← Chapters

အခန်း (၁၂၀-၁၂၂)

Vol. 9 Ch. 120-122

အခန်း (၁၂၀-၁၂၂)

Vol. 9 Ch. 120-122

၁၂၀) ကျိဝူရွှမ် ဒေါသူပုန်ထပြီး မဟာကျင်းကို ဖျက်ဆီးချင်သွားတယ်

ညအချိန်တွင် မြို့တော်အတွင်း၌ သီဆိုကခုန်သံများဖြင့် ပြည့်နှက်နေပြီး၊ ပြည်သူများမှာ ဧကရာဇ်နှင့် ဧကရီတို့၏ ဂုဏ်ကျေးဇူးများကို ချီးမွမ်းထောပနာပြုကာ ပျော်ရွှင်နေကြသည်။

တိုင်းတစ်ပါး ကျူးကျော်မှုကို ခုခံရန်အတွက် အုပ်ချုပ်သူကိုယ်တိုင် ရှေ့တန်းမှ ဦးဆောင်နေခြင်းက တိုင်းပြည်တစ်ဝန်းရှိ စစ်သည်များကို စိတ်ဓာတ်တက်ကြွစေရန် လုံလောက်သော အကြောင်းပြချက်ပင်။

သို့သော် ယနေ့တွင် ပစ္စုပ္ပန်ရွာလေးမှာမူ တိတ်ဆိတ်ခြောက်ကပ်နေပုံရသည်။

ဧကရီ၏ ကြင်ရာတော်မှာ သတိမေ့မြောနေဆဲ ဖြစ်သော်လည်း သူ၏ အသက်ရှူသံမှာ တဖြည်းဖြည်း ပိုမိုတည်ငြိမ်လာသည်။ သူက ကောင်းကင်ဘုံကိုးဆင့် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ် နိုင်ခဲ့ခြင်းကြောင့် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။ နံနက်ခင်းအလင်းနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် သူ၏နယ်ပယ်မှာ ချက်ချင်းပင် ခိုင်မာသွားခဲ့သည်။

သူ မသိလိုက်ဘဲနှင့်ပင် နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အလယ်အလတ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

သူ၏ ဧကရာဇ်အဆင့် ဓာအသိမှာလည်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံနေပြီး မဟာဧကရာဇ်အဆင့် အချိန်နှင့်နေရာလွတ် ဓားအသိသို့ ရောက်ရန် လက်တစ်လုံးခြားမျှသာ လိုတော့သည်။ ဖြစ်နိုင်သည်မှာ တစ်ခဏတာ အသိဉာဏ်ပွင့်လင်းမှု သို့မဟုတ် ရင်ပြင်ထဲတွင် ပွင့်နေသော ပန်းများကို ကြည့်ရင်း စိတ်ကြည်လင်နေချိန်မျိုးတွင်ပင် သဘာဝအလျောက် ချိုးဖျက်တက်လှမ်းသွားနိုင်ပေသည်။

“နန်းရင်းဝန်က စစ်တပ်ကို ဦးဆောင်ပြီး စစ်ထွက်သွားပြီ။ အချိန်ကို တွက်ကြည့်ရင်တော့ သူတို့ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို မကြာခင် ရောက်တော့မယ်။ သူတို့တွေ ချောင်းမြောင်းနေပြီး အချိန်မရွေး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်တော့မယ် ထင်တယ်…“ ရွာသားတစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။

“တိုင်းပြည်ရဲ့ အမာခံ မဏ္ဍိုင်ကြီးကလည်း တံခါးပိတ် ကျင့်ကြံ‌နေတယ်။ သူက ကိုယ့်ကိုယ်ကိုယ် ရက်သတ္တပတ် နှစ်ပတ်ပဲ အချိန်သတ်မှတ်ထားတာ။ တစ်ခါတည်းနဲ့ အတင်းအကျပ် တက်လှမ်းဖို့ ပြင်နေတာက အရမ်း စွန့်စားရာကျလွန်းတယ်...“ အချို့သူများကလည်း မြို့ပြင်ရှိ ချင်းလျန်တောင်ဆီသို့ လှမ်းကြည့်နေကြသည်။ ထိုနေရာမှာ စစ်သူကြီး ချင်းဖုန်းဟော် တံခါးပိတ်လေ့ကျင့်သည့်နေရာ ဖြစ်သည်။

မဟာကျင်း အမာခံမဏ္ဍိုင်ကြီး နှစ်ခုစလုံးက တစ်ယောက်ပြီးတစ်ယောက် သေခြင်းရှင်ခြင်း အခြေအနေထဲကို ပြတ်ပြတ်သားသား ခြေစုံပစ်ဝင်သွားကြပြီ။ ဒီနေ့မှာတော့ အရှင်မနဲ့ ကြင်ရာတော်တို့က ရှေ့တန်းကနေ ဦးဆောင်နေကြတယ်။ ငါတို့ကတော့ ကြည့်နေရုံပဲ တတ်နိုင်တဲ့ လက်အောက်ငယ်သားတွေအဖြစ် ဘယ်လိုလုပ် ပျော်နိုင်ပါ့မလဲ။

ဖုလင်ကျိနှင့် ယင်ယန်အကြီးအကဲတို့ကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သော်လည်း လက်ရှိ အခြေအနေက အကောင်းမြင်ရန် အလှမ်းဝေးနေသေးသည်။

ကောင်းကင်ပြည်နယ် ကျိမိသားစု၏ အရိပ်အယောင်က လူတိုင်း၏ စိတ်နှလုံးသားပေါ် တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ အမြဲတမ်း လွှမ်းမိုးနေ၏။

နောက်ဆုံးတော့ သေသွားသူ နှစ်ယောက်က ကျိဝူရွှမ်၏ အစေခံ နှစ်ယောက်သာ ရှိနေသေးသည် မဟုတ်ပါလား။

ယနေ့ စစ်မြေပြင်တွင် ဖုလင်ကျိနှင့် ယင်ယန်အကြီးအကဲတို့ကို သတ်ဖြတ်လိုက်ခြင်းသည် ကျိမိသားစုနှင့် လုံးဝ လမ်းခွဲလိုက်ခြင်းနှင့် အတူတူပင်။ ညှိနှိုင်းမှု သို့မဟုတ် အလျှော့ပေးမှုအတွက် နေရာမရှိတော့ဘဲ တစ်ဖက်ဖက်က လုံးဝ ရှုံးနိမ့်သွားမှသာ ဤကိစ္စက အဆုံးသတ်ပေလိမ့်မည်။

ဟင်းရည်ပုံးများကို ထမ်းလာသော စားဖိုမှူးတစ်ဦးက အလုပ်များနေသည့်ကြားမှ ဝင်ပြောလိုက်သည်။

“ဘာလို့ စိုးရိမ်နေတာလဲ။ ငါတို့မှာ ဧကရာဇ်နဲ့ အရှင်မ ရှိနေတာပဲ၊ အဲဒီ ကျိမိသားစုက ကောင်စုတ်ကို ဘာကြောက်စရာ ရှိလို့လဲ။ ကျိဝူရွှမ်ဆိုတာ ဧကရာဇ်ရဲ့ ခြေသလုံးမွှေးတောင် မမှီပါဘူး။ ကောင်းကင်ပြည်နယ်က ကျိမိသားစုဆိုတာလည်း သူတို့ပြည်နယ်ကို စုစည်းဖို့တောင် အနိုင်နိုင် လုပ်နေရတာ၊ တခြားကိစ္စတွေကို စိတ်ပူဖို့ အချိန်ရှိပါ့မလား။“

သူ၏ စကားလုံးများတွင် ဧကရီ၏ ကြင်ရာတော်အပေါ် အတိုင်းအဆမရှိ ရိုသေလေးစားမှုများ ပြည့်နှက်နေသည်။

