← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 7 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 7 Ch. 211-213

အခန်း ၂၁၁။

တိတ်ဆိတ်တဲ့ ညတွေ အများကြီး၌ သူ ဒီဘဝမှာ ဘာအတွက် ရှိနေတာလဲဟု တွေးမိလိမ့်မည်။ ဒီဘဝရဲ့ ပျော်ရွှင်မှုနဲ့ ကိုယ်ကျင့်တရားအတွက် အာဏာအရှိဆုံးနေရာကို လုယူဖို့ တန်ရဲ့လားဟု တွေးမိသည်။ သို့ပေမယ့် သူက သူ့သွားတွေကို ကျစ်ကျစ်ပါအောင် ကိုက်ပြီး အဆုံးထိ သွားရုံသာ တတ်နိုင်သည်။

သို့သော် နောက်ပိုင်းမှာ သူ သူ့ကိုယ်သူ တန်ဖိုးမထားတော့နိုင်ပေ။ နင်းဂုတရဲ့ အေးစက်တဲ့ ဆောင်းညမှာ သူ မာကျောတဲ့ အိပ်ရာပေါ်မှာ လေဖြတ်ပြီး လဲနေခဲ့ရသည်။ သူ့မျက်လုံးတွေက အခန်းရဲ့ မျက်နှာကျက်ပေါ်က တဖြုတ်ဖြုတ်ကျနေတဲ့ ပင့်ကူအိမ်ကို တည့်တည့် စိုက်ကြည့်နေရင်း အကြိမ်များစွာ သေခြင်းကို တွေးခဲ့ပေမယ့် မလိုလားခဲ့ ပေ။

ဘာလို့ မလိုလားတာလဲ။

ဒီလို အရှက်ရစရာကောင်းတဲ့ အခြေအနေမှာ သေရမှာ မလိုလားသလို ဒီလို တန်ဖိုးမရှိတဲ့ ဘဝကို ပိုင်ဆိုင်ရမှာလည်း မလိုလား ပေ။

နောက်ပိုင်းမှာ ကောင်မလေး ရောက်လာသည်။ ကြောက်တတ်တဲ့ ကောင်မလေးရဲ့ မျက်လုံးနက်နက်တွေက သူ့ခေါင်းပေါ်က ကောင်းကင်ကို အားနဲ့ မတင်ထားပေးသည်။

ဒါကြောင့် သူ့ရဲ့ မလိုလားမှုတွေဟာ ပြန်လည်သင့်မြတ်သွားသည်။ သူ့ရဲ့ တန်ဖိုးမရှိမှုတွေဟာလည်း တန်ဖိုးရှိလာသည်။

အားချိုးက ညင်ညင်သာသာ ပြောသည်။

ကြမ်းတမ်းနေတဲ့ အိမ်လေးထဲမှာ နှစ်ယောက်သား မျက်ရည်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြသည်။

ကျားရှန် ၃၂ နှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် နင်းဂုတ တည်ဆောက်ပြီးစီးခဲ့၏။

အားချိုးက ပုံမှန်ထက် စောစော နိုးလာသည်။ အချိန်က မှောင်နေတုန်းပင်။ ကျူံးမင်းဝေကတော့ သူမ လည်ပင်းအောက်မှာ လက်တစ်ဖက်ထားပြီး ခါး၌ ကျန်တစ်ဖက်ကို တင်ကာ အိပ်ပျော်နေသေးသည်။ မနေ့ညက အိပ်ရာမဝင်ခင် အားချိုးကို ကျူံးမင်းဝေက ကြံသကာဂျင်းပြုတ်ရည် တစ်ပန်းကန်ကြီး သောက်ခိုင်းခဲ့သည်။ ဒီအချိန်မှာ အားချိုးက နည်းနည်း အိုက်နေပြီး ထသင့်ပေမယ့် အားချိုးက မထချင် ပေ။ ကျူံးမင်းဝေရဲ့ ပွေ့ဖက်မှုထဲမှာ နေရတာ အရမ်း သက်တောင့်သက်သာ ရှိသည်။ အားချိုးက သူ့ရဲ့ ဆံပင်တစ်ပင်ချင်းစီကိုတောင် သက်တောင့်သက်သာ ခံစားနေရသည်။

