← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

57

မဒမ်မာတစ်ယောက် ချင်ရန်၏ မျှော်လင့်တကြီး ကြည့်နေသည့် မျက်လုံးများကြောင့် ဇဝေဇဝါဖြစ်သွားသည်။ ချင်ရန်သည် မဒမ်မာ၏အိမ်ထဲသို့ ဝင်‌ရောက်ကာ လင်းပင်နှင့်ပတ်သက်သမျှ အကြောင်းစုံကို ပြောပြလိုက်သည်။

ချင်ရန်၏ စကားဆုံးသွားသည်နှင့် မဒမ်မာသည် ပါးစပ်အဟောင်းသားဖြစ်သွားကာ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

“ကျွန်မအမျိုးသားရဲ့ အလုပ်ရှင်က တကယ်ပဲ ရာဇဝတ်ကောင်တစ်ယောက်လား၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

မဒမ်မာသည်လည်း ခဏတာမျှ ဤတုန်လှုပ်ဖွယ်သတင်းအား လက်ခံနိုင်ခြင်းမရှိသေးပေ။

ချင်ရန်၊ ယန်ရှု၊ ချန်ရှင်းချန်နှင့် အခြားသူများမှာ အိမ်ထဲသို့ ဝင်ရောက်လာကြပြီဖြစ်သည်။

ချင်ရန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မဒမ်မာ ချီလုံဝေက မကြာခင်ရောက်လာတော့မှာမို့လို့ ကျွန်တော်တို့ အခုပဲပြင်ဆင်ထားသင့်တယ်”

“ခေါင်းဆောင်ချန်၊ ယန်ရှု ငါတို့ ချီလုံဝေမလာခင် အမြန်ပုန်းရမယ် ဒါမှ သူအိမ်ထဲဝင်လာတာနဲ့ ဖမ်းဆီးလို့ရမှာ”

ချင်ရန် အစီအစဉ်ဆွဲလိုက်ရာ အခြားသူများကလည်း ခေါင်းငြိမ့်လက်ခံကြသည်။

“ကောင်းပြီ၊ မင်းပြောသလိုပဲလုပ်ကြတာပေါ့”

ချန်ရှင်းချန်က အရင်ဆုံးခေါင်းငြိမ့်လိုက်ပြီး စားပွဲတစ်ခုဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ မေးလိုက်၏။

“ငါ ဒီမှာနေရင် တံခါးကနေဝင်လာတဲ့သူက မြင်နိုင်မလား”

“မမြင်နိုင်ပါဘူး”

ချင်ရန်မှာ ပြုံးလျက်ပြန်ဖြေလိုက်၏။ အကြောင်းမှာ ချီလုံဝေရောက်လာလျှင် သူနှင့်အတူ လူအင်အားမည်မျှပါလာမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

ချီလုံဝေကဲ့သို့ ငွေကြေးအာဏာရှိသည့်သူသည် နောက်လိုက်တပည့်အများအပြား ခေါ်လာနိုင်ခြေရှိသောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူတို့ ပုန်းအောင်းနေရန်လိုအပ်ပြီး ချီလုံဝေအား သူတို့၏အရိပ်အယောင်ကို ပြလို့မဖြစ်ပေ။

နောက်ဆုံးတွင် ချင်ရန်အပါအဝင် လူငါးဦးစလုံးသည် အိမ်ထဲတွင် ပုန်းလိုက်ကြသည်။ မဒမ်မာကတော့ ဧည့်ခန်းထဲတွင် ရင်တထိတ်ထိတ်နှင့် ထိုင်နေရှာ၏။

အပေါ်ထပ်တွင် ဆော့ကစားနေ‌သော သူမ၏ ကလေးနှစ်ယောက်ဆီကို အောက်ထပ်က ဆူညံသံများ သူတို့ဆီမရောက်သွားစေရန်သာ သူမ ဆုတောင်းနေမိ၏။

