← Chapters

အခန်း (၂၈၃-၂၈၄)

Vol. 18 Ch. 273-274

အခန်း (၂၈၃-၂၈၄)

Vol. 18 Ch. 273-274

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -283

အခန်း ၂၈၃ ။ မယုံကြည်နိုင်ခြင်း

ယောင်ရှီသည် သမီးတော်လေးကို မွေးဖွားခဲ့သည်။

ဤသတင်းကို ကြားလိုက်ရချိန်တွင် ယဲ့ယွင်မှာ တစ်ခဏမျှ ရယ်မောမိတော့မတတ် ဖြစ်သွားရသည်။ ယောင်ရှီကဲ့သို့ ရည်မှန်းချက်ကြီးမားပြီး အရှုံးမပေးတတ်သူတစ်ဦးက မိန်းကလေးတစ်

ယောက် မွေးခဲ့တာပေါ့လေ။

သူမ တွေးကြည့်လိုက်မိသည်မှာ ယောင်ရှန်းသည် ယခုအချိန်တွင် လက်ရှိအခြေအနေကို လက်ခံရန် အလွန်ပင် ဝန်လေးနေပေလိမ့်မည်။ တကယ့်ကို တတိယသမီးတော်လေးအတွက် သနားစရာပင်၊ မိခင်

ဖြစ်သူ၏ မျှော်လင့်ချက်များအတိုင်းရောက်ရှိလာခြင်းမဟုတ်သည့်အတွက် အချစ်မခံရမှာကို စိုးရိမ်မိသည်။

သို့သော် ဤသည်မှာ သူမ စိတ်ပူနေရမည့်ကိစ္စ မဟုတ်ပေ။ သူမ အခုလောလောဆယ် စိတ်ပူနေရသည်မှာ သူမ၏ သားတော်လေးသည် နှုတ်ခမ်းလေးစူကာ ငိုတော့မည့်ပုံစံ ဖြစ်နေခြင်းပင်။

လျန်မားမားလည်း သတိထားမိသဖြင့်လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး... ရှိုးရီ... မင်းသားငယ်လေး ဗိုက်ဆာနေပြီထင်တယ်၊ နို့ထိန်းတွေလည်း အသင့်ရှိနေပြီဆိုတော့ ကျွန်တော်မျိုးမ မင်းသားလေးကို နို့တိုက်ဖို့ အရင်ခေါ်သွားပါရစေဦး။”

ယဲ့ယွင် ခေါင်းငြိမ့်ပြကာ သားဖြစ်သူကို တစ်ချက်နမ်းပြီးနောက် အစေခံများကိုခေါ်ဆောင်သွားစေခဲ့သည်။

ကလေးထွက်သွားသည်နှင့်နင်ချန်က မေးလိုက်သည်။

"ခဏလောက် အိပ်လိုက်ဦးမလား?"

သူကိုယ်တိုင်ပင် ဘေးကနေစောင့်နေရသည်မှာ အလွန်ပင်ပင်ပန်းနေပြီးအားအင်ကုန်ခမ်းအောင် ကြိုးစားခဲ့ရသည့် ယဲ့ယွင်မှာ ပို၍ပင် ဆိုဖွယ်ရာမရှိပေ။

သို့သော် ယဲ့ယွင်က ခေါင်းခါပြကာ ပြောလိုက်သည်။

"ချန်းချဲ့ ဒီမွေးခန်းထဲမှာ ဆက်မနေချင်တော့ဘူး၊ အနံ့က တကယ်ကို မကောင်းဘူး... ချန်းချဲ့ အဆောင်မကြီးကို ပြန်ချင်တယ်"

မနေ့ညက မြွေကြောင့် အမှန်ပင်ထိတ်လန့်ခဲ့ရသော်လည်း သူမအတွက်တော့ မိမိနေနေကျ ပင်မအဆောင်ကြီးမှာသာ ပို၍ အသားကျနေသောကြောင့် ဖြစ်သည်။

နင်ချန်က မျက်မှောင်ကြုတ်ကာ နားချတော့သညါ။

"မင်းက မီးနေသည်ကာလမှာ လေတိုက်ခံလို့ မဖြစ်ဘူးလေ၊ အပြင်မှာလည်း မိုးဖွဲဖွဲလေး ရွာနေတုန်းပဲကို"

"ဒါပေမဲ့ ဒီမှာနေရတာ တကယ်ကို နေလို့မကောင်းဘူး..."

ယဲ့ယွင်က သူ့ကို သနားစရာမျက်နှာလေးဖြင့် ကြည့်လိုက်သည်။ သူမအခုလိုချွဲနွဲ့ရင်နင်ချန်ကဘယ်လိုလုပ် ငြင်းနိုင်ပါ့မလဲ။

နင်ချန်သည် အဖန်ဖန် တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် သဘောတူလိုက်ရသည်။ ရှေးဦးစွာ လူလွှတ်၍ ပင်မအဆောင်ကြီးကို သန့်ရှင်းစေကာ ယဲ့ယွင်အား အဝတ်အစားများ လုံခြုံစွာ ဝတ်ဆင်ပေးပြီး ဝတ်ရုံဖြင့် ခေါင်းမှခြေအထိ ဖုံးအုပ်လိုက်သည်။

ထို့နောက်အစေခံများကို ထီးဆောင်းခိုင်းကာ နင်ချန်ကိုယ်တိုင် သူမအား ပွေ့ချီလျက် အဆောင်မကြီးသို့ ပြန်ခေါ်လာခဲ့သည်။

