အခန်း (၆၅၂-၆၅၄)
Vol. 44 Ch. 652-654
Chapter 652: ဒါကတော့ လုံးဝ မဖြစ်နိုင်ပါဘူး
ရှီလွမ်းတစ်ယောက် တုန်လှုပ်ခြောက်ခြားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက ဘယ်သူလဲ သူငယ်… ဘယ်သူတော်စင်ရဲ့ အမွေခံလဲ"
"ကျိုယင်လား… ဒါမှမဟုတ် ရူးန်ဧကရာဇ်လား… သိုင်းဘိုးအေကြီးလား… မီးလျှံဧကရာဇ်လား… နတ်ဘုရားဖီးနစ်လား ဒါမှမဟုတ် လူသူကင်းမဲ့တဲ့ဒေသရဲ့ အရှင်သခင်ကြီးလား… ဒါမှမဟုတ် တခြားသူတော်စင် တစ်ပါးပါးရဲ့ အမွေခံလား"
ရှန်မို ဘာမှပြန်မပြောဘဲ အသာအယာ ပြုံးလိုက်ရုံသာ ပြုသည်။
သူတော်စင်ရဲ့ အမွေခံမှ ဖြစ်မှာလား။
သူ လက်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။
ကိုးဘုံငရဲရေခဲမီးလျှံနှင့် ကိုးမိုးကောင်ကင် နတ်ဘုရားထစ်ချုန်းမီးလျှံတို့သည် ရှီလွမ်၏ ဦးခေါင်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။
နတ်ဆိုးမျိုးနွယ်စုဝင် အလောင်းကောင်မျိုးနွယ်စုသည် သာမန်မဟုတ်သော လမ်းစဉ်ကို ကျင့်ကြံကြသည်ဖြစ်ရာ ၎င်းတို့၏ နတ်ဆိုးအနှစ်သာရမှာ ဦးခေါင်းအတွင်း၌ တည်ရှိသည်။
ထို့ကြောင့်ပင် ၎င်းတို့သည် ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများကို ဖောက်ခွဲဖျက်ဆီးနိုင်စွမ်း မြင့်မားသော လက်နက်များကဲ့သို့ ပစ်ပေါက်နိုင်ကြခြင်း ဖြစ်သည်။
"ငါ့ကို ပြန်ရှင်သန်အောင် ကူညီပေးမယ်ဆိုရင် မင်းလိုချင်တာ အကုန်ပေးမယ်"
ရှီလွမ်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။
သူ့အတွက်မူ ဦးခေါင်းသည် အရာအားလုံးပင်။
ဦးခေါင်းသာ ဆုံးရှုံးသွားပါက သူ အမှန်တကယ်ပင် သေဆုံးသွားမည်ဖြစ်ပြီး မည်သည့်အခါမျှ ပြန်လည်ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
နတ်ဆိုးသူတော်စင်တစ်ပါးပင်လျှင် သူ့ကို ကယ်တင်နိုင်မည်မဟုတ်။
"ငါ့အတွက်တော့ မင်းရဲ့ တစ်ခုတည်းသော တန်ဖိုးက ငါ့ရဲ့ ထာဝရမီးလျှံတွေအတွက် အာဟာရဖြစ်ဖို့ပဲ"
ရှန်မို အေးအေးဆေးဆေး ပြောလိုက်သည်။
ရှီလွမ်မှာ အံကို တင်းတင်းကြိတ်ကာ နာကြည်းစွာ ကျိန်ဆဲလေသည်။
"မင်းလို ယုတ်ညံ့တဲ့ လူသားမျိုးနွယ်ကများ… ငါ့ရဲ့ဖခင် နတ်ဆိုး... က မင်းကို လက်စားချေမှာ သေချာတယ်… မင်း…"
သူ စကားမဆုံးခင်မှာပင် သူ၏ ဦးခေါင်းသည် ကိုးဘုံငရဲရေခဲမီးလျှံ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
သူ၏ ကျန်ရှိသော စကားလုံးများသည် အသံ ထပ်မထွက်ဘဲ အော်ဟစ်ညည်းညူသံများအဖြစ် ပြောင်းလဲသွားပြီး ထို့နောက် ငြိမ်သက်သွားသည်။
အလောင်းကောင်မျိုးနွယ်စု၏ နတ်ဆိုးအရှင်သခင် ရှီလွမ်သည် လုံးဝဥဿုံ ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
လုံးဝ သေဆုံးသွားလေပြီ။
သူ၏ဦးခေါင်းကို သန့်စင်လိုက်သည့် ခဏမှာပင် ရှေးဦးဆင်ဖြူတော် ရုပ်သွင်တော်ပေါ်မှ တာအိုအမှတ်အသားများသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာ၏။
လေးဆယ့်သုံးခု။
လေးဆယ့်ငါးခု။
လေးဆယ့်ရှစ်ခု။
ငါးဆယ့်ငါးခု။
နောက်ဆုံးတွင် ခုနစ်ဆယ်၌ ရပ်တန့်သွားသည်။
သို့သော် အမှတ်အသားများသည် သိသိသာသာ တိုးပွားနေဆဲ ဖြစ်သည်။
ရှီလွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ သန့်စင်ပြီးသွားပါက တာအိုအမှတ်အသား တစ်ရာပင် ကျော်လွန်သွားနိုင်သည်။
ရှန်မို စိတ်ရှည်လက်ရှည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက် သန့်စင်နေသည်။
အချိန်များ ကုန်ဆုံးသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် သုံးလ ကုန်လွန်သွားခဲ့၏။
ချန်ချင်း ဂူဗိမာန်၏ အပြင်ဘက်တွင်
ရှန့်ပိုင်နှင့် ယင်းစန်းဟွာတို့၏ အဖွဲ့သည် သိသိသာသာ ပင်ပန်းနွမ်းနယ်နေကြပြီး အပြန်လမ်းသို့ ရောက်နေကြသည်။
ရုတ်တရက် ယင်းစန်းဟွာ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူ ပတ်ဝန်းကျင်ရှိ နတ်ဆိုးမြေပြင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ဤမြေပြင်မှာ သန့်စင်ခြင်း မပြုရသေးပေ။ နတ်ဆိုးအငွေ့အသက်များ ထူထပ်ညှို့မှိုင်းနေဆဲဖြစ်ရာ သူ့ကို အလွန်အမင်း သက်သောင့်သက်သာ မရှိဖြစ်စေသည်။
သူ ပြီးခဲ့သည့် ရက်များအတွင်း ဤနေရာသို့ အခေါက်ခေါက်အခါခါ လာခဲ့ဖူးသဖြင့် ဤခံစားချက်ကို ကောင်းကောင်း မှတ်မိနေ၏။
သို့သော်လည်း လွန်ခဲ့သော ခဏကပင် နတ်ဆိုးအငွေ့အသက်များ အလိုအလျောက် ဆုတ်ခွါသွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က နတ်ဆိုးအငွေ့အသက်၏ အရင်းအမြစ်ကို တိုက်ရိုက် ဖျက်ဆီးလိုက်သကဲ့သို့ပင်။
ရှန့်ပိုင်မှာ ဆင်ဖြူတော်မျိုးနွယ်စုမှ ဖြစ်သဖြင့် အာရုံခံနိုင်စွမ်း ပိုမို ထက်မြက်သည်။
လွန်ခဲ့သော ခဏက အရာအားလုံး မှောင်မည်းနေသော်လည်း ယခုမူ လျင်မြန်စွာပင် ဖြူဖွေးလာနေသည်။
ဤအရှိန်အဟုန်မှာ သန့်စင်ရာမြေ၏ နတ်ဆိုးနှိမ်နင်းရေး ကိရိယာများကို အသုံးပြု၍ သန့်စင်သည်ထက်ပင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
ရှန့်ပိုင် တစ်ယောက် မှင်တက်သွားသည်။
သူ တစ်ယောက်တည်းတင် မဟုတ်ဘဲ ထောင်နှင့်ချီသော အခြားအဖွဲ့များမှာလည်း ထပ်တူပင် ခံစားနေရသည်။
နတ်ဆိုးမြေပြင်၏ အလွန်တွင် အထူးကဲဆုံး နယ်ပယ်သို့ ရောက်ရှိထားကြသော ရှီမန်ချန်ချင်းနှင့် ရှန့်ဟိန်းတို့သည် ကောင်းကင်ယံ၌ ရပ်တန့်လျက် အောက်ဘက်ရှိ နတ်ဆိုးမြေပြင်ကို ငုံ့ကြည့်နေကြသည်။
နတ်ဆိုးမြေပြင် ပြန့်နှံ့မသွားစေရန် ၎င်းတို့နှစ်ဦးမှာ သူတို့၏ အရှိန်အဝါများကို အမြဲတမ်း ဖြန့်ကျက်ထားကြသူများ ဖြစ်သည်။
ထို့ကြောင့်လည်း အပြောင်းအလဲကို ၎င်းတို့က အာရုံအခံနိုင်ဆုံး ဖြစ်လေ၏။
"နတ်ဆိုးမြေပြင်က သူ့အလိုလို ကျုံ့ဝင်နေပြီ"
