← Chapters

အခန်း (၂၂၉-၂၃၁)

Vol. 7 Ch. 229-231

အခန်း (၂၂၉-၂၃၁)

Vol. 7 Ch. 229-231

အခန်း ၂၂၉။

“ရှင်ရွေးလိုက်တဲ့ငါးက အသန့်ဆုံးပဲ။ အရိုးလည်းမပါတော့ လည်ချောင်းထဲ စူးမှာ မပူနဲ့ ဟားဟား”

အားချိုးက ပြုံးပြီး ပြောလိုက်သည်။ သူမ ကျုံးမင်းဝေကို ကြည့်လေ ပိုပြီး သက်တောင့်သက်သာ ရှိလေ ဖြစ်လာသည်။ သူမက အိုးဘေးနားက ကောက်ညှင်းပေါင်းတစ်ဖဲ့ကို ခပ်ပြီး ထိုယောက်ျားကို ပေးလိုက်သည်။ ထို့နောက် ယောက်ျားရဲ့ မေးရိုးကို တူနဲ့တို့ပြီး ပြုံးလျက်

“ညနေစာ ဘာစားရမလဲလို့ အစောကြီးကတည်းက စဉ်းစားထားတာလေ။ အဲ့ဒီတုန်းကတော့ အေးတာလေးတွေရော ပူတာလေးတွေရော စုံအောင်စားမယ်လို့ စိတ်ကူးထားတာ။ မိသားစုကြီးလို ဟင်းရှစ်ခွက်ပြည့် စားရရင် အကောင်းဆုံးပဲ။ နှစ်သစ်ကူးညကြီး မီးဖိုဘေးမှာ ပန်ကိတ်စားရမယ်လို့ ဘယ်သိမလဲ။ အကုန်လုံး ရှင့်အပြစ်တွေပဲ။ ကျွန်မတော့ ဆက်မလုပ်နိုင်တော့ဘူး။ ကဲ ရှင်ပြောတဲ့ ပန်ကိတ်ပဲ စားတော့”

“ဒါ မကောင်းဘူးလား”

ကျုံးမင်းဝေက ကောက်ညှင်းပေါင်းကို ယူပြီး အရသာခံကာ စားလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက အားချိုးကို ပြော၏။

“နှစ်သစ်ကူးညမှာ ခေါင်းမာနေစရာ မလိုပါဘူး။ ပြီးတော့ ငါးဟင်းဖြစ်လည်း ဂရုစိုက်နေစရာ မလိုဘူး။ကိုယ်တို့မှာ နောက်ထပ် နှစ်တွေ အများကြီး ရှိသေးတာပဲ”

“ဘယ်သူ ပြောလဲ၊ ကျွန်မက ဟင်းရှစ်ခွက်ကို မျှော်နေတာ”

အားချိုးက စိတ်ထဲမှာ ချိုမြိန်နေပေမယ့် ပါးစပ်ကတော့ ခပ်မာမာပဲ ပြန်ပြောလိုက်သည်။

ကျုံးမင်းဝေက ပြုံးပြီး ကတိပေးလိုက်သည်။ ထို့နောက် ငါးမျက်လုံးကို ဖယ်ထုတ်ပြီး အားချိုးရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ဒီမိန်းကလေးက ငါးမျက်လုံးကို ကြိုက်တာပင်။

ငါးမျက်လုံးကို စားနေရင်း အားချိုးက ပြောလိုက်သည်။ တစ်ချိန်တည်းမှာ ထိုယောက်ျားကိုလည်း စိတ်ပျက်စွာ ကြည့်လိုက်သည်။

“ဟင်း ရှစ်ခွက်ဆိုတာ ကြံသကာနဲ့ စွန်ရဲသီး လက်ဖက်ရည်တွေနဲ့ ပြည့်နေမယ်လောက်တယ်”

“ကိုယ်က တော်တယ်နော်။ မင်း ကိုယ် သင်ရင်တတ်မှာ ကြောက်နေတာလား”

“အခု ရှင်က ဆံပင်ကျစ်တတ်ပြီ၊ အိပ်ယာခင်း ခေါက်တတ်ပြီ၊ အဝတ်လျှော်တတ်ပြီ။ ဒါပေမယ့် ဒါနဲ့တင်ဘယ်လိုလုပ်ပြီး တကယ့် ယောက်ျားကောင်း ဖြစ်နိုင်မှာလဲ”

