← Chapters

အခန်း (၄၅၇-၄၅၈)

Vol. 46 Ch. 457-458

အခန်း (၄၅၇-၄၅၈)

Vol. 46 Ch. 457-458

အခန်း (၄၅၇) - အကုန်လုံးကို သတ်ပစ်မယ် ၊ကုသိုလ်မှတ် သိန်းသန်းချီ ၊ သိန်းချီကုသိုလ်အဆင့် နတ်လက်နက် ၊ နတ်ဘုရားလက်နက် ပေါ်ထွန်းခြင်း

​ဝုန်း

​တောင်နက်ကြီးအတွင်းမှ ပြင်းထန်လှသော တုန်ခါမှုကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

လီယန်ချူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ နားကွဲလုမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

​ကျောက်ခဲများ လွင့်စင်ကာ သဲဖုန်များ တထောင်းထောင်း ထလာသည်။

သူ၏ ကိုယ်ထည်မှာ ထိတ်လန့်စရာကောင်းသော ခွန်အားများ ပိုင်ဆိုင်ထားသဖြင့် လေထုထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရုံဖြင့် လေလှိုင်းများ ပေါက်ကွဲသွားရသည်။

ပေါက်ကွဲမှု အရှိန်အဟုန်လှိုင်းများမှာ တစ်ခုပြီးတစ်ခု ထပ်ဆင့်သွားကာ မှိုပွင့်ကြီးသဏ္ဌာန် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်တော့သည်။

​လူအသွင်ဆောင်ကာ အခြေအနေကြည့်နေသည့် မီးခိုးရောင်ဝတ်စုံဝတ် အဖိုးကြီးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အရိုးပင် မကျန်တော့ချေ။

ဤခန္ဓာကိုယ် ခွန်အားမှာ တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်ပါလား။

​လူငယ်ဓားသမား၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော့အေးစက်သွားသည်။

သူသည် ဓားကျင့်ကြံသူတစ်ဦးအဖြစ် အမြဲတမ်း ဂုဏ်ယူခဲ့သူ ဖြစ်သည်။

လက်ထဲမှာ ဓားတစ်လက်ရှိရုံဖြင့် လောကရှိ မိစ္ဆာအပေါင်းကို သုတ်သင်နိုင်သည်ဟူသော ဓားဆန္ဒ မျိုး ရှိထားသူလည်း ဖြစ်သည်။

သတ်ဖြတ်ခြင်းဖြင့် တရားကို သက်သေထူရသည့် လမ်းစဉ်ကို လိုက်သူဖြစ်ရာ သူ၏ တိုက်ကွက်များမှာလည်း ပြတ်သားပြီး ညှာတာမှု လုံးဝမရှိပေ။

​သို့သော် ယခုအခါတွင်မူ သူ၏ ဓားနှလုံးသား မှာ အက်ကွဲပျက်စီးသွားသလို ခံစားလိုက်ရသည်။

ဒီလောက်အထိ ထိတ်လန့်စရာကောင်းတဲ့ ခန္ဓာကိုယ် ခွန်အားမျိုးကို ငါ့ဓားက တကယ်ပဲ ဖြတ်တောက်နိုင်ပါ့မလား။

​လီယန်ချူသည် ထိုလူငယ်ဓားသမားကို စဉ်းစားရန် အချိန်အများကြီး မပေးခဲ့ပေ။

လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် သတ်ဖြတ်ခြင်းဓားသိုင်းကို ကျင့်ကြံထားသည့် ထိုလူငယ်မှာ အသက်ပျောက်သွားရတော့သည်။

​သွေးချီများမှာ ပြင်းထန်လှပြီး ဖြစ်ပေါ်လာသည့် ပုံရိပ်မှာလည်း ထိတ်လန့်စရာပင်

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ တစ်ခါမှ မကြုံဖူးသည့် ဘေးအန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံးရှိ အမွှေးများ ထောင်ထွက်ကာ ကျောပြင်မှ ကြွက်သားများမှာလည်း တောင့်တင်း ထုံကျင်သွားရသည်။

​သူတို့သည် လီယန်ချူ၏ အကြည့်ကိုပင် ရင်မဆိုင်ရဲကြတော့ပေ။

ကောင်းကင်နှင့် မြေကြီးမှာ အနီရောင်များ လွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ထိုကျင့်ကြံသူများကို လွှမ်းမိုးထားသည်။

နေရာတိုင်းတွင် ပူလောင်လှသော အနီရောင်သွေးအလင်းတန်းများ ရှိနေပြီး လေထုမှာလည်း သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော သွေးချီများကြောင့် ပွက်ပွက်ဆူနေသကဲ့သို့ပင်။

​ဤမျှ ပြင်းထန်လှသော သက်စောင့်အားမာန်နှင့် မီးဖိုကြီးကဲ့သို့ ပူပြင်းလှသော သွေးချီများမှာ လောကရှိ အရာအားလုံးကို လောင်ကျွမ်းစေနိုင်စွမ်း ရှိသည်။

လီယန်ချူ၏ စိတ်ဝိညာဉ်နန်းဆောင် အတွင်း၌ ကုသိုလ်အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေသလို၊ ခရမ်းရွှေရောင် အရှိန်အဝါများနှင့် နတ်ဘုရားရဲ့ဂါထာတော် သူ့ကို ကာကွယ်ထားသည်။

ထို့ကြောင့် သူသည် ဆင်ခြင်တုံတရား မပျောက်ကွယ်ဘဲ ဤမျှကြီးမားလှသော သွေးချီများကို ထိန်းချုပ်မောင်းနှင်နိုင်ခြင်း ဖြစ်သည်။