တကယ်တော့ အစပိုင်းမှာ အားချိုးက ယောက်ျားရဲ့ လက်မောင်းပေါ်မှာ အိပ်ရတာ အဆင်မပြေ ပေ။ သူမ လည်ပင်းက အမြဲတမ်း ကိုက်ခဲတတ်ပြီး ကျူံးမင်းဝေရဲ့ လက်မောင်းလည်း သုံးလေးနာရီလောက်ဆို ထုံကျင်သွားသည်။ သူမက ကျူံးမင်းဝေကို အဲဒီညက သူ့ရဲ့ လက်မောင်းပေါ်မှာ မအိပ်ချင်ကြောင်း ညည်းညူခဲ့ပြီး သီးခြား အိပ်လိုက်ကြသည်။ သို့ပေမယ့် နောက်မနက်မှာတော့ အားချိုးက သူ့ကိုယ်သူ ယောက်ျားရဲ့ လက်မောင်းပေါ်မှာ အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။ အားချိုးက မျက်နှာကို လက်နဲ့ ကြာကြာ ပွတ်သပ်လိုက်သည်။ သူမဘာသာ ဝင်သွားတာလား အကြံရှိတာလား မသိတော့ပေ။

သူမ အဲဒီအကြောင်းကို မစဉ်းစားချင်တော့ပေ။ ဒါပေမယ့် သူမ မသိခဲ့တာက ညဘက် အိပ်ပျော်သွားတဲ့အခါ အားချိုးက ကျူံးမင်းဝေရဲ့ လက်မောင်းကို ဆွဲယူပြီး သူမ ခေါင်းအောက်မှာ ထားလိုက်ခြင်းပင်။ ထိုအချိန် ကျူံးမင်းဝေက သူမရဲ့ ခါးကို ဖတ်ပြီး ခဏလောက် တိတ်တဆိတ် ပြုံးနေခဲ့သည်။

အခု ကြာလာတော့ သူတို့ အသားကျသွားပြီပင်။ အားချိုးက လည်ပင်း မကိုက်ခဲတော့ဘဲ အခု ယောက်ျားရဲ့ လက်မောင်းပေါ်မှာ မမှီဘဲ အိပ်လို့တောင် မရတော့ ပေ။

“နိုးပြီလား”

အားချိုးက ကျူံးမင်းဝေရဲ့ လက်ကို ကိုင်ပြီး ညင်ညင်သာသာ ပွေ့ဖက်လျက် သူ့ရဲ့ ပွေ့ဖက်မှုကို ခံယူထားသည်။ သူမနောက်က ယောက်ျားက အသံတိုးတိုးနဲ့ မေးလာသည်။

“မနေ့ညက လူတွေကို ကြံသကာဂျင်းပြုတ်ရည် တိုက်ခဲ့တာ ဘယ်သူလဲ”

ကျူံးမင်းဝေက ပြုံးရင်း အားချိုးရဲ့ ဗိုက်ကို ပွတ်သပ်ပြီး သူမရဲ့ ပါးကို နမ်းလိုက်သည်။

အားချိုးက ရှက်ရွံ့စွာ ပြောပြီး ကျူံးမင်းဝေရဲ့ လက်ကို ပုတ်ကာ ညည်းညူသည်။

“မပွတ်နဲ့တော့။ မကိုက်တော့ဘူး။ ရှင်က ပွတ်နေတုန်းပဲ...”

