အခန်း (၄၆၉-၄၇၀)
Vol. 47 Ch. 469-470
အခန်း (၄၆၉) - ဒုတိယမြောက်သရဲ ၊ တခြားကြောင့်မဟုတ်၊ လက်ယဉ်နေလို့သာ ၊ တုန်လှုပ်ချောက်ချားဖွယ် ၊ မင်းတို့က မဟုတ်ကြဘူးလား
ဝုန်း
ထိုမှန်တင်ခုံမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
ခဏမျှ ခုခံသည့်အနေဖြင့် သရဲမျက်နှာတစ်ခုကို ဖော်ပြလိုက်သော်လည်း၊ မင်ရောင်စွမ်းအင်စီးကြောင်းများအောက်တွင် လုံးဝဥဿုံ ပျောက်ကွယ်သွားရရှာသည်။
"နောက်ထပ် သရဲတစ်ကောင် ရှိနေသေးတာပဲ "
အခန်းထဲရှိ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤအခန်းနံပါတ် (၈) ထဲတွင် သရဲနှစ်ကောင် တောင်ရှိနေလိမ့်မည်ဟု ကျိချင်းဘုန်းကြီးလည်း ထင်မထားခဲ့ပေ။
သူသည် ရုတ်တရက်ပင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
အမလေး... ငါ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုများ အသက်ရှင်ခဲ့တာပါလိမ့်
လီယန်ချူသည် မှန်တင်ခုံထဲမှ ဒုတိယမြောက်သရဲကို ခြေမှုန်းပြီးနောက် သူ၏ ဝိညာဉ်ပုံရိပ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာမူ ထပ်မံတိုးပွားလာခြင်း မရှိတော့ပေ။
ကြည့်ရသည်မှာ အကန့်အသတ်တစ်ခုသို့ ရောက်ရှိသွားပုံရသည်။
"တာအိုဆရာ... ဒါက တကယ်တော့ ဘယ်လိုဖြစ်တာလဲ "
ကျိချင်းဘုန်းကြီးက မေးမြန်းလိုက်သည်။
အခန်းထဲတွင် ဒုတိယမြောက်သရဲ ပုန်းကွယ်နေသည်ကို သိရှိရန်နှင့် တိကျမှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ရန်အတွက် မည်မျှအထိ ထက်မြက်သော ဦးနှောက်နှင့် တည်ငြိမ်သော ခွဲခြမ်းစိတ်ဖြာမှုမျိုး လိုအပ်မည်နည်း။
ကျိချင်းဘုန်းကြီးသည် ချက်ချင်းပင် နားလည်သွားသည်။
လူစကားပြောသံကြားလျှင် တိုက်ခိုက်သည်မှာ နားရွက်ကြီးသရဲဖြစ်ပြီး၊ လူကို အပြင်ထွက်ခွင့်မပေးဘဲ တားဆီးထားသည်မှာ မှန်တင်ခုံထဲက သရဲဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ စောစောက အကယ်၍ သူသာ နားရွက်ကြီးသရဲ ဝိညာဉ်လွင့်သွားပြီအထင်နှင့် အန္တရာယ်ကင်းပြီဟုမှတ်ကာ ထိုအခန်းထဲမှ ဇွတ်ထွက်ရန် ကြိုးစားခဲ့ပါက၊ မှန်တင်ခုံထဲက မိစ္ဆာ၏ တိုက်ခိုက်မှုကို ခံရပြီး ထိုအချိန်မှာတင် အသက်ပျောက်သွားနိုင်ပေသည်။
ကျိချင်းဘုန်းကြီးမှာ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း လီယန်ချူအပေါ်ထားရှိသော ကြည်ညိုလေးစားစိတ်မှာ တရိပ်ရိပ် မြင့်တက်လာတော့သည်။
ငါ့ကို အဲ့ဒီလို မျက်လုံးမျိုးနဲ့ လာမကြည့်ပါနဲ့၊ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။
တည်ငြိမ်တဲ့ ခွဲခြမ်းစိတ်ဖြာမှုကြောင့် မဟုတ်ဘဲ စောစောက ကျင့်စဉ်မျက်လုံးနဲ့ တိုက်ရိုက်မြင်လိုက်ရလို့ပါ ဟု လီယန်ချူက စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် ကျိချင်းဘုန်းကြီးကို ကြည့်ကာ အသာအယာ ပြုံးပြရင်း
"တခြားကြောင့် မဟုတ်ပါဘူး၊ လက်ယဉ်နေလို့ပါ"
ဟု ခပ်တည်တည်ပင် ဆိုလိုက်သည်။
