← Chapters

အခန်း (၃၇၈)

Vol. 35 Ch. 378

အခန်း (၃၇၈)

Vol. 35 Ch. 378

📝အပိုင်း - ၃၇၈

ဘာသာပြန် - Na Gar🐉

လျောင်ရှီကျုံးက သူ့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ "ဗိုလ်ချုပ်ချန်... ဇီဝေတောင် အကြောင်းကို သိပါသလား"

"သိတာပေါ့"

ချန်ဆန်းရှီက ဆိုသည်။ "ဒါကို မသိရင် ဒီတိုက်ပွဲကို တိုက်နေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"

"ဒါဆိုရင် ဗိုလ်ချုပ်ချန် သိပါသလား..."

လျောင်ရှီကျုံးက လျှို့ဝှက်ဆန်းပြားသော လေသံဖြင့် ဆိုသည်။ "ဧကရာဇ်နဲ့ အိမ်ရှေ့စံတို့က ဘာကြောင့် အကုန်အကျခံပြီး ဇီဝေတောင်ကို အပိုင်သိမ်းချင်နေကြတာလဲ ဆိုတာကိုပေါ့"

အိမ်ရှေ့စံက ပုန်ကန်ချင်နေတာ မှန်သော်လည်း အကြောင်းရင်း တစ်ခုခုကြောင့် မြို့တော်မှာ လှုပ်ရှားလို့ မရဘဲ ရှိနေသည်။ ဧကရာဇ်ကလည်း သက်ရှည်နန်းတော် ထဲကနေ ထွက်ခဲလှရာ ဇီဝေတောင်မှာ ကျင်းပမယ့် ဘိသိက်ခံပွဲဟာ သူ့ကို အပြင်ထွက်လာအောင် လုပ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေသည်။

ဒါဆို..

ဧကရာဇ်ကရော။

ချန်ဆန်းရှီဟာ အစောပိုင်းက စစ်ရေးတွေနဲ့ အလုပ်ရှုပ်နေခဲ့သဖြင့် ဒီမေးခွန်းကို သေချာ မစဉ်းစားဖြစ်ခဲ့ပေ။

အဖိုးအို ဧကရာဇ်အတွက် ဇီဝေတောင်ကို ပြန်သိမ်းနိုင်တဲ့ ဂုဏ်ဒြပ်က အဲ့ဒီလောက်တောင် အရေးကြီးနေလို့လား။

ဒါမှမဟုတ်။

အဲ့ဒီနေရာမှာ ဧကရာဇ် တကယ်ကို ရချင်နေတဲ့ အရာတစ်ခုခု ရှိနေလို့လား။

ဘာပဲဖြစ်ဖြစ် သူ့ကို ဟူလောင်တောင်ကြားမှာ သွားပြီး ခုခံခိုင်းတာဟာ သူ အသက်ရှင်မယ်လို့ မျှော်လင့်ချက်ထားပြီး ခိုင်းတာမျိုး မဟုတ်ဘဲ အချိန်ဆွဲဖို့အတွက် ဘယ်လိုပဲဖြစ်ဖြစ် စတေးဖို့ ဆုံးဖြတ်ခဲ့တာမျိုး ဖြစ်သည်။

တကယ်လို့ ကောင်းကင်ဘုံကျမ်းရဲ့ အကူအညီနဲ့ တိုက်ဆိုင်စွာ ရရှိခဲ့တဲ့ ဗိုလ်ချုပ် တိန့်ဖုန်း သာ မရှိရင် ဒီတိုက်ပွဲကို အသည်းအသန် တိုက်ရမှာဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာတိုက်ရဲ့ တစ်ဝက်လောက် ကုန်သွားနိုင်သည်အထိ ဖြစ်သည်။

ဒီလို လုပ်ရပ်တွေနောက်မှာ ပိုပြီး အရေးကြီးတဲ့ အကြောင်းရင်း တစ်ခုခု ရှိနေရမည်။

"အဲ့ဒီမှာ တစ်ခုခု ရှိနေလို့လား"

