← Chapters

အခန်း (၃၁၃)

Vol. 32 Ch. 313

အခန်း (၃၁၃)

Vol. 32 Ch. 313

အပိုင်း (၃၁၃)

အစီအစဉ်အားလုံးသည် နေရာတကျဖြစ်နေကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိနေပြီဖြစ်သည်။ သို့သော်လည်း အောင်မြင်မှုသည် လူတို့၏ ကြိုးစားအားထုတ်မှုအပေါ်၌သာ မူတည်ပေသည်။ ကျုံးရှန်သည် သိုသိပ်စွာဖြင့်မထင်မရှားနေခဲ့ပြီး ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း တစ်သန်းအတွင်း သူသည် ချင်ထျန်းတောင်ထိပ်၌တံခါးပိတ်ကျင့်ကြံကာ လက်ရှိအချိန်အတွက် အခြေခံအုတ်မြစ်များကိုသာ တည်ဆောက်ခဲ့ပေသည်။

မျှော်စင်တက်လှမ်းခြင်း တာဝန် ပြီးဆုံးသွားသည့်အချိန်တွင် ကျုံးရှန်အနေဖြင့် လောကအတွင်းသို့ပြန်လည်ထွက်ပေါ်လာကြောင်းကြေညာကာ မဟာကမ္ဘာ၏ အထွတ်အထိပ်သို့ တက်လှမ်းမည် ဖြစ်သည်။ ထိုအချိန်သို့ ရောက်ရှိလာပါက ထိုမဟာကမ္ဘာများအတွင်းရှိ မိစ္ဆာအိုကြီးများအားလုံးသည်ပင်လျှင် သူ၏ လက်အောက်၌ ဒူးထောက် အညံ့ခံကြရပေလိမ့်မည်။

ကျုံးရှန်သည် မဟာကမ္ဘာတစ်ခု၏ အခွင့်အာဏာကိုသာ ရယူရန် ရည်ရွယ်ထားခြင်း မဟုတ်ချေ။ သူသည် နဂါးမဲ့နတ်ဘုရားဘုရင်(ဝူလုံ) ချန်ထားခဲ့သော ထိုးထွင်းသိမြင်မှုအချို့နှင့် သူ၏ ကိုယ်ပိုင် ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်တို့မှ လွတ်မြောက်ခြင်းအဆင့်၏ နက်ရှိုင်းသောလျှို့ဝှက်ချက်တစ်ခုကို သိရှိခဲ့ရလေသည်။

ထိုလျှို့ဝှက်ချက်အရ သာမန် လွတ်မြောက်ခြင်းအဆင့် ကျင့်ကြံသူများအနေဖြင့် ပိုင်ရွှီနယ်မြေ အတွင်း၌ လှည့်လည်သွားလာနိုင်ကြသော်လည်း ထိုနေရာ၏ အားနည်းစေသော သက်ရောက်မှုများကို ခံစားကြရမည်ဖြစ်သည်။ အခြားသော မဟာကမ္ဘာများကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် ထိုသူတို့၏ အစွမ်းဖြင့် မဟာကမ္ဘာတစ်ခု၏ အကာအကွယ်နံရံကို ရိုက်ခွဲနိုင်ရန် အလွန် ခက်ခဲလှပေလိမ့်မည်။

လွတ်မြောက်ခြင်းအဆင့် ဟူသည်မှာ မဟာကမ္ဘာတစ်ခု၏ ကောင်းကင်တာအိုမှ ထိုသူတို့အပေါ် ကန့်သတ်ထားသော စည်းမျဉ်းများ လျော့ကျသွားခြင်းမျှသာ ဖြစ်သည်။

လက်ရှိ ကမ္ဘာများ၏အဆင့်အတန်းတွင် မြေမှုန်ကမ္ဘာ၊ အထပ်ငယ်တစ်ထောင်ကမ္ဘာ၊ အထပ်လတ်တစ်ထောင်ကမ္ဘာ၊ မဟာကမ္ဘာ နှင့် သာမန် သူတော်စင်များဖန်တီးထားသည့်သူတော်စင်ကမ္ဘာတို့ပါဝင်ကြသည်။

