← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

🍁 Chapter 139

သူမနှင့်အတူ ဘဝတစ်သက်တာအား ကုန်ဆုံးခွင့်ရခြင်းသည် ဘဝ၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာတစ်ရပ်သာဖြစ်တော့သည်။ သူ ဤသို့တွေးမိစဉ် သူသ့ကိုယ်ကို ထပ်မထိန်းချုပ်နိုင်တော့ဘဲ သူမနှုတ်ခမ်းထောင့်စွန်းလေးအား အနမ်းတစ်ပွင့် ခြွေလိုက်မိသည်။ ရုတ်ခြည်းဆိုသလိုပင် သူမ လက်သွယ်သွယ်လေးများက သူါ နောက်စေ့အား ရစ်နွယ်ဆုပ်ကိုင်လာကာ ထိုအနမ်းကို ပိုမိုနက်ရှိုင်း ပြင်းရှသွားစေတော့သည်။

အနမ်းများ အဆုံးသတ်သွားပြီးနောက် ဟော်ယန်မှာ သူမနှာခေါင်းလုံးလုံးလေးကို ဖွဖွလေးတို့လိုက်ပြီး ပြုံးကာမေးသည်။

"အိပ်ချင်ယောင် ဆောင်နေတာပေါ့လေ၊ မင်းလေးက တစ်နေ့တခြား ပိုပိုပြီးဆိုးလာပါလား"

"အားယန်... ဒီည ကျွန်မ အိမ်မပြန်ဘဲ နေလို့ရမလားဟင်"

ရှုယင်းယင်း ရှက်သွေးဖြာလျက် မေးလာသည်။ ဟော်ယန်မှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း မကြာမီ သူ့မျက် ဝန်းများထဲတွင် အဆုံးမဲ့သောပျော်ရွှင်မှုများက ရုတ်တရက် တောက်ပလာခဲ့သည်။

"မင်း... မင်း တကယ်ပြောနေတာလား"

"အွန်း"

ရှုယင်းယင်း ရှက်ရွံ့စွာ ခေါင်းညိတ်ပြလာသည်။

"ရှင်က မနေစေချင်လို့လား"

"သေချာပေါက် နေစေချင်တာပေါ့၊ ကိုယ် ဘယ်လောက်တောင် အောင့်အည်းသည်းခံနေရလဲဆိုတာ မင်း အသိဆုံးပါ၊ အချစ်... မင်း ကိုယ်နဲ့ ရှေ့တစ်လှမ်း ထပ်တိုးဖို့ တကယ် သေချာပြီလား"

ဟော်ယန်သည် ရုပ်ပိုင်းဆိုင်ရာဆန္ဒများအား ဘေးဖယ်ထားလိုက်လျှင်ပင် ရှုယင်းယင်း ဆုံးဖြတ်ချက်သည် ဟော်ယန်အပေါ် ယုံကြည်အားထားမှု၏ ပြယုဂ်တစ်ခု ဖြစ်နေသည်။ သူ့မှာ ပျော်လွန်း၍ ရင်ထဲ၌ ဆန့်တငင်ငင် ဖြစ်နေရသော် လည်း သူမအနေဖြင့် စိတ်လိုက်မာန်ပါလုပ်မိ၍ နောင်တမရစေရန် စေတနာရှေ့ထားကာ သတိပေးလိုက်ခြင်းဖြစ်သည်။

"မင်း သဘောတူတာဖြစ်ဖြစ် မတူတာဖြစ်ဖြစ်၊ ကိုယ်ကတော့ တစ်သက်လုံး မင်းတစ်ယောက်တည်းပဲ ရှိစေရမယ်လို့ ဆုံးဖြတ်ထားပြီးသား၊ ကိုယ်တို့ရဲ့ ဆက်ဆံရေးမှာ အမြဲတမ်း မင်းကပဲ ဦးဆောင်သူဖြစ်နေမယ်လို့ ကိုယ် အမြဲတမ်း ပြောခဲ့ဖူးတယ်နော်၊ ကိုယ်က မင်းနောက်ကို တစ်သက်လုံးလိုက်ပါဖို့ ဆန္ဒရှိတယ်၊ ဒါကြောင့် ကိုယ့်ခံစားချက်တွေကို အလိုလိုက်ဖို့သက်သက်နဲ့ မင်းဘက်က အလျှော့ပေးတာမျိုး၊ အနစ်နာခံတာမျိုး မလုပ်ပါနဲ့၊ ဟုတ်ပြီလား"

ဟော်ယန်သည် သူမအား လုံလောက်သောလေးစားမှုနှင့် ဂရုစိုက်မှုများ ပေးစွမ်းနိုင်ကြောင်း ရှုယင်းယင်း ကောင်းစွာ သိသည်။ ထို့အပြင် သူမ၏ ဤဆုံးဖြတ်ချက်မှာလည်း စိတ်ကူးပေါက်ရာ ကောက်လုပ်လိုက်ခြင်းမျိုး မဟုတ်ဘဲ ဟော်ယန်နှင့် ဆက်ဆံရေးအား ရှေ့တစ်လှမ်းထပ်တိုးရန် သူမ ကိုယ်တိုင် အမှန်တကယ် ဆန္ဒရှိနေခဲ့ခြင်းဖြစ်သည်။

