← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 46 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 46 Ch. 451-452

အခန်း (၄၅၁) - အရာအားလုံးကို အမှုန့်ခြေခြင်း၊နေမင်းသဏ္ဌာန် ကောင်းကင်ကို လောင်ကျွမ်းစေခြင်း ၊ လူ့စိတ်ကို ကစားခြင်း ၊ ထိုင်ရှန်းဖူကျွင်း တံဆိပ်တော်

​အကြောင်းရင်း မရှိဘဲ...

ဘေးနားရှိ ကျန်းဝေမှာ ရုတ်တရက် ချမ်းစိမ့်သွားပြီး တုန်တက်သွားရသည်။

ဤတာအိုဆရာ ချောင်ချောင်မှာ ထူးဆန်းယုတ်မာလှသည့် မိစ္ဆာများထက်ပင် ပို၍ ကြောက်စရာကောင်းနေသကဲ့သို့ပင်။

​လီယန်ချူ၏ ခန္ဓာကိုယ်အတွင်း ကျင့်ကြံခြင်းစွမ်းအား များမှာ လှိုင်းတံပိုးကဲ့သို့ တိုးဝှေ့လာပြီး အရာဝတ္ထုများကို ထိန်းချုပ်သည့် ပညာရပ် ကို အသုံးပြုလိုက်ရာ သူ၏ ကိုယ်ပေါ်မှ အလင်းတန်းများစွာ ပျံတက်သွားတော့သည်။

​ကျောက်ထျန်းတံဆိပ် ၊ နဂါးငါးကောင်စက်ဝိုင်း ၊ မီးလျှံဓား ၊ မီးကျီးကန်းတစ်သောင်းအိုး ၊ ဝမ့်လီချီယွင်ယန်

​၎င်းတို့မှာ ဒဏ္ဍာရီလာ မီးဓာတ်လက်နက် (၅) မျိုးပင် ဖြစ်သည်။

ပြင်းထန်လှသော မီးအလင်းတန်းများမှာ တာအိုနန်းတော်ကြီး တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

အတုမဲ့ နတ်ဘုရားမီးများ၊ ပူပြင်းလှသော ဓားအလင်းတန်းများ၊ မီးနဂါးများ၊ မီးကျီးကန်းများနှင့် မီးမြားများ

​ဒဏ္ဍာရီထဲမှ မြင်ကွင်းတစ်ခု ဆင်းသက်လာသကဲ့သို့ပင်...

နေမင်းသဏ္ဌာန် ကောင်းကင်ကို လောင်ကျွမ်းစေခြင်း

​ခဏချင်းအတွင်းမှာပင် နန်းတော်ထဲရှိ လူသေအလောင်းအားလုံးမှာ မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ဝုန်း

​နတ်ဘုရားမီးနှင့် ယင်စွမ်းအင်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ရေနှင့် မီးကဲ့သို့ပင်။

ပူပြင်းလှသော ဆီပူထဲသို့ ရေခဲရေများ လောင်းထည့်လိုက်သကဲ့သို့ ပေါက်ကွဲသံကြီးများ ဟိန်းထွက်လာတော့သည်။

​ကျန်းဝေမှာ အသက်ရှူပင် ရပ်တန့်သွားကာ စိတ်လှုပ်ရှားနေမိသည်။

လာပြန်ပြီ

မီးတွေနဲ့ ကစားတတ်တဲ့ အဲ့ဒီလူကြီးပဲ

​ကောင်းကင်အနှံ့ ဖုံးလွှမ်းနေသော မီးတောက်များထဲမှ ခန့်ညားလှပသည့် တာအိုဆရာ လူငယ်လေးတစ်ဦး လမ်းလျှောက်ထွက်လာသည်။

သူ၏ တည်ငြိမ်အေးစက်လှသော မျက်နှာထားမှာ ချန်နိုင်ငံ တာအိုလောက၏ နာမည်ကြီး အလှပန်းလေးဖြစ်သော ရှောင်ရန်၏ ရင်ကိုပင် ဗုန်းဗုန်းလဲအောင် လှုပ်ခတ်သွားစေခဲ့သည်။

​လီယန်ချူ၏ ကျောပြင်ကြွက်သားများမှာ နဂါးကြီးတစ်ကောင်ကဲ့သို့ ရုန်းကန်လှုပ်ရှားလာပြီး ဝမ့်လီချီယွင်ယန် လေးကို လပြည့်ဝန်းသဏ္ဌာန် အစွမ်းကုန် ဆွဲဆန့်လိုက်သည်။

မြားကို တင်ကာ ပစ်လွှတ်လိုက်ရာ

တောက်ပလှသော မီးမြားနှင့် ကောင်းကင်အနှံ့ရှိ နတ်ဘုရားမီးများမှာ ခေါင်းနှစ်လုံးရှိသည့် ထူးဆန်းသော လူသေကောင်ကို ချက်ချင်းပင် ဝါးမြိုပစ်လိုက်တော့သည်။

​"တကယ့်ကို လန်းတယ်ဗျာ"

ကျန်းဝေက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

​ရုတ်တရက်...

