← Chapters

ဌာနမှူးချူက တကယ့်ကို သဘောထားကြီးမားသူပဲ

Vol. 21 Ch. 205

ဌာနမှူးချူက တကယ့်ကို သဘောထားကြီးမားသူပဲ

Vol. 21 Ch. 205

“ဘာမှမဟုတ်ပါဘူး၊ ပျော်စရာကောင်းတဲ့ အကြောင်းအရာလေးတစ်ခုကို သွားသတိရလိုက်မိလို့ပါ”

ချူဖုန်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွှတ်သွားပြီး စိတ်အခြေအနေမှာလည်း သိသိသာသာ ကောင်းမွန်သွားပုံရသည်။

သူသည် ရှောင်ချန်းနှင့် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်၏။

“မင်းတို့ ငါ့နောက် လိုက်နေဖို့ မလိုတော့ဘူး။ ကိုယ့်ဘာသာကိုယ် ရတနာသွားရှာကြတော့”

“ဟုတ်ကဲ့ပါ ဆရာ”

အားလုံးက တညီတညွတ်တည်း ထူးပြီးနောက် ရှောင်ချန်းနှင့် အခြားသူများမှာ လူစုခွဲသွားကြသည်။

၎င်းကို မြင်လိုက်ရတော့ ဘိုင်ယွင်မြို့စားသည် အမြန်ပင် ရှေ့သို့ တိုးလာပြီး ရိုသေစွာ ပြောလိုက်၏။

“သူတော်စင်တစ်ပိုင်းချူကို ကျွန်တော့်ရဲ့ နောက်ဘက်ဝင်းဆီမှာ သီးသန့် စကားပြောဖို့ ဖိတ်ကြားပါရစေ”

ချူဖုန်းက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

“လမ်းပြပါ”

“ကြွပါခင်ဗျာ”

ဘိုင်ယွင်မြို့စားသည် ချူဖုန်းနှင့် သူ့အဖွဲ့ကို နောက်ဘက်ဝင်းဆီသို့ ဂရုတစိုက် လမ်းပြခေါ်ဆောင်သွား၏။

သူတို့ပုံရိပ်များ ပျောက်ကွယ်သွားသည်နှင့် စုဝေးပွဲကြီးမှာ ယခင်ကဲ့သို့ ပြန်လည် စည်ကားသက်ဝင်လာတော့သည်။

သို့သော် လူအများစုမှာ ခုနက ချူဖုန်း၏ ဓားချက်အကြောင်းကို ဆွေးနွေးနေကြဆဲပင်။

အချို့ဆိုလျှင် သူတော်စင်တစ်ပိုင်းအဆင့်၏ တိုက်ကွက်မှ အရှိန်အဝါနှင့် စွမ်းပကားကို ကိုယ်တိုင်ကိုယ်ကျ မမြင်လိုက်ရဘဲ နောက်ကျမှ ရောက်လာခဲ့သည့်အတွက် နောင်တပင် ရနေကြသေးသည်။

နောက်ဘက်ဝင်းအတွင်း၌ ရွှေတောင်ပံလင်းယုန်ဘုရင်က စပ်စုလိုသော လေသံဖြင့် မေးလိုက်သည်။

“ညီနောင်ချူ၊ မင်း ရတနာသွားမရှာတော့ဘူးလား”

“ရှာတွေ့ပြီးပြီလေ”

ချူဖုန်းက ပြောရင်းနှင့် သူ့လက်ဖဝါးကို ဖြန့်ပြလိုက်ရာ ထူးခြားဆန်းပြားသော သိုလှောင်လက်စွပ် နှစ်ကွင်း ပေါ်လာခဲ့၏။

အကြီးအကဲပင်းက မသိစိတ်ဖြင့် မေးလိုက်မိသည်။

“ဌာနမှူးချူ၊ ဒါတွေက သူတော်စင်တစ်ပိုင်းကျို့ယန်ရဲ့ သိုလှောင်လက်စွပ်တွေလား”