မိနစ်ဝက်ခန့် စောင့်ဆိုင်းပြီးနောက် ခြံထဲမှ ကားအင်ဂျင်သံတစ်ချက် ဟိန်းခနဲ မြည်လာသည်ကို ကြားလိုက်ရသည်။ သူမ၏ ရင်ခုန်သံများမြန်ဆန်လာ၏။ ချီလုံဝေက သူမအားခြိမ်းခြောက်ရန် ရောက်လာလိမ့်မည်ဟူသော ချင်ရန်၏စကားကို ပြန်တွေးမိပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိ‌တော့သည်။

သူမသည် ထောင့်တစ်နေရာတွင် ပုန်းနေသောချင်ရန်အား လှမ်းကြည့်လိုက်ရာ ချင်ရန်က ‘အဆင်ပြေသွားမှာပ’ ဟူသော အကြည့်မျိုးဖြင့် ပြန်ကြည့်လာသဖြင့် သူမ အနည်းငယ်စိတ်အေးသွားသည်။

တင်တောင်။

ထိုစဉ် တခါးမှ လူခေါ်ဘဲလ်သံ ကျယ်လောင်စွာမြည်လာသည်။ မဒမ်မာ၏ နှလုံးသားမှာလည်း လည်‌ချောင်းထဲမှ ထွက်ကျလာတော့မည့်မလား ခံစားလိုက်ရ၏။

ထို့နောက် သူမသည် မိမိကိုယ်ကို အိန္ဒြေပြန်ဆည်ကာ ဟန်မပျက်ထရပ်ပြီး တံခါးဆီသို့သွားကာ အပေါက်မှတစ်ဆင့် ကြည့်ရင်းမေးလိုက်သည်။

“ဘယ်သူလဲရှင့်”

“ငါ အစ်ကိုချီပါ၊ ခယ်မလေး”

တံခါးအပြင်ဘက်မှ ချီလုံဝေ၏အသံ ထွက်ပေါ်လာသည်။

“ခယ်မ‌လေး ငါ ချီလုံဝေပါ တံခါးဖွင့်ပေးပါဦး၊ လင်းပင်က ဘာဖြစ်လို့လဲမသိဘူး၊ ရုတ်တရက်ဖုန်းဆက်လာပြီး အိမ်မှာ တစ်ခုခုဖြစ်နေမှာ စိုးရိမ်လို့ဆိုပြီး ငါ့ကိုသွားကြည့်ခိုင်းတာနဲ့ ထွက်လာခဲ့လိုက်တာ၊ ခယ်မလေးအဆင်ပြေရဲ့လား ဟဲဟဲ”

ထိုစကားကို ကြားလိုက်သောအခါ မဒမ်မာ၏ကျောရိုးတစ်လျှောက် အေးစိမ့်သွား၏။

အကယ်၍ အရင်က သူမသာဆိုလျှင် သူ့အား အောင်မြင်သောလုပ်ငန်းရှင်တစ်ဦး၊ ဂုဏ်သရေရှိ လူကြီးလူကောင်းလည်းဖြစ်ပြီး မိမိခင်ပွန်း၏ အလုပ်ရှင်လည်း ဖြစ်သဖြင့် ပြုံးပျော်ရွှင်စွာ ကြိုဆိုမိမည်ပင်။

အရင်ကတည်းက သူ၏အကြည့်များက သူမအပေါ် အမြဲတမ်း ရိုင်းစိုင်းစက်ဆုပ်ဖွယ် ကောင်းနေခဲ့သည်ကို သူမသတိထားမိခဲ့သော်လည်း ခင်ပွန်းဖြစ်သူ၏ အလုပ်ရှင်ဖြစ်နေသောကြောင့် သူမသည်းခံခဲ့ရခြင်းသာ ဖြစ်သည်။

“ခယ်မလေး၊ ဘာဖြစ်လို့လဲ ဘာလို့ တံခါးမဖွင့်ပေး‌သေးတာလဲ”