ယဲ့ယွင် မနေ့ညက ကိစ္စများကို ပြန်လည်သတိရပြီး ကြောက်လန့်နေမှာစိုးသဖြင့် အစေခံများက အခန်းထဲရှိ ပစ္စည်းများကို အသစ်လဲလှယ်ထားကြသည်။

ခြင်ထောင်များအပါအဝင် အရာအားလုံးမှာ အသစ်စက်စက်များ ဖြစ်နေသည်။ သို့သော် ယဲ့ယွင်၏ စိတ်ဓာတ်မှာမာကျောသဖြင့်ထပ်၍ ကြောက်လန့်မနေတော့ပေ။ ခဏကြာလှဲပြီးနောက်ရင်းနှီးသော နေရာသို့ ရောက်သည်နှင့် အိပ်ချင်စိတ်ပေါ်လာတော့သည်။ ထို့ကြောင့်လဲလျောင်းပြီး နင်ချန်နှင့် စကားပြောနေရင်းမှပင် သူမ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

သူမ၏ အသက်ရှူသံ မှန်ကန်သွားသည်ကို ကြားမှသာ နင်ချန်သည် သူ့နဖူးကို အသာပွတ်ကာ မျက်ဝန်းထဲမှ ဖုံးကွယ်ထားသော ပင်ပန်းမှုများကို ပြသလိုက်တော့သည်။ သူလည်း မထွက်ခွာသေးဘဲ အပြင်ခန်းရှိ ခုတင်ငယ်ပေါ်တွင် တစ်နာရီခန့် အိပ်စက်ခဲ့သည်။ သို့သော် တစ်နာရီသာ ကြာခဲ့သည်။

ရှေ့တန်းတွင် စစ်ပွဲက တင်းမာနေသဖြင့် သူလည်း စိတ်အေးလက်အေး မအိပ်နိုင်ဘဲ ဝန်ကြီးများနှင့် ဆွေးနွေးရန် ကျိုချန်နန်းဆောင် သို့ ပြန်ရပေဦးမည်။ သို့သော် မထွက်ခွာမီ နင်ချန်သည် ကျောက်ချွန်းနန်းဆောင်ရှိ အစေခံအားလုံးကို တစ်ဦးလျှင် ငွေစ ၂၀ စီ၊ ရှန်ဖိန်ကျစ်အား ရွှေ ၁၀ စနှင့် ယဲ့မိသားစုမှ လာသော ဝမ်းဆွဲမားမားများကိုလည်း တစ်ဦးလျှင် ရွှေ ၅ စစီ ဆုလာဘ်များ ချီးမြှင့်လိုက်သည်။

နင်ချန်၏ စိတ်ထဲတွင် ယဲ့ယွင်ကိုသာ စွဲလန်းနေသဖြင့် ယောင်ရှန်းဘက်ကို သတိမရခဲ့ဘဲ ဆုလာဘ်များလည်း မပေးခဲ့ပေ။ ထိုအခိုက်အတန့်တွင် နန်းတွင်း၏ လေလားရာမှာလည်း ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် ကလေးမွေးခဲ့သော်လည်း အရှင်မင်းကြီး၏ လုပ်ရပ်အရ စတုတ္ထမင်းသားလေးကို ပို၍ ချစ်မြတ်နိုးကြောင်း ထင်ရှားလှသည်ဟူ၍ပင်။

......

ဝေ့ရွယ်အဆောင်။

မနက်အစောပိုင်းတွင် ကလေးမွေးပြီးနောက် ယောင်ရှန်းမှာ သတိလစ်သွားခဲ့ရာ ညနေစောင်းမှသာ နိုးလာခဲ့သည်။ ထိုက်ကွေ့ဖေးသည် ဤနေရာတွင် တစ်လျှောက်လုံး စောင့်နေခဲ့ပြီး သူမ နိုးလာသည်နှင့် အထဲသို့ ဝင်ကြည့်တော့သည်။

"ဒေါ်လေး... တူမတော် ဒေါ်လေးကို ဂါရဝပြုပါတယ်။”

ယောင်ရှန်းက အားနည်းစွာ ပြုံးလျက် ဆိုသည်။

ဤတစ်ကြိမ်တွင် သူမ၏ ခန္ဓာကိုယ်မှာ အတော်လေး ထိခိုက်သွားသဖြင့် နှစ်အတော်ကြာ ပြန်လည် ပြုစုရပေဦးမည်။ ထိုက်ကွေ့ဖေးက သူမ၏ လက်ကို အသာအယာ ပုတ်ပေးကာ နှိမ့်သိမ့်လိုက်သည်။

"မင်း တကယ်ကို ပင်ပန်းသွားပြီ၊ တတိယသမီးတော်လေးက ကျန်းကျန်းမာမာရှိပါတယ်၊ အရှင်မင်းကြီးကလည်း မင်းကို ရာထူးတိုးပေးလိုက်ပြီဆိုတော့ ကလေးကို ကိုယ့်အနားမှာပဲ ပြုစုပျိုးထောင်လို့ ရတာပေါ့။”

ယောင်ရှန်း ကြောင်သွားကာ - "ဘာ... ဘာသမီးတော်လဲ?"

