← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

Chapter 55+56

~

အခန်း ၅၅+၅၆ : သောက်ကျိုးနည်း လေပေါ်ပျံကုန်ကြပြီ..

~

​ ထိုနေ့မွန်းလွဲပိုင်းတွင် ဂူချန်နှင့် ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားများသည် ကျန်းနန်ပြည်နယ်၏ အဝေးလံဆုံးအရပ်ဖြစ်သော ဝူတန်မြို့ကလေးဆီသို့ ရောက်ရှိလာကြသည်။

​ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဖွံ့ဖြိုးတိုးတက်မှု အလွန်နောက်ကျခဲ့သဖြင့် လူငယ်အများအပြားသည် အခြားမြို့ကြီးများသို့ ငွေရှာရန် ထွက်ခွာသွားကြရာမှ လူဦးရေ လျော့နည်းလာပြီး စီးပွားရေး ကျဆင်းသွားခဲ့သည်။ ကြာလာသည်နှင့်အမျှ အဆောက်အအုံများမှာ ဟောင်းနွမ်းပျက်စီးလာပြီး လူသူကင်းမဲ့လာတော့၏။

​ ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီသည် ဤအခြေအနေကို သတိပြုမိကာ ဒေသခံများကို ပြောင်းရွှေ့ကြေး အမြောက်အမြားပေး၍ ဝူတန်မြို့ကို ဖျက်သိမ်းလိုက်သည်။ ထို့နောက် လူအင်အားနှင့် အရင်းအမြစ်များစွာ အသုံးပြု၍ မြို့ကို ချဲ့ထွင်ကာ မဟာမိတ်အဖွဲ့၏ လေ့ကျင့်ရေးကွင်းအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

​ သိုင်းစစ်ဆေးမှုများ မပြုလုပ်မီ နှစ်စဉ်နှစ်တိုင်း ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီသည် ဤနေရာကို ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းသားများ ပုံစံတူ စစ်ဆေးမှု ပြုလုပ်ရန် သတ်မှတ်ပေးထားသည်။

​ ဝူတန်မြို့၏ ပတ်ပတ်လည်ကို သံနက်လျှပ်စစ်ခြံစည်းရိုးအမြင့်ကြီးများဖြင့် ဝန်းရံထားပြီး လက်နက်ကိုင် ကင်းလှည့်အဖွဲ့များက အဆက်မပြတ် စောင့်ကြပ်နေကြသည်။ အကယ်၍ ထူးဆန်းသော သားရဲတစ်ကောင်ကောင် ထွက်ပြေးရန် ကြိုးစားပါက ပြင်းထန်သော ပစ်ခတ်မှုဖြင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။

​ ခြံစည်းရိုးအတွင်းရှိ အဆောက်အအုံပုံစံများမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ရှေးဟောင်းပုံစံများဖြစ်ပြီး တိုက်ပွဲဒဏ်ရာဒဏ်ချက်များကို ယနေ့တိုင် မြင်တွေ့နေရဆဲ ဖြစ်သည်။ အတွင်းပိုင်းမှ သားရဲများ၏ ဟိန်းဟောက်သံများကိုလည်း ခပ်သဲ့သဲ့ ကြားနေရသည်။

​ ကျောင်းသားများသည် ဘတ်စ်ကားပေါ်မှနေ၍ ထိုရှေးဟောင်းအဆောက်အအုံများကို ကြည့်ကာ အံ့သြနေကြသည်။

​"ဝါး... ဒါ ဝူတန်မြို့လား.."

​"ပျက်စီးနေတဲ့ ပုံစံကြီးက ဓာတ်ပုံရိုက်ရင် တကယ့်ကို မိုက်မှာပဲ.."

​"ငါ့ရဲ့ နတ်ဘုရားလမ်းစဉ်က ဒီကနေ စတော့မှာ.."

​"မနှစ်က ပါရမီရှင်တစ်ယောက်က သားရဲတွေအကုန်လုံးကို သတ်ပစ်လိုက်လို့ ဒီနှစ်မှာ တတိယအဆင့် သားရဲတွေကိုပါ ထည့်ထားတယ်လို့ ကြားတယ်.."

​ ဝူတန်မြို့ကို ဖြတ်ကျော်ပြီးနောက် ကျောင်းဘတ်စ်ကားသည် အနီးအနားရှိ နားနေဆောင်သို့ ဆိုက်ရောက်လာသည်။ ကျောင်းသားအားလုံးသည် မနက်ဖြန် နံနက် ၈ နာရီတွင် စတင်မည့် စစ်ဆေးမှုအတွက် ဤနေရာတွင် တစ်ညအိပ် အနားယူကြရမည် ဖြစ်သည်။

​ နားနေဆောင်ကို အဆောက်အအုံ သုံးခုဖြင့် ဖွဲ့စည်းထားပြီး တစ်ယောက်ခန်း၊ နှစ်ယောက်ခန်းနှင့် လေးယောက်ခန်းဟူ၍ ခွဲခြားထားသည်။ ဂူချန်သည် ကားပေါ်မှ ဆင်းသည်နှင့် သူ၏ လက်ပါးစေများကို ခေါ်ကာ တစ်ယောက်ခန်းရှိရာ အဆောက်အအုံဆီသို့ ဦးတည်လိုက်သည်။

​ ထိုအချိန်တွင် ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများသည် အပြင်းအထန် ငြင်းခုံနေကြသည်။

​"ရွှီခိုင်... မင်းက ငါတို့ ရှမ်းဟိုင် အမှတ် (၂) အထက်တန်းကျောင်းကို အနိုင်ကျင့်ရလွယ်တယ် ထင်နေတာလား.."