“အင်း”

ချူဖုန်းက ခေါင်းညိတ်ပြသည်။

“အဲ့ဒီ အဘိုးကြီးရဲ့ ဘယ်ဘက်လက်မှာ သိုလှောင်လက်စွပ် နှစ်ကွင်း ဝတ်ထားတာကို မြင်လိုက်လို့၊ လက်ကို ဖြတ်ပြီး ယူလာလိုက်တာ။ သူတော်စင်တစ်ပိုင်း တစ်ယောက်ရဲ့ စုဆောင်းမှုက အပြင်မှာ ရောင်းနေတဲ့ အမှိုက်တွေထက်တော့ အများကြီး ပိုတန်ဖိုးရှိမှာပါ”

ဘိုင်ယွင်မြို့စားနှင့် အခြားသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့ စိတ်ထဲတွင် တွေးနေမိ၏။

‘’တော်သေးတာပေါ့၊ ဘိုင်ယွင်မြို့က သူတော်စင်တစ်ပိုင်းကျို့ယန်ဘက်က မရပ်တည်ခဲ့လို့၊ မဟုတ်ရင် ငါတို့လည်း အခုလောက်ဆို အရှင်လတ်လတ် အရေခွံအနွှာခံနေရလောက်ပြီ။ ဒီလူရဲ့ နည်းလမ်းတွေက တကယ့်ကို ကြောက်စရာကောင်းတာပဲ’

အကြီးအကဲပင်း O(≧口≦)O

“မင်းကတော့ တကယ့်ကို ဆန်တစ်စေ့တောင် အလဟဿ မဖြစ်စေရဘူးပဲ။ မင်းရဲ့ ဒီအချက်ကို ငါ သဘောကျတယ်” ရွှေတောင်ပံလင်းယုန်ဘုရင်သည် ပြောလိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူ မူလပုံသဏ္ဌာန်သို့ ပြန်ပြောင်းလိုက်သည်။

ချူဖုန်းက သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

“ဒါက ညီနောင်လင်းယုန်ရဲ့ တကယ့်ပုံစံပေါ့။ မင်းရဲ့ လက်အောက်ငယ်သား ဖြစ်ရတာက တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံ ဖြစ်မှာပဲ”

လင်းယုန်ဘုရင်က သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။

“သေချာတာပေါ့။ မယုံရင် ဝမ်လီကို မေးကြည့်လိုက်။ အရင်က ဝမ်တောက်ကျောင်းတော်မှာတုန်းက ငါ သူ့ကို တော်တော်လေး စောင့်ရှောက်ပေးခဲ့တာ”

လင်းယုန်ဘုရင်၏ မူလပုံသဏ္ဌာန်ကို မြင်လိုက်ရသောအခါ ဘိုင်ယွင်မြို့စား၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက ရိုသေစွာဖြင့် ဖြည့်စွက်ပြောကြားသည်။”ဆရာတူဦးလေးလင်းယုန် ပြောတာ အမှန်ပါပဲ။ အဲ့ဒီတုန်းက ဆရာတူဦးလေးက ကျွန်တော့်ကို အများကြီး စောင့်ရှောက်ပေးခဲ့ပါတယ်”

၎င်းကို ကြားလိုက်ရတော့ ချူဖုန်းက ထိုနှစ်ယောက်ကို ထူးဆန်းသော အကြည့်ဖြင့် တစ်လှည့်စီ ကြည့်လိုက်သည်။

‘မင်းတို့နှစ်ယောက်... တစ်ခုခုတော့ မှားနေပြီ’

ထိုအတောအတွင်း ရှေ့ဝင်းရှိ ရင်ပြင်၌

ယဲ့ပေ့ရွှမ်သည် အရာအားလုံး အေးဆေးဖြစ်သွားသည်ကို မြင်သောအခါ ဖခင်ဖြစ်သူကို ချက်ချင်း လိုက်ရှာတော့သည်။