​ဝုန်း ဝုန်း

​ပေါက်ကွဲသံများမှာ တောင်တောအတွင်း၌ မပြတ်တမ်း ပဲ့တင်ထပ်နေသည်။

မိစ္ဆာအတတ်ကို ကျင့်ကြံသူများ၊ လူသားစားသည့် မိစ္ဆာဆိုးများ၊ ယုတ်မာလှသော ဝိညာဉ်ဆိုးများမှာ အကုန်လုံး အသတ်ခံလိုက်ရတော့သည်။

​လီယန်ချူသည် အရှိန်အဝါကြည့် အတတ်ပညာကို အသုံးပြုကာ ရန်ငြိုး များ ဝန်းရံနေသည့် မိစ္ဆာအတတ်ကို လိုက်စားသူများကိုသာ ရွေးချယ်သတ်ဖြတ်နေခြင်း ဖြစ်သည်။

သို့သော် အပြင်လူများ အမြင်တွင်မူ ခန္ဓာကိုယ်ခွန်အား ကြီးမားလှပြီး သွေးချီများ တဟုန်းဟုန်း တောက်လောင်နေသည့် ထိုတာအိုဆရာ လူငယ်က ကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်နေခြင်းဟုသာ မြင်ကြသည်။

​ရက်စက်သည်၊ အေးစက်သည်၊ ညှာတာမှု လုံးဝမရှိပေ

​အရာအားလုံး ငြိမ်သက်သွားသည့်အခါတွင်မူ...

ပတ်ဝန်းကျင်၌ အခြေအနေကြည့်နေကြသည့် တရားသောလမ်းမှ ကျင့်ကြံသူများနှင့် ကျင့်ကြံသူ မိသားစုများမှ ပါရမီရှင်များသာ အသက်ရှင် ကျန်ရစ်တော့သည်။

ကျန်ရှိသမျှသော မိစ္ဆာကောင်များ၊ ဝိညာဉ်ဆိုးများနှင့် ယုတ်မာသူများမှာမူ အကုန်လုံး သေဆုံးသွားကြလေပြီ။

​လီယန်ချူ၏ ကိုယ်ပေါ်ရှိ ကုသိုလ်မှတ်များမှာလည်း နောက်ဆုံးတွင် သိန်းသန်း ဂဏန်းအဆင့်သို့ ရောက်ရှိသွားတော့သည်။

​ဤသူများမှာ အခွင့်အရေး လာလုသည့် မိစ္ဆာများ မဟုတ်ဘဲ၊ လီယန်ချူအတွက် အိမ်တိုင်ရာရောက် လာပို့ပေးသည့် အတွေ့အကြုံ လက်ဆောင်ထုပ်များသာ ဖြစ်နေတော့သည်။

​လီယန်ချူသည် ယန်ဝိညာဥ် အဆင့်သို့ မရောက်သေးသော်လည်း၊ သူ၏ ခန္ဓာကိုယ် ကိုယ်ထည်မှာမူ သွေးချီဓာတ်ဆေးလုံး၏ အကူအညီနှင့် ယခင်က ရှိထားသည့် ခိုင်မာလှသော အခြေခံအုတ်မြစ်တို့ ပေါင်းစပ်ကာ တတိယအဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

​ကုသိုလ်မှတ် သိန်းသန်းချီ၍ သူ့ကိုယ်မှာ ကပ်ပါလာပြီး၊ သူ၏ ဝိညာဉ်အတွင်းပိုင်း၌ တောက်ပလှသော ကုသိုလ်ရွှေရောင် အလင်းတန်းများက လွှမ်းခြုံထားကာ တရဟော စီးဆင်းနေတော့သည်။

​ဝေမြို့၊ ချင်းယွန်းကျောင်း

​လီယန်ချူသည် ကျွေ့ဟွာကို ခေါ်ဆောင်ကာ ဤနေရာသို့ ပြန်ရောက်လာခဲ့သည်။

ယခုတစ်ခေါက် အဆင့်တက်လှမ်းမှုမှ ရရှိသည့် အကျိုးကျေးဇူးမှာ အလွန်ပင် ကြီးမားလှသည်။

သူ၏ ခန္ဓာကိုယ် ခွန်အားမှာ အတိုင်းထက်အလွန် ကြီးမားနေသော်လည်း ချင်းယွန်းကျောင်းသို့ ပြန်ရောက်သည့် အချိန်တွင်မူ ၎င်းတို့ကို အကုန်အစင် ထိန်းချုပ်နိုင်သွားပြီဖြစ်ရာ အပြင်ပန်းကြည့်လျှင် သာမန်လူတစ်ယောက်နှင့် ဘာမှ မခြားနားတော့ပေ။

​သို့သော် ယနေ့ ဝေမြို့ တောင်နက်ကြီးအတွင်း၌ ဖြစ်ပွားခဲ့သော ကိစ္စမှာ ကျင့်ကြံသူလောကအတွင်း ဟိုးလေးတကျော် ဖြစ်သွားရသည်။

မိစ္ဆာကျင့်ကြံသူများနှင့် လူသားစား မိစ္ဆာများစွာမှာ အသတ်ခံလိုက်ရသည်။

၎င်းတို့မှာ နာမည်ကျော် မိစ္ဆာများဖြစ်စေ၊ ပုန်းအောင်းနေသည့် ဝိညာဉ်ဆိုးများဖြစ်စေ၊ အားလုံးတွင် တူညီသော အချက်တစ်ခု ရှိသည်။

​၎င်းမှာ တိုက်ရည်ခိုက်ရည် အလွန်ကောင်းခြင်း ပင် ဖြစ်သည်။

ဗုဒ္ဓဘာသာနှင့် တာအိုဘာသာမှ ကျွမ်းကျင်သူများပင်လျှင် ထိုသူများကို လွယ်လွယ်ကူကူ ရင်ဆိုင်ရန် ဝန်လေးကြသည်။

သို့သော် ယနေ့တွင်မူ ဝေမြို့ပြင်မှ တောင်နက်ကြီးအတွင်း၌ အကုန်လုံး သေဆုံးသွားခဲ့ကြရသည်။