"နုံအလိုက်တဲ့ကောင်မလေး... မင်း ဒီနေ့မနက်မှာ မင်းသမီးလေးကို မွေးပြီးတာနဲ့ သတိလစ်သွားတာလေ၊ အခုမှ နိုးလာတာ"

ထိုက်ကွေးဖေးသည်အနည်းငယ်စိတ်ပျက်မိသော်လည်း ကလေးမွေးနိုင်သေးသရွေ့ သားတော်ကို တစ်နေ့နေ့တွင် ထပ်၍မွေးဖွားနိုင်မည်ဟုတွေးကာ မင်းသမီးလေးဖွားမြင်သည့်ကိစ္စကိုစိတ်ထဲမထားတော့ပေ။

သို့သော် ယောင်ရှန်းက ထိုသို့ မစဉ်းစားပေ၊ သူမသည် မိမိ၏ နားကိုပင် မယုံနိုင်အောင်

ဖြစ်နေသည်။ ရုတ်တရက် ထထိုင်လိုက်ကာ ထိုက်ကွေ့ဖေး၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး၊ ဒေါ်လေးတို့ မှားနေတာ သေချာတယ်၊ ကျွန်မမွေးတာက သားတော်လေ၊ ကျွန်မ စတုတ္ထမင်းသားလေးကို မွေးတာ! ကျွန်မရဲ့ ယန်အာရော? ကျွန်မရဲ့ ယန်အာကို ဘယ်မှာ ဝှက်ထားကြတာလဲ? ယွီယန်! ယန်အာ!"

ယောင်ရှန်းမှာ ရူးသွပ်သွားသကဲ့သို့ မျက်လုံးများ ပြူးကျယ်ကာ လူတိုင်း နားမလည်သော စကားများကို အော်ဟစ်နေပြီး စောင်ကိုဖယ်ကာ ခုတင်ပေါ်က ဆင်းရန် ကြိုးစားတော့သည်။ ထိုက်ကွေ့ဖေးမှာ သူမ၏ တွန်းထုတ်မှုကို ခံလိုက်ရသဖြင့် ခုတင်ပေါ်က ပြုတ်ကျမတတ် ဖြစ်သွားသည့်အတွက်မျက်မှောင်ကြုတ်ကာ တူမဖြစ်သူမှာ အနိုင်လိုချင်စိတ် ပြင်းထန်လွန်းသဖြင့် သမီးမွေးသည်ကို လက်မခံနိုင်ဖြစ်နေခြင်းမှန်း ရိပ်မိလိုက်သည်။

ထို့ကြောင့်ချက်ချင်း အော်ဟစ်လိုက်သည်။

"ရှန်းအာ! အိုက်ကျား ရှေ့မှာ ငြိမ်ငြိမ်နေစမ်း!"

သို့သော် ယခုအချိန်တွင် ယောင်ရှန်းမှာ မည်သည့်စကားကိုမျှ နားမဝင်တော့ပေ။ ထိုစဉ် နို့ထိန်းက ကလေးကို ပွေ့ချီ၍အထဲဝင်လာသည်ကို မြင်သောအခါ သူမသည် အတင်းပြေးသွားပြီး ကလေးအနှီးထုတ်ကို ဖွင့်ကြည့်ရန် ကြိုးစားတော့သည်။ နို့ထိန်းမှာ လန့်သွားကာ ကလေးကို ဖက်လျက် အနောက်သို့ ဆုတ်သွားတော့သည်။

"ဖန်းရှိုးရုန်ကို ခုတင်ပေါ် ပြန်တွဲတင်လိုက်ကြစမ်း! ဘာတွေ ရပ်ကြည့်နေကြတာလဲ!" ထိုက်ကွေ့ဖေးက အသံကို မြှင့်လိုက်သည်။

အစေခံမိန်းကလေးများလည်း ထိုအခါမှ သတိဝင်လာကာ သူမအား ခုတင်ပေါ်သို့ အတင်းဆွဲတင်ပြီး စောင်ထဲသို့ ပြန်ထည့်ပေးလိုက်ကြသည်။ ယောင်ရှန်းမှာ မျက်လုံးများ နီရဲနေကာ ထိုက်ကွေ့ဖေး၏ လက်ကို မြဲမြဲဆုပ်ကိုင်လျက် တတွတ်တွတ် ပြောနေတော့သည်။

"ဒေါ်လေး... ကျွန်မ ဒေါ်လေးကို မလိမ်ပါဘူး၊ ကျွန်မ သားတော် မွေးတာပါ၊ အရှင်မင်းကြီးရဲ့ စတုတ္ထမင်းသားလေးလေ၊ သူ့နာမည်က ယွီယန်တဲ့... သူက နန်ချီရဲ့ အနာဂတ်..."

သူမ စကားမဆုံးသေးမီမှာပင် ထိုက်ကွေ့ဖေး၏ မျက်ဝန်းများ အေးစက်သွားကာ လက်ကို လွှဲ၍ သူမအား ပါးတစ်ချက် ရိုက်ချလိုက်တော့သည်။

"တော်စမ်း!"

ဤပါးရိုက်ချက်ကြောင့် ယောင်ရှန်းမှာ ကြောင်အမ်းသွားကာ ငြိမ်ကျသွားတော့သည်။

"ရှန်းအာ... မင်း မကျေနပ်ဘူးဆိုတာ အိုက်ကျား သိတယ်၊ ဒါပေမဲ့ မင်း လက်တွေ့ကို လက်ခံရမယ်၊ မင်းမွေးတာက နန်ချီတော်ဝင်မိသားစုရဲ့ တတိယမင်းသမီးပဲ၊ စတုတ္ထမင်းသားလေးကို မွေးတာက မင်ရှိုးရီ ယဲ့ရှီပဲ! မင်း ဘယ်လောက်ပဲ မကျေနပ်ပါစေ... စကားတွေကို အရမ်းကာရော လျှောက်မပြောနဲ့!"

