← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 7 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 7 Ch. 226-228

အခန်း ၂၂၆။

“ဟွန့်... ဒါကတော့ ခေါင်းပြောင်ပေါ်က သန်းလိုပဲ... လူမြင်အောင် လုပ်ပြနေတာ မဟုတ်လား”

ပိချောင် က စိုက်ကြည့်ပြီး ပြောလိုက်သည်။

ချင်းလု က ပိုပြီး အံ့အားသင့်သွားပြီး မေးလိုက်သည်။

“မယ်တော်ကြီးက အစကတည်းက သိနေတာဆိုရင် ဘာလို့ အိမ်ရှေ့စံကို မကာကွယ်ခဲ့တာလဲ”

“မယ်တော်ကြီးက အိမ်ရှေ့စံကို ထားချင်တာပေါ့... ဒါပေမယ့် အိမ်ရှေ့စံကို ထားရင် အင်မတန်ချစ်မြတ်နိုးရတဲ့ သားတော်အကြီးနဲ့ မျက်နှာချင်းဆိုင်ရတော့မှာ။ မကြာသေးခင်နှစ်တွေတုန်းက ပင်းရှီဝမ်ရဲ့ အရေးကိစ္စတွေကြောင့် ဧကရာဇ်နဲ့ မယ်တော်ကြီးတို့ ဆက်ဆံရေးက အဆင်မပြေပေမယ့် မိခင်နဲ့ သားသမီးလိုတော့ တည်ရှိနေသေးတယ်။ အဲ့ဒီအခြေအနေအထိ တကယ်ဖြစ်လာရင် သားတော်အကြီးက ဒေါသတကြီးနဲ့ ရွှီမိသားစု ကိုတောင် လက်ညှိုးထိုးလာလိမ့်မယ်။ ဒီလိုသာဖြစ်လာရင် ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အိမ်ရှေ့စံကို စွန့်လွှတ်လိုက်တာက ပိုကောင်းတယ်လေ။ အဲ့အပြင် ဧကရာဇ်နဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ အခွင့်အရေးလည်း ရနိုင်သေးတယ်”

ပိချောင် က တိုးတိုးလေး ပြောသည်။

“နောက်ပြီး အိမ်ရှေ့စံက အိမ်ထောင်သက်တမ်းလည်း ကြာပြီ။ အနောက်နန်းဆောင်မှာ မိန်းမတွေ အများကြီးရှိပေမယ့် သားသမီးတောင် မထွန်းကားသေးဘူး။ ရွှီမိသားစု က ကလေးမရနိုင်တဲ့ မင်းသားကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူးဆိုတာ မြင်သာပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဧကရာဇ် က ကျန်းမာရေးကောင်းနေတော့ အစကနေ ပြန်စတာက ပိုကောင်းပါတယ်”

“မယ်တော်ကြီးက အင်မတန် ဉာဏ်ပညာကြီးမားတော်မူပါပေတယ်”

ချင်းလု က လေးစားစွာနဲ့ ပြောလိုက်သည်။

“ဒါကြောင့် နောင်ကို အကြီးအကဲအနေနဲ့ ဟွေ့ကွေ့ဖေး ရဲ့ ကျန်းမာရေးကို ဂရုတစိုက် ကြည့်ရှုပေးဖို့ တောင်းဆိုချင်ပါတယ်။ မယ်တော်ကြီးရဲ့ မျှော်လင့်ချက်ကို အားမလျှော့ပါနဲ့”

“ဟွေကွေ့ဖေးသာ မင်းသားလေးကို မွေးဖွားပေးနိုင်ခဲ့ရင် မယ်တော်ကြီးက ရှင့်အပေါ် ကောင်းတဲ့ အမြင်ရှိသွားမှာပါ။ အဲ့ဒီအချိန်ရောက်ရင် သမားတော်ချင်က ကျန်းကျန်းမာမာနဲ့ အသက်တစ်ရာထိ နေသွားနိုင်မှာပဲ မဟုတ်လား”

ချင်းလု ရဲ့ မျက်နှာဟာ ချက်ချင်း တောင့်တင်းသွားသည်။ သူဟာ ပိချောင် ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ပြီး တုန်ရီတဲ့အသံနှင့် ပြောလိုက်၏။

“ဟုတ်ကဲ့ပါ... ကျွန်တော်မျိုး နားလည်ပါပြီ”

“မယ်တော်ကြီးက လင်အာလေး အမြန်ဆုံး မွေးဖွားတာကို မျှော်လင့်နေပါတယ်။ သို့ပေမယ့် ဧကရာဇ်က မ ငယ်တော့ဘူး။ စိတ်အားထက်သန်ပေမယ့် ခွန်အားနည်းမှာကို စိုးရိမ်မိတယ်။ အဲ့ဒီအချိန်မှာ ချင်းအကြီးအကဲအနေနဲ့ သူ့ကို ပိုပြီး ဂရုစိုက်ပေးရပါလိမ့်မယ်။ နဂါးရဲ့ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ပေးနိုင်မှ မယ်တော်ကြီးက ဘဘောကျနိုင်မှာပါ။”