နောက်တစ်စက္ကန့်မှာတော့ ကျုံးမင်းဝေဟာ မမျှော်လင့်ဘဲ လည်ချောင်းထဲ တစ်ဆို့သွားပြီး ကောက်ညှင်းပေါင်းတစ်ဖဲ့ဟာ အထက်အောက် မသွားနိုင်ဘဲ ချောင်းဆိုးရင်း မျက်ရည်တွေပါ ထွက်လာသည်။

အားချိုးက အလောတကြီးနဲ့ ခန်ဘေးက ဆင်းပြီး လက်ဖက်ရည်ငှဲ့ကာ သူ့ကို တိုက်လိုက်သည်။ တစ်ဝက်လောက် သောက်ပြီးမှ ကျုံးမင်းဝေ ချောင်းဆိုးတာ သက်သာသွားသည်။ အားချိုးလည်း စိတ်အေးသွားပြီး တတွတ်တွတ် ပြောနေတော့သည်။

“ရှင်က ကလေးလေးနဲ့ ဘာလို့ တူရတာလဲ ကောင်းကောင်း စားနေတုန်း လည်ချောင်းထဲ ဆို့သွားရတယ်လို့ မလွယ်ပါလား”

ကျုံးမင်းဝေက ဒေါသထွက်ပြီး သူ့အလုပ်ကို ချထားကာ တည်ငြိမ်တဲ့ မျက်နှာနဲ့ အားချိုးကို စိုက်ကြည့်နေသည်။ အဲ့ဒီအချိန်မှာ အားချိုးက စကားပြော သိပ်မတတ်သေးတော့ ဘာမှ ပြန်မပြောရဲပေ။ သူမက လည်ပင်းကို နောက်ဆုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

နှစ်သစ်ကူးညမှာ မိသားစုတွေ ထောင်နဲ့ချီပြီး ပြန်ဆုံစည်းကာ ပျော်ရွှင်နေချိန်မှာ ကျုံးမင်းဝေဟာ ကလေးကို ရိုက်ချင်စိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

“ပြောစမ်းပါဦး၊ကိုယ်ဘယ်နေရာမှာ တကယ့် ယောက်ျားကောင်း မဟုတ်တာလဲ”

စိတ်ရှည်တယ်လို့ ထင်ရတဲ့ ကျုံးမင်းဝေက အားချိုးကို မေးလိုက်သည်။ တကယ်တော့ သူ့မျက်နှာက အိုးအောက်ခံလို မည်းမှောင်နေသည်။

အားချိုးက သူ့ကို စိုက်ကြည့်နေရင်း စိတ်ထဲမှာ တော်တော်လေး တုန်လှုပ်နေသည်။ သူမက နှုတ်ဆိတ်ပြီး ပန်းကန်နဲ့ တူတွေကို ချထားလိုက်ကာ စိတ်ထဲမှာ စကားလုံးတွေကို အချိန်အတော်ကြာ စီစဉ်နေသည်။ ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။

“ ရှင် တကယ့်ယောက်ျား မဟုတ်ဘူးလို့ မပြောပါဘူး။ ကျွန်မက ရှင့်အတွက် စိတ်မကောင်းဖြစ်နေတာပါ။ တခြားအိမ်က ယောက်ျားတွေ ဘယ်မှာ ဒီလို ထူးထူးဆန်းဆန်း အလုပ်မျိုး လုပ်ကြလို့လဲ ဒါပေမယ့် ရှင်က လုပ်တတ်တယ်လေ။ ကျွန်မ ကျွန်မ မခံနိုင်ဘူး။ ရှင် ဒီလို စိတ်မကောင်းဖြစ်နေတာကို ဆက်မမြင်ချင်တော့ဘူး “

ကျုံးမင်းဝေက စိတ်ထဲမှာ တင်းကျပ်နေသည်။ ခုနကတော့ တကယ် ဒေါသမထွက်ခဲ့ ပေ။ အားချိုးကို လန့်သွားအောင် လုပ်ချင်ရုံသက်သက် ဖြစ်သည်။ သို့ပေမယ့် အခုတော့ တကယ် ဒေါသထွက်သွားပြီး သူ့ကိုယ်သူလည်း ဒေါသထွက်နေသည်။