အနာဂတ်တွင် သူတို့နှစ်ယောက် လက်ထပ်ကြမည်ဆိုသော် လည်း တစ်ခါတစ်ရံတွင် သံယောဇဉ်နှင့် ခံစားချက်များ နက်ရှိုင်းလာသောအခါ ရှေ့တစ်လှမ်း တိုးကြခြင်းမှာ သဘာဝတရားပင်။ ဟော်ယန်သည် အမြဲတစေ အကောင်းဆုံးကြိုးစားကာ သည်းခံထိန်းချုပ်ပေးလေ့ရှိပြီး သူမအပေါ်ထားရှိသော သူ့ ဂရုစိုက်မှုနှင့် တန်ဖိုးထားမှုများအား သူမ ကိုယ်တိုင်လည်း မျက်ဝါးထင်ထင် မြင်တွေ့ ခံစားရသည်။

"ကျွန်မ အလျှော့ပေးတာမဟုတ်ဘူး၊ ရှင့်နဲ့ ဆက်ဆံရေးကို ရှေ့တစ်လှမ်း တိုးချင်နေတာ၊ ရှင် သည်းခံနေရသလို ကျွန်မလည်း သည်းခံနေရတာပဲ ဟုတ်ပြီလား"

ရှုယင်းယင်း အနည်းငယ် မကျေမနပ်ဖြင့် ဆူပုတ်ပုတ်ပြောလာသည်။ ဟော်ယန် သူမ ပါးပြင်လေးအား အသာအယာ ဆွဲညှစ်လိုက်ပြီးနောက် သူ့ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူမအား နမ်းရှိုက်လိုက်သည်။ ထို့နောက် သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ဖက်ထားလိုက်ပြီး အနည်းငယ်မတည်ငြိမ်နိုင်တော့သော အမူအရာဖြင့်‌ ပြောလာသည်။

"ချစ်... ကိုယ် မင်းကို အရမ်းချစ်တယ်၊ တကယ်ချစ်တာပါ"

ရှုယင်းယင်း ပါးပြင်လေးများ ရဲတက်သွားပြီး "ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်"

ရှုယင်းယင်း တစ်ဖန်ပြန်လည် နိုးထလာချိန်တွင် နောက်တစ်နေ့ မွန်းတည့်ချိန်သို့ပင် ရောက်ရှိနေချေသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကြမ်းပြင်တစ်လျှောက် ပြန့်ကျဲနေသော အဝတ်အစားများကို တွေ့လိုက်ရပြီး ထိုရှုပ်ပွနေသော အနေအထားမှာ ယမန်နေ့ည၏အလောတကြီး ဖြစ်မှုနှင့် ပြင်းထန်သော စိတ်လှုပ်ရှားမှုများအား သက်သေပြနေသယောင် ရှိလေသည်။

လွန်ခဲ့ညက ဟော်ယန် လုပ်ရပ်များအား ပြန်လည်အမှတ်ရမိသောအခါ သူမသည် မြေကြီးထဲသို့သာ တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားရသည်။ သူက ဘယ်လိုလုပ် အဲဒီလောက်တောင် အံ့ဩစရာ ကောင်းနေရတာလဲ၊ ကြည့်ရတာ ဒါက သူ့အတွက် ပထမဆုံးအကြိမ်နဲ့တောင် မတူဘူး၊ ယောကျာ်းတွေက အဲဒီကိစ္စနဲ့ပတ်သက်ရင် မွေးရာပါ ပါရမီရှင်တွေလို့ ပြောကြတာ မဆန်းပါဘူးလေ၊ အခုတော့ သူမ တကယ် သဘောပေါက်သွားခဲ့ပြီ...

သူမ အတွေးလွန်နေစဉ်မှာပင် ဟော်ယန်သည် တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့သည်။ ပြတင်းပေါက်မှ ကျဆင်းလာသော နေရောင်ခြည်၏ လွှမ်းခြုံမှုအောက်တွင် သူ့ အသွင်အပြင်မှာ လန်းဆန်းတက်ကြွနေကာ အားအင်တွေ ပြည့်ဝနေပုံရသည်။

သူမမှယ သူနှင့် ဆန့်ကျင်ဘက်ပင် တစ်ကိုယ်လုံးရှိ အရိုးအဆစ်များ ပြုတ်ထွက်လုမတတ် နာကျင်ကိုက်ခဲနေသလို ခံစားနေရသည်။ သူနှင့် သူမကိုယ်ကို နှိုင်းယှဉ်ကြည့်မိလေလေ ဒေါသထွက်စရာ ကောင်းလေလေပင်။