ပိချောင် က ထပ်ပြောသည်။ ခဏရပ်ပြီးနောက် သူမ မျက်ခုံးပင့်လိုက်ပြီး

“ဒါပေမယ့် အရှင်မင်းကြီးက ဘယ်လောက်ပဲ စွမ်းဆောင်နိုင်နေပါစေ စတုတ္တမင်းသားအကြောင်းကိုတော့ မတွေးမိပါစေနဲ့။ အဲဒီလိုဖြစ်လာရင် ရှင့်အတွက် စိုးရိမ်စရာ ဖြစ်လာလိမ့်မယ်”

“ဟုတ်ကဲ့ ကျွန်တော် လုပ်ပါ့မယ် ကျွန်တော်မျိုး အကောင်းဆုံး လုပ်ပါ့မယ်”

၂၂ကြိမ်မြောက် လူနာလ၏ ၃၀ရက်နေ့၊ ကျားရှန်နှစ် ၃၂နှစ်။

နှစ်သစ်ကူး အကြိုနေ့။

အားချိုး ဟာ မနက်စောစော ထလာပြီး ကျုံးမင်းဝေ လည်း အိပ်ရာထဲမှာ မနေခဲ့ ပေ။ မနက်စာ စားပြီးတော့ အားချိုး က ကြော်မယ့် အသားလုံးအတွက် အစာသွပ်ဖို့ ပြင်ဆင်နေသည်။ မုန်လာဥနဲ့ လုပ်ထားတဲ့ အသားလုံးကို အားချိုး ရော ကျုံးမင်းဝေ ရော နှစ်ယောက်စလုံး ကြိုက်ကြသည်။ ကျုံးမင်းဝေ ကတော့ နှစ်သစ်ကူး တံခါးချိတ်စာတွေ ရေးဖို့ ပြင်ဆင်နေခဲ့သည်။

အားချိုး က အသားလုံးအတွက် အစာသွပ်တာ အားလုံး ပြင်ဆင်ပြီးသွားလို့ အထဲကို ဝင်လာရင်း ခန် ပေါ်မှာ ထိုင်ပြီး စားပွဲပေါ်က စာရွက်နီကို စိုက်ကြည့်နေတဲ့ သူ့ကို လှမ်းမေးလိုက်သည်။ အားချိုး က တအံ့တသြနဲ့ ကျုံးမင်းဝေ နားကို တိုးကပ်သွားပြီး

“ဒီလောက်ကြာနေပြီ... ဘာလို့ စာလုံးတစ်လုံးတောင် မရေးရသေးတာလဲ။ ကျွန်မကပ်ဖို့ စောင့်နေတာနော် ကော်တွေလည်း ပြင်ပြီးပြီ”

“စကားလုံး စဉ်းစားနေတာ... ဘယ်ဟာကောင်းလဲ မသိဘူး”

ကျုံးမင်းဝေ က အားချိုး ကို ပြုံးပြီး ကြည့်သည်။

“မင်းလာမှ မင်းအကြံဉာဏ်ကို နားထောင်မလို့ စောင့်နေတာ”

“ကျွန်မက ဒါတွေကို နားမလည်ပါဘူးဆိုတာ သိရဲ့သားနဲ့။ ရှင် ကောင်းတယ်ထင်တာကို ရေးလိုက်ပါ။ ကျွန်မကို လာမေးတာက အပိုပဲ”

အားချိုး က ပြောသည်။ သူမက ခန် ပေါ်ကို တက်သွားပြီး ကျုံးမင်းဝေ အတွက် မှင်သွေးပေးလိုက်သည်။ အားချိုး က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကျုံးမင်းဝေ နဲ့အတူ မှင်သွေးတာကို သင်ယူခဲ့သည်။ အားချိုး က ကျုံးမင်းဝေ အတွက် မှင်သွေးပေးရတာကို အင်မတန် ကြိုက်၏။ ကျုံးမင်းဝေ က မကြာခဏ စာမရေးပေမယ့် သူမက မှင်သွေးပေးရင်း တိုက်တွန်းနေလေသည်။