ချီလုံဝေ၏ဇဝေဇဝါဖြစ်နေသော အသံက ထပ်ထွက်လာသည်။

အခြားတစ်ဖက်တွင်ရှိ‌သောချင်ရန်က မဒမ်မာအား မျက်ရိပ်ပြလိုက်ရာ သူမသည် တံခါးလက်ကိုင်ကိုလှည့်ပြီး ဖွင့်ပေးလိုက်၏။ သူမသည် အသက်ပြင်းပြင်းရှူကာ သူမ၏မျက်နှာအမူအရာကို ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားကာ ထိန်းထားလိုက်သည်။

တံခါးပွင့်သွားသည်နှင့် တံခါးအပြင်ဘက်တွင်ရပ်နေသော ချီလုံဝေနှင့် သူ၏လက်အောက်ငယ်သား လေးယောက်ကို မြင်လိုက်ရသည်။

ထိုလေးယောက်ထဲမှ သုံးယောက်မှာ သတိလစ်နေသောလူတစ်ယောက်စီကို ထမ်းလာကြရာ ထိုမြင်းကွင်းအားကြောင့် မဒမ်မာ၏မျက်ဝန်းများ ပြူးကျယ်သွားသည်။

ထိုအချိန်တွင် ချီလုံဝေက ဘာမှမဖြစ်သလိုပင် အိမ်ထဲသို့ ခြေလှမ်းကျဲကျဲဖြင့်ဝင်လာကာ အသာအယာပြုံးလိုက်ပြီး ပြောလာ၏။

“ဘာလဲ ခယ်မလေးက အစ်ကိုကြီးချီကို မကြိုဆိုဘူးလား”

“အစ်ကိုချီ၊ အနောက်ကလူတွေက ဘာဖြစ်‌နေတာလဲဟင်?

မဒမ်မာသည် သူမ၏စိုးထိတ်နေသည့်စိတ်ကို ဖိနှိပ်ကာ အတင်းအကြပ်ပြုံးပြီးမေးလိုက်၏။

ထိုစဉ်မှာပင် ချီလုံဝေ၏လူများလည်း တစ်ယောက်ပြီးတစ်ယောက် အိမ်ထဲသို့ ဝင်လာကြသည်။ သူတို့သည် သတိလစ်ကာ ကြိုးတုပ်ခံထားရသည့် လူသုံးဦးကိုပါ တစ်ပါထဲ သယ်ဆောင်လာကြ၏။

ချီလုံဝေက ပြုံးနေသော်လည်း မဒမ်မာ၏မေးခွန်းကို ချက်ချင်းပြန်မဖြေပေ။ ယင်းအစား သူ၏ လူများကို တံခါးသေချာပိတ်ပြီး သော့ကိုသာ အထပ်ထပ်ခတ်ခိုင်းလိုက်သည်။

“ခယ်မလေး မင်းက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဆွဲဆောင်မှုရှိလာတာ‌ပဲနော် ဟဲဟဲ”

ထို့နောက် ချီလုံဝေက ဆိုဖာဆီသို့ အေးအေးလူလူလျှောက်သွားပြီး မဒမ်မာ၏ ခန္ဓာကိုယ်အချိုးအစားကို အငမ်းမရကြည့်ကာ တဟဲဟဲနှင့် သဘောကျနေခဲ့၏။

“လွန်ခဲ့တဲ့ဆယ်နှစ်က ခယ်မလေးကို စတွေ့တုန်းကဆို အရမ်းနုနယ်သေးလွန်းတယ်၊ အခု ဆယ်နှစ်အကြာမှာတော့ ခယ်မလေးက တကယ်ကို ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိလာတာပဲ”

ချီလုံဝေ၏ စကားများကြောင့် မဒမ်မာ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။