"နိုးပြီလား ချစ်၊ ဗိုက်ဆာနေပြီလား၊ ကိုယ် မနက်စာလုပ်ထားတယ်၊ နည်းနည်းလောက်စားပြီးမှ ဆက်အိပ်ပါလား"

ဟော်ယန်သည် သူမဘေးတွင် ဝင်လှဲလိုက်ရာ သူ၏ လျော့ရဲနေသော ညဝတ်အင်္ကျီကြားမှတစ်ဆင့် တင်းရင်းနေသော ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများပေါ်ရှိ အဓိပ္ပာယ်ဖော်ရခက်သော အနီရောင် အမှတ်အသားများမှာ ထင်းခနဲပေါ်လာသည်။ တစ်ချက်လေး စောင်းငဲ့ကြည့်လိုက်ရုံမျှဖြင့် ရှုယင်းယင်းတစ်ယောက် ရှက်ရမ်းရမ်းကာ မျက်နှာတစ်ခုလုံး နီမြန်းသွားရပြီး စောင်ကိုဆွဲယူကာ ခေါင်းမြီးခြုံလိုက်တော့သည်။

[ဘုရားရေ... ငါက ခွေးလား၊ လူတစ်ယောက်ကို ဒီလိုဖြစ်သွားအောင် ငါ ဘယ်လိုလုပ်လုပ်မိသွားတာလဲ၊ ဒါပေမဲ့ သူ့ရဲ့ ဗိုက်ကြွက်သားတွေကို ငါ တကယ် သဘောကျမိတယ်ထင်တယ်... အား... ထပ်မတွေးနိုင်တော့ဘူး၊ ငါ့ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့ဘူးလို့]

ဟော်ယန်သည် သူမအတွေးလေးများကြောင့် သဘောတကျ ဖြစ်သွားရလေသည်။ ယမန်နေ့ညက သူ့ စွမ်းဆောင်ရည်များကို ပြန်အမှတ်ရမိပြီး သူ့ အသည်းအသက်လေးအား ကောင်းစွာ ကျေနပ်မှုပေးနိုင်ခဲ့သည်ဟု ယုံကြည်လိုက်သည်။ ထိုသို့တွေးမိပြီးနောက် ဟော်ယန်က မေးကို ဂုဏ်ယူဝင့်ကြွားစွာ မြှောက်လိုက်ကာ သူမအား စောင်နှင့်ပတ်ကာ ပွေ့ချီ‌လေသည်။

ရှုယင်းယင်းမှာ လန့်ဖျပ်သွားပြီး သူ့အား လှမ်းဖက်လိုက်ကာ အထိတ်တလန့် အော်သည်။

"ရှင် ဘာလုပ်မလို့လဲ၊ ကျွန်မ အဝတ်အစားတောင် မဝတ်ရသေးဘူးလေ"

"ရပါတယ်၊ မင်းက အဝတ်အစားမပါရင်တောင် လှပြီးသားပဲ၊ ကိုယ့် ချစ်လေးရဲ့ ပုံစံတိုင်းကို ကိုယ်က မြတ်နိုးပြီးသား"

ထို့နောက် သူသည် ရှုယင်းယင်း၏ ရုန်းကန်နေမှုများကို လျစ်လျူရှုကာ ထမင်းစားခန်းသို့ ပွေ့ချီသွားပြီး သူ့ ပေါင်ပေါ်တွင် တင်ထားသည်။ ထို့နောက် ဆန်ပြုတ်ကို တစ်ဇွန်းချင်းစီ ခပ်၍ သူမအား ခွံ့ကျွေးတော့သည်။

သူ့ နက်ရှိုင်းသော မျက်ဝန်းများသည် အနေခက်စွာဖြင့် စားသောက်နေသော သူမအား ငေးမောကြည့်နေပြီး သူ့ နှုတ်ခမ်းထက်ရှိ အပြုံးများမှာမူ တစ်ခဏမျှပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။

ရုပ်ရှင်များထဲတွင် ချစ်သူစုံတွဲများ အလွန်အမင်းချစ်ကြည်နူးပြနေကြသည်ကိုကြည့်ပြီး ဟန်ဆောင်လွန်းသည်ဟု ရှုယင်းယင်း အမြဲထင်မြင်ခဲ့ဖူးသည်။ သို့သော် ယခုမူ သူမကိုယ်တိုင်ပင် သူမ အမုန်းဆုံးသော အရာတစ်ခုအဖြစ်သို့ ကရောက်ရှိသွားခဲ့သည်။