ကျုံးမင်းဝေ က အားချိုး ကို ကြည့်သည်။ မနေ့ညက သူထုံးထားတဲ့ ဆံမြိတ်က မပြေသွားပေမယ့် နည်းနည်း လျော့နေသည်။ အခုအချိန်မှာတော့ ထိုဆံမြိတ်လေးက ခန် ပေါ်မှာ လဲလျောင်းနေခဲ့သည်။ ကျုံးမင်းဝေ က ဆံမြိတ်ရဲ့ အဖျားကို တော်တော်ကြာအောင် စိုက်ကြည့်နေပြီးမှ သူရဲ့ စုတ်တံကို မြှောက်လိုက်သည်။ အားချိုး ကတော့ အရမ်း အလုပ်များနေတာကြောင့် ကျုံးမင်းဝေ၏ အကြည့်အား မမြင်နိုင်ခဲ့ပေ။ သူမ ဘာမှ နားမလည်ပေမယ့် သူ့မျက်လုံးတွေက စုတ်တံထိပ်ကို အစကနေ အဆုံးထိ လိုက်ကြည့်နေသည်။

ကျုံးမင်းဝေ က စုတ်တံကို ချပြီး ရှည်လျားတဲ့ တံခါးချိတ်စာတွေကို ကြည့်ရင်း ပြောသည်။ သူက အရမ်း ကျေနပ်နေပုံရသည်။ သူရဲ့ နှုတ်ခမ်းကို မထိန်းနိုင်ဘဲ ကွေးညွှတ်သွားပြီး အားချိုး ကို ပြောလိုက်သည်။

“ဒီတံခါးချိတ်စာကို ကိုယ်တို့ အိပ်ခန်းမှာ ကပ်မယ်”

“တံခါးဝမှာ ကပ်မယ့် တံခါးချိတ်စာကို အရင် မရေးသင့်ဘူးလား။ ရှင်က အိပ်ခန်းအတွက်ကို အရင်ရေး နေတယ်”

အားချိုး က တိုးတိုးလေး ပြောပေမယ့် ပြန်လှည့်လာပြီး စာရွက်နီပေါ်က လှပတဲ့ စာလုံးတွေကို စိုက်ကြည့်ကာ ကျုံးမင်းဝေအား ပြောသည်.

“ရှင်ဘာတွေရေးထားတာလဲ။ ကျွန်မကို ဖတ်ပြပါဦး”

“ပန်းတွေ၊ အရွက်တွေက စိမ်းလန်းပြီး နီရဲနေပေမယ့် ခြောက်ပါးသော ဆန္ဒတွေက သူတို့ကို ထောက်ပံ့ဖို့ ဆန္ဒရှိပြီး မိုးနဲ့ လေရဲ့ အအေးဒဏ်ကို မခံစားစေခဲ့ဘူး”

ကျုံးမင်းဝေ က အားချိုးအား သူ့မျက်နှာနားကို ဆွဲယူပြီး ပထမ တံခါးချိတ်စာကို လက်ညှိုးထိုးပြရင်း တစ်လုံးချင်း ဖတ်ပြသည်။ ဖတ်ရင်းနဲ့ ကျုံးမင်းဝေ က အားချိုး ရဲ့ မျက်နှာကို ကိုင်ပြီး နမ်းလိုက်သည်။ ထို့နောက် ဒုတိယ တံခါးချိတ်စာကို ဆက်ဖတ်လေသည်။

“လိပ်ပြာတွေနဲ့ မန်ဒရင်းဘဲတွေက ထာဝရတရားကို အားပေးတယ်၊ ချစ်သူတွေ နေ့နဲ့ ညကို အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းကြပါစေ”

အခန်း ၂၂၇။

“လိပ်ပြာတွေနဲ့ မန်ဒရင်းဘဲ” ဆိုတာ ဘာလဲဆိုတာ အားချိုး နားမလည်ပေမယ့် ထာဝရဆိုတာ ဘာလဲ၊ နေ့နဲ့ညဆိုတာ ဘာလဲဆိုတာတော့ သူမသိသည်။ ထို့နောက် ပျော်ရွှင်မှုတွေ အပြည့်နဲ့ ဒီလို မြင်ကွင်းမျိုးမှာ အားချိုး မျက်နှာလေး နီရဲသွားသည်။ သူ့မရှေ့က စာရွက်နီပေါ်က စာလုံးတွေကို ကြည့်ရင်း ရင်ထဲ နွေးထွေးသွားသလို ခံစားနေရသည်။

ကျုံးမင်းဝေ က သူမကို နောက်ကနေ သိုင်းဖက်လိုက်ပြီး သူ့မေးစေ့အား ပခုံးပေါ်တင်လိုက်သည်။ ယောက်ျားရဲ့ အသက်ရှူသံက နားနားကို ရောက်လာပြီး ပူနွေးတဲ့ အငွေ့အသက်ကြောင့် အားချိုးရဲ့ နားရွက်တွေ နီရဲလာသည်။

“ကြိုက်လား”