ကြောင်ကြီးတစ်ကောင် ခေါ်လာသည့် တာအိုဆရာ လူငယ်လေးတစ်ဦး၏ လက်ချက်ဖြင့် တစ်ဖက်သတ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

​ဝေမြို့နယ်မြေအတွင်း၌ ယန်ဝိညာဥ် အဆင့်ရှိသည့် ကျွမ်းကျင်သူတစ်ဦး ရှိနေသည်ဟူသော သတင်းမှာ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။

​လီယန်ချူကတော့ ကျောင်းတော်အတွင်း၌ အေးအေးဆေးဆေး ရှိနေပြီး မည်သည့် အနှောင့်အယှက်မှ မခံရပေ။

ထိုချင်းယွန်းကျောင်း ပျက်လေးမှာ တကယ့်ကိုပင် ကြီးမားလှသော အတတ်ပညာတစ်ခုဖြင့် ကောင်းကင်ဘုံ၏ စောင့်ကြည့်မှုကို ဖုံးကွယ်ထားသကဲ့သို့ပင်၊ အလွန်ပင် တိတ်ဆိတ်အေးချမ်းလှသော နေရာလေး ဖြစ်နေသည်။

​သူသည် မိမိကိုယ်ပေါ်ရှိ ကုသိုလ်မှတ် များကို စစ်ဆေးလိုက်သည်။

၁,၀၃၅,၆၀၀ (တစ်သန်း သုံးသောင်း ငါးထောင် ခြောက်ရာ )

​ယခင်တုန်းက...

ကုသိုလ် သုံးသောင်းရရုံနှင့်ပင် လီယန်ချူမှာ အလွန်အမင်း ဝမ်းသာပီတိဖြစ်ကာ ဘဝရဲ့ ထိပ်ဆုံးကို ရောက်ပြီဟု ထင်ခဲ့မိသည်။

ယခုအခါတွင်မူ ထိုသုံးသောင်းဆိုသည်မှာ အကြွေစေ့လောက်သာ ရှိတော့သည်။

​ဟူး... ချမ်းသာတဲ့သူတွေရဲ့ သောကကို ငါ နည်းနည်း နားလည်လာပြီပဲ လို့ လီယန်ချူက စိတ်ထဲက ရေရွတ်လိုက်မိသည်။

​ကျွေ့ဟွာ၏ ယနေ့ ရဲရဲဝံ့ဝံ့ စွမ်းဆောင်ချက်များအတွက်လည်း လီယန်ချူက ကျေးဇူးတင်ကြောင်း ပြသခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် သူမ၏ စွမ်းဆောင်ရည်မှာ သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။

​သူသည် ကျင်းကွမ်းကျောင်း မှ ရရှိခဲ့သည့် ဗောဓိဆေးလုံး ကို ထုတ်ယူကာ ကျွေ့ဟွာကို ပေးလိုက်သည်။

ဤကဲ့သို့သော နတ်ဆေးလုံးမှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် အထူးအာနိသင် ရှိသည်။

မိစ္ဆာမျိုးနွယ်စုများ၏ တိုက်ခိုက်မှုမှာ မိမိ၏ ကိုယ်ထည် ကြံ့ခိုင်မှုအပေါ် အခြေခံရသည်ဖြစ်ရာ သူမအတွက် အလွန်ပင် သင့်တော်လှပေသည်။

​"ဒါက ငါ နတ်ဘုရားနယ်မြေထဲကနေ ရလာတဲ့ နတ်ဆေးပဲ၊ နင် ဒီတစ်ခါ တော်တော်လေး အားစိုက်ခဲ့တာမို့ ငါ အကုန်လုံး နင့်ကို ပေးလိုက်မယ် " ဟုလိမ်ပြောလိုက်သည်။

​"နင့်မှာ အသိစိတ် ရှိသားပဲ"

လို့ ကျွေ့ဟွာက ပြန်ပြောသည်။

သူမ ကြည့်ရသည်မှာ ထိုစကားကို အတော်လေး သဘောကျသွားပုံရသည်။

​လိမ္မော်ရောင် ကြောင်လေးသည် လှပသော ခြေလှမ်းများဖြင့် အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

သူမ ဗောဓိဆေးလုံးကို သုံးစွဲရန် ပြင်ဆင်နေချိန်တွင် လီယန်ချူမှာမူ ကျောင်းတော်အတွင်း၌ တရားထိုင်နေရင်း ယခုကဲ့သို့ များပြားလှသော ကုသိုလ်မှတ်များဖြင့် မိမိလက်ထဲရှိ နတ်လက်နက်အချို့ကို ဆက်လက်၍ စွမ်းအားမြှင့် ရန် ပြင်ဆင်လိုက်သည်။

​ပထမဦးဆုံးမှာ ကျန့်ကျောင်းဓား ပင် ဖြစ်သည်။

သူသည် မိမိဦးနှောက်အတွင်းရှိ မဟာတာအို၏ အသံကို ပုံဖော်လိုက်ပြီး...

​"အဆင့်မြှင့်တင်စေ "

​ကျန့်ကျောင်းဓားပေါ်တွင် နတ်အလင်းတန်းများ ပေါ်လာပြီး ဓားကိုယ်ထည် တစ်လျှောက်လုံးတွင် မပြတ်တမ်း လှည့်ပတ်နေတော့သည်။

အလွန်ပင် လှပလွန်းလှသည်။

ယခုတစ်ကြိမ် စွမ်းအားမြှင့်သည့် အချိန်မှာ ယခင် အကြိမ်များထက် ပိုမို ကြာမြင့်နေသည်။

​အရာအားလုံး ပြီးဆုံးသွားသည့် အခါတွင်မူ...

