← Chapters

အခန်း (၁၄၄၉-၁၄၅၀)

Vol. 145 Ch. 1449-1450

အခန်း (၁၄၄၉-၁၄၅၀)

Vol. 145 Ch. 1449-1450

အခန်း (၁၄၄၉) - ပဋိညာဉ် ကျရှုံးသွားတာလား

​သွေးစက်များ ကျဆင်းသွားသည်နှင့်အမျှ အစီရင်ဗဟိုချက်မှ မှိန်ပျပျ စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဖန့်ချန်ကို လွှမ်းခြုံသွားတော့သည်။

​ဖန့်ချန်၏ ခန္ဓာကိုယ်သည် ထိုစိမ်းဖန့်ဖန့် အလင်းတန်း၏ ပင့်တင်မှုကြောင့် ကောင်းကင်ယံသို့ ဖြည်းဖြည်းချင်း မြင့်တက်သွားပြီး လေထဲတွင် ဝဲပျံနေလေသည်။

၎င်းမှာ ထိုစဉ်က ကြာနီနတ်မိမယ် အစီရင်ဗဟိုချက်နှင့် ပဋိညာဉ်ပြုခဲ့စဉ်က မြင်ကွင်းနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။

​သူသည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခုထဲတွင် ရောက်ရှိနေသကဲ့သို့ ခံစားရပြီး ခန္ဓာကိုယ်မှာလည်း ပေါ့ပါးသွားသည်။

စိမ်းဖန့်ဖန့် အလင်းတန်းများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်လာပြီး အေးမြသော ခံစားမှုကို ဆောင်ကြဉ်းလာပေးသည်။

​"သူတို့က ဘယ်ကို သွားနေတာလဲ..."

​ထိုစိမ်းဖန့်ဖန့် အလင်းတန်းများသည် သူ၏ သွေးကြောများထဲသို့ တိုးဝင်ကာ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးများနှင့် အဆက်မပြတ် ပေါင်းစပ်နေကြောင်း ဖန့်ချန် သတိထားမိလိုက်သည်။

လုပ်ငန်းစဉ်တစ်ခုလုံးမှာ ထူးထူးခြားခြား ချောမွေ့နေပြီး မည်သည့် မအီမသာဖြစ်မှုမျှ မရှိပေ။

​သို့သော်...

​ဖန့်ချန်၏ သွေးများအားလုံး စိမ်းဖန့်ဖန့် အလင်းရောင်များ တောက်ပလာချိန်တွင် သူ၏ စိတ်ဝိညာဉ် ပေါ်သို့ ပြင်းထန်လှသော ဖိအားများမှာ တစ်ထပ်ပြီးတစ်ထပ် ကျရောက်လာတော့သည်။

တောင်တန်းကြီးများ တစ်လုံးပြီးတစ်လုံး ဆင့်ကာပုံထားသကဲ့သို့ သူ၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် ဖိနှိပ်နေခြင်း ဖြစ်သည်။

​ထိုအချိန်တွင်သာ သာမန်ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင် စိတ်ဝိညာဉ်က လုံလောက်အောင် မတောင့်တင်းပါက တခဏချင်းမှာပင် ကြေမွသွားနိုင်ပေသည်။

ဖန့်ချန်မှာမူ စိတ်ဝိညာဉ် အနည်းငယ် လေးလံသွားသည်ဟု ခံစားရရုံမှလွဲ၍ ထွေထွေထူးထူး အခက်အခဲ မရှိပေ။

​"အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ပြုဖို့ သော့ချက်က စိတ်ဝိညာဉ်မှာ ရှိနေတာလား"

ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး အသေးစိတ် စတင်အကဲခတ်တော့သည်။

​ဖိအားများက ဆက်လက်တိုးလာနေဆဲ ဖြစ်သည်။

သို့သော် ထိုဖိအားမှာ သူ၏ စိတ်ဝိညာဉ်အတွက်မူ တစ်စုံတစ်ယောက်က ပုခုံးပေါ် လက်ကလေး တင်ထားသကဲ့သို့သာ ရှိပြီး အောက်သို့ ဖိချခံရသည့် အာရုံပင် မရသေးပေ။

​ခဏအကြာတွင် ဖန့်ချန်သည် သိသိသာသာ ပြင်းထန်လာသော ဖိအားကို ခံစားလိုက်ရသည်။

ကလေးငယ်တစ်ဦးကို ကျောပိုးထားရသကဲ့သို့ လေးလံလာခြင်း ဖြစ်သည်။

​

​ပြင်ပတွင်မူ မရေမတွက်နိုင်သော အကြည့်များမှာ ဖန့်ချန်၏ ပဋိညာဉ်ပြုနေသည့် အခြေအနေကို အသေးစိတ် စောင့်ကြည့်နေကြသည်။

​"ဟုန်ညီမလေး... အရင်က မင်းဟာ ဘေးဒုက္ခဖြတ်ကျော် ကျင့်ကြံသူ အဆင့်မှာပဲ ရှိသေးပေမဲ့ တစ်လအတွင်းမှာ ပဋိညာဉ် အောင်မြင်ခဲ့တယ်။ ဒီရလဒ်က ကျွယ်မင်နန်းတော်မှာ ဘယ်အဆင့်မှာ ရှိလဲ မင်းသိလား"