မြေမှုန်ကမ္ဘာအတွင်း၌ အခြေခံကျသော ကမ္ဘာ့စည်းမျဉ်းနိယာမများ ရှိနေသော်လည်း ထိုအတွင်း၌ ရှင်သန်သော သက်ရှိများသည် အများဆုံးအနေဖြင့် နိယာမ နယ်ပယ် အဆင့် ၇အထိသာ ရောက်ရှိနိုင်ပေသည်။ ထိုသည်မှာ ကမ္ဘာတစ်ခု၏ အဆင့်အတန်းနှင့် စွမ်းအင်များ၏ ကန့်သတ်ချက်ကြောင့်ပင် ဖြစ်၏။

မြေမှုန်ကမ္ဘာတစ်ခုအတွင်း၌ တည်ရှိသော စွမ်းအင်များသည် များပြားလှခြင်း မရှိပေ။ ယေဘုယျအားဖြင့် မြေမှုန်ကမ္ဘာ တစ်ထောင်ခန့် ပေါင်းစည်းမှသာလျှင် အထပ်ငယ်တစ်ထောင်ကမ္ဘာ တစ်ခုအဖြစ် ဖြစ်တည်နိုင်မည်ဖြစ်သည်။

ရှေးခေတ် သူတော်စင်များနှင့် နတ်ဘုရားများသည် မိမိတို့၏ သူတော်စင်ဘုံ /သူတော်စင်ကမ္ဘာများကို အထပ်ငယ်တစ်ထောင်ကမ္ဘာအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံခဲ့ကြလေသည်။

အထပ်ငယ်တစ်ထောင်ကမ္ဘာ (ကမ္ဘာငယ်)အတွင်း၌မူ သူတော်စင်အဆင့်ရှိ ကျင့်ကြံသူများကိုပင် မွေးထုတ်ပေးသည်။ ထိုကမ္ဘာ၏ ပိုင်ရှင်သည် ကမ္ဘာအတွင်းရှိညသက်ရှိများ၏ သူတော်စင်စွမ်းအားများကို အပြည့်အဝထိန်းချုပ် အသုံးချနိုင်စွမ်းရှိ၏။ သူတော်စင်ကမ္ဘာကို အထပ်ငယ်တစ်ထောင်ကမ္ဘာအဖြစ် ပြောင်းလဲလိုက်ခြင်းဖြင့် ကမ္ဘာ၏ ပိုင်ရှင်သည် များစွာသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။

ထိုအခြေအနေသည် ရှီမင် အုပ်ချုပ်သော ရှီးရွှယ်ငရဲ ကဲ့သို့ မဟုတ်ပေ။ ရှီးရွှယ်ငရဲဘုံသည် အထပ်ငယ်တစ်ထောင်ကမ္ဘာတစ်ခု ဖြစ်သော်လည်း ငရဲမဟာကမ္ဘာကြီးမှ သဘာဝအလျောက် ဖြစ်တည်လာခြင်း ဖြစ်သည်။ ရှီမင်၏ ကိုယ်ပိုင် မိစ္ဆာသူတော်စင်ကမ္ဘာ မဟုတ်ဘဲ သူသည် ထိုငရဲဘုံ၏အုပ်ချုပ်သူအရှင်သခင်အဖြစ် ထိုကမ္ဘာ၏ မူလဇစ်မြစ်စွမ်းအင်အချို့ကို အသုံးချနိုင်သော်လည်း ကိုယ်ပိုင်ကမ္ဘာအဖြစ် ဖန်တီးထားသူကဲ့သို့ အကျိုးကျေးဇူး အပြည့်အဝ မရရှိနိုင်ချေ။

ကျုံးရှန် ဝင်ရောက်ခဲ့သည့် စားဖိုမှူးသူတော်စင်နယ်မြေဖြစ်သော စားဖိုမှူးကမ္ဘာငယ် ဆိုသည်မှာ စားဖိုမှူးသူတော်စင် ချန်ထားခဲ့သော အထပ်ငယ်တစ်ထောင်ကမ္ဘာတစ်ခု ဖြစ်သည်။ ထိုကမ္ဘာအတွင်း၌ အလွန်ကြီးမားသော ကံတရားများ ရှိနေပြီး ကျုံးရှန် ဝင်ရောက်စဉ်အချိန်၌ သူတော်စင်အဆင့် ကျင့်ကြံသူ မြောက်မြားစွာကို အလိုအလျောက် မွေးထုတ်ပေးထားပြီး ဖြစ်လေသည်။ စားဖိုမှူးကမ္ဘာသည် တိုးတက်ရင့်ကျက်ပြီးသော အထပ်ငယ်တစ်ထောင်ကမ္ဘာတစ်ခု၏ သရုပ်သဏ္ဌာန်ပင် ဖြစ်သည်။