အားချိုးက စိတ်ထဲမှာ နည်းနည်းလေး ခံစားလို့ မကောင်းဖြစ်ပြီး ပြောလိုက်သည်။ သူမက လက်နဲ့ သူ့ပါးစပ်ဘေးတွေကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောသည်။

“သာမန် လယ်သမားတစ်ယောက်တောင် ရှင့်ထက် သက်တောင့်သက်သာ ရှိသေးတယ်။ နေ့တိုင်း အိမ်မှာ အစားအသောက်တွေ အများကြီး စားသောက်နေတာ။ ငါးရောင်းတဲ့ အဘိုးကြီးတောင် သူ့ချွေးမကို အလွယ်တကူ ခိုင်းစေနိုင်တယ်။ သူက တကယ့် ယောက်ျားကြီးလိုပဲ။ ရှင်က ဘယ်မှာ သူနဲ့ တူလို့လဲ အရာရာတိုင်း ကျွန်မနဲ့ အတူ လုပ်နေရတာ။ မီးဖို ဆောက်ပြီးကတည်းက ကျွန်မ သိပ်မီးမွှေးရသေးဘူး”

“မြန်မြန် ငါးစားတော့။ ခဏနေ အေးသွားရင် မင်းက ငါးညှီနံ့ ထွက်တယ်လို့ ထင်ဦးမယ်”

ကျုံးမင်းဝေက စကားကို ဖြတ်ပြီး အားချိုးရဲ့ ပန်းကန်ကို ခေါက်လိုက်သည်။ ထို့နောက် ထင်းတွေကို ယူပြီး မီးဖိုထဲ ထည့်လိုက်လေသည်။ အေးခါနီးဖြစ်နေတဲ့ ငါးဟင်းက “ဂွတ်ဂွတ်” နဲ့ ပြန်ဆူလာသည်။ ငါးရဲ့ အနံ့က ပြင်းရှရှနဲ့ ဆွဲဆောင်မှု ရှိပေမယ့် သူတို့နှစ်ယောက်စလုံး ဘာမှ မပြောကြတော့ ပေ။

အားချိုးက ဘာမှ မပြောရဲ ပေ။ ကျုံးမင်းဝေ ဒေါသထွက်နေတယ်လို့ သူမ ထင်ပေမယ့် ဘာကို ဒေါသထွက်နေမှန်းတော့ မသိ။ သူမက စိတ်ထဲမှာ တီးတိုး ရေရွတ်နေတာကြောင့် ဘာမှ မပြောရဲတော့ ပေ။

အခန်း ၂၃၀။

ကျုံးမင်းဝေတစ်ယောက် တကယ်ပဲ စိတ်တိုနေသည်။ ဒါပေမယ့် အားချိုးကို စိတ်တိုတာမဟုတ်ပေ။ သူ့ကိုယ်သူ စိတ်တို နေခြင်းဖြစ်သည်။ အာချိုး ပြောချင်နေတာက ဟိုဘက်အိမ်က ယောက်ျားက သူ့မိန်းမကို ဟိုဟာလုပ် ဒီဟာလုပ် ခိုင်းနေရတာကြောင့် ပျော်ရွှင်နေသည်တဲ့ ။ ယောက်ျားတွေကို လယ်ထဲဆင်းပြီး အလုပ်မလုပ်ရဘူး၊ မြစ်ထဲငါးမဖမ်းရဘူးလို့ ပိတ်ပင်ထားတာလဲ မရှိပေ။ သူက လယ်ယာလုပ်ငန်းရော ငါးဖမ်းလုပ်ငန်းမှာပါ အရည်အချင်းမရှိတော့ သူ့စိတ်ထဲမှာ အရမ်းအားငယ်ရသည်။ ဒါကြောင့် နေ့တိုင်း အလုပ်ရှာ လုပ်နေခဲ့တာပင်။ သူ အာချိုးရဲ့ ဝန်ကို လျှော့ချပေးချင်သည်။သူ့စိတ်ထဲမှာလည်း တည်ငြိမ်မှုတစ်ခုကို ရှာဖွေချင်သည်။ ဒါပေမယ့် အာချိုးက သူ့ကို နားလည်မှုလွဲနေသည်။ သူ ဘာများမှားလို့လဲ။ သူက ဒီလို ပျံ့ကျဲနေတဲ့ အလုပ်လေးတွေကို လုပ်ရတာကို ကြိုက်သည်။ ဒီအိမ်ထောင်အတွက်ရော အာချိုးအတွက်ပါ အလုပ်ရှုပ်နေရတာကို ကြိုက်သည်။ ဒါက ဘာများ မှားလို့လဲ။