ရွာအဝင်တွင် နေပူစာလှုံနေသော အဘိုးအိုတစ်ဦးက သူ့ကို စိုက်ကြည့်ကာ အသံတိုးတိုးဖြင့် အော်လိုက်သည်။ “ပင်လယ်အရှင်သခင်... ရွာထဲမှာ ဧကရီရဲ့ ကြင်ရာတော်ကို သူ့ဘွဲ့အမည်နဲ့ ခေါ်ဖို့ ဘယ်သူ ခွင့်ပြုထားလို့လဲ။ ပြန်သွားပြီး ရွာစည်းကမ်းကို အခါတစ်ရာ ကူးစမ်း။ သေချာမှတ်ထား။ လက်ရေးနဲ့ ကူးရမှာနော်...“

၎င်းကို ကြားလိုက်ရသောအခါ ရွှေရောင်အရည်များကို ထမ်းသည့် စားဖိုမှူးအဖြစ် သရုပ်ဆောင် နေရသော ပင်လယ်အရှင်သခင်မှာ မျက်တောင်များ တုန်ရီသွား၏။

တောက်... ငါ နောက်ထပ် အခါတစ်ရာ ထပ်ကူးရဦးမယ်။ ငါ့ဘဝက ဘယ်လိုဖြစ်နေတာလဲ။

“ကူးရမယ့် ပြစ်ဒဏ်ကိုတော့ လက်ခံပါတယ်၊ ဒါပေမဲ့ ကျုပ်ကို တခြားနေရာမှာ သရုပ်ဆောင်ခိုင်းလို့ မရဘူးလား။ အရှင်သခင် တစ်ယောက်အနေနဲ့ ဒီလို အညစ်အကြေးတွေ လိုက်သိမ်းနေရတာက အရမ်း အရှက်ရစရာ ကောင်းတယ်လေ။“ ပင်လယ်အရှင်သခင် နားချင်နေပြီ ဖြစ်သည်။

သူက နောင်တများဖြင့် ပြည့်နှက်နေ၏။ ယနေ့ ဧကရီ၏ကြင်ရာတော် ပေါ်လာချိန်တွင် အပြင်ထွက်ပြီး တိုက်ပွဲကို မကြည့်ခဲ့သင့်ပေ။

သူက ကြင်ရာတော်၏ မျက်နှာအစစ်ကို မတော်တဆ မြင်လိုက်ရသဖြင့် နေရာတင် အမိခံလိုက်ရကာ၊ ပစ္စုပ္ပန်ရွာသို့ ခေါ်ဆောင်ခံရပြီး ရွာသားတစ်ဦးအဖြစ် သရုပ်ဆောင်ခိုင်းခံရခြင်း ဖြစ်သည်။

“ဒါက အရှင်မရဲ့ အမိန့်တော်ပဲ။ အခွန်ဝန်ကြီးဌာနရဲ့ ဝန်ကြီးတစ်ယောက်အနေနဲ့ ငါက ပစ္စုပ္ပန်ရွာရဲ့ စည်းကမ်းတွေကို ကြီးကြပ်ဖို့ အမိန့်ရထားတာ။ ငါက ရွာသားတွေရဲ့ အပြောအဆိုနဲ့ အပြုအမူကိုပဲ စောင့်ကြည့်ဖို့ တာဝန်ရှိတယ်။ တခြားဟာတွေ ဂရုမစိုက်ဘူး။” အဘိုးအိုက နေပူစာလှုံရင်း ပျင်းရိစွာ စိတ်ချင်းဆက်သွယ် ပြောကြားလိုက်သည်။

ပင်လယ်အရှင်သခင်မှာ အလွန်အမင်း နာကျည်းနေရသည်။ “ဘာလို့ အရှင်မက ကျုပ်ကိုမှ ဒီအလုပ်လုပ်ဖို့ ရွေးရတာလဲ။“

အဘိုးအိုက မျက်လုံး တစ်ဝက်ဖွင့်ကာ ကျန်းရှောင်ချင်းကို ကြည့်လိုက်သည်။ သူက ခံစားချက်မပါဘဲ ရယ်မောလိုက်ပြီး စိတ်ချင်းဆက်သွယ် ပြောလိုက်၏။

“မင်း ဘယ်လောက်တောင် မိုက်မဲတဲ့ အလုပ်တွေ လုပ်ခဲ့သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိဘူးလား။“

“အဲဒီတုန်းက ဧကရီရဲ့ ကြင်ရာတော်ကို ဖြုတ်ချပြီး မုန့်ချင်းကို ကြင်ရာတော်အသစ်အဖြစ် တင်မြှောက်ဖို့ ဆူဆူပူပူ လုပ်ခဲ့တာ မင်း မဟုတ်လား။ အခွင့်အရေးရတိုင်း သူ့အကြောင်း မကောင်းပြောခဲ့တာတွေကို အရှင်မက အကုန်မှတ်ထားတာကွ။“

ကျန်းရှောင်ချင်းမှာ ဆွံ့အသွားပြီး အတော်ကြာအောင် စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။

ဧကရီရဲ့ကြင်ရာတော်နဲ့ အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ထို့အပြင် မဟာကျင်း နန်းတွင်းအဖွဲ့ဝင် အတော်များများက ကြင်ရာတော်၏ သရုပ်မှန်ကို ဖုံးကွယ်ရန်အတွက် ပစ္စုပ္ပန်ရွာ စီမံကိန်းတွင် ကြိုတင် ပါဝင်ခဲ့ကြသည် မဟုတ်ပါလား။

“ကဲပါ။ အရှင်မက မင်းကို မြေဩဇာ ကျုံးခိုင်းတာ မဟုတ်တာကိုပဲ ကျေးဇူးတင်စမ်းပါ။ မင်းသာ ထပ်ပြီး ညည်းညူနေဦးမယ်ဆိုရင် ငါ မင်းကို ပြည့်တန်ဆာရုံက အထိန်းတော်အဖြစ် သွားလုပ်ခိုင်းလိုက်မယ်…” အခွန်ဝန်ကြီးက ရယ်မောရင်း မျက်လုံးမှိတ်ကာ ပြန်အိပ်သွားတော့သည်။

“ဒီအဘိုးကြီး မရိုးမသားနဲ့...“ ကျန်းရှောင်ချင်း ဒေါသထွက်လွန်းသဖြင့် သူထမ်းလာသော ပုံးနှစ်ပုံးကို အဘိုးအို၏ ခေါင်းပေါ်သို့ မှောက်ချပစ်ချင်စိတ် ပေါက်သွားသည်။

ဂုဏ်သိက္ခာရှိသော ပင်လယ်အရှင်သခင်မှာ နာကျည်းချက်များဖြင့် သူ၏ ရွှေရည်ပုံးများကို ထမ်းကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။

အခွန်ဝန်ကြီးက ဘယ်ဘက်မျက်လုံးကို အသာဟကာ ချန်းဟိုင်မင်းသား၏ ကျောပြင်ကို ကြည့်ရင်း ပါးစပ်နားအထိ ပြုံးလိုက်မိသည်။ “ဟဲဟဲ၊ ဒီအရူးလေး... မင်း ပစ္စုပ္ပန်ရွာကို ရောက်လာမယ့်နေ့ကို ငါ စောင့်နေတာ။ မင်း လွတ်မှာ မဟုတ်ဘူးဆိုတာ ငါသိသားပဲ။ လျှောက်သွားနေဦးလို့ ပြောထားတာ။ အခုတော့ ငြိမ်သွားပြီ မဟုတ်လား။“

တစ်ချိန်တည်းမှာပင်။

မြို့တော်၏ ကောင်းကင်ယံထက်၌။

ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲတွင် ရပ်တန့်လျက် အောက်ရှိ မြို့တော်ကြီးကို ငုံ့ကြည့်နေသည်။

ကျိဝူရွှမ်၏နားများ လှုပ်ရှားသွားပြီး မြို့သားများ၏ ပြောဆိုဆွေးနွေးသံများကို နားထောင်နေသည်။