စားဖိုမှူးသူတော်စင်သည် ထိုကမ္ဘာ၏ စွမ်းအားများကို အသုံးချလိုက်မည်ဆိုပါက ပြီးပြည့်စုံသည့် အထပ်ငယ်တစ်ထောင်ကမ္ဘာတစ်ခု၏ စွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်ကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

အထပ်လတ်တစ်ထောင်ကမ္ဘာနှင့် ပတ်သက်၍မူ အထပ်လတ်တစ်ထောင်ကမ္ဘာတစ်ခုသည် အထပ်ငယ်တစ်ထောင်ကမ္ဘာ တစ်ထောင်နှင့် ညီမျှလေသည်။ ရှေးဟောင်းသူတော်စင်များနှင့် နတ်ဘုရားများပင်လျှင် ထိုကဲ့သို့သော ကမ္ဘာမျိုးကို ဖန်တီးနိုင်ရန် မဖြစ်နိုင်သလောက် ခဲယဉ်းလှ၏။ ထိုကမ္ဘာမျိုး ဖြစ်တည်လာရန်အတွက် ကြီးမားလှသော အရင်းအမြစ်များနှင့် ကမ္ဘာဦးအဆင့် ရတနာ မြောက်မြားစွာ လိုအပ်ပေသည်။

အထပ်လတ်တစ်ထောင်ကမ္ဘာ (အလယ်အလတ်ကမ္ဘာ) များသည် အများအားဖြင့် မျိုးနွယ်စုတစ်ခုလုံး၏ အရင်းအမြစ်များ သို့မဟုတ် အဖွဲ့အစည်းကြီးတစ်ခုမှ ရတနာများကို နှစ်သန်းပေါင်းများစွာ ပူဇော်ပသမှုများ ပြုလုပ်ခြင်းဖြင့်သာ ဖြစ်တည်လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဟွမ်ရှားလူမျိုးစု၏ဖာရိုနတ်ဘုရားနယ်မြေ နှင့် အက်စဂတ်၏ ကိုးဘုံပင်လယ် တို့ ဖြစ်ကြသည်။ ငရဲမဟာကမ္ဘာအတွင်းရှိ ချောက်နက်ငရဲဘုံ ကဲ့သို့သော နေရာများသည်လည်း အထပ်လတ်တစ်ထောင် ကမ္ဘာများ ဖြစ်ပေသည်။

မဟာကမ္ဘာနှင့် ပတ်သက်၍မူကား တွေးပင် မတွေးဝံ့စရာ ဖြစ်သည်။ လူသားမျိုးနွယ်စု၏ ရှေးဟောင်းနတ်ဘုရား ကျင်းကျိတစ်ယောက် လူသားမျိုးနွယ်စုကို ကာကွယ်ရန်အတွက် ဖန်တီးခဲ့သော ယင်ယန်ဆယ်မျက်နှာလောကမှန်သည်ပင်လျှင် မဟာကမ္ဘာ၏ အရိပ်အယောင် အနည်းငယ်မျှသာ ပါဝင်လေသည်။ ထိုရတနာသည် အထွတ်အထိပ် ရတနာတစ်ခုဖြစ်သော်လည်း အခြေခံအရ အထပ်လတ်တစ်ထောင်ကမ္ဘာအဖြစ်သာ သတ်မှတ်နိုင်သည်။

ပြည့်စုံသော ယင်ယန်ကြေးမှုံမှန်၏ကမ္ဘာအတွင်းရှိ ကမ္ဘာတစ်ခုအတွင်း၌ ရှေးဟောင်းလူသားမျိုးနွယ်စု၏ ရတနာများ ဝှက်ထားသည်ဟု ဆိုကြသည်။