ထိုစကားတစ်ခွန်းမှာ ကျန်းဝေနှင့် ကျိချင်းဘုန်းကြီးတို့၏ စိတ်ကို အကြီးအကျယ် လှုပ်ခတ်သွားစေသည်။
မိစ္ဆာပေါင်းများစွာကို သတ်ဖြတ်ခဲ့လွန်းလို့ ရရှိလာတဲ့ အတွေ့အကြုံကြောင့် ဒီလိုသိနေတာလား။
ကျိချင်းဘုန်းကြီးမှာတော့ တရားရသွားလေပြီ
ငါ မိစ္ဆာသတ်တာ မများသေးလို့ပဲ၊ ငါ ပိုပြီး ကြိုးစားရမယ်
သူသည် ရုန်းကန်ထိုင်လိုက်ရင်း လီယန်ချူကို ဦးညွှတ်အလေးပြုလိုက်သည်။
"တပည့်တော် ကျိချင်းပါ၊ လမ်းညွှန်ပေးတဲ့အတွက် တာအိုဆရာကို ကျေးဇူးအထူးတင်ပါတယ်"
ဟု အလွန်အမင်း ရိုသေသမှုဖြင့် ပြောကြားလေသည်။
ကျင့်ကြံသူများအတွက်၊ အထူးသဖြင့် ဉာဏ်အလင်းပွင့်လွယ်သော ကျင့်ကြံသူများအတွက်မူ၊ စီနီယာကြီးများ၏ မတော်တဆ ပြောလိုက်သော စကားတစ်ခွန်းမှာပင် သူတို့၏ ကျင့်စဉ်အဆင့် တက်လှမ်းရန်အတွက် အကြီးအကျယ် လှုပ်ခတ်မှု ဖြစ်စေနိုင်သည်။
ယခုအခါ လီယန်ချူမှာ ကျိချင်းဘုန်းကြီး၏ စိတ်ထဲတွင် ထိုကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်ရှိသွားပြီး ပုံရိပ်မှာလည်း တစ်ခဏချင်းမှာပင် မြင့်မြတ်ကြီးကျယ်သွားတော့သည်။
သူတို့ သုံးဦးမှာ အခန်းနံပါတ် (၈) အတွင်းသို့ တိုက်ရိုက်ဝင်လိုက်ကြပြီးနောက် လီယန်ချူက တံခါးကို ပိတ်လိုက်သည်။
"ဒီနေရာက သရဲတွေကို သုတ်သင်ပြီးပြီဆိုတော့ ခေတ္တခဏ အန္တရာယ်ကင်းတယ်၊ နည်းနည်းလောက် အနားယူလို့ရတယ်"
တကယ်ကို... တကယ်ကိုပဲ
စီနီယာချောင်ချောင်က တကယ့်ကို စိတ်ထားနူးညံ့သိတတ်လွန်းပါဘိ။
ကျန်းဝေ၏ ကြည်ညိုစိတ်မှာလည်း ဒီလှိုင်းလုံးကြီးများကဲ့သို့ တားမရ ဆီးမရ ဖြစ်နေတော့သည်။
"မင်း ကျန်းဝေကို ကယ်ထုတ်ပြီးတဲ့နောက် တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ "
ဟု လီယန်ချူက မေးလိုက်သည်။
"ကျုပ်ရဲ့ ဗုဒ္ဓဘာသာ စိပ်ပုတီးကို ဖောက်ခွဲပစ်လိုက်ပြီး အသက်ရှင်ဖို့ အခွင့်အရေး တစ်စွန်းတစ်စကို လုယူခဲ့ရတာပါ။ ဒါပေမဲ့ နာရေးပိုင်းထဲက ဖြူဖျော့တဲ့ လက်မောင်းက ကျုပ်ကို သတ်ဖို့ အနောက်ကနေ အတင်းလိုက်နေတုန်းပဲ။ မတတ်သာတဲ့အဆုံး ဒီအခန်းနံပါတ် (၈) ထဲကို ဇွတ်တိုးဝင်လာခဲ့တာ။ ထူးဆန်းတာက အဲ့ဒီလက်မောင်းကြီးက အခန်းထဲကို လိုက်မလာဘဲ ရုတ်တရက် ရပ်တန့်သွားတယ်။ ပြီးတော့ ပူလောင်နေတဲ့ သံချောင်းကို ထိမိသလိုမျိုး ချက်ချင်းပဲ အနောက်ကို ပြန်ဆုတ်သွားတာ။ ပြောရရင် ကျုပ်က အခန်းနံပါတ် (၈) ထဲက သရဲကို အကာအကွယ်ယူပြီး အဲ့ဒီနာရေးပိုင်းသရဲကို နှိမ်နင်းရင်း အခုထိ အသက်ဆက်ခဲ့ရတာပါ"
ဟု ကျိချင်းဘုန်းကြီးက ထိတ်လန့်စရာ အတွေ့အကြုံကို ပြန်ပြောပြသည်။
"နေပါဦး၊ ဒါဆို မင်းက ဒီသရဲရဲ့ သတ်ဖြတ်ခြင်းစည်းမျဉ်းနဲ့ တခြားအကြောင်းအရာတွေကို ဘယ်လိုလုပ် သိနေတာလဲ "
ကျိချင်းဘုန်းကြီးသည် ရင်ဘတ်ထဲမှ ဝါကျင့်ကျင့် စာရွက်ဟောင်းတစ်ရွက်ကို ထုတ်ပေးလိုက်သည်။
၎င်းပေါ်တွင် ရှုပ်ထွေးလှသော လက်ရေးဖြင့် စကားအချို့ ရေးသားထားသည်။
အဓိပ္ပာယ်မှာ ဤမှန်တင်ခုံနှင့် ဝေးဝေးနေရန်၊ စကားမပြောရန် လုံးဝ မပြောရန် အခန်းထဲသို့ ဝင်လာသူမှာ ထပ်မံထွက်ခွာ၍ မရတော့ကြောင်း နောက်ဆုံးတွင် ရေးသားထားသည်။