ခဏအကြာတွင် သူ၏ အမူအရာမှာ ပိုမို ဇဝေဇဝါ ဖြစ်လာ၏။

“ဝိုး... ဧကရီရဲ့ကြင်ရာတော်က ဒီနေ့ အတိဒုက္ခကို ကျော်ဖြတ်တာ။ တကယ့်ကို မကြုံစဖူးပဲ။ ငါ စုံစမ်းကြည့်တာတော့ အဲဒီအတိဒုက္ခနာမည်က ဘာလဲ သိလား။“

“ကောင်းကင်ဘုံအတိဒုက္ခတဲ့... အဆင့်ကိုးဆင့်ထဲမှာ အမြင့်ဆုံးအဆင့်ပေါ့။ ကောင်းကင်ပြည်နယ်ရဲ့ နံပါတ်တစ် ပါရမီရှင်တောင်မှ ရှစ်ဆင့်အထိပဲ ကျော်ဖြတ်နိုင်တာတဲ့။ ငါတို့ ဧကရာဇ်နဲ့ ယှဉ်လိုက်ရင်တော့ သူက လမင်းကြီးရှေ့က ပိုးစုန်းကြူးလေးလိုပါပဲ။“

“ဟားဟားဟား၊ ဟုတ်တယ်... ဘာတွေ လျှောက်ကြွားနေမှန်း မသိဘူး။ ငါတို့ ဧကရာဇ်နဲ့ ယှဉ်ရင် သူက အိမ်သာထဲက ခွေးချေးပုံလောက်တောင် မတန်ပါဘူး...“

...

ကျိဝူရွှမ်၏ မျက်ဝန်းများထဲတွင် အမည်းစက်တစ်ခု ဖြတ်ပြေးသွားသော်လည်း ထိုထက် ပိုသည်မှာ အံ့သြမှုနှင့် ဇဝေဇဝါ ဖြစ်မှုပင်။

မဟာကျင်းရဲ့ ဧကရာဇ် ဟုတ်လား...

သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။ ကောင်းကင်ဘုံကိုးဆင့် အတိဒုက္ခကို ခေါ်ယူခဲ့သူမှာ အချိန်နှင့်နေရာလွတ် ဓားသူတော်စင် မဟုတ်ပေ။

“မဟာကျင်းရဲ့ ဧကရာဇ်ဆိုတာက ကြက်တစ်ကောင်တောင် မသတ်နိုင်တဲ့ သာမန်လူသားတစ်ယောက်လို့ မဟုတ်ဘူးလား။ ကောလာဟလတွေက မှားနေတာလား။ ဒါမှမဟုတ် သူက တမင်တကာ စွမ်းရည်တွေ ဖုံးကွယ်ထားတာလား။“

“အဲဒီလိုဆိုရင်တော့ ကိစ္စတွေက နည်းနည်း ရှုပ်ကုန်ပြီ။”

ကျိဝူရွှမ်၏ စိတ်အခြေအနေမှာ အလွန် ဆိုးရွားသွား၏။

မူလက သူ ထင်ထားသည်မှာ မဟာကျင်း ဧကရာဇ်က သာမန်လူ ဖြစ်နေသဖြင့် တုန်းဖန်လျူလီသည် စွမ်းအားကို အလေးထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး အာဏာမရှိသော ရုပ်သေးခင်ပွန်းတစ်ဦးကို အကာအကွယ်အဖြစ် တမင် ဖန်တီးထားခြင်းဖြစ်သည်ဟု ယူဆခဲ့သည်။ ထို့ကြောင့်လည်း သူက ဖုလင်ကျိနှင့် ယင်ယန်အကြီးအကဲကို လွှတ်ကာ ကျိဝူရွှမ်ဟူသော နာမည်ကို ပွင့်ပွင့်လင်းလင်း ပြောခိုင်းခဲ့ခြင်းပင်။

သူ၏ မူလအတွေးမှာ ထိုသို့လုပ်လိုက်ခြင်းဖြင့် တုန်းဖန်လျူလီက သူ့ရင်ခွင်ထဲသို့ အလိုအလျောက် တိုးဝင်လာလိမ့်မည် ဟူ၍ ဖြစ်သည်။

သို့သော် ယခု အခြေအနေမှာ လုံးဝ ကွဲပြားသွားပြီ ဖြစ်သည်။ ဧကရာဇ်က အသုံးမကျသူလည်း မဟုတ်သလို ရုပ်သေးလည်း မဟုတ်ပေ...

ဧကန္တ... ဧကရီနဲ့ ဧကရီရဲ့ကြင်ရာတော်က တကယ့် လင်မယားအစစ်တွေ ဖြစ်နေပြီးတော့ သူတို့ကို သူတို့ ဟန်ဆောင်နေကြတာများလား...

“ကောင်းတယ်။ သိပ်ကောင်းတယ်...“ ကျိဝူရွှမ် အလွန်အမင်း ဒေါသထွက်ကာ ရယ်မောလိုက်ပြီး သူ၏ လူသတ်လိုသော အရှိန်အဝါများမှာ အပြင်သို့ လွှမ်းခြုံသွားသည်။ သူက မြို့တော်ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။

“ငါ့ရဲ့ အသက်(၅၀) အတွင်းမှာ ဘယ်သူမှ ငါ့ကို ဒီလို လှည့်စားတာမျိုး မလုပ်ဖူးဘူး။ အဲဒီလိုဆိုရင်တော့ မဟာကျင်းက... ဆက်ပြီး တည်ရှိနေစရာ အကြောင်း မရှိတော့ဘူး။“

၁၂၁) ဆန်ပြုတ်ဖြူဖြူ၊ လှေငယ်တစ်စင်း

မဟာကျင်း နန်းတော်၊ ရွှေနန်းဆောင်။

ပုံမှန်အချိန် အုပ်ချုပ်ရေးကိစ္စများ၌ ပျင်းရိငြီးငွေ့သော အမူအရာရှိတတ်သော ဧကရီက ယနေ့တွင်မူ ကြက်သွေးရောင် ဆံနွယ်များကို ထုံးဖွဲ့၍ သရဖူကို ဆောင်းထားသည်။ ပုလဲလိုက်ကာနောက်မှ သူ၏ အကြည့်များက ပျာပျာသလဲ ဖြစ်နေကြသော ဝန်ကြီးများအပေါ်သို့ ဝှေ့ယမ်းသွားပြီးနောက် ပြောလိုက်သည်။

“နန်းရင်းဝန် ကျန်းစန်းဟိုင်က တော်ဝင်အမိန့်တော်ကို အတုအယောင် သုံးပြီး စစ်ထွက်သွားခဲ့တယ်။ ဒီကိစ္စကိုတော့ အခုလောလောဆယ် ဘေးဖယ်ထားလိုက်မယ်။ နောက်မှ သူ့ကို စာရင်းရှင်းကြတာပေါ့။“

“အခုတော့ လက်ရှိ စစ်ရေးအခြေအနေကို အရင် တင်ပြကြ။ အချိန်က အရမ်း အရေးကြီးနေပြီဆိုတော့ အခမ်းအနားတွေ လုပ်မနေနဲ့တော့။ မြန်မြန်ပြော။“

စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီးက ကျောက်စိမ်းပြားကို ကိုင်မြှောက်လျက် ဦးညွှတ်ကာ ပြောသည်။

“နန်းရင်းဝန် မထွက်ခွာခင်က ကျွန်တော့်ကို မြို့တော်ကို ခေတ္တစောင့်ရှောက်ဖို့ မှာခဲ့ပြီး ဆက်သွယ်ရေး ကျောက်စိမ်းပြား တစ်ခု ပေးခဲ့ပါတယ်။ မနေ့ညက နန်းရင်းဝန်ဆီက ပြန်ပို့တဲ့ စစ်ရေးသတင်း အရတော့... တောင်တန်းနဲ့မြစ် မြေပုံကို အသုံးပြုပြီး ချီတက်ခဲ့တဲ့ စစ်တပ်ဟာ အနောက်ဘက် ဗုဒ္ဓတိုင်းပြည် နယ်နိမိတ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။“

