← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

🫧 Chapter 53

"ပထမတန်းစား ဝိညာဉ်တမန်တော်တွေတောင် ထွက်လာတာလား ဒုတိယတန်းစားတွေလည်း ဒီလောက်အများကြီးပဲ"

ဝိညာဉ်တမန်တော်များ၏ အရှိန်အဝါကို ခံစားလိုက်ရသည့် ခဏမှာပင်... အသေအချာ ပြင်ဆင်ပြင်ဆင်လာကြသော ဝိညာဉ်တစ်သိုက်မှာ မှင်တက်သွားကြတော့သည်။

သူတို့ထဲမှ အချို့မှာ မျက်တွင်းထဲတွင် မျက်လုံးအိမ်ကြီးနှစ်ခုကို ချိတ်ဆွဲထားပြီး မျက်နှာတစ်ခုလုံးတွင်လည်း ဒဏ်ရာ ဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။

အချို့ကမူ သူတို့၏မျက်နှာကို ၈၂ ခုနှစ်ထုတ် သွေးစွန်းဝတ်စုံကြီးနှင့် လဲလှယ်ထားပြီး ဆံပင်ရှည်ကြီးများကို ဖားလျားချထားသည်။

အချို့ကလည်း မိမိတို့၏ ဦးခေါင်းကို ဖြုတ်ကာ လက်ထဲတွင် ပိုက်ထားပြီး လမ်းကြားလေးတစ်ခုထဲသို့ တိုးဝင်ရန် ပြင်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုလမ်းကြားထဲတွင် ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသော လူငယ်တစ်ဦးရှိနေပြီး ဖုန်းမျက်နှာ ပြင်မှ အလင်းရောင်မှိန်မှိန်လေးထွက်ပေါ်နေသောကြောင့် ဖြစ်သည်။ သူတို့မှာ ထိုလူငယ်၏ 'အသည်းယားအောင်' လုပ်ပစ်ရန် အားခဲထားကြခြင်းဖြစ်သည်။

'ဒါပေမဲ့'

'ဘာလို့လဲ'

'ဘာလို့ ဝိညာဉ်တမန်တော်တွေက ဒီလောက်တောင် များနေရတာလဲ'

'ဒါက သူတို့ ကြားဖူးထားတာနဲ့ လုံးဝ မတူဘူးလေ'

'ငရဲပြည်မှာတုန်းက စီနီယာတွေ ပြောခဲ့တာက... ငရဲပြည်မှာပဲ ငြိမ်ငြိမ်နေ၊ အပြင်ရောက်သွားရင်တော့ စိတ်ကြိုက်ကဲလို့ရတယ် ဆိုတာပဲ မဟုတ်ဘူးလား'

' တစ္ဆေပွဲတော်နေ့မှာ နယ်မြေတစ်ခုကို ဒုတိယတန်းစား ဝိညာဉ်တမန်တော် နှစ်ယောက်၊ သုံးယောက်နဲ့ တတိယတန်းစား အနည်းငယ်လောက်ပဲ လာတတ်တာဆို..'

' အဲ့ဒီတမန်တော်တွေကလည်း ဟန်ပြသက်သက်ပဲ ထွက်လာတာ၊ တကယ်တမ်းဆို သူတို့လည်း အကုန်လုံးကို မနိုင်ဘူးလို့ ပြောခဲ့ကြတာလေ'

'ဒါကြောင့် သူတို့က ယုံကြည်ပြီးထွက်လာခဲ့ကြတာ'

'ဒါပေမဲ့ အခုတော့'

'ဒါက ပထမတန်းစား တမန်တော်တွေတောင် ပါလာတာပဲဒုတိယတန်းစားတွေလည်း အများကြီးပဲ'

'လမ်းမပေါ်က ဧရာမစစ်ကြောင်းကြီးကို ကြည့်ဦး'

' ကောင်းကင်ယံမှာ လွှမ်းခြုံထားတဲ့ ယင်ချီတွေက လူကိုတောင် ဖိသတ်တော့မယ့်အတိုင်းပဲ'

'ဒါကို ဟန်ပြသက်သက်လို့ ခေါ်တာလား'

'ဒါကို မနိုင်ဘူးလို့ ခေါ်တာလား'

'လက်ကလေး တစ်ချက်လှုပ်လိုက်ရုံနဲ့တင် သူတို့တွေ အမှုန့်ဖြစ်သွားနိုင်တာ'

'အမှုန့်ဖြစ်သွားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ'

'နောက်တစ်ကြိမ် ထပ်သေရပြီး ဝိညာဉ်ပါချုပ်ငြိမ်းသွားမှာ'

'နောက်ဆို ဘယ်တော့မှ ထပ်ပြီး 'ကဲ' လို့ ရတော့မှာ မဟုတ်ဘူး'

"..."