ကျန့်ကျောင်းဓားဆီမှ ကြည်လင်ပြတ်သားလှသော ဓားဟိန်းသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွားတော့သည်။

​ဝုန်း

​ဓားအလင်းတန်းတစ်ခုမှာ အိမ်ခေါင်မိုးကို ဖောက်ထွက်ကာ ပျံတက်သွားပြီး ချင်းယွန်းကျောင်း အထက်တွင် ဝဲပျံနေတော့သည်။

ကောင်းကင်နှင့် မြေကြီးမှာလည်း အရောင်အသွေး ပြောင်းလဲသွားပြီး မိုးတိမ်များမှာ တလိမ့်လိမ့် တက်လာသည်။

တိမ်ပင်လယ်အတွင်း၌ မိုးကြိုးလျှပ်စီးများသာမက မီးတောက်မီးလျှံများပါ ထွက်ပေါ်လာတော့သည်။

​"ဟာ... သွားပြီ၊ အိမ်ခေါင်မိုး ပေါက်သွားပြီ "

လီယန်ချူက အလန့်တကြား အော်လိုက်မိသည်။

​သူ နေလာသည့် တစ်လျှောက်လုံး ဘာမှမဖြစ်ခဲ့သည့် ထိုကျောင်းတော်လေးမှာ ယခုအခါတွင်မူ အဆင့်မြင့်လိုက်သည့် ကျန့်ကျောင်းဓားကြောင့် အိမ်ခေါင်မိုး ပေါက်သွားရပြီ မဟုတ်ပါလား။

​"ဒါက ကမ္ဘာကျော် နတ်ဘုရားလက်နက် ပေါ်ထွန်းလာတာလား "

"ဘယ်လောက်တောင် ပြင်းထန်လှတဲ့ အရှိန်အဝါလဲ"

​ဝေမြို့အတွင်း ပုန်းအောင်းနေသည့် ကျင့်ကြံသူများမှာ ကောင်းကင်ကို ထိတ်လန့်တကြား မော့ကြည့်လိုက်မိကြသည်။

အမည်မသိသည့် ဤမြို့လေးမှာ ဘာကြောင့် ဤမျှ ထိတ်လန့်စရာကောင်းသော နတ်လက်နက် ရှိနေရသနည်း ထိုထူးခြားဖြစ်စဉ်မှာ ဝေမြို့တစ်မြို့လုံး၏ ကောင်းကင်ယံကို လွှမ်းခြုံထားသဖြင့် ထိုနတ်အလင်းတန်းမှာ ချင်းယွန်းကျောင်းမှ စတင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မည်သူမျှ သတိမပြုမိကြချေ။

​ဝေမြို့သူ ဝေမြို့သားများမှာလည်း ကောင်းကင်ကို အံ့ဩတကြီး ကြည့်နေကြသည်။

"မိုးရွာတော့မှာလား "

"အကြောင်းအရင်း မရှိဘဲ ဘာလို့ မိုးတွေ ချုန်းနေရတာလဲ "

​သာမန်အရပ်သားများမှာမူ ကမ္ဘာကျော် နတ်လက်နက်ဆိုသည်ကို မသိကြသလို၊ ကောင်းကင်နှင့် မြေကြီး၏ ထူးခြားဖြစ်စဉ်များကိုလည်း နားမလည်ကြပေ။

သူတို့ သိသည်မှာ မကြာသေးမီက ဝေမြို့၏ ရာသီဥတုမှာ အလွန်ပင် ဖောက်ပြန်နေပြီး ခဏခဏ မိုးချုန်းနေခြင်းသာ ဖြစ်သည်။

​အထူးသဖြင့် မိုးမရွာဘဲ မိုးချုန်းနေခြင်း ဖြစ်သည်။

ခဏခဏ ဆိုသလို ဝုန်းဝုန်း ဆိုသည့် အသံကြီးများမှာ နားကွဲလုမတတ် ထွက်ပေါ်နေတတ်သည်။

တစ်ခါတစ်ရံတွင် ပေါက်ကွဲသံကြီးများနှင့်ပင် တူနေတတ်သည်။

အစပိုင်းတွင် သူတို့ ထိတ်လန့်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ တဖြည်းဖြည်းနှင့်ပင် နေသားကျသွားတော့သည်။

​ရာသီဥတု ထူးဆန်းနေခြင်းမှာ ထိတ်လန့်စရာ ကိစ္စမဟုတ်တော့ချေ။

ဤသည်မှာပင် အဆင့်အတန်း မတူညီမှုကြောင့် ဖြစ်ပေါ်လာသည့် ကွာခြားချက် ဖြစ်သည်။

ကျွမ်းကျင်သူများက အတွင်းသဘောကို ကြည့်ကြပြီး၊ သာမန်လူများကတော့ အပြင်ပန်း ဆူညံမှုကိုသာ ကြည့်ကြသည်ပေါ့။

​"ဓား... လာစေ"

​လီယန်ချူ၏ စိတ်ထဲမှ အမိန့်ပေးလိုက်သည်။

ကျန့်ကျောင်းဓားမှာ ချက်ချင်းပင် နတ်အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံမှ ပျံသန်းလာပြီး လီယန်ချူ၏ လက်ထဲသို့ ကျရောက်လာသည်။

ထိတ်လန့်စရာကောင်းသော မိုးတိမ်များ ကွယ်ပျောက်သွားသလို၊ ဆူညံလှသော အသံကြီးများလည်း ပျောက်ကွယ်သွားတော့သည်။

​"ဒီရက်ပိုင်း ရာသီဥတုက အမြဲတမ်း ဒီလိုပဲဗျ၊ ဧည့်သည်လည်း မကြောက်ပါနဲ့၊ ဒါက ကျနော်တို့ ဝေမြို့ရဲ့ ထူးခြားချက်လို့ပဲ သဘောထားလိုက်ပါ"

​ထိုက်ဖင် တည်းခိုခန်းအတွင်း၌ စားပွဲထိုးလေးက ဗိုက်ပူပူနှင့် ဘုန်းကြီးတစ်ပါးကို ပြောလိုက်ခြင်းဖြစ်သည်။