အိမ်၏ထောင့်တစ်နေရာတွင် ပုန်းအောင်းနေကြသော ချင်ရန်အပါအဝင် ကျန်‌လေးဦးမှာ ထိုလူယုတ်မာကို ချက်ချင်းပင် ထွက်ဖမ်းချင်သော်လည်း ချင်ရန်က အကြည့်ဖြင့် စိတ်ထိန်းထားရန် အချက်ပြနေရ၏။

ချင်ရန်၏မျက်နှာမှာအလွန်ကို တင်းမာအုံ့မှိုင်းနေသည်။ သူသည် ထိုလူအား ချက်ချင်းမဖမ်းဆီးရသည့်အကြောင်းမှာ ချီလုံဝေ၏ နောက်လိုက်လေးယောက်လုံးတွင် သေနတ်များ ကိုယ်စီ ကိုင်‌ဆောင်ထားကြသည်ကို မြင်လိုက်ရသောကြောင့်ပင်။

ဓားစာခံသုံးဦးကို ကြမ်းပြင်ပေါ်သို့ ပစ်ချထားပြီး နောက်လိုက်လေးယောက်လုံးမှာ အထူးသတိထားနေကြကာ သူတို့၏လက်ချောင်းများမှာ သေနတ်ခလုတ်ပေါ်တွင် ရောက်နေပြီး အသင့်အနေအထားတွင် ရှိနေကြသည်။

‘အခုအချိန် ငါတို့သာထွက်သွားရင် ငါတို့ကိုမြင်ပြီး အဲဒီလူတွေက ရှေ့နောက်မကြည့်ပဲ ရမ်းသန်းပစ်ခက်လာရင် ငါတို့အားလုံး သေသွားနိုင်တယ်’

ချင်ရန်သည် ထိုသို့တွေးမိပြီးနောက် တီးတိုးရေရွတ်မိ၏။

“ဒါတွေက ကလေးကစားတဲ့သေနတ်မဟုတ်ဘူး။”

ချီလုံဝေသည် ငွေကြေးချမ်းသာသူဖြစ်သဖြင့် နည်းလမ်းမျိုးစုံကိုသုံးကာ သေနတ်အစစ်အမှန်များကိုပါ ရအောင်ရှာဖွေထားနိုင်ခဲ့သည်။

ဤသေနတ်အစစ်များ၏ ပစ်ခတ်မှုအမြန်နှုန်းနှင့် တိကျမှုများသည် အလွန်မြင့်မားလှပေသည်။

ယခင်က ဝမ်ပါ့၏ လေသေနတ်ဖြင့်ပစ်ခက်မှုကို ချင်ရန်ရှောင်နိုင်ခဲ့ခြင်းမှာ ဝမ်ပါ့၏ပစ်ခတ်မှုသည် နည်းစနစ်ညံ့ဖျင်းခြင်းနှင့် လေသေနတ်အရည်အသွေး မကောင်းခြင်းကြောင့်သာ ဖြစ်သည်။

ယခုအ‌ခြေအနေမှာမူ ယခင်ကနဲ့ လုံးဝမတူတော့ပေ။ ချီလုံဝေ၏ နောက်လိုက်လက်ပါးစေများမှာ အထူးလေ့ကျင့်ထားသူများ ဖြစ်ပုံရပြီး သူတို့ကိုင်ဆောင်ထားသည့် သေနတ်များသည် အရည်အသွေးကောင်းမွန်သော ထိတ်တန်းအဆင့် လက်နတ်များဖြစ်ကြသည်။

အကယ်၍ ချင်ရန်သာ ရုတ်တရက်ကြီ ထွက်လာပြီး သေနတ်လေးလက်လုံးဖြင့် သူ့အား ဝိုင်းဝန်းပစ်ခတ်သည်ကို ခံရလျှင် သူသည် နတ်ဘုရားမဟုတ်‌သောကြောင့် ကျည်ထိမှန်ခံရမည်မှာ သေချာသလောက်ရှိနေသည်။