လီယန်ချူသည် ထိုစာရွက်ကို သေချာကြည့်လိုက်သော်လည်း ၎င်းမှာ ဟောင်းလွန်းသည်ဟုလည်း မဆိုနိုင်၊ အသစ်ဟုလည်း မဆိုနိုင်သဖြင့် မည်သည့်ခေတ်က အရာဖြစ်ကြောင်း ခန့်မှန်းရ ခက်နေသည်။
သူသည် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ
"လျူကျွင်း၊ ဒါက မင်းအဘိုး ဒါမှမဟုတ် မင်းအဖေရဲ့ လက်ရေး ဟုတ်မဟုတ် ကြည့်ပေးပါဦး"
ဟု မေးလိုက်သည်။
လျူကျွင်းသည် စာရွက်ကို ယူကြည့်ပြီးနောက် ခေါင်းကို ခပ်ဖြည်းဖြည်း ခါယမ်းပြလိုက်သည်။
"ဒီပစ္စည်းက အန္တရာယ်ကြုံနေချိန်မှာ တကယ့် ရတနာပဲဗျာ"
ဟု ကျန်းဝေက မှတ်ချက်ပေးသည်။
"ကျိချင်းဘုန်းကြီး... မင်း ဒီမြို့ထဲမှာ တခြားလူတွေ တွေ့သေးလား "
လီယန်ချူက ဆက်မေးသည်။
ကျိချင်းဘုန်းကြီးက ခေါင်းညိတ်ပြရင်း
"အင်း... ယင်ယန်ဆရာ ပုံစံ ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို တွေ့တယ်။ သူ့နောက်မှာ ယောကျ်ားမဟုတ် မိန်းမမဟုတ်တဲ့ ထူးဆန်းတဲ့ မိစ္ဆာလူသားတစ်ယောက်လည်း ပါသေးတယ်၊ ကြည့်ရတာ အရမ်းကို ခြောက်ခြားစရာ ကောင်းတာပဲ။ သူတို့တွေ မြို့ရဲ့ နောက်ဘက်ပိုင်းကို ဦးတည်သွားနေကြတာ"
"ဒါတင်မကသေးဘူး၊ ကျုပ်ချောင်းကြည့်လိုက်တော့ နန်းတွင်းသူ ဝတ်စုံနဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်ကလည်း အဲ့ဒီလူနှစ်ယောက်နောက်ကို တိတ်တဆိတ် လိုက်သွားတာကို တွေ့ခဲ့တယ်"
ကျိချင်းဘုန်းကြီးက ဤမျှအထိ မြင်တွေ့ခဲ့ရလိမ့်မည်ဟု လီယန်ချူ ထင်မထားသဖြင့် ခေါင်းညိတ်လိုက်သည်။
ပြဿနာတစ်ခုမှာ ထိုလူများသည် ထိုနက်နဲသော မြို့ကလေးတွင် မူလကတည်းက ရှိနေသည့် မိစ္ဆာများလား၊ သို့မဟုတ် နောက်မှ မှားယွင်းဝင်ရောက်လာသူများလား ဆိုသည်ပင်။
"နှမြောစရာကောင်းတာက ကျုပ်ရဲ့ ဗုဒ္ဓဘာသာ စိပ်ပုတီးသာ အစွမ်းမကုန်သေးရင် တာအိုဆရာကို အခုထက် ပိုကူညီပေးနိုင်မှာပါ"
ဟု ကျိချင်းဘုန်းကြီးက လေးနက်သော အသံဖြင့် ဆိုသည်။
"မင်းရဲ့ စိပ်ပုတီးကို ဘယ်က ရခဲ့တာလဲ "
"အခန်းနံပါတ် (၁) ကပါ။ အဲ့ဒီမှာ ဘုန်းကြီးတစ်ပါးရဲ့ အလောင်းလည်း ရှိနေသေးတယ်၊ သူ့ခေါင်းတစ်ခြမ်းလုံး အကိုက်ခံထားရတာ။ ဒါပေမဲ့ အဲ့ဒီဘုန်းကြီးက အဲ့ဒီအခန်းထဲက သရဲကို အောင်မြင်အောင် ချိပ်ပိတ်သွားနိုင်ခဲ့ပုံရတယ်၊ ကျုပ် အခန်း (၁) ထဲမှာ ဘာအန္တရာယ်မှ မခံစားရဘူး"
ကျိချင်းဘုန်းကြီး၏ မျက်နှာတွင် ဝမ်းနည်းမှုအနည်းငယ် ပေါ်ပေါက်လာသည်။
တရားချင်းတူသော ရဟန်းတစ်ပါး ရက်စက်စွာ သတ်ဖြတ်ခံထားရသည်ကို မြင်ရသဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ကာ ဝမ်းနည်းနေပုံရသည်။
"အဲ့ဒါ ငါတို့ရှာနေတဲ့ လူသုံးယောက်ထဲက တစ်ယောက်လား "
"မဟုတ်ပါဘူး"
ကျိချင်းဘုန်းကြီးက ခေါင်းခါပြသည်။
ပျောက်ဆုံးနေသော မိစ္ဆာနှိမ်နင်းသူ သုံးဦးမှာ ဗုဒ္ဓဘာသာဝင် နှစ်ဦးနှင့် တာအိုဆရာ တစ်ဦးဖြစ်သည်။