စီနီယာအစ်မကြီးက ရုတ်တရက် အသာအယာ ရယ်မောရင်း မေးလိုက်သည်။

​ကြာနီနတ်မိမယ်မှာ ခဏမျှ မှင်သက်သွားပြီးနောက် ခေါင်းကို အသာခါယမ်းလိုက်သည်။

"မသိပါဘူး"

​"မင်းရဲ့ ရလဒ်က အလယ်အလတ်တန်းစား အထက်မှာ ရှိတယ်။ အမာခံတပည့် အတော်များများဟာ အဆင့် ၁ မသေမျိုး ရောက်မှ အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ပြုနိုင်ခဲ့ကြတာ။ သူတို့ ကုန်ဆုံးခဲ့တဲ့ အချိန်ကလည်း မင်းနဲ့ သိပ်မကွာဘူး"

ဟု စီနီယာအစ်မကြီးက ဆိုသည်။

​အဝေးမှ ကျိရှန့်မှာ ထိုစကားကို ကြားသောအခါ အမူအရာမှာ ထူးဆန်းသွားသည်။

သူသည်လည်း အဆင့် ၁ မသေမျိုး အဆင့်တွင်မှ ပဋိညာဉ်ပြုနိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၅ ရက်ခန့် ကြာမြင့်ခဲ့သည်။

အသေးစိတ် တွက်ချက်ကြည့်လျှင် သူ၏ ပါရမီမှာ ကြာနီနတ်မိမယ်လောက် မကောင်းဟု ဆိုရမည်။

​၎င်းမှာ ကျင့်ကြံခြင်း ပါရမီကို ဆိုလိုခြင်း မဟုတ်ပေ။

ပဋိညာဉ်ပြုသည့် အချိန် တိုတောင်းလေလေ အစီရင်ဗဟိုချက်နှင့် တစ်သားတည်း ဖြစ်ရန် ပို၍ လွယ်ကူလေဖြစ်ပြီး အစီရင်မသေမျိုးအတတ်များကို အစွမ်းကုန် အသုံးချနိုင်လေ ဖြစ်သည်။

​"စီနီယာအစ်မကြီးရဲ့ ပါရမီက အကောင်းဆုံးပါပဲ။ အရင်က ပဋိညာဉ်ပြုတုန်းကလည်း အဆင့် ၁ မသေမျိုးပဲ မဟုတ်လား ခုနစ်ရက်တောင် မပြည့်ဘူးလေ"

စီနီယာအစ်မ သုံး က ရုတ်တရက် ရယ်မော၍ ဆိုလာသည်။

"ဒီနှစ်ပေါင်းများစွာအတွင်း ကျွယ်မင်နန်းတော်က ထွက်ပေါ်ခဲ့သမျှ အမာခံတပည့်တွေထဲမှာ ဒီစံချိန်ကို ဘယ်သူမှ မချိုးနိုင်သေးဘူး"

​"သိပ်ပြီးတော့ မနာလို မဖြစ်ပါနဲ့ဦး"

စီနီယာအစ်မကြီးက သူမကို တစ်ချက်ကြည့်ကာ ပြုံး၍ ဆိုသည်။

​စီနီယာအစ်မ သုံး ကလည်း လိုက်ဖက်ညီစွာ ပြုံးလိုက်သည်။

"မနာလိုမဖြစ်လို့မှ မရတာ၊ ကျမက အစ်မကြီးထက် သုံးရက်တောင် ပိုကြာသွားတာကိုး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သုံးရက်ဆိုတဲ့ ကွာခြားချက်က ပြန်ပြီး မဖြည့်ဆည်းနိုင်စရာ မရှိပါဘူး... မဟုတ်ဘူးလား"

​သူမ၏ နောက်ကွယ်တွင် ရပ်နေကြသော အမာခံတပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ဖြစ်ပေါ်နေကြသည်။

သူတို့ အားကိုးနေသည့် ပုဂ္ဂိုလ်မှာ ထိုနယ်ပယ်တွင် ပါရမီအရ စီနီယာအစ်မကြီးနှင့် သိပ်ပြီး မကွာခြားလှပေ။

စီနီယာအစ်မ သုံး သာ အားစိုက်ပြီး လိုက်မည်ဆိုလျှင် နောင်တွင် အမာခံတပည့်များ၏ ဦးသျှောင်နေရာကို ရရှိရန် အခွင့်အရေး အများကြီး ရှိနေသည်။

အကယ်၍ ထိုနေ့ ရောက်လာလျှင် သူတို့ကဲ့သို့ နောက်လိုက်များမှာလည်း ရရှိလာမည့် အကျိုးအမြတ်များကို ဝေမျှခံစားကြရမည် မဟုတ်ပါလား။

​စီနီယာအစ်မကြီးက သူမကို ဂရုမစိုက်တော့ဘဲ ကြာနီနတ်မိမယ်ဘက်သို့ လှည့်၍ ပြုံးကာ မေးလိုက်သည်။

"ဟုန်ညီမလေး... ဖန့်မောင်လေး ပဋိညာဉ် အောင်မြင်နိုင်မယ့် အခွင့်အရေးက ကြီးတယ်လို့ မင်းထင်လား"

​"ဖန့်မိတ်ဆွေရဲ့ ပါရမီနဲ့ဆိုရင်တော့ အခွင့်အရေး ရှိနိုင်ပါတယ်"

ကြာနီနတ်မိမယ်က အချိန်အနည်းငယ် စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