“ဒါပေမဲ့ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ရဲ့ အင်အားစုတွေက အရမ်းကို ရှုပ်ထွေးလှပါတယ်။ နှစ်ပေါင်း ထောင်နဲ့ချီအောင် သူတို့က အရိပ်ထဲကနေ ပြဿနာတွေ ဖန်တီးပြီး ရှုပ်ထွေးအောင်ပဲ လုပ်နေခဲ့ကြတာ။“

“တိုင်းပြည်အသီးသီးရဲ့ မှတ်တမ်းတွေမှာတောင် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နဲ့ ပတ်သက်တဲ့ ကောက်ချက်တွေက အရမ်းကို ဝိုးတဝါးနိုင်လှပါတယ်။ ဒါကြောင့် နန်းရင်းဝန်က အခြေအနေကို စုံစမ်းဖို့အတွက် ကင်းထောက်တွေနဲ့ ရှေ့ပြေးတပ်ဖွဲ့တွေကို စေလွှတ်ထားပါတယ်။“

တုန်းဖန်လျူလီက ပလ္လင်လက်တန်းကို လက်ချောင်းလေးများဖြင့် ခပ်သွက်သွက် ခေါက်နေမိသည်။ ထိုစည်းချက်ကျကျ အသံများက ဧကရီ၏ ရင်ထဲတွင် မတည်မငြိမ် ဖြစ်နေမှုကို ဖော်ပြနေ၏။

၎င်းက ပစ်မှတ်ကို မြန်မြန်ဆန်ဆန် တိတိကျကျနှင့် ရက်ရက်စက်စက် ချေမှုန်းရန် ရည်ရွယ်သော အသေခံ လျှပ်တစ်ပြက်စစ်ဆင်ရေး ဖြစ်သည်။ အချိန်ဆွဲလေလေ တခြားသူများ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်းကို သတိပြုမိရန် ပိုလွယ်လေလေပင်။

စစ်သည်တော် တစ်သန်းခန့် တိုင်းပြည်ပြင်ပသို့ ထွက်သွားသည်ကို လူတိုင်း၏ မျက်စိအရှေ့မှ ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ အကယ်၍ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကသာ တုံ့ပြန်လာမယ်ဆိုလျှင် အကျိုးဆက်က မှန်းဆ၍ပင် ရနိုင်မည် မဟုတ်...

အရှေ့ဘက်က မဟာကျင်းနှင့် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က မိုင်ပေါင်း တစ်သောင်းကျော် ဝေးကွာ၏။ ကျန်းစန်းဟိုင်က ရန်သူ့စခန်းထဲကို စစ်တပ်တစ်ခုတည်းနှင့် ချီတက်နေသည်။ အကယ်၍ ရိပ်မိသွားလျှင် ဗုဒ္ဓတိုင်းပြည်က ကြိုတင်ပြင်ဆင်ထားပြီး ထိုစစ်သည်တစ်သန်းကို စစ်မီးညွန်ပျံထဲ ဆွဲသွင်းသွားလိမ့်မည်။ မြောက်ဘက်မဟာမိတ်ကလည်း အခြေအနေကို အခွင့်ကောင်းယူပြီး မဟာကျင်း ထောက်ပံ့မှုများကို ပိတ်ဆို့နှောင့်ယှက်လာနိုင်သည်။

ဝန်ကြီးများ အလွန်အမင်း စိုးရိမ်နေကြပြီး တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတော့သည်။

“အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က မိုင်ပေါင်း သန်းချီ ကျယ်ဝန်းပြီးတော့ ရေတွက်လို့ မရနိုင်တဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ရဟန်းဝတ်ထားတဲ့ လူသန်းပေါင်း ရာနဲ့ချီ ရှိပါတယ်။ သူတို့က ဇန်တရားကိုပဲ ယုံကြည်ကြပေမဲ့... ထူးဆန်းတာက ဒီကျောင်းပေါင်း သောင်းချီဟာ တစ်ကျောင်းနဲ့တစ်ကျောင်း လုံးဝ အဆက်အသွယ် မလုပ်ကြဘူး။ သူတို့က လူစုကွဲနေတဲ့ စစ်သည်တွေလိုပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သူများကိစ္စကို ဂရုမစိုက်ကြဘူး။“

“ဒါက စည်းစနစ်မရှိတဲ့ အစုအဝေးကြီးလို့ ထင်ရပေမဲ့၊ သမိုင်းတစ်လျှောက်မှာ အနောက်ဘက် ဗုဒ္ဓတိုင်းပြည် အန္တရာယ်ကြုံတိုင်း ဘာကြောင့်မှန်းမသိ ဘေးကင်းရာကို အမြဲ ရောက်သွားတတ်တယ်။ ဗုဒ္ဓတိုင်းပြည်ရဲ့ အမှောင်ထဲမှာ အရာအားလုံးကို ထိန်းချုပ်နေတဲ့ အုပ်ချုပ်သူ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခု ရှိနေတာ သေချာပါတယ်။“

“ဒီလောကမှာ အရှင်သခင် ဘယ်နှယောက် ပေါ်ထွက်ခဲ့ဖူးသလဲ။ သူတို့ထဲက အများအပြားဟာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ထွက်လာခဲ့ကြပေမဲ့၊ နောက်ဆုံးမှာ အစအန မကျန်အောင် ပျောက်ကွယ်သွားကြတာပဲ။ အချို့ဆိုရင် တိတ်တဆိတ်နဲ့ ကြောက်စရာကောင်းတဲ့ နိဂုံးတွေနဲ့ သေဆုံးသွားခဲ့ကြတယ်။ နန်းရင်းဝန်အနေနဲ့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ကွယ်ကွယ်ဝှက်ဝှက် လုပ်နေတဲ့ နောက်ကွယ်က လက်မည်းကြီးကို ရှာဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။“

“ကောင်းကင်ပြည်နယ် ကျိမိသားစုဆီက ခြိမ်းခြောက်မှုကလည်း လက်တစ်ကမ်းမှာ ရှိနေပြီ။ တကယ်လို့ ကျွန်တော်တို့က ဗုဒ္ဓဘာသာကို အမြစ်ပြတ်မချေမှုန်းနိုင်ဘဲ လောကကြီးကို အမြန်ဆုံး မစုစည်း နိုင်ဘူးဆိုရင် ကျိမိသားစုရဲ့ ကျူးကျော်မှုကို ဘယ်လို ခုခံနိုင်မှာလဲ...“

“ဒါပေမဲ့ ဗုဒ္ဓတိုင်းပြည်က အရမ်းကို နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတာ။ ဘယ်လိုလုပ် ရှာမှာလဲ။ မြို့တော်ကို ပြန်လာပြီး မြောက်ဘက် မဟာမိတ်ကို အရင်ရှင်းပြီးမှ ဒီကိစ္စကို ဖြည်းဖြည်းချင်း ဖြေရှင်းတာ ပိုကောင်းလိမ့်မယ်...“

“ပြောတာတော့ လွယ်တာပေါ့။ နန်းရင်းဝန်က အရမ်းကို စဉ်းစားဉာဏ်ရှိတဲ့သူပါ။ သူက ဗုဒ္ဓတိုင်းပြည်ကို အရင်တိုက်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် သူ့မှာ အကြောင်းပြချက် ရှိမှာပေါ့။ မင်းတို့က ဘာသိလို့လဲ...“

“မင်းလို လူယုတ်မာက ငါ့ကို စော်ကားရဲတယ်ပေါ့။ လာစမ်း... ခန်းမအပြင်ကို ထွက်ပြီး တစ်ပွဲလောက် နွှဲရအောင်...“

“အေး... သွားမယ်လေ။ ဘယ်သူက ဘယ်သူ့ကို ကြောက်နေလို့လဲ။ မင်းကို မရိုက်ရတာ နှစ်တွေတောင် ကြာပြီ။ ငါ့လက်တွေ ယားနေတာနဲ့ အတော်ပဲ။“

