အခန်း (၂၁၄-၂၁၆)
Vol. 7 Ch. 214-216
အခန်း ၂၁၄။
“ရှင်ကတော့ အမြဲတမ်း ပွစိပွစိနဲ့”
အားချိုးက သူ့ရှေ့က ဆန်ပြုတ်ကို တိတ်တိတ်ဆိတ်ဆိတ် သောက်နေတဲ့ အမျိုးသားကို စိုက်ကြည့်ရင်း သနပ်ဖက်ခြောက်လေးတွေ ယူကာ ရေရွတ်လိုက်သည်။ သူမရင်ထဲ နွေးထွေးသွားသည်။ နှစ်သစ်ကူးနီးလာပြီဆိုတော့ ဒါက သူမနဲ့ ကျုံးမင်းဝေတို့ရဲ့ ပထမဆုံး အတူတူဖြတ်သန်းရမယ့် နွေဦးပွဲတော်ပင်။ သူမက သူ့အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားရမည်။ လွန်ခဲ့တဲ့ရက်ပိုင်းက စျေးကနေ သူ့အတွက် တစ်ခုခုဝယ်ထားပေမယ့် ပေးရမှာ ရှက်နေသည်။ သူ သဘောမကျမှာကိုလည်း စိုးရိမ်နေမိသည်။
“ဘာလို့ ကိုယ့်ကို စိုက်ကြည့်နေတာလဲ”
ကျုံးမင်းဝေက မော့ကြည့်လိုက်တော့ အားချိုးရဲ့ တိုက်ရိုက်အကြည့်နဲ့ ဆုံသည်။
“ရှင်က ချောလို့လေ”
အားချိုးက ပြုံးပြီး ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ။ ဒီမျက်နှာ ကြည့်ပါဦး၊ မျက်နှာတောင် မသစ်ရသေးဘူး။ ဘယ်လိုလုပ် ချောမှာလဲ”
ကျုံးမင်းဝေက ရယ်မောရင်း သူ့မေးစေ့ကို လက်နဲ့ ပွတ်လိုက်သည်။ သူ့မုတ်ဆိတ်က နည်းနည်းရှည်နေပြီ၊ ကြမ်းတမ်းတဲ့မုတ်ဆိတ်မွေးတွေက သူ့လက်ကို ပွတ်တိုက်မိသည်။
“ကောင်မလေး၊ မင်း ကိုယ့်မုတ်ဆိတ်ကို ခဏနေရင် ညှပ်ပေးဦး”
အားချိုးက သူ့မေးစေ့က မှောင်ရိပ်သန်းနေတဲ့နေရာကို ကြည့်ပြီး တုံ့ဆိုင်းသွားသည်။
“ဒီလောက်တိုနေတာကို တကယ် ညှပ်ဖို့လိုလို့လား။ ကျွန်မ ရှင့်ကို ထပ်မဖြတ် စေချင်ဘူး”
သူမရဲ့ စိုးရိမ်မှုက အခြေအမြစ်မရှိတာ မဟုတ်ပေ။ နောက်ဆုံးတစ်ကြိမ် သူ့မုတ်ဆိတ်ကို ညှပ်တုန်းက တိုလွန်းလို့ မှားပြီး ဖြတ်မိတာကြောင့် သွေးထွက်သွားခဲ့သည်။ အဲ့ဒါက သူမကို အရမ်းလန့်သွားစေခဲ့သည်။
ကျုံးမင်းဝေက နည်းနည်း စိတ်ဆိုးသလို ပြောလိုက်သည်။
အားချိုးက ညည်းတွားသလို ပြောပေမယ့် ထို့နောက် စကားနားထောင်စွာနဲ့ တွားသွားပြီး ကျုံးမင်းဝေရဲ့ လက်ထဲ ဝင်ရောက် နွဲ့ဆိုးဆိုးလိုက်သည်။
ကျုံးမင်းဝေက ပြုံးရင်း လာဘာဆန်ပြုတ်တစ်ဇွန်း ခပ်ပြီး အားချိုးကို ခွံ့ကျွေးလိုက်သည်။
“ရှင်က ကောင်းကောင်းပြုမူမှာ မဟုတ်ဘူး”
အားချိုးက ဆန်ပြုတ်တစ်ဇွန်း သောက်ရင်း ညည်းတွားလိုက်သည်။
အားချိုးက ခေါင်းမာမာနဲ့ ပြန်ပြောလိုက်သော်လည်း ခဏအကြာမှာတော့ သူမအသံက နူးညံ့သွားသည်။