ရှန့်ဟိန်းမှ အံ့အားသင့်စွာ ပြောလိုက်သည်။
မျက်စိမှိတ် အနားယူနေသော ရှီမန်ချန်ချင်းသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး သူ၏ အကြည့်များတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။
"ဘာဖြစ်တာလဲ… နတ်ဆိုးအငွေ့အသက်ရဲ့ အရင်းအမြစ်က ပျောက်ကွယ်သွားတာလား"
ရှန့်ဟိန်းမှ ရှီမန်ချန်ချင်းဘက် လှည့်ကာ မေးလိုက်သည်။ "မင်း ဘယ်လိုထင်လဲ"
သူ ရှန့်ဟိန်းကို တစ်ချက်ကြည့်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။
"ဖြစ်နိုင်တာကတော့ နတ်ဆိုးအရှင်သခင် ပုန်းကွယ်သွားပြီး နတ်ဆိုးအငွေ့အသက်တွေကို ထပ်မထုတ်လွှတ်တော့တာပဲ ဖြစ်မယ်"
သူ့ မျက်လုံးကြီးများတွင် အံ့သြရိပ်များ ယှက်သန်းသွားသည်။
"ထူးဆန်းတာပဲ… ပြန်လည်ရှင်သန်ခါနီးဖြစ်တဲ့ အလောင်းကောင်မျိုးနွယ်ရဲ့ နတ်ဆိုးအရှင်သခင်က ဘာလို့ ရုတ်တရက် ပုန်းသွားရတာလဲ… ငါတို့ ရောက်နေတာကို သိသွားလို့လား"
"ဟဲဟဲ… ငါ့နာမည်က အရှိန်အဝါ ရှိနေသေးတာပဲ"
ရှီမန်ချန်ချင်းမှာ စကားစပင် ပျောက်သွားသည်။
ခဏအကြာတွင် သူ ထပ်ဖြည့်ပြောလိုက်သည်။ "နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုတော့ ရှိသေးတယ်"
"နတ်ဆိုးအရှင်သခင်က သူ့အလိုလို သေဆုံးသွားတာမျိုးပေါ့"
သူ ခေတ္တရပ်ပြီးမှ
"ဒါပေမဲ့ အဲဒီဖြစ်နိုင်ခြေကတော့ သိပ်နည်းလွန်းပါတယ်"
ရှန့်ဟိန်းကလည်း ထိုစကားကို အပြည့်အဝ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ဂုဏ်သရေရှိလှသော အလောင်းကောင်မျိုးနွယ်စု၏ မ
နတ်ဆိုးအရှင်သခင်မှာ သူ့အလိုလို ဘယ်လိုလုပ် သေဆုံးနိုင်ပါ့မလဲ။
သူ ပုန်းကွယ်နေခြင်းသာ ဖြစ်ရမည်။
နတ်ဆိုးအငွေ့အသက်ကို ထိန်းချုပ်ထားပြီး ချန်ချင်း ဂူဗိမာန်မှ လွတ်မြောက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်လိမ့်မည်။
"မိစ္ဆာမြေပြင်က စပြီး ကျုံ့ဝင်နေပြီ"
"ချန်ချင်း ဂူဗိမာန် ပတ်ဝန်းကျင် မိုင်တစ်သောင်းအတွင်းကို ပိတ်ဆို့ထားလိုက်… ဘယ်သူ့ကိုမှ အဝင်အထွက် မပေးနဲ့"
"ငါးတစ်ကောင် ဖြတ်သွားရင်တောင် အကြေးခွံတွေကို ခွာကြည့်လိုက်… တစ်ခုခု ပုန်းကွယ်နေသလားဆိုတာ ငါတို့ သိရမယ်"
ရှန့်ဟိန်းမှ အမိန့်များကို လျင်မြန်စွာ ထုတ်ပြန်လိုက်သည်။
သူ၏ ဟိန်းဟောက်သံကြီးမှာ ချန်ချင်း ဂူဗိမာန်၏ မိုင်တစ်သောင်း ပတ်လည်အတွင်း ပဲ့တင်ထပ်သွားသည်။
"ဟုတ်ကဲ့ပါ"
သန့်စင်ရာမြေ၏ ကျင့်ကြံသူအားလုံးက တစ်သံတည်း ပြန်လည် ထူးကြလေသည်။
ရှန့်ပိုင်မှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ "အကြေးခွံခွာရုံတင်လား… ငါ့အထင်တော့ အူတွေကိုပါ ထုတ်ပြီး မီးထဲပစ်ထည့်သင့်တာ… ဒါမှ အဲဒီငါးထဲမှာ မိစ္ဆာအငွေ့အသက်တွေ ဝှက်ထားသလားဆိုတာ သေချာမှာ… ဘိုးဘေးကြီးရဲ့ နည်းလမ်းက အခုထိ သိပ်မပြတ်သားသေးဘူး"
ဘေးတွင် ရပ်နေသော ယင်းစန်းဟွာကတော့ မျက်လုံးအစုံကို လှလှပပလေး တစ်ချက် စောင်းကြည့်လိုက်လေသည်။
ရှန့်ဟိန်း၏ အသံက ကျင့်ကြံသူအားလုံး၏ စိတ်ဓာတ်ကို တက်ကြွစေသည်။
နတ်ဆိုးမြေပြင်ကြီး ရှိနေသည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပြီး အလုံးစုံ သန့်စင်ဖို့ဆိုသည်မှာ အလှမ်းဝေးနေခဲ့သည်။
ယခုမူ နောက်ဆုံးတွင် အဆုံးသတ်ကို မြင်တွေ့လာရပြီ ဖြစ်သည်။
ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားစွာဖြင့် စကားတပြောပြော ရှိနေကြသည်။
ဂူဗိမာန်အတွင်း တစ်စုံတစ်ခု ပြောင်းလဲသွားပြီး မိစ္ဆာအငွေ့အသက်များ ပြန်လည်ဆုတ်ခွာကာ မိစ္ဆာမြေပြင် ကျုံ့သွားခြင်း ဖြစ်ရမည်။
ဂူဗိမာန်အတွင်းရှိ ချောက်နက်ကြီး၏ အောက်ခြေတွင်မူ။
တောက်ပလှသော မျက်လုံးအစုံတို့ ရုတ်တရက် ပွင့်လာသည်။
ထိုအလင်းတန်းများသည် ကျောက်တောင်နံရံကို ထိုးဖောက်သွားပြီး နက်ရှိုင်းသော တွင်းနှစ်တွင်း ဖြစ်ပေါ်စေသည်။
ထိုအလင်းမှာ အချိန်အတော်ကြာသည့်တိုင် မှေးမှိန်မသွားဘဲ စူးရှတောက်ပနေဆဲ ဖြစ်သည်။
ရှန်မိုက လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
တောင်တစ်လုံးကဲ့သို့ ကြီးမားသော ရှီလွမ်၏ ခန္ဓာကိုယ်သည် ယခုအခါ လုံးဝ ဝါးမြိုခြင်း ခံလိုက်ရပြီဖြစ်ပြီး သူ့အတွင်း၌ အတိုင်းအဆမရှိသော စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
သူ ဂရုတစိုက်နှင့် ပြန်လည်ရေတွက်လိုက်ရာ ရှေးဦးဆင်ဖြူတော် ရုပ်သွင်တော်ပေါ်တွင် တာအိုအမှတ်အသား တစ်ရာ ရှိနေပြီ ဖြစ်သည်။
သူ၏ ရုပ်သွင်တော် ငါးခုလုံးရှိ တာအိုအမှတ်အသား စုစုပေါင်းမှာ တစ်ရာ့ငါးဆယ့်ကိုးခုအထိ ရောက်ရှိသွားပြီ ဖြစ်၏။
ဤအချိန်တွင် ရှန်မိုအနေဖြင့် တာအိုအမှတ်အသား တစ်ရာရှိသော မည်သည့် နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူကိုမဆို အလွယ်တကူ ချေမှုန်းနိုင်သည်။
ထိုကဲ့သို့သော ကျင့်ကြံသူ နှစ်ဦးနှင့် တစ်ပြိုင်နက် ရင်ဆိုင်ရလျှင်ပင် သူ အနိုင်ရရှိရန် အကြွင်းမဲ့ ယုံကြည်ချက် ရှိသည်။
အကယ်၍ အမှတ်အသား တစ်ရာရှိသူ သုံးဦး ပေါ်လာလျှင်ပင် သူသည် အထိအခိုက်မရှိဘဲ နေနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်၏။
မှန်ပါသည်။
ဒီလိုအခြေအနေမျိုး ဖြစ်လာရန် အတော်လေး ခဲယဉ်းလှသည်။
အဘယ်ကြောင့်ဆိုသော် အမှတ်အသား တစ်ရာရှိသော ကျင့်ကြံသူများမှာ ထိပ်တန်း အင်အားကြီး ငါးခု၏ ခေါင်းဆောင်များ ဖြစ်ကြသောကြောင့်ပင်။
ဥပမာအားဖြင့်ရွှမ်ယင် ဂူဗိမာန်၏ ဂူဗိမာန်သခင်ကြီး ဂူချုံ။
ကောင်းကင်ရူးန်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်ကျင်းထျန်း။
မီးလျှံရေနဂါး နန်းတော်၏ နန်းတော်သခင် အောက်ယွဲ့နှင့် တခြားသူများ ဖြစ်ကြသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို သူ့အား တိုက်ခိုက်ရန် ပေါင်းစည်းစေဖို့မှာ အလွန်တရာ ခက်ခဲလှသော ကိစ္စဖြစ်သည်။