ယခုအခါ ကျုံးရှန်သည် ယင်ယန်ဆယ်မျက်နှာလောကမှန်ချပ်နှစ်ခုကို စုဆောင်းရရှိထားပြီး ဖြစ်၏။ ကျုံးရှန်သည် သူ၏ သူတော်စင်ဘုံကို တည်ဆောက်သည့် အခါ၌ ထိုမှန်ချပ်များနှင့်ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် တို့ကို အဓိက အခြေခံအဖြစ်ပေါင်းစပ်ထည့်သွင်းမည်ဖြစ်သည်။

ထို့နောက် ယင်ယန်ဆယ်မျက်နှာလောကမှန်အားလုံးကို စုစည်းနိုင်ပါက သူ၏ သူတော်စင်ဘုံကို အထပ်လတ်တစ်ထောင်ကမ္ဘာအဖြစ်သို့ တိုက်ရိုက် ရောက်ရှိသွားစေ ပေလိမ့်မည်။

ဒဏ္ဍာရီများအရ မဟာကမ္ဘာများ၏ အထက်တွင် အကန့်အသတ်မဲ့ကမ္ဘာများလည်း ရှိနေသေးသည်ဟု ဆိုကြလေသည်။ ထိုအကန့်အသတ်မဲ့ကမ္ဘာအတွင်း၌ မဟာကမ္ဘာပေါင်း မြောက်မြားစွာတည်ရှိ၏။ ရှေးဟောင်းမှတ်တမ်းများအရ အလယ်ပိုင်းနတ်ဘုရား ကုန်းမြေတိုက်ကြီးသည် အကန့်အသတ်မဲ့ကမ္ဘာ၏ ဗဟိုချက်မှ လွင့်မျောလာခြင်း ဖြစ်သည်။

ကမ္ဘာများ၏အဆင့်အတန်းများထဲတွင် အထပ်ငယ်တစ်ထောင်ကမ္ဘာနှင့် အထပ်လတ်တစ်ထောင်ကမ္ဘာတို့၌ ကောင်းကင်တာအို မရှိကြဘဲ ကမ္ဘာ့မူလဇစ်မြစ်သာ ရှိကြပေသည်။ ထိုကမ္ဘာ့မူလဇစ်မြစ်များသည် အခါအခွင့်ကောင်းနှင့်တိုက်ဆိုင်ပါက ကိုယ်ပိုင်အသိစိတ် နိုးထလာနိုင်၏။ ကျုံးရှန် သိမ်းပိုက်ခဲ့သည့် မူလအစကမ္ဘာသည် ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်သည်။

မဟာကမ္ဘာတွင်မူ ကောင်းကင်တာအိုနှင့် ကမ္ဘာ့မူလဇစ်မြစ်သည် တစ်သားတည်း ဖြစ်ကာ ကမ္ဘာ့မူလဇစ်မြစ်၏ အသိစိတ်သည် ကောင်းကင်တာအို၏ အသိစိတ်ပင် ဖြစ်လေသည်။ ကောင်းကင်တာအိုသည် ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်သော အရှင်သခင်နှင့် တူပေသည်။

ကျုံးရှန်၏ ရည်မှန်းချက်သည် မဟာကမ္ဘာတစ်ခုလုံး၏ ကောင်းကင်တာအိုကို အောင်နိုင်ရန် ဖြစ်သည်။ ပိုင်ရွှီနယ်မြေအတွင်း လှည့်လည်သွားလာနိုင်ရန်အတွက် မဟာကမ္ဘာတစ်ခုကို အခြေခံအဖြစ် အသုံးချကာ အကန့်အသတ်မဲ့ကမ္ဘာအတွင်းရှိ အခြားသောကမ္ဘာများကို ရှာဖွေပြီး လွတ်မြောက်ခြင်းအဆင့်၏ အထက်အဆင့်များသို့ ထပ်မံ တက်လှမ်းမည်။

သူတော်စင်ကမ္ဘာများနှင့် ပတ်သက်သော ထိုဗဟုသုတများသည် ကမ္ဘာပေါ်ရှိ သက်ရှိများ မသိရှိနိုင်သော လျှို့ဝှက်ချက်များ ဖြစ်ကာ မိစ္ဆာနတ်ဘုရား နယ်ပယ် အဆင့် ၃ ကျင့်ကြံသူများပင်လျှင် သိရှိရန် ခဲယဉ်းလှပေသည်။

