← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 32 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 32 Ch. 313-314

အခန်း (၃၁၃) - ညီအစ်ကိုသုံးယောက်၏စွမ်းအားအပြည့် ပေါက်ကွဲထွက်မှု၊ နတ်ဆိုးမြို့တော်တစ်ခုလုံး တုန်လှုပ်သွားခြင်း(၁)

ယင်းရွှမ်ဇီက ဝူယွမ်ကို အံအားသင့်စွာ ကြည့်လိုက်မိသည်။ တောင်ဂိုဏ်းတစ်ခုလုံးကို ရွှေ့ပြောင်းပြီး အရှေ့ဘက်ရွှမ်ဒေသမှ ထွက်ခွာမည့် ဤမျှပြတ်သားသော ဆုံးဖြတ်ချက်မျိုးကို ဝူယွမ် ချမှတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“တောင်ဂိုဏ်းဆိုတာ ဂိုဏ်းတစ်ခုတည်းတင် မဟုတ်ဘူးလေ။ တောင်ပိုငါးနယ်မြေ တစ်ခုလုံးအပြင် လက်အောက်ခံ ပြည်ထောင်စု အကြီးအသေး ဒါဇင်ချီပြီး ပါဝင်နေတာ။ သူတို့ကို ရွှေ့ပြောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါ သူတို့ကို ပစ်မထားနိုင်ဘူး”

ယင်းရွှမ်ဇီက နာကျင်မှုအရိပ်အယောင်များ ပါဝင်နေသော အသံဖြင့် ပြန်လည်ပြောကြားလိုက်သည်။

မိသားစုစီးပွားရေးကြီးတစ်ခုကို တာဝန်ယူရသည့် ဝန်ထုပ်ဝန်ပိုးကို တာဝန်မယူရသူများ မသိနိုင်ပေ။ အခြားသူများက သူ့ကို ဆုံးဖြတ်ချက်မပြတ်သားသူဟု ထင်ကောင်းထင်နိုင်သော်လည်း ယွမ်ဂိုဏ်းက ကျိုးထုံကို သတ်ဖြတ်လိုက်စဉ် သူ မည်မျှ နှလုံးကွဲကြေခဲ့ရသနည်း။

ကျိုးထုံသည် သူ အတန်ဖိုးထားဆုံးသော တိုက်ရိုက်တပည့်ဖြစ်ပြီး သားတစ်ယောက်ကဲ့သို့ သဘောထားခဲ့သော တပည့်ဖြစ်သည်။ ကျိုးထုံ၏ ကံကြမ္မာအတွက် ယွမ်ဂိုဏ်းကို သူ့လောက်တိုက်ခိုက်ချင်သူ မည်သူမျှမရှိပေ။

သို့သော် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ပခုံးပေါ်ရှိ တာဝန်က အလွန်ကြီးမားလာသည်။ သူသည် တောင်ပိုင်းနယ်မြေ တစ်ခုလုံးအပြင်၊ တောင်ဂိုဏ်းနှင့် ဆက်နွှယ်နေသူအားလုံး၏ အားထားရာ မဏ္ဍိုင်ဖြစ်သည်။

အကယ်၍ သူသာသေဆုံးသွားလျှင် သို့မဟုတ် ယွမ်ဂိုဏ်းနှင့် စစ်ပွဲဖြစ်ပွားခဲ့လျှင် တောင်ပိုင်းနယ်မြေ တစ်ခုလုံးအပြင် တောင်ဂိုဏ်းနှင့် ဆက်နွှယ်နေသမျှ အရာအားလုံးနှင့် လူအားလုံးသည် အလွန်အမင်း ဆိုးရွားသော ထိခိုက်ပျက်စီးမှုကို ခံစားရမည်ဖြစ်သည်။

တပည့်တစ်ဦးချင်းစီ၏ နောက်ကွယ်ရှိ မိသားစုများ၊ သူတို့၏ နောက်ကွယ်ရှိ ပြည်ထောင်စုများ......

တောင်ဂိုဏ်းသည် လူသန်းပေါင်းရာချီ၏ ကံကြမ္မာနှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။

ဤမျှ ကြီးလေးသော ဝန်ထုပ်ဝန်ပိုးကြီးနှင့်အတူ သူ ဘယ်ကိုသွားပြီး တိုက်ခိုက်နိုင်မည်နည်း။

“ဂိုဏ်းချုပ်... စိတ်မပူပါနဲ့။ ဒီကိစ္စတွေကို ကျွန်တော် စဉ်းစားပြီးပါပြီ။ ကျွန်တော် ဆန္ဒရှိသရွေ့ တောင်ပိုင်းနယ်မြေ တစ်ခုလုံးကို ရွှေ့ပြောင်းနိုင်ပါတယ်။ လောလောဆယ်တော့ ထျန်းယွမ်ဇီနဲ့ တိယွမ်ဇီကို အရင် ဖြေရှင်းရအောင်။ ကျွန်တော်တို့ ထွက်သွားရမယ်ဆိုရင်တောင် သူတို့ကို လုံလောက်တဲ့ တန်ဖိုးတစ်ခု ပေးဆပ်စေရမယ်”

ဝူယွမ်က တည်ငြိမ်စွာဖြင့် လျှို့ဝှက်အသံပို့ကာ ပြောလိုက်သည်။

သူကိုယ်တိုင်က မဟာယန်ပြည်ထောင်စုကဲ့သို့သော နေရာသေးသေးလေးတွင် မွေးဖွားလာသူဖြစ်ရာ သာမန် အောက်ခြေအဆင့် တပည့်များ ကြုံတွေ့ရသော အခက်အခဲများကို နက်နက်ရှိုင်းရှိုင်း နားလည်သည်။

သူတို့၏ ကံကြမ္မာသည် သူတို့ပါဝင်နေသော ဂိုဏ်းနှင့် လုံးဝ ဆက်နွှယ်နေသည်။ တစ်ဦး ကြီးပွားလျှင် အားလုံး ကြီးပွားပြီး တစ်ဦး ဆုံးရှုံးလျှင် အားလုံး ဆုံးရှုံးရမည်ဖြစ်သည်။