သူတို့သည် ထိုသူတို့၏ ပုံတူများကို မြင်ဖူးထားကြရာ၊ အခန်း (၁) က ဘုန်းကြီးမှာ ခေါင်းတစ်ခြမ်း ပျက်စီးနေသော်လည်း ပုံပန်းသဏ္ဍာန်မှာ ရှာနေသူ မဟုတ်ကြောင်း ခွဲခြားနိုင်သည်။
လီယန်ချူက ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ မှန်ကန်ပေသည်။
ထိုဘုန်းကြီးမှာ သူတို့ရှာနေသူ မဟုတ်နိုင်ပေ။
အကြောင်းမှာ သူတို့၏ စွမ်းအားနှင့် လက်နက်များမှာ ထိုနေရာသို့ ယူဆောင်လာ၍ မရသောကြောင့်ပင်။
"နှမြောစရာကောင်းတာက ငါတို့ရဲ့ ကျင့်စဉ်တွေ အကုန်ပျောက်ကုန်ပြီး ဒီမြို့ရဲ့ စည်းမျဉ်းကို လိုက်နာနေရတာပဲ၊ မဟုတ်ရင် ကျုပ် ဒီမြို့တစ်ခုလုံးကို ဇောက်ထိုးလှန်ပစ်လိုက်ပြီ"
ဟု ကျိချင်းဘုန်းကြီးက ဒေါသတကြီး ဆိုသည်။
"ဒါပေါ့ဗျာ... ကျင့်စဉ်တွေလည်း မရှိ၊ လက်နက်တွေလည်း မရှိဘဲ ဘာလုပ်ရမှန်းကို မသိတော့ဘူး"
ဟု ကျန်းဝေကလည်း ထောက်ခံလိုက်သည်။
ရုတ်တရက်
ထိုနှစ်ဦးစလုံးမှာ တစ်ခုခုကို သတိရသွားဟန်ဖြင့် လည်ပင်းများ တောင့်တင်းလျက် လီယန်ချူဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကြသည်။
"တာအိုဆရာ... ခင်ဗျားကျတော့ ဘာလို့ ကျင့်စဉ်စွမ်းအားတွေ ရှိနေတာလဲ "
ကျိချင်းဘုန်းကြီးက အံ့ဩတကြီး မေးလိုက်သည်။
ဟုတ်သည်လေ၊ အားလုံးက ထိုထူးဆန်းသော မြို့ကလေးထဲကို အတူတူ ဝင်လာကြတာပဲ၊ ဘာလို့ ခင်ဗျားကျမှ ကျင့်စဉ်တွေ ပါလာရတာလဲ ကျန်းဝေကလည်း နားစွင့်နေတော့သည်။
"မိစ္ဆာတွေကို သတ်ရင် အဆင့်တစ်ခုချင်းစီ ပြန်ရတာပဲလေ၊ တစ်ကောင်သတ်ရင် အဆင့်ငယ်တစ်ခု ပြန်ရတယ်"
ဟု လီယန်ချူက ပြောလိုက်သည်။
နောင်တွင် ထိုနှစ်ယောက်လည်း သရဲသတ်ခွင့်ရလျှင် ဤလျှို့ဝှက်ချက်ကို သိသွားကြမည်ဖြစ်ရာ ကြိုပြောထားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ထို့ပြင် သူတို့မှာ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သဖြင့် ဖုံးကွယ်ထားစရာ မလိုပေ။
သို့သော် ဤစကားကို ကြားသည်နှင့် ကျိချင်းဘုန်းကြီးက ချက်ချင်းပင် ငြင်းဆိုလိုက်တော့သည်။
"ဒါ လုံးဝ မဖြစ်နိုင်ဘူး! ကျုပ်လည်း ကျင့်စဉ်တွေ ပျောက်သွားတာပဲ၊ ဒါပေမဲ့ ဗုဒ္ဓဘာသာ စိပ်ပုတီးနဲ့ သရဲငယ်တစ်ကောင်ကို သတ်ခဲ့ဖူးတယ်၊ ဘာလို့ ဘာခံစားချက်မှ မရှိရတာလဲ "
"အမ်"
ဒီတစ်ကြိမ်တွင်မူ လီယန်ချူ အံ့ဩသွားရသည်။
အားလုံးမှာလည်း သူ့လိုပဲဟု သူထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သူတို့တွေက မိစ္ဆာသတ်ပေမဲ့ စွမ်းအားတွေ ပြန်မရကြဘူးလား။
အခန်း (၄၇၀) - ထွားကျိုင်းသောသတ္တဝါ၊ နာရေးဝတ်စုံနှင့် အမျိုးသမီး၊ ပန်းထိုးဖိနပ်နှင့် အဘွားအို၊ ခေါင်းကြီးကလေးသရဲ၊ နှင့် စားသောက်ဆိုင်ပိုင်ရှင် ပေါ်လာခြင်း
"တာအိုဆရာ ခွင့်လွှတ်ပါ။ စောစောက ကျုပ် စကားမှားသွားပါတယ်။ တကယ်တော့ ဒါမျိုးကို မမေးသင့်မှန်း သိပေမဲ့၊ ကျုပ်တို့ ဒီကနေ လွတ်မြောက်နိုင်ဖို့က ဒီအချက်ပေါ်မှာ မူတည်နေတာမို့၊ မျက်နှာပြောင်တိုက်ပြီးတော့ပဲ ကျင့်စဉ်တွေ ပြန်ရယူနိုင်မယ့် နည်းလမ်းကို လမ်းညွှန်ပေးဖို့ တောင်းဆိုရတာပါ"