ဝိညာဉ်အုပ်စုကြီးမှာ ဝိညာဉ်တမန်တော်များကို တစ်လှည့်၊ သူတို့ စိတ်ကူးယဉ်ထားသည့် စည်ကားလှသော လမ်းမများကို တစ်လှည့်ကြည့်ရင်း... ရုတ်တရက် ဝိညာဉ်ဘဝကို သံသယဝင်လာကြတော့သည်။

' ဘယ်သူကများ တစ္ဆေပွဲတော်ဟာ ဝိညာဉ်တွေအတွက် အလွတ်လပ်ဆုံးနဲ့ အပျော်ဆုံးနေ့လို့ ပြောခဲ့တာလဲ'

[ဟားဟား... ဒီအချိန်မှာ အဲ့ဒီဝိညာဉ်တွေကို အင်တာဗျူးကြည့်ချင်လိုက်တာ]

[အပေါ်ကလူ ပြောတာ မှန်တယ်၊ ငါဆို အင်တာဗျူးမယ့် မေးခွန်းတွေတောင် အဆင်သင့်ပဲ]

[မျက်နှာပြောင်းတာ စာအုပ်လှန်တာထက်တောင် မြန်သေးတယ်၊ ငါကတော့ ပုံမှန်ဆို မရယ်တတ်ပါဘူး ဟားဟားဟား...]

[အခုလေးတင် ငါ့အမေ အိမ်သာထသွားရင်း ငါ ကုတင်ပေါ်မှာ တဟားဟားနဲ့ ရယ်နေတာကြည့်ပြီး လန့်သွားတယ်၊ ငါ ပြန်လှည့်ကြည့်တော့လည်း ငါပါ လန့်သွားတာပဲ...]

[ရုတ်တရက်ကြီး လုံခြုံသွားသလိုပဲ၊ ဝိညာဉ်တမန်တော်တွေ တက်ကြဟေ့]

[ရုတ်တရက်ကြီး ငါကတော့ တက်ကြွလာပြန်ပြီ]

ကောင်းကင်ယံမှာ ရုတ်တရက် ဘရိတ်အုပ်လိုက်သလို ရပ်တန့်သွားပြီး ဝိညာဉ်ဘဝကို သံသယဝင်နေသော ဝိညာဉ်များကို ကြည့်ကာ Live Room ထဲက လူတွေမှာတော့ ရယ်မောမဆုံး ဖြစ်နေကြသည်။

လွန်ခဲ့တဲ့ တစ်မိနစ်ကတင် ဒီရူးသွပ်နေတဲ့ ဝိညာဉ်တွေကို ကြည့်ပြီး လည်ပင်းတွေ အေးစိမ့်ကာ အိမ်ထဲမှာ တစ်ယောက် ယောက် ရှိနေသလိုလို ခံစားနေရသော်လည်း၊ အခုတော့ တုန်တုန်ရင်ရင် ဖြစ်နေတဲ့ ဝိညာဉ်တွေကို မြင်ရသည့်အခါ... ချက်ချင်း စိတ်အေးသွားကြတော့သည်။

[လာလေ... ကဲကြစို့ ခဲခဲယဉ်းယဉ်းရလာတဲ့ တစ္ဆေပွဲတော်ကြီးပဲဟာ! မြန်မြန်လေး ကဲကြဦးလေ]

[ဟားဟား... အကုန်လုံး ကကြစို့]

[ငါ အားလပ်ရက်ရတိုင်း ငါ့အဖေ ဘာလို့ အမြဲအချိန်ပိုဆင်းနေရလဲဆိုတာ အခုမှ သိတော့တယ်]

[ဟုတ်ပ၊ ငါ့အစ်ကိုလည်း အဲ့လိုပဲ၊ အားလပ်ရက်ဆို ခွေးလိုပဲ အလုပ်ရှုပ်နေတာ]

[ငါ့ဝိညာဉ်အစ်ကိုကြီးတွေကတော့ လူကြမ်းကြီးတွေပဲ၊ စကားသိပ်မပြောဘူး]

[အခု ငါအိမ်မှာ တစ်ယောက်တည်းပဲ၊ ဘာမှမကြောက်တော့ဘူး၊ ကတောင် ကချင်လာပြီ ]

ဝိညာဉ်တမန်တော်များ၏ အရှိန်အဝါများ ထွက်ပေါ်လာသည့် ခဏမှာပင် မြို့ပြတစ်ခုလုံး စည်းချက်ကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။

ကျန်သည့်အရာကတော့ ဆက်လက်ကင်းလှည့်ရင်း လွတ်သွားသည့် ဝိညာဉ်များ ရှိ၊ မရှိ ရှာဖွေရန်သာဖြစ်သည်။

'ငရဲမင်းကြီးက ပြောထားပြီးသား၊ ဒီနေ့က ထူးခြားတဲ့နေ့မို့လို့ လက်ရဲဇာတ်ရဲ လုပ်လို့ရတယ်တဲ့'

'စည်းကမ်းမဲ့ပြီး စိတ်လွတ်ကိုယ်လွတ် ကဲနေတဲ့ကောင်တွေကိုတွေ့ရင် ဆာလာအိတ်နဲ့သာ ထည့်ဖမ်းခဲ့ပေတော့'

ပုံမှန်ဆို ဝိညာဉ်တွေရဲ့ ပြဿနာပေါင်းစုံကို ဖြေရှင်းနေရလို့ ငြီးငွေ့နေတဲ့ ဝိညာဉ်တမန်တော်တွေမှာတော့ တစ်ယောက်ချင်းစီ လက်သီးလက်မောင်း တန်းနေကြသည်။