ထိုညက သူမ သူနှင့် မျက်လုံးချင်း ဆုံမိလိုက်တိုင်း သူမှာ အလွန်အမင်း လိုချင်တက်မက်သော အမူအရာများအား ပြသလေ့ရှိရာ သူမမှာ အသိစိတ်များလွတ်ထွက်သွားခဲ့ရသည်။ အတွေ့အကြုံရှိသွားသော ရှုယင်းယင်းသည် သူ့ အကြည့်များကို မရင်ဆိုင်ရဲတော့ဘဲ ကြမ်းပြင်ကိုသာ ကြောင်တောင်တောင် ငေးကြည့်နေမိတော့သည်။ ထိုစဉ် မမျှော်လင့်ဘဲ သူက သူမအား တမင်သက်သက် ကျီစယ်ဟန်ဖြင့် ပြုံးလျက်မေးသည်။

"ထပ်စားဦးမလား"

"ဟင်"

ရှုယင်းယင်း ကြောင်တောင်တောင်ဖြင့် မော့ကြည့်လာပြီး ကြောက်လန့်တကြား ခေါင်းယမ်းလာသည်။

"ဟင့်အင်း... မစားတော့ဘူး၊ ကျွန်မ ခြေထောက်တွေ အရမ်းနာနေပြီ"

"မစားချင်ဘူးဆိုရင်လည်း ကျန်နေတဲ့ ငှက်သိုက်စွပ်ပြုတ်ကို အကုန်သောက်လိုက်"

ဟော်ယန် ဇွန်းလေးအားကိုင်ကာ ပြောသည်။

"ဒါပေမဲ့ ကျွန်မ ထပ်မသောက်နိုင်တော့ဘူး၊ အိပ်ပဲ အိပ်ချင်တော့တာ"

"ကောင်းပြီလေ... ဒါဆို မစားနဲ့တော့၊ သွားအိပ်ကြစို့"

ဟော်ယန် သူမပါးစပ်ကို သန့်အောင်သုတ်ပေးလိုက်ပြီးနောက် အိပ်ခန်းဆီသို့ ပြန်ပွေ့ချီသွားကာ ကုတင်ပေါ်တွင် ညင်သာစွာ ချပေးသည်။ ထို့နောက် သူကိုယ်တိုင်လည်း ဝင်လှဲလိုက်ပြီး သူမအား အနောက်ဘက်မှနေ၍ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူ့ခေါင်းအား သူမလည်ပင်းပေါ်တွင် မှီတင်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ ရှုယင်းယင်း၏ ခန္ဓာကိုယ်လေးမှာ ရုတ်တရက် တောင့်တင်းသွားကာ ဟော်ယန်မှာ ပြုံးလျက်ပြောလာသည်။

"မကြောက်ပါနဲ့၊ လိမ္မာတယ်နော်၊ အိပ်လိုက်တော့... ကိုယ် မင်းကို အနှောင့်အယှက် မပေးတော့ပါဘူး"

"ရှင် ကတိတည်ရမယ်နော်"

"အင်း... ကိုယ်လည်း အတူတူအိပ်တော့မယ်၊ မဟုတ်ရင် ကတိတည်နိုင်ပါ့မလားတောင် မသေချာဘူး"

ထိုစကားကို ကြားသောအခါ ရှုယင်းယင်းသည် အလျင်အ မြန်ပင် မျက်လုံးများကို မှိတ်ပစ်လိုက်ပြီး မကြာမီမှာပင် အိပ်မောကျသွားတော့သည်။ သူမ အိပ်ပျော်သွားပြီဖြစ် ကြောင်း သေချာစွာအတည်ပြုပြီးနောက် ဟော်ယန်သည် ဖြည်းညင်းစွာ ထထိုင်လိုက်ကာ သူမအား စောင်သေချာခြုံပေးလိုက်သည်။ထို့နောက် သူမ နဖူးလေးကို အနမ်းတစ်ပွင့် ခြွေလိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။

သူ ပထမထပ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ငတုံးသားသုံးယောက်သည် ပြင်ဆင်ရန်အတွက် လိုအပ်သောပစ္စည်းကိရိယာများအား သယ်ဆောင်လျက်ရောက်ရှိလာကြသည်။

R နိုင်ငံမှ ပြန်ရောက်ကတည်းက ဟော်ယန်သည် လက်ထပ်ခွင့်တောင်းရန် အစီအစဉ်များအား ခေါင်းစားခံကာ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ လဝက်နီးပါးခန့် အချိန်ယူခဲ့ရပြီးနောက် ယခုအခါတွင်မူ အစီအစဉ်များ အကောင်အထည်ပေါ်လာခဲ့သည်။ ယနေ့မှာ နောက်ဆုံးအချောသတ်ပြင်ဆင်မှုများ ပြုလုပ်ရန်သာ ကျန်တော့သည်။

"အစ်ကိုယန်... အစ်ကိုကလည်း အရမ်းကိုလောတာပဲ၊ ဒီနေ့များ လက်ထပ်ခွင့်တောင်းတော့မလို့လားလို့ ကျွန်တော်တို့တောင် ထင်နေတာ"

