အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁) အမြင့်ဆုံး အခြေခံအုတ်မြစ် လုံခြုံသွားပြီ
နောက်တစ်နေ့ မနက်ခင်း….၊
အစာစားပြီးနောက် နင်းဖန်သည် စွမ်းအင် အပြည့်ဖြင့် သိုင်းပညာ လေ့ကျင့်ရေးကွင်း သို့ ရောက်ရှိ လာခဲ့လေသည်။
ချိုးဖောက်ဝင်ရောက်မှု တစ်ခု နီးကပ်နေပြီဖြစ်ကြောင်း သူ့တွင် ကြိုတင် ခံစားမိနေသည်မှာ အမှန်ပင် ဖြစ်လေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်နှင့် ဝိညာဉ်အင်အားများ ပဲ့တင်ထပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ယခု သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ဤပဲ့တင်ထပ်မှုကို အပြင်သို့ ထုတ်ယူရန် သူ၏ ကြွက်သားများ နှင့် အရိုးများကို ဖြေလျှော့ပေးရန်ပင်ဖြစ်လေသည်။
ထို့ကြောင့် ရိုးရှင်းသော သွေးပူလေ့ကျင့်ခန်း လုပ်ပြီးနောက် နင်းဖန်သည် အိုးကြီးတစ်လုံးကို ကိုင်ကာ အားရပါးရ စတင် လွှဲယမ်းလိုက်ရာ လေတိုးသံများ ထွက်ပေါ်လာခဲ့လေသည်။
... တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်းရှိ အကြီးအကဲများမှာ အနည်းငယ် စိတ်အားငယ်နေခဲ့ကြသည်။
မနေ့က နင်းဖန်သည် နဂါးသတ် ချောက်ကမ်းပါး သို့ အမှတ်မထင် ရောက်ရှိသွားပြီးနောက် သူသည် ဖြတ်သွားဖြတ်လာ တစ်ယောက်ကဲ့သို့ တစ်ချက်မျှသာ ကြည့်ပြီး ထွက်သွားခဲ့သည်ပင်။
ထိုအရာကို သူတို့ကို အလကား စိတ်လှုပ်ရှားစေရန် ဟန်ပြလှုပ်ရှားမှု တစ်ခုဟု ဆိုနိုင်ပေသည်။
အရေးအကြီးဆုံးမှာ နင်းဖန်၏ ခဏတာ နေထိုင်မှုသည် မျှော်လင့်ထားသည့်အတိုင်း သူတော်စင်မိန်းမပျို ၏ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ခဲ့ခြင်းပင်ဖြစ်လေသည်။
"သူတော်စင်မိန်းမပျို ကိုယ်တိုင်က သတိမထားမိတာလား ဒါမှမဟုတ်...။ သူမရဲ့ တရားကျင့်မှုမှာ တစ်ခု ခု မှားယွင်းသွားလို့လား ဆိုတာ မသေချာသေးဘူး….။"
ပထမတစ်ခုက အဆင်ပြေသော်လည်း ဒုတိယတစ်ခုဆိုလျှင်တော့... ။
ဂိုဏ်းချုပ် ဖေ့ချင်းယွီသည် တွေးတောနေသော လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ နှလုံးသားများကို တည်ငြိမ်စေရန် နှစ်သိမ့်စကားပြောလိုက်လေသည်။
"အများကြီး တွေးမနေပါနဲ့...။ သူတော်စင်မိန်းမပျိုက ဂိုဏ်းထဲမှာ ရှိနေတာပဲ ဘယ်လို မတော်တဆမှုမျိုး မှ မဖြစ်နိုင်ပါဘူး...။"
အမှန်တကယ်ပင် ဂိုဏ်းသည် အလွန် လုံခြုံပြီး သူတော်စင်မိန်းမပျိုကို တစ်ခုခု ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးကြောင်း အကြီးအကဲများ အားလုံး သိကြလေသည်။
ယခု သူတို့ စိတ်ကူးယဉ်နေကြခြင်း၏ အဓိက အကြောင်းရင်းမှာ လွတ်မြောက်ရန် မျှော်လင့်ချက်များကို သူတော်စင်မိန်းမပျိုအပေါ် ပုံအပ်ထားသောကြောင့်ပင်ဖြစ်၏။
ထို့ပြင် သူမ နင်းဖန်ကို ရှာမတွေ့ခဲ့ခြင်းက အားလုံး၏ မျှော်လင့်ချက်များနှင့် မျှော်လင့်ထားမှုများမှ သွေဖည်သွားခဲ့ခြင်းပင်ဖြစ်လေသည်။
ထို့ကြောင့် အဆိုးရွားဆုံး အခြေအနေများကို မတွေးဘဲ မနေနိုင်ခဲ့ကြချေ။
ယွီရူရွှမ်းကလည်း ဤအချိန်တွင် နူးညံ့စွာ စကားပြောလိုက်လေသည်။
"အားလုံးက လျှို့ဝှက်နယ်မြေ ထဲမှာ အချိန်အတော်ကြာ ရှိနေခဲ့တာပဲ အခု လောစရာ မလိုပါဘူး...။ လောလောဆယ် နင်းဖန်ကိုပဲ ငါတို့ အာရုံစိုက်ကြရအောင်...။ သူ ချိုးဖောက်ဝင်ရောက်တော့မယ်...။"
ဤသည်ကို ကြားသောအခါ အားလုံး စိတ်အေးသွားကြပြီး သဘောတူလိုက်ကြလေသည်။