ထိုအခိုက်အတန့်တွင် ယောင်ရှန်းသည် ထိုက်ကွေ့ဖေး၏ စကားများကို ကြားလိုက်ရချိန်တွင် ရေခဲတွင်းထဲသို့ ကျသွားသကဲ့သို့ တစ်ကိုယ်လုံး အေးစက်သွားတော့သည်။ နားထဲတွင် မည်သည့်အသံမျှ မကြားရတော့ဘဲ စူးရှသော အသံများသာ မြည်ဟည်းနေပြီး အကြည့်များလည်း ဝေဝါးလာတော့သည်။ နောက်စက္ကန့်တွင် သူမ သတိလစ်သွားကာ မှောင်မိုက်သော ကမ္ဘာထဲသို့ ပြန်လည် ကျဆင်းသွားတော့သည်။

ထိုက်ကွေ့ဖေးသည် နောက်တစ်ကြိမ် သတိလစ်သွားသော ယောင်ရှန်းကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိသည်။ ဤကလေးမှာ အနိုင်လိုချင်စိတ် ပြင်းထန်လွန်းသဖြင့် သမီးမွေးသည်ကိုပင် လက်မခံနိုင်ဖြစ်နေရသည်၊ ဤအတိုင်းဆိုလျှင်တော့ မဖြစ်ချေ။ အောင်မြင်မှု ရယူလိုသူမှာ မိမိ၏ စိတ်နေစိတ်ထားကို ဤမျှအထိ မထိန်းချုပ်နိုင်၍ မရပေ။

သူမ သက်ပြင်းတစ်ချက်ချကာ ယောင်ရှန်းကို စောင်သေသေချာချာ ခြုံပေးပြီးမှ ထရပ်လိုက်သည်။

သူမသည် အေးစက်သော အသံဖြင့် မှာကြားလေသည်။

"ဖန်းရှိုးရုန်က ကလေးမွေးပြီးနောက် ကိုယ်ခန္ဓာထိခိုက်လို့ စိတ်ဂယောင်ခြောက်ခြား ဖြစ်နေတာပဲ၊ ရက်အနည်းငယ် အနားယူရင် သက်သာသွားလိမ့်မယ်။ဒီနေ့ဖြစ်တဲ့ ကိစ္စကို တစ်လုံးတစ်လေတောင် အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူး၊ အိုက်ကျား နားထဲမှာ တစ်ယောက်ယောက် အတင်းအဖျင်းပြောတာ ကြားရရင်တော့... မင်းတို့ရဲ့ အသက်တွေက တန်ဖိုးမရှိပေမဲ့ မင်းတို့ရဲ့ မိသားစုဝင်တွေရဲ့ အသက်ကိုတော့ ငဲ့ညှာကြဦး"

အခန်းထဲရှိ အစေခံမှာ မများလှသဖြင့် မည်သူကမှ ခုနက ကိစ္စကို မှတ်မိဝံ့တော့မည် မဟုတ်ပေ။ အားလုံး ဒူးထောက်ကာ စကားတစ်လုံးမျှ ပေါက်ကြားမည်မဟုတ်ကြောင်း ကတိပေးကြတော့သည်။

"တတိယမင်းသမီးလေးကို သေသေချာချာ ပြုစု၊ အကယ်၍ မင်းသမီးလေး တစ်ခုခုဖြစ်ရင်တော့ အိုက်ကျား မင်းတို့ကို အပြစ်ပေးမယ်။”

ထိုက်ကွေ့ဖေးက မှာကြားပြီးနောက် ခုတင်ပေါ်က သတိလစ်နေသော ယောင်ရှန်းကို တစ်ချက်ကြည့်ကာ လေးလံသော ခြေလှမ်းများဖြင့် ဝေ့ရွယ်အဆောင်မှ ထွက်ခွာသွားတော့သည်။

သူမ ထိုသို့ ပြောခဲ့ရခြင်းမှာ ယောင်ရှန်းက သားတော်ကိုသာ အသည်းအသန် လိုချင်နေသဖြင့် အစေခံများက သမီးတော်မှာ အရေးမပါဘူးဟု ထင်ကာ ဂရုမစိုက်ဘဲနေမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုက်ကွေ့ဖေး၏ အမြင်တွင်မူ သမီးမွေးသဖြင့် စိတ်ပျက်စရာကောင်းသော်လည်း နန်းတွင်း၌ သားသမီးရှိနေခြင်းကသာ အကောင်းဆုံးပင်။ အရှင်မင်းကြီးသည် သမီးတော်ကို လွမ်းဆွတ်သဖြင့် လာကြည့်ပေလိမ့်မည်၊ တွေ့ဆုံမှုရှိလျှင် သံယောဇဉ်ရှိလာပြီး နောက်ထပ် ကလေးမွေးရန် အခွင့်အရေး ရှိလာမှာပင်။ အကယ်၍ သမီးတော်ကို ကောင်းကောင်းမပြုစုဘဲ အရှင်မင်းကြီး၏ငြိုငြင်းခြင်းကို ခံရလျှင်တော့ အရာအားလုံးက တကယ်ကို ပျက်စီးသွားပေလိမ့်မည်။