ဗိုက်ပူဘုန်းကြီးမှာ ထိုစကားကို ကြားသောအခါ ပါးစပ်များ တွန့်သွားပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။

​ဘာ ရာသီဥတု ပြောင်းလဲတာလဲကွ၊ ဒါက ကမ္ဘာကျော် နတ်ဘုရားလက်နက် ပေါ်ထွန်းလာတာဟေ့ လို့ သူ စိတ်ထဲကနေ ဒေါသတကြီး အော်ဟစ်လိုက်မိတော့သည်။

အခန်း (၄၅၈) - သူဌေးကြီး လီယန်ချူ ၊ သိန်းချီကုသိုလ်အဆင့် နတ်လက်နက် လေးခု ၊ ကိုယ်ပိုင်အသိစိတ်နှင့် စောင့်ကြည့်မှန်

​ဗိုက်ပူဘုန်းကြီးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။

သူသည် စားပွဲထိုးလေးကို ဂရုမစိုက်နိုင်တော့ဘဲ မျက်လုံးများမှာ လမ်းတစ်ဖက်ရှိ ချင်းယွန်းကျောင်းဆီသို့သာ စိုက်ကြည့်နေမိတော့သည်။

​"ခုနက ငါ မျက်စိမှားတာလား... နတ်အလင်းတန်းတစ်ခု အဲဒီကျောင်းထဲကို ကျသွားသလိုပဲ "

​ဗိုက်ပူဘုန်းကြီးမှာ တံတွေးများ ထပ်ခါထပ်ခါ မျိုချနေမိသည်။

​ထိုအချိန်တွင် ကျောင်းတော်အတွင်း၌...

လီယန်ချူသည် လက်ထဲရှိ ကျန့်ကျောင်းဓား ကို ကြည့်လိုက်သည်။

ပုံစံမှာ ယခင်အတိုင်း ထန်ဓား နှင့် ဆင်တူနေဆဲဖြစ်ပြီး ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိပေ။

ဓားကိုယ်ထည်ပေါ်တွင် ရေလှိုင်းသဏ္ဌာန် အရေးအကြောင်းများ ရှိနေပြီး တစ်ကိုယ်လုံးမှာ မှောင်မှောင်မှိုင်းမှိုင်းနှင့် ရှေးဟောင်းဆန်သော အရောင်အသွေး ရှိနေသည်။

​သို့သော် စူးရှထက်မြက်လှသော အရှိန်အဝါများမှာ အတင်းအကျပ် တိုးထွက်နေပြီး လေးလံသောဓားသည် အသွားမပေါ်၊ အနုစိတ်ဆုံးသော လက်ရာသည် လုပ်ကြံဖန်တီးထားခြင်းမရှိ ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

လီယန်ချူသည် ကြည့်လေ ကြည့်လေ ပိုသဘောကျလေပင်။

ဤဓားသည် သူ့နောက်သို့ လိုက်ပါလာသည်မှာ ကြာပြီဖြစ်ပြီး ဝိညာဉ်သတ်၊ မိစ္ဆာနှိမ်ရာတွင် ဟင်းသီးဟင်းရွက် လှီးဖြတ်သကဲ့သို့ပင် အလွန်ပင် လက်ယဉ်နေခဲ့ပြီ ဖြစ်သည်။

​ယခုတစ်ကြိမ် အဆင့်မြှင့်တင်ပြီးနောက်တွင်မူ ကျန့်ကျောင်းဓား၌ ကိုယ်ပိုင်အသိစိတ် ရှိလာသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သူ ခိုင်းစရာပင်မလိုဘဲ ကျန့်ကျောင်းဓားမှာ သူ့ဘေးနားတွင် ဝဲပျံနေနိုင်သလို သူ့အပေါ်တွင်လည်း အလွန်ပင် ရင်းနှီးကျွမ်းဝင်မှု ရှိနေသည်။

​ဤသည်မှာ ရှေးဟောင်းဆေးဖော်မီးဖိုပြီးလျှင် ကိုယ်ပိုင်အသိစိတ်ရှိလာသည့် ဒုတိယမြောက် နတ်လက်နက်ပင် ဖြစ်သည်။

​လီယန်ချူသည် မိမိ၏ ကုသိုလ်မှတ်ကို စစ်ဆေးလိုက်သည်။

ခဏမျှ ကြောင်အသွားရ၏။

​၉၃၅,၆၀၀

​"တစ်ခါ အဆင့်မြှင့်ဖို့ ကုသိုလ်မှတ် တစ်သိန်း တောင် ကုန်တာလား "

​သူ အနည်းငယ် အံ့ဩသွားပြီး မျက်လုံးများထဲတွင် တွေးတောနေသည့် အရိပ်အယောင်များ ပေါ်လာသည်။

"ကိုး ဆိုတာ အထွတ်အထိပ်ဂဏန်းပဲ၊ အဲဒီအထွတ်အထိပ်ကို ကျော်သွားရင် ကုသိုလ်တစ်သိန်း ကုန်တာနေမှာ။ ဒါဆို နောက်တစ်ခါ အဆင့်မြှင့်ရင် ကုသိုလ် နှစ်သိန်း တောင် ကုန်မှာလား "

​သူ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ထိုအရာမှာ တကယ်ပင် ငွေရှိမှ သုံးနိုင်သည့် ကိစ္စပင်။

သို့သော် တစ်ခါတည်းနှင့် ကုသိုလ်တစ်သိန်း ကုန်သွားခြင်းမှာ လီယန်ချူကို မခြောက်လှန့်နိုင်ခဲ့ပေ။

​သူသည် မိမိကိုယ်ပေါ်ရှိ အစီရင်ဝတ်စုံ ကို ဆက်လက် အဆင့်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုချပ်ဝတ်၏ ခံစစ်စွမ်းအားမှာ အလွန်မြင့်မားသလို သွေးချီများကို မြှင့်တင်ပေးသည့် အာနိသင်လည်း ရှိသည်။