ထို့နောက် အောက်ဘက်ရှိ သိုင်းပညာ လေ့ကျင့်ရေးကွင်း ပေါ်သို့ အကြည့်များ တစ်ချက်ပြီးတစ်ချက် ကျရောက်လာခဲ့တော့သည်။
ထင်သည့်အတိုင်းပင် နင်းဖန် ကိရိယာကို လွှဲယမ်းလိုက်သည်နှင့် သူ၏ ကြွက်သားများနှင့် အရိုးများ ရုတ်တရက် အက်ကွဲသွားကာ သူ၏ သွေးစွမ်းအင်များ လှိုင်းထသွားပြီး လျှို့ဝှက်ဆန်းကြယ်သော အင်အားမြှင့်တင်ရေး စွမ်းအားတစ်ခု ရုတ်တရက် သက်ရောက်လာခဲ့လေသည်။
"ဝုန်း... "
ချိုးဖောက်ဝင်ရောက်ခြင်း။
ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအလွှာ။
နင်းဖန်သည် ယခု သိသိသာသာ ပေါ့ပါးသွားသော အိုးကြီးကို ဘေးသို့ ပစ်ချလိုက်ပြီး ပြောင်းလဲမှုများကို သေချာစွာ ခံစားရန် မျက်လုံးများကို မှိတ်ထားလိုက်ကာ တစ်ခဏအကြာတွင် ပြုံးလိုက်လေသည်။
အရင်ကနှင့် နှိုင်းယှဉ်ပါက သူ၏ အင်အားသည် နောက်ထပ် အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှား တိုးတက်မှု တစ်ခုကို ရရှိသွားခဲ့သည်ပင်။
ဤတစ်ကြိမ်တွင် သူသည် ပိုမို လေးလံပြီး ပိုမို ကြီးမားသော အထူးပြုလုပ်ထားသည့် အိုးကြီးတစ်လုံးကို တန်း၍ ကိုင်တွယ်လိုက်သည်။
ဤအိုးကြီးများကို များသောအားဖြင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် အထွတ်အထိပ်ရှိ အစစ်အမှန် တပည့် များက သူတို့၏ အင်အားကို စမ်းသပ်ရန် အသုံးပြုကြလေသည်။
ယခု ထိုအိုးကြီးကို နင်းဖန်က လက်တစ်ဖက်တည်းဖြင့် ပင့်ချီလိုက်ခြင်းပင်ဖြစ်သည်။
အိုး၏ ခြေထောက်ကို လက်ချောင်းများဖြင့် ဆုပ်ကိုင်ထားပြီး သူ၏ ညာဘက်လက်မောင်းကို အပေါ်သို့ မြှောက်ထားရာ အနည်းငယ်သာ တင်းမာမှုကို သူ ခံစားရလေသည်။
ထို့နောက် နင်းဖန်သည် အိုးများကို ပြောင်းလဲခြင်းဖြင့် အလေးချိန်ကို ထပ်မံ တိုးမြှင့်နေလိုက်သည်။
စမ်းသပ်မှု အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် သူ၏ လက်ရှိ အင်အား တန်ဖိုးကို သူ နားလည်သွားပြီး ရေရွတ်လိုက်လေ၏။
"လက်တစ်ဖက်တည်း အင်အား...၊ ဂျင် လေးသိန်းလေးသောင်း...။"
သူ၏ မျက်လုံးများ လင်းလက်သွားပြီး သူ၏ နှလုံးသားမှာ ခုန်ပေါက်နေခဲ့လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဆင့်မြင့် နတ်ဆိုးသားရဲ အသားများနှင့် ကောင်းကင်နဲ့မြေကြီး ရတနာ များကို အားရပါးရ စားသုံးခြင်းဖြင့် သူသည် အစာချေဖျက်ခြင်း ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ကို ၎င်း၏ အကန့်အသတ်အထိ တွန်းပို့ခဲ့ပြီး ညဘက်တွင် သူတော်စင်မိန်းမပျို၏ အေးစက် သော ကုတင်ပေါ်တွင် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းကို ခံယူခဲ့လေသည်။
ဤသည်က သူ၏ အင်အားကို ချိုးဖောက်ဝင်ရောက်မှု မတိုင်မီကပင် ကြောက်မက်ဖွယ်ကောင်းသော ဂျင် သုံးသိန်းခုနစ်သောင်းသို့ ရောက်ရှိစေခဲ့သည်ပင်။
ချိုးဖောက်ဝင်ရောက်ပြီးနောက် အင်အားမြှင့်တင်ရေး အကျိုးသက်ရောက်မှုကြောင့် ဤလက်ရှိ တန်ဖိုး သို့ သူ ရောက်ရှိခဲ့ခြင်းပင် ဖြစ်လေသည်။
လက်တစ်ဖက်တည်း အင်အား လေးသိန်း ကျော်လွန်ခြင်းသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အလယ် အလတ် အဆင့်ရှိ အမြင့်ဆုံး အခြေခံအုတ်မြစ် အတွက် အနိမ့်ဆုံး စံနှုန်း ဖြစ်ပေသည်။
အခြားသူများသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအလွှာ တွင်သာ ဤအဆင့်သို့ ရောက်ရှိနိုင်ကြသည်။