ကျုံးမင်းဝေ က အားချိုးရဲ့ နားနားကို တိုးကပ်ပြီး တိုးတိုးလေး မေးလိုက်သည်။

“ဘယ်မှာလဲ ဒီလို နှစ်သစ်ကူး တံခါးချိတ်စာမျိုးက၊ ရှင်က တကယ်ပဲ စည်းမဲ့ကမ်းမဲ့နဲ့”

အားချိုး မျက်နှာလေး နီမြန်းပြီး ရှက်ရွံ့စွာနဲ့ ယောက်ျားရဲ့ နှုတ်ခမ်းနဲ့ လျှာကို ရှောင်ဖယ်ရင်း တိုးတိုးလေး ပြောလိုက်သည်။

“ရှင်ဟာက နှစ်သစ်ကူး တံခါးချိတ်စာနဲ့ မတူဘဲ ပိုပြီး-“

“ဘယ်လို ပိုပြီးလဲ”

ကျုံးမင်းဝေ က ညင်ညင်သာသာ မေးလိုက်သည်။

လူတစ်ယောက် မင်္ဂလာဆောင်တဲ့အခါ ရေးတဲ့ တံခါးချိတ်စာနဲ့ တူနေတာပင်။

ဒီလိုပြောလိုက်မှ အားချိုး စကားထွက်မလာတော့ ပေ။ အားချိုး ရှက်လွန်းလို့ လှည့်လိုက်တာနဲ့ ယောက်ျားရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး သူ့ကိုယ်လေးကို ပွတ်သပ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ချစ်စဖွယ် အမူအရာနဲ့ ပြောသည်။

“မပြောဘဲနဲ့ လုပ်လို့ မရဘူးလား နောက်ကို မေးတော့ဘူး”

“အင်း ဒါပေမယ့် ကိုယ် အကျိုးအမြတ်လေး တောင်းရဦးမယ်”

ကျုံးမင်းဝေ က တံခါးဝ၊ ဘေးခန်း၊ အပြင်ခန်းနဲ့ မီးဖိုချောင်အတွက် နှစ်သစ်ကူး တံခါးချိတ်စာတွေ ဆက်ရေးနေသည်။ ကံကောင်းခြင်း စာလုံးအကြီးကြီးတွေလည်း အများကြီး ရေးသည်။ သူ့ရဲ့ စာလုံးတွေက တကယ်ကောင်းသည်။ စာရေးစာဖတ် ဘာမှ မသိတဲ့ အားချိုး တောင် ယောက်ျားရဲ့ စာလုံးတွေက ကြည့်ကောင်းတယ်လို့ ထင်သည်။ ဒီလောက် ကြည့်ကောင်းတဲ့ စာလုံးတွေနဲ့ ကျုံးမင်းဝေက စာရွက်နီပေါ်မှာ တစ်ခါမှ မရေးဖူးပေ၊ နှစ်သစ်ကူး တံခါးချိတ်စာဆို ပိုတောင်ဝေးသေးသည်။ ကျုံးမင်းဝေဟာ ရေးရင်းနဲ့ ဒါက သူ့ဘဝရဲ့ ပထမဆုံး စစ်မှန်တဲ့ နှစ်သစ်ကူးပွဲတော် ဖြစ်ပြီး သူ့ရဲ့ ကောင်မလေးနဲ့ ပထမဆုံး နှစ်သစ်ကူးခြင်း ဟု တွေးနေသည်။

သူဟာ ညဉ့်နက်သန်းခေါင်မှာ စီနင်းနန်းဆောင်သို့ ဝင်ပြီး မယ်တော်ကြီးနဲ့ ဧကရာဇ်ကို နှုတ်ဆက်ဖို့ မလိုတော့ သလို ဘိုးဘွားဘီဘင်တွေကို ပူဇော်ဖို့လည်း မလိုတော့ပေ။ ကျန်းရှန့် မိဖုရားရဲ့ မှတ်တိုင်ရှေ့မှာ ဦးညွှတ်ဖို့ မလိုတော့။ မယ်တော်ကြီးနဲ့ ဧကရာဇ်အား ဂါရဝပြုမည့် ကိစ္စတွေကို စိုးရိမ်နေဖို့၊ ပင်ပန်းတဲ့ သီချင်းတွေနဲ့ အကတွေကို ကြည့်ရင်း ထိုက်ယဲ ရေကန် ရဲ့ ကြီးမားတဲ့ ခန်းမထဲမှာ အေးစက်နေတဲ့ ဘုရင့် စားတော်စာတွေကို စားဖို့၊ အစရှိတာတွေလည်း မလိုတော့ပေ။

ဒီအချိန်မှာ သူနဲ့ အားချိုး ဟာ သာမန် မိသားစုက ချစ်စရာ ကလေးငယ်လေးတွေလို ပျော်ရွှင်စွာ နှစ်သစ်ကူးဖို့ ပြင်ဆင်နေခဲ့ကြသည်။