“အင်း၊ ဘာမှ မဟုတ်ပါဘူး”

ကျူံးမင်းဝေရဲ့ စိုးရိမ်မှုကို နားမလည်နိုင်တဲ့ အားချိုးက ပြောသည်။ ကျူံးမင်းဝေရဲ့ မျက်မှောင်ကြုတ်နေတာကို မြင်တော့ အားချိုး ပိုရှက်သွားသည်။

ကျူံးမင်းဝေ ရှက်ရွံ့မနေ ပေ။ သူက အားချိုးကို တည်တည်ငြိမ်ငြိမ် မေးသည်။

အားချိုးက ရုတ်တရက် စကားထစ်သွားပြီး ကျူံးမင်းဝေရဲ့ မျက်လုံးတွေကို ရှောင်ဖယ်ပြီး တိုးတိုးလေး ပြောသည်။

“ဝယ်မယ်လို့ မင်း မပြောခဲ့ဘူးလား”

ကျူံးမင်းဝေက အေးစက်တဲ့အသံနဲ့ ပြောသည်။

“အာ”

အားချိုးက ရုတ်တရက် ပါးစပ်ကို လက်နဲ့ အုပ်ပြီး ရှက်ရွံ့စွာနဲ့ ကျူံးမင်းဝေကို ကြည့်သည်။

“ကျွန်မဒီတိုင်းပဲ ပြောလိုက်တာ...”

ကျူံးမင်းဝေက သူမကို ဂရုမစိုက်တော့ ပေ။ သူက မျက်နှာတင်းနေကာ အားချိုးကို ကြည့်ပြီး ရုတ်တရက် လှည့်သွားလေသည်။

အခန်း ၂၁၂။

“ကျွန်မ မဝယ်ချင်ဘူး။ တကယ် မဝယ်ချင်တာ...”

အားချိုးက စိုးရိမ်တကြီး တောင်းပန်သည်။ သူက နောက်ကနေ ကျူံးမင်းဝေကို ဖက်ဖို့ သွားပေမယ့် အကြိမ်ပေါင်းများစွာ ဖက်ပြီးနောက် ကျူံးမင်းဝေက သူမကို တွန်းထုတ်လိုက်သည်။ အားချိုးက အရမ်း စိုးရိမ်ပြီး ငိုတော့မလို ဖြစ်သွားသည်။

“ဟုတ်တယ်၊ ကျွန်မ မဝယ်ချင်ဘူး။ အချိန်အကြာကြီး လုပ်ထားတဲ့ ပန်းထိုးအလုပ်ခက မြည်းစေး ဆေးရည် နှစ်ခုပဲ ဝယ်ဖို့ လုံလောက်တယ်။ ကျွန်မ ဘယ်လိုလုပ် တတ်နိုင်မှာလဲ”

“ဒါဆို မင်း ဘာလို့ ဒါကို ကိုယ့်အတွက် ဝယ်ချင်တာလဲ”

ကျူံးမင်းဝေက ရုတ်တရက် ထထိုင်ပြီး သူ့ကိုယ်ပေါ်က ပိုးသားအကျီအသစ်ကို ဆွဲယူကာ အားချိုးကို စိုက်ကြည့်သည်။

“မင်းက ငှက်သိုက်နဲ့ မြည်းစေး ဆေးရည် ဝယ်ဖို့ တွန့်ဆုတ်နေပေမယ့် ကိုယ့်အတွက်ကျတော့ ဝတ်စုံ လုပ်ဖို့ ပိုးသားငါးပေကို ဝယ်ဖို့ ဆန္ဒရှိနေတာလား”

ကျူံးမင်းဝေက ဒေါသထွက်ရတာကို မကြိုက်တဲ့သူဖြစ်သည်။ သို့သော်လည်း သူက အားချိုးကို ဒေါသထွက်နေသည်။ ဒီအချိန်မှာ သူက ချောမွတ်ကာ လက်ထဲက မလွတ်တဲ့ သူ့ရဲ့ ပိုးသားညအိပ် ဝတ်စုံကို ဒေါသထွက်နေပြီး အခုထိ အထည်စတွေနဲ့ ဖာထေးထားတဲ့ အားချိုးရဲ့အင်္ကျီကိုလည်း ဒေါသထွက်နေသည်။