ချန်ဆန်းရှီက မေးလိုက်သည်။

"မှန်တယ်"

လျောင်ရှီကျုံးက ဆိုသည်။ "ဘိုးဘေးကြီး ချောင်ရှဲ့ကသူ့ရဲ့ပျံလွှားဓားနဲ့ စစ်သည်နှစ်ထောင်ရဲ့ သံချပ်ကာတွေကို ထိုးဖောက်ပြီး စစ်နတ်ဘုရား လေးယောက်ကို တစ်ယောက်တည်း သတ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေကို ဗိုလ်ချုပ်ချန် မြင်ဖူးမှာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်လုံးဝ မသိနိုင်တာကတော့ ချောင်ရှဲ့က သူ့ရဲ့ အစောပိုင်း ကာလမှာ ငါးနှစ်လောက် ပျောက်ကွယ်သွားခဲ့ဖူးတာပဲ"

"ကျွန်တော်တို့ သံသယရှိတာကတော့ အဲ့ဒီငါးနှစ်အတွင်းမှာ သူကမသေမျိုး လောကကို ရောက်သွားခဲ့တာ ဖြစ်နိုင်တယ်"

"ပြီးတော့ အဲ့ဒီမှာ မသေမျိုး အတတ်ပညာကို သင်ယူခဲ့တာ ဖြစ်လိမ့်မယ်"

"အဲ့ဒါကြောင့် သူ ပြန်ရောက်လာတဲ့ အခါမှာ လူသားလောကရဲ့ ထိပ်တန်း သိုင်းပညာရှင် ဖြစ်လာပြီး နှစ်ပေါင်း သုံးရာစာ ဒါရှန် မင်းဆက်ရဲ့ အခြေခံအုတ်မြစ်ကို တည်ထောင်နိုင်ခဲ့တာပေါ့"

"ရာစုနှစ်ပေါင်းများစွာ ကျွန်တော်တို့ မသေမျိုးရှာဖွေရေးမျှော်စင် ကလည်း ချောင်ရှဲ့ ရဲ့ ခြေရာတွေကို လိုက်ရှာခဲ့ပေမဲ့ သိသာတဲ့ အောင်မြင်မှုတော့ မရခဲ့ဘူး။ သူ သေဆုံးပြီးနောက်မှာ နောင်လာနောက်သားတွေအတွက် တစ်ခုခု ထားရစ်ခဲ့တယ်ဆိုတာပဲ သိရတယ်"

"အခု ဧကရာဇ်က ဇီဝေတောင်ကို ပြန်ရဖို့ ဒီလောက်အထိ လောနေတာက အဲ့ဒီပစ္စည်းက ဘုရားကျောင်းထဲမှာ ဒါမှမဟုတ် ဇီဝေတောင်ရဲ့ တစ်နေရာရာမှာ ရှိနေလို့ပဲ ဖြစ်ရမယ်"

"ဒါဆိုရင်..."

ချန်ဆန်းရှီက စပ်စုလိုက်သည်။ "စီနီယာလျောင်... ကျွန်တော့်ကို ဒီကို ခေါ်တာက ဘာလုပ်စေချင်လို့လဲ"

"အဲ့ဒါကတော့..."

လျောင်ရှီကျုံးက ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။ "ဗိုလ်ချုပ်ချန် ရဲ့ အနက်ရောင်သံချပ်ကာစစ်သည်တော်တွေဟာ မြို့တော်က လာတာဖြစ်လို့ ဇီဝေတောင်က ယာယီနန်းတော်ရဲ့ လုံခြုံရေးကို တာဝန်ယူရဖို့ အခွင့်အရေး များပါတယ်။ ဒါကြောင့် ဒီကိစ္စကို သေသေချာချာ စောင့်ကြည့်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တစ်ခုခု ရှာတွေ့ရင်လည်း ကျွန်တော်နဲ့ အချိန်မီ ဆွေးနွေးပေးပါ။ တကယ်လို့ မသေမျိုး လောကကို ကူးသန်းနိုင်မယ့် လျှို့ဝှက်အတတ်ကို ရှာတွေ့ခဲ့မယ်ဆိုရင် မသေမျိုးရှာဖွေရေးမျှော်စင် က ဗိုလ်ချုပ်ချန်နဲ့ ဝေမျှဖို့ အသင့်ပါပဲ"