​အရင်က နဂါးနက် သင်္ဘောပေါ်တွင် စီနီယာအစ်မကြီး ကျင့်ကြံမှုအဆင့်ကို နှိမ့်ထားစဉ်ကပင် ဖန့်ချန်ကို မယှဉ်နိုင်ခဲ့ပေ။

အစီရင်ဗဟိုချက်နှင့် ပဋိညာဉ်ပြုခြင်းမှာ တိုက်ခိုက်ခြင်းနှင့် သိပ်မသက်ဆိုင်သော်လည်း ဖန့်ချန်၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ဟု သူမ အမြဲ ခံစားနေရသည်။

ရှေးဟောင်းမသေမျိုးများ၏ ခြုံခိုတိုက်ခိုက်မှုမှ သူတို့နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းမှာပင် သက်သေတစ်ခု ဖြစ်သည်။

ထို့ကြောင့် ဖန့်ချန် အောင်မြင်ရန် အခွင့်အရေးမှာ မသေးလှဟု သူမ ထင်မြင်နေမိသည်။

​"အနည်းဆုံးတော့ သူက ပထမဆုံးလှိုင်းကို ကျော်ဖြတ်နိုင်သွားပြီ"

စီနီယာအစ်မကြီးက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ ဆိုသည်။

"လူတော်တော်များများဟာ ပထမဆုံးလှိုင်း၊ ဒါမှမဟုတ် ပဋိညာဉ်ပြုစ စက္ကန့် ၁၀ လောက်မှာတင် ရှုံးနိမ့်သွားတတ်ကြတာ။ ပထမလှိုင်းကို ကျော်ဖြတ်နိုင်ရင်တော့ ရှေ့ဆက်ဖို့ အခွင့်အရေးက မှိန်ဖျော့မနေတော့ပါဘူး"

​ကျန်းချန်သည်လည်း ဤလျှို့ဝှက်ချက်ကို သိထားသူ ဖြစ်သည်။

ဖန့်ချန် ပထမလှိုင်းကို ကျော်ဖြတ်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်မှ အပြုံးမှာ အနည်းငယ် မှိန်သွားတော့သည်။

​"မဖြစ်နိုင်ပါဘူး... အစီရင်ဗဟိုချက်က အဲဒီလောက် ပဋိညာဉ်ပြုဖို့ မလွယ်ပါဘူး။ သူက အောက်ပိုင်းနယ်မြေခြောက်ခုက လာတဲ့သူပဲ၊ ငါကတော့ ကျွယ်မင်ကြယ်မှာ မွေးဖွားလာသူ။ ဒီအချက်တစ်ချက်တည်းနဲ့တင် သူက အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ပြုနိုင်စရာ အကြောင်းမရှိဘူး"

ကျန်းချန်သည် မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်ပြီး စိတ်ကို ပြန်လျော့ကာ ဖန့်ချန် ရှုံးနိမ့်မည့် မြင်ကွင်းကို အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်သည်။

ထိုအချိန်ကျလျှင် တစ်ဖက်လူကို မည်သို့သော စကားများဖြင့် နှစ်သိမ့် ရမည်ကိုပင် သူ စဉ်းစားထားပြီးသား ဖြစ်သည်။

​အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ဖန့်ချန် မသိသော်လည်း အများဆုံး တစ်နာရီခန့်သာ ရှိလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။

စိတ်ဝိညာဉ်ပေါ်မှ ဖိအားမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပုံရပြီး ထပ်တိုးမလာတော့ပေ။

​"ဒီဖိအားက တစ်နေရာမှာ ခဏလောက် ငြိမ်နေလိမ့်မယ်။ ငါ ခံနိုင်ရည်ရှိတာကို မြင်ရင် ဖိအားအသစ်တွေ ထပ်တိုးလာလိမ့်မယ်။ ဒီအချိန်လေးအတွင်းမှာတင် ဖိအားတွေက အကြိမ်ပေါင်း ဆယ်ဂဏန်းလောက် ငါ့အပေါ် တစ်ထပ်ပြီးတစ်ထပ် ကျရောက်ခဲ့ပြီးပြီ"

​"ဒါပေမဲ့ ဒီတစ်ခါတော့ အကြာကြီး ရှိနေပြီ၊ ဖိအားအသစ်တွေ ထွက်မလာတော့ဘူး။ အခြေအနေက တန့်နေတာလား "

​ထိုသို့ တွေးလိုက်မိစဉ်မှာပင်...

စိမ်းဖန့်ဖန့် အလင်းတန်းများအားလုံး သူ၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ပြန်လည်ဝင်ရောက်သွားပြီး စိမ်းလဲ့လဲ့ အစီရင်ဗဟိုချက်သည်လည်း သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားကြောင်း ဖန့်ချန် သတိပြုလိုက်မိသည်။

​သွေးများမှတစ်ဆင့် အေးမြသော ခံစားမှုမှာ ခြေလက်အင်္ဂါ အနှံ့အပြားသို့ စီးဆင်းသွားတော့သည်။