“ထပ်မနွှေးနဲ့တော့။ ဟင်းရည်တွေ ခမ်းကုန်တော့မယ်”

အားချိုးက ကျုံးမင်းဝေကို တိုးတိုးလေး သတိပေးလိုက်သည်။

“အင်း”

ကျုံးမင်းဝေက ပြန်ထူးပြီး မီးဖိုထဲက မီးတွေကို ခရင်းနဲ့ ထိုးကော်ထုတ်လိုက်သည်။

“ကျုံးမင်းဝေ ရှင် စိတ်ဆိုးနေတာလား”

အားချိုးက မနေနိုင်တော့ဘဲ မေးလိုက်သည်။

“ကျွန်မ ဘာများ မှားပြောမိလို့လဲ”

ကျုံးမင်းဝေဟာ စိုးရိမ်စိတ်ကြောင့် တင်းနေတဲ့ အားချိုးရဲ့ နှုတ်ခမ်းတွေကို ကြည့်နေသည်။ သူ့ရင်ထဲမှာ နာကျင်သလိုလို၊ တုန်လှုပ်နေသလိုလို ခံစားနေရသည်။ သူက အားချိုးရဲ့ ဒီလို ဂရုတစိုက် အမူအရာကို မကြိုက် ပေ။ သူ့ရှေ့မှာ အားချိုးဟာ သူ့ရဲ့ ရင်ဘတ်ကလေးကို ရဲရဲဝံ့ဝံ့နဲ့ ထောင်ထားနိုင်စေချင်သည်။ အားချိုးရဲ့ ဒီလို စိုးရိမ်တကြီး မော့ကြည့်တာထက်စာရင် အာချိုးက သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ အထင်သေးသလို ကြည့်ပြီး ခြေထောက်အောက်မှာတောင် နင်းသွားတာကို သူ ပိုပြီး လိုလားသည်။

“နှစ်သစ်ကူးတဲ့နေ့မှာ ကိုယ် ဘယ်သူ့ကို စိတ်ဆိုးရမှာလဲ”

ကျုံးမင်းဝေက မလွှဲသာမရှောင်သာ သူ့နှုတ်ခမ်းကို စုပ်လိုက်ပြီး အားချိုးအတွက် ကောက်ညှင်းပေါင်းတစ်လုံး ခပ်ထည့်ပေးလိုက်သည်။

“စားလိုက်တော့။ စားပြီးရင် ကိုယ်တို့ ကောင်းကောင်းမွန်မွန် နေကြတာပေါ့”

“အင်း”

အားချိုးက သက်ပြင်းချပြီး သက်သာရာရသွားတဲ့ပုံနဲ့ ကောက်ညှင်းပေါင်းကို စားရင်း ကျုံးမင်းဝေကို ပြုံးပြသည်။

ကျုံးမင်းဝေက ဘာခံစားချက်မှမပါဘဲ တခြားသူတွေရဲ့ အကြောင်းကို ပြောနေသလိုမျိုး အားချိုးကို ဖြည်းဖြည်းချင်း ပြောပြနေသည်။

ဒီစကားကို ကြားတော့ အားချိုးတစ်ယောက် အံ့သြသွားသည်။ တစ်ချိန်တည်းမှာပဲ သူမက မေးလိုက်သည်။

“သုံးနာရီအတွင်းမှာ ဘယ်လောက်များတဲ့ အရသာရှိတဲ့ အစားအစာတွေ စားနိုင်မှာလဲ”

ကျုံးမင်းဝေက နှုတ်ခမ်းကို ဖိကိုင်ပြီး အားချိုးရဲ့ ဖြူဖွေးနုညံ့တဲ့ ပါးပြင်ကို ဆွဲညှစ်လိုက်ရင်း ဆက်ပြောသည်။

“တကယ်တော့ နန်းတော် ညစာစားပွဲရဲ့ အစားအစာတွေက အကောင်းဆုံးပဲ။ ဒါပေမယ့် ဗိုက်လည်းမဆာ သလို ဘယ်သူမှလည်း ပိုစားချင်စိတ်မရှိဘူး”

“ဘာလို့လဲ”