သူ၏ ဦးခေါင်းနောက်မှ အေးစက်လှသော ယင်လေ တစ်ချက် ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသဖြင့် ဦးရေပြားပင် ထုံကျင်သွားကာ ကျောပေါ်တွင် အပ်များစွာဖြင့် အထိုးခံရသကဲ့သို့ ခံစားလိုက်ရသည်။

ကျန်းဝေ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဆံပင်ဖားလျားနှင့် လူသေမျက်နှာကြီးတစ်ခုမှာ သူ၏ နောက်ကျောဘက်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

၄င်းမှာ စောစောက ဘုန်းကြီးအိုနှင့် လူသေကောင်ပေါ်တွင် ကပ်နေသော ဦးခေါင်းပင် ဖြစ်သည်။

​ယခုအခါ ထိုထူးဆန်းသော အမျိုးသမီးဦးခေါင်းမှာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာပြီး ပြာနှမ်းဖြူလျော့နေသော မျက်လုံးများဖြင့် ကျန်းဝေကို စိုက်ကြည့်နေသည်။

သူမက ပြုံးနေသလိုလို၊ မပြုံးသလိုလိုပင်။

​ကျန်းဝေ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်းစွမ်းအားများမှာ ချုပ်တည်းခံလိုက်ရပြီး လည်ပတ်မှုမှာ ဝေဝါးသွားကာ သူသည် ကြီးစွာသော ကြောက်ရွံ့မှုထဲသို့ ကျရောက်သွားတော့သည်။

ဤဦးခေါင်းမှာ သူ၏ ထိုက်ကျိပုံရိပ် ကာကွယ်မှုကို အသံတိတ် ဖောက်ထွက်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

​ယခုအခါ သူ၏ မျက်လုံးထဲတွင် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ဝေးကွာသွားသကဲ့သို့ ခံစားရပြီး ကောင်းကင်အနှံ့ တောက်လောင်နေသော မီးတောက်များမှာလည်း သူနှင့် မဆိုင်တော့သကဲ့သို့ပင်။

တစ်စုံတစ်ရာသော ထူးဆန်းသည့် စွမ်းအားဖြင့် သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ရှိနေသည်။

​သို့သော် ကျန်းဝေမှာ ရှင်းလင်းစွာ မြင်နေရသည်မှာ ထိုတိုက်ခိုက်မှု ပြင်းထန်လှသည့် တာအိုဆရာ လီသည် ခေါင်းနှစ်လုံးရှိသော လူသေနှင့် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။

လီယန်ချူမှာ အရင်အတိုင်းပင် ရဲရင့်ပြတ်သားစွာ တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း ဤထူးဆန်းသော ဦးခေါင်းကမူ သူ၏ ဘေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

​"ထောင်ချောက်ပဲ"

"ဒီမိန်းမက အစကတည်းက ငါ့ကို ပစ်မှတ်ထားခဲ့တာပဲ "

​ကျန်းဝေ၏ နှလုံးသားထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ အသိတစ်ခု ဝင်လာသည်။

ဖြစ်နိုင်သည်မှာ အစောပိုင်းက လူသေအလောင်း၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရစဉ်ကတည်းက အရာအားလုံးကို သတ်မှတ်ပြီးသား ဖြစ်ပုံရသည်။

ထိုအချိန်ကတည်းက သူ၏ ကိုယ်ပေါ်တွင် အမှတ်အသား တစ်ခု အလုပ်ခံလိုက်ရခြင်းပင်

မြေပြင်နတ်ဘုရား က ခန္ဓာကိုယ် အစိတ်အပိုင်းများကို ခွဲခြားကာ နတ်ဘုရားနယ်မြေထဲတွင် ချိတ်ပိတ်ထားခဲ့သော ထိုရှေးဟောင်းတားမြစ်ချက် မိစ္ဆာမသည် သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ လူ့လောကသို့ ပြန်လည်ဝင်စားရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။

​ကျန်းဝေမှာ အော်ဟစ်၍ တာအိုဆရာ ချောင်ချောင်ကို သတိပေးရန် ကြိုးစားသော်လည်း သူ၏ သွေးများမှာ ခဲနေသည့်အလား အေးစက်နေပြီး လည်ပတ်မှု ရပ်တန့်လုနီးပါး ဖြစ်နေသဖြင့် အသံပင် ထွက်မလာတော့ချေ။

သူသည် ထိုထူးဆန်းသော လူသေခေါင်း၏ ပြတ်ရှရာနေရာမှ ရက်စက်လှသော သွေးကြောများ ထွက်ပေါ်လာကာ သူနှင့် တစ်သားတည်း ဖြစ်ရန် ကြိုးစားနေသည်ကိုသာ မျက်တောင်မခတ်ဘဲ ကြည့်နေရတော့သည်။

​ကြောက်ရွံ့မှု၊ ကူကယ်ရာမဲ့မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ပျက်အားငယ်မှု

ကျင့်ကြံသူ မိသားစုမှ လူငယ်ပါရမီရှင်လေးမှာ ယခုအခါ ဆိုးဝါးလှသော စိတ်ခံစားချက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။

သူ တကယ့်ကို မျှော်လင့်ချက်မဲ့နေပြီ...

​ရုတ်တရက်

သန်မာလှသော လက်ကြီးတစ်ဖက်က သူ၏ ပုခုံးကို ဆွဲကိုင်လိုက်ပြီး နောက်သို့ အတင်းဆွဲခေါ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ မြင်ကွင်းအားလုံးမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

​"ဟွန့်"

အေးစက်လှသော နှာခေါင်းရှုံ့သံတစ်ချက်မှာ သူ၏ နားထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။

​ကျန်းဝေမှာ မိမိ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ဝမ်းသာအားရ သိလိုက်ရသည်။

ယခုအခါ လီယန်ချူသည် ထိုထူးဆန်းသော ဦးခေါင်းကို အေးစက်လှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သူ၏ တည်ငြိမ်သော မျက်နှာထားထဲတွင် ရက်စက်လှသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေ၏။

​ဤကဲ့သို့ ထူးဆန်းလှသော စွမ်းရည်မျိုးနှင့် ရင်ဆိုင်ရသော်လည်း လီယန်ချူမှာ ထိတ်လန့်ခြင်း မရှိသည့်အပြင် သတ်ဖြတ်လိုစိတ်များပင် ပေါက်ကွဲလာသည်။

ကျန်းဝေမှာတော့ စိတ်အေးသွားရပြီ။

​"ယောက်ဖ "