ဖန့်ချန်သည် ကွင်းပြင်ပေါ်သို့ တည်ငြိမ်စွာ ပြန်လည် ဆင်းသက်လိုက်သည်။

သူ၏ ဦးနှောက်ထဲတွင် သံသယတစ်ခု ပေါ်လာသည်။

​အောင်မြင်သွားတာလား

ဒါက ပဋိညာဉ် အောင်မြင်သွားတာလား

​ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။

လူတိုင်း၏ အမူအရာမှာ ထိုအချိန်တွင်ပင် ရပ်တန့်သွားသကဲ့သို့ ရှိနေသည်။

​ရှုံးနိမ့်သွားတာလား

ဒါလည်း ဖြစ်နိုင်တာပဲ။

​လူအများအပြားမှာ နားလည်သွားသည့် အမူအရာများ ပြသလာကြသည်။

အစီရင်ဗဟိုချက်နှင့် ပဋိညာဉ်ပြုရာတွင် ရှုံးနိမ့်ခြင်းမှာ သဘာဝကျလှသည်။

ကျွယ်မင်နန်းတော်တွင် နှစ်စဉ် စစ်ဆေးခံသည့် ပါရမီရှင်များ မရေမတွက်နိုင်အောင် ရှိသော်လည်း အခုထိ အမာခံတပည့်မှာ တစ်ထောင်ကျော်သာ ရှိသေးသည်။

အမာခံတပည့် နေရာဆိုသည်မှာ အလွယ်တကူ ရနိုင်သည့် အရာမှ မဟုတ်ဘဲ။

​"ဖန့်မိတ်ဆွေ... တစ်ခါရှုံးတာ ဘာမှမဟုတ်ပါဘူး။ ခင်ဗျားရဲ့ ပါရမီနဲ့ ဆိုရင် ဂုဏ်ထူးရမှတ် ၅,၀၀၀ ဆိုတာ မကြာခင်မှာ ပြန်စုနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ငယ်ပါသေးတယ်၊ အခွင့်အရေးတွေက အများကြီး စောင့်နေတာပါ"

ကျန်းချန်က မစောင့်နိုင်တော့ဘဲ သူ၏ စိတ်ထဲတွင် အကြိမ်ကြိမ် လေ့ကျင့်ထားသော စကားများကို ထုတ်ပြောလိုက်သည်။

​ထိုစကားကို ပြောလိုက်ရသောအခါ သူ၏ ရင်ထဲတွင် အလွန်ပင် နေသာထိုင်သာ ရှိသွားပြီး အငြိုးအတေးများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​"ဒီကောင်က လူယုတ်မာ စကားတွေ ပြောနေပြန်ပြီလား"

လင်းယွမ်၏ မျက်နှာမှာ မဲမှောင်သွားသည်။

​သူတို့သည်လည်း စီနီယာအစ်မကြီးတို့၏ စကားကို ကြားလိုက်ရသည်။

စီနီယာအစ်မကြီးပင်လျှင် ခုနစ်ရက်ကြာမှ ပဋိညာဉ် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ယခု ဖန့်ချန်မှာ တစ်နာရီခန့်သာ ကြာသေးသည်။

ဤသို့ဆိုလျှင် ပဋိညာဉ် ရှုံးနိမ့်သွားသည်ဟု ယူဆခြင်းမှာလည်း မှားမည်မဟုတ်ပေ။

​သို့သော် သူတို့ သတိမထားမိသည်မှာ စီနီယာအစ်မကြီးနှင့် အခြားသူများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲနေခြင်း ဖြစ်သည်။

တိုက်ပွဲတစ်ရာမသေမျိုးပင်လျှင် ဖန့်ချန်ကို အလွန်လေးနက်သော အမူအရာဖြင့် စူးစိုက်ကြည့်နေသည်။

​သူသည် စစ်ဆေးမှုကို နှစ်ကြိမ်တိုင်တိုင် လျှောက်ထားခဲ့ဖူးသဖြင့် ပဋိညာဉ် ရှုံးနိမ့်ခြင်းဆိုသည်မှာ မည်သို့ရှိကြောင်း ကောင်းစွာ သိထားသည်။

ပဋိညာဉ် ရှုံးနိမ့်ပါက အစီရင်ဗဟိုချက်မှာ လုံးဝ ကြေမွပျက်စီးကာ ပျောက်ကွယ်သွားရမည် ဖြစ်သည်။

အခုလို ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားရမည် မဟုတ်ပေ။

​ဒါပေမဲ့...

ဒါက အချိန်တိုလွန်းနေတာ မဟုတ်လား

တစ်စုံတစ်ယောက်က ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ပြုနိုင်တာ တကယ်ပဲ ဖြစ်နိုင်လို့လား အကယ်၍သာ တကယ်ဆိုရင် သူ့ရဲ့ ပါရမီက...

​တိုက်ပွဲတစ်ရာမသေမျိုးမှာ ဆက်ပြီး မတွေးရဲတော့ပေ၊ မိမိဘာသာ များများစားစား တွေးမိနေခြင်းသာ ဖြစ်လိမ့်မည်ဟုလည်း ယူဆနေမိသည်။

​"ကျန်းချန်... မင်းရဲ့ ခွေးပါးစပ်ကို ပိတ်ထားစမ်း"

​ရုတ်တရက် လူရိပ်တစ်ခု လေထုကို ခွဲကာ ရောက်ရှိလာပြီး ကျန်းချန်ကို ငေါက်ငမ်းလိုက်သည်။

သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ပြင်းထန်လှပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားမှာ ကျန်းချန်ပေါ်သို့ ကျရောက်သွားရာ ကျန်းချန်မှာ ချက်ချင်းပင် အသက်ရှူကျပ်သွားတော့သည်။