"နားလည်ပြီ"

ချန်ဆန်းရှီသည် ဇီဝေတောင်မှာ ဒီလောက်အထိ နက်နဲတဲ့ လျှို့ဝှက်ချက် ရှိလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ အခြေအနေတွေက ဘာကြောင့် ဒီလောက်အထိ ကြီးထွားလာရလဲဆိုတာ အခုတော့ နားလည်သွားပြီ ဖြစ်သလို သူ ခြေချရမယ့် ရေပြင်ဟာ သူ ထင်ထားတာထက် ပိုပြီး နက်ရှိုင်းကာ ပိုပြီး နောက်ကျိနေပုံရသည်။

သူကိုယ်တိုင်လည်း ဓားချီမန္တန် ရဲ့ အကျိုးကျေးဇူးတွေကို ခံစားဖူးသည် မဟုတ်ပါလား။ တကယ်လို့ အခွင့်အရေး ရှိလာမယ်ဆိုရင်တော့ သူ့ရဲ့ အသက်ဘေးကင်းမှုကို အာမခံနိုင်သရွေ့ သူ စမ်းသပ်ကြည့်မှာ အသေအချာပင်။

"စီနီယာလျောင်"

သူက စကားလမ်းကြောင်း လွှဲလိုက်သည်။ "လင်ကျိုး ကို မလာခင်တုန်းက မသေမျိုးရှာဖွေရေးမျှော်စင် က လူတွေက အမွှေးတိုင်နတ်ဘုရားဂိုဏ်း က အကြီးအကျယ် လှုပ်ရှားလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။ အခု အဲ့ဒါက ဘာလဲဆိုတာ ခင်ဗျားတို့ သိပြီလား"

"မသိရသေးဘူး"

လျောင်ရှီကျုံးက ခေါင်းခါပြသည်။ "သူတို့တွေက လမ်းတစ်လျှောက် ခရမ်းရောင်ချီတွေ စုဆောင်းပြီးတာနဲ့ အစအနမကျန် ပျောက်ကွယ်သွားကြတာ၊ တကယ်ကို ထူးဆန်းတယ်ဗျာ..."

ချန်ဆန်းရှီက ခေါင်းညိတ်လိုက်သည်။

မသေမျိုးရှာဖွေရေးမျှော်စင် က တကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် သူ့ကို မပြောပြချင်တာလားဆိုတာ သူ မသေချာပေ။

အခုဆိုရင် အမွှေးတိုင် နတ်ဘုရားဂိုဏ်း နဲ့ ချိန်းဆိုထားတဲ့ အချိန်ကလည်း နီးကပ်နေပြီ ဖြစ်သည်။

တစ်ဖက်လူက ဒီကိစ္စကို ဆက်မပြောချင်တော့သဖြင့် ချန်ဆန်းရှီလည်း ထပ်မမေးတော့ပေ။ "စီနီယာလျောင်... တခြားကိစ္စ မရှိရင်တော့ ကျွန်တော် ပြန်ပါရစေဦး။ ဘိုးဘေးကြီးရဲ့ အမွေအနှစ် ကိစ္စကိုတော့ ကျွန်တော် သတိထား စောင့်ကြည့်ပေးပါ့မယ်"

"ဗိုလ်ချုပ်ချန် သဘောအတိုင်းပါပဲ"

လျောင်ရှီကျုံးက ပြုံးလျက် ဆိုသည်။ "မြက်ခြောက်လေးအတွက် ဗိုလ်ချုပ်ချန်ကို တစ်ခါ ထပ်ပြီး ကျေးဇူးတင်ပါရစေ။ ဒီဆေးက တကယ်ကို ရဖို့ ခက်ခဲလှတာပါ"