လက်ရှိအခြေအနေမှာ အလွန်အန္တရာယ်များသောကြောင့် စိတ်လိုက်မာန်ပါ မလုပ်သင့်ပေ။

ချင်ရန်သည် လှေကားထောင့်တစ်နေရာတွင် ပုန်းနေရင်း အခွင့်အရေးကို စောင့်ဆိုင်းနေမိ၏။ အကယ်၍ ချီလုံဝေသာ အပေါ်ထပ်သို့ တက်လာမည်ဆိုလျှင် သူ ရုတ်တရက်ထွက်ကာ ဖမ်းဆီးနိုင်ပေမည်။

ဧည့်ခန်းထဲတွင်မူ မဒမ်မာသည် ချီလုံဝေ၏ဆိုလိုရင်းကို နားမလည်ဟန်ဖြင့် အတင်းအကြပ်ပြုံးနေရရှာသည်။ သူမ၏စိတ်ထဲတွင်တော့ ချင်ရန်တို့အဖွဲ့က ချီလုံဝေကို ချက်ချင်းထွက်ဖမ်းပေးပါစေဟုသာ ဆုတောင်းနေမိသည်။

ချီလုံဝေက ပြုံးလျက် သူ့ရှေ့က အမျိုးသမီးအား ရမ္မက်ဇောဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

“အဲဒီကောင် လင်းပင်က ခယ်မလေးလိုလှပတဲ့ မိန်းမတစ်ယောက်ကိုပိုင်ဆိုင်ဖို့ ဘာအရည်အချင်းရှိလို့လဲ”

“အစ်ကိုချီ ကျွန်မကအစ်ကို့ကို အမြဲတမ်း ကိုယ့်အစ်ကိုအရင်းလို သဘောထားခဲ့တာပါ၊ ဘာလို့ ဒီလိုစကားမျိုး ပြောထွက်ရတာလဲ”

မဒမ်မာ၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ သူမမှာ အသက်လေးဆယ်နီးပါး ရှိနေပြီဖြစ်သလို ချီလုံဝေမှာလည်း အသက်ငါးဆယ် ရှိပြီဖြစ်သည်။

ဤမျှ အသက်အရွယ်ရနေသည့် ချီလုံဝေသည် ဤကဲ့သို့ ယုတ်ညံ့ရိုင်းစိုင်းသောစကားများကို မည်သို့ပြောထွက်နိုင်သည်ကို သူမစဉ်းစားမရပေ။

“ဒါနဲ့ ရှောင်ဟွေနဲ့ ရှောင်ရှန်းတို့ အပေါ်ထပ်မှာရှိနေတာလား”

ချီလုံဝေက ခပ်ပြုံးပြုံး မေးလိုက်သည်။ မဒမ်မာက သူ ဘာကိုဆိုလိုသည်ကို နားမလည်သေးပေ။

ထိုအချိန် ချီလုံဝေ၏မျက်လုံးများထဲတွင် ရူးသွပ်သော လောဘရိပ်များ ပေါ်လာခဲ့သည်။

“အဲဒီကလေးနှစ်ယောက် ကြီးလာတာကို ငါကြည့်နေခဲ့တာ၊ အခုဆို သူတို့‌လေးတွေက ဆယ်နှစ်လောက်ရှိပြီမဟုတ်လား”

ထိုသို့မေးလာသောကြောင့် မဒမ်မာ၏ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံများ တဒေါင်ဒေါင် မြည်ဟည်းလာခဲ့၏။

‘လူယုတ်မာ၊ ခွေးထက်ယုတ်ညံ့တဲ့အကောင်’

ချီလုံဝေမှာ ကျား၊မ မရွေး အကုန်စိတ်ဝင်စားသူဖြစ်ပြီး အထူးသဖြင့် အသက်မပြည့်သေးသည့် ကလေးငယ်များအပေါ် ယုတ်ညံ့သောစိတ်ကူးရှိသူဖြစ်သည်။

