← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 7 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 7 Ch. 205-207

အခန်း ၂၀၅။

“ဒီလိုဆိုရင်တော့ မနက်စာကို ဒီမှာပဲ ငါနဲ့အတူ စားပါလား”

ကျောက်ကွေ့ဖေးက ပြောသည်။ သူမသည် အစေခံတစ်ဦးကို ခေါ်ကာ ကျုံးမင်းကျန်းအတွက် အစားအစာအသစ်များ ပြင်ဆင်ခိုင်းလိုက်သည်။ သူတို့နှစ်ဦးသည် နွေးထွေးသည့် နန်းဆောင်ငယ်လေးတွင် ခေတ္တမျှ စကားပြောဆိုနေကြပြီးနောက် အစေခံသည် ကြက်သားခေါက်ဆွဲနှင့် ဟင်းခွက်အနည်းငယ်ကို ယူလာခဲ့သည်။

“မယ်တော်၊ ကျွန်တော်တစ်ခုကို တွေးနေတာ ဒုတိယမင်းသား လက်ထပ်တာခုနစ်နှစ်၊ ရှစ်နှစ်လောက် ကြာ‌ နေတာတောင် ကလေးတစ်ယောက်မှ မရှိသေးဘူး ဘာကြောင့်လဲ”

ကျုံးမင်းကျန်းက ဟင်းရည်ခေါက်ဆွဲကို စားရင်း မေးလိုက်သည်။

“အံ့ဩစရာမရှိပါဘူး။ ကိုယ်လုပ်တော်ရှု ဒုတိယမင်းသားကို ကိုယ်ဝန်ဆောင်စဉ်က ဆိုးဆိုးဝါးဝါး ခံစားခဲ့ ရတာ။ သူမ မနက်ခင်းတိုင်းအန်တာ ပြင်းထန်ပြီး ကိုယ်ဝန်ခြောက်လအထိ ကောင်းကောင်း မစားသောက်နိုင်ဘူး။ ဒုတိယမင်းသားလဲ သားအိမ်ထဲမှာ အာဟာရ ကောင်းစွာမရခဲ့ဘူး‌လေ။ ပြီးတော့ သူက လမစေ့ဘဲ မွေးဖွားခဲ့တာ”

ကျောက်ကွေ့ဖေးက လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း ပြောသည်။

“အဲ့ဒီအချိန်တုန်းက သူလက်သီးလေးတွေကလည်း သေးသေးလေး၊ သုံးကျင်းတောင် မပြည့်ဘူး။ အော်သံကလည်း ခြင်အသံလိုပဲ အဲ့ဒီအချိန်တုန်းက လူတိုင်းက ဒုတိယမင်းသား အကြာကြီး အသက်မရှင်နိုင်ဘူးလို့ ပြောကြတယ် ဒါပေမဲ့ မထင်မှတ်ဘဲ သူ အသက်ရှင်ခဲ့တယ် သူ ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာနေတာ မင်းသိပါတယ်။”

“အမှန်ပဲ ဆေးနံ့က သူ့ဆီမှာ ငယ်ငယ်ကတည်းက အမြဲတမ်း ကပ်ပါလာခဲ့တာ ကျွန်တော် မှတ်မိသေးတယ်၊ သူ့နဲ့အတူ စာကြည့်ခန်းကို သွားရတာကို ကျွန်တော် ဘယ်လောက်တောင် မုန်းခဲ့ရလဲ အဲ့အနံ့ကပဲ ကျွန်တော့်ကို အသက်ရှူကျပ်စေခဲ့ တာ”

ကျုံးမင်းကျန်းက ခေါင်းညိတ်သည်။

“ဒါပေမဲ့ အခု ဒုတိယမင်းသားက နည်းနည်းပိန်နေပေမယ့် ကျန်းမာရေး ကောင်းနေပါပြီ၊ သူ့ဘဝတစ်လျှောက်လုံး တန်ဖိုးရှိတဲ့ ဆေးဖက်ဝင်အပင်တွေ၊ ရှားပါးတဲ့အားဆေးတွေနဲ့ ပြုစုပျိုးထောင်ခံခဲ့ရပြီးမှ ဘာလို့ ကလေးမရနိုင်တာလဲ”

ကျောက်ကွေ့ဖေးက မျက်တောင်မှေးစင်းကာ အရွက်မဲ့ ပန်းသီးပင်မှ အခိုင်လိုက်သီးနေသော အနီရောင် သလဲသီးကြီးများကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သူ့ဘဝတစ်လျှောက်လုံး သား သမီးတစ်ယောက်မှ မရှိတာ အကောင်းဆုံးပဲ”