သူသည် သူ၏ လှပလှသော ဒုတိယအစ်မကို လီယန်ချူနှင့် မိတ်ဆက်ပေးရန် အမြဲ ကြံစည်နေသူ ဖြစ်သဖြင့် နောင်တစ်ချိန်တွင် ဤတာအိုဆရာ ချောင်ချောင်၏ ယောက်ဖ ဖြစ်လာရန် အိပ်မက်မက်နေသူ ဖြစ်သည်။

ဘဝ၏ ထိပ်တန်းအဆင့်သို့ တက်လှမ်းရန် စိတ်လှုပ်ရှားနေသဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် ထိုအသုံးအနှုန်းကို အလန့်တကြား အော်ခေါ်မိလိုက်ခြင်းပင်။

​အရှိန်အဝါ ပြင်းထန်လှသော လီယန်ချူပင်လျှင် ကျန်းဝေ၏ စကားကို ကြားလိုက်ရသည့်အခါ မျက်လုံးအနည်းငယ် ပြူးသွားရသည်။

ဒီကောင် ရူးနေတာလား

ဘယ်သူက မင်းယောက်ဖလဲ

​သူ၏ နှုတ်ခမ်းမှာ မသိမသာ တုန်ခါသွားသော်လည်း ခေါင်းကို လှည့်ကာ ထိုထူးဆန်းသော ဦးခေါင်းကို အေးစက်စွာ ကြည့်လိုက်သည်။

"ဒီလို စွမ်းရည်မျိုး ရှိနေတာကိုး... အဲ့ဒါကြောင့်လည်း အရင်တုန်းက နတ်ဘုရားနယ်မြေထဲက မြေပြင်နတ်ဘုရားက မင်းကို တာအိုနန်းတော်ထဲမှာ ချိတ်ပိတ်ထားခဲ့တာပဲ"

​ထိုဦးခေါင်းမှာ စကားပြောနိုင်စွမ်း ရှိသည်၊ ဆိုလိုသည်မှာ မိမိကိုယ်ပိုင် အတွေးအခေါ် ရှိခြင်းပင်။

ထိုအချိန်တွင် သူမက လီယန်ချူကို ကြည့်ကာ မသိမသာ ပြုံးပြလိုက်သည်။

​တောင့်တင်းနေပြီး၊ အေးစက်ကာ၊ ခံစားချက်မဲ့လှသော ထိုကဲ့သို့ ရှုပ်ထွေးသည့် အပြုံးမျိုးမှာ လူကို ကျောချမ်းစေရန် လုံလောက်လှသည်။

​လီယန်ချူမှာ ကျန့်ကျောင်းဓား ကို ဓားအိမ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ထည့်လိုက်သည်။

ကျန့်ကျောင်းဓားမှာ ပြန်လည်ရှင်သန်နိုင်စွမ်းကို ချုပ်တည်းနိုင်သော်လည်း ဤကဲ့သို့သော မိစ္ဆာမျိုးအတွက် သူ၌ ပိုကောင်းသော နည်းလမ်းရှိသည်။

​ရှေးဟောင်း တံဆိပ်တော်တစ်ခုမှာ သူ၏ လက်ထဲမှ ပျံတက်လာသည်။

ရှေးဟောင်း အငွေ့အသက်များ ပေါ်ထွက်လာရာ

၎င်းမှာ ထိုင်ရှန်းဖူကျွင်း တံဆိပ်တော် ပင် ဖြစ်သည်။

​ဤတံဆိပ်တော် ထွက်ပေါ်လာသည်နှင့် ထူးဆန်းသော အမျိုးသမီးဦးခေါင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အတိုင်းသား ပေါ်လာတော့သည်။

သူမသည် ဤရှေးဟောင်းတံဆိပ်တော်ကို အလွန်ပင် ကြောက်လန့်နေသည်မှာ ထင်ရှားလှသည်။

​စူးရှလှသော အော်ဟစ်သံတစ်ချက်နှင့်အတူ အမျိုးသမီးဦးခေါင်းမှာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင် မြင်ကွင်းမှာလည်း ပြောင်းလဲသွားရာ ရုတ်တရက် နတ်ဘုရားတောင်၏ ခြေရင်းသို့ ရောက်ရှိသွားသည်။

​"အခုမှ ပြေးချင်နေတာလား"

"နောက်ကျသွားပြီ"

​လီယန်ချူက အေးစက်စွာ ရယ်မောလိုက်သည်။

ထိုင်ရှန်းဖူကျွင်း တံဆိပ်တော်ပေါ်မှ ရှေးဟောင်းအရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။

ကွဲအက်သံ

​မှန်တစ်ချပ် ကွဲအက်သွားသကဲ့သို့ ပတ်ဝန်းကျင် မြင်ကွင်းအားလုံးမှာ ကြေမွပျက်စီးသွားပြီး မူလက ပျက်စီးယိုယွင်းနေသော တာအိုနန်းတော်၏ ပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။

ထူးဆန်းသော အမျိုးသမီးဦးခေါင်းမှာ မမြင်ရသော အစွမ်းထက်သည့် စွမ်းအားတစ်ခုဖြင့် ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။

​သူမသည် အဆက်မပြတ် ရုန်းကန်အော်ဟစ်နေသော်လည်း နာကြည်းမှုနှင့် ရက်စက်ယုတ်မာလှသော စိတ်ခံစားချက်များမှာ သူမ၏ မျက်နှာပေါ်တွင် အဆက်မပြတ် ပေါ်လွင်နေသည်။ သို့သော်လည်း အချည်းနှီးပင်။

​စွမ်းရည်မှာ ထူးဆန်းလှပြီး မက်မွန်ကိုင်းကို ကိုင်ကာ နဂါးကို သတ်ခဲ့သော နတ်မင်းကြီး ပင်လျှင် အမြစ်ပြတ်အောင် မသတ်နိုင်ခဲ့သည့် ဤကြောက်မက်ဖွယ် အမျိုးသမီးမှာ ယခုအခါ ထိုင်ရှန်းဖူကျွင်း တံဆိပ်တော်၏ ဖိအားအောက်တွင် လုံးဝ မလှုပ်နိုင်တော့ချေ။