သို့သော် သူ၏ ယခုလက်ရှိ အခြေအနေနှင့်ဆိုလျှင် သုံးရသည်မှာ အနည်းငယ် အားမရစရာ ဖြစ်နေပြီ ဖြစ်သည်။

​သူ့တွင် ကုသိုလ်မှတ် ကိုးသိန်းကျော် ကျန်သေးသဖြင့် ချပ်ဝတ်ကို အဆင့်မြှင့်လိုက်တော့သည်။

​"အဆင့်မြှင့်တင်စေ"

​ကုသိုလ်မှတ် ၇,၀၀၀ ကုန်ဆုံးသွားသည်

ချပ်ဝတ်ပေါ်ရှိ စာဂါထာများမှာ အကုန်လုံး လင်းထိန်သွားပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

လီယန်ချူမှာမူ ဤမျှနှင့် အားမရသေးပေ။

​"တစ်ခါတည်း တစ်သိန်းတန်အဆင့်အထိ သွားလိုက်ရင်ကော "

​သူ စိတ်လှုပ်ရှားစွာဖြင့် ဆက်တိုက် အဆင့်မြှင့်ရန် ရွေးချယ်လိုက်သည်။

ကုသိုလ်မှတ် ၈,၀၀၀ ကုန်သွားသည်

ကုသိုလ်မှတ် ၉,၀၀၀ ကုန်သွားသည်

ကုသိုလ်မှတ် တစ်သိန်း ထပ်မံကုန်ဆုံးသွားသည်

​ဝုန်း

​ကောင်းကင်နှင့် မြေကြီးအကြားတွင် ထူးခြားဖြစ်စဉ်များ ထပ်မံ ပေါ်ပေါက်လာပြန်သည်။

ယခုတစ်ကြိမ် တိမ်ပင်လယ်အတွင်း၌ မိုးကြိုးနှင့် မီးတောက်များသာမက တောက်ပလှသော အနီရောင် အလင်းတန်းများပါ ပါဝင်နေသည်။

တိမ်တိုက်များထဲတွင် နေမင်းကြီးတစ်စင်း ပုန်းအောင်းနေသကဲ့သို့ပင်

​လီယန်ချူမှာ ယခုတစ်ခေါက် အတွေ့အကြုံရှိသွားပြီဖြစ်ရာ ချပ်ဝတ်ကို အမြန်သိမ်းဆည်းလိုက်သဖြင့် ထူးခြားဖြစ်စဉ်မှာ လာသကဲ့သို့ပင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

​သို့သော်လည်း...

တည်းခိုခန်းရှိ ဗိုက်ပူဘုန်းကြီးမှာမူ မျက်နှာပျက်သွားပြီး တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိပြန်သည်။

သူသည် မယုံနိုင်စရာ ကောင်းလောက်အောင် ချင်းယွန်းကျောင်းဘက်သို့ ကြည့်နေမိသည်။

​"ဒါ... ဒါက ဘာဖြစ်တာလဲ "

"စောစောက အရှိန်အဝါက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ "

​ဗိုက်ပူဘုန်းကြီးသာမက ဝေမြို့အတွင်းရှိ ကျင့်ကြံသူများမှာလည်း အလွန်ပင် ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။

တစ်ရက်တည်းမှာတင် ကမ္ဘာကျော် နတ်လက်နက် တစ်လက် ပေါ်ထွန်းတာတင် မကသေးဘူး အခု နောက်ထပ် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေတဲ့ အစွမ်းထက် နတ်လက်နက် တစ်ခု ထပ်ပေါ်လာပြန်ပြီလား။

​ပုံမှန်ဆိုလျှင် သူတို့သည် ချက်ချင်းပင် ခြေရာခံပြီး လူသတ်၊ ရတနာလု၊ အရင်းအမြစ် ရှာဖွေရမည် ဖြစ်သည်။

ဒါက သူတို့ လုပ်နေကျ အလုပ်ပင်။

သို့သော် ယနေ့ ဝေမြို့တွင် ဖြစ်ပွားခဲ့သော သွေးစွန်းသည့် အဖြစ်ဆိုးကြီးက သူတို့၏ လောဘစိတ်များကို အကုန်ရုတ်သိမ်းသွားစေခဲ့သည်။

အကြောင်းမှာ ဤမျှ ကြီးမားလှသော အရှိန်အဝါမှာ တတိယအဆင့် ကျွမ်းကျင်သူဟု ယူဆရသည့် ထိုတာအိုဆရာ လူငယ်လေး၏ လက်ချက်ဖြစ်ရန် ၈၀ ရာခိုင်နှုန်း သေချာနေသောကြောင့်ပင်။

​လီယန်ချူသည် ကျောင်းတော်အတွင်းရှိ ချပ်ဝတ်ကို ကြည့်ပြီး အလွန်ကျေနပ်နေသည်။

ခန့်ညားထည်ဝါလှသော ချပ်ဝတ်တန်ဆာတစ်ခုမှာ ရွှေရောင်ဝတ်စုံဝတ် နတ်မင်းကြီးတစ်ပါးကဲ့သို့ပင် သူ့ရှေ့တွင် ငြိမ်သက်စွာ ဝဲပျံနေသည်။

ပြောစရာပင် မလိုတော့ချေ၊ ထိုချပ်ဝတ်မှာလည်း ကိုယ်ပိုင်အသိစိတ် ရရှိသွားပြီ ဖြစ်သည်။

​နောင်ကျရင် ငါက အဆင့်မြင့် နည်းပညာတွေ (AI) ဘက်ကိုများ ရောက်သွားမလားပဲ ဟု လီယန်ချူ စိတ်ထဲက တွေးလိုက်မိသည်။