"ထွက်သွားရမယ့် အချိန်ရောက်ပြီ"
ရှန်မို ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
သူ အသာအယာ ခြေလှမ်းလိုက်သည့်တိုင်အောင် မာကျောသော မြေပြင်မှာ နက်ရှိုင်းသော ခြေရာကြီး ထင်ကျန်ရစ်ပြီး အက်ကွဲသွားသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင်ပင် သူ၏ ခွန်အားကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးပေ။
သူ သွားရာလမ်းတစ်လျှောက်တွင် နက်ရှိုင်းသော ခြေရာများ ကျန်ရစ်ခဲ့သည်။
သူ မချိပြုံး ပြုံးလိုက်မိသည်။
ဤနေရာရှိ ကျောက်တောင်များမှာ နှစ်ပေါင်း သောင်းနှင့်ချီ၍ နတ်ဆိုးအငွေ့အသက်များကို ခံနိုင်ရည်ရှိခဲ့သဖြင့် စိတ်ကူးမယဉ်နိုင်လောက်အောင် သိပ်သည်းမာကျောနေပြီ ဖြစ်သည်။
နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများပင် အဖြူရောင် အမှတ်အသားအချို့သာ ထင်ကျန်အောင် ပြုလုပ်နိုင်သည်။
သို့သော် ယခုမူ သူ၏ ခွန်အားမှာ အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်ရာ မာကျောလှသော ကျောက်တောင်များကို ရွှံ့နွံများကဲ့သို့ နင်းချေပြီး ခြေလှမ်းတိုင်းတွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန်နေခြင်း ဖြစ်သည်။
ရှန်မို ခေတ္တရပ်လိုက်ပြီး သူ၏ ခွန်အားအသစ်နှင့် အသားကျအောင် ညှိယူလိုက်ရာ နောက်ဆုံးတွင် အပြည့်အဝ ထိန်းချုပ်နိုင်သွားသည်။
သူ မြေပြင်ကို အသာအယာ ကန်လိုက်ပြီး ခန္ဓာကိုယ်မှာ လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ အထက်သို့ ပျံတက်သွားသည်။
မကြာမီမှာပင် သူသည် ချောက်နက်ကြီး၏ အောက်ခြေမှ ထွက်ခွာလာပြီး ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်လာခဲ့၏။
သို့သော်လည်း သူ ဂူဗိမာန်ဝင်ပေါက်တွင် ရပ်မနေခဲ့ပေ။
ယင်းအစား ဝိညာဉ်ပင်လယ်ကို ဖြတ်ကာ အရှေ့တောင်ဘက်သို့ ဦးတည်လိုက်သည်။
ချန်ချင်း ဂူဗိမာန် ပတ်ဝန်းကျင်တွင် မိစ္ဆာမြေပြင်များ ပေါက်ကွဲထွက်နေသဖြင့် ကျွမ်းကျင်သူ အများအပြားကို ဆွဲဆောင်နေမည်မှာ သေချာသည်။
ထိုသူများထဲတွင် အထူးကဲဆုံး နယ်ပယ်မှ ပုဂ္ဂိုလ်များလည်း ပါဝင်နေနိုင်သည်။
သူ့ထံတွင် ထိပ်တန်းအဆင့် မြင့်မြတ်သော လက်နက် သုံးခုရှိနေသည်မှာလည်း အားလုံး သိသွားလောက်ပြီ ဖြစ်သည်။
ယခုအချိန်တွင် အပြင်သို့ ထွက်သွားခြင်းမှာ အန္တရာယ်ရှိသော နေရာသို့ ခြေလှမ်းလိုက်ခြင်းပင် ဖြစ်သည်။
အထူးကဲဆုံး နယ်ပယ်ရှိ ကျင့်ကြံသူများ၏ ဖြောင့်မတ်မှန်ကန်မှုအပေါ်တွင် သူ၏ အသက်ကို မလောင်းကြေး မထပ်နိုင်ပေ။
ထို့ကြောင့် သူ အခြားလမ်းကြောင်းတစ်ခုမှ ထွက်ခွာမည် ဖြစ်သည်။
ဤနေရာတွင် အခြားထွက်ပေါက်တစ်ခု ရှိကြောင်း သူသိထား၏။
တစ်ချိန်က ရှိထျန်းဟောက် သူ့ထံမှ ထွက်ပြေးခဲ့သည်။ နတ်ဆိုးနဂါး ဝေလငါး၏ နှောင့်ယှက်မှုကြောင့် ရှိထျန်းဟောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ရာ ထိုလမ်းကြောင်းမှာ ဤထွက်ပေါက်ပင် ဖြစ်သည်။
Chapter 653: အဖေ့ကို လွမ်းနေတာ
မျှော်လင့်ထားသည့်အတိုင်းပင် ရှန်မို ကျွန်းငယ်လေးသို့ ရောက်ရှိသောအခါ သူ၏ ဟင်းလင်းပြင်စွမ်းအားကို အသုံးပြုရုံမျှဖြင့် ရှေ့နားရှိ ဟင်းလင်းပြင် အတက်အကျများကို အလွယ်တကူ အာရုံခံမိလေသည်။
သူသည် မြေကမ္ဘာအဆင့် လက်နက်တစ်ခုကို အမှတ်မထင် ကောက်ယူကာ ရှေ့သို့ ပစ်ပေါက်လိုက်သည်။
ထိုလက်နက်မှာ ချက်ချင်းပင် နှစ်ပိုင်း တိတိရိရိ ပြတ်တောက်သွားတော့သည်။
"ရှိထျန်းဟောက်က ဒီဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖြတ်သန်းပြီး ဟင်းလင်းပြင်ရဲ့ ဗရုန်းဗရင်း စီးကြောင်းတွေထဲမှာ မျောပါရင်းနဲ့ အရှေ့ပြည်နယ်ကို ရောက်သွားခဲ့တာပဲ"
"ငါကတော့ ကံတရားကိုပဲ ပုံအောပြီး အားကိုးလို့ မဖြစ်ဘူး… ဒါကြောင့် ငါ့ရဲ့ အစွမ်းကိုပဲ သုံးရတော့မယ်"
ရှန်မို ပြုံးလိုက်သည်။
သူ့တွင် ရှိသော အစွမ်းမှာ ရှိကျယ်ပင် ဖြစ်သည်။
ယခင်က သူသည် ကုကျိုး၏ ကောင်းကင်ယံအလွန်တွင် ရှိကျယ်ဟုခေါ်သော ဟင်းလင်းပြင်သားရဲတစ်ကောင်နှင့် ဆုံခဲ့ဖူးသည်။
ထိုသားရဲကို သတ်ဖြတ်ပြီးနောက် သူသည် တိုက်ယင်း ရုပ်သေးစစ်ဗျူဟာဟုခေါ်သော သူတော်စင်အဆင့် စစ်အင်းကို အသုံးပြု၍ ရုပ်သေးအဖြစ် သန့်စင်ခဲ့၏။
ထို့နောက် ဆွေ့ရှင်းကို ထိုရုပ်သေးထဲသို့ ထည့်သွင်းကာ ဝိညာဉ်အဖြစ် အသုံးပြုခဲ့သည်။
နောက်ပိုင်းတွင် ဟင်းလင်းပြင် စီးကြောင်းများကြား၌ ဟင်းလင်းပြင်စွမ်းအားကို ဆက်လက် လေ့လာနေစဉ် မတော်တဆ အာရုံခံမိရာမှတစ်ဆင့် ထိုလှိုင်းများနောက်သို့ လိုက်ပါရင်း ထျန်းနန်ကျွန်းစုသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
မူလက သူသည် ရှိကျယ်ကို ကောင်းမွန်စွာ မွေးမြူရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်သော ရှိကျယ်၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင် သူ ဗရမ်းဗတာ ဖြစ်နေသော ဟင်းလင်းပြင် စီးကြောင်းများအတွင်း လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်သည်။
ဟင်းလင်းပြင်အတွင်း၌ ရေတွက်မကုန်နိုင်သော ရတနာများ ရှိနေ၏။
ကျင့်ကြံသူ အများအပြားမှာ အထူးကဲဆုံး နယ်ပယ်သို့ ရောက်ရှိပြီးနောက် ရှားပါးသော ပစ္စည်းများနှင့် ကောင်းကင်ရတနာများကို ရှာဖွေရန် ဟင်းလင်းပြင်အတွင်းသို့ အခါအားလျော်စွာ ဝင်ရောက်လေ့ ရှိကြသည်။