​သူမ၏ မျက်နှာတွင် သနားစရာကောင်းသော အမူအရာများ ပေါ်လာပြန်သည်။

ပြာနှမ်းနေသော မျက်လုံးများမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး

ကြောက်လန့်နေသော နုပျိုလှပသည့် မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

​"ကယ်ပါ... ကျမကို ဒီမိစ္ဆာက ထိန်းချုပ်ထားတာပါ"

"ကျမကို မသတ်ပါနဲ့... ကျမကို ဒီကနေ ကယ်ထုတ်ပေးပါ၊ တောင်းပန်ပါတယ် ကယ်ပါဦး "

"တောင်းပန်ပါတယ် "

​မိန်းကလေးမှာ အသည်းအသန် တောင်းပန်တိုးလျှိုးနေသည်။

သို့သော် နောက်တစ်ခဏမှာပင် သူမ၏ မျက်နှာမှာ အေးစက်ယုတ်မာသော မိစ္ဆာမျက်နှာအဖြစ် ပြန်လည် ပြောင်းလဲသွားပြန်သည်။

ဤသို့ဖြင့် အကြိမ်ပေါင်းများစွာ အပြန်အလှန် ပြောင်းလဲနေတော့သည်။

​"လူ့စိတ်ကို စမ်းသပ်ချင်နေတာလား"

လီယန်ချူက လှောင်ပြုံး ပြုံးလိုက်သည်။

​ထိုင်ရှန်းဖူကျွင်း တံဆိပ်တော်ပေါ်မှ ရှေးဟောင်းအရှိန်အဝါ နောက်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။

ထူးဆန်းသော ဦးခေါင်းမှာ နာကျင်စွာ အော်ဟစ်နေပြီး ထိုမိန်းကလေးမှာလည်း အဆက်မပြတ် အော်ဟစ်နေရှာသည်။

​ကျန်းဝေမှာ မနေနိုင်တော့ဘဲ တိုးတိုးလေး ပြောလိုက်သည်။

"အကြီးအကဲ... ဒီမိန်းကလေးကို ကယ်ဖို့ နည်းလမ်းရှိမလားဗျာ "

ကျန်းဝေမှာ လီယန်ချူကိုပင် တားဆီးရန် ဟန်ပြင်နေသေးသည်။

​"ဒါက လူ့စိတ်ကို လှည့်ဖြားတဲ့ မိစ္ဆာအတတ်ပဲ"

"အခုထိ မနိုးသေးဘူးလား"

​လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။

အနောက်ဘက်သို့ရီးသွားဇာတ်လမ်းထဲက စွန်းဝူခုန်းသည် လူသားမျက်လုံးသာရှိသော ဆရာတော် ထန်ဆန်းဆန်၏ ဘေးနားတွင် နားပူခံရသည့် ခံစားချက်မျိုးကို သူ အနည်းငယ် နားလည်သွားခဲ့ပြီ။

​ကျန်းဝေမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားတော့သည်။

သူသည် ထိုဦးခေါင်းကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။

မိစ္ဆာရဲ့ လှည့်ကွက်ထဲ ကျလုနီးပါး ဖြစ်သွားပြီပဲ

​ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလုပ် မိန်းကလေး တစ်ယောက် ပေါ်လာနိုင်ပါ့မလဲ အကယ်၍ တကယ် ရှိနေခဲ့ရင်တောင်မှ သူမက ဘယ်လို စွမ်းအားနဲ့ မိစ္ဆာရဲ့ ချုပ်တည်းမှုကို ဖောက်ထွက်ပြီး စကားပြောနိုင်မှာလဲ မိစ္ဆာက သူမကို စကားပြောခွင့် ပေးထားလို့သာ ဖြစ်ရမည်။

​ဤမိစ္ဆာ၏ စွမ်းရည်မှာ တကယ့်ကို ထိတ်လန့်စရာပင်။

လူ့စိတ်ကို ကစားခြင်း... ဒါကမှ တကယ့်ကို ကြောက်စရာ အကောင်းဆုံးပဲ ဒါကြောင့်လည်း နတ်ဘုရားနယ်မြေထဲက နတ်မင်းတွေက သူမကို ချိတ်ပိတ်ထားခဲ့တာပဲ။

နောက်ပိုင်းမှာ ရောက်လာတဲ့ ကျင့်ကြံသူတွေ အများကြီး သေခဲ့ရတာကလည်း ဒီအချက်ကြောင့်ပဲ ဖြစ်လိမ့်မည်။

​လီယန်ချူက ကျန်းဝေကို ဂရုမစိုက်တော့ပေ။

သူ၏ စိတ်ဆန္ဒမှာ ခိုင်မာပြတ်သားလှသည်။

သူ၏ ဝိညာဉ် ထဲတွင် ခရမ်းရွှေရောင်အငွေ့အသက် နှင့် မီးနတ်ဘုရားကောင်းချီးများ ရှိနေသဖြင့် မည်သည့် မိစ္ဆာအတတ်မှ သူ့ကို မလှည့်ဖြားနိုင်ချေ။

​ထိုင်ရှန်းဖူကျွင်း တံဆိပ်တော်ပေါ်မှ ရှေးဟောင်းအရှိန်အဝါမှာ

မမြင်ရသော လက်ကြီးတစ်ဖက်ကဲ့သို့ပင်...