အားချိုးက ကျူံးမင်းဝေရဲ့ နူးညံ့ပြီး ရက်ရောတဲ့ ပုံစံကို အမြဲမြင်နေကျမို့ ကြောက်လန့်သွားသည်။ ဒီအချိန်မှာ ဒေါသထွက်နေတဲ့ ကျူံးမင်းဝေကို ဘာမှ မပြောနိုင် ပေ။ သူမက

“ဘာလို့ ညအိပ်ဝတ်စုံမပါဘဲ အိပ်လို့ မရတာလဲ၊ ဘာလို့ ဒီညအိပ်ဝတ်စုံကို ကိုယ်က ဝတ်ရမှာလဲ၊ ကိုယ့်လို အဘိုးကြီးတစ်ယောက်က ဘာကြောင့် ဒီလောက် ဈေးကြီးတာဝတ်သင့်တာလဲ”

ကျူံးမင်းဝေရဲ့ နှလုံးသားက နာကျင်နေသည်။ သူက ခေါင်းငုံ့နေတဲ့ အားချိုးကို စိုက်ကြည့်ရင်း သွားတွေကို ကြိတ်လိုက်သည်။

“မင်းဝတ်ထားတဲ့ ညအိပ်ဝတ်စုံကို ကြည့်၊ ကိုယ်လည်း မင်းလို အဝတ်စုတ်တစ်ခု ဝတ်ရုံနဲ့ ရတယ်၊ ဘာလို့ ကိုယ်က ပိုးသားအိပ်ဝတ်စုံ ဝတ်ရမှာလဲ”

“ဒါ မတူဘူး... ရှင်ကကျွန်မ နဲ့ မတူဘူး...”

အားချိုးရဲ့ မျက်လုံးတွေ နီရဲနေသည်။ သူမက ကျူံးမင်းဝေကို ကြည့်ပြီး ခေါင်းငုံ့လိုက်သည်။ သူမ တုန်ယင်စွာနဲ့ ပြောသည်။

“ကျွန်မ မလိုချင်ဘူး... ရှင့် မတရားခံရတာမျိုး မလိုချင်ဘူး...”

ကျူံးမင်းဝေက အားချိုးရဲ့ ပုံစံကို ကြည့်ပြီး သူ့နှလုံးသား နာကျင်တော့မလို ဖြစ်သွားသည်။ အစက သူ့အသံမှာ အသံက အေးစက်ပြီး မာကျောနေပေမယ့် ယခုတော့ နူးညံ့သွားသည်။ သူက လက်ကို ဆန့်ထုတ်ပြီး အားချိုးရဲ့ လက်ကို ကိုင်ကာ သက်ပြင်းချ၍

“ကောင်မလေး၊ မင်း ကိုယ့်ကို ဒီလို မဆက်ဆံသင့်ဘူး။ ကိုယ်ကတော့ တစ်နေကုန် စားသောက်နေပေမယ့် မင်းမှာ ကောင်းမွန်တဲ့ အဝတ်အစားတောင် မရှိဘူး။ ကိုယ် သက်တောင့်သက်သာ ခံစားရမယ်လို့ မင်း ထင်တာလားကောင်မလေး၊ မင်းက ကိုယ် မတရားခံရတာကို မလိုလားဘူးတဲ့။ ကိုယ်ကရော မင်း ဒုက္ခခံရတာကို မြင်ချင်မှာလား”

“ကျွန်မ စိတ်မကောင်း မဖြစ်ပါဘူး။ အရင်ကထက် အခု အများကြီး ကောင်းလာပါတယ်”

“ရှင် အရမ်း စိတ်မကောင်း ဖြစ်ခဲ့ရမှာ သေချာတယ်။ ရှင်က မြို့တော်မှာ ပိုကောင်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာ......”