ဤသည်မှာ ယွမ်ဂိုဏ်းရှေ့တွင် ယင်းရွှမ်ဇီ သည်းခံရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ သူ သည်းမခံလျှင် အခြားနည်းလမ်း မရှိတော့ပေ။ သူ၏ မဆင်မခြင် လုပ်ရပ်ကြောင့် တောင်နယ်မြေရှိ သောင်းနှင့်ချီသော လူများ သေဆုံးရလိမ့်မည်။ အနာကျင်ရဆုံးသူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။

ဝူယွမ်သည်လည်း တောင်ဂိုဏ်း၏ အကျပ်အတည်းနှင့် ယင်းရွှမ်ဇီ၏ ဝမ်းနည်းမှုကို နားလည်လေသည်။ ထို့ကြောင့် ဤဆုံးဖြတ်ချက်ကို သူ ချမှတ်ခဲ့ခြင်းဖြစ်သည်။

တောင်ဂိုဏ်းနှင့် ဆက်နွှယ်နေသော ဤသောင်းနှင့်ချီသော လူများကြောင့် တောင်ဂိုဏ်းအနေဖြင့် သူတို့ကို စွန့်ပစ်ကာ အရှေ့ဘက်ရွှမ်ဒေသမှ ထွက်ခွာရန် မဖြစ်နိုင်ပေ။ သို့သော် ထိုနေရာတွင် ဆက်နေမည်ဆိုပါက ယွမ်ဂိုဏ်း၏ အပြစ်ပေးမှုများကို ခံရမည်ဖြစ်သည်။

စွမ်းအားပိုင်းဆိုင်ရာ ကွာဟချက်ကြောင့် တောင်ဂိုဏ်းသည် ယွမ်ဂိုဏ်းနှင့် ရင်ဆိုင်ရချိန်တွင် အရှက်ကွဲခြင်းနှင့် သည်းခံခြင်းကိုသာ ရွေးချယ်နိုင်ခဲ့သည်။ ဂိုဏ်းချုပ် ယင်းရွှမ်ဇီ အပါအဝင်ဖြစ်၏။

ထို့ကြောင့် သူတို့သည် အရှေ့ဘက်ရွှမ်ဒေသ၏ ရွှံ့နွံထဲတွင် ပိတ်မိနေပြီးသားဖြစ်သည်။ ဝူယွမ်က တောင်ဂိုဏ်းကို ဤအကျပ်အတည်းမှ လွတ်မြောက်စေရန်၊ အစွမ်းထက်သော ယွမ်ဂိုဏ်း၏ ဖိနှိပ်မှုမှ ရုန်းထွက်နိုင်ရန် ကူညီပေးချင်သည်။

နေရာတစ်ခုတည်းတွင် ကန့်သတ်မခံရခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

ဤကဲ့သို့ ကျယ်ပြန့်သော ဒေသဆိုင်ရာ ရွှေ့ပြောင်းမှုစီမံကိန်းကြီးမှာ သံသရာအဆင့် ပညာရှင်တစ်ဦးအတွက်ပင် ပုံမှန်အားဖြင့် မဖြစ်နိုင်ပေ။ သို့သော် ကမ္ဘာ့သစ်ပင်ရှိနေသဖြင့် ဝူယွမ်က ၎င်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။

မူလက ကမ္ဘာခြားနတ်ဆိုးနယ်မြေသို့ မလာမီက ဝူယွမ်တွင် ဤကဲ့သို့သော အကြံအစည် မရှိခဲ့ပေ။ သို့သော် ကမ္ဘာခြားနတ်ဆိုးနယ်မြေသို့ ဝင်ရောက်ပြီးနောက် မိစ္ဆာစွမ်းအင်အမြောက်အမြား ရရှိခဲ့သောကြောင့် ကမ္ဘာ့သစ်ပင်၏ ကြီးထွားမှုမှာ အရှိန်မြန်လာခဲ့သည်။

မဟာရှေးဟောင်းကျောက်တိုင်၏ တည်ရှိနေသော နေရာလွတ်နှင့် မဟာရှေးဟောင်းကျောက်တိုင်ငယ်၊ ၎င်းတို့၏ လက်နက်ဝိညာဉ်များ စဉ်ဆက်မပြတ် သန်စွမ်းလာမှုတို့နှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းသည် အတွင်းကမ္ဘာကို အစဉ်မပြတ်ချဲ့ထွင်နိုင်ပြီး ပြင်ပနေရာလွတ်များကို ပေါင်းစပ်နိုင်သည်။

ထို့ပြင် ဝူယွင်၏ မွေးဖွားလာမှုက ဤကမ္ဘာတွင် နေမင်းငယ်လေးတစ်စင်း ရရှိသွားသည်ဟု ဆိုနိုင်သည်။ ဤသည်က ဝူယွင်အား ကြီးထွားလာနေသော ကမ္ဘာငယ်လေးတစ်ခုကို တိုက်ရိုက် ပေးစွမ်းလိုက်ခြင်းပင်။

ယခုအခါ ဤလျင်မြန်စွာ ကျယ်ပြန့်လာနေသော ကမ္ဘာငယ်လေးမှာ ယွမ်စွမ်းအင်များဖြင့် ပြည့်နှက်နေသော်လည်း ဗလာကျင်းနေသည်။ ယခင်က မဟာယန်ပြည်ထောင်စုမှ ဝူယွမ် စုဆောင်းခဲ့သော လူအရေအတွက်မှာ အများဆုံး မြို့တစ်မြို့စာခန့်သာ ရှိသည်။

ယခုအခါ ရှေးဟောင်းကျောက်တိုင်နေရာလွတ် တစ်ခုလုံးမှာ မဟာယန်ပြည်ထောင်စုထက်ပင် ပိုမိုကျယ်ဝန်းနေပြီဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ဤသည်က ကမ္ဘာ့သစ်ပင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ခံနိုင်ရည်ရှိမှု၏ အကန့်အသတ် မဟုတ်သေးပေ။ ကမ္ဘာ့သစ်ပင်က ကမ္ဘာခြားနတ်ဆိုးများကို ပိုဝါးမျိုလေလေ၊ ဤကမ္ဘာက ဆက်လက်ကျယ်ပြန့်လာနိုင်လေလေဖြစ်သည်။