​စီနီယာ အကြီးအကဲ ကျန်း

လူအတော်များများမှာ မှင်သက်သွားကြသည်။

ထိုပုဂ္ဂိုလ်သည်လည်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်လား။

အခန်း (၁၄၅၀) - အောင်မြင်သော ပဋိညာဉ်

​ကျန်းချန်မှာ မှင်သက်အံ့ဩသွားပြီး သူ၏ ဘိုးဘေးဖြစ်သူက ဘာကြောင့် ရုတ်တရက် ပေါ်လာသနည်း၊ ပြီးနောက် သူ့ကို ဘာကြောင့် ရုတ်တရက် ဆူပူကြိမ်းမောင်းရသနည်းဆိုသည်ကို နားမလည်နိုင် ဖြစ်နေရသည်။

​စီနီယာ အကြီးအကဲ ကျန်းမှာ ဘာမှမပြောဘဲ ဟင်းလင်းပြင်ကို ဖြတ်၍ ကျန်းချန်၏ ပါးကို ရိုက်ချက်အချို့ ဆင့်ကာ ကျွေးလိုက်တော့သည်။

​"ဘိုးဘေး... ကျနော်..."

ကျန်းချန်မှာ အလွန်ပင် မခံမရပ်နိုင်ဖြစ်ကာ ဝမ်းနည်းသွားရသည်။

​"မင်းတို့တွေက ဘာရပ်ကြည့်နေကြတာလဲ သူ ပဋိညာဉ် အောင်မြင်၊ မအောင်မြင်ကို မြန်မြန် စစ်ဆေးကြစမ်း။ ရှုံးနိမ့်တာက ဒီလိုမြင်ကွင်းမျိုး မဟုတ်ဘူး"

စီနီယာ အကြီးအကဲ ကျန်းက အကြီးအကဲ ချန်နှင့် စီနီယာအစ်မကြီးတို့ကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

​အကယ်၍ ထိုသူနှစ်ဦးသာ ရုတ်တရက် ကြောင်အသွားခြင်း မရှိပါက၊ ပြီးနောက် သူ၏ သားမြေးဖြစ်သူကလည်း ရိုင်းရိုင်းစိုင်းစိုင်း စကားများ မပြောခဲ့ပါက သူသည်လည်း ယခုအချိန်တွင် လူလုံးထွက်ပြမည် မဟုတ်ပေ။

သို့သော် အဓိက အကြောင်းရင်းမှာ ယနေ့ ပြုလုပ်သော အမာခံတပည့် စစ်ဆေးမှုပင် ဖြစ်သည်။

အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့လျှင် ရှေ့မှ ပုဂ္ဂိုလ်နှင့် အစီရင်ဗဟိုချက်တို့၏ လိုက်ဖက်ညီမှုမှာ သူ ထင်ထားသည်ထက် များစွာ သာလွန်နေပေလိမ့်မည်။

​အကြီးအကဲ ချန်သည်လည်း အခြေအနေကို ရိပ်မိသွားပြီး ဖန့်ချန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာကာ လက်ဖဝါးဖြင့် ဖန့်ချန်၏ နဖူးအလယ် ကို အသာအယာ ရိုက်နှိပ်လိုက်သည်။

​စီနီယာအစ်မကြီးသည်လည်း တုံ့ပြန်မှု ရှိလာပြီး ဖန့်ချန်၏ ရှေ့သို့ ရောက်လာကာ လေးနက်သော အမူအရာဖြင့် စောင့်ကြည့်နေတော့သည်။

​လူအပေါင်းမှာ စီနီယာ အကြီးအကဲ ကျန်း၏ စကားကို ကြားသောအခါ ကြောင်အသွားကြရသည်။

​ပဋိညာဉ် ရှုံးနိမ့်ခြင်းက ဒီလိုမြင်ကွင်းမျိုး မဟုတ်ဘူးလား

ဒါဆိုရင်... ပဋိညာဉ် အောင်မြင်သွားတာလား

​သူတို့သည် ခုနက ကျန်းချန် ပါးရိုက်ခံလိုက်ရသည်ကို ပြန်လည် မြင်ယောင်လာကြပြီး မျက်နှာအမူအရာများမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေတော့သည်။

​လီစီသည် မသိစိတ်ဖြင့် ကျန်းချန်နှင့် အနည်းငယ် အကွာအဝေးတစ်ခုသို့ ခွာလိုက်ပြီး ထိတ်လန့်တုန်လှုပ်သော အမူအရာ ဖြစ်သွားသည်။

​ကျိရှန့်၏ ဘေးမှ ကျိထျန်းကျွင်းမှာမူ အံ့အားသင့်သွားသည့် ပုံစံရှိသည်။

​စိတ်ပျက်အားငယ်နေကြသော လင်းယွမ်တို့ တစ်သိုက်မှာမူ ယခုအခါ စိတ်ဓာတ်များ ပြန်လည် နိုးကြားလာကြပြီ ဖြစ်သည်။

​နန်မင်ရုယွဲ့၊ လီရှမ်းဇီ နှင့် စီနီယာအစ်မ သုံး တို့မှာမူ တစ်ယောက်စီတွင် မတူညီသော အတွေးကိုယ်စီဖြင့် အမူအရာ အသီးသီး ဖြစ်နေကြသည်။

​

​ဖန့်ချန်သည် ရှောင်တိမ်းလိုသော စိတ်ကို အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး အကြီးအကဲ ချန်၏ လက်ဖဝါးကို သူ၏ မျက်ခုံးဗဟိုပေါ်သို့ အကျခံလိုက်သည်။

​ထိုသို့ အသာအယာ ရိုက်နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် စိမ်းဖန့်ဖန့် အစီရင်ဗဟိုချက်တစ်ခုမှာ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။

၎င်းမှာ အစိုင်အခဲ မဟုတ်တော့ဘဲ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဝေဝါးနေပြီး အလင်းပြကွက် တစ်ခုနှင့် တူလှသည်။

​"ဟူး..."