ယခုအခါ ယောင်ရှန်းကိုယ်တိုင် သတိဝင်လာပြီး မိုက်မဲသော ကိစ္စများ မလုပ်မိရန်သာ သူမ မျှော်လင့်နေတော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -284

အခန်း ၂၈၄ ။ မလိုအပ်ခြင်း

အခြားနေရာများတွင် မည်သို့ပင်ရှိစေကာမူ ကျောက်ချွန်းနန်းဆောင်အတွင်း၌မူ စိတ်ချမ်းမြေ့စရာ အခြေအနေလေး ဖြစ်ပေါ်နေသည်။ သို့သော် ထိုအခြေအနေမှာ အကြာကြီး မတည်မြဲခဲ့ပေ။

နောက်တစ်နေ့မနက်တွင် ယွမ်ကျိုသည် လူတစ်စုကို ခေါ်ဆောင်လာပြီး အရှေ့ဘက်ဆောင်ဘေးရှိ ပန်းပင်များကို အကုန်တူးခိုင်းတော့သည်။

"ယွမ်ကုန်းကုန်း... ဒါ ဘာလုပ်တာလဲ၊ ကောင်းကောင်းနေနေတဲ့ ပန်းပင်တွေကို ဘာလို့ တူးနေရတာလဲ။”

ပိုင်ရှုက လာမေးသည်။

ယွမ်ကျိုက မျက်မှောင်ကြုတ်ကာ မျက်ဝန်းထဲမှ အေးစက်သောအကြည့်များထွက်ပေါ်လာပြီး ပြန်ပြောလိုက်သည်။

"မင်း ကြည့်နေရုံပဲကြည့်... ခဏနေရင် သိရလိမ့်မယ်"

ထိုသို့ပြောပြီးနောက်အစေခံများအား တူးရွင်းများဖြင့် အလုပ်စခိုင်းတော့သည်။

ထိုအသံများကို အထဲရှိ ယဲ့ယွင်လည်း ကြားနေရသည်။ သူမသည် နေ့လည်စာစားပြီးကာစဖြစ်ပြီး နို့ထိန်းက ကလေးကို လာပြနေချိန်ဖြစ်သည်။

"အပြင်မှာ ဘာတွေ ဆူညံနေတာလဲ?"

"ကျွန်တော်မျိုးမ သွားကြည့်လိုက်ပါ့မယ်"

ဟွေယွဲ့က ဂါရဝပြုကာ တံခါးဖွင့်၍ ထွက်ကြည့်သည်။ ပိုင်ရှုက ယွမ်ကျိုပြောသော စကားများကို သူမအား ပြန်လည်ပြောပြလေသည်။

ခဏအကြာတွင် ဟွေယွဲ့ ပြန်ဝင်လာပြီးယဲ့ယွင်ကိုလျှောက်တင်တော့သည်။

"ယွမ်ကုန်းကုန်းက လူတွေခေါ်လာပြီး အရှေ့ဘက်ဆောင်ဘေးက ပန်းပင်တွေကို တူးနေပါတယ်၊ ဘာလုပ်တာလဲဆိုတာတော့ မပြောဘူး... ခဏနေရင် သိရလိမ့်မယ်လို့ပဲ ဆိုပါတယ်"

ထိုစကားကို ကြားသောအခါ ယဲ့ယွင်၏ မျက်နှာမှာ တည်တင်းသွားတော့သည်။ သူမသည် နို့ထိန်းအား လက်ကာပြကာ - "ကလေးကို အရင်ခေါ်သွားလိုက်ဦး" ဟု စေခိုင်းလိုက်သည်။

ထို့နောက်မှ အခန်းထဲရှိ အစေခံနှစ်ဦးကိုပြောလိုက်သည်။

"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင်တော့ အဲဒီပန်းခင်းထဲမှာ တစ်ခုခုရှိနေမှာသေချာတယ်။”

နန်ကျစ်နှင့် ဟွေယွဲ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အခြေအနေကို နားလည်သွားကြသည်။

"ကျွန်တော်မျိုးမတို့ ဒီအတောအတွင်း သေသေချာချာ စောင့်ကြပ်ခဲ့တာပါ၊ အနားကလူတွေ လုပ်တာတော့ မဟုတ်နိုင်ပါဘူး၊ ကျွန်တော်မျိုး ထင်တာကတော့... ပန်းပင်တွေ စိုက်တဲ့အချိန် ဒါမှမဟုတ် ဝင်းထဲကို ပြုပြင်တဲ့အချိန်မှာ တစ်ယောက်ယောက်က လက်စွမ်းပြသွားတာ ဖြစ်မှာပါ"

ဟွေယွဲ့က သူမစဉ်းစားရသလောက်တင်ပြလ်ိုက်သည်။

ယဲ့ယွင် ခေါင်းငြိမ့်ကာ ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။

“ငါ မင်းတို့ကို ယုံပါတယ်၊ အခုတော့ ငါ့ကို ဘယ်သူက ဒုက္ခပေးချင်နေတာလဲဆိုတာကိုအရင်စောင့်ကြည့်ကြတာပေါ့...”

ဤသို့ပြောနေစဉ် ယဲ့ယွင်၏ အကြည့်များမှာ ရေခဲပြင်ကဲ့သို့ အေးစက်လှသဖြင့် မည်သူမျှ စိုက်မကြည့်ဝံ့ပေ။ ယခုတစ်ကြိမ်တွင် ထိုနောက်ကွယ်ကလူသည် သူမကိုသာမက သူမ၏ ကလေးကိုပါ ဒုက္ခပေးရန် ကြံစည်ခဲ့ခြင်းဖြစ်ရာ လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိပေ။

....