နင်းဖန်သည် အလွှာငယ် တစ်ခု ကြိုတင်၍ အောင်မြင်ခဲ့သည်ပင်။
ဤသည်မှာ ကောင်းကင်ဘုံကို အံတုသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဆိုရပေမည်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ တစ်ခုလုံးအတွင်း နင်းဖန် ဂျင် လေးသိန်းလေးသောင်းရှိသော အိုးကြီးကို ပင့်ချီလိုက်သည့် အခိုက်အတန့်တွင် တပည့်များက အံ့သြတကြီး ပြောဆိုလိုက်ကြသည်။
"ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအလွှာ...။ လက်တစ်ဖက်တည်း အင်အား ဂျင် လေးသိန်းလေးသောင်း တဲ့...။"
"ဒါက အရမ်း ခမ်းနားလွန်းတယ်...။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အလတ် အဆင့်မှာ တစ်ယောက် ယောက်က တကယ်ပဲ သူတို့ရဲ့ ရုပ်ခန္ဓာကိုယ် ကို ဒီလောက်အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တာ လား...။"
"သူ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအလွှာ ရဲ့ နှစ်ဆတိုးတဲ့ အကျိုးသက်ရောက်မှုကိုတောင် အသုံးမပြုရ သေးဘူးလေ...။"
"နင်းဖန်က အခုလောက်ဆို ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်မြေ မှာ ပြိုင်ဘက်ကင်း နေလောက်ပြီ မဟုတ်ဘူးလား...။"
"လက်တစ်ဖက်တည်းနဲ့ ဂျင် လေးသိန်းလေးသောင်းကို သယ်ဆောင်တာ။ တကယ်လို့ သူက လက်သီး တစ်ချက် ထိုးဖို့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အင်အားကို အသုံးပြုမယ်ဆိုရင် ပေါက်ကွဲအားက တစ်သန်းကျော်သွားနိုင်တယ်...။"
"နင်းဖန်က ကောင်းကင်ဘုံ အဆင့်မြင့် သိုင်းပညာတစ်ခုကိုလည်း ကျွမ်းကျင်ထားတယ်ဆိုတာ ပြောစရာ တောင် မလိုပါဘူး...။ သူက ခွန်အားသက်သက်ကိုပဲ အသုံးပြုနေတာ မဟုတ်ဘူး ဒါကြောင့် စွမ်းအား ရလဒ်က ပိုတောင် ကြီးမားဦးမယ်...။"
"ရှူး….၊ ဆက်မပြောနဲ့တော့ တွေးလေ ပိုပြီး ကြောက်စရာကောင်းလေပဲ...။"
"ငယ်ရွယ်တဲ့အရွယ် ရှေးဟောင်း စစ်မှန်သော နဂါး တစ်ကောင်တောင် ဒီအဆင့်လောက်ပဲ ရှိမှာ မဟုတ် ဘူးလား...။"
အတွင်းစည်းနှင့် အပြင်စည်း တပည့်များ အားလုံး အူထဲအသည်းထဲအထိ တုန်လှုပ်သွားခဲ့ကြ၏။
အစစ်အမှန်တပည့် ခုနစ်ဆယ့်နှစ်ယောက်ပင် တံတွေးများကို ခက်ခဲစွာ မြိုချနေကြလေသည်။
သူတော်စင်သည် အပြင်ပန်းအားဖြင့် မည်သည့် စိတ်ဆင်းရဲမှု လက္ခဏာကိုမျှ မပြသသော်လည်း အကယ်၍ သူ၏ နှလုံးသားထဲတွင် လူသေးသေးလေး တစ်ယောက် ရှိနေပါက ထိုလူသေးသေးလေး သည် အကြောက်တရားကြောင့် ငိုကြွေးနေပြီဖြစ်ကြောင်း တစ်စုံတစ်ယောက် တွေ့ရှိပေလိမ့်မည်။
"လက်တစ်ဖက်တည်းနဲ့ ဂျင် လေးသိန်းလေးသောင်း….။"
"ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအလွှာ တဲ့လား…။"
"သူ အဲဒါကို ဘယ်လိုများ လုပ်ခဲ့တာလဲ…။"
ဤကဲ့သို့သော လက်သီးချက်မျိုး သူ၏ ခန္ဓာကိုယ်ပေါ် ကျရောက်ပါက အကျိုးသက်ရောက်မှု မည်သို့ရှိ မည်ကို သူတော်စင်သည် စိတ်ကူးပင် မယဉ်ရဲချေ။
သူ၏ တစ်ကိုယ်လုံး ညိုမည်းသွားနိုင်သည် သို့မဟုတ် နေရာအနှံ့ အပိုင်းပိုင်းအစစ ပြန့်ကျဲသွားနိုင်သည် မှာ မြေကြီးလက်ခတ်မလွဲပေ။
အကြီးအကဲများ၏ တုံ့ပြန်မှုမှာ များစွာ ပိုမို ရိုးရှင်းပေသည်။
သူတို့၏ စိတ်ခံစားမှုများကို တိုက်ရိုက် ဖော်ပြကာ တညီတညွတ်တည်း အားပေးကြွေးကြော်လိုက် ကြသည်။
"ကောင်းတယ်....။"
"နင်းဖန်က တကယ်ပဲ ငါတို့ဂိုဏ်းရဲ့ ချီလင်သားတော် ပဲ...."