​ မိုးပြာရောင် သိုင်းဝတ်စုံဝတ်ထားသော အသားညိုညိုနှင့် လူငယ်တစ်ဦးက ရှေ့မှ လူငယ်ကို ဒေါသတကြီး ဆဲဆိုနေသည် ။

​"ချီးလား... ငါတို့ ရှမ်းဟိုင် အမှတ် (၂) က လူတွေ နေရာယူပြီးသားကို မင်းတို့က လာလုချင်တာလား.."

​မျက်နှာချင်းဆိုင်မှ ရွှီခိုင်ကလည်း မလျှော့ဘဲ ပြန်ပြောလိုက်သည်။

"ငါတို့ လင်းထျန်း အမှတ် (၁) က ဒီမှာ ပစ္စည်းတွေ အရင်ချထားပြီးသား.. မင်းတို့က ဘာလို့ လာလုနေတာလဲ"

​"အိုးအလွတ်တစ်လုံး တံခါးဝမှာ ချထားတာက နေရာဦးတာလား.. အဲဒီလိုဆိုရင် မင်းအိမ်ရှေ့မှာ ငါ အိုးအလွတ်သွားချထားရင် မင်းအိမ်က ငါ့အိမ် ဖြစ်သွားမှာလား.."

​ သူတို့နှစ်ဦးသည် အချင်းချင်း မျက်နှာချင်းဆိုင်ကာ ဒေါသတကြီး ငြင်းခုံနေကြ၏။ အသားညိုညိုနှင့် လူငယ်သည် သူ၏ ဒုတိယအဆင့် ၇ ကျင့်ကြံမှုကို ထုတ်ဖော်ကာ လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။

​"ရွှီခိုင်... မင်း ဒီအခန်းကို လိုချင်ရင် ငါတို့ ရှမ်းဟိုင် အမှတ် (၂) ကို အရင်နိုင်အောင် တိုက်လိုက်.."

​ ရွှီခိုင်ကလည်း လက်ကို အားဖြင့် ရိုက်ချကာ သွေးနှင့် ချီစွမ်းအားများကို စုစည်း၍ ပြန်လည် စိုက်ကြည့်လိုက်သည်။ အကယ်၍ ယခု တိုက်ခိုက်ရင်း ဒဏ်ရာရသွားပါက မနက်ဖြန် စစ်ဆေးမှုအတွက် နစ်နာမည် ဖြစ်သော်လည်း ကျောင်း၏ ဂုဏ်သိက္ခာအတွက် မည်သူမှ နောက်မဆုတ်ကြ။

​ နှစ်ဖက်စလုံးမှာ တိုက်ခိုက်တော့မည့် အနေအထားသို့ ရောက်ရှိနေစဉ်မှာပင် တစ်ယောက်ခန်း အဆောက်အအုံ အပြင်ဘက်မှ အလွန်မောက်မာလှသော အသံတစ်ခု ထွက်ပေါ်လာသည်။

​"ဖယ်ကြစမ်း.. ဖယ်ကြစမ်း.. ငါ့ဘောစ့်ရဲ့ လမ်းကို မပိတ်နဲ့.."

​"မင်းတို့က ဘာကောင်မို့လို့ ငါ့ဘောစ့်ရဲ့ နာမည်ကို သိချင်နေတာလဲ.."

​"ချီးး... လမ်းလျှောက်တာကလည်း နှေးလိုက်တာ.. သေချင်နေတာလား..ဖယ်ကြစမ်း.."

​ ထိုအသံကြောင့် တင်းမာနေသော အခြေအနေမှာ ပျက်ပြယ်သွားပြီး အားလုံးက ထိုမောက်မာလှသော အသံရှင်ကို လှည့်ကြည့်လိုက်ကြသည်။

​ လင်းထျန်း အမှတ် (၁) နှင့် ရှမ်းဟိုင် အမှတ် (၂) တို့ကြားရှိ လူအုပ်ကြီးမှာ ဘေးသို့ အလိုအလျောက် ဖယ်ပေးလိုက်ကြရာ လမ်းတစ်ခု ပေါ်လာသည်။ ထိုလမ်းအတိုင်း ဝတ်စုံနက်နှင့် ချောမောသော လူငယ်တစ်ဦးသည် တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။

​ သူသည် လက်ကို ဘောင်းဘီအိတ်ထဲ ထည့်ကာ တစ်လှမ်းချင်း လျှောက်လာသော်လည်း သူ၏ ခရမ်းရောင် မျက်လုံးများမှ ထွက်ပေါ်နေသော ဖိအားမှာ လူတိုင်းကို အသက်ရှူကျပ်စေသည်။ သူ လျှောက်လှမ်းလာသော အရှိန်အဝါမှာ တောင်ကြီးတစ်လုံးက ဥတစ်လုံးကို ဖိချလိုက်သကဲ့သို့ ပြင်းထန်လှသည်။

​' အရမ်း သန်မာတာပဲ..'