သူက စားပွဲငယ်လေးပေါ်မှာ နှစ်သစ်ကူး တံခါးချိတ်စာတွေကို ရေးနေသည်။ အားချိုး က တင်ပျဉ်ခွေ ထိုင်ပြီး ပြတင်းပေါက်ကပ်စက္ကူတွေကို ညှပ်နေခဲ့သည်။ ပြတင်းပေါက်က စိမ့်ဝင်လာတဲ့ နေရောင်ခြည်က နွေးထွေးမှုနဲ့ ငြိမ်းချမ်းမှုကို ပေးစွမ်းသည်။

“မင်း စက္ကူညှပ်တတ်တယ်”

ကျုံးမင်းဝေ က အားချိုး ကတ်ကြေးကို ကိုင်ပြီး စက္ကူပေါ်မှာ လွယ်လွယ်ကူကူ ညှပ်နေတာကို မြင်တော့ အံ့အားသင့်သွားသည်။

“ဟုတ်ကဲ့”

အားချိုး က ကျုံးမင်းဝေ ကို ပြုံးပြီး ကြည့်ရင်း ပြောသည်။

“များသောအားဖြင့် ပန်းထိုး အလုပ်လုပ်တတ်တဲ့သူတွေက စက္ကူညှပ်လည်း လုပ်တတ်ကြတယ်။ ပန်းထိုးနည်းတွေ အများကြီးရှိသလိုပဲပေါ့”

“မင်း ဘာတွေ ညှပ်နေတာလဲ”

ကျုံးမင်းဝေ က သူမ ညှပ်နေတဲ့ ပြတင်းပေါက်ကပ်စက္ကူတွေကို လက်ညှိုးထိုးပြီး အားချိုး ကို မေးလိုက်သည်။

“နောက်မှ သိလိမ့်မယ်”

အားချိုး က ခေါင်းငုံ့ပြီး စက္ကူကို ဂရုတစိုက် ညှပ်ရင်း တိုးတိုးလေး ပြောသည်။

“ကောင်းပြီ”

အချိန်ခနကြာ အားချိုး က ကတ်ကြေးကို ချပြီး ညင်ညင်သာသာ ပြတင်းပေါက်ကပ်စက္ကူတွေကို ဖြန့်လိုက်သည်။ သူမက အဲ့ဒါတွေကို ကျုံးမင်းဝေ ဆီ ပို့ပေးပြီး မေးသည်။

“ဒါ ဘာ ပုံစံလဲ သိလား”

“ဒါက”

ကျုံးမင်းဝေ က စက္ကူညှပ်ပုံပေါ်က မျက်လုံးကွေးကွေးလေးတွေနဲ့ ပြုံးနေတဲ့ ယောက်ျားနဲ့ မိန်းမ ပုံရိပ်နှစ်ခုကို ကြည့်ပြီး တုံ့ဆိုင်းသွားကာ

“ သူတို့က စုံတွဲလား”

“ရှင် သိတယ်လား”

အားချိုး ရဲ့ မျက်နှာဟာ လည်ပင်းအထိ ချက်ချင်း နီရဲသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“ရှင်တို့က ဒီလိုကိစ္စတွေကို လုံးဝ နားမလည်ဘူးလို့ ထင်ခဲ့တာ...”

“ကောင်းလိုက်တာ စုံတွဲကို ဘယ်လို ညှပ်ထားတာလဲ”

ကျုံးမင်းဝေ က အားချိုး ကို ပြုံးပြကာ ရင်ခွင်ထဲ ထည့်ထားလိုက်ပြီး တစ်ချိန်တည်းမှာပဲ လက်ကို မြှောက်၍ သူမရဲ့ နီရဲနေတဲ့ ပါးပြင်ကို နမ်းလိုက်သည်။ သူက ရယ်မောပြီး မေးလိုက်သည်။

“လူတွေက ကောင်းချီးမင်္ဂလာ စကားလုံးတွေနဲ့ ပြတင်းပေါက်ကပ်စက္ကူတွေ ညှပ်ကြတယ်လို့ ကြားဖူးတယ်။ မင်းက ဘာလို့ သဟဇာတဖြစ်တဲ့ စုံတွဲကို ညှပ်ထားတာလဲ”

“ရှင်တောင် ဒီလောက် ရှက်စရာကောင်းတဲ့ တံခါးချိတ်စာကို ရေးနိုင်ရင် ကျွန်မကရော သဟဇာတဖြစ်တဲ့စုံတွဲ ကို ညှပ်ခွင့် မရှိဘူးလား”

အားချိုး က မကျေမနပ်နဲ့ ကျုံးမင်းဝေ ကို မျက်စောင်းထိုးပြီး တိုးတိုးလေး ပြောပေမယ့် သူမက ရှက်နေတုန်းပင်။ သူမက သူ့လက်ဖဝါးပေါ်က စုံတွဲကို ကြည့်ပြီး တိုးတိုးလေး ပြော၏။

“ဒါမှမဟုတ် ဒီဟာကို မကပ်ရင်ရော၊ အကုန်လုံးကို ပြန်ညှပ်ပစ်လိုက်မယ်...”