“ဒါပေမယ့် ရှင် မုတ်ဆိတ်ကို ညှပ်စရာ မလိုသေးဘူး။ အဲဒီလောက် မရှည်သေးပါဘူး”
“တကယ်ပဲ၊ ညှပ်စရာ မလိုဘူး”
အားချိုးက သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။ ထို့နောက် ဆေးလိမ်းဆီအနည်းငယ်ကို ခပ်ယူကာ ကျုံးမင်းဝေရဲ့ ဒူးပေါ် လိမ်းပေးပြီး သေချာ ပွတ်ပေးလိုက်သည်။
“ဒီနန်းတော်က ဆေးလိမ်းဆီက ကောင်းတယ်။ အနံ့နဲ့တင် သိသာတယ်”
အေးမြတဲ့ ဆေးလိမ်းဆီက သူ့ပူနေတဲ့ ဒူးကို ထိမိတာနဲ့ ကျုံးမင်းဝေက မျက်လုံးမှိတ်ပြီး သက်သာရာရတဲ့
“သူက ကိုယ် ငယ်ငယ်လေးကတည်းက ယုံကြည်ရတဲ့ လက်ရုံးပဲ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းက သူ့ကို တောင်ပိုင်းစစ်တပ်ဆီ စေလွှတ်လိုက်တာ၊ ပြန်မလာခဲ့ဘူး။ အခုမှ ကိုယ်ဒုက္ခတွေကြောင့် မယ်တော်ကြီးက သူ့ကို တောင်ပိုင်းကနေ ပြန်ခေါ်ခဲ့တာ”
“ယုံကြည်ရတဲ့လူကို ဘာလို့ တောင်ပိုင်းဆီ စေလွှတ်လိုက်တာလဲ”
အားချိုးက ခေါင်းစောင်းပြီး ကျုံးမင်းဝေကို ကြည့်ရင်း သိချင်စိတ်နဲ့ မေးလိုက်သည်။
“မြို့တော်ကနေ သူ ထွက်သွားတာကို ရှင် မနှမြောဘူးလား”
“မယ်တော်ကြီးက ကိုယ့်ကို နန်းတော်ဆီ တွန်းပို့နေပေမယ့် တစ်ချိန်တည်းမှာပဲ စစ်ရေး ဒါမှမဟုတ် နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ခွင့် မပေးဘူး။ကိုယ် တခြားနည်းလမ်း ရှာရမယ်”
“မယ်တော်ကြီးက ရှင့်ကို စစ်ရေး နိုင်ငံရေးကိစ္စတွေ မကိုင်တွယ်ခိုင်းဘူးလား”
“မယ်တော်ကြီးက နန်းတော်ထဲမှာ သက်တောင့်သက်သာ နေတာပဲ။ သူက စစ်ရေးနဲ့ ဘယ်လိုဆက်စပ်နေတာလဲ။ ဘယ်လိုလုပ် စစ်အာဏာကို ထိန်းချုပ်နိုင်မှာလဲ”
အခန်း ၂၁၅။
“မယ်တော်ကြီးက တကယ်တမ်း ထိန်းချုပ်နိုင်မှာ မဟုတ်ပေမယ့် သူ့နောက်ကွယ်က ရွှီမိသားစုကတော့ မတူဘူးလေ”
ကျူံးမင်းဝေက တိုးတိုးလေး ပြောလိုက်သည်။ သူသည် ဤကိစ္စများကို စိတ်ထဲက ထုတ်ထားသည်မှာ ကြာပြီ ဖြစ်၏။ သို့သော်လည်း ယခုအခါ၌ အားချိုးအား ပေါ့ပေါ့ပါးပါး ပြောပြလိုက်သည်။
“တာ့ကျိုးမင်းဆက်ရဲ့ စစ်အာဏာကို သုံးမျိုး ခွဲခြားထားတယ်။ ပထမတစ်ခုက မြို့တော်က နန်းတွင်းအစောင့်တပ်၊ ဒုတိယက ဒေသတွင်း တပ်စွဲထားတဲ့တပ်တွေ၊ တတိယကတော့ နယ်ခြားစစ်တပ်တွေပဲ ။ အဲ့ဒီထဲမှာ အကြီးဆုံးနဲ့ အင်အားအကြီးဆုံးက နယ်ခြားစစ်တပ်ပဲ။ နယ်ခြားစစ်တပ်ထဲမှာလည်း အကြောက်ရဆုံးက ပင်းရှီဝမ် ကွပ်ကဲတဲ့ အနောက်မြောက်စစ်တပ်နဲ့ ရွှီမိသားစုက ထိန်းချုပ်တဲ့ တောင်ပိုင်းစစ်တပ်လေ ။ အဖေက ပင်းရှီဝမ်နဲ့ ရွှီမိသားစုကို မကျေနပ်ချက်တွေ ရှိပေမယ့် နယ်ခြားဒေသတွေရဲ့ အရေးပါမှုကြောင့် ဘာမှ မလုပ်ဘဲ ရှောင်နေတာ”