ချန်ဆန်းရှီသည် ထပ်ပြီး မနေတော့ဘဲ ထွက်ခွာလာခဲ့သည်။

သူ လှေကားကနေ ဆင်းလာတဲ့အခါ လျောင်ရှီကျုံးသည်လည်း အောက်ထပ်ကို ဆင်းလာပြီး အဆောင်က အလုပ်သမား မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲကို ဝင်သွားတာ မြင်လိုက်ရသည်။ သိပ်မကြာခင်မှာပဲ ဖော်ပြလို့မရတဲ့ အသံတွေ ထွက်ပေါ်လာတော့သည်။

ဒီမိန်းမစိုးက တကယ်ပဲ အလုပ်လုပ်နိုင်စွမ်း ရှိနေသေးတာလား။

ထိုမြက်ခြောက်ကို ဘာအတွက် သုံးလိုက်လဲဆိုတာ သူ အခုမှ ခန့်မှန်းမိတော့သည်။

ဒါပေမဲ့ မိန်းမစိုးတွေဆိုတာ ငယ်ငယ်ကတည်းက အဖြတ်ခံထားရတာ မဟုတ်ဘူးလား။

ဘယ်လိုဖြစ်ပြီး ပြန်ဆက်လို့ ရသွားတာလဲ။

ဒါမှမဟုတ် နှစ်ပေါင်းများစွာကြာအောင် သိမ်းဆည်းထားခဲ့တာလား။

ဒါမှမဟုတ် တခြားလူရဲ့ဟာလား။

ဒီလို တွေးလိုက်မိတဲ့အခါ ချန်ဆန်းရှီ တစ်ကိုယ်လုံး စိမ့်သွားပြီး အမြန် ထွက်လာခဲ့တော့သည်။

ဒါ့အပြင် ဒီလူဟာ နန်းတွင်းက မိန်းမစိုး တစ်ယောက်သာ ဆိုရင် ဇီဝေတောင်က ယာယီနန်းတော်မှာ ရှိနေမှာဖြစ်ပြီး ဒီသတင်းတွေကို သူ့ဆီ ပြန်ဝေမျှရဦးမှာ ဖြစ်သည်။

မသေမျိုးရှာဖွေရေးမျှော်စင် က လူတွေကိုလည်း အပြည့်အဝ ယုံကြည်လို့ မရပေ။

သူတို့က သူ့ကို ဒုက္ခပေးမယ်လို့ မဆိုလိုပေမဲ့ သူတစ်ပါးအပေါ် သတိထားတာတော့ အမှားမဟုတ်ပေ။

ဒါဟာ နင်ရှန်နဲ့ ပတ်သက်ရင်လည်း အတူတူပင်။

အခြေခံ အကျိုးစီးပွားတွေကို ထိခိုက်လာတဲ့ အခါမှာတော့ စီးပွားဖက်ဆိုတာ ဘာမှ မဟုတ်တော့ပေ။

သူ ပြည့်တန်ဆာရုံကနေ ထွက်လာတဲ့ အခါမှာတော့ အချိန်က စောပါသေးသည်။

ချန်ဆန်းရှီ သူ တည်းခိုရာဆီကို လမ်းလျှောက်ပြန်လာတဲ့ အခါမှာတော့ လမ်းမတွေဟာ ရုတ်တရက်ဆိုသလို ပြောင်စင်နေပြီး တောင်းရမ်းတဲ့သူတွေရော၊ လမ်းဘေးဈေးသည်တွေပါ တစ်ယောက်မှ မတွေ့ရတော့ပေ။

သူ့အိမ်ရှေ့ကို ရောက်တဲ့အထိပင်။

လမ်းကြားတစ်ခုလုံးမှာ တပ်ဖွဲ့ဝင်တွေ ပြည့်နှက်နေပြီး အားလုံးက ပျံလွှားငါးဝတ်စုံ တွေကို ဝတ်ဆင်ထားကာ ခါးမှာ ရှုချန်းဓား တွေကို ချိတ်ထားကြသည်။ ဒါဟာ ဒါရှန် မင်းဆက်ရဲ့ ကျင်းယီအစောင့်တွေမှန်း သိသာလှသည်။