အားချိုးက နားမလည်သလို မေးသည်။

“နန်းတော်ရဲ့စားတဲ့ ညစာက အရမ်းကောင်းမှာပဲလေ။ အရင်တုန်းက အဘိုးရှဲ့က ကျွန်မကို ကောက်ညှင်းပေါင်းနဲ့ မုန့်လုံးလေးတွေ ပေးဖူးတယ်။ ကျွန်မလျှာတောင် မြိုချချင်ခဲ့တာ။ နန်းတော်ရဲ့ ညစာက ဒီ့ထက်ကောင်းမှာ သေချာတယ်”

ကျုံးမင်းဝေက ပြုံးနေတုန်းပင်။ သူက ညင်ညင်သာသာနဲ့ အားချိုးရဲ့ လုံးဝန်းပြီး ကောက်နေတဲ့ နှာခေါင်းလေးကို ဆွဲညှစ်လိုက်ရင်း မေးသည်။

အားချိုးက ခေါင်းလေးစောင်း၍ ခဏလောက် စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ သူမက သရဲတစ္ဆေကို ကြောက်နေတဲ့သူလို ကြောက်လန့်နေတဲ့ပုံစံနှင့် ပြောလိုက်သည်။

“ဒါဆိုရင်ကျွန်မ မစားတော့ဘူး၊ ကျွန်မ တူတောင် ရွှေ့ရဲမှာမဟုတ်ဘူး”

“မင်းဘာတွေ လျှောက်တွေးနေတာလဲ ဘာလို့ ဒီပုံစံဖြစ်နေတာလဲ”

ကျုံးမင်းဝေက ပြောရင်း ထရပ်လိုက်ပြီး ခန်ကို လက်နဲ့ထောက်ကာ အပေါ်တက်လိုက်သည်။

“ယန်ရှီနန်းဆောင်က ကြင်ယာတော်ကို ကျွန်မ မှတ်မိသေးတယ်၊ “

အားချိုးက ကြောက်လန့်နေတဲ့ မျက်နှာနဲ့ ကျုံးမင်းဝေဘေးမှာ ထိုင်လိုက်ပြီး ဆက်ပြောသည်။

“အရင်တုန်းက ကျွန်မ ကြင်ယာတော်ကို တွေ့ဖူးတယ်လေ။ သူ့ကိုကျွန်မ တွေ့တော့ အရမ်းကြောက်ခဲ့တာ။ အဲ့ဒီအစား မင်းကြီး ရှေ့ကိုသာ ကိုယ်တိုင်ရောက်သွားရင် ကျွန်မချက်ချင်း ကြောက်လန့်ပြီး သေသွားမှာပေါ့ စားဖို့ဆိုတာ ဝေလာဝေး”

“အရင်တုန်းက သူတို့မင်းကို ဘယ်လို အနိုင်ကျင့်ခဲ့တာလဲ”

ကျုံးမင်းဝေက အားချိုးရဲ့ ပုံစံကို ကြည့်ပြီး သူ့ရင်ထဲမှာ နာကျင်မှုကို ခံစားလိုက်ရသည်။ သူ အားချိုးရဲ့ အတိတ်က နာကျင်စရာတွေကို ပြန်ဖော်ထုတ်ချင်တာ မဟုတ်ပေမယ့် မေးမိသွားခဲ့သည်။

“သူတို့ ကျွန်မကို အနိုင်မကျင့်ပါဘူး၊ ဒါပေမယ့် ကျွန်မက ကျွန်မက သတ္တိနည်းနည်းလေးနဲ့ မွေးလာတာလေ။ ရက်စက်တဲ့ သခင်နဲ့ တွေ့ရင် ရင်ထဲမှာ ဒုံးဒုံးဒုံးမြည်နေတော့တာပဲ”

အားချိုးက တိုးတိုးလေး ရေရွတ်ပြီး လက်သုတ်ပဝါကို ယူလာကာ လက်တွေကို သုတ်ပေးသည်။

သူက ပြောသည်။ အားချိုးက ရှက်ရွံ့တဲ့ပုံနဲ့ သူ့ကို ကြည့်ပြီး မေးလိုက်သည်။

“ရှင် ကျွန်မကို ဒီလို အစေခံလိုမျိုးလို့ မထင်ထားဘူးမလား”

ကျုံးမင်းဝေက ညင်ညင်သာသာ ပြောရင်း အားချိုးကို သူ့ပေါင်ပေါ် ဆွဲတင်လိုက်သည်။

အခန်း ၂၃၁။

“မဖြစ်ပါဘူး...”