“ဒါပေမဲ့ ထူးဆန်းတာက၊ အဲ့ဒီ တစ်ယောက်က အားနည်းတာကြောင့် ကလေးမရနိုင်ဘူးလို့ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ နန်းကျအိမ်ရှေ့စံမင်းသားကရော ဘာလို့ အသက်သုံးဆယ်ကျော်အထိ သား သမီးတစ်ယောက်တောင် မရှိတာလဲ”

“အတော်လေး ထူးဆန်းတယ် ငါလဲ နှစ်ပေါင်းများစွာ စဉ်းစားနေတာ”

ကျောက်ကွေ့ဖေးက သူမ၏ လက်ဖက်ရည်ကို ထပ်မံသောက်ရင်း ပြောသည်။

“ဒါပေမဲ့ တိုက်ဆိုင်မှုလည်း ဖြစ်နိုင်တယ်။နန်းကျအိမ်ရှေ့စံမင်းသားနဲ့ ဒုတိယမင်းသား နှစ်ဦးစလုံး လမစေ့ဘဲ မွေးဖွားခဲ့ကြတာ အဲ့တာကြောင့် သူတို့ရဲ့ ကျန်းမာရေးကို သက်ရောက်မှုရှိ၊ မရှိဘယ်သူသိမလဲ”

“နန်းကျအိမ်ရှေ့စံမင်းသားမှာ အမွေခံမရှိ တာကောင်းတယ်။ မဟုတ်ရင် ရွှီမိသားစုက သူ့ရဲ့ သားသမီးကိုပြုစုပျိုးထောင်နေလောက်ကြပြီ”

“အခုတော့ သူတို့ကို ကြည့်ပါဦး။ နန်းကျအိမ်ရှေ့စံမင်းသားကို ပြုစုပျိုးထောင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများအားလုံးကို မြှုပ်နှံခဲ့ ပေမဲ့ ဝါးခြင်းနဲ့ရေခပ်သလိုမျိုး လုံးဝအရာမထင်ဘူး လေ။ သူတို့ အတော်လေး ဆိုးဆိုးဝါးဝါး ခံစားနေရမှာ”

“ငွေအများကြီးကို ဘာလုပ်ဖို့လဲ”

အားချိုးက ငွေအိတ်ကို တင်းတင်းဆုပ်ကိုင်ရင်း ကျုံးမင်းဝေကို ခေါင်းခါပြသည်။

နှစ်ကုန်ပိုင်းနီးပြီဖြစ်ပြီး တောင်အောက်ဈေးသည် ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်။ မနေ့က ကျီရှန်း စာသင်ကျောင်း၌ အဖွားချန်ထံမှ ဈေးသည် ဆယ့်နှစ်လပိုင်း ဆယ်ရက်နေ့အထိသာ ဖွင့်မည်ဖြစ်ကြောင်း အားချိုး ကြားသိခဲ့သည်။ သူမ ပြန်ရောက်သည်နှင့် အားချိုးသည် ကျုံးမင်းဝေနှင့်အတူ တောင်အောက်ဆင်းကာ နှစ်သစ်ကူးပစ္စည်းများ ဝယ်ရန် ဆွေးနွေးခဲ့ကြသည်။

“ဒါ အများကြီး မဟုတ်ပါဘူး။ ဒါကို မင်းနဲ့ထားလိုက်ပါ၊ ပြီးတော့ ကြိုက်တဲ့ အဝတ်အစား ဒါမှမဟုတ် လက်ဝတ်ရတနာတွေ့ရင် နည်းနည်းလေး ထပ်ဝယ်လိုက်”

ကျုံးမင်းဝေက သူမကို ရွေးချယ်ခွင့်မပေးဘဲ ငွေသုံးဆယ်ကို သူမ၏ ငွေအိတ်ထဲ ထိုးထည့်ရင်း ပြောသည်။ သူက ထပ်၍

“ဆေးဆိုင်သွားပြီး မြည်းဆေးရည်ဝယ်ဖို့ မမေ့နဲ့ နော်ငှက်သိုက်ရှိရင်လည်း နည်းနည်းယူခဲ့ ဉီး”

“ဒါပေမဲ့ ကျွန်မတို့ ဒီလောက်အများကြီး မလိုဘူးလေ ပြားသုံးဆယ်ဆိုတာ လမ်းတခြမ်းစာလောက် ဝယ်လို့ရနေပြီ”