ဟဲ့ယန် အနည်းငယ် မကျေမနပ်ဖြင့် ပြောလာသည်။

"ဒီနေ့က နေ့ကောင်းရက်သာပဲလေ၊ ဒီနေ့ တောင်းရမှာပေါ့"

"ဘယ်လို"

သုံးယောက်သား ပြိုင်တူပြောလာကြသည်။

🍁 Chapter 140

"မဖြစ်နိုင်တာ၊ အစ်ကို တကယ်ကြီး ဒီနေ့ လက်ထပ်ခွင့် တောင်းတော့မလို့လား၊ လက်စွပ်ကရော ဘယ်မှာလဲ"

ဟော်ယန်သည် သူ့ အိတ်ကပ်ထဲမှ အပြာရင့်ရောင် ကတ္တီပါဘူးလေးတစ်ဘူးကို ဆွဲထုတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် သူတို့ သုံးယောက်ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

"ဒီမနက်မှ ရောက်လာတာ"

"အို... ဒါကြောင့်မို့လို့ ကျွန်တော်တို့ကို ဒီလောက်တောင် အလောတကြီး ခေါ်နေတာကိုး၊ အစ်ကိုက အကုန်လုံး ကြိုပြီး စီစဉ်ထားပြီးသားပဲ"

ကျီခိုင်သည် စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလာသည်။

"ကျွန်တော်က အရင်ဆုံးရည်းစားရခဲ့တာကို၊ အစ်ကိုကကျ ပထမဆုံး လက်ထပ်ခွင့်တောင်းတဲ့သူ ဖြစ်နေတယ်၊ ဟင်း..."

"ကံကြမ္မာကို ဘယ်သူက ကြိုဟောနိုင်မှာလဲ၊ အရင်ကဆို အစ်ကိုယန်များ ဂေးသွားပြီလားလို့တောင် ကျွန်တော် ထင်ခဲ့တာ"

ဟော်ယန်က သူတို့အား စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်ပြီး "အပိုတွေ ပြောမနေနဲ့တော့၊ အလုပ်စကြတော့"

သုံးယောက်သား အရှုံးပေးလိုက်သည့်ဟန်ဖြင့် ခြံနောက်ဖေးသို့ လျှောက်သွားကြကာ အလုပ်များအား ကြိုးကြိုးစားစား စတင် ပြင်ဆင်ကြတော့သည်။ မရီးမှ အချောသတ်ပြင်ဆင်ထားမှုများကို စစ်ဆေးကြည့်ရှုနေမည့် မြင်ကွင်းကို မျက်စိထဲ မြင်ယောင်လာသောအခါ သူတို့ဆီတွင် ရုတ်တရက် ခွန်အားများပြည့်ဝလာသလို ခံစားလိုက်ကြရသည်။

မည်သို့ဖြစ်စေ သူတို့၏မရီးသည် သူတို့အတွက် ဟော်ယန်အား အတော်လေး ဒုက္ခပေးခဲ့သည် မဟုတ်ပါလား။ သို့ဖြစ်ရာ သူမအတွက် အမှတ်ရစရာ လက်ထပ်ခွင့်တောင်းသည့် အခမ်းအနားလေး တစ်ခုအား ဖန်တီးပေးခြင်းက သူတို့၏ ကျေးဇူးဆပ်ခြင်းတစ်မျိုးပင်။

ဟော်ယန်သည် လူတိုင်းအား အာဏာရှင်တစ်ဦးကဲ့သို့ အမိန့်ပေးစေခိုင်းနေပြီး သူ၏ ဂျီးများကာ ကြမ်းတမ်းလှသော အမူအရာမှာနာမည်ကျော် ကပ်စေးနှဲ ဇာတ်ကောင်နှင့်ပင် တူနေတော့သည်။ သူတို့ သုံးယောက်မှာ မွန်းလွဲပိုင်းအထိ အလုပ်များနေခဲ့ကြပြီး ရေတစ်ငုံပင် မသောက်ရသေးခင်မှာပင် ဟော်ယန်မှာ သူတို့အား စိတ်မရှည်စွာဖြင့် မောင်းထုတ်တော့သည်။ သူတို့မှာ ကားပေါ်ရောက်သည့်တိုင်အောင် ကျိန်ဆဲ ညည်းတွားနေကြဆဲဖြစ်ပြီး သူ့အား လူစိတ်မရှိသူဟုပင် ခေါ်ဝေါ်ကြသည်။