အားချိုးရဲ့ မျက်လုံးဝိုင်းလေးတွေဟာ ခဏကြာ တောက်ပသွားပြီး

“ကျွန်မက ရှင့်ကိုပဲ လုပ်ကျွေးချင်တာဆိုတော့ ရှင် အလုပ်လုပ်နေတာကို မြင်ရင် စိတ်မကောင်းဖြစ်မိတယ်၊ ရှင် ပင်ပန်းမှာ စိုးရိမ်လို့”

“ဒါဆို ကောင်မလေး၊ မင်းက ကိုယ့်ကို ဝလာအောင် လုပ်နေတာပေါ့”

ကျုံးမင်းဝေဟာ အံ့ဩသွားပြီး အားချိုးရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်ရင်း မေးလိုက်သည်။

“ကိုယ့်တစ်ကိုယ်လုံး အနံ့ဆိုးတွေနဲ့ မကြောက်ဘူးလား”

“မကြောက်ပါဘူး”

အားချိုးက ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာလွှဲလိုက်ရင်း တိုးတိုးလေး ပြောသည်။

“ရှင်က ခန္ဓာကိုယ်အနှံ့ အနံ့ဆိုးတွေရှိနေရင် ဘယ်သူမှ ရှင့်ကို သည်းနိုင်မှာမဟုတ်ဘူး။ ဒါဆို ဘယ်သူမှ မလုယူနိုင်တော့ဘူးလေ။”

“ဘယ်သူက ရှင့်ကို မလိုချင်ဘူးလို့ ပြောလဲ၊ ရှင့်လို မွေးကတည်းက အရမ်းတော်တဲ့ လူမျိုး ရှာဖို့ မလွယ်ဘူး ပြီးတော့ ရှင်က ကျွန်မကိုလည်း စိတ်မဆိုးဘူး။ ဆံပင်ကျစ်ပေးနိုင်တယ်၊ ဒီလောက်လှတဲ့ စာလုံးတွေ ရေးနိုင်တယ်၊ ပြီးတော့”

အားချိုးက ကျုံးမင်းဝေရဲ့ ကောင်းတဲ့အချက်တွေကို လက်ချောင်းလေးတွေနဲ့ ရေတွက်နေသည်။ ရေတွက်လေလေ ပိုပြီး စိုးရိမ်လာလေလေ ဖြစ်သည်။ နောက်ဆုံးတော့ သူမက ရုတ်တရက် ထထိုင်ပြီး ကျုံးမင်းဝေကို တည်တည်ကြည်ကြည်နှင့် ပြောလိုက်သည်

“ကျွန်မ ရှင့်ကို ပိုပြီး ကောင်းကောင်း လုပ်ကျွေးရမယ်ထင်တယ်။”

ကျုံးမင်းဝေရဲ့ နှလုံးသားဟာ အန္တရာယ်ကို အာရုံခံနိုင်စွမ်း အပြည့်ရှိတဲ့ ဒီမိန်းကလေးကြောင့် ချိုချဉ်အရသာ ခံစားလိုက်ရသည်။ ဒီမိန်းကလေးရဲ့ မျက်လုံးတွေက သူ့ရဲ့ကောင်းတဲ့အချက်တွေကို အလွန်မြင်နိုင်စွမ်းရှိသည်။ သို့ပေမယ့် လမ်းလျှောက်ဖို့ မလွယ်တဲ့ သူ့ရဲ့ ခြေထောက်တွေကိုတော့ မမြင်နိုင်ချေ။

“ကိုယ့်အတွက် ဘာတွေ ပိုကောင်းအောင် လုပ်ပေးနိုင်မှာလဲ”

ကျုံးမင်းဝေက အားချိုးကို ပြုံးပြီး ကြည့်လိုက်သည်။ သူ့ရဲ့ နှလုံးသားက အရည်ပျော်တော့မလိုပင်။