အားချိုးက ငွေကို ပြန်ဆွဲထုတ်ရန် ကြိုးစားရင်း ပါးစပ်က မနားတမ်း ပြောနေသည်။

“ကျွန်မ အဖွားချန်ဆီက ပန်းထိုးတဲ့အလုပ်အတွက် ငွေငါးပြား ခုမှ ရထားတာ။ ဒါ ကျွန်မတို့ နှစ်သစ်ကူးပွဲလုပ်ဖို့ လုံလောက်တာထက် ပိုပါသေးတယ် ဘာလို့ ဒီလောက်အများကြီးလိုတာလဲ။ ဒီလောက် ငွေအများကြီးကို ကျွန်မနဲ့ထားရင် လမ်းတောင် ကောင်းကောင်းလျှောက်နိုင်မှာ မဟုတ်ဘူး။ ကျုံးမင်းဝေ၊ ကျွန်မကို ဒုက္ခမပေးပါနဲ့”

ကျုံးမင်းဝေက သူမ ငွေသုံးဖို့ ဝန်လေးနေတာ သိသည်။ မဟုတ်ရင် ပြားတစ်ရာ ပေးလိုက်မိမှာပင်။

“ကိုယ့်ရဲ့ စားချင်စိတ်ကို ဖြည့်ဆည်းပေးတယ်လို့ပဲ သဘောထားလိုက်ပါ။ အရသာရှိတာ မြင်ရင် ကိုယ့်အတွက် ဝယ်ပေးလေ၊ ဟုတ်ပြီလား”

“အပြင်က ကျွန်မ ချက်တာလောက် ဘာမှ မကောင်းဘူး”

သူမ၏ မဲ့ဆူနေသည့် မျက်နှာကို မြင်သောအခါ ကျုံးမင်းဝေက မရယ်ဘဲ မနေနိုင်ပေ။

ခဏအကြာတွင် ကျုံးမင်းဝေက ညင်သာစွာ ပြောလိုက်သည်။

“မင်းချက်တာ အရမ်း အရသာရှိတယ်။ ကိုယ် တစ်သက်လုံး စားနိုင်တယ်။ ဒီဘဝတင် မဟုတ်ဘူး၊ နောက်ဘဝမှာရော၊ နောက်ဘဝပြီးတဲ့ နောက်ဘဝတွေမှာပါ စားနိုင်တယ်။ ကိုယ် ဘယ်တော့မှ မရိုးနိုင်ဘူး”

အခန်း ၂၀၆။

“ကောင်းပြီ၊ ကျွန်မ သဘောတူ၊ မတူဆိုတာပေါ်ပဲ မူတည်တယ်လေ”

အားချိုးက ဝင့်ကြွားစွာ ပြန်ပြောလိုက်သည်။ သူမ မျက်နှာလေး နီရဲနေပေမယ့် ကျုံးမင်းဝေရှေ့မှာတော့ ခေါင်းမော့ထားဆဲပင်။

“ရှင်က ကျွန်မ ချက်တာကို အဲ့လောက်တောင် ကြိုက်မှတော့ ဒီဘဝမှာ ကောင်းကောင်းမွန်မွန် နေပေါ့။ ဘာလို့လဲဆိုတော့ နောက်ဘဝကျရင် ရှင်စားရ၊ မစားရဆိုတာက ဒီဘဝမှာ ရှင်ဘယ်လောက် ကောင်းကောင်းမွန်မွန်နေလဲဆိုတာပေါ်မှာ လုံးဝမူတည်နေလို့ပဲ”

“ကိုယ်က ကောင်းကောင်းမွန်မွန် မနေဘူးလား”

ကျုံးမင်းဝေက ညင်သာစွာ ရယ်မောလိုက်ပြီး အားချိုးရဲ့ နဖူးလေးကို သူ့နဖူးနဲ့ ဖိကပ်လိုက်သည်။ ထို့နောက် သူမရဲ့ ဝိုင်းစက်ကာ အနည်းငယ် ကော့နေတဲ့ နှာခေါင်းလေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ပြုံးပြီးတော့ သူက ဆက်ပြောသည်။

“ခုနကတောင် မင်း ပြုံးလိုက်သေးတယ်လေ၊ အဲ့ဒါ ကျေနပ်သွားတာပဲ”