သူတို့၏ဖြူဖျော့ပြီး အေးစိမ့်သော မျက်နှာများပေါ်တွင် ထူးဆန်းသော အပြုံးများပင်ပေါ်လာကြ၏။

ဝိညာဉ်အငွေ့အသက်များ တရိပ်ရိပ် တက်လာသည့်အတွက် အနီးနားက ဝိညာဉ်များမှာတုန်လှုပ်သွားကြသည်။

သေခြင်းတရားရနံ‌ ကြောင့် ဝိညာဉ်များ၏ တုန်လှုပ်မှုမှာ ဦးနှောက်ထဲအထိ ရောက်ရှိသွားသည်။

"မြန်မြန်ပြေး မြန်မြန်ပြေး ဝိညာဉ်တမန်တော်တွေ ဒေါသထွက်နေပြီ"

ဝိညာဉ်အချို့မှာ သူတို့၏အပေါင်းအဖော်များကို အတင်းတိုက်တွန်းကာ ထွက်ပြေးရန် ပြင်ကြတော့သည်။

"မလောပါနဲ့ဦး၊ ငါ ဒါလေး နည်းနည်းလောက် စားပြီးမှပေါ့"

"စားနေဦးမှာလား ခဏနေရင် ဘယ်လိုသေသွားမလဲတောင် သိမှာမဟုတ်ဘူး"

"ဟာ... အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား"

"ငါ အရင်က တစ္ဆေပွဲတော်အကြောင်း ကြားဖူးတယ်..."

ဝိညာဉ်တစ်ဦးက ဝိညာဉ်တမန်တော်များရှိရာ လမ်းမမှ ဝေးရာသို့ ပြေးရင်း သူငယ်ချင်းကို ရှင်းပြနေသည်။

"ကြားတာတော့ တစ္ဆေပွဲတော်နေ့က ငရဲပြည်သားတွေအတွက် လွတ်လပ်ခွင့်နေ့တင် မဟုတ်ဘူး..."

သူက လည်ချောင်းကို ရှင်းလိုက်ပြီး "ဝိညာဉ်တမန်တော်တွေရဲ့ ဒေါသထွက်ပေါက် ရှာတဲ့နေ့လည်း ဖြစ်တယ်တဲ့"

သူငယ်ချင်းဖြစ်သူက နားမလည်စွာမေးသည်။

"မဟုတ်သေးပါဘူး၊ ပုံမှန်ဆို ဝိညာဉ်တမန်တော်တွေက တော်တော်လေး သဘောကောင်းကြတာ မဟုတ်ဘူးလား"

"အဲ့ဒါ ပုံမှန်မို့လို့လေ ဝိညာဉ်တွေက ဒီလောက်ကဲနေကြတာ၊ သူတို့တွေ ဘယ်လောက်တောင် အောင့်ထားရမလဲ စဉ်းစားကြည့်ဦး၊ ဒီနေ့ကိုပဲ စောင့်နေကြတာ"

"ဟာ... သွားပြီ"

သူငယ်ချင်းဖြစ်သူမှာ လန့်သွားပြီး အရှိန်ကိုမြှင့်ကာ ရှေ့သို့ ခပ်ဝေးဝေး လွင့်ပျံသွားတော့သည်။

"အသက်ရှင်ချင်ရင် မြန်မြန်ပြေးကြဟေ့"

"ငါ့ကို စောင့်ဦးလေ ခုနကတော့ ဒီလောက်မြန်မြန် မပြေးနိုင်ပါဘူး"

တစ်ခဏချင်းအတွင်း ဝိညာဉ်များမှာ ဝိညာဉ်တမန်တော်များ၏ မျက်စိထဲသို့ မဝင်မိစေရန် လေးဘက်လေးလံ ထွက်ပြေးနေကြတော့သည်။

...

ဝိညာဉ်အသစ်လေးများမှာ ဝိညာဉ်ဘဝကို သံသယဝင်ကာ ထွက်ပြေးနေကြသော်လည်း... အတွေ့အကြုံရှိသော ဝိညာဉ်စီနီယာကြီးများမှာမူ ငရဲတံခါး ပွင့်ကတည်းက ချက်ချင်း ပုန်းအောင်းလိုက်ကြပြီဖြစ်သည်။

ဝိညာဉ်အသစ်လေးများ မှင်တက်နေကြခြင်း သို့မဟုတ် အကန်ခံရပြီး ဆာလာအိတ်ထဲ အထည့်ခံရခြင်းများကိုကြည့်ကာ စီနီယာကြီးများမှာ အမှောင်ထဲတွင် ခိုးရယ်နေကြသည်။

'အရင်တုန်းကလည်း သူတို့တွေ ဒီလိုအရိုက်ခံပြီး မေ့လဲသွားခဲ့ရတာ မဟုတ်လား'

'နောင်နှစ်ဆိုရင်တော့ ဒီနည်းလမ်းတွေက သုံးစားလို့ရတော့မှာ မဟုတ်ဘူး၊ ဝိညာဉ်အသစ်တွေကိုပဲ ထပ်ပြီး ဟာသလုပ်ရတော့မယ်'

ပွဲကြည့်ပြီးနောက်တွင် ထိုစီနီယာကြီးများမှာ အကျွမ်းတဝင်ရှိသော နေရာဟောင်းများသို့ အပြေးအလွှားသွားကြတော့ သည်။

အကောင်းစား စားသောက်ကြမည်၊ လူဟောင်းများကို သွားကြည့်မည်၊ သို့မဟုတ် လမ်းလျှောက်ရင်း ချောချောလှလှလေးတွေကို ကြည့်မည်... ဘယ်လောက်တောင် ဇိမ်ရှိလိုက်သလဲ။

...