လူတိုင်းမှာ အသက်ရှူသံပြင်းပြင်းဖြင့် အံ့ဩသွားကြရသည်။

​ဒါက ပဋိညာဉ် အောင်မြင်သွားတာ အသေအချာပဲ

​ကျန်းချန်မှာ ခြေထောက်များ ပျော့ခွေသွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

ယုထျန်းကော်၊ နန်မင်ရှောက်ကျဲ တို့မှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြသည်။

​မယုံနိုင်စရာပဲ

ဖန့်ချန်က တကယ်ပဲ ပဋိညာဉ် အောင်မြင်သွားခဲ့ပြီ။

မျက်စိတစ်မှိတ်အတွင်းမှာတင် အမာခံတပည့် အဆင့်အတန်းကို ခုန်တက်လှမ်းသွားနိုင်ခဲ့ပြီလား။

​"တစ်နာရီကျော်ပဲ ကြာတယ်လား... ကျွယ်မင်နန်းတော်ရဲ့ အရင်က သမိုင်းမှာ ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး..."

စီနီယာ အကြီးအကဲ ကျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​အကြီးအကဲ ချန်၏ မျက်ဝန်းများမှာလည်း တောက်ပနေတော့သည်။

​စီနီယာအစ်မကြီး၏ မျက်နှာမှာမူ ပို၍ပင် လေးနက်သွားသည်။

​တစ်နာရီဆိုသည်မှာ သူမ၏ ခုနစ်ရက်ကြာမြင့်ခဲ့သော ပဋိညာဉ်ထက် များစွာ ပို၍ မြန်ဆန်လွန်းလှသည်။

ဘာကြောင့် ဒီလောက်အထိ ကွာခြားချက် ကြီးမားနေရတာလဲ

​"ဖန့်မောင်လေး... မင်းရဲ့ ဒီမျက်လုံးနှစ်လုံးက ဘယ်တုန်းက ကွယ်သွားတာလဲ "

စီနီယာအစ်မကြီးက ရုတ်တရက် မေးလိုက်သည်။

​လူတိုင်းမှာ ဖန့်ချန်ကို ဝိုင်းကြည့်လိုက်ကြသည်။

စီနီယာအစ်မကြီး သတိပေးလိုက်မှပင်... သို့ဆိုလျှင် ထိုသူတွင် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေပြီး မျက်စိကွယ်ခြင်းမှာ ထူးခြားသော နိမိတ်ပုံစံတစ်ခု ဖြစ်နေမလား။

​ဒါကလည်း ဖြစ်နိုင်ခြေ ရှိသည်။

အချို့သော ထူးခြားသည့် ခန္ဓာကိုယ်များမှာ ပြင်ပတွင် ထူးဆန်းသော ပုံစံများအဖြစ် ပေါ်လွင်တတ်ကြသည်။

ဥပမာအားဖြင့် မွေးလာကတည်းက ခေါင်းတစ်လုံး ပိုနေခြင်း၊ ခြေထောက်နှစ်ချောင်း လျော့နေခြင်း၊ သို့မဟုတ် ကျား၊ မ နှစ်မျိုးလုံး ပါလာခြင်း စသည်တို့ ဖြစ်သည်။

၎င်းတို့မှာ ထူးခြားသော ခန္ဓာကိုယ်များ၏ ပြင်ပလက္ခဏာများ ဖြစ်ပြီး မှန်ကန်သော လမ်းစဉ်ကို ရှာဖွေနိုင်ပါက ကျင့်ကြံခြင်းအပိုင်းတွင် သာမန်ထက် ထူးကဲသော ပါရမီများကို ပြသတတ်ကြသည်။

​သို့သော်... မွေးကတည်းက မျက်စိကွယ်သူများမှာ အလွန်ပင် ပေါများလှသဖြင့် ယခင်က မည်သူမျှ ထူးခြားသော ခန္ဓာကိုယ်ဟု မတွေးမိခဲ့ကြပေ။

​ဖန့်ချန်၏ ဦးနှောက်ထဲတွင် ထိုနေ့က မြင်ကွင်းများ ပေါ်လာပြီးနောက် ဖြည်းဖြည်းချင်း ဆိုလိုက်သည်။

"ဒီမျက်လုံးတွေက... ငယ်ငယ်ကတည်းက ကွယ်နေခဲ့တာပါ"

​သူသည် မျက်လုံးကို ဖွင့်လိုက်ရာ မီးခိုးဖြူရောင် မျက်စိသူငယ်အိမ်မှာ တစ်ဖက်လူကို အေးစက်မှိုင်းညို့သော ခံစားချက်မျိုး ပေးစွမ်းနေတော့သည်။

​"ကြည့်ရတာ မင်းမှာ ငါတို့တွေ တစ်ခါမှ မမြင်ဖူးသေးတဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်တစ်ခု ရှိနေပုံရတယ်၊ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက သာမန်ထက် ထူးခြားနေတာလား "