“ပင်းရှီဝမ်က ဧကရာဇ်ရဲ့ ညီတော် မဟုတ်ဘူးလား။ ရွှီမိသားစုကလည်း မယ်တော်ကြီးရဲ့ မိသားစုပဲလေ”
အားချိုးက နားထောင်ရင်း နားလည်လေ ပိုရှုပ်ထွေးလေပဲ ဖြစ်သည်။
“ဒီလူတွေက ဧကရာဇ်ရဲ့ သွေးသားရင်းတွေ မဟုတ်ဘူးလား။ ဘာလို့ ဧကရာဇ်က သူတို့ကို မကျေနပ်ဘဲ အရေးယူချင်ရမှာလဲ”
“နန်းတွင်းမှာ တကယ့်သွေးသားရင်းဆိုတာ မရှိဘူး။ အာဏာကသာ အဓိကပဲ”
ကျူံးမင်းဝေသည် အားချိုး၏ ရှုပ်ထွေးနေသည့် မျက်နှာကို ဝမ်းနည်းရိပ်သန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် လက်လှမ်း၍ သူမ၏ ဦးခေါင်းနောက်ဘက်အား ညင်သာစွာ ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။
“မင်း နားမလည်တာ အကောင်းဆုံးပါပဲ”
“တကယ်ပဲ နားမလည်ဘူး၊ ဘယ်တော့မှလည်း နားလည်နိုင်မှာ မဟုတ်ဘူး ထင်ပါတယ်”
အားချိုးသည် ကျူံးမင်းဝေ၏ ခြေထောက်များကို ခဏနှိပ်နယ်၍ ပင်ပန်းလာတာကြောင့် လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်ကာ သူ့ဘေးတွင် ထိုင်နားလိုက်သည်။ သို့သော်လည်း သူမသည် ထပ်၍ မေးမိသည်။
“ရွှီမိသားစုအကြောင်းကို နားလည်ပါတယ်၊ သူတို့က မိခင်ဘက်က ဆွေမျိုးတွေဆိုတော့၊ ဒါပေမယ့် ပင်းရှီဝမ်က ဧကရာဇ်ရဲ့ ညီအရင်းပဲ။ ဧကရာဇ် နန်းတက်တုန်းက ပင်းရှီဝမ်က သူ့ရာထူးကို လုံခြုံစေဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ။ ပြီးတော့ ပင်းရှီဝမ်က တာ့ကျိုးအတွက် အနောက်မြောက်ဒေသကို အနှစ်သုံးဆယ်ကျော် တစ်ခွန်းမှ မညည်းညူဘဲနဲ့ ကာကွယ်ပေးခဲ့တာလေ။ ကျွန်မလို အဝတ်လျှော်ဌာနမှာ အလုပ်လုပ်တဲ့ အစေခံတစ်ယောက်တောင် ဒါကို သိတယ်။ ဒါဆို ဘာလို့ ဧကရာဇ်က ပင်းရှီဝမ်ကို ဒီလောက် မကျေမနပ် ဖြစ်နေရတာလဲ”
“ဟုတ်တယ်၊ အစေခံတွေတောင် ပင်းရှီဝမ်ရဲ့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေကို သိတယ်။ ဒါဆို ဧကရာဇ်က ဘာလို့ ခြိမ်းခြောက်တယ်လို့ မခံစားရမှာလဲ”
ကျူံးမင်းဝေက တိုးတိုးလေး ပြောလိုက်သည်။