"လက်တစ်ဖက်တည်းအတွက် ဒီတန်ဖိုးနဲ့ဆိုရင် အမြင့်ဆုံး အခြေခံအုတ်မြစ် က လက်လှမ်းမီတဲ့ နေရာမှာ ရှိနေပြီ...။"
"နင်းဖန် မသေသရွေ့ ငါတို့ဂိုဏ်းက နောက်ထပ် နှစ်ရာအနည်းငယ်အတွင်းမှာ နတ်ဘုရားကူးဖြတ်ခြင်း အင်အားကြီးသူ တစ်ယောက်ကို မွေးထုတ်နိုင်လောက်တယ်...။"
"ဟင်း... ဂိုဏ်းက နတ်ဘုရားကူးဖြတ်ခြင်း အင်အားကြီးသူ တစ်ယောက်ကို နောက်ဆုံး ပြုစုပျိုးထောင်ခဲ့ တာက လွန်ခဲ့တဲ့ နှစ်သိန်းပေါင်းများစွာ ကတည်းကလေ...။"
"ဒါပေမယ့် နင်းဖန်က သူ့ရဲ့ လက်ရှိ အဆင့်မှာ အစာချေဖျက်ခြင်း ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ရဲ့ အကန့်အသတ်ကို ရောက်သွားလောက်ပြီ...။ ကောင်းကင်နဲ့မြေကြီး ရတနာ တွေနဲ့ ဝိညာဉ်အပင်တွေ ရဲ့ ဆေးစွမ်းအင်တွေက တဖြည်းဖြည်း လျော့ကျသွားလိမ့်မယ်...။"
"အဲဒီထက် ပိုမြင့်တဲ့ အဆင့်ရှိတဲ့ နတ်ဆိုးသားရဲ အသားတွေ မရှိဘူးဆိုရင်ပေါ့...။ အဲဒီလိုမှ မဟုတ်ရင် အခုလို ပြင်းပြင်းထန်ထန် ဆက်ပြီး တိုးတက်ဖို့က သူ့အတွက် ခက်ခဲလိမ့်မယ်...။"
"တကယ်ပါပဲ...၊ နင်းဖန်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အတွက် လမ်းကြောင်းသစ်တစ်ခုကို ရှာဖွေ သင့်တယ်...။"
"ဆေးသန့်စင်သော သွေးကြောများ နွေးထွေးစေခြင်း၊ ဆေးလုံး အသား အာဟာရဖြစ်စေခြင်း၊ အရည် ပျော်နေသော မီး သွေးသစ္စာ၊ ရေအေး အရိုး သန့်စင်ခြင်း...။ ဒီအထဲက ဘယ်လောက်များ သူ အသုံးပြုခဲ့ ပြီးပြီလဲ...၊ အသင့်ရှိထားတဲ့ နည်းစနစ်တွေက အဲဒီမှာ ရှိနေတာပဲလေ...။"
"နင်းဖန် နောက်တစ်ခု ဘာရွေးမလဲ ကြည့်ရအောင်...။"
သူ့ကို ချီးကျူးနေစဉ်မှာပင် အကြီးအကဲများစွာသည် နင်းဖန်၏ နောက်ဆက်တွဲ ကျင့်ကြံခြင်း တိုးတက်မှု အတွက်ကိုလည်း စိုးရိမ်နေခဲ့ကြခြင်းပင်ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း တတိယ၊ ဆဋ္ဌမ နှင့် နဝမ အလွှာများ အားလုံးတွင် ချိုးဖောက် ဝင်ရောက်မှုအပေါ် ရုပ်ပိုင်းဆိုင်ရာ အင်အား နှစ်ဆတိုးသည့် အကျိုးသက်ရောက်မှု ရှိကြသည်။
ထို့ကြောင့် ဤနယ်မြေ သုံးခုတွင် ကျင့်ကြံခြင်းသည် အလွန် အရေးကြီးပေသည်။
နင်းဖန်သည်လည်း ဤအချက်ကို သဘာဝကျစွာ သိရှိထား၏။
သူသည် စောစောကတည်းက အစီအစဉ်များ ဆွဲထားပြီး ဖြစ်လေသည်။
သိုင်းပညာ လေ့ကျင့်ရေးကွင်းမှ ထွက်ခွာပြီး ရိုးရှင်းသော နေ့လယ်စာ စားပြီးနောက် သူသည် ပျံသန်း သည့်လှေကို ယူကာ ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် သို့ ပြန်သွားခဲ့လေသည်။
သို့သော် ဤတစ်ကြိမ်တွင် သူသည် ဆေးဥယျာဉ် သို့ မသွားခဲ့ချေ။
ယင်းအစား ဆေးခန်းမ ဆီသို့ တည့်တည့် သွားခဲ့လေသည်။
ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် တွင် တာဝန် သုံးခု ရှိလေသည်။ ဆေးသန့်စင်ခြင်း၊ ဝိညာဉ်အပင် များနှင့် ဆေးပညာ တာအို တို့ ဖြစ်ကြလေသည်။
နောက်ဆုံး နှစ်ခုမှာ အရံတာဝန်များသာ ဖြစ်လေသည်။ ဆေးသန့်စင်ခြင်း သာလျှင် အဓိက တာဝန် ဖြစ်၏။
၎င်းသည် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် ကို အဝေးအထိ အမှန်တကယ် ကျော်ကြားစေသော အခြေခံအုတ်မြစ်လည်း ဖြစ်လေသည်။
နင်းဖန်၏ ယခု ခရီးစဉ်မှာ ကျင့်ကြံခြင်း ဆေးလုံးများ ကို ရှာဖွေရန်နှင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမ အလွှာ ဆီသို့ အားယူရန် ဆေးလုံး အသား အာဟာရဖြစ်စေခြင်း နည်းစနစ် ကို အသုံးပြုရန် ဖြစ်သည်။
အခန်း (၆၂) အကယ်၍ နဝမအဆင့် သူတော်စင်အဆင့် ဆေးလုံး သာ ဖြစ်နေရင်ကော
ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် တွင် ဆေးခန်းမ ၏ တည်နေရာသည် ဆေးဥယျာဉ်ထက်ပင် ပို၍ မျက်စိကျစရာ ကောင်းပေသည်။
ထိုဆေးခန်းမကို အမြင့်ဆုံး နေရာတွင် တည်ဆောက်ထားလေ၏။
ခန်းမရှေ့ရှိ လေ့ကျင့်ရေးကွင်းမှာ ကြီးမားပြီး အဆောက်အအုံမှာ ခမ်းနားလှကာ ၎င်း၏ အရှိန်အဝါမှာ ထူးခြားလှပေသည်။
အနီးသို့ ချဉ်းကပ်သွားသည်နှင့် လေထုထဲတွင် ပျံ့နှံ့နေသော ဆေးရနံ့များကို ရနိုင်ပေသည်။
လေ့ကျင့်ရေးကွင်း၏ တစ်ဖက်တစ်ချက်စီတွင် သန့်စင်သည့် အခန်းတန်းများ မတ်မတ် ရပ်တည် နေလေ၏။
တစ်ဝက်ပွင့်နေသော တံခါးများမှတစ်ဆင့် အတွင်းတွင် တိတ်ဆိတ်စွာ ထားရှိသော ဘူးသီးပုံစံ ဆေးဖို များကို မြင်တွေ့နိုင်ပေသည်။
သာမန် နေ့ရက်များတွင် တပည့်များစွာသည် ဤအခန်းများ၌ ဆေးသန့်စင်ကြမည်ဖြစ်ကြောင်း ထင်ရှား ပေသည်။
နင်းဖန်သည် လေ့ကျင့်ရေးကွင်းကို ဖြတ်လျှောက်ရင်း စိတ်ခံစားမှုများ မဖြစ်ပေါ်ဘဲ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
"ဆေးခန်းမက တကယ်ကို ခမ်းနားတာပဲ...။ ကျင့်ကြံခြင်း လောကမှာ ရေပန်းအစားဆုံး ဒုတိယ အသက် မွေးဝမ်းကျောင်းပညာရပ် ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်လေ...။"
ဆေးပညာ သည် မည်သည့် ကမ္ဘာတွင်ဖြစ်စေ အလွန် လေးစားခံရသော အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခု ဖြစ်လေသည်။
ဤသည်မှာ ကျင့်ကြံခြင်း လောကတွင် ပို၍ပင် မှန်ကန်ပေသည်။
အင်အားကြီးမားသော ကောင်းကင်အရှင်သခင် များမှသည် သာမန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံ သူများအထိပင်။
မည်သည့်အဆင့်တွင်ဖြစ်စေ ကျင့်ကြံခြင်း ဆေးလုံးများ ၏ အကူအညီမပါဘဲ မနေနိုင်ချေ။
ထိုက်ရီအစစ်အမှန်ဂိုဏ်း သည် အထူးပြု ဆေးသန့်စင်ခြင်း ဂိုဏ်း တစ်ခု မဟုတ်သော်လည်း ဆေးဖက် ဝင်အပင်တစ်ရာတောင်ထိပ် ရှိ ဆေးခန်းမ ၏ ဆေးသန့်စင်ခြင်း အဆင့်မှာ ထိပ်တန်း ဆေးဂိုဏ်း များထက် လုံးဝ မနိမ့်ကျချေ။
ဂိုဏ်းအတွင်းရှိ တပည့်များသည် ဤနေရာသို့ လာရောက်ရန် ပို၍ပင် စိတ်အားထက်သန်ကြလေသည်။
အတွင်းစည်း ဂုဏ်ထူးဆောင်တပည့် များစွာသည် ဆေးခန်းမ တွင် နေရာတစ်ခု ရရှိရန် သူတို့၏ အဆက် အသွယ်များကိုပင် အသုံးပြုကြသည်ဟု ဆိုကြလေသည်။
အဘယ်ကြောင့်ဆိုသော် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် ၏ တောင်ထိပ်အရှင်သခင် နှင့် ဆေးခန်း မ ၏ ခန်းမသခင် အဖြစ် တာဝန်ယူထားသော အကြီးအကဲ ရှောင်ချာ သည် တိုက်ကြီးပေါ်ရှိ အနည်းငယ် မျှသော ထိပ်တန်း ဆေးဆရာ များထဲမှ တစ်ဦး ဖြစ်သောကြောင့်ပင်ဖြစ်၏။
ထို့ကြောင့် အကယ်၍ တစ်စုံတစ်ဦးသည် ဆေးခန်းမ တွင် သူတို့၏ အချိန်များကို ဖြုန်းတီးနိုင်ပါက သူတို့ သည် တစ်နေ့နေ့တွင် ကံကောင်းကာ အကြီးအကဲ၏ မျက်စိကျမှုကို ခံရပြီး တပည့်အဖြစ် အသိအမှတ် ပြုခံရနိုင်ပေသည်။
အမည်ခံ တပည့် တစ်ယောက်အနေဖြင့်ပင် သူ၏ ကျွမ်းကျင်မှု ဆယ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ရာခိုင် နှုန်းကိုသာ သင်ယူနိုင်ခြင်းက ဘဝကို သက်သောင့်သက်သာဖြင့် နေထိုင်ရန် လုံလောက်ပေလိမ့်မည်။
နင်းဖန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ၎င်း၏ နယ်မြေကို လှည့်လည်ကြည့်ရှုနေသော ခြင်္သေ့ တစ်ကောင်ကဲ့သို့ ပင်မခန်းမအတွင်းသို့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းဝင်သွားပြီးနောက် ရေရွတ်လိုက် လေသည်။
"ဘယ်ဆေးလုံးတွေ ကျန်သေးလဲ ကြည့်ရအောင်...။"
တစ်ချိန်တည်းမှာပင်….၊ ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌၊
တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲများ အားလုံး စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကာ ပြောဆို နေကြလေသည်။
"ကောင်းတယ်...၊ နင်းဖန်က နောက်ဆုံးတော့ သဘောပေါက်သွားပြီပဲ...။"
"ငါ့ကို မေးရင် သူက ကျင့်ကြံဖို့ ဆေးလုံးတွေ အစောကြီးကတည်းက စပြီး စားနေသင့်တာလို့ပြော မိမှာ...။"
"ဒီကလေးက ဆင်းရဲတဲ့ နောက်ခံကလာတာဆိုတော့ သူ ကျင့်ကြံခြင်း ဆေးလုံးတွေ တစ်ခါမှ မစားဖူးလို့ အဲဒါတွေ ဘယ်လောက် အံ့သြစရာကောင်းလဲဆိုတာ မသိတာ ဖြစ်ရမယ်...။"
"ဆိုရိုးစကားရှိတဲ့အတိုင်း ဆေးကောင်းတစ်လုံးက ဆယ်နှစ်တာ ခါးသီးတဲ့ ကျင့်ကြံခြင်းနဲ့ တန်တယ် လေ...။"
"အဘိုးကြီးရှောင် မြန်မြန်လုပ်ပြီး မင်းရဲ့ အဖိုးတန် ဆေးလုံးတချို့ကို ထုတ်ထားလိုက်...။"
အကြီးအကဲများ အုပ်စုသည် ဝမ်းသာအားရ ပြောဆိုနေကြလေသည်။
"ဟုတ်တယ်... နင်းဖန် အများကြီး စားသွားလို့ နောက်မှ စိတ်မကောင်း မဖြစ်နဲ့နော်...။"
ကျင့်ကြံရန်အတွက် ဆေးလုံးများ စားသုံးခြင်းမှာ ရှက်စရာ မဟုတ်ချေ။
၎င်းမှာ ရိုးရာမဟုတ်သော လမ်းကြောင်းတစ်ခု မဟုတ်ဘဲ လူသားဉာဏ်ပညာ၏ ပုံဆောင်ခဲ ဖြစ်လေ သည်။
ဝိညာဉ်အပင်များ နှင့် အရာဝတ္ထုများအတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို လူသားများ စုပ်ယူရန်အတွက် ပြီးပြည့်စုံစွာ ဖွဲ့စည်းသည်အထိ သန့်စင်ရန် လူသား နည်းစနစ်များကို အသုံးပြုခြင်း ဖြစ်သည်။
ဤသည်မှာ ကြီးမားသော ကံကောင်းမှု တစ်ခု ဖြစ်၏။
ထို့ကြောင့် အခြေအနေများက ခွင့်ပြုသရွေ့ ဂိုဏ်းသည် တပည့်များ သူတို့၏ ကျင့်ကြံခြင်းကို အထောက် အကူပြုရန် ဆေးလုံးများကို သင့်လျော်စွာ အသုံးပြုခြင်းအပေါ် များစွာ သဘောတူပေသည်။
သူ၏ ညီအစ်ကိုများ ပြောသည်ကို ကြားသောအခါ ရှောင်ချာ က ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်လေ သည်။
"ငါက အဲဒီလောက် တွန့်တိုတဲ့လူမျိုးလား။ အဲဒါတွေက ဆေးလုံးတချို့ပဲလေ ဘာလို့ ငါက စိတ်မကောင်း ဖြစ်ရမှာလဲ...။ ပြီးတော့ ဆေးလုံးတွေက စားဖို့ သန့်စင်ထားတာ မဟုတ်ဘူးလား...။ ငါတို့ဂိုဏ်းရဲ့ လူငယ် ပါရမီရှင် ရဲ့ ပါးစပ်ထဲ ဝင်သွားတာက အဲဒါတွေ ရှိသင့်တဲ့ နေရာ အတိအကျပါပဲ...။"
သူ၏ စကားများမှာ တရားမျှတပြီး ထူးခြားသော ရက်ရောမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
သို့သော် ဤသည်ကို ကြားသောအခါ အကြီးအကဲများစွာ၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာ များ ဖြစ်ပေါ်လာခဲ့လေသည်။
ထျန်းကုန်းတောင်ထိပ် မှ လီချန်မင် သည် ရယ်ချင်စိတ်ကို ဖိနှိပ်ထားကာ သူ့ကို ဆွလိုက်လေသည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတော်စင် ယူသွားတဲ့ အဋ္ဌမအဆင့် ကောင်းကင်အဆင့် ဆေးလုံး တစ်လုံးအတွက် တောင်ထိပ်စွန်းနှစ်ဖက် ကို ဒေါသတကြီး သွားပြီး စီနီယာအစ်ကိုဂိုဏ်းချုပ်ကို တရားမျှတမှု ပေးဖို့ တောင်းဆိုခဲ့တာ ဘယ်သူလဲ မသိဘူးနော်...။"
ဤစကားများ ပြောလိုက်သည်နှင့် ရှောင်ချာ ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ မျက်လုံး များတွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့လေသည်။
ဂိုဏ်း၏ သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့သည် အချို့သော အခွင့်ထူးများကို ခံစားခွင့်ရှိလေသည်။
ဥပမာအားဖြင့် နှစ်တစ်ရာတိုင်းတွင် သူတို့သည် သူတို့၏ ကျင့်ကြံခြင်းကို အထောက်အကူပြုရန်အတွက် ထိပ်တန်းဆေးလုံး တစ်လုံးကို ရရှိရန် ဂိုဏ်းသို့ လျှောက်ထားနိုင်လေသည်။