ဟော်ယန်အတွက်တော့ ထို ငတုံးသားများရှေ့တွင် လူစိတ်ထားစရာ မလိုပေ။ သူသည် ၎င်းတို့အား တိရစ္ဆာန်များသဖွယ် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။ သူ့ အမြင်တွင်မူ လက် ထပ်ခွင့်တောင်းခြင်းဆိုသည်မှာ အချုပ်အနှောင်တစ်ခုမဟုတ်သလို မျက်မြင်သက်သေများစွာလည်း မလိုအပ်ချေ။ တစ်ဖက်လူမှာ လက်ခံခဲ့လျှင် လူတိုင်း ပျော်ရွှင်ရမည်ဖြစ်ပြီး အကယ်၍ လက်မခံခဲ့လျှင်လည်း တစ်ဖက်လူအတွက် သင့်လျော်သော ထွက်ပေါက်တစ်ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ အစကတည်းက ဤနေရာတွင် မည်သူ့ကိုမျှ ရှိနေစေရန် သူ မရည်ရွယ်ခဲ့ပေ။ ထို့ကြောင့်လည်း သူတို့အား အသုံးချပြီးနောက် ဝန်ထုပ်ဝန်ပိုး မရှိဘဲ ပုံမှန်အတိုင်းပင် လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။

သူသည် သူမ နိုးလာလောက်ပြီဟု ခန့်မှန်းမိသဖြင့် သူတို့အား မောင်းထုတ်ပြီးသည်နှင့် သူ ပထမဆုံးလုပ်ခဲ့သည့်အရာမှာ အနာဂတ်ဇနီးလောင်းလေး အခြေအနေကို သွားရောက် ကြည့်ရှုခြင်းပင်။ သို့သော် သူမမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ ဖြစ်သည်ကိုသာ တွေ့လိုက်ရသည်။ ရုတ်တရက် သူ့ ရင်ထဲတွင် နောင်တတရားများ ကိန်းအောင်းသွားရပြီး သူမအား ထိုမျှလောက်ထိ အနိုင်မကျင့်ခဲ့သင့်ကြောင်း တွေးမိသည်။

ထိုနောင်တဆိုသည်မှာလည်း မျက်တောင်တစ်ခတ်စာမျှသာဖြစ်ပြီး ချိုမြိန်လွန်းသော အဆိပ်ငွေ့လေးအား မည်သူကများ မက်မက်မောမော မရှူရှိုက်ဘဲ နေနိုင်မည်နည်း။ နောက်တစ်ကြိမ်ဆိုလျှင်လည်း သူ ဤအတိုင်းပင် သိမ်းပိုက်ဦးမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဟော်ယန်သည် တွေးလက်စ အတွေးများကို မြိုသိပ်လိုက်ပြီး ထမင်းစားခန်းသို့ ပြန်လာကာ ဖယောင်းတိုင်မီးရောင်ဖြင့် ညစာစားပွဲလေးအတွက် စတင်ပြင်ဆင်တော့သည်။ ရှုယင်းယင်း အိပ်ခန်းထဲမှ ထွက်လာသောအခါ အေပရွန် ဝတ်ဆင်ထားလျက် ထမင်းစားခန်းနှင့် မီးဖိုချောင်ကြားတွင် အလုပ် များနေသော ဟော်ယန်ကို တွေ့လိုက်ရသည်။

သူ၏ထိုပုံစံမျိုးကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ သူတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်က သူ့ မောက်မာပြီး ခပ်တည်တည်နေတတ်သော အမူအရာများနှင့် နှိုင်းယှဉ်လိုက်လျှင် ယခုအခါတွင်မူ မယုံနိုင်လောက်အောင်ပင် ဂရုစိုက်တတ်ပြီး နူးညံ့သိမ်နေသည်။

သေချာတာပေါ့၊ ဒါက ကုတင်ပေါ်ကလွဲရင် ကျန်တဲ့အချိန်တွေကို ပြောတာ...

"ကျွန်မ ကူညီပေးရဦးမလား"

သူမ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ချစ် နိုးပြီလား၊ ချစ်က ထိုင်ပြီးတော့ စားဖို့သာ စောင့်နေနော်"

"ဟုတ်"

သူမလည်း လိမ်မာစွာ ပြန်ဖြေလိုက်သည်။

ဟော်ယန်၏ ဟင်းချက်လက်ရာမှာ အတော်လေး ကောင်းမွန်ပြီး အပြင်အဆင်မှာလည်း အမှန်ကို အပြစ်ပြောစရာ မရှိဟု ဆိုရမည်။ ထမင်းပန်းကန် သူမဆီသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူမ ပျော်ရွှင်စွာပြုံးလိုက်သည်။

"ကျွန်မ စားပြီနော်"

ဟော်ယန် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမအတွက် ဟင်းများ ခပ်ထည့်ပေးကာ သူကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း စားနေလိုက်သည်။ သူ စိတ်လှုပ်ရှားနေသောကြောင့်လားတော့ မသိ၊ ယနေ့ သူ၏ ဟင်းချက်လက်ရာမှာ တစ်ခုခု လိုအပ်နေသလို သူ ခံစားနေရသည်။

"စားကောင်းရဲ့လား"

သူ အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ ရှုယင်းယင်းမှာ အလွန် ဆာလောင်နေပြီဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အစားအသောက်များအား အငမ်းမရ စားသောက်နေတော့သည်။ သူမ စကားပင် သေချာမပြောနိုင်တော့ဘဲ ခေါင်းညိတ်ကာ အင်းအဲဖြင့်သာ တုံ့ပြန်နိုင်သည်။