ယခုတစ်ကြိမ် အဆင့်မြှင့်တင်မှုမှာ ကုသိုလ်မှတ် ၁၂၄,၀၀၀ ကုန်ဆုံးသွားပြီး ကိုယ်ပိုင်အသိစိတ်ရှိသည့် နတ်လက်နက်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

​နောက်တစ်ခုမှာ ဒိုချန်ပုတီး ဖြစ်သည်။

ဤသည်မှာ အထောက်အကူပြု နတ်လက်နက်ဖြစ်သော်လည်း အစွမ်းမှာမူ ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သည်။

ဆုတောင်းမေတ္တာ ပို့သနိုင်သည့်အပြင် တစ်နည်းအားဖြင့် ထိုသည်မှာ အကြောင်းအကျိုး နိယာမ ကို ထိန်းချုပ်သည့် နတ်လက်နက်ပင် ဖြစ်သည်။

​ယခင်တစ်ခေါက်က အဆင့်မြှင့်ရာတွင် ကုသိုလ် ၆,၀၀၀ ကုန်ဆုံးထားပြီးဖြစ်သည်။

လီယန်ချူသည် တစ်ဆက်တည်းမှာပင် လေးကြိမ်ဆက်တိုက် အဆင့်မြှင့်လိုက်တော့သည်။

ကုသိုလ်မှတ် ၁၂၄,၀၀၀ ကုန်ဆုံးသွားပြန်ပြီး ကိုယ်ပိုင်အသိစိတ်ရှိသည့် နောက်ထပ် နတ်လက်နက်တစ်ခု ထွက်ပေါ်လာပြန်သည်။

​ထိတ်လန့်စရာကောင်းသော ကောင်းကင်နှင့် မြေကြီး ထူးခြားဖြစ်စဉ်များမှာ ဝေမြို့သားများကို ထုံထိုင်းသွားစေသော်လည်း၊ ဝေမြို့ရှိ ကျင့်ကြံသူများကိုမူ အသက်ရှူပင် မဝဝံ့တော့ဘဲ တုန်လှုပ်ချောက်ချားသွားစေသည်။

​ဒါက လူ့လောက ဟုတ်ရဲ့လား ဒါက သာမန်မြို့လေး တစ်မြို့ပဲ မဟုတ်လား ဘာတွေ ဖြစ်ကုန်ကြတာလဲ။

​လီယန်ချူသည် မိမိကိုယ်ပေါ်ရှိ ကုသိုလ်မှတ်များကို ကြည့်လိုက်ရာ ၆၈၇,၆၀၀ ကျန်ရှိနေသေးသည်ကို တွေ့ရသည်။

မူလက ရပ်နားရန် ကြံရွယ်ထားသော်လည်း တစ်ခုခုကို ရုတ်တရက် သတိရသွားကာ ရှစ်ခွင်မှန် ကို ထုတ်ယူလိုက်သည်။

ဤမှန်ကို ယခင်တစ်ခေါက်က အဆင့်မြှင့်ရာတွင် ကုသိုလ် ၃,၀၀၀ ကုန်ဆုံးထားပြီး နတ်အလင်းမှာ ပူပြင်းလှသဖြင့် ဝိညာဉ်များကို ဒဏ်ရာရစေနိုင်သည်။

​လီယန်ချူ သဘောကျသည့် အချက်မှာ ထိုမှန်ကလှည့်စားမှုများကို ဖောက်ထွက်မြင်နိုင်သည့် ဂုဏ်သတ္တိပင် ဖြစ်သည်။

သူသည် ဝေမြို့တစ်မြို့လုံးကို စောင့်ကြည့်နိုင်မည့် အစွမ်းထက် နတ်လက်နက်တစ်ခု လိုအပ်နေပြီး ဤရှစ်ခွင်မှန်မှာ အတော်ဆုံးပင်။

နောက်ကျရင် သူသည် အစွမ်းထက် နတ်လက်နက်တွေနဲ့တင် ထိုဆင်းရဲသား မိစ္ဆာကောင်တွေကို ပစ်ပေါက်သတ်ပစ်တော့မည်။

​ကုသိုလ် ၄,၀၀၀ ကုန်သွားသည်

ကုသိုလ် ၅,၀၀၀ ကုန်သွားသည်

ကုသိုလ် ၆,၀၀၀ ကုန်သွားသည်

ကုသိုလ် တစ်သိန်း ထပ်မံကုန်ဆုံးသွားသည်

​ခြောက်ကြိမ်မြောက် အဆင့်မြှင့်တင်မှုအပြီး စုစုပေါင်း ကုသိုလ်မှတ် ၁၃၉,၀၀၀ ကုန်ဆုံးသွားခဲ့သည်။

ရှေးဟောင်းဆန်ပြီး ခန့်ညားလှသော မှန်တစ်ချပ် အခန်းအတွင်း ပေါ်လာသည်။

မှန်မျက်နှာပြင်ပေါ်တွင် အလင်းတန်းများ လှည့်ပတ်နေပြီး နတ်အလင်းများ တဖျတ်ဖျတ် တောက်နေသည်။

လီယန်ချူ တွေးလိုက်သည် နှင့် မှန်ပေါ်ရှိ အလင်းများမှာ ဘေးသို့ ဖြည်းညှင်းစွာ ကွဲထွက်သွားပြီး လူတစ်ကိုယ်လုံးကို ထင်ထင်ရှားရှား မြင်နိုင်တော့သည်။

​သူသည် ထိုကုသိုလ်တစ်သိန်းတန် နတ်လက်နက်ကို စတင်အသုံးပြုလိုက်ရာ တစ်ခဏအတွင်းမှာပင် ဝေမြို့တစ်မြို့လုံးကို လွှမ်းခြုံသွားတော့သည်။

နေရာတိုင်းရှိ ပြင်းထန်သော အရှိန်အဝါများကို ရှင်းလင်းစွာ မြင်နိုင်ပြီး ဝေမြို့မြေပုံပေါ်တွင် အနီရောင်အစက်ကလေးများ ပေါ်လာသည်။

သူ စိတ်လှုပ်ရှားစွာဖြင့် အနီရောင်အစက်တစ်ခုကို အာရုံစိုက်လိုက်ရာ...