“ဒါက လူတွေ ပြောတဲ့ ‘ဂုဏ်အရည်အချင်းက အုပ်စိုးသူကို ကျော်လွန်သွားတဲ့ ဝန်ကြီး’ ပဲ။ အဲ့အပြင် ပင်းရှီဝမ်က ဧကရာဇ်ထက် ငယ်တယ်၊ သန်မာတယ်၊ နာမည်ကျော်တယ်။ နှစ်ယောက်စလုံးက အရင်ဧကရာဇ်နဲ့ မယ်တော်ကြီးရဲ့ သားတော်အရင်းတွေဆိုတော့ ဧကရာဇ်က စိတ်မသက်မသာ ဖြစ်တာ သဘာဝပါပဲ”
အားချိုးက ခေါင်းခါပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ပင်းရှီဝမ်သာ အဲ့တုန်းက ဧကရာဇ်ကို နန်းရဖို့ ကူညီခဲ့တယ်ဆိုရင် ဘာလို့ သူက နန်းကို သူ့ဘာသာသူ ယူချင်မှာလဲ။ ပြီးတော့ ပင်းရှီဝမ်က ဧကရာဇ်ရဲ့ ညီတော်အရင်းပဲဘယ်လိုလုပ် သူ့ညီကို ထိခိုက်အောင် လုပ်နိုင်မှာလဲ။ အထူးသဖြင့် မယ်တော်ကြီး ရှိနေသေးတာဆိုတော့ သူ ဘယ်တော့မှ အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး။ ဧကရာဇ်က ဘာကို စိုးရိမ်နေရတာလဲ”
“ဒါပေမယ့် မယ်တော်ကြီးက မူလက ပင်းရှီဝမ်ကို နန်းတက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်ကော”
“ပြီးတော့ အရင်ဧကရာဇ်ကလည်း ပင်းရှီဝမ်ကို နှစ်သက်တယ်ဆိုရင်ကော”
“အာ တကယ်လား”
အားချိုးက လန့်သွားသည်။ ခဏအကြာမှာတော့ သူမက မျက်မှောင်ကြုတ်ပြီး ကျူံးမင်းဝေကို မေးလိုက်သည်။
“ဒါဆို ဘာလို့ အခုဧကရာဇ်က နန်းတက်သွားရတာလဲ။ ဘာလို့ ပင်းရှီဝမ်က အနောက်မြောက်ဘက်ကို ထွက်သွားပြီး အနှစ်သုံးဆယ်ကျော် မြို့တော်ကို ဘယ်တော့မှ ပြန်မလာတာလဲ”
ကျူံးမင်းဝေက ခေါင်းခါပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဧကရာဇ်က ပင်းရှီဝမ်ကို မကြိုက်ဘူး၊ ဒါကြောင့် နန်းတွင်းမှာ သူ့အကြောင်းကို ပြောခဲတယ်။ မယ်တော်ကြီးကလည်း သူ့ကို ဘယ်တော့မှ မပြောဘူး။ နွေရာသီ ပွဲတော်တွေမှာ စီနင်းနန်းဆောင်ကို အနောက်မြောက်ကနေ ပို့တဲ့ လက်ဆောင်တွေကလွဲရင် ပင်းရှီဝမ်အကြောင်း ကိုယ်သိတာ နည်းနည်းလေးပဲ ”
“သူတို့က တကယ်ပဲ ထူးဆန်းတဲ့ ညီအစ်ကိုတွေပဲ”
အားချိုးက တိုးတိုးလေး ပြောပြီး ထပ်ဖြည့်လိုက်သည်။
“ဟုတ်တယ်၊ ကိုယ်လည်း အမြဲတမ်း ထူးဆန်းတယ်လို့ ထင်ခဲ့တယ်”
သူတို့နှစ်ယောက် စကားပြောနေသည့် အချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ အားချိုးသည် အိပ်ရာပေါ်မှ အမြန် ခုန်ဆင်းလိုက်သည်။ ဤနေရာသို့ အဘွားချန်နှင့် ချန်ချင်းရွှမ်တို့မှလွဲ၍ အခြား မည်သူမျှ လာလည်လေ့ မရှိပေ။ မည်သူ့ကိုမျှ စောင့်ခိုင်းရန် မလိုလားသည့်အတွက် သူမသည် အမြန် ဖိနပ်စီး၍ အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သည်။