ထိုထူးဆန်းသော ဦးခေါင်းကို တိုက်ရိုက်ပင် အမှုန့်ခြေပစ်လိုက်တော့သည်။

​ဝုန်း

တောင်ကြီး တုန်ခါသွားသည်။

ကြီးမားလှသော လှိုင်းလုံးကြီး ပျံ့နှံ့သွားပြီး

နတ်ဘုရားနယ်မြေကို ဒုက္ခပေးနေသော ထိုကြောက်မက်ဖွယ် တားမြစ်ချက် မိစ္ဆာသည် လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီ ဖြစ်ပေတော့သည်။

အခန်း (၄၅၂) - နတ်ဘုရားလက်နက် ရှင်းဟွမ်အလံ ၊ ငါ့ရဲ့ နတ်ဘုရားအပင်လေးရော ၊ မမတွေကမှ အမှန်တရား ၊ မျိုးနွယ်ဝတ်ပြုကျောင်းက သရဲခြောက်ခြင်း

​ဝုန်း ဝုန်း ဝုန်း

​တာအိုနန်းတော်ကြီးမှာ ရုတ်တရက် တုန်ခါသွားတော့သည်။

တစ်ကိုယ်လုံး ယိုင်နဲ့နေပြီး ပြိုကျတော့မည့်အလား ဖြစ်နေ၏။

တောက်ပလှသော နတ်ဘုရားအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီးနောက် ထိတ်လန့်စရာကောင်းလှသော အရှိန်အဝါတစ်ခုသည် နတ်ဘုရားနယ်မြေတစ်ခုလုံးကို ခဏချင်းအတွင်း ဖုံးလွှမ်းသွားခဲ့သည်။

​ထောင့်ပေါင်းစုံရှိ ကျင့်ကြံသူတိုင်း ထိုအရှိန်အဝါကို ခံစားလိုက်ကြရသည်။

​တစ်ဝက်တစ်ပျက် လက်တွေ့ဆန်သော ရှင်းဟွမ်အလံ တစ်ခုမှာ လီယန်ချူ၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။

ထိုပြင်းထန်လှသော စွမ်းအားမှာ ထိုအလံငယ်လေးထံမှ လာခြင်းပင်။

​ထိုင်ရှန်းဖူကျွင်း တံဆိပ်တော် ပေါ်မှလည်း အစွမ်းထက်သော အရှိန်အဝါများ တိုးဝှေ့ထွက်ပေါ်လာပြီး ရှင်းဟွမ်အလံနှင့် အားပြိုင်နေကြတော့သည်။

အရှိန်အဝါနှစ်ခုမှာ တစ်ခုကိုတစ်ခု အလျှော့မပေးဘဲ အားပြိုင်နေကြပြီး နောက်ဆုံးတွင်မူ အလင်းတန်းများအဖြစ် ပြောင်းလဲကာ လီယန်ချူ၏ ခန္ဓာကိုယ်ထဲသို့ တူညီစွာ တိုးဝင်သွားကြသည်။

​သိစိတ်ပင်လယ် အတွင်း၌

တစ်ဝက်တစ်ပျက် ပေါ်နေသော ရှင်းဟွမ်အလံငယ်လေးမှာ ထိုနေရာတွင် ငြိမ်သက်စွာ ပျံဝဲနေပြီး လီယန်ချူ၏ ဝိညာဉ် ကို စောင့်ရှောက်ပေးနေတော့သည်။

​"ဒါကတော့ တကယ်ကို လန်းသွားပြီပဲ "

လီယန်ချူမှာ စိတ်ထဲမှ ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။

​ကျန်းဝေနှင့် ရှောင်ရန်တို့မှာမူ လီယန်ချူကို ကြည့်ကာ ပါးစပ်အဟောင်းသားနှင့် ကြောင်အမ်းနေကြတော့သည်။

ရှင်းဟွမ်အလံက သခင်အဖြစ် အသိအမှတ်ပြုလိုက်တာလား

​ထိုအချိန်တွင် ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေ၏ တစ်နေရာ၌ တင်ပလ္လင်ခွေ ထိုင်နေသော ထူးဆန်းသည့် လူငယ်တစ်ဦးသည် မျက်လုံးများကို ဖွင့်လိုက်သည်။

သူသည် နတ်ဘုရားအသီး တစ်လုံးကို ရှာဖွေတွေ့ရှိထားခြင်းပင်။

သို့သော် ထိုအသီးမှာ မမှည့်သေးပေ၊ အချိန်အနည်းငယ် ထပ်လိုသေးသည်။

ဆေးဖော်စပ်သည့် အိုးကဲ့သို့ပင် မမှည့်သေးသော နတ်ဘုရားအပင်များကို လက်ဖြင့် သွားရောက်ဖမ်းဆွဲ၍ မရနိုင်ချေ။

​ထိုနတ်ဘုရားအပင်မှာ သင်းပျံ့လှသော ရနံ့များကို ထုတ်လွှတ်နေပြီး လူကို စိတ်ကြည်လင်လန်းဆန်းစေသည်။

ထိုလူငယ်၏ ဝိညာဉ်ထဲတွင် ရေကဲ့သို့ ကြည်လင်သော အလင်းတန်းများ စီးဆင်းနေပြီး အပြင်းအထန် ဒဏ်ရာရထားသော နေရာများမှာ ထိုနတ်ဘုရားအသီး၏ အာဟာရဖြည့်တင်းပေးမှုကြောင့် ပြန်လည်သက်သာလာနေပြီ ဖြစ်သည်။

​သူ၏ အသက်ရှူသံများမှာ အနည်းငယ် မြန်ဆန်လာသည်။

ဤနတ်ဘုရားအပင် မှည့်သွားသည်နှင့် သူ စားသုံးလိုက်ပါက ဒဏ်ရာများ အားလုံးကို အမြစ်ပြတ် ကုသနိုင်မည် ဖြစ်သည်။

​သူသည် ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသော ဖြစ်စဉ်ကြီးနှင့် ရှေးဟောင်းအစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်လာရာအရပ်သို့ ကြည့်လိုက်ပြီး စိတ်ထဲမှ ထိတ်လန့်သွားရသည်။

​"ရှင်းဟွမ်အလံကို တစ်ယောက်ယောက်က လုသွားပြီလား "