ချီလုံဝေက သူ၏လူများကိုကြည့်ကာ အဓိပ္ပယ်ပါပါဖြင့် အမိန့်ပေးလိုက်သည်။

“ငါ အပေါ်ထပ်တက်ပြီး ကိစ္စတချို့ရှင်းစရာရှိတယ်၊ မင်းတို့က အောက်မှာသေချာစောင့်ကြည့်ထား၊ ရဲတွေရောက်လာရင် ငါ့ကို ချက်ချင်းအကြောင်းကြား၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ဆရာ”

နောက်လိုက်လက်ပါးစေ လေးယောက်စလုံးက ရိုသေစွာ ခေါင်းငြိမ့်လိုက်ကြသည်။ ထိုနောက် ချီလုံဝေသည် နေရာမှထရပ်လိုက်ပြီး မဒမ်မာအနားသို့ တိုးသွားကာ သူမအား အတင်းပွေ့ဖက်လိုက်သည်။

မဒမ်မာမှာ ထိတ်လန့်တကြား အော်ဟစ်ရုန်းကန်သော်လည်း အင်အားခြင်းမမျှသဖြင့် ချီလုံဝေ၏ရင်ခွင်ထဲသို့သာ ကျရောက်သွားခဲ့၏။

“အပေါ်ထပ် သွားကြစို့ ခယ်မလေး၊ ငါတို့ ပျော်ပျော်ပါးပါးကစားကြတာပေါ့ ဟားဟား’

ချီလုံဝေ၏မျက်လုံးထဲတွင် ရမ္မက်ဇောများ တောက်လောင်လာနေသည်။

လင်းပင်ကို ကလဲ့စားချေရာတွင် ရိုးရိုးသတ်ရုံဖြင့်အားမရပဲ သူ၏ဇနီးနှင့် ကလေးနှစ်ဦးလုံးကိုပါမကျန် အကုန်ဖျက်ဆီးပြီးမှ သတ်ပစ်ရန် သူ ကြံစည်ထားခြင်းဖြစ်သည်။

“မလုပ်ပါနဲ့... ဒါမျိုးမလုပ်ပါနဲ့”

မဒမ်မာသည် အတင်းရုန်းကန်သော်လည်း အရပ်‌ခြောက်ပေနီးပါးရှိပြီး သန်မာထွားကြိုင်းသောချီလုံဝေကို သူမ လုံး၀မယှဉ်နိုင်ပေ။

ထို့နောက် ချီလုံဝေသည် မဒမ်မာကိုပွေ့ချီကာ လှေကားထောင့်ဆီသို့ လျှောက်သွားသည်။

လှေကားထောင့်တွင်ပုန်းနေသော ချင်ရန်သည် ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ချီလုံဝေအားဖမ်းဆီးရန်အတွက် အကောင်းဆုံးအခွင့်အရေးကို စောင့်ဆိုင်းနေတော့သည်။

58

“လူယုတ်မာ လွှတ်စမ်း၊ ငါ့ကို အခုလွှတ်ပေးစမ်း လူယုတ်မာကောင်”

မဒမ်မာသည် အသည်းအသန် ရုန်းကန်နေသော်လည်း သူမရုန်းကန်လေလေ ချီလုံဝေမှာ ပို၍ စိတ်လှုပ်ရှားလာလေလေပင် ဖြစ်သည်။ နောက်ဆုံးတွင် သူသည် မဒမ်မာအား ပွေ့ချီပစ်လိုက်တော့သည်။

“အို….တကယ်ပါပဲ မင်းရုန်းလေ ငါပိုကြိုက်‌လေ၊ ပိုသဘောကျလေပဲဆိုတာ မသိဘူးလား၊ ဟားဟား”

ချီလုံဝေသည် ရယ်မောလျက် ပြောလိုက်လေ၏။

အိမ်၏အမှောင်ရိပ်ထဲတွင် ချန်ရှင်းချန်၊ ယန်ရှုနှင့် အခြားသူများသည် ဤမြင်ကွင်းအားကြည့်ပြီး ဒေါသများ တောက်လောင်နေကြသည်။