"ဝမ်ပေါင်ကျဲ က မုန့်တွေ၊ ထုံနန်လမ်းက ဘဲကင်၊ ပေါက်စီ..."

အေးစိမ့်သော အရောင်များဖြင့် ဆင်ယင်ထားသည့် ဥရောပစတိုင် ဗီလာလေးတစ်ခုအတွင်း မီးစာလေးမှာ တုန်ရီနေကာ အခန်းထဲတွင်လည်း အမွှေးတိုင်နံ့များ ပျံ့လွင့်နေ၏။

ကျန်းချန် သည် ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး ဘေးတွင် အနီရောင်ဖုန်းတစ်လုံး ရှိသည်။

သူ၏ရှေ့ရှိ စားပွဲပေါ်တွင် ဘဲကင်၊ ဝက်ပေါင်ခြောက်၊ သစ်သီးယိုများ၊ ဝက်သားခြောက်... စသည့် အစားအစာမျိုးစုံကို ပန်းကန်များဖြင့် အလှဆင်ကာ ခင်းကျင်းထားသည်။

လေအဝှေ့တွင် မီးအိမ်လေးမှာ လှုပ်ခါသွားပြီး မျှော်လင့်ချက်အပြည့် ရှိနေသော ကျန်းချန်၏မျက်နှာကို ထင်ဟပ်နေသည်။

"အဘိုးက လာပါ့မလား"

"ဒါတွေကို မြင်ရင် သူ ပျော်ပါ့မလား"

'သူ ပျော်သွားရင် ငါ့ကို ပညာတွေ ထပ်သင်ပေးဦးမလား'

ကျန်းချန်က ဖုန်းကို ထုတ်ကြည့်လိုက်၊ ပြန်သိမ်းလိုက်နှင့် အလုပ်ရှုပ်နေသည်။

နှစ်မိနစ်ပင် မကြာမီမှာပင် ဖုန်းကို ထပ်မံဖွင့်ကြည့်ပြန်သည်။

"အဘိုး Live Room ထဲမှာ ရှိနေမလား ကြည့်ဦးမှ"

ကျန်းချန်သည် Live Room ထဲသို့ ထပ်မံ ဝင်လိုက်သည်။

သန်းခေါင်ယံ ၁၂ နာရီ မတိုင်ခင်ကတည်းက သူ ဝင်ထားခြင်း ဖြစ်သည်။

သို့သော် ၁၂ နာရီ ထိုးခါနီးတွင် အစားအသောက်များ ပြင်ဆင်နေရသဖြင့် အလုပ်ရှုပ်နေခဲ့ခြင်း ဖြစ်သည်။

အခု အဘိုး ဘာလုပ်နေမလဲ မသိဘူး...

ကျန်းချန် ခေါင်းငုံ့လိုက်သည့် အခိုက်အတန့်မှာပင် လေထဲတွင် ဝဲပျံနေသော အဘိုးဖြစ်သူမှာ ဆင်းသက်လာသည်။

ရှေ့ရှိ အစားအစာများကို ကြည့်ကာ လက်ကို ပွတ်လိုက်ပြီး... မီးခိုးရောင် အိတ်ကြီးတစ်အိတ်ကို ထုတ်လိုက်သည်။

ပန်းကန်ထဲက အစားအစာများကို အိတ်ထဲသို့ အမြန်သွန်ထည့်ရင်း သူကလည်း မအောင့်နိုင်ဘဲ ကြက်ပေါင်တစ်ချောင်းကို ဆွဲဖြုတ်ကာ စားလိုက်သည်။

ထိုဘိုးဘေးကြီး၏ ပါးစပ်တစ်ခုလုံးမှာ ဆီများဖြင့် ဝင်းလက်နေ၏။

အစားအစာအားလုံး သိမ်းပြီးနောက်တွင် အခန်းထဲက အမွှေးတိုင်နံ့ကို တစ်ချက် ရှူရှိုက်လိုက်သည်။

နောက်ဆုံးတွင် ဖုန်းထဲမှာ သူ့ကို လိုက်ရှာနေသော ကျန်းချန်ကို တစ်ချက်ကြည့်လိုက်ကာ... ဟီးခနဲ ရယ်ပြီး တံခါးပြင်သို့ လစ်ထွက်သွားတော့သည်။

"ဒီလောက်လေးနဲ့ ငါ့ဆီက ပညာထပ်ယူချင်နေတာလား မရဘူးဟေ့"

'ကျန်းချန်ဆိုတဲ့ ကောင်လေး ဘာတွေးနေလဲဆိုတာ သူ မသိဘဲ နေမလား'