ကျယ်ဝန်းလှသော ရှေးဟောင်းကျောက်တိုင်နေရာလွတ်သည် ကျင့်ကြံရန်အတွက် အလွန်သင့်လျော်ပြီး ကောင်းချီးပေးခံရသော မြေမြတ်တစ်ခုကဲ့သို့ဖြစ်ကာ အချိန်မရွေး ရွှေ့ပြောင်းနိုင်သည်။ တောင်ဂိုဏ်းမှ လူတိုင်းအတွက် ဤအရာက သေချာပေါက် ကောင်းမွန်သောအရာ ဖြစ်လိမ့်မည်။

ဝူယွမ်နှင့် ယင်းရွှမ်းဇီတို့ သူတို့၏ နတ်ဘုရားအာရုံများမှတစ်ဆင့် ဆက်သွယ်နေချိန်တွင်...

ထျန်းယွမ်ဇီနှင့် တိယွမ်ဇီတို့သည်လည်း အကောင်းအဆိုးများကို ချိန်ဆကာ လျှို့ဝှက် ဆက်သွယ်နေကြသည်။

ထျန်းယွမ်ဇီက ပြောလိုက်သည်။ “ဟိုတိရစ္ဆာန်လေး ဝူယွမ်က တကယ်ကို အရမ်းအစွမ်းထက်လွန်းတယ်။ ဆန်းကြယ်ရှင်ခြင်းအဆင့်မှာတောင် နည်းလမ်းအမျိုးမျိုးကို အားကိုးပြီး ရန်ယွမ်ဇီလို ပါရမီရှင်တစ်ယောက်ကို ဖိနှိပ်ထားနိုင်တယ်”

“သူက အရင်က ကျိုးထုံထက်တောင် ပိုပြီး မကောင်းဆိုးဝါးဆန်းတဲ့ကောင်ဆိုတာ သက်သေပြနေတာပဲ”

“ဒီကောင်လေးကို ဒီနေ့သာ မရှင်းထုတ်လိုက်ဘူးဆိုရင် ငါတို့ ယွမ်ဂိုဏ်းက နောင်ကျရင် ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး”

တိယွမ်ဇီက ခေါင်းညိတ်လိုက်၏။

“မြက်ပင်ကိုဖြတ်ရင် အမြစ်ကပါ နုတ်ရမယ်၊ လျှို့ဝှက်အန္တရာယ်တွေ ချန်ထားခဲ့လို့မရဘူး။ ပြီးတော့ ဟိုကောင်းကင်မြွေပါ... သူ့ရဲ့ အသွင်အပြင်ကို ကြည့်ရတာ သေချာပေါက် သာမန် ကောင်းကင်မြွေပါ မဟုတ်ဘူး”

“ကောင်းကင်မြွေပါ မျိုးနွယ်စုရဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်ရမယ်။ ဒီနေ့ သူ့ကိုလည်း ဒီမှာနေခိုင်းခဲ့ရမယ်”

သူတို့နှစ်ဦး လျင်မြန်စွာ သဘောတူညီမှု ရရှိသွားကြသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ ဝူယွမ်ကို သူတို့ သတ်ရမည်ဖြစ်သည်။

“ယင်းရွှမ်ဇီ... ဒါက ငါတို့နဲ့ ဟိုကောင်းကင်မြွေပါကြားက ကိစ္စပဲ။ မင်း ဝင်မစွက်ဖက်ဘူးလို့ မျှော်လင့်ပါတယ်”

ထျန်းယွမ်ဇီက ယင်းရွှမ်ဇီကို လှောင်ပြုံးပြကာ ပြောလိုက်သည်။

ယင်းရွှမ်းဇီနှင့် ပတ်သက်၍ သူ၏ နားလည်မှုအရ ယင်းရွှမ်းဇီသည် စွန့်စားရန် မတတ်နိုင်ပေ။

ယွမ်ဂိုဏ်းနှင့် လုံး၀ဆန့်ကျင်ဘက်ဖြစ်ရန် သူ သေချာပေါက် လုပ်ရဲမည် မဟုတ်ပေ။ အရင် ကျိုးထုံ ဖြစ်ရပ်တုန်းကအတိုင်းပင်။

ယင်းရွှမ်းဇီ ဝင်မစွက်ဖက်သရွေ့ ဤကောင်းကင်မြွေပါနှင့် ဝူယွမ်ကို သတ်ရန်အတွက် သူတို့ အလွန်ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် မဟုတ်ပေ။

ယင်းရွှမ်းဇီ ပြန်မဖြေနိုင်မီမှာပင် တိယွမ်ဇီက ရှောင်တျောင်းကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ ထျန်းယွမ်ဇီကမူ ယင်းရွှမ်းဇီနှင့် အခြားသူများကို စောင့်ကြည့်ကာ ဝူယွမ်ကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။

ဝူယွမ် ဝင်စွက်ဖက်ရဲသည်နှင့် တစ်ပြိုင်နက် သူ့ကို ဖိနှိပ်ပြီး သတ်ပစ်မည်ဖြစ်သည်။

သူ၏အမြင်တွင် တိယွမ်ဇီက လုံးဝ ပြန်လည်သက်သာလာခြင်း မရှိသေးသော ကောင်းကင်မြွေပါတစ်ကောင်ကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

“ဒုတိယညီ၊ တတိယညီ၊ စတ္တုထညီ... မင်းတို့အားလုံး တိယွမ်ဇီကို ဝိုင်းတိုက်ကြ။ မင်းတို့ရဲ့ စွမ်းအားအကုန်လုံးကို ထုတ်သုံးလို့ရတယ်။ မင်းတို့ဆီမှာ ထွက်သက်ဝင်သက် တစ်ချက်လောက် ကျန်နေသေးသရွေ့ အစ်ကိုကြီး မင်းတို့ကို ကယ်နိုင်တယ်”