"ဗိုလ်ချုပ်ချန် ကို ဂါရဝပြုပါတယ်"

ဧကရာဇ်ရဲ့ တိုက်ရိုက်လက်အောက်ခံ ဖြစ်တဲ့ ဒီအထူးတပ်ဖွဲ့ဝင် ဗိုလ်ချုပ်တွေဟာ သူ့ကို တညီတညွတ်တည်း အလေးပြုလိုက်ကြခြင်း ဖြစ်သည်။

ချန်ဆန်းရှီ တုံ့ပြန်မလို့ရှိသေး၊ ဈေးကြီးတဲ့ ဝတ်စုံကို ဝတ်ထားတဲ့ မင်းသားလေးတစ်ယောက် ပြေးလာပြီး သူ့ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ "ဗိုလ်ချုပ်ချန်...ဗိုလ်ချုပ်နာမည်ကို ကြားဖူးနေတာ ကြာပါပြီ၊ အခုမှပဲ တွေ့ခွင့်ရတော့တယ်"

"ဩော်... ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့သွားလို့။

"ကျွန်တော်မျိုးရိုးက ချောင် ပါ၊ နာမည်က ကျိီပါ"

ချောင်ကျိီ ဟုတ်လား။

"အရှင်မင်းသား"

ချန်ဆန်းရှီက ပြန်လည် အလေးပြုလိုက်သည်။

"မင်းသားက တော်ဝင်မိသားစုဝင် ဖြစ်ပါလျက်နဲ့ ကျွန်တော့်ကို အခုလို ဂါရဝပြုတာကို ကျွန်တော် မခံယူဝံ့ပါဘူး"

ချောင်ကျိီ။

မင်းသားဆယ့်နှစ်။

သူ မှတ်မိသလောက်ဆိုရင် ဒီမင်းသားဟာ အခု မြို့တော်က နန်းတော်မှာ

ကျင်းယီအစောင့်ဦးစီးဌာနရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူနေပြီး တောင်

ပိုင်းနဲ့ မြောက်ပိုင်း ကာကွယ်ရေးတပ်တွေ အပါအဝင် ကျင်းယီအစောင့်အားလုံးကို အုပ်ချုပ်နေသူ ဖြစ်သည်။

မင်းသားတွေထဲမှာ သူက ပထမဆုံး ရောက်ရှိလာသူ ဖြစ်ပုံရပြီး ညကြီးမင်းကြီးမှာတင် သူ့အိမ်တံခါးဝအထိ ရောက်လာခြင်းပင်။

"အာ... ဒါက လုပ်သင့်လုပ်ထိုက်တာပါ"

ချောင်ကျိီက မင်းသားတစ်ပါးရဲ့ အရှိန်အဝါမျိုး မပြဘဲ ရင်းနှီးဖော်ရွေတဲ့ အပြုံးနဲ့ ဆိုသည်။ "ဗိုလ်ချုပ်ချန် က မင်ပြည်နယ် နဲ့ အရှေ့ဘက်နယ်မြေ စစ်ပွဲရဲ့ အဓိက သူရဲကောင်းပဲ၊ ဒီအတွက်ကြောင့် ဗိုလ်ချုပ်က ဂုဏ်ပြုခံရဖို့ ထိုက်တန်ပါတယ်"

"မင်းသားက ချီးမွမ်းလွန်းနေပါပြီ"

ချန်ဆန်းရှီရဲ့ မျက်နှာမှာ ဘာအရိပ်အယောင်မှ မပြသော်လည်း စိတ်ထဲမှာတော့ အနည်းငယ် အံ့သြသွားသည်။

ဘာလို့လဲဆိုတော့...

မင်းသားဆယ့်နှစ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေ ရှိနေလို့ပင်။

ဒီ ချောင် မိသားစုကတော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။

All Chapters