ကျုံးရှန် သိရှိနေခြင်းမှာလည်း ဝူလုံနတ်ဘုရားဘုရင်၏ အမွေအနှစ် မှတ်ဉာဏ်အချို့ကို ရရှိထားသောကြောင့် ဖြစ်သည်။ ထိုသည်ကပင် သူ၏ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်အတွက် အခြေခံ ဖြစ်လာရ၏။

ကောင်းကင်တာအိုသည် အရာခပ်သိမ်းကို စိုးမိုးထားသကဲ့သို့ သက်ရှိများ၏ တိုးတက်လိုသော စိတ်ဆန္ဒများကိုလည်း ပိတ်ဆို့ထားတတ်ပေသည်။ ကျုံးရှန်သည် မဟာကမ္ဘာမှ ထွက်ခွာလိုပါက သူ၏ ပထမဆုံး ရန်သူသည် ကောင်းကင်တာအိုပင် ဖြစ်သည်။

မဟာကမ္ဘာသည် သူ၏ အကန့်အသတ် မဟုတ်ချေ။ သူသည် ကောင်းကင်ကို ရန်သူအဖြစ် သတ်မှတ်ကာ စစ်ခင်းမည့်သူ ဖြစ်သည်။

နှစ်ပေါင်း တစ်သန်းကျော် ကျင့်ကြံလာခဲ့ပြီးနောက်တွင် ကျုံးရှန်သည် အရေးကြီးသော ပြဿနာတစ်ခုကို သတိပြုမိလာခဲ့သည်။ ထိုသည်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် သာမန်မဟာကမ္ဘာတစ်ခု မဟုတ်ဘဲ ကမ္ဘာအသီးသီး၏ လမ်းကြောင်းများ ဆုံရာနေရာတစ်ခု ဖြစ်နေနိုင်ကြောင်းပင်ဖြစ်သည်။ ထို့ကြောင့်သာ သူကဲ့သို့ကမ္ဘာကူးပြောင်းလာသူများ ပေါ်ထွက်လာခြင်း ဖြစ်နိုင်ပေသည်။

ကျုံးရှန် သိရှိခဲ့သော ကမ္ဘာကူး ပြောင်းလာကြသူများအနက် အာမန်ရာ ရရှိထားသော စွမ်းအားသည် လက်ခံသူ၏စွမ်းဆောင်ရည်ကို အဆပေါင်း တစ်သောင်း တိုးမြှင့်ပေးနိုင်သောဆုလာဘ် ဖြစ်ပြီး ဖာဟိုင် ရရှိထားသည့် ဆုလာဘ်သည် ကမ္ဘာများအကြားကူးပြောင်းသွားလာနိုင်ခြင်း ဖြစ်သည်။

ကျုံးရှန် ရရှိထားသောဆုလာဘ်သည် ရိုးရှင်းသည့် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်သာဖြစ်ပေသည်။

ကမ္ဘာကူးပြောင်းလာသူအားလုံးသည် မဟာကမ္ဘာ၏ အဆင့်အတန်းကို ကျော်လွန်သော ထူးခြားချက်များကို ပိုင်ဆိုင်ထားကြသည်။ ဥပမာအားဖြင့်ကျုံးရှန်၏စနစ် သည် အလွန်စွမ်းအားကြီးသော ရတနာတစ်ခု ဖြစ်ကာ လူသားတို့ ခန့်မှန်း၍ မရနိုင်လောက်အောင် မြင့်မားလှသည်။

စနစ်မှ ပေးအပ်သော ဆုလာဘ်များ၊ သက်တမ်းများနှင့် စွမ်းအားများသည် စနစ်ကိုယ်တိုင်အတွက်မူ နွားတစ်ကောင်မှ အမွေးတစ်ပင်စာမျှပင် ရှိမည် မဟုတ်ပေ။

ကျုံးရှန်သည် စနစ်နှင့် ပတ်သက်၍ နားလည်မှုအချို့ရှိလာခဲ့သည်ဖြစ်သဖြင့်စနစ်သည် ကောင်းကင်အရှင် အဆင့်ထက်ပင် မြင့်မားသော ရတနာတစ်ခု ဖြစ်ရမည်ဟုယူဆထားလေသည်။

All Chapters