အားချိုး ရှက်ရမ်းရမ်းပြီး ဘာလုပ်ရမှန်း မသိတော့ ပေ။ ကျုံးမင်းဝေ ဒီလိုနောက်ပြောင်တာကို သူမ မုန်းသော်လည်း သူကတော့ အမြဲတမ်း မျက်နှာပြောင်ပြောင်နဲ့ ပြောတတ်သည်။ စိတ်တိုတိုနဲ့ သူ့ရင်ဘတ်ကို အားမထည့်ဘဲ ပေါ့ပေါ့ပါးပါးလေး ထိုးကြိတ်လိုက်သည်။

“အေးပါ၊ အေးပါမပြောတော့ပါဘူး ဟားဟား”

ကျုံးမင်းဝေက သူမရဲ့ လက်တွေကို ဖမ်းပြီး အကြိမ်ကြိမ် နမ်းရှိုက်လိုက်တာနဲ့ ပျော်ရွှင်လွန်းလို့ အသက်ရှူဖို့တောင် မေ့သွားမတတ်ပင်။

“ဟွန့်”

အားချိုးက သူ့ကို စူးစိုက်ကြည့်ပြီး နှုတ်ခမ်းဆူလိုက်သည်။

“အဲ့လောက် မကပ်တွယ်စမ်းပါနဲ့။ ကျွန်မ တောင်အောက် ဆင်းရဦးမယ်။ ရှင် ဒီလို ဆက်ဖက်ထားရင် ကျွန်မ ဘယ်လိုလုပ် သွားလို့ရမှာလဲ”

ကျုံးမင်းဝေက သူမရဲ့ လက်ကို လွှတ်လိုက်ပြီး ထို့နောက် လက်အိတ်၊ ဦးထုပ်၊ ပုဝါတွေကို သွားယူကာ သူမကို သေချာ ဂရုစိုက်ပြီး ဝတ်ပေးလိုက်သည်။

“မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့။ ပိုက်ဆံတွေ သွားယူပြီးတော့ ကုန်ပစ္စည်းတွေ သယ်ဖို့ စိတ်ချရတဲ့လူတွေ ရှာခဲ့”

“သိပါတယ်၊ သိပါတယ်၊ တောင်အောက်ဆင်းတိုင်း ရှင်က ပူပန်တာတွေ ပြောနေတာပဲ၊ ဒါ ကျွန်မ ပစ္စည်းသွားဝယ်တာ ပထမဆုံးအကြိမ်မှ မဟုတ်တာ”

အားချိုးက စိတ်မရှည်တဲ့ပုံ ပေါက်နေပေမယ့် သူ ဦးထုပ်၊ ပုဝါ၊ လက်အိတ်တွေ ဝတ်ပေးတာကိုတော့ ခွင့်ပြုထားခဲ့သည်။ အားလုံး ဝတ်ပြီးတာနဲ့ သူမ သွားဖို့ အသင့်ဖြစ်နေပြီပင်။ သို့ပေမယ့် သူမက သူ့ရင်ခွင်ထဲမှာပဲ ဆက်တိုးဝှေ့နေပြီး ခွဲခွာဖို့ကို မလိုချင်ခဲ့။ ခုနကမှ သူ့ကို ကပ်တွယ်တယ်လို့ အပြစ်တင်နေတဲ့ ကောင်မလေးဟာ အခုတော့ သူ့လက်ထဲမှာ ကပ်စေးနဲသကြားလုံးလေးလို တိုးဝှေ့နေတော့သည်။

“ကျုံးမင်းဝေ၊ ရှင့်ခြေထောက်ဒဏ်ရာ ပျောက်ရင် ကျွန်မတို့ တောင်အောက် အတူတူဆင်းရအောင်နော်”

“လှည်းမောင်းဖို့ တခြားလူ မလိုတော့ဘူး။ ရှင်က မောင်း၊ ကျွန်မ ဘေးကထိုင်ပြီး ရှင် ကြိုက်တဲ့သီချင်းဆိုပေးမယ်”

ကျုံးမင်းဝေရဲ့ ရင်ထဲမှာ ချိုမြိန်ခြင်းတွေ ပြည့်လျှံလာသလို၊ အနည်းငယ် ခါးသက်ခြင်းတွေလည်း ပါဝင်နေသည်။ သူမရဲ့ ဝိုင်းစက်ကာ အနည်းငယ် ကော့နေတဲ့ နှာခေါင်းလေးကို နမ်းလိုက်ပြီး ပြုံးလျက်