အားချိုးက ကျုံးမင်းဝေရဲ့ မေးစေ့စိမ်းစိမ်းလေးကို ငုံ့နမ်းလိုက်ရင်း ပြောသည်။ ကျုံးမင်းဝေက ပြန်နမ်းဖို့ မလုပ်ရသေးခင်မှာပဲ သူမက ပြုံးပြီး ရှောင်ဖယ်သွားပြန်သည်။ ထို့နောက် သူမက ခန်ရဲ့အောက်ခြေရှိ ခြောက်လှန်းထားတဲ့ သစ်သီးခြောက်တွေ အပြည့်ထည့်ထားသော တောင်းငယ်လေးကို ဆွဲယူလိုက်ပြီး သစ်ကြားသီးတစ်လုံးကို အခွံခွာကာ ထိုလူရဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်ရင်း မျက်လုံးလေး မှေးစင်းပြီး ရယ်မောကာ မေးလိုက်သည်။

“နောက်ထပ် မြေပဲတစ်လုံး ထည့်ပေးရင် ပိုကောင်းမယ်”

ကျုံးမင်းဝေရဲ့ မျက်နှာဟာ စိတ်ပျက်သွားပုံပေါ်ပေမဲ့ သူက ပိုပြီး ဇွဲကောင်းလာသည်။ သူ့လက်ထဲမှာ အားထည့်ပြီး အားချိုးကို သူ့ဆီကနေ လွတ်မြောက်မသွားအောင် ဆွဲထားလိုက်သည်။ သူက ပြုံးနေတဲ့ ပါးစပ်လေးကို နမ်းလိုက်ပြီး

“မင်းကို ငါးအရသာရှိတဲ့ မြေပဲ မြည်းကြည့်ခိုင်းရမယ်”

“ဟားဟားဟား”

အားချိုးဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ် ယောက်ျားတစ်ယောက်ရဲ့ အနမ်းခံရပြီး ရယ်မောနေတာဖြစ်သည်။ တစ်ချိန်တုန်းက သူမဟာ အမြဲတမ်း ရှက်တတ်ပြီး အားငယ်တတ်ပေမဲ့ ဒီတစ်ခါမှာတော့ သူမရဲ့ ရယ်မောသံကို မတားနိုင်တော့ ပေ။

“ဘာရယ်စရာကောင်းလို့လဲ”

ကျုံးမင်းဝေက အားချိုးကို လွှတ်ပေးလိုက်ပြီး သူမရဲ့မျက်နှာတစ်ခြမ်းက စိုစွတ်နေတာကို သုတ်ပေးလိုက်သည်။ ဒီမိန်းကလေးရဲ့ သွားက တော်တော်ကောင်းသည်။ ခုနက သူ့မျက်နှာကို နှစ်ချက် ကိုက်သွားသေးသည်။ ကျုံးမင်းဝေက ပျော်ရွှင်လွန်းလို့ မရပ်မနား ရယ်မောနေတဲ့ အားချိုးကို ကြည့်ပြီး သူ့ဆီမှာလည်း မောက်မာတဲ့ စိတ်ဓာတ်လေး ပေါ်လာသည်။

အားချိုးက အံ့ဩတကြီး မေးလိုက်သည်။

“မဟုတ်ဘူး၊ ခဏနေရင် ချွေးတွေ အရမ်းထွက်မှာ စိုးရိမ်လို့။”

“ဘယ်လိုလုပ် ချွေးတွေ ဒီလောက်ထွက်ရတာလဲ”

အားချိုးက ပိုပြီး နားမလည်သလို မေသည်။

“ဒီနေ့ ခန်က အရမ်းပူနေလို့ မဟုတ်ဘူးလား၊ ဒါပေမယ့် အပူချိန်က အရင်နေ့တွေနဲ့တော့ အတူတူပါပဲ။”

“မဟုတ်ဘူး ကလေးတွေကို ရိုက်ရတာ ပင်ပန်းမှာကြောင့်လေ”

ကျုံးမင်းဝေက သူ အင်္ကျီလက်ကို တံတောင်ဆစ်ပေါ်တင်ကာ အားချိုးရဲ့ မှိုင်းညို့နေသော မျက်လုံးများကိုကြည့်ရင်း ပြောလိုက်သည်။

“အင်း၊ မရိုက်လို့ မရဘူးလားဟင်”

အားချိုးက မျက်နှာလေး နီရဲလာပြီး မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ ထိုလူကို ရှက်ရွံ့စွာနှင့် စိုးရိမ်တကြီး ကြည့်လိုက်သည်။

“ဒီနှစ်ရက် နေရင်၊ ရောက်တော့မယ် ထင်တယ်၊ မရိုက်ပါနဲ့”

All Chapters