စီနီယာအစ်မကြီးက မေးသည်။

​"ဟုတ်ပါတယ်၊ နည်းနည်းတော့ ပိုပြီး အားကောင်းပါတယ်"

ဖန့်ချန်က ဖြေလိုက်သည်။

​လူတိုင်းမှာ နားလည်သွားသည့် အမူအရာ ဖြစ်သွားကြသည်။

သို့သော် မည်မျှပင် ထူးခြားသော ခန္ဓာကိုယ် ဖြစ်ပါစေ၊ တစ်နာရီကျော်ရုံဖြင့် ပဋိညာဉ် အောင်မြင်သွားခြင်းမှာ အထူးသဖြင့် ရောက်ရှိနေသော အမာခံတပည့်များအတွက် လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။

​"မင်းရဲ့ ခန္ဓာကိုယ်က ကျင့်ကြံခြင်းအပိုင်းမှာ အားဖြည့်မှု သိပ်မရှိရင်တောင်မှ မသေမျိုးလှေအစီရင် အပိုင်းမှာတော့ အလွန်ကြီးမားတဲ့ အထောက်အကူ ဖြစ်လိမ့်မယ်"

စီနီယာအစ်မကြီး၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

​ရှေ့မှ ဖန့်မောင်လေးသည် ဝမ်ချုံစန်း၏ လူဖြစ်သဖြင့် အခြားသူများနှင့် ပတ်သက်မိလိမ့်မည် မဟုတ်ပေ။

ကျွယ်မင်နန်းတော်အတွင်းတွင် သူသည် သူမအတွက် အကောင်းဆုံး လက်ရုံးတစ်ခု ဖြစ်လာပေလိမ့်မည်။

​"ဒီနေ့ သတင်းကို ဗိုက်ထဲမှာပဲ ထည့်ထားကြစမ်း၊ အားလုံး သေသေချာချာ ကြားတယ် မဟုတ်လား "

စီနီယာ အကြီးအကဲ ကျန်း၏ အကြည့်မှာ ရောက်ရှိနေသူအားလုံးကို ဝေ့ကြည့်လိုက်သည်။

​အမာခံတပည့်များရော၊ အပြင်စည်းကျင့်ကြံသူများပါ အားလုံး ခေါင်းညိတ်လိုက်ကြသည်။

သို့သော် ထိုသတင်းမှာ မည်မျှပင် ဖုံးကွယ်ထားပါစေ၊ အလွန်ဆုံး နှစ်အနည်းငယ်သာ ဖုံးထားနိုင်မည်ကို သူတို့ သိကြသည်။

နှစ်အနည်းငယ် ကြာလျှင် အခြားသော အင်အားစုများလည်း သိသွားကြမည်ဖြစ်ပြီး၊ နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် အထက်ပိုင်းနယ်မြေသုံးခုရှိ ကျန်ရှိသော နယ်မြေနှစ်ခုကပါ သိသွားကြမည် ဖြစ်သည်။

​"မင်းအတွက် နဂါးနက် သင်္ဘောကို တည်ဆောက်ဖို့ ငါ လူလွှတ်လိုက်မယ်၊ အချိန် ခြောက်လလောက် ကြာလိမ့်မယ်။ ဒီခြောက်လအတွင်းမှာ မင်း ကျွယ်မင်နန်းတော်မှာပဲ နေပါ၊ ဘယ်မှ မသွားနဲ့"

"ငါမှတ်မိသလောက်ဆိုရင် မင်းအရင်က ခွင့်ပြုချက်မရှိဘဲ ယင်လောက ကို သွားလို့ ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့တယ် မဟုတ်လား တကယ်လို့ ဒီတစ်ခါ ယင်လောကကို သွားချင်ရင် ကျွယ်မင်ယင်လောက အတွင်းမှာပဲ သွားပါ၊ အပြင်ဘက်ကို မထွက်နဲ့"

အကြီးအကဲ ချန်က ဤသို့ပြောပြီးနောက် ခေါင်းခါယမ်းလိုက်ပြန်သည်။

"အကောင်းဆုံးကတော့ အခုလောလောဆယ် ယင်လောကကို မသွားသေးတာ အကောင်းဆုံးပဲ၊ မင်းရဲ့ နဂါးနက်သင်္ဘော ရတဲ့အထိ စောင့်ပါ။ အဲဒီအချိန်ကျရင် ကျွယ်မင်နန်းတော်မှာ မင်းကျင့်ကြံဖို့ လိုအပ်တဲ့ အမွေအနှစ် တစ်ခု ရှိသေးတယ်"

​"ဟုတ်ကဲ့ပါ"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

​အကြီးအကဲ ချန် ပြောနေသော အမွေအနှစ်မှာ ယင်မသေမျိုး လမ်းစဉ် ဖြစ်နိုင်ကြောင်း သူ သိလိုက်သည်။

သို့သော်... သူသည် ယခုအခါ ငရဲမင်း တစ်ပါး ဖြစ်နေပြီဖြစ်ရာ ထိုအချိန်ကျလျှင် ထိုအပိုင်းတွင် လူမိသွားမလားဆိုသည်ကို သူ မသိပေ။

​

​အမာခံတပည့် အတော်များများမှာ ဖန့်ချန်ကို လာရောက်ဂုဏ်ပြုကြပြီး အမည်များ အပြန်အလှန် မိတ်ဆက်ကြကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။