“အပေါ်ဝတ်အင်္ကျီ ဝတ်ဦး”
အားချိုးသည် အပေါ်ဝတ်အင်္ကျီကို အမြန်ဝတ်၍ အပြင်သို့ ပြေးထွက်သွားသည်။
ကျူံးမင်းဝေသည် ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်သည်တွင် သူ၏ အရွယ်အစားကြီးမားသည့် အပေါ်ဝတ်အင်္ကျီကို ဝတ်၍ ပြေးထွက်သွားသည့် ကောင်မလေးကို တွေ့လိုက်ရသည်။ အပေါ်ဝတ်အင်္ကျီသည် သူမအတွက် အလွန်ကြီးလွန်း၍ သူမ၏ သေးငယ်ပြီးသား ခေါင်းသည် ပို၍ သေးငယ်သွားသကဲ့သို့ပင်။ သူမ၏ ကျစ်ဆံမြီးသည် သူမ ပြေးသွားသည့်အခါ နောက်ကနေ လှုပ်ရမ်းနေပြီး ကျူံးမင်းဝေ၏ မျက်လုံးများက သူမ၏ ကျစ်ဆံမြီးအဆုံးတွင် ချည်ထားသည့် လေထဲ၌ လွင့်နေသော အဝါရောင် ဖဲကြိုးလေးဆီ ရောက်သွားသည်။ သူသည် မရယ်ဘဲ မနေနိုင်၍ သူ၏ နှုတ်ခမ်းများကို စူလိုက်သည်။
သူတို့၏ ကောင်မလေး မည်သို့ပင် ကြည့်ကြည့် လှပနေသည်ပင် ဖြစ်သည်။
သူ့ဘာသာသူ တိုးတိုးလေး ရယ်လိုက်သည်။
အားချိုးသည် တံခါးဖွင့်လိုက်သည်တွင် ချန်ချင်းရွှမ်ကို တွေ့လိုက်ရသည်။ သူမသည်အဘွားချန် သို့မဟုတ် ချန်ချင်းရွှမ် နှစ်ယောက်ထဲမှ တစ်ယောက်ယောက် ဖြစ်မည်ဟု ခန့်မှန်းထားသော်လည်း နည်းနည်းတော့ အံ့အားသင့်သွားသည်။
“တောင်ပေါ်လမ်းတွေမှာ နှင်းတွေ အရမ်းထူနေပြီ၊ လမ်းကလည်း ချောနေမှာပဲ။ ဒီကိုလာရတာ ခက်ခဲခဲ့လား”
အခန်း ၂၁၆။
“ရပါတယ်ဗျာ၊ ကျွန်တော့်ဖိနပ်အောက်မှာ သစ်သားသွားတွေ ပါတော့ ချောစီးတဲ့လမ်းကို မကြောက်ဘူး”
ချန်ချင်းရွှမ်က ပြုံး၍ ပြောလိုက်၏။ အားချိုး ဝတ်ဆင်ထားသည့် ဇိမ်ခံမြေခွေးမွေး ကုတ်အင်္ကျီအနက်ရောင်ကို ကြည့်၍ သူ အံ့ဩမိသွားသည်။ ဤသည်မှာ သာမန်ပစ္စည်းမဟုတ်ပေ၊ မြို့ဝန်၏ မိသားစုပင် ဤသို့ လှပသည့် ကုတ်အင်္ကျီမျိုး ရှိမည်မဟုတ်။ အနည်းငယ် တုံ့ဆိုင်းစွာဖြင့် သူကမေးလိုက်သည်။
“အိမ်မှာ အဆင်ပြေရဲ့လား။ အခု နှင်းတွေကျလို့ တောင်ပေါ်လမ်းတွေ ပိတ်နေပြီဆိုတော့ ဟင်းသီးဟင်းရွက်၊ အသား၊ ဆန်တွေ အလုံအလောက် စုဆောင်းထားပြီးပြီလား။ အဘွားက စိတ်ပူလို့ ကျွန်တော့်ကို လွှတ်လိုက်တာ”
“ကျွန်မတို့ လုံလုံလောက်လောက် စုဆောင်းထားပါတယ်၊ နှစ်သစ်ကူးအထိ လုံလောက်ပါတယ်”
အားချိုး က ချက်ချင်းပြန်ဖြေခဲ့ပေမယ့် နည်းနည်းရှက်မိနေပုံရသည်။
“ဆရာချန်၊ ကျွန်မက ဆရာနဲ့ အဘွားကို အမြဲဒုက္ခပေးနေရတယ်”