“အင်း”

ကျူံးမင်းဝေက ရုတ်တရက် အားချိုးရဲ့ စကားကို ဖြတ်လိုက်သည်။ သူက အားချိုးရဲ့ မျက်နှာကို ကိုင်ပြီး မျက်တောင်မခတ် ကြည့်ကာ တစ်လုံးချင်းစီ အလေးအနက် ပြောသည်။

“မင်းက ကိုယ့်ကို အမြဲတမ်း တော်ဝင်မျိုးနွယ်ဝင်လို့ သဘောထားပြီး မင်းကိုယ်မင်း ကြမ်းတမ်းတဲ့ အစေခံမလေးလို့ ထင်နေရင် ကိုယ် မင်းကို လက်မထပ်ချင်တော့ဘူး။”

အားချိုးက နှုတ်ခမ်းတွေ တုန်ယင်စွာနဲ့ ကျူံးမင်းဝေကို မေးသည်။

“ကောင်မလေး၊ မင်းကို ကြိုက်လို့ ကိုယ် မင်းကို လက်ထပ်ချင်တာ။ ကိုယ့် နှလုံးသားအနက်ရှိုင်းဆုံးကနေ မင်းနဲ့အတူ ကျန်တဲ့ဘဝကို ကုန်ဆုံးချင်တာ။ မင်းက ကိုယ့်မိသားစုရဲ့ ချွေးမ လို့ ကိုယ်ခံယူထားတယ်။ ဒါပေမယ့် ကောင်မလေး၊ မင်းက မင်းကိုယ်မင်း အစေခံမလေးလို့ပဲ ထင်နေရင် ကိုယ်လက်ခံနိုင်မှာ မဟုတ်ဘူး။ မင်း စိတ်မကောင်း မဖြစ်ဘူးဆိုပေမယ့် ကိုယ်ကတော့ မင်းအတွက် စိတ်မကောင်း ဖြစ်တယ်။ ကိုယ် ထုတ်မပြောပေမယ့် ကိုယ့်မှာ မင်းနဲ့အတူ ထာဝရ နေထိုင်ဖို့ စိတ်ဆန္ဒ ရှိတယ်။ ကောင်မလေး၊ မင်း ကိုယ့်ဇနီး အဖြစ်နေပြီး အတူတူ ကောင်းဆိုး ဝေမျှခံစားခွင့်ကို မဆုံးရှုံးစေသင့်ဘူး။”

ကျူံးမင်းဝေက အသံနိမ့်နဲ့ ပြောပြီး သူ့လက်ညှိုးထိပ်က အားချိုးရဲ့ ခြောက်သွေ့တဲ့ နှုတ်ခမ်းတွေကို ညင်ညင်သာသာ ပွတ်သပ်ရင်း သက်ပြင်းချသည်။

အားချိုးရဲ့ မျက်လုံးတွေ စိုစွတ်နေပြီး ငိုတော့မလို ဖြစ်ပေမယ့် သူမ မငိုနိုင် ပေ။ သူမ မျက်နှာကို ကျူံးမင်းဝေရဲ့ လက်ဝါးထဲ မြှုပ်ပြီး ပွတ်သပ်လိုက်သည်။ ထို့နောက် အချိန်ကြာမှ ပြန်အဆင်ပြေသွားသည်။

ကျူံးမင်းဝေက သူမ ဘာပြောနေမှန်း မသေချာပေ။ သူ အချိန်ခဏလောက် အံ့သြနေပြီး အားချိုးကို မော့ကြည့်လိုက်သည်။ သူမက အလျင်အမြန် ထပြီး အဝတ်အစားတွေ ဝတ်ဆင်ကာ ကျူံးမင်းဝေကို အသံကျယ်ကျယ်နဲ့ တိုက်တွန်းသည်။

“မိုးလင်းတော့မယ်။ရှင်ဘာလုပ်ဦးမလို့လဲ၊ မြန်မြန် ထပြီး မီးဖိုပြီး ရေနွေးတည်။ ဒီနေ့ ကျွန်မ ပေါင်မုန့် ပေါင်းရမယ်။ ဘယ်လောက်ကြာမလဲ မသိဘူး။ ရှင် နောက်ကျလို့ မရတော့ဘူးနော်၊ မဟုတ်ရင် နေ့လယ်မှာ ကျွန်မတို့ ပူပူနွေးနွေး ဟင်းရည် မသောက်ရပဲ‌နေမယ်”