“ဒါဆိုဒယ်လီယမ် နဲ့ အကိုလွီ တို့လိုမျိုးပေါ့ ဒါပေမယ့် မင်းက သီချင်းကို ဘယ်တော့မှ အဆုံးထိ မဆိုဘူး”

“ကျွန်မကို အထင်မသေးနဲ့တစ်နေ့ကျရင် ရှင်ကြိုက်တဲ့သီချင်း အဆုံးထိ ဆိုပြမယ်”

အားချိုးက ရင်ဘတ်ကော့ပြီး ကျုံးမင်းဝေကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့ဆီကနေ ခုန်ဆင်းသွားသည်။ ပုဝါကို ပြန်တင်းကျပ်လိုက်ပြီး တံခါးဆီကို အမြန်သွားတော့သည်။

ဒီလို ခေါင်းမာတဲ့ ကောင်မလေး။

ကျုံးမင်းဝေက မပြုံးဘဲ မနေနိုင်ဘဲ ခေါင်းခါလိုက်သည်။ သို့ပေမယ့် ထို့နောက် ခန်ပေါ်က ပန်းရောင်ရှိပြီး နူးညံ့တဲ့ ခေါင်းအုံးလေးကို ကြည့်လိုက်တော့ သူ့အပြုံးတွေ ပျောက်ကွယ်သွားသည်။ သူ လက်လှမ်းပြီး ခေါင်းအုံးလေးကို သူ့ပေါင်ပေါ် ဆွဲယူကာ ညင်သာစွာ ပွတ်သပ်နေတော့သည်။ သူမ ခုနကမှ ထွက်သွားတာတောင် သူ လွမ်းနေပြီပင်။ ကျန်တဲ့တစ်နေ့တာကို ဘယ်လို ဖြတ်သန်းရမလဲ။

“ကျုံးမင်းဝေ၊ ရှင် ငါးပေါင်း ထပ်စားချင်သေးလား စားချင်ရင် ကျွန်မ-“

အားချိုးက ရုတ်တရက် တံခါးကို တွန်းဖွင့်ပြီး ပြန်ဝင်လာတော့ ကျုံးမင်းဝေက ကလေးတစ်ယောက်လို ပန်းရောင်ခေါင်းအုံးလေးကို ကိုင်ထားတာကို မြင်လိုက်ရသည်။ သူမ တစ်ခဏတော့ စကားပင် မပြောနိုင်ဖြစ်သွားပြီး၊ မျက်လုံးနက်ကြီးတွေက သူ့ပေါင်ပေါ်က ခေါင်းအုံးလေးဆီမှာ စွဲမြဲနေသည်။

ကျုံးမင်းဝေက လုံးဝ စကားမပြောနိုင်ဖြစ်သွားပြီး၊ အရှက်ရမှုက သူ့ကို လွှမ်းခြုံသွားသည်။ သူ မသိမသာ ဟန်ဆောင်လိုက်ပြီး ခေါင်းအုံးသေးသေးလေးကို ခါလိုက်ကာ ခန်ပေါ်ကို ပြန်တင်လိုက်သည်။ ထို့နောက် ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး

“ခေါင်းအုံးမှာ ဖုန်တွေ နည်းနည်း ကပ်နေလို့ ကိုယ်သုတ်ပေးနေတာ”

အားချိုးက သူ့ဆင်ခြေကို မဖော်ထုတ်တော့ ပေ။ သူမ ရင်ထဲမှာ ချိုမြိန်ခြင်းတွေ ပွက်လောရိုက်နေသည်။ ပျားရည်တွေ လျှံကျနေသလိုပင်။ သူမ သွားတော့မယ်လို့ ပြောနေပေမယ့် သူ့ဆီကို တဖြည်းဖြည်း တိုးလာပြီး သူ့ရှေ့တည့်တည့်မှာ ရပ်လိုက်သည်။ သူမက ကိုင်းညွတ်လိုက်ပြီး သူ့နှုတ်ခမ်းဖူးဖူးလေးတွေဆီကို ညင်သာစွာ ဖိကပ်လိုက်ကာ တီးတိုးပြောလိုက်သည်။

“ကျွန်မ ပြန်လာရင် ငါးပေါင်း လုပ်ပေးမယ်နော် အဆင်ပြေလား”

ကျုံးမင်းဝေက အားချိုး နမ်းလိုက်တော့ ရှက်ရွံ့ခြင်းတွေ မရှိတော့ ပေ။ သူမရဲ့ ပုဝါကို ပြန်ပြင်ပေးလိုက်ပြီး သူမရဲ့ နဖူးကို နမ်းလိုက်ကာ