“အဖေ၊ အစ်မချင်းဝူ၊ နှစ်ယောက်လုံး ဘာမှမဖြစ်ကြဘူးမလား”

ယဲ့နန်ထျန်းမှာ အခုထိ သတိမဝင်သေးပေ။

ခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာိအိပ်မက်တစ်ခုအလားပင်။

သာမန်အားဖြင့် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ လက်လှမ်းမမီနိုင်သော မြင့်မြတ်သူများပေ။

သူတို့ကို ရင်ဆိုင်ဖို့ နေနေသာသာ တွေ့ဆုံခွင့်ရဖို့တောင် မဖြစ်နိုင်သလောက်ပင်။

သို့ပေမဲ့ ယခုတော့ သူ့ကိုယ်ပိုင်သားဖြစ်သူက သူတော်စင်တစ်ပိုင်း တစ်ဦး၏ တပည့်ဖြစ်လာခဲ့ရုံသာမက လဲ့ယန်ဂိုဏ်းကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းကိုပင် အရှုံးနှင့် ရင်ဆိုင်သွားစေသည်။

၎င်းက သူ အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးသည့်အရာပေ။

“အ..အဖေ ဘာမှမဖြစ်ပါဘူး။ ဝမ်တောက်ကျောင်းတော်ကို ရောက်သွားပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ အဖေ့ကို ပြောပြပါဦး”

ယဲ့ပေ့ရွှမ်သည် ခေါင်းညိတ်ပြလိုက်ပြီး ဖခင်ဖြစ်သူ၏ဆိုင်ခန်းပေါ်ရှိ သန့်စင်ပြီးသား သံရိုင်းတုံးများကို ကြည့်လိုက်၏။

“အဖေ၊ ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ တိတ်ဆိတ်တဲ့ တစ်နေရာရာကို သွားရအောင်”

“အ အေး... အေး...”

သားဖြစ်သူ ဤမျှအထိ တည်ငြိမ်ရင့်ကျက်သွားသည်ကို မြင်လိုက်ရသောအခါ ယဲ့နန်ထျန်း စိတ်ထဲမှ တွေးမိသည်။

‘ငါ့သား ပေ့ရွှမ်က နောက်ဆုံးတော့ လူပုံအလယ်မှာ ခေါင်းမော့ရပ်တည်နိုင်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်လာပြီပဲ’

ယဲ့ပေ့ရွှမ်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မကြာမီမှာပင် ယဲ့မျိုးနွယ်စုမှ စောင့်ကြပ်သူတစ်ဦးကို တွေ့လိုက်သည်။ သူက လက်သီးဆုပ်ကာ ပြောလိုက်သည်။

“အစ်ကို၊ ကျွန်တော်တို့ကို တိတ်ဆိတ်တဲ့နေရာတစ်ခုဆီ ခေါ်သွားပေးလို့ ရမလား၊ ကျွန်တော့်အဖေနဲ့ စကားပြောချင်လို့ပါ”

ထိုစောင့်ကြပ်သူမှာ ယဲ့ပေ့ရွှမ်နှင့် အခြားသူများကို ကြိုဆိုရန် တာဝန်ပေးခြင်း ခံထားရသူဖြစ်သဖြင့် အမြန်ပင် ပြန်လည်ဖြေ၏။

“ညီလေး ပေ့ရွှမ်၊ အရမ်းကြီး ယဉ်ကျေးမနေပါနဲ့။ ငါတို့က မိသားစုဝင်တွေပဲဥစ္စာ။ ဦးလေးနဲ့ ညီမလေး၊ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ”

“ကျေးဇူးတင်ပါတယ်”

ယဲ့ပေ့ရွှမ် ခေါင်းညိတ်ပြပြီး သူ့ဖခင်၊ အစ်မချင်းဝူနှင့် ဖုန်းချုံယွီတို့ကို ဦးဆောင်ခေါ်သွားတော့သည်။