ဥပမာအားဖြင့် ထျန်းနန်ကျွန်းစုအနီးတွင် မိစ္ဆာမြေပြင်များ ပေါက်ကွဲထွက်လာချိန်၌ပင် ထိုဒေသတွင် အခြေစိုက်နေထိုင်ကြသော အထူးကဲဆုံး နယ်ပယ် ကျင့်ကြံသူများသာ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ကျန်ရှိသောသူများမှာမူ တခြားပြည်နယ်များတွင် လှည့်လည်သွားလာနေကြခြင်း သို့မဟုတ် ဟင်းလင်းပြင်အတွင်း၌ ရောက်ရှိနေကြခြင်းကြောင့် ထျန်းနန်တွင် ဘာဖြစ်နေသည်ကို သိရှိခြင်း မရှိကြပေ။
ရှန်မိုမှာ ရှိထျန်းဟောက်ကဲ့သို့ ကံမကောင်းနိုင်ပေ။ အကယ်၍ သူသာ ဟင်းလင်းပြင်အတွင်းသို့ အဆင်အခြင်မဲ့ ဝင်ရောက်သွားပါက ဘာဖြစ်လာမည်ကို မခန့်မှန်းနိုင်ပေ။
ရှိထျန်းဟောက်မှာ ကံကောင်းလွန်း၍သာ အရှေ့ပြည်နယ်သို့ ရောက်သွားခြင်း ဖြစ်သည်။ ရှန်မိုမှာမူ တားမြစ်နယ်မြေများ၊ သေမင်းတမျှ ကြောက်စရာကောင်းသော နေရာများ သို့မဟုတ် မျှော်လင့်ချက်မဲ့သော ချောက်နက်ကြီးများအတွင်းသို့ မျောပါသွားနိုင်ချေ ရှိသည်။
ထို့ကြောင့် ပိုမိုစိတ်ချရစေရန် သူ ဆွေ့ရှင်းကို ခေါ်ယူ၍ သူ့အား လိုက်ပါပို့ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။
ရှန်မိုသည် သူ၏ လက်ကို ဟင်းလင်းပြင်စွမ်းအားဖြင့် ဖုံးအုပ်ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ နှိုက်လိုက်သည်။
သူနှင့် ဆွေ့ရှင်းမှာ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေကြသူများ ဖြစ်သည်။
သူသည် သူတော်စင်လျှို့ဝှက်ကမ္ဘာအတွင်း၌ ရှိနေပြီး ဆွေရှင်းမှာ ဟင်းလင်းပြင်အတွင်း၌ ရှိနေလျှင်ပင် သူတို့ကြားက ဆက်သွယ်မှုကို အာရုံခံနိုင်သည်။
ယခုအခါ သူ၏ လက်ကို ဟင်းလင်းပြင်အတွင်းသို့ ဆန့်ထုတ်လိုက်ချိန်တွင် ရေထဲသို့ လက်နှစ်လိုက်ရသလို ခံစားလိုက်ရသည်။
ဟင်းလင်းပြင်စွမ်းအားများ ပြန့်နှံ့သွားပြီး သူ ဆွေရှင်းကို စိတ်အားထက်သန်စွာ ခေါ်ယူလိုက်သည်။
တစ်ရက်၊ နှစ်ရက် ကုန်လွန်သွား၏။
သူတို့ကြားက ဆက်သွယ်မှုမှာ ပိုမိုအားကောင်းလာသည်ကို သူ အာရုံခံမိသည်။
ဆွေရှင်းမှာ သူ၏ ခေါ်သံကို ကြားပြီး သူ့ထံသို့ အပြင်းအနှင် လာနေသည်မှာ ထင်ရှားသည်။
စတုတ္ထမြောက်နေ့တွင် ရှန်မိုမှာ ဟင်းလင်းပြင် စီးကြောင်းများ၏ အနက်ရှိုင်းဆုံးနေရာမှ သူ၏ လက်ကို တစ်စုံတစ်ခု အသာအယာ တိုးဝှေ့လိုက်သည်ကို ခံစားလိုက်ရသည်။
ထိတွေ့လိုက်ရသည့် နေရာတွင် လျှာဖြင့် အသာအယာ လျက်ပေးလိုက်သကဲ့သို့ စိုစွတ်သော ခံစားချက်ကို ရရှိလိုက်သည်။
ရှန်မို၏ ရင်ထဲတွင် ဝမ်းသာပီတိများ ဖြစ်ပေါ်လာသည်။
ဆွေရှင်း ရောက်လာပြီ။
သူသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဟင်းလင်းပြင်စွမ်းအားဖြင့် ဖုံးအုပ်ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ အပြည့်အဝ ခြေလှမ်းဝင်လိုက်သည်။
သူ့ပတ်ဝန်းကျင်ရှိ ရှုခင်းများမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။
အရာအားလုံးမှာ ဝေဝါးနေပြီး ကျယ်ပြောလွန်းကာ ဗလာနတ္ထိ ဖြစ်နေသည်။
သူ၏ အမြင်အာရုံထဲသို့ ဝင်လာသည်မှာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးတစ်ခု ဖြစ်သည်။
၎င်းမှာ အနက်ရောင် မိကျောင်းကြီးတစ်ကောင်နှင့် ဆင်တူသည်။
သို့သော် ၎င်းတွင် ခြေလက် လေးစုံ ရှိ၏။
ကျောကုန်းပေါ်တွင် သေးငယ်သော အသားတောင်ပံတစ်စုံ ပေါက်နေသည်။
၎င်း၏ အမြီးမှာ ကြီးမားလှပြီး ဆူးတပ်ထားသော တုတ်ကြီးတစ်ချောင်းကဲ့သို့ ပြောင်းပြန်ဆူးများဖြင့် ပြည့်နှက်နေသည်။
၎င်းမှာ ရှိကျယ်ပင် ဖြစ်သည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ ခန္ဓာကိုယ်မှာ သိသိသာသာ ကြီးထွားလာခဲ့သည်။
ရှန်မို သားရဲစာရင်းဇယားကို စစ်ဆေးကြည့်လိုက်ရာ ၎င်း၏ အဆင့်မှာ နဝမအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
နဝမအဆင့် သားရဲတစ်ကောင်မှာ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသည်။
နဝမအဆင့် ထိပ်ဆုံးဆိုသည်မှာ တာအိုအမှတ်အသား တစ်ရာရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူနှင့် ထပ်တူပင် ဖြစ်သည်။
"ငါမရှိတုန်း မင်းက တော်တော်လေး တိုးတက်လာတာပဲ"
ရှန်မိုက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
ကမ္ဘာတစ်ခုလုံးကို ဝါးမြိုမည့် ဟင်းလင်းပြင်သားရဲတစ်ကောင် ဖြစ်သည့်အတိုင်း
၎င်း၏ ကြီးထွားမှုနှုန်းမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။
ဆွေရှင်း ၎င်း၏ ကြီးမားလှသော ဦးခေါင်းကို အသာနှိမ့်ပေးကာ ရှန်မို၏ ဘေးတွင် စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်နေသည်။
သူ၏ ကြီးမားသော ပါးစပ်ကြီးကို ဖွင့်လိုက်ရာ ၎င်း၏ ဗိုက်ထဲမှ ဓားကျမ်းတစ်စောင် ပျံထွက်လာသည်။
ထိုကျမ်းစာမျက်နှာပြင်ပေါ်တွင် စာလုံးများ ပေါ်လာသည်။
"အဖေ… အဖေ… အဖေ… နောက်ဆုံးတော့ အဖေ ကျွန်မဆီ ရောက်လာပြီပဲ… အဖေ့ကို သိပ်လွမ်းနေတာ"
ရှန်မို အားရပါးရ ရယ်မောလိုက်သည်။
လူနှင့် သားရဲတို့မှာ သံယောဇဉ်တိုးစရာ အချိန်လေးတစ်ခုကို ပိုင်ဆိုင်လိုက်ကြသည်။
ရှိကျယ်၏ ကြီးမားလှသော ဦးခေါင်းပေါ်တွင် ထိုင်လိုက်သည်နှင့် ရှန်မိုသည် ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ၏ ဖုံးအုပ်မှုကို ခံလိုက်ရသည်။
ဟင်းလင်းပြင် စီးကြောင်းများ၏ တိုက်စားမှုကို ခံနိုင်ရည်ရှိရန် သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင်စွမ်းအားများကို အသုံးပြုရန် မလိုတော့ပေ။
ထိုအခါမှ ရှန်မိုက မေးလိုက်သည်။
"ဆွေရှင်း၊ အရှေ့ပြည်နယ်က ဘယ်မှာလဲဆိုတာ မင်းသိလား"
ဓားကျမ်းပေါ်တွင် စာသားများ ပေါ်လာပြန်သည်။
"အဖေက သွားမလို့လား"
"အရှေ့ပြည်နယ်ကို တိုက်ရိုက်ရောက်တဲ့ အက်ကွဲကြောင်း နှစ်ဆယ့်လေးခုအကြောင်း ကျွန်မ သိတယ်"
"တချို့ အက်ကွဲကြောင်းတွေကိုတော့ ဟင်းလင်းပြင် သားရဲတွေက စောင့်နေကြတယ်… တချို့ကတော့ အန္တရာယ်ရှိတဲ့ နေရာတွေကို ရောက်သွားတတ်တယ်..."