"ငါ ပြောပြီးပြီပဲလေ... မိစ္ဆာတစ်ကောင်ကို သတ်ရင် အဆင့်ငယ်တစ်ခု တက်တာပဲ၊ အရမ်းမြန်တယ် "
လီယန်ချူက ဆိုလိုက်သည်။
သူသည်လည်း တကယ်ပင် အံ့ဩမိသွားသည်။
မူလက ၎င်းမှာ ဖုံးကွယ်ထားသော bug တစ်ခု သို့မဟုတ် ဂိမ်းကစားရာတွင် မှန်ကန်သော လမ်းညွှန်ချက် တစ်ခုကို သူတစ်ယောက်တည်း လက်ဝယ်ပိုင်ဆိုင်ထားသည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
သူသည် ဝီရိယရှိရှိဖြင့် အဆင့်မြှင့်တင်ကာ အနာဂတ်တွင် ကျွမ်းကျင်မှုပိုင်းကို အသားပေးမည့် Technical Flow ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် ရည်မှန်းခဲ့သည်။
သို့သော် ထိုနက်နဲသော မြို့ကလေးအတွင်း သူသိကျွမ်းသမျှ လူများထဲတွင် သူတစ်ဦးတည်းသာ ဤမျှအထိ ထူးခြားနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူသည် ကျိချင်းဘုန်းကြီးထံမှ အခြေအနေများကို အနည်းငယ် မေးမြန်းကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် အကြမ်းဖျင်း သဘောပေါက်သွားတော့သည်။
"ကဲ... သွားကြစို့၊ အခန်းနံပါတ် (၅) ထဲမှာ ဘယ်သူက ညည်းညူနေတာလဲဆိုတာ အရင်သွားကြည့်ရအောင်"
လီယန်ချူက ပြုံးလျက် ပြောလိုက်ပြီးနောက်
ဗုန်း
ရင်းနှီးနေကျဖြစ်သော ပေါက်ကွဲအားပြင်းလှသည့် ကန်ချက်တစ်ခုဖြင့် အခန်းနံပါတ် (၅) တံခါးကို ဖွင့်ချလိုက်သည်။
အခန်းထဲတွင် ပါးလွှာသော ပိုးသားဝတ်စုံကို ဆင်မြန်းထားပြီး၊ သွယ်လျလှပသော ခန္ဓာကိုယ်အချိုးအစားရှိသည့် အမျိုးသမီးတစ်ဦးမှာ ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေသည်။
အဖြူရောင်ဖယောင်းတိုင် တစ်တိုင်မှာ ဖြည်းညှင်းစွာ လောင်ကျွမ်းနေပြီး၊ ဖယောင်းတိုင်မီးမှာ ထူးဆန်းစွာပင် အလွန်တောက်ပနေသည်။
ခန့်ညားထည်ဝါသော ပုံစံရှိသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးမှာမူ ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက် အသက်ငင်နေသည်။
အချိန်မရွေး ထွက်သက်ချုပ်သွားနိုင်သည့် ပုံစံပင်။
သို့သော် ထိုသူမှာလည်း ကိုယ်လုံးတီးဖြစ်နေပြီး ခါးတွင် အဆီပိုတစ်စွန်းတစ်စမျှ မရှိဘဲ ကြွက်သားများမှာ တင်းမာကာ ပေါက်ကွဲအားပြင်းမည့် ပုံစံမျိုး ရှိနေသော်လည်း၊ ယခုမြင်ကွဲမှာ ဘယ်လိုကြည့်ကြည့် ထူးဆန်းနေပြီး လိုက်ဖက်မှု မရှိလှပေ။
အပြင်ကနေ ဝင်လာတဲ့ ကျင့်ကြံသူတွေ တိုက်ခိုက်ခံရပြီး ဒီမှာ ပုန်းနေတာလား၊ ဒါမှမဟုတ် ဒီမြို့က မူလနေထိုင်သူတွေလား လီယန်ချူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။
သူသည် ကျင့်စဉ်မျက်လုံးဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက်၊ အခန်းနံပါတ် (၅) မှ အလွန်ပင် ပြတ်သားစွာ ပြန်ထွက်လာခဲ့သည်။
"ဒီနေရာက အတော်လေး စိတ်ဝင်စားဖို့ ကောင်းပုံရတယ်"
ဟု လီယန်ချူ စိတ်ထဲမှ တွေးလိုက်မိသည်။
ဗီလိန်နှင့် အတူဆုံးဟု ထင်ရသောသူမှာ လူကောင်းဖြစ်နေပြီး၊ အန္တရာယ်အကင်းဆုံးဟု ထင်ရသော နေရာမှာမူ ပထမဆုံး ပြဿနာတက်သည့် နေရာဖြစ်နေသည်။