“မလိုပါဘူး ဒီဟာကိုပဲ ကပ်လိုက်ပါ။ ကိုယ်က ဒီစုံတွဲကို အကြိုက်ဆုံးပဲ”

ကျုံးမင်းဝေ က စုံတွဲအရုပ်ကို လက်ညှိုးထိုးပြီး ပြုံးကာ အားချိုးအား ပြောလိုက်သည်။

“ကလေးမလေး... ဒီထဲက ယောက်ျားကကိုယ်နဲ့တူပြီး မိန်းမက မင်းနဲ့တူတယ်”

“တော်စမ်း မတူပါဘူး။ ကျွန်မက သူ့ထက် အများကြီး ပိုကြည့်ကောင်းတယ်”

အားချိုး က ငြင်းဆန်ပေမယ့် ရယ်တာကို မထိန်းနိုင်တော့ ပေ။ သူမက ကျုံးမင်းဝေရဲ့ မေးစေ့ကို နှစ်ချက် ကိုက်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ရယ်လေသည်။

“ဒါပေမယ့် ကျွန်မ တို့ အသက်ကြီးလာရင်တော့ ဒီလို ဖြစ်လာနိုင်တယ်။ အဲ့ဒီအခါကျရင်တော့ ရှင် ကျွန်မကို စွန့်ပစ်လို့ မရဘူးနော်”

အခန်း ၂၂၈။

“မင်း ကိုယ့်ကို မကြိုက်မှာ ကြောက်တယ်”

ကျုံးမင်းဝေ က အားချိုးရဲ့ မျက်နှာကို ကိုင်၍ ချောမွတ်တဲ့ နဖူးကနေ စကာ မေးစေ့ပေါ်က မှိန်ဖျော့နေတဲ့ အမာရွတ်လေးကို အဆုံးထိ နမ်းရှိုက်လိုက်သည်။ ထို့နောက် ကျုံးမင်းဝေက အားချိုးရဲ့ နဖူးကို သူ့ နဖူးနဲ့ ထိကပ်ပြီး တိုးတိုးလေး ပြောသည်။

“မင်း အိုသွားတဲ့အခါ ကိုယ်က မင်းထက် အသက်ကြီးနေမှာပဲ... ဒါပေမယ့် ကိုယ်က အရေးအကြောင်းတွေ အပြည့်နဲ့ အိုစာ နေပြီး ကြည့်လို့တောင် မကောင်းတော့ဘူး...”

“တခြားသူတွေ မမြင်ရပေမယ့် ကျွန်မတော့ မြင်ရမှာ သေချာတယ်”

အားချိုး က ကျုံးမင်းဝေရဲ့ နှာခေါင်းထိပ်လေးကို ပွတ်သပ်ရင်း၊ ထိုယောက်ျားရဲ့ အသက်ရှူသံကို ရှူသွင်းရင်း တိုးတိုးလေး ပြောသည်။

“ဘယ်သူက ရှင့်ကို ကျွန်မရဲ့ ယောက်ျား ဖြစ်ခွင့်ပေးလိုက်တာလဲ ကျွန်မ တစ်သက်လုံး ကြည့်လို့တောင် မဝသေးဘူး”

ကျုံးမင်းဝေ ဘာမှ မပြော ပေ။ သူ့မျက်တောင်တွေ နှစ်ချက် တုန်ခါသွားသည်။ သူက အားချိုးရဲ့ မျက်ခွံတွေကို ကုတ်လိုက်ဆွဲလိုက် လုပ်နေရာ အားချိုးရဲ့ မျက်ခွံတွေ ယားလာသည်။ အခု သူမက ယောက်ျားရဲ့ မျက်နှာမှာ ပွတ်သပ်နေသည်။ ထို့နောက် တိုးတိုးလေး မေးသည်။

“ရှင်ဘာလိုချင်တာလဲ ဘာလို့ တစ်ချိန်လုံး စကားမပြောတာလဲ”

“ကိုယ် အရင်ဘဝက ကောင်းမှုတွေ ဘယ်လောက်တောင်လုပ်ခဲ့လို့ မင်းနဲ့ ဒီဘဝမှာ ဆုံတွေ့ခွင့်ရတာလဲဆိုတာ တွေးနေတာ။ ကလေးမလေး ကိုယ် ဘယ်လောက် ပျော်နေလဲဆိုတာ မင်း မသိပါဘူး”