​လူငယ်၏ ရင်ဘတ်ထဲတွင် အလွန်အမင်း မခံမရပ်နိုင်ဖြစ်ကာ သွေးအန်မတတ် ခံစားလိုက်ရသည်။

သူ၏ ဉာဏ်ထဲတွင် တာအိုဆရာ လူငယ်လေး၏ ပုံရိပ်မှာ ချက်ချင်း ပေါ်လာတော့သည်။

ဒါ သူ ဖြစ်ရမယ်

ဒီလူကို သတ်ဖို့ အခွင့်အရေး ရှာမှဖြစ်မယ်၊ မဟုတ်ရင် နောင်တစ်ချိန်မှာ ငါ့အတွက် ဘေးအန္တရာယ်ကြီး ဖြစ်လာလိမ့်မယ်။

​ခါနန် အမည်ရှိသော ထိုလူငယ်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားသည်။

သူသည် ရှေ့မှ နတ်ဘုရားအပင်ကို ပြန်ကြည့်လိုက်သည့်အခါမှ အကြည့်များမှာ အနည်းငယ် ပြန်လည်အေးစက်သွားခဲ့သည်။

​ရုတ်တရက်

အလွန်ပြင်းထန်လှသော စုပ်ယူမှု အရှိန်အဝါတစ်ခု ပေါ်လာပြီး ခါနန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။

ဤကဲ့သို့ ထူးဆန်းသော ခံစားချက်ကြောင့် ခါနန်၏ စိတ်မှာ ထိတ်လန့်သွားရသည်။

​"ဒါက... နတ်ဘုရားနယ်မြေ... ပိတ်တော့မှာလား "

သူ မယုံကြည်နိုင် ဖြစ်နေရသည်။

ဖွင့်တာ ဘယ်လောက်မှ မကြာသေးဘဲ၊ နတ်ဘုရားကံထူးမှုတွေကို ရှာလို့တောင် မဝသေးဘူး မဟုတ်ပါလား။

ပြီးတော့ ရှေ့က နတ်ဘုရားအပင်ကလည်း မမှည့်သေးဘူးလေ။

​နှမြောစရာကောင်းလှစွာပင်၊ နောက်တစ်ခဏမှာပင် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။

​"တောက်"

ဗုဒ္ဓဘာသာဂိုဏ်းမှ ပါရမီရှင်ဖြစ်သော ဤလျှို့ဝှက်ဆန်းကြယ်သူကြီးမှာ ဆဲရေးသံပင် ထွက်သွားတော့သည်။

ထို့နောက် သူ၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။

​ထိုနည်းတူစွာပင် နတ်ဘုရားနယ်မြေ၏ နေရာအနှံ့အပြားတွင်လည်း ဖြစ်ပျက်နေတော့သည်။

နတ်ဘုရားတောင် ထိပ်ပေါ်ရှိ လီယန်ချူတို့ သုံးယောက်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။

ခန္ဓာကိုယ်များမှာ မမြင်ရသော စုပ်ယူမှုအားတစ်ခုကြောင့် နတ်ဘုရားနယ်မြေထဲမှ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။

​ကျန်းဝေကတော့ အားရပါးရ အော်ဟစ်လိုက်သည်။

"ယွမ်ယန်အသီးလေး"

သူသည် ထိုနတ်ဘုရားအပင်ကို ရှာတောင် မရှာရသေးပေ။

​ထိုအထဲတွင် အပျော်ဆုံးသူများမှာ အစီရင် များထဲတွင် ပိတ်မိနေကြသော ကျင့်ကြံသူများပင် ဖြစ်သည်။

"နောက်ဆုံးတော့ လွတ်ပြီဟေ့"

လူတိုင်း၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေကြတော့သည်။

​နတ်ဘုရားနယ်မြေမှာ ပုံမှန်မဟုတ်ဘဲ ပိတ်သွားခဲ့သော်လည်း ဒီတစ်ခေါက်တွင် သူတို့ အသက်ရှင်ခွင့် ရခဲ့ကြသည်။

မဟုတ်ပါက ထိုတားမြစ်ချက် အစီရင်များ၏ အစွမ်းနှင့် မခန့်မှန်းနိုင်သော ပြောင်းလဲမှုများကြောင့် ဆက်နေပါက ဘာတွေ ဆက်ဖြစ်မည်ကို မသိနိုင်ချေ။

​ဝေမြို့ နယ်မြေအတွင်း၌

အစောပိုင်းက ရုတ်တရက် ပျောက်ကွယ်သွားသော သူများမှာ တစ်ဦးပြီးတစ်ဦး ပြန်လည် ပေါ်လာကြသည်။

ဘယ်သူမှ မမြင်လိုက်လျှင် တော်သေးသည်၊ အကယ်၍ မြင်လိုက်ပါက နတ်ဘုရားများ ဆင်းသက်လာသည်ဟု ထင်ကြပေလိမ့်မည်။

ထိုအချိန်မှစ၍ ဝေမြို့၏ အရပ်ထဲတွင် ဆန်းကြယ်သော ကောလာဟလအသစ်များစွာ ပျံ့နှံ့သွားတော့မည်မှာ အမှန်ပင်။

​လီယန်ချူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ပတ်ဝန်းကျင် မြင်ကွင်းမှာ တည်းခိုခန်းဝင်းအတွင်းရှိ အခန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူ အနည်းငယ် ငေးငိုင်သွားပြီးမှ သတိပြန်ဝင်လာသည်။

​"ရှင်းဟွမ်အလံ၊ မီးနတ်ဘုရားအမိန့်တော်ပြား၊ ဆေးဖော်တဲ့အိုး၊ သွေးချီဓာတ်ဆေးလုံး တွေနဲ့ မိစ္ဆာတွေကို သတ်ခဲ့တဲ့ ကုသိုလ်မှတ်တွေ... ဒီတစ်ခေါက်တော့ မရှုံးပါဘူး"