…

တုန်းဖန်လျူလီက လက်မဖြင့် စားပွဲကို အားပြင်းပြင်း တစ်ချက် ရိုက်လိုက်ရာ ချက်ချင်းပင် နန်းတွင်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ စောစောက ဈေးဗန်းခင်းနေသကဲ့သို့ ဆူညံနေသမျှ အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

“တိတ်ကြစမ်း။“

“မင်းတို့ဆီက အကြံဉာဏ်တွေကို လွတ်လွတ်လပ်လပ် ပြောခိုင်းတာ။ နန်းတွင်းထဲမှာ ရန်ဖြစ်ခိုင်းတာ မဟုတ်ဘူး။“

တုန်းဖန်လျူလီက မျက်မှောင်ကြုတ်လျက် ဘာမှမတတ်နိုင်သလို ကြည့်နေမိသည်။

မဟာကျင်းက တိုင်းပြည်ကို စုစည်းရန်အတွက် ခြေလှမ်းအကျယ်ကြီး လှမ်းနေမိပြီ ဖြစ်သည်။ ခြေထောက်များပင် တော်တော်လေး ကားနေလေပြီ။ မည်မျှ ထက်မြက်သော ဝန်ကြီးဖြစ်ပါစေ၊ နှစ်ပေါင်း ရာချီနေသော ပြဿနာကို တစ်ထိုင်တည် ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။

နှစ်ပေါင်းထောင်ချီ သမိုင်းတစ်လျှောက် အစွမ်းထက်သော အုပ်ချုပ်သူများက ဗုဒ္ဓတိုင်းပြည်ကို အမြစ်ပြတ်ချေမှုန်းပြီး လောကထဲ အမြစ်တွယ်နေသော၊ ဝါဒဖြန့်ရန်နှင့် မှိုင်းတိုက်သည်ကိုသာ လုပ်နေသော ထိုအဖွဲ့အစည်းကြီးကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ကြဖူးသည်။

သို့သော် မည်သူမှ မအောင်မြင်ခဲ့။ ဝန်ကြီးများဆီမှ ရက်ပိုင်းအတွင်း အဖြေတစ်ခု ထွက်လာရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေး။

၎င်းမှာ မူလတန်းကျောင်း ထိပ်တန်းကျောင်းသားတစ်ယောက်ကို သင်္ချာအိုလံပစ်ပြိုင်ပွဲ သွားပြိုင်ခိုင်းပြီး “ငါ မင်းကို ယုံကြည်တယ်။ မင်း သေချာပေါက် ချန်ပီယံရမှာ”ဟူ၍ ပုခုံးပုတ် အားပေးနေသည်နှင့် အတူတူပင်။

၎င်းမှာ အဓိပ္ပာယ် မရှိလှပေ။

“အရှင်မ၊ ကြင်ရာတော် နိုးလာပါပြီ…” စုချင်ချိုးက အနားသို့ တိုး၍ တိုးတိုးလေး ပြောလိုက်သည်။

“နိုးလာပြီ ဟုတ်လား။“

တုန်းဖန်လျူလီ၏ မျက်ဝန်းများ ဝင်းလက်သွား၏။ နောက်ဆုံးတွင် သတင်းကောင်းတစ်ခု ကြားလိုက်ရသဖြင့် သူ၏ စိတ်အခြေအနေမှာ အနည်းငယ် ပြန်ကောင်းလာသည်။ သူ ချက်ချင်းပင် ထရပ်လိုက်ပြီး ဝတ်ရုံစကို ဝှေ့ယမ်းလျက် စိတ်မရှည်စွာ ပြောလိုက်သည်။ “ညီလာခံ ရုပ်သိမ်းစေ။“

ဘယ်လိုပဲဖြစ်ဖြစ် တခြားနည်းလမ်း မရှိသေးဘူး။ ဒီမှာ ထိုင်စောင့်နေတာကလည်း အချိန်ကုန်တာပဲ ရှိတာမို့၊ ငါ့ရဲ့ ကြင်ရာတော်ဆီ သွားတာကမှ ပိုကောင်းဦးမယ်။

ဝန်ကြီးများ တစ်ဦးကိုတစ်ဦး ကြည့်လျက် ဘာမှမတတ်နိုင်ကြပေ။

“အရှင်မ၊ ဘာအမိန့်တော်မှ မထုတ်ပြန်သေးဘူးလေ။ နန်းရင်းဝန်ကို သူ့ဘာသာသူ ရုန်းကန်ခိုင်းပြီး ပစ်ထားတော့မှာလား။“ စစ်ရေးဝန်ကြီးက စိုးရိမ်တကြီး မေးလိုက်သည်။

တုန်းဖန်လျူလီက ထွက်ခွာရန် ပြင်လိုက်သော်လည်း နောက်သို့ ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ ရန်ဖြစ်နေတာကို ထိုင်ကြည့်နေမယ့်အစား ကြင်ရာတော်ကို သွားမေးတာကမှ ပိုကောင်းဦးမယ်။ ကြင်ရာတော်ကို ငါသွားတွေ့တာက နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကိစ္စပဲ။“

စီမံခန့်ခွဲရေး ဝန်ကြီး - “...”

၎င်းမှာ တကယ့်ကို ယုတ္တိရှိသော အကြောင်းပြချက်ပင်။ ဘယ်သူမှ ငြင်းမရပေ။

ပြဿနာရှိလျှင် ဧကရာဇ်ကို မေးရမည်။ ရှိနေသော ဝန်ကြီးအများစုက ပစ္စုပ္ပန်ရွာ စီမံကိန်းတွင် ပါဝင်ခဲ့ကြသူများဖြစ်ရာ ဧကရီ၏ ကြင်ရာတော်က မည်သူဖြစ်ကြောင်း ကောင်းကောင်း သိကြသည်။

ဧကရာဇ်၏ အရှိန်အဝါက မြေမှုန်များအပေါ် ဖြာကျနေသော နေမင်းကြီးလိုပင်။ အုပ်ချုပ်နေသော ဧကရီထက် လုံးဝ မနိမ့်ကျပေ။

...

ယနေ့ ပစ္စုပ္ပန်ရွာလေးရှိ အုတ်ကြွပ်စိမ်း မိုးထားသော အိမ်ကလေးထဲတွင်။

မုန့်ချင်ကျိုးက ရင်ပြင်ထဲတွင် ထိုက်ကျိကျင့်စဉ်ကို လေ့ကျင့်ရင်း ကြွက်သားနှင့် အရိုးအဆစ်များကို ဖြေလျှော့နေသည်။ လက်သီးနှင့် ခြေကန်ချက်များကို လေ့ကျင့်ပြီးနောက် နောက်သို့ ဆုတ်လိုက်ပြီး အံ့သြစွာ ပြောလိုက်သည်။

“ဒဏ်ရာတွေ လုံးဝ ပျောက်သွားပြီ။ ကျင့်စဉ်ကလည်း ပိုပြီး တိုးတက်လာသလို၊ ပါရမီကလည်း အသွင်ပြောင်းသွားပြီပဲ။ ကောင်းကင်ဘုံကိုးဆင့်အတိဒုက္ခက တကယ်ကို ထူးခြားတာပဲ။“

အရင်တုန်းက ဧကရာဇ်အဆင့်တက်ဆေးလုံးကို ကြိုသောက်ထားခဲ့တာက မဆိုးဘူးလို့ ပြောရမယ်။

ကျွီ...