ဝူယွမ်က သူတို့သုံးဦးကို လျှို့ဝှက်အသံဖြင့် ပြောလိုက်သည်။

အကယ်၍ ထျန်းယွမ်ဇီ မလှုပ်ရှားသေးလျှင် သူ အနည်းငယ် ထပ်စောင့်ပြီး ယွမ်ဂိုဏ်းနှင့် ရင်ဆိုင်ရန် ယင်းရွှမ်ဇီကို ပိုမိုယုံကြည်မှုရှိလာစေရန် သူ၏ စိတ်ဓာတ်ကို ဆက်လက် ပြုပြင်ပေးမည်ဖြစ်သည်။

အမှန်တကယ်တော့ ယွမ်ဂိုဏ်းနှင့် ယခု စစ်ပွဲဖြစ်ပွားခဲ့လျှင်ပင် ဝူယွမ် သိပ်ပြီး စိတ်မပူပေ။ သူ၏ ရှေးဟောင်းကျောက်တိုင်နေရာလွတ်အတွင်းတွင် မိစ္ဆာအလောင်းများနှင့် မိစ္ဆာနတ်ဆိုးများ သောင်းနှင့်ချီရှိနေပြီး သူတို့၏ စွမ်းအားမှာ လူငယ်ဘုရင်သုံးပါးနှင့် နှိုင်းယှဉ်နိုင်သည်။

ဤစွမ်းအားအဆင့်မှာ ဂိုဏ်းတစ်ခု၏ ကျောရိုးဖြစ်နေပြီဖြစ်ရာ ယွမ်ဂိုဏ်းကို ကိုင်တွယ်ရန်မှာ သေချာပေါက် ပြဿနာမရှိပေ။

သို့သော် အပေါ်ယံမြင်နေရသော ယွမ်ဂိုဏ်းကို ကိုင်တွယ်ရုံမျှလောက်က ဝူယွမ်ကို အမှန်တကယ် စိတ်ပူစေသည့်အရာ မဟုတ်ပေ။ ယွမ်ဇီသုံးဦးထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ယွမ်ဂိုဏ်း၏ ဖုံးကွယ်ထားသော ကမ္ဘာခြားနတ်ဆိုး နည်းလမ်းများကသာ သူ့အတွက် စိတ်ပူစရာဖြစ်သည်။

မူရင်းဝတ္ထုတွင် လင်းတုန်သည် ဝင်စားခြင်းအဆင့်သို့ တက်လှမ်းပြီးနောက်မှသာ သူ၏ ညီအစ်ကိုသုံးဦးနှင့်အတူ အရှေ့ဘက်ရွှမ်ဒေသ မဟာမိတ်အဖွဲ့ တစ်ခုလုံးကို ဦးဆောင်ကာ ယွမ်ဂိုဏ်းကို ဖြုတ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ယခုအချိန်တွင် သူ၏ နည်းလမ်းအားလုံးကို ထုတ်သုံးကာ ယွမ်ဂိုဏ်းနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပါက ယွမ်ဂိုဏ်းသည် သေချာပေါက် အတူတကွ သေဆုံးရန် ရွေးချယ်ပြီး ကမ္ဘာခြားနတ်ဆိုးများကို လွှတ်ပေးလိမ့်မည်။

ထိုသို့ဖြစ်လာပါက သူတို့၏တောင်ဂိုဏ်းသည် ပထမဆုံး ဒုက္ခရောက်ရမည်ဖြစ်သည်။ ဝူယွမ် လွတ်မြောက်နိုင်လျှင်တောင် ကြီးမားသော အသေအပျောက်များ သေချာပေါက် ရှိလာမည်ဖြစ်ရာ တန်ဖိုးရှိမည် မဟုတ်ပေ။

ထို့ကြောင့် ဝူယွမ်သည် အဆုံးအဖြတ် တိုက်ပွဲကို စောစီးစွာ စတင်ရန် မလိုအပ်ဟု ခံစားရသည်။ မည်သို့ပင်ဆိုစေကာမူ သူ့တွင် နည်းလမ်းများစွာ ရှိပြီး လိုအပ်နေသည်မှာ အချိန်သာဖြစ်သည်။

ကြီးထွားရန် နှစ်အနည်းငယ်မျှ အချိန်ယူပြီးနောက် ယွမ်ဂိုဏ်းပဲဖြစ်စေ၊ ကမ္ဘာခြားနတ်ဆိုးပဲဖြစ်စေ၊ လက်ဖျောက်တစ်ချက်အတွင်းမှာတင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

သူ၏ ကိုယ်ပိုင် ရည်မှန်းချက်ဖြစ်သော ထိပ်ဆုံးသို့ ရောက်ရှိရေးသည် ဤတိုက်ပွဲမှတစ်ဆင့် ပိုမိုခိုင်မာလာလေသည်။

ဘုန်း...

တိယွမ်ဇီသည် ရှောင်တျောင်းထံသို့ ပြေးဝင်လာပြီဖြစ်သည်။ ရှင်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများက သူ၏ပတ်လည်တွင် လှည့်ပတ်နေသည်။

သူ၏ ကြီးမားသောလက်ဖြင့် ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်မှုက လေဟာနယ်နှင့် ရှင်ခြင်း၊ သေခြင်းတို့ကိုပင် အေးခဲသွားစေနိုင်သော စွမ်းအားများ ပါရှိသည်။

“ဒုတိယအစ်ကို၊ တတိယအစ်ကို... ငါ အရင်သွားမယ်”

ရှောင်တျောင်း၏ဘေးရှိ ပုံရိပ်က ချက်ချင်းထွက်ခွာသွားသည်။ အမြဲတမ်း ရဲရင့်သော ရှောင်ယန်က ရှေ့သို့ အရင်လှမ်းထွက်လာသည်။ ဝင်စားခြင်းအဆင့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူမကြောက်ရွံ့ခဲ့ပေ။