"ဖြည်းဖြည်းစားပါ... သီးသွားဦးမယ်"

ဟော်ယန် သူမအတွက် စွပ်ပြုတ် အလျင်အမြန်ခပ်ပေးကာ အနားသို့ တိုးပေးလိုက်သည်။ ရှုယင်းယင်း စွပ်ပြုတ်နှစ်ငုံလောက် သောက်လိုက်ပြီးနောက် ဗိုက်ပြည့်သွားသလို ခံစားလိုက်ရသည်။ သ်ူ အစားအသောက်များ အဝစားသောက်ပြီးနောက်မှသာ ဟော်ယန်မှာတူကိုပင် သေချာမကိုင်ရသေးကြောင်း သတိထားမိသွားသည်။

"ရှင် ဘာလို့ မစားသေးတာလဲ"

"ကိုယ် မဆာလို့ပါ၊ ကိုယ့် ချစ်လေး ဗိုက်ပြည့်သွားပြီလား"

"အွန်း"

"ဒါဆို ကိုယ်နဲ့အတူ ခြံနောက်ဖေးဘက်ကို လမ်းသွားလျှောက်ကြမလားဟင်"

ဟော်ယန် သူ့အနောက်ဘက်ရှိ ခြံဝင်းလေးဆီသို့ လက်ညှိုး ထိုးပြလိုက်သည်။ သူတို့ ယမန်နေ့ညက အလောတကြီး ရောက်လာခဲ့ကြပြီး စိတ်များကလည်း အခြားတစ်နေရာသို့ ရောက်နေခဲ့ကြသဖြင့် ယခုမှ အလွန် ဇိမ်ခံဆန်သောအသွင်ရှိသည့် ခြံဝင်းလေးအပေါ် ရှုယင်းယင်း ရုတ်တရက် စိတ်ဝင် စားသွားရသည်။

"ကောင်းပြီလေ"

သူမ တက်ကြွစွာ ပြန်ဖြေလိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

"ဒါပေမဲ့ ဒီည ကျွန်မ အိမ်ပြန်ရမယ်နော်၊ ခဏနေကျရင် ရှင် ကျွန်မကို အိမ်လိုက်ပို့ပေးရမယ်"

"နောက်ထပ် တစ်ညလောက်ထပ်နေလို့ မရဘူးလား၊ ကိုယ် ဘာမှမလုပ်ဘူးလို့ ကတိပေးပါတယ်နော်"

ဟော်ယန် နစ်နာသူတစ်ယောက်အလား မျက်နှာငယ်လေးဖြင့် ပြောသည်။ အကယ်၍ လက်ထပ်ခွင့်တောင်းသည့် အစီအစဉ်သာ ကျရှုံးသွားခဲ့လျှင် သူ သူမအား ချက်ချင်း ချော့မော့နှစ်သိမ့်ပေးရမည်။ သူမသာ တကယ်ကြီး ထွက်သွားခဲ့မည်ဆိုလျှင် အခြေအနေများမှာ အန္တရာယ်များသွားနိုင်သည်။

"ကျွန်မက ယုံမယ်ထင်နေလား"

ရှုယင်းယင်းက နောက်ပြောင်လျက် ပြောလာသည်။

"ကောင်းပြီလေ၊ ပြန်ပေါ့၊ ကိုယ်က အခန်းလွတ်ကြီးထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ရရုံပေါ့၊ ကိုယ်လည်း ကျင့်သားရသွားမှာပါ၊ အရင်က နွေးထွေးမှုလေးတွေ ရှိခဲ့တယ်ဆိုရင် တောင် အခု အေးစက်စက် အခြေအနေကို ကိုယ်ပြန်ပြီး ကျင့်သားရအောင် ကြိုးစားပါ့မယ်"

ရှုယင်းယင်းမှာ သူ့အသနားခံ စကားများကို လျစ်လျူရှုကာ မတ်တတ်ရပ်ပြီး ခြံနောက်ဖေးဘက်သို့ ဦးစွာ လျှောက်သွားသည်။ ဟော်ယန်သည် သနားစရာကောင်းအောင် ဟန်ဆောင်နေ၍ မရတော့ကြောင်း မြင်သောအခါ အလျင်အမြန်ပင် နောက်မှ လိုက်သွားကာ သူမ၏ လက်အားဆွဲကိုင်၍ လက် ချောင်းများကို ယှက်နွှယ်လိုက်ပြီးနောက် လိမ္မာပါးနပ်စွာ အပေးအယူ လုပ်တော့သည်။

"နည်းနည်းလောက်တော့ ပိုနေပေးလို့ ရမလား"

"အလွန်ဆုံး ည ဆယ့်တစ်နာရီအထိပဲ"

"အိုကေ"