ဆွေရှင်း အသေးစိတ် အကုန်ရှင်းပြသည်။
သူသည် ဘာမှဖုံးကွယ်မထားဘဲ အကုန်ပြောပြခြင်း ဖြစ်၏။
ရှန်မိုမှာ အတော်လေး အံ့အားသင့်သွားသည်။
သူ အမှတ်မထင် မေးလိုက်ခြင်းသာ ဖြစ်သော်လည်း သူ၏ သားရဲလေးမှာ ဟင်းလင်းပြင် အက်ကွဲကြောင်းများစွာ၏ အသေးစိတ် အချက်အလက်များကို ချက်ချင်းပင် ရေပတ်မဝင်အောင် ပြောပြနိုင်နေသည်။
"မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုနားက တစ်ခု... အဲဒါပဲ ကောင်းမယ်… အဲဒီ အက်ကွဲကြောင်းကနေပဲ သွားကြစို့"
ရှန်မို ခေါင်းကို အသာအယာ ငြိတ်လိုက်သည်။
သူသည် အရှေ့ပြည်နယ်သို့ တစ်ခါမှ မရောက်ဖူးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကြားဖူးနားဝရှိခြင်းနှင့် သူငယ်ချင်းများ၏ ပြောပြချက်များအရ အထွေထွေ ဗဟုသုတတော့ ရှိထားသည်။
ထျန်းနန်ကျွန်းစုနှင့် နှိုင်းယှဉ်လျှင် အရှေ့ပြည်နယ်၏ နယ်မြေငါးခုမှာ ဂိုဏ်းဂဏများနှင့် အဖွဲ့အစည်းများဖြင့် ပြည့်နှက်နေသည်။
အင်အားအကြီးဆုံးမှာ အရှေ့ပြည်နယ်၏ အလယ်ပိုင်းနယ်မြေကို စိုးမိုးထားသော တုန်းလီ မင်းဆက်ဖြစ်ပြီး ၎င်း၏ တည်ထောင်သူ ဘိုးဘေးမှာ မီးလျှံဧကရာဇ် ဖြစ်သည်။
သို့သော်လည်း တုန်းလီ မင်းဆက်၏ အရှေ့ပြည်နယ်အပေါ် ထိန်းချုပ်မှုမှာ အားနည်းသည်။
၎င်းမှာ ရှေးဟောင်း တရုတ်ပြည်၏ နွေဦးနှင့် ဆောင်းဦးခေတ်၊ စစ်မက်ဖြစ်ပွားရာ နယ်မြေများခေတ်ရှိ ကျိုးမင်းဆက်နှင့် ဆင်တူသည်။
အားလုံးက တုန်းလီ မင်းဆက်ကို အမည်ခံအားဖြင့် အသိအမှတ်ပြုပြီး အပေါ်ယံ ရိုသေမှု ပြသကြသော်လည်း လက်တွေ့တွင်မူ အားလုံးက ကိုယ့်အစီအစဉ်နှင့်ကိုယ် ရှိနေကြခြင်း ဖြစ်သည်။
တုန်းလီ မင်းဆက်၏ အောက်တွင် အဓိက အင်အားကြီး အဖွဲ့အစည်း လေးခု ရှိပြီး တစ်ခုချင်းစီမှာ အရှေ့ပြည်နယ်၏ အပြင်ဘက် နယ်မြေ လေးခုကို တစ်ခုစီ စိုးမိုးထားကြသည်။
၎င်းတို့မှာ ပြန်လည်ဝင်စားခြင်း သန့်စင်ရာမြေ၊ ဖန်ဆင်းရှင် ကောင်းကင်ဂိုဏ်း၊ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုနှင့် ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဘုရားဂိုဏ်းတို့ ဖြစ်ကြသည်။
မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှာ ကြီးမားသော မိသားစုမျိုးနွယ်စုကြီးတစ်ခု ဖြစ်ပြီး လက်အောက်ခံ ဂိုဏ်းငယ်ပေါင်း တစ်ထောင်ကျော်ကို အုပ်ချုပ်ထားသည်။
၎င်းတို့၏ လက်အောက်ခံ အင်အားစုများအပေါ် ထိန်းချုပ်မှုမှာ အတော်လေး လျော့ရဲသည်။
ပြန်လည်ဝင်စားခြင်း သန့်စင်ရာမြေ၊ ဖန်ဆင်းရှင် ကောင်းကင်ဂိုဏ်းနှင့် ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဘုရားဂိုဏ်းတို့နှင့် မတူပေ။
ထို့ကြောင့်ပင် ရှန်မို မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
သူသည် ဂိုဏ်းတစ်ခုခုထဲသို့ ဝင်ရောက်ပြီး ထိုဂိုဏ်း၏ အရေးကိစ္စများတွင် အနှောင်အဖွဲ့ အပိတ်အပင် ခံရရန် ဆန္ဒမရှိပေ။
ဤသည်မှာ ရှန်မို သိထားသမျှ အချက်အလက်များ ဖြစ်သည်။
ယင်းထက် ပိုမို အသေးစိတ်သော အချက်အလက်များကိုမူ သူ မသိရှိပေ။
"ဟူရှင်းယွဲ့က ငါ့ကို ပေးဖို့ရှိတဲ့ အရပ်ရှစ်မျက်နှာ တိုက်ပွဲဖျက်ဆီးရေး အဆောင်ကိုတော့ ခဏ လွှတ်ထားလိုက်ဦးမယ်… ဒါပေမဲ့ ငါ့မှာ အဆင့်မြင့် စိန့်လက်နက် သုံးခု ရှိနေတယ်ဆိုတဲ့ သတင်းကတော့ ပြန့်သွားလောက်ပြီ"
"အထူးကဲဆုံး နယ်ပယ် ကျင့်ကြံသူတွေတောင် အဆင့်မြင့် သူတော်စင်လက်နက်တွေကို လောဘတက်ကြလိမ့်မယ်… ငါ သွေးနတ်ဘုရား နန်းတော်နားကို မသွားနိုင်ဘူး"
"လောလောဆယ်တော့ အရှေ့ပြည်နယ်ကို သွားတာက အကောင်းဆုံးပဲ"
ရှန်မို အရာအားလုံးကို အသေအချာ စဉ်းစားပြီးသား ဖြစ်သည်။
"ကောင်းပါပြီ… ကျွန်မနောက် လိုက်ခဲ့ပါ အဖေ"
ဆွေရှင်းသည် ရှန်မိုကို တင်ဆောင်ကာ ဗရမ်းဗတာ ဖြစ်နေသော ဟင်းလင်းပြင် စီးကြောင်းများကြားမှ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
...