လက်ရှိတွင် ကိုယ်ခန္ဓာကျမ်း၏ ‘မာကျောခြင်း’ အခန်းကို ကျင့်ကြံထားသော ရှောင်ယန်သည် အဆုံးစွန်သော မသေမျိုးခန္ဓာကိုယ်ဖြစ်သည့် ဒေါသကြီးသော မသေမျိုးအုပ်စိုးသူ ခန္ဓာကိုယ်လမ်းကြောင်းပေါ်တွင် ရှိနေသည်။ (ကိုယ်ခန္ဓာကျမ်းနဲ့ ပတ်သတ်ပြီး အပြောင်းအလဲ နည်းနည်းရှိသဖြင့် နာမည် အသုံးအနှုန်း အနည်းငယ် ပြောင်းလဲအသုံးပြုထားပါသည်။)

သူသည် အဓိကခန္ဓာကိုယ်တွင် ပြီးပြည့်စုံသော အောင်မြင်မှုကို ရရှိထားပြီးဖြစ်ကာ တော်ဝင်ခန္ဓာကိုယ်အဆင့်ဖြစ်သော ရူးသွပ်စစ်သူရဲခန္ဓာကိုယ်သို့ တက်လှမ်းတော့မည်ဖြစ်သည်။

ဤခန္ဓာကိုယ်က တိုက်ခိုက်ရေးစွမ်းအားကို အဆပေါင်းများစွာ ပေါက်ကွဲထွက်စေနိုင်သည်။ ရူးသွပ်စစ်သူရဲခန္ဓာကိုယ်အောက်တွင် ရှောင်ယန်သည် သူ၏ တိုက်ခိုက်ရေးစွမ်းအား ၂၄ ဆကို ထုတ်လွှတ်နိုင်လေသည်။

အခန်း (၃၁၄) - ညီအစ်ကိုသုံးယောက်၏စွမ်းအားအပြည့် ပေါက်ကွဲထွက်မှု၊ နတ်ဆိုးမြို့တော်တစ်ခုလုံး တုန်လှုပ်သွားခြင်း(၂)

“ဝေါင်း”

ရှောင်ယန်က ကောင်းကင်သို့မော့ကာ ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ၏ ကျားမျက်လုံးများမှာလည်း သွေးများပြည့်နှက်သွားကဲ့သို့ နီရဲသွားသည်။

ပြင်းထန်သော ဗာမီလီယံအစစ်အမှန်မီးတောက်များက သူ၏ခန္ဓာကိုယ်မှ ရူးသွပ်စွာ ထွက်ပေါ်လာပြီး ထူးဆန်းသော အလင်းတန်းပုံစံများက ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် အဆက်မပြတ်ရွေ့လျားနေသည်။

အလင်းတန်းပုံစံများ ရွေ့လျားသွားသည်နှင့်အမျှ ရှောင်ယန်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် သွေးပေါက်များ ရုတ်တရက် ပွင့်ထွက်လာပြီး ပူလောင်နေသော သွေးစိမ်းများ ပန်းထွက်လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများ လောင်ကျွမ်းနေပြီး သူ၏ အငွေ့အသက်ကလည်း လျင်မြန်စွာ မြင့်တက်လာသည်။

ဆန်းကြယ်ရှင်ခြင်းအဆင့် ပြီးပြည့်စုံမှု၊ ဆန်းကြယ်သေခြင်းအဆင့်... တစ်ခဏအတွင်းမှာပင် ရှောင်ယန်၏ အငွေ့အသက်က ဝင်စားခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်အထိ မြင့်တက်သွားသည်။

ဗာမီလီယံအစစ်အမှန်မီးတောက်များက ကမ္ဘာခြားနတ်ဆိုးမြို့တော်၏ အထက်ရှိ ကောင်းကင်တစ်ခုလုံးကို အနီရောင်အဖြစ် ဆေးချယ်လိုက်တော့၏။

ဤသည်မှာ ဗာမီလီယံငှက်ခန်းမတွင် ရှောင်ယန်ရရှိခဲ့သော ဗာမီလီယံမီးလျှံ အမွေအနှစ်ပငိ ဖြစ်သည်။

သူ၏ အကြိုရူးသွပ်စစ်သူရဲခန္ဓာကိုယ် အခြေအနေနှင့် ပေါင်းစပ်လိုက်သောအခါ သူ ပေါက်ကွဲထုတ်လွှတ်လိုက်သော စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလာလေသည်။

“ကောင်းကင်နတ်ဆိုး၊ ကောင်းကင်ထောက်တုတ်”

သူ၏ ကိုယ်ပိုင်ဝိညာဉ်တံဆိပ် ထွက်ပေါ်လာသည်။ ဧရာမအနက်ရောင်တုတ်ရှည်ကြီးက ကောင်းကင်သို့ တိုက်ရိုက် တိုး၀င်သွားပြီး တိယွမ်ဇီ၏ မဟာ ရှင်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်လက်ဝါးကြီးကို ထိုးဖောက်သွားသည်။

အစ်ကိုကြီး၏ အာမခံစကားကြောင့် ရှောင်ယန်သည် မည်သည့်အရာကိုမျှ ချန်လှပ်ထားခြင်း၊ အကျိုးဆက်များကို ဂရုစိုက်ခြင်း မရှိဘဲ ပေါက်ကွဲထွက်လာခဲ့သည်။

သူတို့တွင် ထွက်သက်ဝင်သက် တစ်ချက်လောက် ကျန်နေသေးသရွေ့ သူတို့ကို ကယ်နိုင်သည်ဟု အစ်ကိုကြီးက ပြောထားလေသည်။

ဤအခြေအနေတွင် သူ ဘာကို တွေဝေနေစရာ လိုသေးသနည်း။

စိတ်လှုပ်ရှားဖွယ်၊ အပြည့်အ၀ ပေါက်ကွဲမှုတစ်ခု၊

ကောင်းမွန်သော တိုက်ပွဲတစ်ခုပင်။

ဆန်းကြယ်ရှင်ခြင်းအဆင့်... ဤသည်မှာ သူ၏ ပေါက်ကွဲမှုအတွက် အရင်းအနှီးဟု ပြော၍ရပေသည်။ သူတို့ ကျင့်ကြံထားသော ခန္ဓာကိုယ်များသည် ဤအဆင့်သို့ရောက်မှသာ အစစ်အမှန် အကျိုးသက်ရောက်မှုများကို ပြသနိုင်ခြင်းဖြစ်သည်။