ကျူံးက ရယ်မောရင်း စောင်ထဲက နွေးထွေးတဲ့ သိုးမွှေးဘောင်းဘီအား ထုတ်ကာ အားချိုးကို ပေးလိုက်သည်။

“အပြင်မှမထွက်တာ ပိုးသားဘောင်းဘီကို ဘယ်မှာ ဝတ်ရမှာလဲ အခန်းထဲမှာ အခုထိ နွေးနေတုန်းပဲ”

အခန်း ၂၁၃။

“ဒီရက်ပိုင်း ဝတ်ရမှာပဲ”

ကျူံးမင်းဝေ ဘာမှ မပြော ပေ။ သူက အားချိုးအတွက် ခန်ပေါ်မှာ သူ့ဘာသာသူ ဝတ်ပေးသည်။ ဒီအခန်းထဲမှာ နွေးထွေးပေမယ့် အားချိုးက အပြင်ခန်းကို ခဏခဏ သွားတတ်သည်။ အပြင်ခန်းက အရမ်းအေးပေသည်။ ဒါ့အပြင် အားချိုးက ဒီရက်ပိုင်း အအေးကြောက်ရသည်။

“ဝတ်ပြီးရင် လျှောက်ရတာ ခက်တယ်”

ဘောင်းဘီကြိုးကို ချည်ရင်း အားချိုးက ညည်းညူသည်။ သူမ အိပ်ရာပေါ်က ခုန်ဆင်းပြီး ကျူံးမင်းဝေအတွက် ခြေအိတ်ယူကာ ဝတ်ပေးသည်။ ပြီးတော့ သူ့ဒူးကို ပွတ်သပ်ရင်း မေးသည်။

“ဒီနေ့ ဘယ်လိုနေလဲ၊ အိပ်ရာထဲက ထနိုင်လား”

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျူံးမင်းဝေရဲ့ ဒူးတွေက မသက်မသာ ဖြစ်နေသည်။ သူ နှစ်ရက်လုံး အိပ်ရာထဲမှာ နေပြီး မထနိုင်ပေ ။ သူ့အတွက် အားချိုး အရမ်း စိုးရိမ်နေသည်။ ကံကောင်းထောက်မစွာဖြင့် အိမ်မှာ နန်းတော်က လိမ်းဆေးအနည်းငယ် ရှိသည်။ နင်းဂုတရဲ့က လိမ်းဆေးထက် ဒီဟာက အများကြီး ပိုထိရောက်သည်။ ကျူံးမင်းဝေ ရက်အတော်ကြာ လိမ်းပြီးနောက် သူ ပိုသက်သာလာသည်။

“ဟုတ်တယ်၊ အများကြီး ကောင်းလာပြီ။ မထနိုင်ရင် လဲနေမှာပေါ့”

ကျူံးမင်းဝေသည် အရင်က လပေါင်းများစွာ အိပ်ရာထဲမှာ လဲနေတာကို သိပ်မတွေးခဲ့သော်လည်း၊ အခု သူ အိပ်ရာက ထနိုင်ပြီဖြစ်တာကြောင့် လှဲနေလိုစိတ် မရှိတော့ပေ။ အားချိုးက နေ့တိုင်း ခြံထဲမှာ ဒါမှမဟုတ် အိမ်ထဲမှာ လမ်းလျှောက်ဖို့ ကူညီပေးတတ်သည်။ ထို့ကြောင့် ဒီရက်ပိုင်း အိပ်ယာထဲ ရုတ်တရက် ပြန်လှဲနေရတဲ့အခါ သူ တစ်ကိုယ်လုံး မသက်မသာ ဖြစ်နေတော့သည်။

“ဟုတ်တယ်၊ အရမ်း အတင်းအကြပ် မလုပ်နဲ့”