ဒီမြို့ကလေးက တကယ်တော့ ဘာဖြစ်နေတာလဲ
သူတို့ လေးဦး လူသွားလမ်းသို့ ရောက်သောအခါ၊ ရုတ်တရက် အလင်းရောင်မှာ ပိုမိုမှိန်ဖျော့သွားပြီး ကောင်းကင်ကြီး တစ်ခဏချင်း မှောင်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
မျက်နှာသွင်ပြင် မပီပြင်သော ထွားကျိုင်းသည့် သတ္တဝါကြီးတစ်ကောင်မှာ တည်းခိုခန်း၏ လူသွားလမ်းအလယ်တွင် ရပ်နေသည်။
အေးစက်လှသော၊ အားကောင်းလှသော ဖိအားပေးမှုကြီးမှာ တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။
ထိုထွားကျိုင်းသော သတ္တဝါ၏ မျက်လုံးတစ်စုံမှာ သွေးကဲ့သို့ နီရဲနေပြီး၊ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ တောက်လောင်နေသည်။
"ဝေါင်း"
ဟိန်းဟောက်သံကြီးမှာ ကမ္ဘာပျက်မတတ် ဟိန်းထွက်သွားပြီး တည်းခိုခန်းတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားရသည်။
လီယန်ချူမှာမူ ဦးနှောက်ကို တုန်ခါသွားစေသည့် ထိုဟိန်းဟောက်သံကြောင့် ထိတ်လန့်မသွားဘဲ၊ ဘေးပတ်ပတ်လည်ရှိ အခန်းများကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။
အခန်းနံပါတ် (၁) တံခါးမှာ ပွင့်နေသည်ကို သူ တွေ့လိုက်ရသည်။
"ကျိချင်းဘုန်းကြီး... ဒီလူကို ကြည့်ရတာ မျက်မှန်းတန်းမိလား "
လီယန်ချူက မေးလိုက်သည်။
ကျိချင်းဘုန်းကြီးမှာ သူ၏ စံပြပုဂ္ဂိုလ်က သူ့အား အကြံဉာဏ်တောင်းနေသဖြင့် စိတ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်သည်။
သူသည် ထိုထွားကျိုင်းလှသော သတ္တဝါကြီး၏ မျက်နှာကို သေချာစိုက်ကြည့်ပြီးနောက် အလန့်တကြား ရေရွတ်မိသွားသည်။
"ဒါ... ဒါက ဟိုတာအိုဆရာပဲ "
သူသည် ဗုဒ္ဓဘာသာ၏ နတ်မျက်စိ တန်ခိုးကို ကျင့်ကြံထားသူဖြစ်သဖြင့် အရာအချို့ကို မှတ်မိနိုင်စွမ်း အလွန်မြင့်မားလှသည်။
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
ဒါက တကယ်တော့ ဘယ်လိုဖြစ်ရတာလဲ ဤကြောက်မက်ဖွယ်ကောင်းသော အသားတောင်ကြီး ကဲ့သို့ သတ္တဝါကြီးက ဘယ်ကနေ ရောက်လာတာလဲ။
ကျိချင်းဘုန်းကြီး၏ စိတ်ထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ပေါ်ပေါက်လာပြီး၊ အင်အားကြီးမားပုံရသော ထိုသတ္တဝါကြီးကို ယှဉ်ပြိုင်လိုသော်လည်း၊ ဤနေရာတွင် သူသည် အားနည်းလှသော ခွေးသူခိုးတစ်ကောင်ကဲ့သို့ ဖြစ်နေသဖြင့် ဘာမှမကူညီနိုင်ဘဲ ထိုအသားတောင်ကြီးကို ရင်ဆိုင်ဖို့ဆိုသည်မှာ ဝေးလွန်းလှသည်။
ကံကောင်းထောက်မစွာဖြင့် လီယန်ချူက စံပြနမူနာအဖြစ် ရှိနေသဖြင့် အားလုံးအတွက် စိတ်ဓာတ်ခွန်အား ရရှိနေစေသည်။
ကယ်ဆယ်ခံရသူ သုံးဦးလုံးမှာ လီယန်ချူကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေကြပြီး တစ်ခုခု မှားယွင်းသွားမည်ကို ကြောက်လန့်နေကြသည်။
လီယန်ချူမှာမူ လျင်မြန်ဖြတ်လတ်စွာဖြင့် အခန်းတံခါးများကို တစ်ခုပြီးတစ်ခု အမြန်ဖွင့်ချလိုက်တော့သည်။
သူသည် အခန်းထဲသို့ တစ်ချက်ချင်း လှမ်းကြည့်လိုက်ရာ...
ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည့် နာရေးဝတ်စုံဝတ် အမျိုးသမီးကြီးတစ်ဦး၊ ပန်းထိုးဖိနပ်နှင့် အဘွားအိုတစ်ဦး၊ နံရံတွင် ချိတ်ဆွဲထားသည့် အသက်ရှည်နတ်မင်း ပုံတူပန်းချီကားတစ်ချပ်၊ ထို့ပြင် ဦးခေါင်းမှာ စည်ပိုင်းတစ်ခုစာခန့် ကြီးမားနေသည့် ကလေးငယ်တစ်ဦးနှင့် အသားအရည် ညိုမည်းနေသည့် မိစ္ဆာရင်သွေးတို့ကို တွေ့လိုက်ရသည်။
၎င်းတို့မှာ ထိုနက်နဲသော တည်းခိုခန်း၏ ဧည့်သည်များပင် ဖြစ်သည်။
သူ၏ ထိုလုပ်ရပ်ကြောင့် ကျိချင်းဘုန်းကြီးတို့ သုံးဦးမှာ အကြီးအကျယ် လန့်ဖျန့်သွားကြတော့သည်။
ဦးရေပြားများ ထုံကျင်ကာ ခြေဖျားလက်ဖျားများ အေးစက်ကုန်သည်။
ဒါက မြန်မြန်မသေမှာ စိုးလို့ သရဲတွေ အကုန်လုံးကို အပြင်ထုတ်ပေးလိုက်တာလား
တစ်ခဏချင်းမှာပင် အေးစက်သော လေပြင်းများ တိုက်ခတ်လာပြီး အခန်းတိုင်းမှ ကျိန်စာသင့်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
စောစောက အခန်းနံပါတ် (၅) ထဲမှ သေအံ့ဆဲဆဲ အသက်လတ်ပိုင်း အမျိုးသားနှင့် ပိုးသားဝတ်စုံဝတ် အမျိုးသမီးတို့၏ အပြုံးမှာလည်း ထူးဆန်းစွာ ပြောင်းလဲသွားပြီး တံခါးအပြင်ဘက်သို့ အေးစက်စွာ စိုက်ကြည့်လာကြသည်။
ထိုမြင်ကွင်းကို ကျိချင်းဘုန်းကြီး သတိပြုမိသွားကာ ဒီလူနှစ်ယောက်ကလည်း သရဲတွေပဲလားသူ၏ စိတ်ထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။
ဒီတည်းခိုခန်းမှာ လူအစစ် တစ်ယောက်မှ မရှိတော့ဘူးလား ဘာလို့ ဧည့်သည်တိုင်းမှာ ပြဿနာရှိနေရတာလဲ။
"ဂါးး"
ထိုထွားကျိုင်းသော သတ္တဝါကြီးမှာ ဒေါသတကြီး ဟိန်းဟောက်ကာ အရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ၊ အခန်းတစ်ခုလုံး တုန်ခါသွားတော့သည်။
ဗုန်း ဗုန်း ဗုန်း
အချက်ပေးသံတစ်ခုကဲ့သို့ပင် တစ်ခဏချင်းမှာပင် မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းသွားပြီး ထူးဆန်းသော မိစ္ဆာများမှာ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်မိကုန်ကြသည်။
၎င်းတို့မှာ ကျိချင်းဘုန်းကြီးတို့ ထင်သကဲ့သို့ အားလုံးစုပေါင်းကာ သူတို့ကို တိုက်ခိုက်ခြင်းမျိုး မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် ထိုဧည့်သည်များ (သရဲများ) မှာ တစ်ကောင်နှင့်တစ်ကောင် အပြင်းအထန် သတ်ဖြတ်နေကြပြီး၊ အချို့မှာ ထိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးဆီသို့ပင် ပြေးကပ်သွားကြသည်။
ငါ ထင်တဲ့အတိုင်းပဲ... ဒီမှာရှိတဲ့ မိစ္ဆာတွေကြားမှာလည်း တစ်ကောင်ကိုတစ်ကောင် ဝါးမြိုတဲ့ ဆက်ဆံရေး ရှိနေတာပဲ ဟု လီယန်ချူ စိတ်ထဲမှ ဆိုလိုက်သည်။
အကယ်၍ ထိုသို့သာ မဟုတ်ပါက၊ နာရေးပိုင်းသရဲသည် အခန်းထဲတွင် ပိတ်မိနေသော ကျိချင်းဘုန်းကြီးကို ချက်ချင်း ဆွဲဖြဲပစ်လိုက်မည် သို့မဟုတ် နားရွက်ကြီးသရဲနှင့် ဝေမျှစားသောက်လိုက်မည် ဖြစ်သည်။