သူတို့နှစ်ယောက်သည် အဖြူရောင် ကျောက်သားလမ်းလေးတစ်လျှောက် ခြံနောက်ဖေးဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားကြသည်။

ခြံဝင်းလေးမှာ ဥရောပစတိုင်လ် ဖန်တီးထားပြီး စိမ်းလန်းစိုပြည်ကာ ပန်းပေါင်းစုံကလည်း ဖူးပွင့်ဝေဆာနေသည်။ ခြံဝင်း၏ အလယ်ဗဟိုတွင် ရေပန်းငယ်လေးတစ်ခု ရှိပြီး စီးဆင်းနေသော ရေများမှာ ပတ်ဝန်းကျင်ရှိ စိမ်းလန်းမှုများအား ရောင်ပြန်ဟပ်နေကာ ထူးခြားသော ဆွဲဆောင်မှုတစ်ရပ်ကို ဖန်တီးပေးသည်။

ရေပန်း၏ဘယ်ဘက်ခြမ်းတွင် သပ်ရပ်လှပသော အနားယူစရာ စင်မြင့်လေးတစ်ခုရှိပြီး ခေတ်မီမြေပြင်မီးလုံးများနှင့် မီးတန်းများမှာ ရိုမန်တစ်ဆန်သော လေထုတစ်ရပ်ကို ပုံဖော်ပေးနေသည်။ ၎င်းနှင့်ကပ်လျက်ရှိသော ရှုခင်းအလှဆင် ရေကန်ငယ်လေးအတွင်းရှိ ကျောက်ဆောင်များနှင့် စီးဆင်းနေသော ရေတံခွန်ငယ်လေးလည်း ခြံဝင်းတစ်ခုလုံးအား အသက်ဝင်လှုပ်ရှားလာသည်။

ရှေ့သို့ အနည်းငယ် ဆက်သွားလိုက်လျှင်မူ ကျယ်ပြောလှသော ရေကန်ကြီးတစ်ခုအား တွေ့ရမည်ဖြစ်သည်။ အဝေးတစ်နေရာရှိ နေမင်းကြီးမှာ တဖြည်းဖြည်း ဝင်ရောက်နေပြီး သူတို့နှစ်ယောက်သည် လက်ချင်းချိတ်လျက် လိမ္မော်ရောင် နေဝင်ဆည်းဆာ အလင်းတန်းများအောက်တွင် ရပ်ကာ အဝေးရှိ တောင်တန်းများအား ငေးမောကြည့်နေကြသည်။ ကြည်လင်နေသော ရေကန်ပြင်ကြီးမှာ နွေးထွေးသော လိမ္မော်ရောင် ကောင်းကင်ကြီးအား ရောင်ပြန်ဟပ်နေကာ မြင်ကွင်းတိုင်းမှာ လှပသော ပန်းချီကားတစ်ချပ်အလားပင်။

"ဒီက ရှုခင်းတွေက တကယ်ကို လှတာပဲ"

ရှုယင်းယင်း ရိုးသားစွာဖြင့်ပြောသည်။

"မင်းသာ ဆန္ဒရှိမယ်ဆိုရင် ဒီနေရာက မင်းရဲ့ အိမ်လည်း ဖြစ်လာနိုင်တယ်"

ဟော်ယန်သည် သူမဘက်သို့ လှည့်ကြည့်ကာ သူမလက်လေးအား အနမ်းတစ်ပွင့် ခြွေလေသည်။ ရှုယင်းယင်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

"ဒါက လက်ထပ်ခွင့်တောင်းတာလို့ ရှင် သတ်မှတ်လိုက်တာလား"

"မဟုတ်ပါဘူး၊ လက်ထပ်ခွင့်တောင်းတယ်ဆိုတာ ဒီလောက် လွယ်လွယ်ကူကူ ပြီးစလွယ် မဖြစ်သင့်ဘူးလေ"

ဟော်ယန်က လေးလေးနက်နက် ပြန်ဖြေလိုက်ရာ ရှုယင်းယင်း ရယ်မောသွားတော့သည်။

"ဒါဆိုရင် ရှင့်အမြင်မှာ ဘယ်လို လက်ထပ်ခွင့်တောင်းတဲ့ ပုံစံမျိုးကမှ ခမ်းနားလေးနက်တယ်လို့ သတ်မှတ်လို့ရမှာလဲ"

ဟော်ယန်သည် စကားတစ်ခွန်းမှ ပြန်မဖြေဘဲ ပြုံးသာနေလိုက်သည်။ လေပြေအေးတစ်ချက် ဝေ့တိုက်လာသည်နှင့်အမျှ ဤအခွင့်အရေးကို အရယူကာ ပြောလာသည်။

"ကိုယ် မင်းအတွက် အနွေးထည် သွားယူပေးမယ်၊ ဒီည နည်းနည်း အေးမယ်နဲ့တူတယ်"

"ကျေးဇူးနော်"

All Chapters