“အိပ်ရာထဲကနေ အချိန်အကြာကြီး မထနဲ့။ စားပြီးရင် လှဲနေရမယ်။ ရှင် အိပ်ရာထဲမှာ နေလို့ရတယ်။”

“လှဲနေရမယ်။ ဘာမှ လုပ်စရာမှ မရှိတာ။ အိမ်ပတ်ပတ်လည် လျှောက်သွားနေတာ ပိုကောင်းတယ်”

ကျူံးမင်းဝေက နည်းနည်း တွန့်ဆုတ်နေသည်။ အားချိုးဘေးက မီးဖိုချောင် စားပွဲရှေ့မှာ ထိုင်နေရင်း ပြော၏။

“အဲဒါ မကောင်းဘူး။ မနက်စာစားပြီးရင် ရှင့်ရဲ့ ခြေထောက်တွေကို နှိပ်ပေးမယ်။ မပင်ပန်းစေနဲ့”

အားချိုးက အပြင်ခန်းက ရေယူပြီး တစ်ချိန်တည်းမှာပဲ အိုးထဲကို ခပ်ထည့်သည်။

“ရှင် ပျင်းရင် စာအုပ်ဖတ်လေ။ အိမ်မှာ တစ်အုပ်ရှိတာပဲ။”

ကျူံးမင်းဝေက မီးဖိုနားမှာ ဖြစ်တာကြောင့် သိပ်အဆင်မပြေပေ။ သူက တစ်ချိန်တည်းမှာပဲ မီးကို ကျွမ်းကျင်စွာ ထွန်းညှိပြီး မီးဖိုထဲ ထည့်လိုက်သည်။

“ဘယ်သူက နေ့ခင်းဘက် မဖတ်လို့လဲ၊ ရှင်ပဲ တခြားသူတွေနဲ့ မတူဘဲ ညဘက်မှ ဖတ်တာ”

စာဖတ်တဲ့အကြောင်း ပြောတာနဲ့ အားချိုးက ကျူံးမင်းဝေကို မညည်းညူဘဲ မနေနိုင်ပေ။ သူမက ခန်ကို တစ်ချက်ကြည့်ပြီး အံ့သြနေသည်။

“ကျွန်မ ရှင့်အတွက် စာအုပ်တွေ အကုန် ခန်ပေါ်မှာ တင်ထားတာမလား၊ ဘာလို့ ပျောက်သွားတာလဲ”

“ကိုယ် သိမ်းထားလိုက်ပြီ။ ပစ္စည်းတွေ ထားတဲ့နေရာမှာ ရှိတယ်”

ကျူံးမင်းဝေက အားချိုးကို စာအုပ်၁၂အုပ်အကြောင်း ဆက်မပြောနိုင်စေဖို့ တိုက်တွန်းလိုက်သည်။

အခုအချိန်မှာ အားချိုးက ပဲတွေ ဆေးဖို့ အပြင်ခန်းကို သွားရတော့သည်။

ပြုတ်ရည် ချက်ပြီးနောက် သူတို့ ခန်ပေါ်မှာ မနက်စာ စားဖို့ ထိုင်ကြသည်။

အရင်က အားချိုးက ပြုတ်ရည် မချက်ဘူးပေမယ့် ဘာဘအို ပြုတ်ရည်လောက် မစုံလင် ပေ။ အဲ့ဒီထဲမှာ ပဲအမျိုးအစားတွေ အများကြီး ရှိသည်။ ကျူံးမင်းဝေ လပေါင်းများစွာ အိမ်မှုကိစ္စတွေ လုပ်ခဲ့ပေမယ့် သူ မသိတဲ့ အမျိုးအစားတွေ အများကြီး ရှိနေသေးသည်။

“ဒါ ဘယ်လို ပဲမျိုးလဲ”

“ဒါက ပဲတောင့်ရှည်ပဲ”

အားချိုးက ကျူံးမင်းဝေရဲ့ ဇွန်းထဲက ပဲတောင့်ရှည်ကြီးကို စားရင်း ရယ်မောပြီး ပြောသည်။