တစ်နာရီပင်မပြည့်မီမှာပင် အပြင်ဘက်၌ တစ်စုံတစ်ခုကို တူးဖော်မိသွားသည်။ အရှေ့ဘက်ဆောင်နှင့် ကပ်လျက်ရှိသော မြေကြီး၏ အရောင်မှာ သာမန်မြေကြီးထက် ပို၍ ရင့်နေသလို မြေကြီးထဲတွင် သတိမထားမိနိုင်လောက်အောင် သေးငယ်သော သစ်သားမှုန့်ကဲ့သို့ အရာများ ရောနှောနေသည်ကို တွေ့လိုက်ရသည်။

ယွမ်ကျိုသည် သမားတော်ကိုပါ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ သမားတော်က စမ်းသပ်ကြည့်ပြီးနောက် ဤအမှုန့်များက မြွေများကို ဆွဲဆောင်ခြင်းဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။ မြွေများ မည်သည့်နေရာက ဝင်လာသလဲဆိုသည်ကိုလည်း တစ်ပြိုင်နက်တည်း တွေ့ရှိသွားတော့သည်။

မြေကြီးအရောင် မတူသောနေရာရှိ တံတိုင်းခြေရင်းတွင် အာလူးသီးခန့်ရှိသော အပေါက်ငယ်တစ်ခု ရှိနေသည်။ ထိုအပေါက်မှာ အပေါ်ယံကြည့်လျှင် ပိတ်ထားသကဲ့သို့ ရှိသော်လည်း ကျောက်တုံးငယ်များကို ထုတ်ယူလိုက်လျှင် မြွေများ ဝင်လာနိုင်သော လမ်းကြောင်း ဖြစ်သွားခဲ့သည်။ မြွေများသည် မြေကြီးထဲရှိ အနံ့ကြောင့် ဆွဲဆောင်ခံရကာ ထိုအပေါက်မှတစ်ဆင့် ဝင်လာခဲ့ခြင်းပင် ဖြစ်၏။

ဤတွေ့ရှိချက်များကို ယဲ့ယွင်အား မဖုံးကွယ်ဘဲ ချက်ချင်း လာရောက်တင်ပြကြသည်။ သို့သော် ယဲ့ယွင်က မေးခွန်းတစ်ခု ထုတ်လိုက်ပြန်သည်။

"ဘာလို့ အဲဒီမြွေတွေက ဝင်းထဲရောက်တာနဲ့ တခြားနေရာတွေကို မသွားဘဲ ကျွန်မရှိတဲ့ ပင်မအဆောင်ကြီးဆီကိုပဲ တန်းတန်းမတ်မတ် လာကြတာလဲ?"

၎င်းမှာလည်း သံသယဖြစ်ဖွယ် အချက်တစ်ခုပင်။ မြွေဆိုသည်မှာ လူစကား နားလည်သည်မဟုတ်ရာ ခိုင်းသည့်အတိုင်း သွားလိမ့်မည် မဟုတ်ပေ။

"ကျွန်မရဲ့ အခန်းထဲမှာ တစ်ခုခုများ ရှိနေလို့လားလို့ သံသယဖြစ်မိတယ်"

ယဲ့ယွင်က မျက်မှောင်ကြုတ်လျက် ဆိုသည်။

သူမက ထိုသို့ပြောလိုက်သဖြင့် သမားတော်များမှာ အခန်းအတွင်း အနှံ့အပြားကို စစ်ဆေးကြတော့သည်။ ထုတ်တန်းများပေါ်သို့ပင် လှေကားဖြင့် တက်၍ စစ်ဆေးကြသော်လည်း မည်သည့်ပြဿနာမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့်သမားတော်တစ်ဦးက ရှင်းပြလိုက်သည်။

"မြွေဆိုတာ အအေးကြောက်တဲ့ သတ္တဝါတွေပါ၊ အဲဒီညက မိုးကလည်း အရမ်းသည်းတော့ ရာသီဥတုကအေးနေပါတယ်၊ မြေကြီးထဲဆိုပြောမနေပါနဲ့တော့ ဝင်းတစ်ခုလုံးမှာ ရှိုးရီရဲ့ ပင်မအဆောင်ကြီးကပဲ အနွေးဆုံးဖြစ်နေတာကြောင့် အဲဒီကို လာကြတာလို့ပဲ သုံးသပ်ရပါလိမ့်မယ်။”

အခန်းတွင်းရှိ အရာအားလုံးကို အသေးစိတ် စစ်ဆေးပြီးနောက် ဘာမှမတွေ့သဖြင့် ထိုအကြောင်းပြချက်ကသာ အဆီအလျော်ဆုံး ဖြစ်နေတော့သည်။

အပြင်ဘက်က ပြဿနာကို တွေ့ရှိပြီဆိုလျှင် ၎င်းမှာ သဲလွန်စတစ်ခုခု ရရှိထား၍ ရှာဖွေတွေ့ရှိခြင်း ဖြစ်ရမည်။ ထို့ကြောင့် ယဲ့ယွင်က မေးမြန်းလိုက်သည်။

ယွမ်ကျို၏ မျက်နှာမှာ မကောင်းလှသော်လည်း နောက်ဆုံးတွင် အမှန်အတိုင်း လျှောက်တင်လိုက်သည်။