“ကလေးမလေး လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ကိုယ် ထုံထိုင်းပြီး ကြောက်လန့်နေခဲ့တာ။ မင်း ကိုယ့်ရှေ့မှာ ရှိနေတော့ ကိုယ်အရမ်းပျော်တယ်။ ဒါပေမယ့် အမြဲတမ်း နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်နေတုန်းပဲ။ ဒါက တကယ်မဟုတ်ဘူးလို့ အမြဲတမ်း ထင်နေတယ်။ လူတွေက ဘယ်လိုလုပ် ဒီလောက် ပျော်ရွှင်နိုင်မှာလဲ၊ ဒီလောက် ကောင်းတဲ့ နေ့ရက်တွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ”

အားချိုး က ယောက်ျားရဲ့ စကားကို ရုတ်တရက် ဖြတ်လိုက်သည်။ သူမက ခါးမတ်မတ် ထိုင်ပြီး ယောက်ျားရဲ့ မျက်နှာကို ကိုင်ကာ မျက်တောင်မခတ်ဘဲ ထိုယောက်ျားကို မျက်လုံးနက်နက်တွေနဲ့ စိုက်ကြည့်နေသည်။

နောက်တစ်စက္ကန့်မှာ ယောက်ျားရဲ့ နွေးထွေးတဲ့ နှုတ်ခမ်းတွေ ရုတ်တရက် ဖိကပ်လာသည်။

“ရှင် အခုထိ ထုံထိုင်းနေတုန်းပဲလား”

နှုတ်ခမ်းနှစ်ခုကြားမှာ အားချိုး အသက်ရှူသံ ခပ်ပြင်းပြင်းနဲ့ မေးလိုက်သည်။

“ရှင်အခုထိ စိတ်မကောင်းဖြစ်နေတုန်းပဲလား”

ကျုံးမင်းဝေ ပြန်မဖြေပေမယ့် သူ့ရင်ခွင်ထဲက ကောင်မလေးကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

အားချိုးက နည်းနည်းတော့ စိတ်ရှုပ်သွားပေမယ့် ကျုံးမင်းဝေရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ ရစ်ပတ်ပြီး သူမက ဆက်ပြီး မေးနေသည်။

“ကျုံးမင်းဝေ ကျွန်မကို ပြောပါ ရှင်အခုထိ စိတ်မကောင်းဖြစ်နေတုန်းပဲလား”

“ကလေးမလေး... မင်း ဒီမှာရှိနေတော့ ကိုယ်ဘာကိုမှ စိုးရိမ်စရာ မရှိတော့ဘူး”

ထိုယောက်ျားက အားချိုးရဲ့ နဖူးကို ကပ်စွာ ငုံ့ကြည့်ရင်း ပြောသည်။ သူတို့နှစ်ယောက်ရဲ့ နှာခေါင်းတွေ ထိစပ်သွားခဲ့သည်။

အားချိုး က သူ့ရဲ့ တောက်ပတဲ့ နှုတ်ခမ်းတွေကို စုပ်ယူပြီး ညင်ညင်သာသာ ပြောလိုက်သည်။

ကျုံးမင်းဝေ ရဲ့ မျက်လုံးတွေက နီရဲတဲ့ နှုတ်ခမ်းတွေကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူ အရမ်း ရေငတ်နေသလိုပင်။

ပြောရင်း အားချိုးက သူ့နှုတ်ခမ်းလေးကို ညင်ညင်သာသာ စူလိုက်သည်။

“မှင်က ကောင်းပြီး ဆေးရခက်တယ်။ ကျွန်မ အရင်တစ်ခါက အင်္ကျီမှာ ပေသွားလို့”

ကျုံးမင်းဝေ က စကားများနေတဲ့ ပါးစပ်ကို ပိတ်လိုက်ရင်း မနေနိုင်ဘဲ ပြောလိုက်သည်။

နှစ်ယောက်သားရဲ့ နှစ်သစ်ကူး ညစာအတွက် ဟင်းလျာ တစ်မျိုးပဲ ရှိသည်။ အိုးကြီးထဲမှာ ငါးကို ဟင်းရည်နဲ့ တည်ထားသည်။ တကယ်တော့ အားချိုး က ပိုလုပ်ချင်ခဲ့၏။ သို့သော် ကျုံးမင်းဝေ က သူမအား တားဖို့ တော်တော်ကြိုးစားခဲ့ရသည်။ နောက်ရက်အနည်းငယ်အတွက် ကျန်တဲ့ ဟင်းတွေကို စားရမှာကို သူ မကြောက် ပေ။ သို့ပေမယ့် နှစ်သစ်ကူးကို ဆင်နွှဲနိုင်ဖို့ အားချိုးမှာ ရက်ပေါင်းများစွာ အလုပ်များနေခဲ့ရသည်။ နေ့လယ်ပိုင်းမှာလည်း သူမက အစားအစာတွေကို တောင်းကြီး တစ်လုံးစာ ကြော်ခဲ့ရသဖြင့် ကျုံးမင်းဝေ တကယ် စိတ်မကောင်းဖြစ်သည်။ သူမကို အိမ်ထဲ အိမ်ပြင် အလုပ်လုပ်ခိုင်းဖို့ သူ မလိုလား ပေ။