တစ်ချိန်တည်းမှာပင် သူတော်စင်လျှို့ဝှက်ကမ္ဘာ၏ မြောက်ပြည်နယ်တွင် ဖြစ်သည်။
အရှေ့ပြည်နယ်၊ အလယ်ပိုင်းပြည်နယ်၊ ထျန်းနန်ကျွန်းစုနှင့် အနောက်နေဝင်ပင်လယ်တို့နှင့် နှိုင်းယှဉ်လျှင် မြောက်ပြည်နယ်မှာ ထူးခြားသော ဒေသတစ်ခု ဖြစ်သည်။
ရှေးဟောင်း နတ်ဘုရားများနှင့် နတ်ဆိုးများကြား ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း နတ်ဆိုးမျိုးနွယ်စုမှာ လုံးဝ မျိုးတုန်းလုနီးပါး ဖြစ်ခဲ့ရသည်။ သေအောင်သတ်ရန် ခက်ခဲလွန်းသော အသက်ရှင်ကျန်ရစ်သူများကို သူတော်စင်အဆင့် ကျင့်ကြံသူများက မြောက်ပြည်နယ်သို့ မောင်းထုတ်ခဲ့ကြသည်။
ထိုအချိန်မှစ၍ မြောက်ပြည်နယ်မှာ တောင်ဘက်ဒေသများနှင့် လုံးဝ အဆက်ပြတ်သွားခဲ့သည်။
နတ်ဆိုးများသည် တောင်ဘက်သို့ ခြေတစ်လှမ်းပင် မတိုးနိုင်တော့ပေ။
၎င်းတို့သည် တောင်ဘက်ဒေသများအပေါ် သွယ်ဝိုက်သော နည်းလမ်းများဖြစ်သည့် စိမ့်ဝင်ခြင်း၊ မြှူဆွယ်ခြင်းနှင့် ရေရှည် လျှို့ဝှက် စစ်ဆင်ရေးများဖြင့်သာ သြဇာလွှမ်းမိုးရန် ကြိုးပမ်းနိုင်ကြတော့သည်။
နှစ်ပေါင်း သောင်းနှင့်ချီသော ကာလအတွင်း မြောက်ပြည်နယ်ရှိ နတ်ဆိုးမျိုးနွယ်စုများသည် အကြိမ်ကြိမ် ပြန်လည် စုဖွဲ့ခဲ့ကြပြီး နောက်ဆုံးတွင် ပေါင်းစည်းထားသော နိုင်ငံတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။
ယင်းမှာ မြတ်စွာသော နတ်ဆိုးနိုင်ငံတော် ငါးခု ပင် ဖြစ်သည်။
ဤအချိန်တွင် မြင့်မြတ်သော နတ်ဆိုးနိုင်ငံတော် ငါးခု၏ အနောက်ဘက်နယ်မြေ အလယ်ပိုင်းဒေသတွင်
ကြီးမားလှသော အရိုးမျှော်စင်ကြီးတစ်ခုမှာ ခိုင်ခံ့စွာ တည်ရှိနေသည်။
၎င်းမှာ မှိုင်းညို့နေသော ကောင်းကင်ယံကို ထိုးဖောက်မတတ် မြင့်မားလှ၏။
ကောင်းကင်ယံတွင် ရေတွက်မကုန်နိုင်သော မီးခိုးရောင် မြူခိုးတန်းများသည် ကောင်းကင်တစ်ခုလုံးတွင် လိမ်ယှက် ပျံသန်းနေကြသည်။
ဒေါင်... ဒေါင်... ဒေါင်...
ရုတ်တရက် အရိုးမျှော်စင်အတွင်းမှ ပြင်းထန်သော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာသည်။
တစ်ပြည်နယ်လုံးရှိ ရေတွက်မကုန်နိုင်သော နတ်ဆိုးများသည် သူတို့ ဘာလုပ်နေသည်ဖြစ်စေ ရုတ်တရက် ရပ်တန့်သွားကြပြီး ထိုမျှော်စင်ကြီးဆီသို့ ရိုသေလေးမြတ်သော အမူအရာဖြင့် အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။
ထိုနေရာမှာ အလောင်းကောင်ဌာနစု၏ နတ်ဆိုးသူတော်စင်များ အစည်းအဝေးပြုလုပ်ရာ နေရာဖြစ်ကြောင်း သူတို့ သိကြသည်။
၎င်းမှာ အလောင်းကောင်ဌာနစု တစ်ခုလုံး၏ အမြင့်မြတ်ဆုံးသော နေရာပင် ဖြစ်တော့၏။
Chapter 654: ပါရမီရှင် ရှာဖွေခြင်း
ဝူးခနဲ အသံနှင့်အတူ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပုံရိပ်အချို့ ကောင်းကင်ယံကို ဖြတ်သန်းသွားကြသည်။ ကောင်းကင်ကို ခွဲထွက်သွားသည့် လျှပ်စီးတန်းများကဲ့သို့ပင်။
မိုးကောင်ကင်ယံထက်တွင် အရှိန်အဟုန်ဖြင့် ပျံသန်းသွားသော ကြယ်တံခွန်များကဲ့သို့ပင်။ မှောင်မည်းနေသော ကောင်းကင်ယံတွင် ၎င်းတို့
ချန်ရထားခဲ့သော အရှိန်အဝါ လမ်းကြောင်းများမှာ လိမ်ရှုပ်နေပြီး ထူးဆန်းလှသော်လည်း ထူးခြားသော နိယာမနှင့် တရားသဘောများ ကိန်းအောင်းနေသည်။
အရိုးမျှော်စင်အတွင်း၌ နတ်ဆိုးသူတော်စင် နှစ်ပါး ဆုံတွေ့နေကြ၏။ တစ်ပါးမှာ ပိန်ချောင်ပြီး အရိုးငေါငေါနှင့်ဖြစ်ကာ လူသားကဲ့သို့ လက်မောင်း လေးဖက် ရှိသည်။ အခြားတစ်ပါးမှာမူ ကြီးမားလှသော ဦးခေါင်းနှင့် ဖောင်းကားနေသော ခန္ဓာကိုယ် ရှိပြီး ခြေလက် လုံးဝမပါဘဲ လေထဲတွင် လွင့်မျောနေသည်။
ထိုဝဖြိုးသော နတ်ဆိုးသူတော်စင်မှ တည်ငြိမ်စွာ မေးလိုက်သည်။
"ရှိချန်း မင်း ငါ့ကို ဘာလို့ ခေါ်လိုက်တာလဲ"
"ရှိရှော့… ထျန်းနန်ကျွန်းစုမှာ လုပ်တဲ့ ငါတို့ရဲ့ စီမံကိန်း ကျရှုံးသွားပြီ… မင်းရဲ့သား ရှိလွမ် ပြန်မရှင်လာတော့ဘူး"
ပိန်လှီသော နတ်ဆိုးသူတော်စင်မှ အသံနိမ့်နိမ့်ဖြင့် ပြန်ပြောသည်။
ရှိရှော့ မျက်မှောင်ကြုတ်လိုက်၏။
"ကျရှုံးသွားတာလား… ဒါဆိုရင် အင်အားပြန်စုပြီး နောက်တစ်ကြိမ် ထပ်စီစဉ်ကြတာပေါ့"
ရှိချန်း ခေါင်းယမ်းလိုက်ကာ
"မဟုတ်ဘူး… ရှိလွမ် သေသွားပြီ… လုံးဝ ပျက်စီးသွားတာ"
ရှိရှော့မှာ အံ့သဩတုန်လှုပ်လျက် မှင်တက်သွားသည်။ သူ လေးနက်စွာဖြင့် ခေါင်းယမ်းလိုက်ပြီး
"မဖြစ်နိုင်တာ… ရှိလွမ်ကို ပြန်ရှင်သန်အောင် လုပ်ဖို့ဆိုတာ ငါ့ရဲ့ စီမံကိန်းပဲ… နှစ်ပေါင်း ထောင်ချီ အားထုတ်ခဲ့ရတာ… သူက ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားနိုင်မှာလဲ"
ရှိလွမ်သည် သူ၏ အလားအလာအရှိဆုံး သား တစ်ဆယ့်ရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ နတ်ဘုရားများနှင့် နတ်ဆိုးများ စစ်ပွဲအတွင်း သူ၏ သားအများစု ကျဆုံးခဲ့ရသည်။ အချိန်မီ ကယ်တင်နိုင်ခဲ့သူမှာ ရှိလွမ် တစ်ယောက်သာ ရှိ၏။ အကယ်၍ ရှိလွမ်သာ အောင်မြင်စွာ ပြန်လည်ရှင်သန်နိုင်ခဲ့ပါက သူသည် အစွမ်းထက်သော မျိုးဆက်သစ် နတ်ဆိုးအရှင်သခင် တစ်ပါး ဖြစ်လာမည်ဖြစ်သည်။ နှစ်ရာစု၊ သုံးရာစုခန့် ပြုစုပျိုးထောင်ပေးလိုက်လျှင် ရှိလွမ်သည် သူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားနိုင်ပြီး အလောင်းကောင်ဌာနစု၏ နတ်ဆိုးသူတော်စင် ဘွဲ့ထူးကို ဆက်ခံနိုင်လိမ့်မည်။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ကျရှုံးသွားခြင်းမှာ ကိစ္စမရှိ။ သူ့ကို ပြန်ရှင်သန်စေရန် နောက်ထပ် အခွင့်အရေးကို စောင့်ဆိုင်းနိုင်သည်။ သို့သော် သူသည် မည်သို့ကြောင့် အစအနမကျန် ပျောက်ကွယ်သွားရသနည်း။