' ဒီကောင်လေး လေတစ်ချက်လည်တာနဲ့တင် သူ့ဦးနှောက်ထဲ ဘာရှိလဲ သူ သိပြီးသား'

'တစ္ဆေပွဲတော်က တစ်နှစ်မှာ တစ်ရက်တည်းရှိတာ'

' သူ စားမယ် သောက်မယ် ပျော်ပါးမယ်ဆိုတာတောင် အချိန်မလောက်ဘူး'

'ပညာသင်ပေးဖို့တဲ့လား အိပ်မက်ပဲ မက်နေလိုက်'

🫧 Chapter 54

ဥရောပစတိုင် ဗီလာလေးအတွင်း

ကျန်းချန် မှာခေါင်းကို ကုပ်လိုက်ရင်းတွေးတေယနေဆဲပင်

"အဘိုးက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"

သူသည် ဖုန်းထဲမှ Live Room ကို တစ်လှည့်၊ ရှေ့ရှိ အစား အစာများကို တစ်လှည့် ကြည့်နေမိသည်။

Live ထဲတွင်လည်း သူ၏အဘိုး ပေါ်မလာသေးပေ။

သန်းခေါင်ယံ ၁၂ နာရီ ကျော်ပြီး တစ်နာရီခွဲခန့် ရှိနေပြီဖြစ်သည်။

အဘိုးက မလာတော့တာလား...

သူ နှာခေါင်းကို ရှုံ့ကြည့်လိုက်သော်လည်း အမွှေးတိုင်နံ့ ခပ်ပါးပါးနှင့် အစားအသောက်နံ့ကိုသာ ရနေသည်။

ဝက်ပေါင်ခြံပန်းကန်ပေါ် လက်တင်ကြည့်လိုက်ရာ အကုန်လုံး အေးစက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

ပူပူနွေးနွေးတုန်းကလောက် မမွှေးတော့ပေ။

"နွှေးလိုက်ရမလား"

ကျန်းချန်သည် တစ်စက္ကန့်မျှ စဉ်းစားပြီးနောက် ထိုအကြံကို လက်လျှော့လိုက်သည်။

သူ့ ဟင်းချက်စွမ်းရည်နှင့်ဆိုလျှင်... အစားအသောက်နွှေးရုံတင်မကဘဲ မီးဖိုချောင်ပါ ပေါက်ကွဲသွားနိုင်သည်။

အေးနေသည်ကက တူးနေသည်ထက်တော့ ပိုကောင်းပါသေးသည်။

'ကလောက်... ကလောက်...'

ဧည့်ခန်းရှိ နာရီမှာ အေးအေးဆေးဆေးပင် သွားနေသည်။

ကျန်းရှန်မှာ စောင့်ရသည်မှာ ပျင်းလာသဖြင့် ဒင်္ဂါးပြားများကို ထုတ်ကာ လေ့ကျင့်နေမိသည်။

လေ့ကျင့်ရင်းနှင့် 'ဂွီ... ဂွီ...'

သူ အချိန်ကို ကြည့်လိုက်ရာ မနက် ၅ နာရီ ထိုးတော့မည်။

အဘိုးကတော့ အခုထိ ရောက်မလာသေး။

အမှန်တော့ ခုနက သူ အဘိုးလာမလာ၊ ဘယ်အချိန်လာမလဲဆိုသည်ကို တွက်ချက်ကြည့်ခဲ့သေးသည်။

သို့သော်လည်း ဘယ်လိုပင် တွက်တွက် ဝေဝါးနေသော နိမိတ်တစ်ခုကိုသာ မြင်နေရသည်။

'တစ္ဆေပွဲတော်'

ဤစကားလုံးနှစ်လုံးမှလွဲ၍ ဘာမှ ရှာမတွေ့ပေ။ ကျန်းရှန်ကတော့ ဤအချက်ကို သူ၏ ပညာမပြည့်စုံသေးခြင်းကြောင့်ဟုသာ မှတ်ယူလိုက်သည်။

'ဂွီ... ဂွီ...'

ဗိုက်ထဲက မြည်သံမှာ တစ်ချက်ထက်တစ်ချက် ပိုကျယ်လာသည်။

ကျန်းချန် ဒင်္ဂါးပြားများကို သိမ်းကာ မတ်တပ်ရပ်၍ ပျင်းကြောဆန့်လိုက်ပြီး အခန်းထဲတွင် ဟိုဟိုဒီဒီလမ်းလျှောက်ရင်း စားပွဲကို ကြည့်လိုက်သည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် အကြည့်များက စားပွဲပေါ်သို့ ပြန်ကျလာပြန်သည်။

"အဘိုး... ဒီဟင်းတွေက အေးကုန်ပြီ၊ အရသာလည်း မရှိတော့လောက်ဘူး..."

သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် "ကျွန်တော် အဘိုးအတွက် အရသာ မြည်းပေးပါ့မယ်၊ အဘိုးလည်း အပြင်မှာ အကြာကြီး မဆော့နဲ့ဦးနော်"

ပြောပြောဆိုဆိုနှင့် စားပွဲနားသို့ ကပ်သွားကာ ဘဲကင်ထဲမှ ဘဲပေါင်တစ်ချောင်းကို ဆွဲဖြုတ်လိုက်သည်။

အရသာ မြည်းကြည့်လိုက်ရာ

"ဖွှီးး "

ဝါးလိုက်သည်နှင့် ကျန်းချန် မအောင့်နိုင်ဘဲ ပြန်ထွေးထုတ်လိုက်ရသည်။

"ဝေါ့ ထွီး"

သူ မျက်လုံးပြူးကာ လက်ထဲက ဘဲပေါင်ကို မယုံနိုင်လောက်အောင် ကြည့်နေမိသည်။

'ဒီဘဲပေါင်က ဘာလို့ အမွှေးတိုင်ပြာနံ့ ထွက်နေရတာလဲ'

'ပစ္စည်းအတုများ ဝယ်မိတာလား'

"မဖြစ်နိုင်တာ၊ ငါ နာမည်ကြီးဆိုင်မှာ သွားဝယ်တာပဲဟာ..."

သူ မျက်မှောင်ကြုတ်ကာ ဝက်ပေါင်ကိုပါ မြည်းကြည့်လိုက်ပြန်သည်။

"ဖွတ်"

"အဟွတ်... အဟွတ် အဟွတ်"

ကျန်းချန် ပါးစပ်ကို ပိတ်ကာ ချောင်းဆိုးတော့သည်။

ရေနှစ်ဖန်ခွက်လောက် သောက်လိုက်မှ လျှာက ပြန်ကောင်းသွား၏။

အကုန်လုံး အမွှေးတိုင်ပြာနံ့တွေချည်းပင်။ ထို့ကြောင့် သည်တစ်ခါတော့ သူ ထပ်မမြည်းရဲတော့ပေ။

ကျန်းချန် မီးဖွင့်လိုက်ပြီး လက်ထဲက အကိုက်ခံထားရသော အသားကို သေချာ စစ်ဆေးကြည့်သည်။

အသားမျှင်လေးတွေကိုပါ ဖဲ့ကြည့်လိုက်ရာ

"ကြည့်ရတာ အရင်ကအတိုင်းပဲဥစ္စာ"

ကျန်းချန် နားမလည်နိုင်တော့‌ပေ။

ထူးခြားသည်ဆို၍ အေးသွားသည့်အတွက် အသားအရောင်က သိပ်မတောက်တော့တာပဲ ရှိသည်။

' ဒါပေမဲ့ အစားအသောက်က အကြောင်းမဲ့ အရသာပြောင်းသွားစရာ အကြောင်းမရှိဘူးလေ'

တစ်ခုတည်းဆိုလျှင် ဆိုင်ကို သွားပြောလို့ရသော်လည်း စားပွဲပေါ်က အကုန်လုံး အရသာပြောင်းနေခြင်း ဖြစ်သည်။

"ဒါက ယုတ္တိမရှိဘူး..."

နေဦး...

ကျန်းရှန်၏ ဦးနှောက်ထဲတွင် တစ်ခုခုကို လက်ခနဲ သတိရသွားသည်။

ထို့နောက် သူ ကစားပွဲပေါ်က အစားအသောက်တွေကို အမြန်လှည့်ကြည့်လိုက်ကာ ရုတ်တရက် တစ်ခုခုကို သတိပြုမိသွား၏။

'အဘိုးက... ခိုးပြီး လာသွားတာလား'

...

ကျန်းရှန်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေချိန်တွင်... အခြား တစ်ဖက်ရှိ Anime ပိုစတာများ ကပ်ထားသော အခန်းလေးထဲတွင်လည်း စားပွဲပေါ်၌ ဖယောင်းတိုင်နှင့် အမွှေးတိုင်များ ပူဇော်ထားသည်။

ချူးဟောက်မင်သည် စားပွဲတွင် ထိုင်ကာ လက်ထဲမှ ကော်ပတ်စက္ကူဖြင့် သစ်သားရုပ်ထုလေးတစ်ခုကို အာရုံစိုက်ကာ ရုပ်ထုထုနေသည်။

ထိုရုပ်ထုမှာ Anime ဇာတ်ကောင်လေးတစ်ခုဖြစ်ပြီး ဆံပင်တိုတို၊ Maid ဝတ်စုံလေးနှင့် ဖြစ်သည်။

ကိုယ်ကို အနည်းငယ်ကိုင်းထားကာ ပါးလေးကို ဖောင်းထားပြီး မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ရှေ့ကို ကြည့်နေသည်မှာ ချွဲနွဲ့နေသည့်အတိုင်း အလွန်ချစ်ဖို့ကောင်းလှသည်။

သစ်သားရုပ်ထု၏ အသေးစိတ်အချက်အလက်များကိုလည်း သေသေသပ်သပ် ပြုလုပ်ထားသဖြင့် ခေါင်းပေါ်က ဆံပင်စည်းကွင်းလေး၏ အစင်းကြောင်းများကိုပင် ရှင်းရှင်းလင်း လင်း မြင်ရသည်။

တိုက်စားဖန်များလာသောအခါ လက်ထဲမှ ရုပ်ထုလေးမှာ ပိုချောမွေ့ပြောင်လက်လာသည်။

နောက်ဆုံးတွင် ချူးဟောက်မင် သက်ပြင်းတစ်ချက်ချကာ ပခုံးများကို လျှော့ချလိုက်၏။

"နောက်ဆုံးတော့ ပြီးပြီ"