“အင်း၊ အခု သွားတော့မယ်”

အားချိုးက ပြန်ဖြေလိုက်သည်။ ထို့နောက် သူမက နူးညံ့သည့်ပန်းရောင်ခေါင်းအုံးလေးကို ယူပြီး ကျုံးမင်းဝေရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။ သူ့မျက်လုံးတွေထဲက ရှုပ်ထွေးမှုနဲ့ ရှက်ရွံ့ခြင်းတွေ မြင်လိုက်ရတော့ အားချိုးက ဆိုးဆိုးသွမ်းသွမ်း ပြုံးလိုက်သည်။

“ဒီခေါင်းအုံးမှာ တကယ် ဖုန်တွေ အများကြီးပဲ။ အချစ်ကျွန်မအတွက် ခါပေးပါဦး။ ကျွန်မ ပြန်လာရင် မုန့်တွေနဲ့ ဆုချမယ်”

“ကောင်းပြီ”

ကျုံးမင်းဝေက ခေါင်းအုံးကို ပွေ့ဖက်ပြီး ရယ်မောလိုက်တော့ သူ့မျက်လုံးထောင့်စွန်းတွေမှာ အရေးအကြောင်းတွေ ထွက်ပေါ်လာသည်။

“ကောင်မလေး၊မင်း ကတိတည်ရမယ်နော်”

အခန်း ၂၀၇။

ကောင်မလေးသည် မြန်မြန်ပြန်လာမည်ဟု အကြိမ်ကြိမ် ကတိပေးခဲ့သော်လည်း ညနေစောင်းမှသာ ပြန်ရောက်လာသည်။

ကျုံးမင်းဝေသည် တစ်နေကုန် စိတ်ဆိုးနေခဲ့သည်။ အားချိုး ထွက်သွားပြီး မကြာမီတွင် အပြင်ဘက်၌ နှင်းများ သည်းသည်းမည်းမည်း ကျလာသည်။ ဤသည်မှာ နင်းဂုတတွင် ယခုနှစ်၏ ပထမဆုံးနှင်းဖြစ်ပြီး ပေါ့ပေါ့ပါးပါးမဟုတ်ပေ။

အစပိုင်းတွင် နှင်းပွင့်များသည် ဆန်စေ့အရွယ်ခန့် ရှိသော်လည်း မကြာမီတွင် ဘဲမွေးများကဲ့သို့ ကြီးမားလာသည်အထိ ပို၍ကြီးမားလာသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ ဝေးကွာသော တောင်တန်းများသည် ခန့်ညားထည်ဝါစွာ တည်ရှိနေပြီး နှင်းဖြူများ လေထဲတွင် ကခုန်နေသည်မှာ လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးသည်။ သို့သော် ကျုံးမင်းဝေသည် နှင်းကို ကြည့်ရှုခံစားရန် စိတ်မဝင်စားပေ။

သူသည် စိုးရိမ်ပူပန်နေသည်။ အားချိုး နှင်းမိခဲ့ခြင်းရှိ၊ မရှိ သို့မဟုတ် တောင်ပေါ်လမ်းများတွင် နှင်းမည်မျှထူနေသည်၊ သို့မဟုတ် သူမ ပြန်လာသောအခါ လမ်းများချောနေခြင်းရှိ၊ မရှိကို သူ မသိပေ။

ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော ကျုံးမင်းဝေသည် တစ်နေကုန် ဖုတ်ဖက်ခါပြီး ထင်းပူပေါ်ရှိ ကြောင်တစ်ကောင်လို လူးလှိမ့်နေခဲ့သည်။ ခဏခဏဆိုသလို သူသည် နှင်းများ မကြာမီ ရပ်တန့်တော့မည်ကို မျှော်လင့်ရင်း အပြင်ဘက်သို့ ကြည့်လိုက်သည်။