ဤအဆင့်သို့ ဝင်ရောက်လာသောအခါ သူတို့၏စွမ်းအားများသည် အရည်အသွေးပိုင်းဆိုင်ရာအရ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားပြီး အစွမ်းထက်သော ကျင့်စဉ်နည်းလမ်းများ၏ ပေါက်ကွဲထွက်မှုကို ခံနိုင်ရည်ရှိလာစေသည်။

“သွေးကြောယဇ်ပူဇော်ခြင်း... ကောင်းကင်နတ်ဆိုး ဘိုးဘေးဝိညာဉ်”

ရှောင်ယန်က သွေးများ ပန်းထွက်လာရင်း ဒေါသတကြီး ဟိန်းဟောက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဗာမီလီယံအစစ်အမှန်မီးတောက်များ၊ ကောင်းကင်နတ်ဆိုးကျားမျိုးနွယ်စု၏ အနက်ရောင် သွေးအဆီအနှစ်များနှင့် ရူးသွပ်စစ်သူရဲခန္ဓာကိုယ်၏ သွေးအဆီအနှစ်များ လောင်ကျွမ်းသွားပြီး သူ၏ စွမ်းအားအားလုံး လျင်မြန်စွာ စုစည်းသွားသည်။

ဝေါင်းးး။

ရှေးခေတ်ကာလမှ ခေါ်သံတစ်ခုကဲ့သို့ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်... ဤဟိန်းဟောက်သံက နတ်ဆိုနတ်ဘုရားမိစ္ဆာကျားတစ်ကောင် ဆင်းသက်လာသကဲ့သို့ပင်။

လူတိုင်း လှမ်းကြည့်လိုက်ရာ လေဟာနယ် တွန့်လိမ်စပြုလာသည်။ မှုန်ဝါးဝါးဖြစ်နေသော ပေရာချီခန့် ကြီးမားသည့် အမည်းရောင်အလင်းတန်းကျားတစ်ကောင်က လေဟာနယ်ထဲမှ လှမ်းထွက်လာသည်။

ထိုအမည်းရောင်အလင်းတန်းကျား ထွက်ပေါ်လာမှုနှင့်အတူ မဟာရှေးဟောင်းကာလမှ အငွေ့အသက်တစ်ခုကဲ့သို့ အရာတစ်ခုက ၎င်း၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် မဟာရှေးဟောင်းကာလသို့ ပြန်လည်ရောက်ရှိသွားသည့် အိပ်မက်တစ်ခုထဲကျ‌ရောက်သွာသည့်အတိုင်းပင်။

အမည်းရောင်အလင်းတန်းကျားသည် လေဟာနယ်ထဲတွင် ရပ်နေပြီး ၎င်း၏ ကျားမျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ လောင်ကျွမ်းနေသည်။

ထို့နောက် ကျားကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက အနက်ရောင် လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သိပ်သည်းလှသော မဟာရှေးဟောင်းစွမ်းအင်များကို သယ်ဆောင်လာသည်။

မရေမတွက်နိုင်သော မျက်လုံးများ၏ စောင့်ကြည့်မှုအောက်တွင် ၎င်းက လက်များကိုမြှောက်ကာ ဗာမီလီယံအစစ်အမှန်မီးတောက်များ ဖုံးလွှမ်းနေသော ၎င်း၏ မွေးရာပါရတနာ ‌ဝိညာဉ်တုတ်ကို ကိုင်ဆောင်လျက် တိယွမ်ဇီထံသို့ ကျယ်လောင်စွာ ရိုက်ချလိုက်တော့သည်။

တိယွမ်ဇီ၏‌ေ လက်သီးများပေါ်တွင် သိပ်သည်းသော ရှင်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများ ရစ်ပတ်နေသည်။

နောက်တစ်စက္ကန့်တွင် လက်သီးနှစ်ဖက်လုံးက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး လက်သီးတစ်ဖက်က တုတ်စွမ်းအင်ပုံရိပ်ကို ရိုက်ခတ်လိုက်သည်။

ဘန်း...

ကျယ်ပြောလှသော ဗာမီလီယံအစစ်အမှန်မီးတောက်များက လေထုထဲတွင် လှိုင်းထသွားပြီး ရှောင်ယန်၏ ဝိညာဉ်တုတ်မှာ လွင့်စင်သွားသည်။ တိယွမ်ဇီ၏ လက်သီးမှာလည်း အက်ကွဲသွားခဲ့သည်။

သို့သော် ချက်ချင်းပင် သူ၏အခြားလက်သီးတစ်ဖက်ဖြင့် တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ကာ ရှောင်ယန်၏ ရင်ဘတ်ဆီသို့ ရိုက်ချလာသည်။

“ရှောင်ယန်”

ရှောင်တျောင်းနှင့် လင်းတုန်တို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ပြီး နှစ်ဦးလုံးပျံတက်သွားကြသည်။

သူတို့နှစ်ဦး၏ခန္ဓာကိုယ်မှ ဧရာမစွမ်းအားနှစ်ခု ပေါက်ကွဲထွက်လာသည်။

လင်းတုန်က ရှောင်ယန်၏အရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ရွှေရောင်ခေါင်းလောင်းကြီးတစ်ခုက သူနှင့် ရှောင်ယန်ကို လွှမ်းခြုံလိုက်သည်။

ချွင်...