ရင်ပြင်တံခါး ပွင့်သွားပြီး ဆန်ပြုတ်တစ်ခွက် တင်ထားသော လင်ဗန်းကို ကိုင်ထားသည့် တုန်းဖန်လျူလီ ဝင်လာသည်။ သူက တံခါးကို ပြန်ပိတ်လိုက်ပြီး ချစ်စဖွယ် အပြုံးဖြင့် နှုတ်ဆက်လိုက်၏။

“နိုးလာပြီလား။“

မုန့်ချင်ကျိုးက နှာခေါင်းကို ရှုံ့ကြည့်လိုက်ပြီး အံ့သြစွာ ပြောသည်။ “ဆန်ပြုတ်လား။ တကယ်တော့ ကိုယ် နည်းနည်း ဗိုက်ဆာနေတာ။ ဖျားပြီး နိုးလာတဲ့အချိန်မှာ ဆန်ပြုတ်လေး သောက်ရတာက အတော်ပဲ။“

တုန်းဖန်လျူလီက ဆန်ပြုတ်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး မုန့်ချင်ကျိုးကို အလျင်အမြန် တွဲပေးရင်း ပြောသည်။ “ဖြည်းဖြည်းလုပ်ပါ။“

ချက်ချင်းပင် ဇွန်းနှင့် ခွက်တို့ ထိခတ်သံများက ရင်ပြင်ထဲတွင် ပျံ့လွင့်သွား၏။

ဧကရီက ဆန်ပြုတ်သောက်နေသော မုန့်ချင်ကျိုးကို ကြင်နာစွာ ကြည့်နေမိသည်။ သူ ဖျားနာနေစဉ်က မုန့်ချင်ကျိုး ပေးခဲ့သော ဆန်ပြုတ်တစ်ခွက်မှာ သူ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်ကို ပြန်လည် သတိရသွားသည်။

ဒီနေ့မှာတော့ အလှည့်အပြောင်း ဖြစ်သွားပြီ။ ဒီငါးပိကောင် ဒဏ်ရာတွေကနေ ပြန်နိုးလာတဲ့အခါ ငါက ရင်ပြင်တံခါးကို ဖွင့်ပြီး ဆန်ပြုတ်တစ်ခွက် ကမ်းပေးရမည့် အလှည့် ရောက်လာပြီ။

ဆန်ပြုတ်ဖြူဖြူလေးနဲ့ လှေငယ်တစ်စင်း...

မုန့်ချင်ကျိုးက ဘာကြောင့်မှန်းမသိဘဲ ပျော်ရွှင်စရာ တစ်ခုခုကို တွေးမိသလိုမျိုး ပြုံးလိုက်၏။

တစ်ယောက်က မတ်တပ်ရပ်နေပြီး၊ နောက်တစ်ယောက်က ထိုင်နေသည်။ တစ်ယောက်က ဆန်ပြုတ် သောက်နေသော်လည်း အာရုံက ဆန်ပြုတ်ထဲ မရှိပေ။ နောက်တစ်ယောက်ကတော့ လက်များကို ရှေ့မှာ ယှက်ထားလျက် စူးစိုက်ကြည့်နေပြီး သူ၏စိတ်ကတော့ နတ်ဘုရားမြို့တော်မှာ တံခါးပိတ်ကျင့်စဉ်က ပေးခဲ့တဲ့ တစ်သက်လုံး အတူရှိသွားမယ်ဆိုတဲ့ ကတိဆီကို လုံးဝ ရောက်သွားတော့သည်။

“ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ။“ တုန်းဖန်လျူလီက ခေါင်းလေးကို ငုံ့လိုက်ရာ သူ၏ အနက်ရောင် ဆံနွယ်များမှာ ကျဆင်းလာသည်။ သူ၏ အသက်ရှူသံမှာ သစ်ခွပန်းနံ့ကဲ့သို့ မွှေးပျံ့နေပြီး မုန့်ချင်ကျိုး၏ နဖူးကို အသာအယာ ပွတ်သပ်ပေးချင်နေသကဲ့သို့ ရှိသည်။

မုန့်ချင်ကျိုးက ခေါင်းကို လှည့်လိုက်စဉ် သူ၏ပါးပြင်မှာ လျူလီ၏ ရင်သပ်ရှုမောဖွယ် နူးညံ့သော အထိအတွေ့နှင့် ပွတ်တိုက်သွားမိတော့သည်...

“အို့...“ တုန်းဖန်လျူလီက ပါးစပ်ကို လက်ဖြင့် အမြန်အုပ်လိုက်ပြီး လှပသော မျက်နှာလေးမှာ ချက်ချင်း နီမြန်းသွားတော့သည်။

“တောင်းပန်ပါတယ်။ ကိုယ် သတိမထားမိလိုက်ဘူး။“ မုန့်ချင်ကျိုးက မိမိ၏ပါးကို ပြန်ထိလိုက်ပြီးနောက် ဘာမှမသိသလို ဟန်ဆောင်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ကိုယ်တို့ လက်ထပ်ထားတာ ဒီလောက်ကြာပြီကို၊ အနမ်းလေး တစ်ခုနဲ့ ရှက်နေတုန်းပဲလား။”

“တကယ်လို့ နောက်ကျ ကိုယ် တကယ်ပဲ မင်းကို “သိမ်းပိုက်”လိုက်ရင် ရှက်လွန်းလို့ မေ့လဲသွားမှာ မဟုတ်လား။”

၁၂၂) နော်…ယောက်ျား

တုန်းဖန်လျူလီမှာ တစ်စုံတစ်ယောက်က “ရပ်တန့်ရန်” ခလုတ်ကို နှိပ်လိုက်သကဲ့သို့ ပါးစပ်ကို လက်ဖြင့်အုပ်လျက် နေရာတင် မှင်သက်သွား၏။ ခန့်ညားထည်ဝါသော သူ၏ ဇာမဏီမျက်ဝန်းများမှာ ဝိုင်းစက်သွားပြီး အူကြောင်ကြောင်လေးနှင့် ချစ်စရာကောင်းနေတော့သည်။ သူ၏ လျှာမှာလည်း လိပ်သွားပြီး စကားများ ထစ်အကုန်တော့သည်။

“ရှင်... အရူး... ဘာတွေ လျှောက်ပြောနေတာလဲ။ ကျွန်မကို “သိမ်းပိုက်”မယ်ဆိုတာက... မင်္ဂလာဦးညကို ပြောတာလား။“

အသက်(၂၀)ရှိသေးသော မဟာကျင်း ဧကရီသည် ဘဝ၏ ပထမနှစ်ဝက်ကို နန်းတွင်းအရှုပ်အထွေးများ အကြားတွင်သာ ကုန်ဆုံးခဲ့ရပြီး ပလ္လင်ကို လုယူရန် အိမ်ရှေ့မင်းသားအားလုံးကို သတ်ဖြတ်ခဲ့ရသူ ဖြစ်သည်။ သူက အသက်(၁၇)နှစ်တွင် နန်းတက်ခဲ့ပြီး နန်းစံသက် သုံးလအကြာမှာပင် နိုင်ငံစုစည်းရေး လမ်းစဉ်ကို စတင်ခဲ့သည်။

သူ၏ဘဝမှာ သွေးချောင်းစီးမှုနှင့် အကြမ်းဖက်မှုများဖြင့်သာ ပြည့်နှက်နေခဲ့ပြီး မုန့်ချင်ကျိုးနှင့် မဆုံတွေ့ခင်အထိ လောက၏ အေးစက်မှုနှင့် နွေးထွေးမှုများကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။

ဤအေးစက်ပြီး အာဏာရှင်ဆန်လှသော ဧကရီက မုန့်ချင်ကျိုး၏ စကားကို ကြားသောအခါ တစ်ခါက ခိုးဖတ်ခဲ့ဖူးသော တားမြစ်စာအုပ်များထဲမှ ပုံရိပ်များကို စိတ်ထဲတွင် ပြန်လည် မြင်ယောင်လာမိ၏။

အို... ကြောက်စရာကြီး...