ထိုအချိန်က သူတော်စင်သည် အမြင့်ဆုံး အခြေခံအုတ်မြစ် အတွက် ကြိုးစားချင်နေခဲ့သည်။
ထို့ကြောင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဋ္ဌမအလွှာ တွင် ရှိနေစဉ် သူသည် ယခုလေးတင် သန့်စင်ထား သော အဋ္ဌမအဆင့် ကောင်းကင်အဆင့် ဆေးလုံး တစ်လုံးကို ရှောင်ချာ ထံမှ တောင်းဆိုခဲ့ဘူးလေသည်။
ဤဆေးလုံးကို သန့်စင်ရန် ရှောင်ချာ သည် မီးဖို ပေါက်ကွဲမှု လေးကြိမ် ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် မအောင်မြင်မီ အဖိုးတန် ရတနာများနှင့် ရှားပါး ပစ္စည်းများစွာကို အလဟဿ ဖြုန်းတီးခဲ့ရလေသည်။
အဆုံးတွင် ထိုဆေးလုံး မနွေးမီမှာပင် သူတော်စင်က သူ၏ အာဏာကို အသုံးပြု၍ ထိုဆေးလုံးကို ယူသွားခဲ့ခြင်းပင်ဖြစ်သည်။
ဒေါသထွက်သွားသဖြင့် သူသည် ဂိုဏ်းချုပ် နေထိုင်ရာ တောင်ထိပ်စွန်းနှစ်ဖက် သို့ တည့်တည့် သွားကာ တိုင်ကြားခဲ့ရာ ဂိုဏ်းရှိ အကြီးအကဲများ အားလုံးကို ရယ်ရမလို ငိုရမလို ဖြစ်သွားစေခဲ့လေသည်။
ယခု ဤရှက်ဖွယ် သမိုင်းကြောင်းကို လူသိရှင်ကြား ပြောလာသောအခါ ရှောင်ချာ ၏ နားရွက်ဖျားများ ပင် နီရဲသွားခဲ့လေသည်။
သူက စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"လက်ရှိ အခြေအနေကို အရင်တုန်းကနဲ့ နှိုင်းယှဉ်လို့ ရလား...။ ယွင်ကျယ် က သူတော်စင် ဒါပေမယ့် နင်းဖန်က တပည့်ခေါင်းဆောင် လေ...၊ တပည့်ခေါင်းဆောင် တစ်ယောက်က သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက် မှုအတွက် ဂိုဏ်းရဲ့ အရင်းအမြစ် အားလုံးကို အသုံးပြုခွင့် ရှိသင့်တယ်...။"
"ပြီးတော့ ငါ့ရဲ့ ကျွမ်းကျင်မှုတွေက အခုဆို အလွန် ပြောင်မြောက်နေပြီ။ ပြီးတော့ ငါက နဝမအဆင့် ဆေးဆရာ အဆင့်ကို ရောက်နေပြီလေ...။ သဘာဝကျစွာပဲ အဲဒီတုန်းကလို အဋ္ဌမအဆင့် ကောင်းကင် အဆင့် ဆေးလုံး တစ်လုံးကို ခွဲခွာရမှာကို ငါ ဝန်လေးနေမှာ မဟုတ်ဘူး...။"
ရှောင်ချာ သည် မကြာသေးမီ ဆယ်စုနှစ်များအတွင်းမှသာ နဝမအဆင့် ဆေးဆရာ အဖြစ် ရာထူးတိုးခံရ ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ထိုစဉ်က သူသည် အဋ္ဌမအဆင့် ကောင်းကင်အဆင့် ဆေးလုံး ကို သန့်စင်ရာတွင် အားထုတ်မှု အများကြီး လိုအပ်ခဲ့ရာ သဘာဝကျစွာပင် ထိုဆေးလုံးကို အယူခံရသောအခါ သူ နာကျင်ခဲ့ရခြင်းပင် ဖြစ်ပေသည်။
သူ၏ လက်ရှိ အဆင့်ဖြင့် ထိုဆေးလုံးကို ထပ်မံ သန့်စင်ရန်မှာ သေချာပေါက် များစွာ ပိုမို လွယ်ကူပေ လိမ့်မည်။
သူ၏ စိတ်သဘောထား ပြောင်းလဲမှုကို ပွင့်ပွင့်လင်းလင်း ဝန်ခံသော စကားလုံးများက အားလုံးကို ခေါင်းညိတ်သွားစေခဲ့သည်။
သူတော်စင် ဇူယွင်ကျယ် တစ်ယောက်တည်းသာ နားထောင်ရင်း နှုတ်ခမ်းမဲ့ သွားခဲ့လေသည်။
"အဲဒါက ဘာအဓိပ္ပာယ်လဲ….။"
"ငါတို့ နှစ်ယောက်စလုံးက ဂိုဏ်းရဲ့ ပါရမီရှင်တွေလေ...၊ မင်းဆီကနေ အဋ္ဌမအဆင့် ကောင်းကင်အဆင့် ဆေးလုံး တစ်လုံးကို ငါ တောင်းတုန်းက ဂိုဏ်းတစ်ခုလုံးကို အသိပေးပြီး ဂိုဏ်းချုပ်ဆီ သွားငိုခဲ့တယ် မဟုတ်ဘူးလား….။"
"အခု နင်းဖန်က မင်းရဲ့ ဆေးခန်းမ ထဲကို ပြေးဝင်သွားပြီး ဘူဖေး စားတော့မယ်ဆိုတော့ မင်းက သူ စားချင်တာ စားလို့ရတယ်လို့ ရက်ရက်ရောရော ပြောနေတာလား….။"
အကြောင်းပြချက် တစ်ခုခုကြောင့် သူတော်စင်သည် သူ၏ နှာခေါင်း နီလာသလို ခံစားလိုက်ရလေသည်။
ရွှီယိုဝေက ဤအချိန်တွင် ဝင်ရောက်မေးမြန်းလိုက်လေ၏။
"ဂျူနီယာညီလေးရှောင်...၊ တကယ်လို့ အဲဒါက နဝမအဆင့် သူတော်စင်အဆင့် ဆေးလုံး သာ ဖြစ်နေ ရင်ကော...။"
"ဒါက..."
