်ရီမှုနှင့် စိုးရိမ်စိတ်များကို ယဲ့ယွင် ကြားလိုက်ရသည်။ နင်ချန်သည် တစ်ညလုံး စင်္ကြံလမ်းတွင် ထိုင်ကာ သူမ မွေးဖွားချိန်အထိ စောင့်ပေးနေခဲ့သည်ကိုလည်း သူမ သိသည်။ ယနေ့မှစ၍ သူမနှင့် သူသည် သွေးသားရင်းချာ သံယောဇဉ် ရှိသွားချေပြီ။ ကလေးတစ်ယောက်ရှိလာခြင်းက နောင်တွင် အရာရာကို ပို၍ ထူးခြားစေပေလိမ့်မည်။ သားတော်လေး မွေးဖွားလာခြင်းကြောင့် နောင်တွင် ထီးနန်းလုပွဲများ ရှိလာနိုင်သော်လည်း... ယခုအချိန်တွင် ယဲ့ယွင်မှာ အလွန်ပင် ပင်ပန်းနေသဖြင့် ထိုအရာများကို စဉ်းစားရန် အားမရှိသေးပေ။ သူမ သိသည်မှာ သူမ၏အသက်ကို ကာကွယ်နိုင်ခဲ့ပြီဖြစ်သလို နင်ချန်၏ရင်ထဲတွင်လည်း သူမသည် ပို၍ အရေးပါသောသူ ဖြစ်လာခဲ့ပြီ ဆိုသည်ကိုပင်။
"အို... ကျွန်တော်မျိုးမရဲ့ ရှိုးရီလေးရယ်... မီးနေသည်ဘဝမှာ ဘယ်လိုလုပ် ငိုရတာလဲ!"
ရုတ်တရက် အသံတစ်ခုကြောင့် သူတို့နှစ်ဦး၏ အတွေးစများ ပြတ်သွားသည်။ လှည့်ကြည့်လိုက်သောအခါ လျန်မားမားက ကလေးလေးကို ပွေ့ချီကာ လာနေသည်ကို တွေ့လိုက်ရသည်။ ယဲ့ယွင်က သူမ၏ မျက်ရည်များကို အမြန်သုတ်ကာ ပြုံးလျက် - "ကလေးကို ချန်းချဲ့ဆီ မြန်မြန် ပေးပါဦး"
လျန်မားမားကလည်း ပြုံးလျက် ကလေးကို ယဲ့ယွင်၏ ရင်ခွင်ထဲသို့ အသာအယာ ထည့်ပေးလိုက်သည်။ ကလေးလေးမှာ ယဲ့ယွင်နှင့် နင်ချန်၏ ကြားတွင် ရှိနေတော့သည်။ နှစ်ဦးသားမှာ ပန်းနုရောင် အလုံးလေးကို တစ်ပြိုင်နက်တည်း ငေးကြည့်နေမိကြသည်။ ကလေးငယ်လေးမှာ မွေးကာစဖြစ်၍ သိပ်မလှသေးဘဲ အသားမှာ နီရဲကာ အရေးအကြောင်းလေးများ ရှိနေသော်လည်း မျက်လုံးလေးမှိတ်ကာ နှုတ်ခမ်းလေး လှုပ်ရုံမျှနှင့်ပင် အလွန် နူးညံ့နေပုံရသည်။
"အရှင်မင်းကြီး... ကျွန်မ... ကလေးတစ်ယောက်... မွေးလိုက်ပြီပေါ့"
ယဲ့ယွင်က အံ့သြသံလေးဖြင့် ဆိုသည်။ သူမကိုယ်တိုင်ပင် ကလေးတစ်ယောက် မွေးလိုက်နိုင်သည်ကို မယုံနိုင်သလို ခံစားနေရသည်။
နင်ချန်သည် သူမ၏ နုံအအပုံစံလေးကို ကြည့်ကာ ရယ်မောလိုက်ပြီး သူမက 'ချန်းချဲ့' ဟု မသုံးနှုန်းသည်ကိုပင် ဂရုမစိုက်တော့ပေ။ သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ - "ဟုတ်တယ်... ချင်းချင်းက ကျန်းအတွက် စတုတ္ထမင်းသားလေးကို မွေးပေးလိုက်တာပဲ"
"စတုတ္ထမင်းသား..." ယဲ့ယွင်က ထပ်ခါတလဲလဲ ရေရွတ်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ မျက်လုံးလေး ပြူးသွားသည်။ "ဖန်းကျယ်ယွီကရော ဘာမွေးတာလဲ?"
"သူမက တတိယသမီးတော်လေးကို မွေးတယ်၊ မင်းထက် နာရီဝက်လောက် စောတယ်"
နင်ချန်က စိတ်ရှည်လက်ရှည် ဖြေကြားပေးလိုက်သည်။
***