မကြာမီ ညဦးပိုင်းသို့ ရောက်ရှိလာ၏။

ယဲ့မျိုးနွယ်စု၏ နောက်ဘက်နေအိမ်ဝင်းမှာ မီးရောင်များ ထိန်ထိန်လင်းနေပြီး အသက်ဝင်စည်ကားလျက်ပင်။

ယဲ့မျိုးနွယ်စုဘိုးဘေးသည် အဓိကထိုင်ခုံတွင် ထိုင်နေပြီးဌာနမှူးချူသည် ဘယ်ဘက်က ဂုဏ်သရေရှိဧည့်သည် ထိုင်ခုံတွင် ထိုင်နေသည်။ တက်ရောက်လာကြသည့် တပည့်များကလည်း အစီအစဉ်အလိုက် ဝင်ရောက် ထိုင်ကြသည်။

မူလက ယနေ့ည၏ ဂုဏ်သရေရှိ ဧည့်သည်မှာ သူတော်စင်တစ်ပိုင်းကျို့ယန် ဖြစ်သော်လည်း သူသည် မွန်းတည့်ချိန်မှာပင် သူ၏ နောက်လိုက်များနှင့်အတူ အလျင်အမြန် ထွက်ခွာသွားသောကြောင့် ဤညစာစားပွဲတွင် ဌာနမှူးချူမှာ သဘာဝကျကျပင် အဓိက အာရုံစိုက်ခံရသူ ဖြစ်လာသည်။

ဝိုင်သုံးခွက်ခန့် သောက်ပြီးနောက်၊

ယဲ့မျိုးနွယ်စု ဘိုးဘေးသည် သူ့ခွက်ကို မြှောက်ကာ ဌာနမှူးချူကို ရိုသေစွာ ကမ်းလိုက်သည်။

“ဌာနမှူးချူ၊ ဒီနေ့မှာ ကျွန်တော်တို့ ယဲ့မျိုးနွယ်စုက အကြီးအကဲကို ကောင်းကောင်းမဧည့်ခံနိုင်မှာကို စိုးရိမ်မိပါတယ်။ စိတ်ထဲမှာ အပြစ်မယူပါနဲ့လို့ တောင်းပန်ပါတယ်”

ချူဖုန်းက ပြုံးလျက် ပြန်ဖြေ၏။ “စီနီယာက အရမ်းကြီး ယဉ်ကျေးနေပါပြီ။ ကျွန်တော်ကသာ ကြိုတင် အသိမပေးဘဲ ရောက်လာခဲ့တာပါ။ အပြစ်ရှိမယ်ဆိုရင် ကျွန်တော့်မှာပဲ ရှိတာပါ။ ဒီဝိုင်တစ်ခွက်ကို ကျွန်တော်ကပဲ စီနီယာ့ကို ပြန်ပြီး ဂါရဝပြုပါရစေ”

ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ဖူးသော ချူဖုန်းသည် မည်သည့်သူနှင့်မဆို သင့်တော်သလို စကားပြောဆိုတတ်သည့် ပညာကို တတ်ကျွမ်းထားသည်။

သူ၏အပြုအမူမှာ ဟန်ဆောင်မှု အစအနမျှမရှိဘဲ သဘာဝကျချောမွေ့လှ၏။

ဝိုင်သောက်ပြီးနောက်၊

ယဲ့မျိုးနွယ်စု ဘိုးဘေးက သူ့ခွက်ကို ချပြီး စကားဆိုသည်။

“ဌာနမှူးချူ၊ ကျွန်တော် အနည်းငယ် ရဲတင်းတဲ့ မေးခွန်းတစ်ခု မေးချင်လို့ပါ။ အကြီးအကဲ စိတ်မရှိဖို့ မျှော်လင့်ပါတယ်”