"လက်သည်က... အန်းချိုက်နွီပါပဲ။”

"အန်းရှီ?" ယဲ့ယွင် အံ့သြသွားကာ "သူက အကျဉ်းချခံထားရတာ မဟုတ်လား၊ ဘယ်လိုလုပ် အပြင်ကို ထွက်နိုင်မှာလဲ"

ယွမ်ကျိုက ရှင်းပြလေသည်။

"အန်းရှီ ရာထူးချခံရချိန်တွင်သူမ၏နန်းဆောင်က အုပ်ချုပ်ရေးမှူးကုန်းကုန်း ကောင်းချန်းက လင်ရှီးဥယျာဉ်ကို လိုက်မသွားခဲ့ရဘဲ လွတ်မြောက်သွားခဲ့ပေမဲ့ အဲဒီကောင်းချန်းက နန်းတွင်းမဝင်ခင်ကတည်းက အန်းရှီနဲ့ ရင်းနှီးခဲ့သူဖြစ်ပြီး တစ်ခါက သူဖျားနာလို့ သေလုနီးပါးဖြစ်ချိန်မှာ အန်းချိုက်နွီက ငွေပေးပြီး ကုသပေးခဲ့လို့ အသက်ချမ်းသာရာ ရခဲ့ဖူးပါတယ်၊ ဒါကြောင့် သူက အန်းရှီအပေါ် အရမ်းသစ္စာရှိပါတယ်။

"အန်းရှီ အကျဉ်းချခံရပြီးနောက်ပိုင်းနန်းဆောင်က အစေခံတွေကို လူစုခွဲလိုက်တော့ အဲဒီကောင်းချန်းက အထွေထွေအလုပ်သမားဌာနကို ရောက်သွားပါတယ်၊ ဖြစ်ချင်တော့ သူကကျောက်ချွန်းနန်းဆောင်ကို ပြုပြင်တဲ့နေရာမှာ ပါဝင်ခဲ့ပြီး တံတိုင်းခြေရင်းမှာ အခုလိုမသမာတဲ့လုပ်ရပ်ကိုလုပ်ခဲ့တာပါ။ နောက်ပိုင်း ပန်းပင်တွေ လာစိုက်တဲ့အခါမှာလည်း သူက ရောနှောပါဝင်လာပြီး အဲဒိအမှုန့်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့မြေမြှုပ်ပြီး မနေ့ညကလိုအခွင့်အရေးကို စောင့်နေခဲ့တာပါ။”

"အဲဒီညမှာ ဖန်းကျယ်ယွီက အရင်မွေးတော့ လူတွေအားလုံး အဲဒီဘက်ရောက်နေတာကို သူတွေ့သွားတယ်၊ မိုးရွာနေတာကို အခွင့်ကောင်းယူပြီး အခုလိုယုတ်မာတဲ့ကိစ္စကို လုပ်ခဲ့တာပါ၊ ရှိုးရီ ကလေးမွေးဖွားနေချိန်မှာ အရှင်မင်းကြီးက ကျွန်တော်မျိုးကို စုံစမ်းခိုင်းလို့ ရှာကြည့်တော့ အဲဒီကောင်းချန်းဟာ တစ်ကိုယ်လုံး ရွှဲစိုနေရုံတင်မကဘဲ အမူအရာကလည်း သံသယဖြစ်စရာ ကောင်းနေတာနဲ့ ဖမ်းဆီးလိုက်တာပါ၊ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းပြီးမှ အခုလိုအကြောင်းစုံကို သိရတာပါ။”

ယွမ်ကျိုပြောပြီးနောက် အခန်းထဲရှိလူအားလုံး ရင်တုန်သွားကြရသည်။ ဤမျှအကြာကြီး အချိန်ယူ၍ ကြံစည်ခဲ့သည်မှာ ထိုအခိုက်အတန့်လေးအတွက်ပါလားဟု တွေးမိကာ ထိတ်လန့်သွားကြသည်။

ယဲ့ယွင်လည်း ရင်ထဲမှာ ထိတ်လန့်မိသော်လည်း မည်သို့ အပြစ်ပေးမည်ကိုသာ ပို၍ သိချင်နေမိသည်။ သူမ၏ မျက်နှာမှာ ရေခဲပြင်ကဲ့သို့ အေးစက်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဒီကိစ္စကို အရှင်မင်းကြီးက ဘယ်လိုမိန့်လဲ?"

"ကျွန်တော်မျိုး အရှင်မင်းကြီးဆီကို မလျှောက်တင်ရသေးပါဘူး၊ ဒါပေမဲ့ အရှင်မင်းကြီးက စုံစမ်းခိုင်းကတည်းက... နောက်ကွယ်ကလူကို သိတာနဲ့ ချက်ချင်းသတ်လို့ မိန့်ထားပါတယ်"

ယွမ်ကျိုက ဆိုသည်။

ယဲ့ယွင်က ရုတ်တရက် မျက်လုံးပင့်

ကြည့်ကာမေးခွန်းထုတ်လ်ိုက်သည်။

“အန်းရှီ ဖြစ်နေရင်တောင် သတ်မှာလား?"