​ထိုသူမှာ ဝမ်းဗိုက်ကြီးက ကြီးမားနေပြီး လည်ပင်းကတော့ အလွန်ပင် သေးသွယ်နေသည့် အမျိုးသားတစ်ဦး ဖြစ်သည်။

သူသည် ပါးစပ်ထဲသို့ အစားအစာများကို မရပ်မနား ထည့်သွင်းစားသောက်နေသည်။

​ငတ်မွတ်ဝိညာဉ် ဤသည်မှာ အရပ်ပြော ပုံပြင်များတွင် တွေ့ရလေ့ရှိသည့် ငတ်မွတ်ဝိညာဉ်ပင်

​ထိုရှစ်ခွင်မှန် ရှိနေပြီဖြစ်ရာ သူသည် ဝေမြို့ရှိ ယုတ်မာသော အငွေ့အသက်နှင့် အမိုက်မှောင် အရှိန်အဝါ ရှိသည့် နေရာတိုင်းကို စောင့်ကြည့်နိုင်ပြီ ဖြစ်သည်။

အစားစားနေသည့် ငတ်မွတ်ဝိညာဉ်မှာမူ မိမိကိုယ်ကို တာအိုဆရာ လူငယ်လေးတစ်ဦးက စောင့်ကြည့်နေသည်ကို လုံးဝ မသိရှိရှာပေ။

​ကိုယ်ပိုင်အသိစိတ်ရှိသည့် ကုသိုလ်တစ်သိန်းတန် နတ်လက်နက် လေးခုကို ဆက်တိုက် အဆင့်မြှင့်နိုင်ခဲ့သဖြင့် လီယန်ချူမှာ အလွန်ကျေနပ်သွားသည်။

သို့တိုင်အောင် သူ၏ ကိုယ်ပေါ်တွင် ကုသိုလ်မှတ် ၅၄၈,၆၀၀ ကျန်ရှိနေသေးသည်။

​တကယ့်ကိုပင် လူမဆန်အောင် ချမ်းသာလွန်းလှသည်။

​သူသည် ဆက်လက် အဆင့်မြှင့်ခြင်း မပြုတော့ဘဲ ဤနတ်လက်နက် လေးခုနှင့် ရင်းနှီးကျွမ်းဝင်အောင်သာ လေ့ကျင့်နေလိုက်သည်။

အချိန်အတန်ကြာ ဆူညံသံများ မထွက်ပေါ်လာတော့သဖြင့် ဝေမြို့ရှိ ကျင့်ကြံသူများမှာလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။

​ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသလိုပင် သူတို့နှင့် တိုက်ရိုက် မပတ်သက်သော်လည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာသည့် ကောင်းကင်ထူးခြားဖြစ်စဉ်များက သူတို့ကို အတော်လေး ဖိအားပေးနေခဲ့ခြင်း ဖြစ်သည်။

​"နောက်ဆုံးတော့ ပြီးသွားပြီ "

ထိုကျင့်ကြံသူများမှာ ကိစ္စပြီးသွားပြီဟု အတည်ပြုလိုက်သည့်အခါ စိတ်လက်ပေါ့ပါးသွားကြသည်။

သူတို့ ဆုံးဖြတ်လိုက်သည်မှာ... နောက်ကျရင် ဝေမြို့ဆိုတဲ့ နေရာကို ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး သွားစမ်းပါကွာ... ဘယ်သူလာချင်လာ၊ ငါတို့တော့ မလာတော့ဘူး။

​ထိုအချိန်တွင် လီယန်ချူမှာ အခန်းတံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

ဘေးခန်းအတွင်း၌ ပြင်းထန်သော အရှိန်အဝါတစ်ခု လွှမ်းခြုံနေသည်ကို သူ သတိပြုမိသွားသည်။

​"ဟင်"

"ကျွေ့ဟွာ တစ်ယောက် အဆင့်တက်နေတာလား "

​သူ အနည်းငယ် အံ့ဩသွားမိသည်။

စောစောက အပြင်မှာ ထိုမျှအထိ ဆူညံပွက်လောရိုက်နေသော်လည်း ကျွေ့ဟွာတစ်ယောက် ဘာလို့ ရောက်မလာသလဲဟု သူ တွေးနေခဲ့ခြင်း ဖြစ်သည်။

ဒီကောင်မလေးက အဆင့်တက်နေတာကိုး။

​သူ အသာအယာ ပြုံးလိုက်မိသည်။

ကျွေ့ဟွာ၏ ပါရမီမှာလည်း တကယ့်ကို ကြောက်စရာပင်၊ ဗုဒ္ဓဘာသာ ဗောဓိဆေးလုံးကို သုံးစွဲပြီးသည်နှင့် ချက်ချင်းပင် အဆင့်တက်တော့မည် မဟုတ်ပါလား။

​သူသည် ကျန့်ကျောင်းဓားကို ထုတ်ယူကာ အမိန့်ပေးလိုက်သည်။

"မင်း ဒီမှာ စောင့်နေ၊ ဘယ်သူ့ကိုမှ အနားမကပ်စေနဲ့"

​ကျန့်ကျောင်းဓားမှာ ကြည်လင်သော အသံလေးဖြင့် လီယန်ချူကို ပြန်ထူးလိုက်သည်။

​ချလွင်

ရှေးဟောင်းဓားရှည်ကြီးမှာ ဓားအိမ်မှထွက်ကာ ကျွေ့ဟွာ၏ အခန်းရှေ့တွင် ကင်းစောင့်နေတော့သည်။

All Chapters