သူသည် လက်ထဲမှ အရင်ကထက် ပို၍ ပြီးပြည့်စုံသော 'Rem' ၏ ရုပ်ထုလေးကို ကြည့်ကာ ဂုဏ်ယူစိတ်များ ဖြစ်ပေါ်နေသည်။

ဟုတ်သည်၊ သူသည် အရင်က ဘိုးဘွားအားလုံးကို လျှောက်ကိုးကွယ်ရင်း သစ်သားပညာ ကျွမ်းကျင်သော အဘိုးတစ်ဦးကို ရှာတွေ့ခဲ့သူပင် ဖြစ်သည်။

Otaku တစ်ဦးအတွက် မိမိ၏ 'ဇနီးသည်' ကို ကိုယ်တိုင် ထွင်းထုနိုင်ခြင်းမှာ ဘဝ၏ သုံးပုံတစ်ပုံ ပြည့်စုံသွားခြင်းပင်။

ဤပညာမှာ သူနှင့် အလွန်ကိုက်ညီလှသည်။

ချူဟောက်မင်းသည် Rem ရုပ်ထုလေးကို စားပွဲအလယ်တွင် ဂရုတစိုက် တင်လိုက်သည်။

"အဘိုး... ဘယ်လိုနေလဲ ကြည့်ပေးပါဦး"

တစ္ဆေပွဲတော်နေ့တွင် အဘိုးအဘွားများ ထွက်လာတတ်သည်ဟု ဖိုရမ် ထဲမှာ ကြားဖူးသဖြင့် သူ ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။

ဒီရက်ပိုင်း သူ အများကြီး တိုးတက်လာသည်ကို အဘိုးကို ပြချင်နေသည်။

သို့သော်လည်း... ရုပ်ထုလေး တင်လိုက်ရုံရှိသေး ဘယ်ကလာမှန်းမသိသော လေပြင်းတစ်ချက် တိုက်ခတ်လာသည်။

'ဖောက်'

ရုပ်ထုလေး လဲကျသွား၏။

ချူးဟောက်မင် လန့်သွားပြီး Rem လေးကို အမြန် ပြန်ထူပေးလိုက်ရကာ တစ်ခုခု ပျက်စီးသွားသလားဟုလည်း သေချာကြည့်ရသေးသည်။

မပျက်စီးမှန်း သေချာတော့မှ သက်ပြင်းချနိုင်ပြီး အနီးနားက ပြတင်းပေါက်တွေကို အမြန်လိုက်ပိတ်တော့သည်။

ထို့နောက်သူ ပြန်လှည့်လာစဉ်

'ဖောက်'

စားပွဲပေါ်က ရုပ်ထု ထပ်မံ လဲကျသွားပြန်သည်။

အခန်းထဲတွင် လေပြင်းများ ကတိုက်ခတ်နေကာ ဖယောင်း တိုင်မီးမှာလည်း ငြိမ်းတော့မည့်အတိုင်း လှုပ်ခါနေသည်။

"အသုံးမကျတဲ့ကောင် ဒါကြီးက စားလို့ရလို့လား၊ မင်းက ဒါကြီးကို ပူဇော်နေတာလား"

လေထဲတွင် ပုံရိပ်တစ်ခုမှာ လက်ကို ဝေ့ယမ်းကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။

ဤမြေးကို မြင်ရသည်မှာ စိတ်တိုစရာကောင်းလှသည်။

'သူ ဒီကို မလာခဲ့သင့်ဘူး'

'တခြားနေရာသာ သွားရင် အခုလောက်ဆို ဗိုက်ဝနေလောက်ပြီ'

အခန်းထဲတွင် Rem လေးကို ပြန်ထူပေးနေသော ချူးဟောက်မင်မှာတော့ ခေါင်းကို ကုပ်ရင်းကြောင်နေမိသည်။

' ဒီလေက ဘယ်ကလာတာလဲ'

'ခုနက အဘိုးက သူ့ကို ဆဲသွားသလိုပဲ... စိတ်ထင်လို့များလား'

...

စီနီယာဝိညာဉ်ကြီးများ အပြင်ထွက်လာပြီးနောက် ပထမဆုံး သွားလေ့ရှိသည့် နေရာမှာ ၎င်းတို့၏မြေးမြစ်များရှိရာ နေရာပင်။

တစ်ခေါက် သွားလိုက်ရုံနှင့် အိတ်အပြည့် ထုပ်ပိုးပြီး သယ်သွားနိုင်ကြသည်။

ငရဲပြည် ပြန်ရောက်သည့်အခါ အခြားအဘိုးကြီးတွေနှင့် ပြိုင်ကြရဦးမည်။

' ဒီနှစ် ဘယ်သူ အများဆုံးထုပ်လာနိုင်သလဲ၊ ဘယ်သူ့ဆီက ပိုမွှေးသလဲ၊ ဘယ်သူ့ဟာ အကောင်းဆုံးလဲ ဆိုတာတွေကိုပေါ့'

ဒါတွေက သူတို့ အဘိုးကြီးတွေကြားမှာ နှစ်စဉ်ပြုလုပ်လေ့ရှိသော အလေ့အထတစ်ခု ဖြစ်နေပြီး အကန်ခံလိုက်ရသော ဝိညာဉ်အသစ်လေးတွေကတော့ သူတို့နှင့် မဆိုင်ပေ။

'အစားအသောက်က ပိုမွှေးမနေဘူးလား'

'လူ့လောကက ပိုလှမနေဘူးလား'

...