သို့သော် ထိုသို့မဖြစ်ဘဲ သူသည် အကြောက်အလန့်တကြားဖြင့် ပြန်ဆုတ်သွားခဲ့သည်။
တစ်ခုခုကို ကြောက်လန့်နေသကဲ့သို့ပင်
လီယန်ချူ ခန့်မှန်းထားသည့်အတိုင်း ထိုမိစ္ဆာများကြားတွင် သဟဇာတမဖြစ်ကြဘဲ၊ တစ်ခါတစ်ရံတွင် သူတို့အချင်းချင်းကြားရှိ ပဋိပက္ခမှာ သူတို့ကဲ့သို့သော လူသားများကို သတ်ဖြတ်လိုစိတ်ထက်ပင် ပိုမိုမြင့်မားနေတတ်သည်။
သူသည် ခေါင်းကြီးကလေးသရဲကို တိုက်ရိုက် မရင်ဆိုင်သေးပေ။
ရှေးစကားအတိုင်း အရက်စက်ဆုံးမှာ ကလေးသရဲ ဆိုသကဲ့သို့ ထိုကဲ့သို့ ရန်ငြိုးကြီးမားလှသော ကလေးသရဲမျိုးမှာ အလွန်ပင် ခက်ခဲလှသည်။
"ချုပ်စမ်း"
သူက လက်ညှိုးဖြင့် အသာအယာ တို့လိုက်ရာ၊ ထိုခေါင်းကြီးကလေးသရဲမှာ ချုပ်နှောင်ခြင်း အတတ်ဖြင့် ချုပ်နှောင်ခံလိုက်ရပြီး မလှုပ်နိုင်တော့ပေ။
ထိုအချိန်တွင် ပန်းထိုးဖိနပ်ကို ကိုင်ထားသည့် အဘွားအိုမှာ ငိုက်ခနဲ ခုန်တက်လာပြီး ကလေးသရဲ၏ လည်ပင်းကို ကိုက်ခဲလိုက်တော့သည်။
ခရန်း ခရန်း
အရိုးနှင့် အသားများကို ဝါးစားသံမှာ အတိုင်းသား ကြားနေရသည်။
လီယန်ချူမှာမူ ထိုအချိန်တွင် ကျန်းဝေနှင့် လျူကျွင်းတို့ သုံးဦးကို ခေါ်ဆောင်ကာ အောက်ထပ်သို့ ပြန်ဆုတ်လာခဲ့သည်။
အခန်းတံခါးများ ဖွင့်ကြည့်စဉ်က သူတို့ရှာနေသော လူသုံးဦး၏ အရိပ်အယောင်မျှပင် မတွေ့ခဲ့ရပေ။
ကျင့်စဉ်မျက်လုံး၏ အကူအညီဖြင့် ထိုဧည့်သည်များထဲတွင် လူသားတစ်ဦးမျှ မပါဘဲ အားလုံးမှာ သရဲများဖြစ်ကြောင်း သူသေချာ မြင်ခဲ့ရသည်။
ထို့ကြောင့် သူသည် လောင်းကြေးထပ်ကာ သရဲအားလုံးကို အပြင်ထုတ်ပြီး အချင်းချင်း တိုက်ခိုက်စေခဲ့ခြင်း ဖြစ်သည်။
သူတို့သည် အောက်ထပ်သို့ အဆင်ပြေစွာ ဆုတ်ခွာနိုင်ခဲ့သည်။
ကျန်းဝေမှာမူ ယခုအခါ စီနီယာချောင်ချောင်မှာ နတ်ဘုရားကဲ့သို့ပင်ဟု ခံစားနေရသည်။
ဒီလို ထက်မြက်တဲ့ ဆုံးဖြတ်ချက်မျိုးက ငါ့အဆင့်နဲ့ လုံးဝ မမှီနိုင်ဘူး
ဒီလို သတ္တိမျိုးက ငါ့အဆင့်နဲ့ လုံးဝ မယှဉ်နိုင်ဘူး
ကျန်းဝေနှင့် ကျိချင်းဘုန်းကြီးတို့၏ စိတ်ထဲတွင် တပြိုင်နက်တည်း ထိုအတွေးမျိုး ပေါ်လာကြသည်။
ဗုန်း ဗုန်း ဗုန်း
အပေါ်ထပ်မှ ပြင်းထန်သော တိုက်ခိုက်သံများ ဆက်တိုက်ထွက်ပေါ်နေပြီး၊ နှာခေါင်းထဲတွင် သွေးညှီနံ့များပင် စွဲကျန်နေသကဲ့သို့ ခံစားရသည်။
ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းပင်
ရုတ်တရက်
တုတ်ကောက်တစ်ချောင်းကို အားပြုကာ ထော့နဲ့ထော့နဲ့ လမ်းလျှောက်လာသော စားသောက်ဆိုင်ပိုင်ရှင် ပေါ်လာတော့သည်။
သူသည် လီယန်ချူကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး
"ငါ့ရဲ့ တည်းခိုခန်းထဲမှာ မင်း ဘာတွေလုပ်နေတာလဲ"
သူ၏လေသံမှာ အလွန်ပင် အေးစက်လှပြီး၊ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေတော့သည်။