ရှောင်ချာ ဤသည်ကို ကြားသောအခါ မှင်တက်သွားခဲ့လေသည်။
ဆေးသန့်စင်ခြင်း လမ်းကြောင်းသည် ပထမအဆင့်မှ ဒသမအဆင့်အထိ ရှိပေသည်။
ထိုအထဲတွင် ဆဋ္ဌမအဆင့်ကို လူသားအဆင့် ဆေးလုံး၊ သတ္တမအဆင့်ကို မြေကမ္ဘာအဆင့် ဆေးလုံး၊ အဋ္ဌမအဆင့်ကို ကောင်းကင်အဆင့် ဆေးလုံး နှင့် နဝမအဆင့်ကို သူတော်စင်အဆင့် ဆေးလုံး ဟု ခေါ်ဆို ကြလေသည်။
ဒသမအဆင့်နှင့် ပတ်သက်၍မူ ထိုအရာမှာ နတ်ဘုရားအဆင့် ဆေးလုံး ဖြစ်ပြီး ကမ္ဘာပေါ်တွင် မပေါ် လာသည်မှာ နှစ်သန်းပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်၏။
ရှောင်ချာ သည် ယခုအခါ ထူးချွန်သော နဝမအဆင့် ဆေးဆရာ တစ်ဦး ဖြစ်နေပြီဖြစ်ရာ သဘာဝကျစွာ ပင် သူသည် နဝမအဆင့် သူတော်စင်အဆင့် ဆေးလုံး ကို သန့်စင်နိုင်ခဲ့သောကြောင့်ပင်ဖြစ်လေသည်။
နင်းဖန်သည် အဋ္ဌမအဆင့် ကောင်းကင်အဆင့် ဆေးလုံး များကို စိတ်ကြိုက် စားသုံးနိုင်ကြောင်း ယခု လေးတင် သူ ပေါ့ပေါ့ပါးပါး ပြောနေခဲ့သည်။
သို့သော် နဝမအဆင့် သူတော်စင်အဆင့် ဆေးလုံး ပြဿနာကို သူ မပြောခဲ့ချေ။
ယခု ပြုံးနေသော ရွှီယိုဝေ၏ မေးမြန်းမှုကို ခံရသောအခါ သူသည် သူ၏ ယခင် တုံ့ဆိုင်းနေသော အခြေ အနေသို့ ချက်ချင်း ပြန်ရောက်သွားပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့တော့ေသည်။
ရွှီယိုဝေသည် ဘေးမှနေ၍ မီးလောင်ရာ လေပင့်ပေးလိုလေသည်။
"ကြည့်... ခက်ခဲတဲ့ မေးခွန်းတစ်ခုနဲ့ ကြုံတာနဲ့ သူ စကားပြောတာ ရပ်သွားပြန်ပြီ...။"
ရှောင်ချာ ဗလုံးဗထွေး ပြောလိုက်လေသည်။
"ငါ..."
သူ ချောင်ပိတ်မိနေစဉ် ရုတ်တရက် ဉာဏ်အလင်းတစ်ခု ပေါ်လာပြီး ချက်ချင်း ပြန်ဖြေလိုက်လေသည်။
"နင်းဖန်ကို နဝမအဆင့် သူတော်စင်အဆင့် ဆေးလုံး တစ်လုံး စားခွင့်ပေးဖို့ ငါ သဘာဝကျကျ ဆန္ဒရှိပါ တယ်။ ဒါပေမယ့် ဒီဆေးလုံးကို ဝင်္ကပါ တစ်ခုထဲမှာ သိမ်းထားတာ...။ အခု ငါတို့က အောက်ခြေ နယ်မြေ ကို ဆင်းလို့ မရသလို ဝင်္ကပါကိုလည်း အဝေးကနေ မထိန်းချုပ်နိုင်တဲ့အတွက် နင်းဖန်ကို အဲဒါ စားစေ ချင်ရင်တောင် ငါ ဘာမှ မတတ်နိုင်ပါဘူး...။"
ဤအသံကျယ်ကျယ်ဖြင့်ပြောသော စကားများကို ကြားသောအခါ ရွှီယိုဝေသည် အတွင်းစိတ်တွင် မျက်လုံးမလည်နိုင်ဘဲ ဖြစ်နေခဲ့သည်။
"ဒီဂျူနီယာညီလေးရှောင်…။"
"သူက နေ့တိုင်း ရက်ရောချင်ယောင် ဆောင်နေတာပဲ….။"
"အဲ့ဒီဆေးလုံးက ဝင်္ကပါ ထဲမှာ ရှိနေတော့ နင်းဖန်က စားချင်ရင်တောင် ယူလို့ မရဘူးလေ ဒါကြောင့် မင်းက စိတ်ကြိုက် ပြောလို့ ရနေတာပေါ့...။"
ဂိုဏ်းချုပ် ဖေ့ချင်းယွီသည် ငြင်းခုံနေသော ထိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ဝင်ရောက် ဟန့်တားရန် ရှေ့ထွက်လာကာ ညွှန်ကြားလိုက်သည်။
"ကောင်းပြီ...။"
ထို့နောက် သူသည် ချီလဲ့ကွမ် ကို ကြည့်ကာ ပြောလိုက်လေသည်။
"ဂျူနီယာညီလေးချီ... နင်းဖန်ကို ဆေးလုံးတွေ ယူဖို့ လမ်းညွှန်ပေးဖို့ သားရဲလေးကို အသုံးပြုလိုက် ပါ...။"
ချီလဲ့ကွမ် ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့..."
အောက်ဘက်တွင်….၊
နင်းဖန်သည် ဆေးခန်းမ ၏ ပင်မတံခါးထဲသို့ ခြေချလိုက်သည်နှင့် စနစ် အသိပေးချက်တစ်ခု သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
[ဒင်... ပိုင်ရှင်ဟာ ဆေးခန်းမ သို့ ရောက်ရှိလာကြောင်း တွေ့ရှိပါသည်...။ အချိန်ကန့်သတ် စစ်ဆေးမှု တာဝန်တစ်ခုကို အစပျိုးလိုက်ပါသည်။ သုံးမိနစ်အတွင်း ဆေးခန်းမ ၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိပါ..။ ဆုလာဘ် : ဝင်္ကပါဖျက်ဆီးခြင်း လက်မှတ် (၁) ခု...။]
"နောက်ထပ် စစ်ဆေးမှု တာဝန်တစ်ခုလား….။"
နင်းဖန်၏ မျက်ခုံးများ ပင့်သွားခဲ့ပြီး ဝမ်းသာမှု အရိပ်အယောင်တစ်ခု သူ၏ မျက်လုံးများတွင် လင်းလက် မသွားဘဲ မနေနိုင်ခဲ့ချေ။