​ ဤလူ၏ အစွမ်းမှာ ဤနေရာရှိ လူအားလုံးထက် သိသိသာသာ သာလွန်နေသည်ဟု အားလုံးက တစ်ပြိုင်နက်တည်း တွေးလိုက်မိကြသည်။

​ အသားညိုညိုနှင့် လူငယ်သည် ထိုဝတ်စုံနက်နှင့် လူငယ် အနီးသို့ ရောက်လာသည်ကို ကြည့်ကာ ချွေးစေးများ ပြန်လာသော်လည်း လူအများရှေ့တွင် ဖြစ်နေ၍ အရှက်မရစေရန် အားတင်းပြီး အော်ဟစ်လိုက်သည်။

​"ဟေ့... ကောင်လေး.."

​"ဒီမှာ အခန်းတွေ ပြည့်သွားပြီ..မင်း လာစရာမလိုတော့ဘူး.."

​

​ သို့သော် ထိုလူငယ်က လှောင်ပြောင်သော အပြုံးတစ်ခုကိုသာ ပြသလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ပူပြင်းလှသော နေမင်းစကြာယန်ချီ များသည် မြားတစ်စင်းအလား ထွက်ပေါ်လာပြီး အသားညိုညိုနှင့် လူငယ်ထံသို့ တည့်တည့် တိုးဝင်သွားသည်။

​"ဒါ ဘာလဲ.. ဘာလို့ ဒီလောက် မြန်ရတာလဲ.."

​ ထိုလူငယ်သည် ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ ချော်ရည်ကဲ့သို့ ပူပြင်းသော အားလှိုင်းများ၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။

​ဗုန်း..

​ နောက်တစ်စက္ကန့်တွင် ထိုလူငယ်၏ ရင်ဘတ်မှ သွေးများ ပန်းထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်အလား နောက်သို့ လွင့်ထွက်သွားတော့သည်။ လေထဲတွင် သွေးလမ်းကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားပြီး မြေပြင်ပေါ်တွင် မီတာ ဒါဇင်နှင့်ချီကာ လိမ့်သွားပြီးမှ ရပ်တန့်သွားတော့သည်။

​[စနစ် - အိမ်ရှင်သည် ကြားဝင်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်ကာ အတန်းဖော်များကြားရှိ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးခဲ့သည်။ စေတနာတန်ဖိုး +၁၅၀]

​"ခေါင်းဆောင်.."

​ ရှမ်းဟိုင် အမှတ် (၂) မှ မိန်းကလေးတစ်ဦးသည် သူမ၏ ခေါင်းဆောင် လွင့်ထွက်သွားသည်ကို ကြည့်ကာ စိုးရိမ်စွာဖြင့် စူးစူးရှရှအော်ဟစ်လိုက်၏။

​"မင်းလည်း ပျံသွားလိုက်တော့.."

​ ဂူချန်သည် ထိုအသံကို စိတ်ပျက်သွားကာ လက်ပြန်တစ်ချက် ရိုက်ချလိုက်ရာ ထိုမိန်းကလေးမှာလည်း လေထဲသို့ လွင့်ပျံသွားပြီး သူမ၏ ခေါင်းဆောင်ဘေးသို့ ဘုတ်ခနဲ ပြုတ်ကျသွားတော့သည်။

​[စနစ် - အိမ်ရှင်သည် မန်ဒရင်းဘဲတစ်စုံကို အတူတူ အေးချမ်းစွာ အိပ်စက်နိုင်အောင် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၂၀၀]

​ 'မဆိုးဘူး ..'

ဂူချန် စိတ်ထဲမှ ချီးကျူးလိုက်သည်။ ထို့နောက် သူ၏ အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်လာသည်။

​ ပူပြင်းလှသော နေမင်းစကြာယန်ချီ များသည် လှိုင်းလုံးများအလား ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားရာ အနီးနားရှိ ကျောင်းသားများမှာ အပူချိန် ဒါဇင်နှင့်ချီ၍ မြင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။

​ အားလုံး၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် ဂူချန်သည် ခေါင်းကို အနည်းငယ် မော့ကာ အေးစက်စွာဖြင့်..

​"အခုကစပြီး ဒီအဆောက်အအုံက ချင်းဟယ် အမှတ် (၁) အပိုင်ပဲ.."

​"သုံးမိနစ်အတွင်း မထွက်သွားတဲ့သူမှန်သမျှ..."

​"ငါ အကုန်လုံးကို လေပေါ်ပျံရအောင် လုပ်ပေးမယ်.."

All Chapters