နန်မင်ရုယွဲ့မှာ ဖန့်ချန်ကို စကားအချို့ ထပ်ပြောချင်ပုံရသော်လည်း စီနီယာအစ်မကြီးက စိတ်မရှည်စွာ လက်ကာပြပြီး မောင်းထုတ်လိုက်သဖြင့် ထွက်သွားရသည်။

စီနီယာအစ်မ သုံး မှာလည်း အခြေအနေကို မြင်သောအခါ အရှက်ကွဲမခံတော့ဘဲ ရှေ့သို့ မတက်တော့ပေ။

​လီစီမှာလည်း အကြိမ်ပေါင်းများစွာ ရှေ့တိုးပြီး စကားပြောရန် ကြိုးစားသော်လည်း စီနီယာအစ်မကြီး ရှိနေသဖြင့် မဝံ့မရဲ ဖြစ်ကာ နောက်ဆုံးတွင် နံပါတ် လေး နောက်သို့ မကျေမချမ်းဖြင့် လိုက်ပါသွားရတော့သည်။

ကျန်းချန်မှာမူ ဘယ်ကတည်းက ထွက်သွားသည်မသိ၊ ထိုနေရာတွင် ဆက်၍ မနေလိုတော့ပေ။

​"မင်း ငါ့ရဲ့ ကျင့်ကြံရာအရပ် ကို လိုက်မလား၊ ဒါမှမဟုတ် ဟုန်ညီမလေးရဲ့ နေရာကိုပဲ ပြန်မလား "

စီနီယာအစ်မကြီးက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

​"ကြာနီနတ်မိမယ် ရဲ့ နေရာကိုပဲ ပြန်ပါ့မယ်"

ဖန့်ချန်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

​"ကောင်းပြီ၊ ကျွယ်မင်ကြယ်ပေါ်မှာတော့ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး"

စီနီယာအစ်မကြီးက အသာအယာ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားတော့သည်။

​"မှတ်ထားဦး... နဂါးနက်သင်္ဘော အဆင်သင့်ဖြစ်ရင် ငါလူလွှတ်ပြီး အကြောင်းကြားလိုက်မယ်၊ လျှောက်မသွားနဲ့ဦး"

အကြီးအကဲ ချန်ကလည်း ဖန့်ချန်ကို မှာကြားပြီးနောက် ထွက်ခွာသွားသည်။

​"ဖန့်မိတ်ဆွေ... ဂုဏ်ယူပါတယ်။ ကျမတို့ အခု တန်းပြန်ကြမလား "

ကြာနီနတ်မိမယ်က ဖန့်ချန်ကို ပြုံး၍ မေးလိုက်သည်။

​လင်းယွမ်တို့ သုံးယောက်မှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။

ခေါင်းဆောင်ကရော၊ အသင်းဖော်ကရော နှစ်ယောက်လုံး အမာခံတပည့်တွေ ဖြစ်သွားပြီဆိုတော့ သူတို့ သုံးယောက်ရဲ့ နောက်ခံက ကျွယ်မင်ကြယ်ပေါ်မှာ ဘယ်လောက်တောင် တောင့်တင်းသွားပြီလဲ။

​"ကျုပ် အရင်ဆုံး ဂုဏ်ထူးဆောင်နန်းတော် ကို တစ်ချက်သွားချင်သေးတယ်"

ဖန့်ချန်က ဆိုသည်။

​"ဆေးလုံးတွေ သွားလဲမလို့လား၊ ဒါမှမဟုတ် မှော်လက်နက်တွေလား "

ကြာနီနတ်မိမယ်က စပ်စုသည့် သဘောဖြင့် မေးလိုက်သည်။

​"အဆင့်ထွတ်ထိပ် ဝိညာဉ်ကျောက်တုံး အချို့ သွားလဲမလို့ပါ"

ဖန့်ချန် ပြောလိုက်သည်နှင့် လူတိုင်း၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။

​ကြာနီနတ်မိမယ်မှာ အကြာကြီး နှုတ်ဆိတ်နေပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

"ဂုဏ်ထူးရမှတ်ဆိုတာ ရဖို့ တကယ်ခက်တာပါ... ဒါမျိုးတွေအတွက်တော့ အလဟဿ မဖြုန်းတီးပါနဲ့ဦး၊ အတိုင်းအတာတစ်ခုတော့ ထိန်းထားသင့်တယ်နော်"

​"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."

လင်းယွမ်တို့လည်း လိုက်၍ ထောက်ခံကြသည်။

​"စိတ်ချပါ၊ ကျြပ် အများကြီး မဖြုန်းပါဘူး"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဂုဏ်ထူးဆောင်နန်းတော်ဘက်သို့ ပျံသန်းထွက်ခွာသွားတော့သည်။

​ကျန်ရှိနေသူများမှာ သူ၏ ကျောပြင်ကို ကြည့်ရင်း လေးနက်သော အမူအရာများဖြင့် စဉ်းစားခန်း ဝင်နေကြတော့သည်။

သူတို့၏ အမြင်တွင်မူ ဖန့်ချန်မှာ မပြန်နိုင်သော လမ်းကို လျှောက်လှမ်းနေသည့် လောင်းကစားသမား တစ်ဦးကို ကြည့်နေရသကဲ့သို့ပင်။

​သာမန်ကျင့်ကြံသူများ၏ အမြင်တွင်မူ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးများဖြင့် ကစားခြင်း မှာ အလုပ်မရှိ အလုပ်ရှာခြင်းသာ ဖြစ်ပေတော့သည်။

All Chapters