“ဒီစကားကို ကျွန်တော့်ကို ပြောလို့ရတယ်၊ သို့ပေမယ့် အဘွားရှေ့မှာ ပြောရင်တော့ အဘွားက စိတ်ဆိုးလိမ့်မယ်”
ချန်ချင်းရွှမ် က ပြုံးပြီး ပြန်ပြောလိုက်သည်။ သူသယ်လာတဲ့ အထုပ်ကြီးကို ပေးရင်းထပ်ပြောလိုက်သည်။
“အဘွားက ပဲအိတ်ကပ်လေးတွေ လုပ်ထားတယ်။ မင်းလုပ်တတ်မှာ မဟုတ်မှန်းသိလို့ မင်းအတွက်လည်း လုပ်ပေးလိုက်တာ”
အားချိုး ရဲ့မျက်နှာ ဝမ်းသာအားရ တောက်ပသွားသည်။
“မနက်ကပဲ ကျွန်မတို့ စားချင်နေကြတာ အဘွားချန်က ကျွန်မရဲ့ စိတ်ဝိညာဉ်အဖော်ပဲ”
ချန်ချင်းရွှမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၍ သူမ၏ ဦးလေး၏ နောက်ခံအကြောင်းကို မေးချင်မိသည်။ သူမက ဆင်းရဲသည့် မိသားစုမှ လာသည်မှာ ရှင်းလင်းသည်၊ သို့သော် ဤကုတ်အင်္ကျီကမူ
“ဆရာချန်၊ ကျွန်မ ဆရာ့ကို ပြီးခဲ့တဲ့တစ်ခေါက် ပေးလိုက်တဲ့ ဝက်အူချောင်းတွေ ကုန်ပြီလား”
အားချိုး က အထုပ်ကို ပွေ့ဖက်ပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။
“နောက်ထပ် နည်းနည်း ပေးရမလား”
“မလိုပါဘူး၊ ကျွန်တော်တို့မှာ အများကြီး ကျန်သေးတယ်”
ချန်ချင်းရွှမ် က လက်ကို မြန်မြန်ဝှေ့ယမ်းလိုက်သည်။
“နောက်ရက်အနည်းငယ်ဆိုရင် ကျွန်တော်နဲ့ အဘွား နှစ်သစ်ကူးညစာစားဖို့ ရွာကို ပြန်ကြတော့မှာ။ ကိုယ်ပိုင်ကျောင်းမှာ ဘာမှ ထားခဲ့ဖို့ မလိုပါဘူး။ ဒါပေမယ့် မပြန်ခင် ဘာပဲလိုအပ်လိုအပ် ကျွန်တော် ကူညီပေးနိုင်ပါတယ်”
“မလိုပါဘူး၊ လိုအပ်တဲ့ပစ္စည်းတွေ အကုန်လုံးကို စျေးကနေ ဝယ်ပြီးပါပြီ။ ကျေးဇူးတင်ပါတယ်၊ ဆရာချန်”
ချန်ချင်းရွှမ် က ခေါင်းညိတ်ပြီး လှည့်ထွက်ဖို့ လုပ်နေစဥ် ရုတ်တရက် ပြန်လှည့်လာပြီးမေးလိုက်သည်။
“နွေဦးပွဲတော်စာတမ်းတွေ လိုအပ်လား။ လိုအပ်ရင် ကျွန်တော် မပြန်ခင် ရေးပေးနိုင်ပါတယ်”
အားချိုးက တစ်ခါမျှ မဖြစ်ဖူးသည့် မိန်းကလေးတစ်ဦး၏ ရှက်ရွံ့မှုကို ချန်ချင်းရွှမ်ရှေ့၌ ပြသလိုက်သည့်။ သူမ ခေါင်းငုံ့၍ တိုးတိုးလေး ပြောလိုက်သည်။
“ဪ၊ ကောင်းပြီဗျာ၊ အခု ကျွန်တော် သွားတော့မယ်”
ချန်ချင်းရွှမ်က ခဏရပ်လိုက်၍ အားချိုး၏ ပါးပြင်ပေါ်မှ သွေးရောင်ကို သတိထားမိလိုက်သည်။ သူ ခေါင်းညိတ်၍ တောင်အောက်သို့ ဆင်းသွားခဲ့သည်။
ချန်ချင်းရွှမ်ကို ပြန်ပို့ပြီးနောက် အားချိုးက သူမ၏ အိပ်ခန်းသို့ ပြန်လာသော် မျက်နှာက နီရဲနေဆဲပင်။