သို့သော် ခြံဝင်းသည် နှင်းဖြူထူထပ်သော အလွှာဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းလာသည်နှင့်အမျှ နှင်းများသည် ဆက်လက်ကျဆင်းနေပြီး ကျုံးမင်းဝေ၏ စိုးရိမ်စိတ်မှာ ပို၍သာ တိုးလာသည်။ သူ နံရံကိုမှီကာ တံခါးဝသို့ တစ်လှမ်းချင်းစီ ရွေ့လျားသွားပြီး အားချိုးကို သွားတွေ့ရန် ရည်ရွယ်လိုက်သည်။ သို့သော် အိပ်ခန်းမှ အပြင်ခန်းမသို့ ရွေ့လျားရုံမျှဖြင့်ပင် သူ တုန်ယင်နေသည်ကို ထောက်ရှုလျှင် ဤရာသီဥတု၌ အပြင်ထွက်ခြင်းသည် မကောင်းပေ။ သူ ခြံဝင်းမှပင် မထွက်နိုင်ဘဲ လဲကျသွားနိုင်ပြီး ထို့နောက် အကူအညီထက် ပြဿနာ ပိုဖြစ်လာနိုင်သည်ဟု သူ တွေးမိသည်။

မလိုလားစွာပင် ကျုံးမင်းဝေသည် အိပ်ခန်းသို့ ပြန်လာသော်လည်း မကြာမီတွင် သူသည် ခြေထောက်ကို ဆွဲကာ အပြင်ခန်းမသို့ ပြန်လာပြီး တံခါးဘောင်အားမှီကာ မြေပြင်ပေါ်ရှိ ပို၍ပို၍ထူလာသော နှင်းများကို ကြည့်နေသည်။ စိုးရိမ်စိတ်ကြောင့် သူ့မျက်လုံးများ နီရဲနေသည်။

ပင်ပန်းနွမ်းနယ်စွာ အပြန်အလှန် လှုပ်ရှားပြီးနောက် သူ ဆက်မလှုပ်ရှားနိုင်တော့သည့်အချိန်တွင် အပြင်ဘက်မှ တံခါးဖွင့်သံကို သူ ကြားလိုက်ရပြီး မြင်းတစ်ကောင်၏ အော်သံကိုပါ ကြားလိုက်ရသည်။

ကျုံးမင်းဝေ အမြန်တွားသွားပြီး ပြတင်းပေါက်အက်ကြောင်းမှ ချောင်းကြည့်လိုက်သည်။ အားချိုး တကယ်ပြန်ရောက်လာပြီဖြစ်ကြောင်း သေချာမှ သူ၏ ရင်ထဲတွင် အခြေချသွားသည်။ သို့သော် သူသည် သူမကို အလွန်စိတ်ဆိုးနေသေးသဖြင့် သူမကို သွားမနှုတ်ဆက်ဘဲ ခန်ပေါ်တွင် ဒေါသတကြီး ထိုင်နေသည်။

အားချိုးသည် သူမ၏ ပစ္စည်းများကို တောင်ပေါ်သို့ ပြန်တင်လာရန် ကူညီပေးခဲ့သည့် လှည်းမောင်းသမားကို အထပ်ထပ်ကျေးဇူးတင်နေသည်။ ယနေ့ နှင်းသည် အလွန်သည်းထန်သောကြောင့် လှည်းမောင်းများစွာသည် မတော်တဆမှုများ ကြောက်ရွံ့၍ ခရီးစဉ်ကို ငြင်းဆန်ခဲ့ကြသည်။ အသက်ငါးဆယ်ကျော်ရှိသော ဤလူကြီးသာလျှင် သူမကို ကူညီလိုခဲ့သည်။ အားချိုးသည် အလွန်ကျေးဇူးတင်ရှိပြီး ခရီးစရိတ်အတွက် ကြေးနီဆင့် ရှစ်ရာသဘောတူထားသော်လည်း ရှားရှားပါးပါး စေတနာထက်သန်စွာဖြင့် ငွေတစ်ပြား အပြည့်ပေးလိုက်သည်။

ထိုလူကြီးသည် ငွေကိုယူကာ အားချိုးကို ကျေးဇူးတင်ပြီး သူ၏ လှည်းကို အမြန်မောင်း၍ တောင်အောက်သို့ ပြန်ဆင်းသွားသည်။

တံခါးကို ဂလန့်ထိုးပြီးနောက် အားချိုး အိပ်ခန်းထဲသို့ အပြေးအလွှားဝင်လာပြီး ပျော်ရွှင်စွာ ပြုံးလျက် ခေါ်လိုက်သည်

“ကျုံးမင်းဝေ အပြင်မှာ နှင်းကျနေတယ်”

ကျုံးမင်းဝေသည် ဒေါသထွက်နေပြီး ထိုကောင်မလေးသည် အဘယ်ကြောင့် ဤမျှ ပျော်ရွှင်နေသည်ကို နားမလည်နိုင်ပေ။ သူသည် ခေါင်းငုံ့ထားပြီး သူမကို လျစ်လျူရှုထားသည်။