ကျုံးမင်းဝေ နဲ့ အားချိုး နှစ်ယောက်စလုံးက ငါးဟင်းရည်နဲ့ ပန်ကိတ်ကို စားရတာ ကြိုက်ကြသည်။ ဒါပေမယ့် သူတို့ ပုံမှန်အားဖြင့် အဲ့ဒီလို မကြာခဏ မစားဖြစ် ပေ။ ငါးဟင်းရည်သည် ချက်ပြီးတာနဲ့ တစ်ခါတည်း အကုန်မစားနိုင် ဘဲ နှစ်ရက် သုံးရက်လောက် အမြဲတမ်း ကျန်နေတတ်သည်။ အခန်းထဲမှာ ငါးညှီနံ့က အရမ်း ပြင်းထန်တော့ အားချိုး က အလွယ်တကူ မလုပ်တတ်ပေ။ ဒီတစ်ခါတော့ နှစ်သစ်ကူး အကြိုနေ့မှာ အိုးကြီး တစ်လုံးစာ ချက်ထားပြီး အရံဟင်းတွေလည်း မထည့်ဘဲ မီးဖိုချောင်မှာသာ အဆင်ပြေသလို စားလိုက်ကြသည်။

ကျုံးမင်းဝေ က အိုးထဲက အတော်ရှည်သော ငါးတစ်ကောင်အား လက်ညှိုးထိုးပြီး အားချိုး ကို မေးသည်။

“ကိုယ်ဒီလို ငါးမျိုး အရင်က မစားဖူးဘူးထင်တယ်”

“ဪ ဒါက ခုံးကောင်လေ။ နူးညံ့ပြီး အရသာရှိတယ်။ အေးနေတဲ့ ရာသီမို့ ဖမ်းရတာ မလွယ်ဘူးလေ။ ငါးရောင်းတဲ့ အဘိုးကြီးဆီမှာတောင် အများကြီး မရှိဘူး။ ကျွန်မ အများကြီး လုယူခဲ့မိလို့ တကယ် စိတ်မကောင်းဖြစ်မိတယ်”

အားချိုး က ခုံးကောင် တစ်ကောင်လုံးကို ကျုံးမင်းဝေ ရဲ့ ပန်းကန်ထဲ ထည့်ပေးပြီး စားဖို့ တိုက်တွန်းလိုက်သည်။

“အလယ်မှာ ဆူးတစ်ချောင်းပဲ ရှိတယ်။ ဖယ်ပြီးစားလို့ရတယ်။ စားလိုက်ပါ”

ကျုံးမင်းဝေ က ခုံးကောင်ရဲ့ အလယ်က ဆူးကို ဖယ်လိုက်ပြီး သူ့ပန်းကန်ကို အားချိုး ရှေ့မှာ ထားလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက အားချိုးရဲ့ လက်ထဲက ပန်းကန်ကို ဆွဲယူသွားသည်။

“ရှင်ဘာဖြစ်နေတာလဲ”

အားချိုးရဲ့ အားအင်က နည်းတော့ သူမလက်ထဲက ပန်းကန်က ယောက်ျားရဲ့ လက်ထဲကို သဘာဝကျကျ ရောက်သွားလေသည်။ ကျုံးမင်းဝေမှာ ပန်းကန်တွေကို လဲလှယ်သွားတာကြောင့် အခု သူမက ခုံးကောင်တွေ ပြည့်နေတဲ့ ပန်းကန်ကိုသာ မြှောက်ပြီး အရသာရှိရှိ စားနေရသည်။ သူမ မျက်လုံးတွေက ထိုယောက်ျားဆီကို အခါအားလျော်စွာ ကြည့်နေပြီး ကြည့်လေလေ မျက်ခုံးနဲ့ မျက်လုံးတွေက ပိုကွေးလာလေ ဖြစ်သည်။

ကျုံးမင်းဝေ က အားချိုး ကို ပြောလိုက်သည်။ ကောင်မလေးက အရိုးစူးမှာကို သိပ်မကြောက်ပေ။ သူ စိတ်ပူမိသည်။

All Chapters