ရှိချန်း ခေါင်းယမ်းကာ
"ငါလည်း အသေးစိတ်တော့ မသိဘူး"
"ထျန်းနန်ကျွန်းစုက အင်အားကြီး အဖွဲ့အစည်း ငါးခုဟာ ချန်ချင်း ဂူဗိမာန် အပြင်ဘက်က နတ်ဆိုးမြေပြင်တွေကို ဖယ်ရှားနေတုန်းမှာပဲ နတ်ဆိုးမြေပြင်တွေက လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့တာ"
"ရှိလွမ်က ငါတို့ အဲဒီမှာ ထားခဲ့တဲ့ သူလျှိုတွေနဲ့ ဘယ်တုန်းကမှ အဆက်အသွယ် မလုပ်ခဲ့ဘူး… သူ အသတ်ခံလိုက်ရတာ ဖြစ်ဖို့ များတယ်"
ရှိရှော့ သွားများကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်သည်။
"ဘယ်သူလဲ... ဘယ်သူလုပ်တာလဲ"
"ရှိလွမ် နိုးထမလာသေးရင်တောင် နတ်ဆိုးအရှင်သခင် တစ်ပါးရဲ့ ဖိအားရှိနေသေးတာပဲ… အိပ်မောကျနေချိန်မှာ သူ့ကိုသတ်ဖို့ဆိုတာ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ယောက်အတွက် မဖြစ်နိုင်သလောက်ပဲ"
"တာအိုအမှတ်အသား တစ်ရာရှိတဲ့သူတောင် မလုပ်နိုင်ဘူး"
"ဒါဟာ အထူးကဲဆုံး နယ်ပယ်က တစ်ယောက်ယောက် ဖြစ်ရမယ်"
"ရှိချန်း… မင်းရဲ့ လက်အောက်ခံတွေကို စုံစမ်းခိုင်းလိုက်… ရှိလွမ်ကို ဘယ်သူသတ်လိုက်တာလဲဆိုတာ ရှာခိုင်းလိုက်စမ်း"
ရှိချန်း ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
"ငါ နားလည်ပါတယ်… ရှိလွမ်လို ပါရမီရှင်တစ်ယောက် ရုတ်တရက် သေဆုံးသွားတာဟာ ငါတို့ အလောင်းကောင်ဌာနစုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲ"
"မင်း ပြောနေဖို့ မလိုပါဘူး… ငါ သူတို့ကို စုံစမ်းခိုင်းလိုက်မယ်"
ခဏအကြာတွင် ရှိရှော့ စိတ်တည်ငြိမ်သွားပြီးနောက် မေးလိုက်သည်။
"ကျန်တဲ့ ဌာနစု လေးခုက ဘာတွေ လုပ်နေကြလဲ"
"ညစ်ညမ်းဌာနစုကလည်း ထျန်းနန်ကျွန်းစုမှာ သူလျှိုတွေ ထားထားတာ သိသာတယ်… သူတို့ ဘာလို့ ငါတို့ကို မကူညီကြတာလဲ"
ရှိချန်း နှာခေါင်းရှုံ့လျက်
"ညစ်ညမ်းဌာနစုရဲ့ တာအိုသူတော်စင်လက်နက်ကြီး ငါးခုထဲက လေးခုဟာ အရှေ့ပြည်နယ်မှာ အနှိမ်နင်းခံထားရတာလေ"
"သူတို့က အခုတလော အရှေ့ပြည်နယ်မှာ ပြဿနာရှာဖို့ပဲ အလုပ်ရှုပ်နေကြတာ"
"ငါ ယုံကြည်ရတဲ့သူတွေကတစ်ဆင့် သူတို့ဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်… အမြဲတမ်း ဂရုမစိုက်သလိုပဲ လုပ်နေကြတာ"
"သူတို့က နောက်တစ်ခါမှပေါ့လို့ ပြောနေကြပေမဲ့ စိတ်ထဲမှာတော့ ကူညီဖို့ ဆန္ဒမရှိကြဘူးလေ"
ရှိချန်း ခေတ္တရပ်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်က ညစ်ညမ်းဌာနစုက အဘိုးကြီးတောင် အရှေ့ပြည်နယ်မှာ သောင်းကျန်းဖို့အတွက် ငါ့ဆီက သူလျှိုတွေ လာတောင်းသေးတယ်… ငါ ငြင်းလွှတ်လိုက်တာပဲ"
ရှိရှော့ ခေတ္တစဉ်းစားပြီးနောက်
"ညစ်ညမ်းဌာနစုရဲ့ သူတော်စင်လက်နက် ငါးခုထဲမှာ... အနက်ရောင် သေမင်းတမျှ နတ်ဆိုးပင်လယ် ဖလား ဆိုတာ ရှိတယ်လို့ ငါမှတ်မိတယ်"
ရှိချန်း ခေါင်းညိတ်ပြသည်။
"သူတို့ကို ကူညီပေးလိုက်… ဒါပေမဲ့ အနက်ရောင် သေမင်းတမျှ နတ်ဆိုးပင်လယ် ဖလားကို ငါတို့ဆီ နှစ်တစ်ထောင် ငှားရမယ်ဆိုတဲ့ အပေးအယူနဲ့ပေါ့"
ရှိရှော့မှ ပြတ်သားစွာ ပြောလိုက်သည်။
ရှိချန်း မျက်ခုံးပင့်မိ၏။
ရှိရှော့ နှာခေါင်းရှုံ့ကာ
"အနက်ရောင် သေမင်းတမျှ နတ်ဆိုးပင်လယ် ဖလားက ငါတို့ အလောင်းကောင်ဌာနစုနဲ့ အကိုက်ညီဆုံးပဲ… အဲဒါက နဂိုကတည်းက ငါတို့ပိုင်သင့်တာ"
"အကယ်၍ သူတို့က မပူးပေါင်းဘူးဆိုရင် ငါတို့ သူတို့ကို သင်ခန်းစာ ပေးရမှာပေါ့"
"ဟားဟားဟား… ကောင်းပြီ… ဒါ တကယ့်ကို ကောင်းမွန်တဲ့ စီမံကိန်းပဲ"
ရှိချန်းမှ ခေါင်းညိတ်လိုက်လေသည်။
…
ချန်ချင်း ဂူဗိမာန် အပြင်ဘက်တွင်။
ကျင့်ကြံသူ တစ်ထောင်ကျော်သည် တစ်ယောက်ပြီးတစ်ယောက် ဂူဗိမာန်အတွင်းမှ ထွက်လာကြရာ အားလုံး ပင်ပန်းနွမ်းနယ်နေကြသည်။
၎င်းတို့တစ်ဦးချင်းစီသည် ဂူဗိမာန်အတွင်း၌ မြင်တွေ့ခဲ့ရသည်များကို အင်အားကြီး အဖွဲ့အစည်း ငါးခုရှိ ၎င်းတို့၏ သက်ဆိုင်ရာ ဂိုဏ်းများသို့ သတင်းပို့ကြ၏။
ရှီမန်ချန်ချင်းနှင့် ရှန့်ဟိန်းတို့သည် ကောင်းကင်ယံ၌ ပျံသန်းနေကြပြီး ထိုသတင်းပို့ချက်များကို နားထောင်စရာမလိုဘဲ အရာအားလုံးကို ၎င်းတို့ သိရှိပြီးသား ဖြစ်သည်။
"ထူးဆန်းတာပဲ… ဂူဗိမာန်အတွင်းက နတ်ဆိုးအငွေ့အသက်တွေတောင် ပျောက်ကွယ်စပြုနေပြီ… အစွမ်းထက်တဲ့ နတ်ဆိုးစွမ်းအင်မျိုး တစ်စက်ကလေးမှ ရှာမတွေ့တော့ဘူး… အဲဒီ နတ်ဆိုးအရှင်သခင်က အမှန်တကယ်ပဲ သေသွားတာလား"
ရှန့်ဟိန်း အံ့အားသင့်စွာ ပြောလိုက်သည်။
ရှီမန်ချန်ချင်းမှ တည်ငြိမ်စွာဖြင့်
"ဒါတင်မကဘူး… ငါ နောက်ထပ် စိုးရိမ်တာ တစ်ခု ရှိသေးတယ်… ချန်ချင်း အထူးကဲဆုံး ပိုင်ဆိုင်ခဲ့ဖူးတဲ့ အဆင့်မြင့် သူတော်စင်လက်နက် ကိုးခုထဲက သုံးခုကို အမည်မသိတဲ့သူ တစ်ယောက်က ယူသွားတယ်"
"အဲဒီလူ ဘယ်သူလဲဆိုတာက ပိုပြီး အရေးကြီးတယ်"
ရှန့်ဟိန်း ခေါင်းညိတ်လိုက်သည်။
"ရှန့်ပိုင် ပြောတာတော့ ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်ပြီး ကျောက်စိမ်းတံတားကို ပထမဆုံး ဖြတ်ခဲ့သူ၊ အပြာရောင်တောင်ထိပ်ကို ပထမဆုံး တက်နိုင်ခဲ့သူဟာ အဲဒီကျင့်ကြံသူပဲတဲ့… သူက သာမန်လူတော့ မဟုတ်ဘူး"