ဤမေးခွန်းကြောင့် ယွမ်ကျို ကြောင်သွားရသည်။ ယဲ့ယွင်၏ ထက်မြက်ပြီး စူးရှသော အကြည့်များကြောင့် သူ အမြန်ပင် ခေါင်းငုံ့လိုက်ရသည်။ သူ့ရင်ထဲတွင်လည်း တုန်လှုပ်သွားမိသည်။ မင်ရှိုးရီထံမှ ဤကဲ့သို့သော ဖိအားမျိုးကို သူ မခံစားဖူးပေ၊ ဧကရာဇ်၏ အနားတွင်သာ ဤကဲ့သို့သော အရှိန်အဝါမျိုးကို သူ ခံစားဖူးခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ စိတ်ကို မခန့်မှန်းဝံ့ပါဘူး၊ ရှိုးရီ ခွင့်ပြုရင် ကျွန်တော်မျိုး အရှင်မင်းကြီးဆီ အရင်သွားပြီး လျှောက်တင်ပါရစေဦး"

ယွမ်ကျိုက ဖိအားများကြားမှ လက်အုပ်ချီ လျှောက်တင်သည်။

ယဲ့ယွင်က သူ့ကို ခဏတာ စိုက်ကြည့်ပြီးမှ အကြည့်ကို လွှဲလိုက်သည်။ "ဒါဆိုရင်တော့ ကုန်းကုန်းကို ဒုက္ခပေးရတော့မှာပေါ့"

"အဲ့လိုမပြောပါနဲ့... ကျွန်တော်မျိုး အခုပဲ သွားပါ့မယ်" ယွမ်ကျို သက်ပြင်းတစ်ချက်ချကာ လူများကို ဦးဆောင်၍ ကျောက်ချွန်းနန်းဆောင်မှ အမြန်ထွက်ခွာသွားတော့သည်။

ထိုလူစု ထွက်သွားပြီးနောက် နန်ကျစ်က မနေနိုင်ဘဲ မေးလိုက်သည်။ "ရှိုးရီက ခုနက ယွမ်ကုန်းကုန်းကို ဘာလို့ အဲဒီလို မေးရတာလဲ၊ အရှင်မင်းကြီးက တွေ့တာနဲ့ သတ်ခိုင်းထားတာပဲ မဟုတ်လား"

"နှုတ်ကတော့ မိန့်ထားတာပေါ့၊ ဒါပေမဲ့ ဘယ်သူလဲဆိုတဲ့အပေါ် မူတည်ပြီး အရှင်မင်းကြီးရဲ့ လုပ်ရပ်က ပြောင်းလဲသွားနိုင်တယ်လေ" ယဲ့ယွင်က အေးဆေးစွာထပ်ပြောလိုက်သည်။

"အရှင်မင်းကြီး ထုတ်မပြောပေမဲ့ ငါသိတယ်၊ အန်းရှီက အကျဉ်းချခံထားရပေမဲ့ သူမကို ဘယ်သူမှနှိပ်စက်တာမျိုး မရှိဘူးဘေ အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်မပါဘဲ သူမ ဒီလောက် သက်သောင့်သက်သာ နေနိုင်မှာ မဟုတ်ဘူး။”

ဟွေယွဲ့၏ မျက်နှာ ညှိုးငယ်သွားကာပြောလိုက်သည်။

"ဒါဆို အရှင်မင်းကြီးက ဒီတစ်ခါရော... အန်းရှီကို လွှတ်ပေးလောက်မလား?"

"ဖြစ်နိုင်ချေတော့ နည်းပါတယ်" ယဲ့ယွင်သည် အပြင်ဘက်က ပုလဲလိုက်ကာကို လှမ်းကြည့်လိုက်သည်။

"အကယ်၍ လွှတ်ပေးလိုက်မယ်ဆိုရင်တော့... ငါလည်း နောင်မှာ သူ့အပေါ်ဘယ်လိုခံစားချက်မှ ထားဖို့မလိုအပ်တော့ဘူး။”

အမှန်စင်စစ် ယဲ့ယွင်၏ ရင်ထဲတွင် ၈၀ ရာခိုင်နှုန်းခန့် ယုံကြည်ချက် ရှိပေသည်။

ယခုအခါ နင်ချန်၏ ရင်ထဲတွင် သူမ၏ အရေးပါမှုမှာ အန်းရှီထက် သာလွန်နေလိမ့်မည်။ အရင်တုန်းက သူမသည် စိတ်ကောင်းဝင်ကာ အန်းရှီ (ထိုစဉ်က ဝမ်ဖေး) ကို ကယ်တင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ထိုအကျိုးဆက်ကို အကြိမ်ကြိမ် ပြန်လည်ခံစားနေရသည်။

ဤနက်ရှိုင်းလှသော နန်းတွင်းထဲတွင် အပိုအလျှံ ဂရုဏာတရားများ ထားရှိရန် တကယ်ပင် မလိုအပ်ပေ။

....

ထိုအချိန်တွင် ကျိုချန်နန်းဆောင် အတွင်း၌...

ယွမ်ကျိုသည် စုံစမ်းတွေ့ရှိချက်အားလုံးကို အသေးစိတ် တင်ပြလိုက်သည်။ ဖြစ်စဉ်အားလုံးကို ကြားလိုက်ရချိန်တွင် နင်ချန်၏ မျက်နှာမှာ အနက်ရောင် ကျောက်တုံးကဲ့သို့ တည်တင်းသွားတော့သည်။ နောက်ကွယ်က ခိုင်းစေသူမှာ အန်းချိုက်နွီ ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင်မူ သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ဒေါသအရှိန်အဝါမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။

***

All Chapters