“မေးပါ”

ချူဖုန်းက ချက်ချင်း ပြောလိုက်သည်။

ထိုအခါ ယဲ့ဘိုးဘေးက စကားဆိုလာသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် သူတော်စင်တစ်ပိုင်းကျို့ယန်က အခုတစ်ခေါက် ကျွန်တော်တို့ ယဲ့မျိုးနွယ်စုဆီ လာတာက ကျွန်တော်နဲ့ အရောင်းအဝယ်တစ်ခု လုပ်ဖို့ပါ။ ဒါပေမဲ့ ခုနက ကျွန်တော် အဲ့ဒီအရောင်းအဝယ်ကို ဆက်လုပ်ဖို့ ကမ်းလှမ်းတဲ့အခါ သူက ငြင်းပယ်ခဲ့ပါတယ်”

သူက အသေးစိတ် ရှင်းမပြသလို သူတော်စင်တစ်ပိုင်းကျို့ယန်၏ မူလစကားများကိုလည်း ပြန်မပြောပေ။

ချူဖုန်းအနေဖြင့် ဆိုလိုရင်းကို နားလည်နိုင်လိမ့်မည်ဟု သူ ယုံကြည်၏။

ချူဖုန်းက ပြုံးလျက် ပြန်ပြောသည်။ “ကျို့ယန်ရဲ့ သိုလှောင်လက်စွပ်ဟောင်းတွေက ကျွန်တော့်လက်ထဲမှာ ရှိနေတာ အမှန်ပါပဲ။ စီနီယာယဲ့က ဘာကို အရောင်းအဝယ်လုပ်ဖို့ ရည်ရွယ်ထားတာလဲဆိုတာ သိပါရစေ”

၎င်းကို ကြားလိုက်ရတော့ အခန်းထဲရှိ လူများ၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ဖြစ်သွားကြသည်။ အချို့က သိထားပြီးဖြစ်သဖြင့် မအံ့ဩကြသော်လည်း ယခင်က မသိရှိခဲ့ကြသော ကျင့်ကြံသူများမှာ ချူဖုန်း အပေါ်လေးစားမှုမှာ နောက်တစ်ဆင့်တက်သွားတော့၏။

နောင်တွင် ဌာနမှူးချူ၏ တပည့်များနှင့် ဝေးဝေးနေရန်နှင့် သူတို့ကို ဘယ်တော့မှ ရန်မစမိရန် စိတ်ထဲကနေ တိတ်တဆိတ် သတိပေးလိုက်ကြသည်။

ယဲ့မျိုးနွယ်စု ဘိုးဘေးက ရယ်မောလိုက်၏။ “ပွင့်ပွင့်လင်းလင်း ပြောရရင် သူတော်စင်တစ်ပိုင်းကျို့ယန်နဲ့ ကျွန်တော် လဲလှယ်ဖို့ ရည်ရွယ်ထားတဲ့ ပစ္စည်းက ကောင်းကင်မီးတောက် တစ်မျိုးဖြစ်တဲ့ မီးတောင်ကထွက်တဲ့ ကျောက်မီးတောက် ပါ။ အဲ့ဒါက ကောင်းကင်မီးတောက် အမျိုးအစား (၁၀၈) မျိုးထဲက တစ်ခုပေါ့။ ဌာနမှူးချူက ကျွန်တော်တို့ ယဲ့မျိုးနွယ်စုနဲ့ အဲ့ဒီအရောင်းအဝယ်ကို ဆက်လုပ်ဖို့ ဆန္ဒရှိမလားဆိုတာ သိချင်ပါတယ်”