သူ၏ စိတ်ဆိုးနေသည်ကို သတိမထားမိဘဲ အားချိုးသည် ကုတ်အင်္ကျီယူရန် ဘေးခန်းသို့ ပြေးသွားနေစဉ် စိတ်လှုပ်ရှားစွာ ဆက်ပြောနေသည်။

“လာပါ၊ ထပါ နှင်းသွားကြည့်ရအောင်။ ကျွန်မ နှင်းကျဖို့ အကြာကြီး စောင့်နေခဲ့တာ၊ အခုတော့ ကျလာပြီ၊ ပြီးတော့ အများကြီးပဲ ဘယ်လောက်တောင် ကောင်းလိုက်လဲ”

ကျုံးမင်းဝေက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် သူမ အဘယ်ကြောင့် နှင်းကျသည်အား ဤမျှ စိတ်အားထက်သန်နေသည်ကို နားမလည်နိုင်ပေ။ သူမကို လှမ်းကြည့်လိုက်ရာ သူမသည် နှင်းအလွှာဖြင့် ဖုံးလွှမ်းနေသည်ကို သတိပြုမိလိုက်သည်။ သူ့မျက်နှာ မည်းမှောင်သွားပြီးအေးစက်စွာ ဆူပူလိုက်သည်။

အားချိုးသည် နောက်ဆုံးတွင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ သူမသည် နှင်းများကို စတင်ခါထုတ်ပြီး တိုးတိုးလေး ရေရွတ်သည်။

“နှင်းပဲလေ၊ မိုးမှ မဟုတ်တာ။ စိုရွှဲသွားမှာ မဟုတ်ဘူး၊ ဒါဆို ဘယ်လိုလုပ် ဖျားမှာလဲ”

သူမသည် အခြေအနေ၏ ပြင်းထန်မှုကို နားမလည်ဟန်ရှိသည်ကို မြင်သောအခါ ကျုံးမင်းဝေသည် ပို၍ပင် ဒေါသထွက်လာသည်။ သူသည် သူမကို အော်ဟစ်လိုသော်လည်း အေးသောကြောင့် နီရဲနေသော သူမ၏ ပါးပြင်များကို မြင်သောအခါ သူ၏ စကားများကို မြိုချလိုက်သည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူမဘက်သို့ ကျောခိုင်းကာ စကားမပြောဘဲ နေလိုက်သည်။

အားချိုးသည် ခန်၏ အစွန်းတွင် သတိထားစွာ ထိုင်လိုက်သည်။ ကျုံးမင်းဝေ၏ တောင့်တင်းနေသော ကျောပြင်ကို ကြည့်ရင်း သူ ဤတစ်ကြိမ်တွင် တကယ် စိတ်ဆိုးနေကြောင်း သူမ သိလိုက်သည်။ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် သူ့ကို တွန်းရန် လက်လှမ်းလိုက်သည်။ သူ လှုပ်ရှားသွားသော်လည်း သူမနှင့် စကားမပြောရန် ဆုံးဖြတ်ထားဟန်ဖြင့် ပို၍ ဝေးရာသို့ ရွှေ့သွားလေသည်။

“စိတ်မဆိုးပါနဲ့”

အားချိုးက တီးတိုးပြောရင်း ခန်ပေါ်သို့ တက်ကာ ကျုံးမင်းဝေကို နောက်ကွယ်မှ ရှက်စိတ်မရှိစွာ ဖက်လိုက်ပြီး သူမ၏ နဖူးကို သူ့ကျောပြင်ပေါ် တင်ထားလိုက်သည်။

“ကျွန်မ မချမ်းဘူး၊ တကယ်ပါ။ ကျွန်မ ကောင်းပါတယ်။ စိတ်မဆိုးပါနဲ့နော်”

ကျုံးမင်းဝေသည် ထပ်မံလှုပ်ရှားပြီး စိတ်ဆိုးနေလိုသော်လည်း နောက်ဆုံး သူ၏ ရင်ထဲတွင် နူးညံ့သွားရသည်။ ခဏအကြာတွင် သူသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဘာလို့ ဒီလောက် နောက်ကျမှ ပြန်လာတာလဲ။ နှင်းတွေကျလို့ လမ်းတွေ ခက်ခဲနေမှာပဲ”

All Chapters