အဝတ်အစားမပါတဲ့ အမျိုးသားနဲ့ အမျိုးသမီး ကုတင်ပေါ်မှာ တိုက်ခိုက်ကြတဲ့အခါ အမျိုးသားက အသာစီးရပြီး အမျိုးသမီးကတော့ အနိုင်ကျင့် ချေမှုန်းခံရတာမျိုး မဟုတ်လား။

တွေးကြည့်ရုံနှင့်တင် ကြက်သီးတဖြန်းဖြန်း ထမိသည်။

မုန့်ချင်ကျိုးက တိုးတိုးလေး ရယ်မောလိုက်ပြီး တုန်းဖန်လျူလီ၏ နဖူးပေါ်ရှိ ဆံနွယ်လေးများကို သပ်ပေးရင်း ကြင်နာစွာ ပြောလိုက်သည်။

“နောက်တာပါ။ နောင်ကျရင် မင်းကို မင်္ဂလာပွဲ အစစ်တစ်ခု ကျင်းပပေးပါ့မယ်။ လွန်ခဲ့တဲ့ သုံးလက ပွဲကတော့ မတွက်ပါဘူး။ အဲဒါက သဘောတူညီချက်အရ လုပ်ခဲ့တာလေ။ တကယ် အစစ်အမှန် ခံစားချက်တွေ မပါရင် အဲဒါက တရားမဝင်ဘူးလို့ပဲ ကိုယ်သတ်မှတ်တယ်။“

တုန်းဖန်လျူလီက အစဉ်အလာကို လေးစားပြီး အေးအေးဆေးဆေး နေတတ်သော မိန်းကလေးတစ်ဦး ဖြစ်ကြောင်း သူသိသည်။ သူနှင့် တစ်သက်လုံး အတူနေရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် သူ့ကို လုံခြုံမှုမရှိသလို ခံစားရစေမည့် ပေါ့ဆမှုမျိုး လုံးဝ မလုပ်ချင်ပေ။

မိန်းကလေးတိုင်းက လုံခြုံမှုကို လိုလားကြသည် မဟုတ်ပါလား။ မုန့်ချင်ကျိုးက သူ၏အမျိုးသမီးကို တစ်နေ့တွင် အခြားသတို့သမီးများကို အားကျနေရမည့် အခြေအနေမျိုး မဖြစ်စေချင်။

“ဟွန့်…“ တုန်းဖန်လျူလီက နှုတ်ခမ်းဆူကာ မာနကြီးဟန် ဆောင်လိုက်သော်လည်း၊ သူ၏ နားရွက်လေးများမှာမူ ပတ္တမြားဆွဲသီးလေးများအလား နီရဲနေတော့သည်။

“ဒါနဲ့... ကောင်းကင်ပြည်နယ်က လာတဲ့လူတွေနဲ့ ကိုယ် တိုက်ခဲ့တာကို အိမ်နီးချင်းတွေ မမြင်သွားဘူး မဟုတ်လား။ စွမ်းအားတွေ အပြင်ကို မပေါက်ကြားအောင် ကိုယ်က တမင် ပိတ်ဆို့ထားခဲ့တာဆိုတော့ ဆူညံသံက သိပ်မရှိလောက်ပါဘူး။” မုန့်ချင်ကျိုးက မေးလိုက်သည်။

တုန်းဖန်လျူလီက ချစ်စဖွယ် နှုတ်ခမ်းလေးဆူလျက် စိတ်ထဲမှနေ၍ မျက်လုံးလှန်ကြည့်လိုက်မိသည်။

ပစ္စုပ္ပန်ရွာတင်မကဘူး၊ မြို့တော်တစ်ခုလုံးက လူသန်းပေါင်းများစွာ ကိုယ်တိုင် မြင်လိုက်ကြတာလေ။ အဲဒီထက် ပိုပြီး ဆူညံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

သို့သော် သူက လက်မထောင်ပြလိုက်ပြီး အလေးအနက် ပြောလိုက်သည်။ “ဟင့်အင်း၊ ယောက်ျားက ဒါကို အတော်လေး ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တာပါ။“

“အင်း... ဒါဆိုရင် တော်သေးတာပေါ့။“ မုန့်ချင်ကျိုး စိတ်အေးသွားသည်။

ဘယ်သူမှ မသိဘူးဆိုရင်တော့ အလျင်အမြန် ဖြေရှင်းခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ခဲ့တဲ့ပုံပဲ။

ဘေးခန်းထဲတွင် ပုန်းနေသော ခေါင်းသုံးလုံးမှာ ရင်ပြင်ထဲရှိ အမျိုးသားနှင့် အမျိုးသမီးကို ချောင်းကြည့် နေကြသည်။

“ဘာလို့ အရှင်မက အရေးကြီးတဲ့ကိစ္စတွေကို မဆွေးနွေးသေးတာလဲ။ ဧကရာဇ်ဆီကနေ အဖြေတစ်ခု မြန်မြန် မေးစမ်းပါ...“ စီမံခန့်ခွဲရေး ဝန်ကြီးက စိတ်မရှည်စွာဖြင့် အမျိုးသမီးနှစ်ဦးထံ စိတ်ချင်း ဆက်သွယ်ကာ ညည်းညူနေသည်။

တိုင်းပြည်အကျိုးအတွက် အလုပ်လုပ်မယ်ဆိုတာ ဘယ်ရောက်ကုန်ပြီလဲ။

မဟာကျင်းမှာ အချစ်ရေးက ဒီလောက်တောင် အရေးကြီးနေတာလား။

ကောင်းပါပြီလေ... တော်ဝင်မျိုးနွယ်အတွက် ရင်သွေးတွေ များများရဖို့ကလည်း အရေးကြီးတာပဲပေါ့။

သို့သော် ဤကိစ္စက နန်းရင်းဝန်၏ ဘေးကင်းရေးနှင့် မဟာကျင်း၏ ကံကြမ္မာနှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။ ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆ နေနိုင်မည်နည်း။

စုချင်ချိုးနှင့် ဝူတျဲတို့မှာ မျက်လုံးလေးများ ကလည်ကလည်လုပ်လျက် ပြုံးစိစိ ဖြစ်နေကြသည်။ ဝန်ကြီး၏ ညည်းညူသံကို ကြားသောအခါ သူတို့ နှစ်ယောက်စလုံးက တစ်ပြိုင်နက် မျက်လုံးလှန်ပြ လိုက်ကြသည်။

“ဝန်ကြီး၊ တစ်ခုတော့ ရှင်းအောင် လုပ်ထားဦး။ ဧကရီရဲ့ ကြင်ရာတော်က သူ့ရဲ့ သရုပ်မှန်ကို သူကိုယ်တိုင် မသိသေးဘူးလေ။ အရှင်မက ဘာမှ ကြိုမပြောဘဲ ဒီအတိုင်း လာမေးနေရင် အစီအစဉ်ကြီးက ပျက်ကုန်မှာပေါ့။” စုချင်ချိုးက ပြောလိုက်သည်။

“အဘိုးကြီးဆိုတာ အဘိုးကြီးပဲ။ ဟာသဉာဏ် လုံးဝမရှိဘူး။ ဧကရီရဲ့ ကြင်ရာတော်ရဲ့ တစ်သက်တာ ပျော်ရွှင်မှုက မဟာကျင်းမှာ အရေးအကြီးဆုံး ကိစ္စပဲ…” ဝူတီးက ရက်ရက်စက်စက် ပြန်ပြောလိုက်သည်။

“ဟမ်...“ စီမံခန့်ခွဲရေး ဝန်ကြီး၏ မျက်လုံးအိုကြီးများ ပြူးကျယ်သွားပြီး အမျိုးသမီးနှစ်ဦးကို လှည့်ကြည့်လိုက်သည်။

စုချင်ချိုး ထိတ်လန့်သွားပြီး ဝူတျဲထံ သီးသန့်စာ ပို့လိုက်သည်။ “ဟဲ့... ဒါက စီမံခန့်ခွဲရေး ဝန်ကြီးလေ၊။ သာမန် အဘိုးကြီး မဟုတ်ဘူး။ သူ့ကို နည်းနည်းတော့ လေးစားပါဦး။“

ဝူတျဲက အလျင်အမြန် လက်အုပ်ချီလျက် တောင်းပန်လိုက်သည်။ “ကျွန်မ မျက်စိမှောက်သွားလို့ပါ။ ဝန်ကြီး၊ ခွင့်လွှတ်ပေးပါ။“

ဝန်ကြီးမှာ အလွန် ပင်ပန်းနွမ်းနယ်သွားကာ လက်ကိုသာ ယမ်းပြလိုက်ပြီး ပြဿနာ မရှာတော့ပေ။

…

တုန်းဖန်လျူလီက ရုတ်တရက် အံ့သြဟန်ဖြင့် ပြောလိုက်သည်။ “...”