“ကျောက်မီးတောက်လား။ ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲ့ဒါက မြေကမ္ဘာမီးတောက် အမျိုးအစား ဖြစ်ပေမဲ့ ကောင်းကင်မီးတောက် စာရင်းမှာ အဆင့် )၂၃)ရှိပါတယ်။ အဲ့ဒါက တိုက်ခိုက်ရေးမှာတင် မဟုတ်ဘဲ သူတော်စင်လက်နက်တွေ သွန်းလုပ်တဲ့နေရာမှာလည်း အလွန်ကောင်းမွန်ပါတယ်။ စီနီယာယဲ့က အဲ့ဒါနဲ့ လဲလှယ်ဖို့ ဘာကို ကမ်းလှမ်းထားလဲဆိုတာ ကျွန်တော် သိချင်မိတယ်”

ချူဖုန်းသည် ထိုမီးတောက်အကြောင်းကို ဖော်ပြရင်း နွေးထွေးစွာ ပြုံးလိုက်သည်။ ထိုအဘိုးဂကြီးကျို့ယန်မှာ ဤကဲ့သို့သော ရတနာမျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ညရောက်ပါက ထိုသိုလှောင်လက်စွပ်များထဲက ပစ္စည်းများကို သေချာစစ်ဆေးကြည့်ရမည်။

“ဌာနမှူးချူရဲ့ ဗဟုသုတ ကြွယ်ဝပုံကတော့ ထင်ထားတဲ့အတိုင်းပါပဲ၊ ဒီနေ့တော့ အမှန်ပဲဆိုတာ မျက်ဝါးထင်ထင် တွေ့လိုက်ရပြီ”

ယဲ့ဘိုးဘေးက ချီးကျူးစကား ဆို၏။

“ဒါက ကျွန်တော် သူတော်စင်တစ်ပိုင်းကျို့ယန်နဲ့ လဲလှယ်ဖို့ မူလက စီစဉ်ထားတဲ့ စာရင်းပါ။ ခင်မင်ရင်းနှီးတဲ့အနေနဲ့ အဲ့ဒီစာရင်းပေါ်မှာ နောက်ထပ် ဆယ်ရာခိုင်နှုန်း ပိုထည့်ပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်”

သူပြောရင်းနှင့် ချူဖုန်းထံသို့ ကျောက်စိမ်းပြားတစ်ခုကို စားပွဲပေါ်မှတစ်ဆင့် အသာအယာ လျှောပေးလိုက်သည်။

ချူဖုန်းသည့် သူ့နတ်ဘုရားအာရုံ ဖြင့် စစ်ဆေးကြည့်လိုက်၏။ အတွင်း၌ နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်ဆေးပင်များသာမက သူတော်စင်လက်နက် သွန်းလုပ်ရန်အတွက် ရှားပါးသတ္တုရိုင်းများနှင့် တန်ဖိုးကြီးရတနာ အများအပြား ပါဝင်သည်။

၎င်းမှာ ကောင်းကင်မီးတောက်တစ်ခုနှင့် လဲလှယ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေပါ၏။ သူသည် ကျောက်စိမ်းပြားကို ပြန်ချလိုက်သည်။ “စီနီယာယဲ့က ကျွန်တော်နဲ့ ခင်မင်ဖို့ စိတ်ရင်းနဲ့ ဆန္ဒရှိနေမှတော့ ကျွန်တော် ဒီအရောင်းအဝယ်ကို သဘောတူပါတယ်။ အဲ့ဒီ နောက်ထပ် ဆယ်ရာခိုင်နှုန်းကိုတော့ ပိုထည့်ပေးဖို့ မလိုပါဘူး။ ဒါပေမဲ့ အဲ့ဒီအစား တခြားအမျိုးအစားတူတဲ့ အရင်းအမြစ်တွေနဲ့ လဲလှယ်ချင်ပါတယ်။ စီနီယာ ဘယ်လိုထင်လဲ”

ယဲ့မျိုးနွယ်စု ဘိုးဘေး၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ “ဌာနမှူးချူက တကယ့်ကို သဘောထားကြီးမားသူပဲ။ ဒါဆိုရင် အကြီးအကဲ ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

All Chapters