ကျုံးမင်းဝေက အနည်းငယ် စိတ်မပျော်မရွှင်သည့် လေသံဖြင့် မေးလိုက်သည်။ သူက ပြတင်းပေါက်မှ အပေါက်လေးမှတစ်ဆင့် ချောင်းကြည့်လိုက်သော် လာသည့်သူက ယောက်ျားလေးတစ်ဦးမှန်း မြင်လိုက်ရသည်။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရခဲ့သော်လည်း မည်သူဖြစ်မည်ကို ကောင်းစွာ သိလိုက်သည်။ အားချိုးက တံခါးဝ၌ အကြာကြီး ရပ်၍ သူ့နှင့် စကားပြောနေသည်ကို ကြည့်ရင်း ကျုံးမင်းဝေက မနာလိုစိတ် ဝင်မိသွားသည်။ အားချိုးက စိတ်မတည်မငြိမ်ဖြစ်မည့်သူ မဟုတ်မှန်း သိခဲ့သော်လည်း သူ၏ ရင်ထဲ၌ ရှေးဟောင်းရှာလကာရည်ကဲ့သို့ ချဉ်နေသည်။
“ဆရာချန်က ပဲအိတ်ကပ်တွေ ယူလာပေးတယ်၊ အထုပ်ကြီးပဲ ရက်ပေါင်းများစွာ စားလို့ရတယ်”
အားချိုးက ပြောလိုက်သည်။ သူမက ကုတ်အင်္ကျီကို ချွတ်၍ ပဲအိတ်ကပ် အထုပ်ကြီးကို ခန်ပေါ်၌ တင်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာ ဖွင့်၍ ကျုံးမင်းဝေအား မေးလိုက်သည်။
“မနက်ကပဲရှင်စားချင်နေတဲ့ ပဲအိတ်ကပ်တွေကို အခု ဆရာချန်က တစ်ခါတည်း အများကြီး ယူလာပေးတယ်။ ဒါ တကယ်ပဲ အံ့ဩစရာ မဟုတ်ဘူးလား”
“ဟွန့်”
ကျုံးမင်းဝေက အနည်းငယ်မျှပင် အံ့ဩခြင်းမရှိသကဲ့သို့ စိတ်လှုပ်ရှားခြင်းလည်း မရှိချေ။
“အဘွားချန်က ချက်ပြုတ်တာ တကယ်တော်တယ်။ ဒီမုန့်တွေကို ကြည့်ရုံနဲ့တင် အရသာရှိမှာ သေချာတယ်”
အားချိုးက ပြောလိုက်သည်။ သူမ မျက်နှာတွင် အပြုံးများဖြင့် ရွှေဝါရောင် ပဲအိတ်ကပ်များကို ကြည့်နေသည်။
ကျုံးမင်းဝေက ရွှေဝါရောင် ပဲအိတ်ကပ်များကို ကြည့်လိုက်သော် သူ၏ စိတ်ခံစားချက် အနည်းငယ် တိုးတက်လာခဲ့သော်လည်း သူက အားချိုးအား ရွှင်ရွှင်ပြပြ မျက်နှာပေးရန်တော့ မလိုချင်သေးချေ။ မျက်နှာတည်တည်ဖြင့် သူက မေးလိုက်သည်။
အားချိုးက နောက်ဆုံး၌ မည်သည့်အရာ ဖြစ်နေသည်ကို သဘောပေါက်သွားသည်။ သူမက ကျုံးမင်းဝေအား မျက်စောင်းထိုး၍ ပဲအိတ်ကပ်များကို အပြင်ဘက်ခန်းမဆောင်သို့ ယူသွားရင်း ပြောလိုက်သည်။
“ဆရာချန်က ဖြောင့်မတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ပါ၊ သူက ကျွန်မတို့အပေါ် အမြဲ ကြင်နာတတ်တယ်။ တကယ်ကောင်းတဲ့သူတစ်ယောက်ပါ။ ဆရာ့ကို မရိုးမသားတွေးနေတာမျိုး မလုပ်သင့်ဘူး”
ကျုံးမင်းဝေ၏ ရင်ထဲ၌ အလွန်ချဉ်နေခဲ့သော်လည်း အသိနားမလည်သည့် ကောင်မလေးကတော့ ရပ်၍ ပညာတတ်၏ ဂုဏ်ကျေးဇူးများကို အဆုံးမရှိ ချီးကျူးနေဆဲ ပင်။