“မင်း ရှင် ပဲအစာသွပ် ကြိုက်တယ် မဟုတ်လား အထဲက အစာက ပဲတောင့်ရှည်ပဲ။”

“ပဲအစာသွပ် မစားရတာ ကြာပြီထင်တယ်။”

“စားချင်ရုံပဲလား ရှင့်ရဲ့ ဟန်ဆောင်တတ်တဲ့ အကျင့်ကို ကြည့်အုံး”

အားချိုးက ကျူံးမင်းဝေရဲ့ နှာခေါင်းထိပ်ကို ညှစ်ပြီး နည်းနည်း ရှက်ရွံ့စွာ ပြောသည်။

“ကျွန်မ ပဲအစာသွပ် မလုပ်တတ်ဘူး၊ ဒါပေမယ့် အဘွားချန်က လုပ်တတ်တယ်။ ဒါမှမဟုတ် စားပြီးရင် ကျွန်မ အစားအသောက်တချို့နဲ့ တောင်အောက်ဆင်းပြီး အဘွားချန်ကို ကျွန်မတို့အတွက် ပဲအစာသွပ် လုပ်ပေးခိုင်းရမလား”

“မလိုပါဘူး၊ မလိုပါဘူး၊ ကိုယ်က ဒီတိုင်း ပြောလိုက်တာပါ”

ကျူံးမင်းဝေက အလုပ်ရှုပ်နေပြီး ဟင်းချိုပြုတ်ရည် ဇွန်းတစ်ဇွန်း ခပ်သောက်ရင်း အားချိုးကို ပြောသည်။

“နှင်းတွေက အရမ်းထူတော့ တောင်ခြေအထိ ပြေးမဆင်းနဲ့ ချော်လဲလိမ့်မယ်။”

“သိပါတယ်။ ရှင်ဒါပဲထပ်ပြောနေတာပဲ”

အားချိုးက ညည်းညူရင်း တူနဲ့ ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စားကာ ခေါင်းငုံ့ပြီး ပြုတ်ရည်သောက်နေတဲ့ ယောက်ျားကို ကြည့်သည်။ အားချိုးရဲ့ နှလုံးသား နွေးထွေးသွားသည်။ နှစ်သစ်ကူးတော့မယ်ဆိုတာ သူမ သိသည်။ ဒါက သူမနဲ့ ကျူံးမင်းဝေအတွက် ပထမဆုံး နှစ်သစ်ကူးပင်။ သူမ ကျူံးမင်းဝေအတွက် လက်ဆောင်တချို့ ပြင်ဆင်ရမည်။ လွန်ခဲ့တဲ့ နှစ်ရက်က သူမ ဈေးမှာ ကျူံးမင်းဝေအတွက် လက်ဆောင်တစ်ခု ဝယ်ခဲ့ပေမယ့် ထုတ်ပြဖို့ မရည်ရွယ်ထားပေ။ သူမ အမြဲတမ်း ကျူံးမင်းဝေက အဲ့ဒါကို သဘောမကျဘူးလို့ ခံစားနေရသည်။

“ကျွန်မ ဘာလုပ်နေလဲ ကြည့်စမ်း”

ကျူံးမင်းဝေ မော့ကြည့်ပီးအားချိုးကို တည့်တည့် စိုက်ကြည့်လိုက်သည်။

အားချိုးက ပြုံးပြီး ပြောသည်။

ကျူံးမင်းဝေက အံ့သြသွားပြီး ပြုံးစိစိနဲ့ သူ့မေးစေ့ကို ပွတ်လိုက်သည်။ မုတ်ဆိတ်တွေ ပေါက်နေပြီပင်။ သူက သူ့လက်တွေကို မုတ်ဆိတ်မွှေးတွေနဲ့ ပွတ်လိုက်သည်။

“ကောင်မလေး၊ နောက်မှ ကိုယ့်ကို မုတ်ဆိတ်ရိတ်ပေးဦး။”

All Chapters