သူသည် ရရှိခဲ့သော အမြတ်များကို ပြန်လည်ရေတွက်ရင်း ဝမ်းသာအားရ ပြုံးလိုက်မိသည်။

​သို့သော် ထိုထူးဆန်းသော ဦးခေါင်း၏ စွမ်းရည်မှာ တကယ်ပင် ကိုင်တွယ်ရ ခက်ခဲလှသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ကိုယ်ပေါ်တွင် ထိုင်ရှန်းဖူကျွင်း တံဆိပ်တော် ရှိနေသဖြင့် မင်္ဂလာမရှိသော မိစ္ဆာအားလုံးကို နှိမ်နင်းနိုင်ခဲ့ခြင်းပင်။

​"အရင်တုန်းက ဘာလို့ နတ်ဘုရားနယ်မြေတိုင်းဟာ မိစ္ဆာတွေရဲ့ ကျူးကျော်မှုကို ခံခဲ့ရတာလဲ အကယ်၍ ဒါဟာ ဘေးဒုက္ခကြီးတစ်ခုဆိုရင်၊ ဘာလို့ လူ့လောကမှာ မိစ္ဆာတွေ မရှိနေရတာလဲ "

လီယန်ချူ၏ မျက်လုံးများတွင် တွေးတောနေသော အရိပ်အယောင်များ ပေါ်လာသည်။

​အချိန်ကာလများကြားတွင် ပျောက်ဆုံးသွားသော ဒဏ္ဍာရီလာ အဖြစ်အပျက်များကို သူ ပိုမို စိတ်ဝင်စားလာခဲ့သည်။

သူသည် နတ်ဘုရားနယ်မြေ သုံးခုကို တွေ့ကြုံခဲ့ဖူးပြီ။

၎င်းတို့မှာ ကျန်းထင်ရှန်း ၊ ချင်းယွဲ့ထန် နှင့် ထောင်ယွမ်ရှန်း တို့ပင် ဖြစ်သည်။

​၎င်းတို့အနက် ကျန်းထင်ရှန်းနှင့် ထောင်ယွမ်ရှန်းတို့မှာ မိစ္ဆာများ၏ ကျူးကျော်မှုကို ခံခဲ့ရပြီး နတ်ဘုရားများ၏ အရိပ်အယောင်ပင် မရှိတော့ဘဲ တာအိုနန်းတော်များမှာ မိစ္ဆာများ၏ နေရာများ ဖြစ်နေခဲ့သည်။

အရင်က ကျန်းထင်ရှန်းမှ နတ်ဘုရား ကြွင်းကျန်သော စိတ်ဆန္ဒကို ပြန်ပြောင်းကြည့်လျှင် ရှင်းလင်းလှသည်။

နတ်ဘုရားနယ်မြေရှိ နတ်ဘုရားများမှာ နောက်ဆုံးတွင် သေဆုံးပျက်စီးသွားခဲ့ကြခြင်းပင်။

မဟုတ်ပါက သူတို့၏ ကျင့်ကြံရာ နေရာများကို မိစ္ဆာများအား သိမ်းပိုက်ခွင့် ပေးထားမည် မဟုတ်ပေ။

​သို့သော် သူ သိချင်နေသည်မှာ ထိုကမ္ဘာတွင် တကယ်ပင် နတ်ဘုရားနိုင်ငံတော် ရှိသင့်သည်။

ဒီက ဒဏ္ဍာရီတွေက သူ၏ ယခင်ဘဝနှင့် ဆင်တူလှသည်။

နတ်မင်းကြီးသုံးပါး နှင့် အခြားသော နတ်ဘုရားများ အားလုံး ဘယ်ရောက်ကုန်ကြသနည်း။

ထို ကျန်းဝူနတ်မင်း အတု ပြောခဲ့သလို နတ်ဘုရားနိုင်ငံတော်ကြီးသည်လည်း ဘေးဒုက္ခကြီးထဲတွင် ပါဝင်သွားခဲ့ခြင်းလား

​တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။

မည်ကဲ့သို့သော မိစ္ဆာမျိုးကများ နတ်ဗြဟ္မာ အပေါင်းကို ရင်ဆိုင်နိုင်စွမ်း ရှိပါသနည်း။

လူ့လောကတွင် မိစ္ဆာများ သောင်းကျန်းနေပြီး နတ်ဘုရားများ၏ နေရာများမှာ ပျက်စီးကုန်ရသည်။

​ထိုမေးခွန်းမှာ ယခုအခါ ဒုတိယအဆင့်ဖြစ်သော ယင်ဝိညာဥ် အထွတ်အထိပ်သို့ ရောက်နေသည့် လီယန်ချူအတွက် အနည်းငယ် ဝေးကွာနေသေးသော်လည်း၊ မမြင်ရသော ဖိအားတစ်ခုကိုတော့ ပေးစွမ်းနေသည်။

​မိုးကြိုးငါးပါးအဆောင် မှာ အစွမ်းထက်လှပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်ကာ လောက၏ အတုမဲ့ ယန်စွမ်းအင်ပင် ဖြစ်သည်။

၎င်းမှာ သူ၏ အားကိုးရဆုံး အရာများထဲမှ တစ်ခုပင်။

သို့သော် မိမိ၏ အသက်နှင့် ကျင့်ကြံမှု အခြေခံမှာသာ အဓိကပင် ဖြစ်သည်။

မဟုတ်ပါက မြူခိုးများနောက်ကွယ်မှ အမှန်တရားကို သိလိုက်ရသည်နှင့် သူသည်လည်း ထိုမြေပြင်နတ်ဘုရားများနှင့် တာအိုတပည့်များကဲ့သို့ပင် ပျောက်ကွယ်သွားကာ လောက၏ ဘေးဒုက္ခကြီးအောက်တွင် ကြေမွသွားပေလိမ့်မည်။