လမ်းကြားလေးများထဲတွင် ဝိညာဉ်အသစ်လေးများမှာ ဆက်လက် ထွက်ပြေးနေကြရသည်။

ယခုအခါ ဒုတိယတန်းစား ဝိညာဉ်တမန်တော် တစ်ဦးစီသည် တတိယတန်းစား တမန်တော် အချို့ကို ခေါ်ဆောင်ကာ ကင်းလှည့်နေကြသည်။

တွေ့သည့်ကောင်ကို တန်းရိုက်ပြီး ဆာလာအိတ်ထဲ ထည့်နေကြ၏။

တစ်ခုဦးသော ပထမတန်းစား တမန်တော်ကမူ နယ်မြေတစ်ခုလုံး၏ အထက်တွင် ရပ်တန့်ကာ အခြေအနေကို ထိန်းချုပ်ထားသည်။

ထိုအချိန်တွင်မျက်လုံးတစ်ဖက်က မျက်တွင်းပြင်ပသို့ ထွက်နေပြီး သွေးစွန်းသော အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် ဝိညာဉ်တစ်ခုမှာ လူနေရပ်ကွက်တစ်ခုထဲသို့ အမြန်ပြေးဝင်လာသည်။

သူသည် ကလေးကစားကွင်းရှိ လျှောစင်အောက်တွင် ပုန်းနေရင်း ထိတ်လန့်နေ၏။

'ဂွက်'

မျက်လုံးတစ်ဖက် ပြုတ်ကျသွား သောကြောင့်သူ အမြန်ကောက်ပြီး ပြန်တပ်လိုက်ရသည်။

'ဒါက သူ ပိုက်ဆံပေးပြီး ဝယ်ထားရတာလေ'

' လမ်းမပေါ်မှာ အလန်းဆုံးဖြစ်မယ်လို့ ထင်ထားခဲ့တာကို... အခုတော့ ဝိညာဉ်တမန်တော်တွေက ဒီလောက်တောင် များနေတာလား'

သွေးစွန်းဝတ်စုံဝတ် ဝိညာဉ်က မကျေမနပ်ဖြင့် မြေကြီးကို ထုလိုက်သည်။

'စိတ်ကြိုက်ကစားလို့ ရတယ်၊ လမ်းပေါ်ကဟာတွေ စားလို့ရတယ်၊ ဇိမ်ကျတယ် ဆိုတာတွေက... အဲ့ဒီစီနီယာတွေ အကုန်လုံးက လိမ်ညာနေကြတာပဲ! ပြန်ရောက်ရင် ပထမဆုံးလုပ်မယ့်အလုပ်က ဒီဝတ်စုံကြီးကို ပြန်ရောင်းပစ်ဖို့ပဲ'

"..."

သူသည် လျှောစင်အောက်မှာ အကြာကြီးပုန်းနေပြီးနောက် အပြင်သို့ ခေါင်းပြူကြည့်လိုက်သည်။

ရှေ့မှာလည်း မရှိ၊ နောက်မှာလည်း မရှိ၊ ပတ်ဝန်းကျင်မှာ ဝိညာဉ်တမန်တော် တွေ မရှိတော့ပေ။

လောလောဆယ်တော့ ဘေးကင်းသွားပြီ။

သူ သက်ပြင်းချလိုက်စဉ်မှာပင် ဘေးက အမှတ် (၇) တိုက်ခန်းတွဲတွင် မီးလင်းနေသော အခန်းအချို့ကို သတိပြုမိသွားသည်။

"..."

ထိုအခါ သူ့မျက်လုံးများ တောက်ပသွားပြီး အသက်ပြန်ဝင်လာသလို ခံစားလိုက်ရသည်။

'ခဲခဲယဉ်းယဉ်း ထွက်လာရတာကို... တမန်တော်တွေအကြောင်း သတင်းမှားရထားတဲ့အတွက် သူလုပ်ချင်တာတွေ တစ်ခုမှ မလုပ်ရသေးဘူး'

ပတ်ဝန်းကျင်ကို ထပ်ကြည့်ပြီး တမန်တော်တွေ မရှိမှန်း သေချာတော့မှ လျှောစင်အောက်ကနေ ထွက်ကာ အနီးဆုံး မီးလင်းနေသော အခန်းဆီသို့ ပျံတက်သွားတော့သည်။

"အခုထိ မအိပ်သေးဘူးလား ငါ လာပြီး စိတ်လှုပ်ရှားစရာလေးတွေ ပေးလိုက်မယ် ဟီးဟီးဟီး..."

ထို့နောက် သူသည် ပြတင်းပေါက်သို့ ရောက်သွားကာ မှန်ကို လက်ဖြင့် ဝုန်းခနဲ ရိုက်လိုက်တော့သည်။

All Chapters