စီမန်ချန်ချင်းမှာ အနည်းငယ် မှင်တက်သွားသည်။ "ဒါတွေအားလုံးကို သူတစ်ယောက်တည်း လုပ်ခဲ့တာလား… ဒါဆိုရင် သူက ထူးခြားတဲ့ ပါရမီရှိတာ သေချာတယ်"
ရှန့်ဟိန်း ပြုံးစိစိဖြင့်
"သူ့ကို တပည့်အဖြစ် လက်ခံဖို့ စဉ်းစားနေတာလား… မဖြစ်နိုင်တာ… ငါလည်း သူ့ကို မျက်စိကျနေတာဟ"
ရှီမန်ချန်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"မင်းတို့ သန့်စင်ရာမြေက ဆင်နတ်ဘုရား မျိုးနွယ်စုတွေကိုပဲ လက်ခံတာ မဟုတ်ဘူးလား"
ရှန့်ဟိန်း အရှက်မရှိစွာ ရယ်မောလိုက်သည်။
"ငါ စည်းကမ်းတွေ ပြောင်းလိုက်ပြီလေ… ဘာဖြစ်လဲ"
ရှီမန်ချန်ချင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ကောင်းပြီလေ… အဲဒါ မင်းအလုပ်ပဲ"
ရှန့်ဟိန်း ပြန်လည်ရယ်မောလိုက်သည်။
သို့သော် ရှီမန်ချန်ချင်း ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"မင်း တပည့်စုဆောင်းနိုင်ရင် ငါလည်း စုဆောင်းနိုင်တာပဲ… စဉ်းစားကြည့်လေ… ကောင်းကင်အင်းဂိုဏ်းနဲ့ သန့်စင်ရာမြေ နှစ်ခုလုံးကသာ သူ့ကို ဖိတ်ခေါ်မယ်ဆိုရင် သူ ဘယ်သူ့ကို ရွေးမလဲ"
ရှန့်ဟိန်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူ တိုးတိုးလေး ကျိန်ဆဲလိုက်၏။
"အဘိုးကြီး၊ မင်းက မင်းရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာကို ကြွားနေတာလား"
"ကောင်းပြီလေ… ဝမ်ရှန်းသန့်စင်ရာမြေကသာ သူ့ကို ရှာတွေ့ရင် ဘာမှပြောမနေတော့ဘူး… သူ့ကို အဲဒီနေရာမှာတင် ဖမ်းပြီး သန့်စင်ရာမြေကို ခေါ်သွားလိုက်မယ်"
"ဟဲဟဲ… သူ သဘောတူတူ မတူတူ သဘောတူရမှာပဲ"
"ဝမ်ရှန်း သန့်စင်ရာမြေ… ဒါဟာ နတ်ဆိုးတွေကို နှိမ်နင်းဖို့အတွက်ပဲ"
အထူးကဲဆုံး နယ်ပယ်မှ ကျင့်ကြံသူကြီး နှစ်ဦးမှာ ကလေးဆန်စွာ အပြိုင်အဆိုင် အငြင်းပွားနေကြပြီး စမ်းသပ်မှုကို အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့သူကို မည်သူရမည်နည်းဟု အဆုံးမသတ်နိုင်အောင် ငြင်းခုံနေကြသည်။
၎င်းတို့၏ အဆင့်အတန်းနှင့် လျော်ညီသော အေးစက်တည်ငြိမ်သည့် အရှိန်အဝါများမှာ ပျောက်ကွယ်နေ၏။ အပြင်လူတစ်ယောက် မြင်လျှင် ပါရမီရှင် ကျောင်းသားတစ်ယောက်အတွက် လုနေကြသော ဆရာနှစ်ယောက်နှင့်သာ တူပေလိမ့်မည်။
ထိုစမ်းသပ်မှု၏ အကောင်းဆုံး ကျင့်ကြံသူမှာ ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ကာ အရှေ့ပြည်နယ်၏ နယ်မြေငါးခုဆီသို့ ဝေးကွာစွာ ထွက်ပြေးသွားပြီဖြစ်ကြောင်း ၎င်းတို့ မသိကြပေ။
၎င်းတို့တင်မကဘဲ ရွှမ်ယင် ဂူဗိမာန်၊ သွေးနတ်ဘုရား နတ်ဆိုးနန်းတော်နှင့် မီးလျှံရေနဂါး နန်းတော်တို့ကလည်း ဤလူမှာ ဘယ်သူလဲဆိုသည်ကို စတင် စုံစမ်းနေကြပြီ ဖြစ်၏။
တချို့မှာ သူ့ကို စည်းရုံးချင်ကြသည်။ တချို့ကတော့ သူ့ကို သေစေချင်ကြသည်။ အကယ်၍ သူတို့ မရနိုင်လျှင် ဖျက်ဆီးပစ်ရန်ပင်။
ရှန်ကျန့်ဖေးနှင့် အခြားသူများမှာ အင်အားကြီး အဖွဲ့အစည်း ငါးခုမှ စစ်ဆေးမေးမြန်းမှုများ မစတင်မီ ပင်လယ်ပြင်မှ ခေါင်းငုံ့ကာ လစ်ထွက်သွားခဲ့ကြသည်။
ကျန်းချန်းဟိန်း သက်ပြင်းချလိုက်၏။
"ဒါဆိုရင် ညီအစ်ကို လင်က စမ်းသပ်မှုရဲ့ အကောင်းဆုံး ကျင့်ကြံသူ ဖြစ်နေတာပေါ့"
လျှိုယွန့်ထျန်း အာမေဍိတ်သံဖြင့်
"ဘယ်သူက ထင်မှာလဲ… မိတ်ဆွေ လင်က ထျန်းနန်ကျွန်းစုရဲ့ ပါရမီရှင်အားလုံးကို ကျော်ဖြတ်သွားတာပဲ… ဒါဟာ တကယ့်ကို မယုံနိုင်စရာပဲ"
ဝေကျန့်ချန်း လေးနက်စွာဖြင့်
"မိတ်ဆွေ လင်က ဘယ်သူ့ကို ရွေးမယ်လို့ မင်းတို့ထင်လဲ… အင်အားကြီး ငါးခုထဲမှာ ကောင်းကင်အင်းဂိုဏ်းက အချမ်းသာဆုံးပဲ… ရွှမ်ယင် ဂူဗိမာန်ကတော့ အစွမ်းအထက်ဆုံးပဲ"
ရှန်ကျန့်ဖေး အသေအချာ စဉ်းစားပြီးမှ ပြောလိုက်သည်။
"ငါ့အထင်တော့ ကောင်းကင်အင်းဂိုဏ်း ဖြစ်ဖို့ များတယ်… သူတို့ တပည့်တွေက အခွင့်အရေး ကောင်းကောင်းရသလို သူတို့က ဖြောင့်မတ်မှန်ကန်တဲ့ ဂိုဏ်းလည်း ဖြစ်တယ်"
"နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ သွေးနတ်ဘုရား နတ်ဆိုးနန်းတော်ပဲ… ပြီးခဲ့တဲ့ ရာစုနှစ်အတွင်းမှာ သူတို့က ရပ်တည်ချက်ကို သိသိသာသာ ပြောင်းလဲခဲ့ပြီး လူသားကျင့်ကြံသူတွေကို ဂုဏ်ထူးဆောင် ဧည့်သည်တွေအဖြစ် တက်ကြွစွာ စည်းရုံးနေကြတာ"
"ရွှမ်ယင် ဂူဗိမာန်ကတော့ ရက်စက်ပြီး အနိုင်ကျင့်လွန်းတယ်… ညီအစ်ကို လင်က သူတို့ကို ရွေးမယ်လို့ ငါမထင်ဘူး"
သူ ပြောပြီးနောက် ကျန်သုံးယောက်ကလည်း ရှန်ကျန့်ဖေး၏ စဉ်းစားချက်ကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ငါးရက်အကြာတွင် စမ်းသပ်မှု၏ အကောင်းဆုံး ကျင့်ကြံသူ၏ အမည်ကို သိရှိသွားကြသည်။ နဂါးဝှက်ကျွန်း၏ ကျွန်းသခင်လေး… လင်ရွှမ်။
ရေတွက်မကုန်နိုင်သော သူလျှိုများနှင့် အေးဂျင့်များသည် လင်ရွှမ်၏ အစအနကို စတင် ရှာဖွေကြတော့သည်။ ရှန်ကျန့်ဖေးနှင့် သူ၏အဖွဲ့မှာလည်း ပြင်းထန်သော စောင့်ကြည့်စစ်ဆေးမှုများ ခံခဲ့ရသည်။
သို့သော်လည်း တစ်လ၊ သုံးလ၊ ခြောက်လ၊ တစ်နှစ်၊ သုံးနှစ်... လင်ရွှမ်၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။
သူသည် ယင်းစန်းဟွာကဲ့သို့သော ပါရမီရှင်များကို အနိုင်ယူခဲ့ပြီး ထျန်းနန် တစ်ခွင်တွင် ကျော်ကြားသွားခဲ့လေပြီ။