“ဪ... ဒါနဲ့၊ မဟာကျင်းက အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို စစ်ကြေညာလိုက်ပြီလို့ ကြားတယ်။ နန်းရင်းဝန် ကျန်းစန်းဟိုင်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်နေတယ်ဆိုတာ ရှင် သိပြီးပြီလား။“

မီးဖိုချောင်ထဲတွင် မုန့်ချင်ကျိုးက ပန်းကန်များကို ဆေးကြောသန့်စင်ပြီးနောက် လက်ကို သုတ်လျက် အနည်းငယ် အံ့သြစွာ ပြောလိုက်သည်။

“တကယ်လား။“

“မဟာကျင်းက ဗုဒ္ဓတိုင်းပြည်ကို စစ်ကြေညာလိုက်တယ်။ ပြီးတော့ စစ်ဗျူဟာမှူး ကျန်းစန်းဟိုင်ကိုပါ စစ်မြေပြင်ကို လွှတ်လိုက်တယ်ပေါ့။ အင်း... ခဏ စဉ်းစားကြည့်ရအောင်...“

“ဧကရီက အရမ်းအစွမ်းထက်တဲ့ ရန်သူနဲ့ တွေ့နေတဲ့ပုံပဲ။ အခြေအနေကလည်း အရေးကြီးနေတယ်။ သူက တောရိုင်းမြေကို စုစည်းချင်နေတာဆိုတော့ ကျန်းစန်းဟိုင်ကို ဗုဒ္ဓတိုင်းပြည် တိုက်ခိုက်ဖို့ လွှတ်လိုက်တာက ပညာရှိတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါပေမဲ့... စစ်ဗျူဟာကတော့ မှားနေပြီ။“

မုန့်ချင်ကျိုးက လက်ဖက်ရည် နှစ်ခွက် ဖျော်လိုက်ပြီး နေကိုးစင်းလောင်ကျွမ်းနှလုံးသားကြာပန်း ပွင့်ဖတ် တစ်ခု ထည့်ကာ အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ခွက်ကို တုန်းဖန်လျူလီအား ကမ်းပေးလိုက်သည်။ ထို့နောက် သူ တိတ်ဆိတ်သွားပြီး ဗုဒ္ဓတိုင်းပြည်အကြောင်း ဆက်မပြောတော့ပေ။

တုန်းဖန်လျူလီက မျက်တောင်များ ခတ်လျက် မျှော်လင့်တကြီး ကြည့်နေရာမှ ဇဝေဇဝါ ဖြစ်သွားကာ ခေါင်းလေးကို စောင်းပြီး မေးလိုက်သည်။ “ဘာလို့ ဆက်မပြောတော့တာလဲ။”

“ပြောစရာ ဘာရှိလို့လဲ။ သူတို့ဘာသာ သူတို့ ဖြစ်ပါစေ…” မုန့်ချင်ကျိုးက ပြောလိုက်သည်။

ဘေးခန်းထဲတွင် ပုန်းနေသော စီမံခန့်ခွဲရေး ဝန်ကြီးမှာ ၎င်းကို ကြားသောအခါ ထိတ်လန့်တကြား ခုန်ထွက်မတတ် ဖြစ်သွားပြီး အသံအနည်းငယ် ထွက်သွားသည်။ “ဟာ... သွားပါပြီ။ ဧကရာဇ်ရယ်၊ ဒီလို မလုပ်ပါနဲ့... မြန်မြန် ပြောပြပါ...“

“ဘယ်သူလဲ…” မုန့်ချင်ကျိုး ခေါင်းလှည့်ကြည့်လိုက်သည်။

တုန်းဖန်လျူလီ၏ အပြုံးမှာ တောင့်ခဲသွား၏။ သူက နောက်သို့ လှည့်ကြည့်ကာ နောက်မှ လူများကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ချောင်းကြည့်နေတာကို ထားပါဦး။ အခုက ပြဿနာ လာရှာနေတာ မဟုတ်လား။

“ကြွက်... ကြွက်တစ်ကောင်ပါ။” တုန်းဖန်လျူလီက အမြန် ရှင်းပြလိုက်ပြီးနောက် ထပ်ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ ရှင်က တစ်ချိန်တုန်းက မဟာကျင်းရဲ့ ဝန်ကြီး ဖြစ်ခဲ့ဖူးတာပဲလေ။ ကျွန်မကလည်း ဧကရီရဲ့ အပျိုတော် ဖြစ်ခဲ့ဖူးတာပဲ။ အခု ကျွန်မတို့ တောထဲမှာ ဆိုပေမဲ့လည်း မဟာကျင်းထဲမှာပဲ ရှိနေသေးတာပဲ။ ဒီအတိုင်း စကားစမြည် ပြောတာ ဘာမှ မဖြစ်ပါဘူး။”

မုန့်ချင်ကျိုးက ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး ပြောသည်။ “မပြောချင်ဘူး။“

တုန်းဖန်လျူလီက အံကြိတ်လျက် တွေဝေသွားပြီး ဘေးခန်းကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ထို့နောက် မုန့်ချင်ကျိုး၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆွဲကာ ချွဲနွဲ့ပြီး ပြောလိုက်သည်။

“နော်... ကိုကိုချင်ကျိုး...“

“ကျွန်မက သိချင်ရုံ သက်သက်ပါ...“

မုန့်ချင်ကျိုးမှာ ရုတ်တရက် ရင်ခုန်နှုန်း မြန်သွားပြီး တစ်ကိုယ်လုံး စွမ်းအင်တွေ ပြည့်လျှံလာသလို ခံစားလိုက်ရသည်။

သူ့ဇနီးသည်က ပထမဆုံးအကြိမ် ချွဲချွဲနွဲ့နွဲ့ လုပ်လာသောအခါ သူ လုံးဝ မခုခံနိုင်တော့ဘဲ ကာကွယ်ရေး တံတိုင်းမှာ ချက်ချင်းပင် သုညသို့ ရောက်သွားတော့သည်။

“ကောင်းပြီ၊ ကောင်းပြီ... ဒါဆိုရင်တော့ ခဏလောက် ပြောပြတာပေါ့။“

မုန့်ချင်ကျိုး အေးအေးဆေးဆေး ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ရဲ့ မူလအစကို ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ ကျင့်ကြံသူ ရဟန်း တစ်ပါးက သဲကန္တာရထဲမှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တူးဖော်တွေ့ရှိခဲ့ပြီးနောက် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းတဲ့ ဗုဒ္ဓတိုင်းပြည် ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုကြတယ်။“

“နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ဗုဒ္ဓတိုင်းပြည်ကနေ ဇန်ကျင့်ကြံသူတွေ အများကြီး ပေါ်ထွက်လာပြီးတော့ တဖြည်းဖြည်းနဲ့ ဗုဒ္ဓတစ်ပါး ပေါ်ထွန်းလာခဲ့တယ်။ သူ့နာမည်ကတော့ “ဖူတု”တဲ့။”

“လောကသားတွေအားလုံးကိုကယ်တင်မယ့်ဗုဒ္ဓပေါ့... သူက ဇန်နဲ့ တာအိုမှာ အထွတ်အထိပ် ရောက်နေတဲ့သူ၊ တစ်နည်းအားဖြင့် ပြောရရင် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိနေသူပဲ။ သူ တည်ထောင်ထားတဲ့ အင်အားစုရဲ့ နာမည်ကတော့... လင်ရှန်းတောင်ပဲ။“

၎င်းကို ကြားလိုက်ရာ တုန်းဖန်လျူလီ၏ ဇာမဏီမျက်ဝန်းများမှာ ချက်ချင်းပင် ကျဉ်းမြောင်း၍ သွားတော့သည်။

All Chapters