တိယွမ်ဇီ၏ လက်သီးက ရိုက်ခတ်လာပြီး ရွှေရောင်ခေါင်းလောင်းကို ကြေမွသွားစေသည်။ သို့သော် လင်းတုန်နှင့် ရှောင်ယန်တို့မှာမူ အန္တရာယ်ကင်းကင်းဖြင့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်။

ပြီးပြည့်စုံသော ရွှေခေါင်းလောင်းခန္ဓာကိုယ်၏ မသေမျိုးဆယ့်နှစ်ပါး ခေါင်းလောင်းခန္ဓာကိုယ်၊ အစွမ်းအထက်ဆုံး ကာကွယ်ရေးခန္ဓာကိုယ်က ဆန်းကြယ်ရှင်ခြင်းအဆင့် စွမ်းအားဖြင့် လင်းတုန်ကို ဝင်စားခြင်းအဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကို ခုခံနိုင်စေခဲ့သည်။

“ဟူး”

အောက်ဘက်ရှိ လူအုပ်ကြီးက တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။ လင်းတုန်၏ စွမ်းအားမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ သူက ပြိုင်ဘက်၏ တိုက်ခိုက်မှုကို တကယ်ပဲ ပိတ်ဆို့နိုင်ခဲ့သည်။

“မင်းက တောင်ဂိုဏ်းကတပည့်လား”

တိယွမ်ဇီက လင်းတုန်ကို ခက်ထန်သောမျက်နှာထားဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

“ခွေးအိုကြီး... တောင်ဂိုဏ်းကိုချည်းပဲ ပစ်မှတ်မထားနဲ့၊ ငါက အချိန်မရွေး တောင်ဂိုဏ်းတပည့် မလုပ်ဘဲ နေလိုက်လို့ရတယ်”

လင်းတုန်က တောက်ပစွာ ပြုံးလိုက်ပြီး တိယွမ်ဇီကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

“ယင်းရွှမ်ဇီ... မင်းရဲ့ တောင်ဂိုဏ်းတပည့်က ဝင်စွက်ဖက်နေပြီ၊ မင်း ဘာမှမလုပ်တော့ဘူးလား၊ မင်းက ငါတို့ ဂိုဏ်းနှစ်ခုကြားမှာ စစ်ပွဲမီးမွှေးချင်တာလား”

ထျန်းယွမ်ဇီ၏ မျက်နှာထားကလည်း အလွန်အမင်း တင်းမာခက်ထန်နေသည်။ ဝူယွမ် တစ်ယောက်တည်းကတင် လုံလောက်နေပြီဖြစ်သော်လည်း ယခုအခါ သူတို့ကို ခုခံနိုင်စွမ်းရှိသော လင်းတုန်တစ်ယောက်ပါ ထပ်မံထွက်ပေါ်လာပြန်ပြီဖြစ်သည်။

“ငါ့တပည့်တွေက အရမ်းရိုင်းစိုင်းလွန်းတော့ ငါ မထိန်းချုပ်နိုင်တော့ဘူး။ မင်းက ငါ့ကို ဘာလို့မကူညီပေးတာလဲ”

ယင်းရွှမ်ဇီက လက်ဖြန့်ကာ အကူအညီမဲ့နေဟန်ဖြင့် ပြောလိုက်သည်။ လင်းတုန်က ဤမျှ အစွမ်းထက်သော စွမ်းအားကို ပေါက်ကွဲထုတ်လွှတ်နိုင်လိမ့်မည်ဟု သူကိုယ်တိုင်လည်း မထင်မှတ်ထားသဖြင့် အလွန်အံ့ဩနေမိသည်။

လင်းတုန်အတွက် စိတ်မပူရန်နှင့် တိယွမ်ဇီက သူ့ကို မသတ်နိုင်ကြောင်း ဝူယွမ်က သူ့ကို လျှို့ဝှက်အသံဖြင့် ပြောထားပြီးဖြစ်သည်။

“ဒါဆို ငါတို့ရက်စက်တာကို အပြစ်မတင်နဲ့။ တိယွမ်ဇီ... သူတို့က သေချင်နေမှတော့ အားလုံးကို အတူတူရှင်းပစ်လိုက်ကြတာပေါ့”

ထျန်းယွမ်ဇီက အေးစက်စွာ ပြောလိုက်သည်။ ဤကောင်လေးသုံးယောက်က တိယွမ်ဇီကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။

“လိပ်နက်ဝိညာဉ်တံဆိပ်... အသက်သွင်းစမ်း”

လင်းတုန်၏ မျက်ခုံးကြားမှ ထူးဆန်းသော အမှတ်အသားတစ်ခုက အလင်းတန်းများ ထုတ်လွှတ်လာသည်။ တစ်ခဏအတွင်းမှာပင် လင်းတုန်၏ အငွေ့အသက်ကလည်း စတင် မြင့်တက်လာ‌ လသည်။

ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ရောက်ပြီးနောက် အဆုံးအစမဲ့သော ယွမ်စွမ်းအင်များနှင့် ပြီးပြည့်စုံသော ရွှေခေါင်းလောင်းခန္ဓာကိုယ်တို့ကြောင့် လင်းတုန်သည် ဝိညာဉ်တံဆိပ်၏စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီဖြစ်သည်။

မကြာမီမှာပင် လင်းတုန်၏အငွေ့အသက်က ရှောင်ယန်နှင့် အဆင့်တူလောက်အထိ ပေါက်ကွဲထွက်လာပြီး ဝင်စားခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်လာလေသည်။

ထို့ပြင် လင်းတုန်က ဝိညာဉ်တံဆိပ်ကိုအသုံးပြု၍ ပေါက်ကွဲထွက်လာခဲ့ခြင်းဖြစ်ရာ ရှောင်ယန်၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်မှုထက် ပိုမိုကြာရှည်ခံနိုင်သည်။

သူသည် အခြေခံအားဖြင့် လက်နက်ကိရိယာကို ငှားရမ်းအသုံးပြုနေခြင်းဖြစ်သည်။

“ဘိုးဘေးရူန်းတွေ... လောင်ကျွမ်းစမ်း”

တစ်ချိန်တည်းမှာပင် ရှောင်တျောင်းအသံမှာလည်း ဟိန်းထွက်လာသည်။ သူ၏ ဟိန်းဟောက်သံ ပျောက်ကွယ်သွားသည်နှင့် ရှုပ်ထွေးသောရူန်းများက သူ၏ လင်းနို့တောင်ပံများပေါ်တွင် ရုတ်တရက် လင်းလက်သွားလေသည်။

ဤရူန်းများသည် သွေးကြောများမှ ပေါင်းစပ်ဖွဲ့စည်းထားပုံရပြီး ဝေဝါးနေသော်လည်း အစွမ်းထက်သော စွမ်းအင်လှုပ်ရှားမှုတစ်ခုကို ဖျော့တော့စွာ ထုတ်လွှတ်နေသည်။

ရွှီး... ရွှီး...