​သူသည် ကြိုးစားကျင့်ကြံအားထုတ်ပြီး တတိယအဆင့်ဖြစ်သော ယန်ဝိညာဥ် ကို အမြန်ဆုံး ရောက်ရှိရန် ဆုံးဖြတ်လိုက်သည်။

​တည်းခိုခန်း ဆိုင်ရှင်မမှာမူ သူမ၏ လင်မှာ အချိန်မရွေး ပျောက်လိုက်၊ ပေါ်လိုက် ဖြစ်နေသည်ကို ကျင့်သားရနေပြီ ဖြစ်သည်။

သူမသည် မီးဖိုချောင်သို့ ကိုယ်တိုင်ဝင်ကာ လီယန်ချူအတွက် အရသာရှိလှသော ဟင်းလျာအချို့ကို ချက်ပြုတ်ပေးခဲ့သည်။

​"ဘယ်လိုလဲ... ဒီတစ်ခေါက်တော့ မိန်းမတစ်ယောက်လောက် ပါမလာဘူးလား "

ဆိုင်ရှင်မက မေးလိုက်သည်။

​"ငါ့မှာ အဲ့ဒီလို အကျင့်ရှိလို့လား"

လီယန်ချူက ရယ်မောရင်း ပြောလိုက်သည်။

​ဆိုင်ရှင်မက သူ့ကို မျက်စောင်းလေး ထိုးလိုက်ပြီးနောက် ကောင်းမွန်စွာ ချက်ပြုတ်ထားသော ဝက်သားနီချက် တစ်တုံးကို ခက်ရင်းဖြင့် ခူးခတ်ပေးလိုက်သည်။

"ပြီးခဲ့တဲ့ အခေါက်က ကောင်မလေးကို ငါကြည့်ရတာ စိတ်မချရဘူး၊ မင်းကို သဘောကျနေတာ သေချာတယ်"

ဆိုင်ရှင်မက တတွတ်တွတ် ပြောနေတော့သည်။

​ထိုရင့်ကျက်ပြီး လှပစွဲမက်ဖွယ်ကောင်းသော အမျိုးသမီးမှာ ဖန့်ချင်းလန် မှလွဲ၍ အခြားသော အမျိုးသမီးများအပေါ်တွင် သဝန်တိုတတ်ပုံရသည်။

​ဝဝလင်လင် စားသောက်ပြီးနောက် ဆိုင်ရှင်မသည် မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရေချိုးလိုက်ရာ တစ်ကိုယ်လုံးမှာ တောက်ပဝင်းပနေတော့သည်။

နုနယ်လှပသော ပါးပြင်လေးမှာ နီမြန်းနေပြီး အသားအရေမှာလည်း အကောင်းဆုံးသော ဆိတ်ဆီကျောက်ဖြူ ကဲ့သို့ ဖြူဝင်းနုညံ့နေသည်။

​အလှပဂေးများစွာကို မြင်ဖူးထားသည့် လီယန်ချူပင်လျှင် အံ့ဩသွားရသည်။

ဆံပင်ရှည်နက်နက်များမှာ ကျောပြင်ပေါ်တွင် ပျော့ပျောင်းစွာ ကျနေပြီး ရေစက်လေးများမှာ တစ်ခါတစ်ရံ အောက်သို့ ကြွေကျနေကြသည်။

​လီယန်ချူမှာတော့ ထို့သို့သာ တွေးနေမိတော့သည်။

အစားအစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေတာဟာ မမတွေပဲ ဆိုတာ တကယ်ပဲကိုး။

​နောက်တစ်နေ့

မွန်းတည့်ခါနီးအချိန်ကျမှ လီယန်ချူသည် ထိုက်ဖင်တည်းခိုခန်းမှ ထွက်ခွာပြီး ချင်းယွန်းတာအိုကျောင်းသို့ ပြန်လာခဲ့သည်။

​သူသည် အမှောင်ဖုံးအတတ်ပညာကို အသုံးပြုကာ ဘေးအန္တရာယ်များကို ဖယ်ရှားပြီး ဒိုချန်ပုတီး ကို အသက်သွင်းကာ မိမိ၏ အရှိန်အဝါများကို ဖုံးကွယ်ထားလိုက်သည်။

ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရခြင်းမှာ ဝေမြို့တွင် အေးအေးချမ်းချမ်း နေထိုင်လိုသောကြောင့်ပင်။

​ဒီတစ်ခေါက် နတ်ဘုရားနယ်မြေတွင် သူ အနည်းငယ် လူသိများသွားခဲ့သည်။

အမှောင်ဖုံးအတတ်ပညာ သည်ပင်လျှင် အခြားသူများ၏ စိတ်ထဲမှ သူ၏ ပုံရိပ်ကို အကုန်အစင် ဖျောက်ဖျက်နိုင်မည် မဟုတ်ချေ။

​အေးအေးဆေးဆေး ရက်အနည်းငယ် နေရမည်ဟု ထင်ထားသော်လည်း မမျှော်လင့်ဘဲ အချိန်အတော်ကြာ အဆက်အသွယ် ပြတ်နေသော တရားရုံးတော်မှမှ ကျောက်ချန်း သည် လီယန်ချူထံသို့ အကူအညီ လာတောင်းတော့သည်။

​"တာအိုဆရာလီ... ကွမ်ဖိန်ခရိုင် ထဲက ပျက်စီးနေတဲ့ မျိုးနွယ်ဝတ်ပြုကျောင်း တစ်ခုမှာ သရဲခြောက်နေလို့ပါ။ နာမည်ကြီး ဘုန်းကြီးတွေ၊ တာအိုဆရာတွေကို ပင့်ပြီး နှိမ်နင်းခိုင်းတာလည်း မရတာနဲ့ ကျနော် အခု တာအိုဆရာဆီကို လာပြီး အကူအညီ တောင်းရတာပါ"

All Chapters