ရှောင်တျောင်း၏ လင်းနို့တောင်ပံများမှ မီးနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ထိုဝေဝါးဝါး ရူန်းများသည် တစ်ခုပြီးတစ်ခု စတင်ပျောက်ကွယ်သွားကာ သွေးအဖြစ် ပြောင်းလဲသွားပြီး ရှောင်တျောင်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေသည်။

ထိုအချိန်တွင် ရှောင်တျောင်း၏ အငွေ့အသက်ကလည်း ရူးသွပ်စွာ မြင့်တက်လာပြီး အသက်ဆယ်ကြိမ်ရှူစာ အချိန်အတွင်းမှာပင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

ယခုအချိန်တွင် ရှောင်တျောင်း၏စွမ်းအားက သူ၏အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံရလေသည်။

သူသည် ဘိုးဘေးရူန်းများကို လောင်ကျွမ်းစေခြင်းဟု ခေါ်သော နည်းလမ်းကို အားကိုးထာူခြင်းဖြစ်သည်။

သူသည် ဝင်စားခြင်းအဆင့်သို့ အမှန်တကယ် မရောက်ရှိသေးသော်လည်း ကောင်းကင်မြွေပါ၏ အစွမ်းထက်သော မွေးရာပါစွမ်းရည်များဖြင့် ယခုအခါ ဝင်စားခြင်းအဆင့်ထက် မညံ့ဖျင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နေပြီဖြစ်သည်။

ရှောင်တျောင်း၏ အငွေ့အသက်က ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်နှင့်အမျှ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသော သူ၏ ဟိန်းဟောက်သံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေကာ ထပ်မံထွက်ပေါ်လာပြန်သည်။

ဧရာမအရိပ်ကြီးတစ်ခုက ကမ္ဘာခြားနတ်ဆိုးမြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကောင်းကင်ယံရှိ ဧရာမသတ္တဝါကြီးကို လူတိုင်း အံ့ဩထိတ်လန့်စွာ ကြည့်နေကြမိလေ၏။

ကောင်းကင်မြွေပါဟူသော နာမည်က တကယ်ကို နာမည်နှင့် လိုက်ဖက်လှသည်။

ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်က နေနှင့် လကိုပင် ဝါးမျိုမည့်အသွင်မျိုး အမှန်တကယ်ရှိနေသည်။

“ဘိုးဘေးရူန်းတွေကို လောင်ကျွမ်းစေတာပဲ... ဒါက ကောင်းကင်မြွေပါမျိုးနွယ်စုရဲ့ အသက်ကယ် နည်းလမ်းတစ်ခုပဲ။ ဒီကနေတစ်ဆင့် သူက ခဏတာ စွမ်းအားတွေ ပြန်လည်ရရှိလာပေမယ့် အဲဒီနောက်မှာတော့ တော်တော်လေးပြင်းထန်တဲ့ ဒဏ်ရာတွေရနိုင်ခြေရှိတယ်”

သရဲအိုကြီးချန်က ကောင်းကင်ယံရှိ ဧရာမအနက်ရောင်အရိပ်ကြီးကို ကြည့်ရင်း မျက်လုံးများမှေးကျဉ်းကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

တိယွမ်ဇီက ကောင်းကင်ယံအပြည့် ဖုံးလွှမ်းနေသော ခရမ်းနက်ရောင်တိမ်တိုက်များကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် လေးနက်မှုအချို့ ပေါ်လာခဲ့သည်။ သို့သော် ထို့နောက်တွင် သူက ခေါင်းယမ်းကာ ပြောလိုက်သည်။

“မင်းရဲ့ ဘိုးဘေးရူန်းတွေကို လောင်ကျွမ်းစေရင်တောင် မင်းက ငါ့ကိုမနိုင်နိုင်သေးဘူး...”

ကောင်းကင်ယံရှိ ပုံရိပ်သုံးခုကို လူတိုင်း အံ့ဩမှင်တက်စွာ ကြည့်နေကြလေသည်။ သူတို့သုံးဦးလုံး ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားများ အမှန်တကယ် ပေါက်ကွဲထွက်လာခဲ့ကြသည်။

“သူတို့ရဲ့ စွမ်းအားက လူငယ်ဘုရင်သုံးပါးနဲ့ အဆင့်တူလောက်ပဲ ရှိမယ်လို့ ငါ ထင်ခဲ့တာ။ အခုလို လူငယ်ဘုရင်သုံးပါးရဲ့ ဆရာနဲ့တောင် တိုက်နိုင်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး”

“လင်းတုန်က အရမ်းအစွမ်းထက်တာပဲ၊ အရင်က ဘာလို့ သတိမထားမိပါလိမ့်”

“အရမ်းအစွမ်းထက်တယ်၊ အရမ်းအစွမ်းထက်လွန်းတယ်၊ ဘာ လူငယ်ဘုရင်သုံးပါးလဲ။ သူတို့ရှေ့မှာဆို မြေးအရွယ်လောက်ပဲရှိမယ်”

“တိယွမ်ဇီ မျက်နှာမည်းမှောင်သွားပြီပဲ”

ယခုအချိန်တွင် ညီအစ်ကိုသုံးယောက်လုံးက သူတို့၏ အစ်ကိုကြီး စကားကို နားထောင်ကာ စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်လာကြပြီး သူတို့ စိတ်တိုင်းကျတိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။

အစ်ကိုကြီးက သူတို့၏ကျောထောက်နောက်ခံအဖြစ် ရှိနေသဖြင့် သူတို့ အလွန်စိတ်ချလက်ချ ရှိနေကြလေတော့သည်။

All Chapters