မိမိတို့၏မျက်စိရှေ့တွင် ရာဇဝတ်ကောင်တစ်ဦးက အကာအကွယ်မဲ့နေသော အမျိုးသမီးတစ်ဦးအား အနိုင်ကျင့်စော်ကားနေသည်ကို မြင်နေရ‌သော်လည်း ဘာမှဝင်ရောက်မတားဆီးနိုင်သည့် ယခုလိုအခြေ‌အနေမျိုးက သူတို့အတွက် ငရဲကျနေသကဲ့သို့ အရှက်ရဖွယ် ကောင်းလှသည်။

ယခုအခါ သူတို့အားလုံးမှာ ချင်ရန် လှုပ်ရှားလာမည့်အချိန်ကို စောင့်နေကြ၏။ ချင်ရန်မှာ လှေကားထောင့်နှင့် အနီးဆုံးတွင် ရှိနေသဖြင့် တိုက်ခိုက်ရန် အကောင်းဆုံးအနေအထားတွင် ရှိနေပြီး အခြားသူများမှာမူ အလှမ်းဝေးလွန်းသဖြင့် လှုပ်ရှားပါက ချီလုံဝေကို အမိအရဖမ်းဆီးနိုင်မည်မဟုတ်ပေ။

“အင်း၊ မွှေးလိုက်တာကွာ အဲဒီကလေးနှစ်ယောက်ယှဉ်ရင် မင်းက ဘယ်လိုအရသာမျိုးရှိမလဲဆိုတာ သိချင်မိတယ်၊ အဟက်”

ချီလုံဝေသည် မဒမ်မာ၏ကိုယ်သင်းနံ့ကို အငမ်းမရရှူရှိုက်ရင်း အရှက်မဲ့စွာဆိုလိုက်သည်။

သို့သော် ရုတ်တရက်ကြီး လှေကားထောင့်မှ အရိပ်တစ်ခုက ဝုန်းခနဲခုန်ထွက်လာသည်။

“ဟင်”

ချီလုံဝေတွင် ထက်မြက်သော အာရုံရှိသည်။ ငယ်စဉ်ကတည်းက မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက် လေ့ကျင့်ခဲ့သဖြင့် သူ၏တုံ့ပြန်မှုမှာ သာမန်လူများထက် ပိုမိုမြန်ဆန်ပြီး အလွန်ကောင်းမွန်နေ‌လေသည်။

ထို့‌ကြောင့် ချင်ရန်ပေါ်လာသည်နှင့် ချီလုံဝေက ချက်ချင်းသတိပြုမိသွားပြီး မျက်နှာအမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားသည်။

‘ဒီမှာ လူရှိနေတာလား’

ချီလုံဝေက ဒေါသတကြီးအော်ဟစ်ကာ မဒမ်မာကို ချက်ချင်း လွှတ်ချလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို ထုတ်ယူရန် ကြိုးပမ်းသည့်အလား သူ၏ညာလက်ဖြင့် အိတ်ကပ်ထဲသို့ အမြန်နှိုက်လိုက်၏။

ထိုအချိန်မှာပင် ချင်ရန်သည် ကျားတစ်ကောင်ကဲ့သို့ အရှိန်ဖြင့် ပြေးဝင်လာသည်။ ချီဝေလုံမှာ မဒမ်မာကို လွှတ်ချကာ သူ့အိတ်ကပ်ထဲမှ တစ်ခုခုကို ဆွဲထုတ်ရန် ကြိုးပမ်းနေစဉ်မှာပင် အားပြင်းလှသော လက်သီးချက်တစ်ချက်က ချီလုံဝေ၏ ပါးရိုးဆီသို့ ခွပ်ကနဲ ကျရောက်သွားတော့၏။

ခွပ်…။

တုံးတိတိ အသံတစ်ချက်နှင့်အတူ ချီလုံဝေ၏မျက်နှာပေါ်သို့ လက်သီးချက်တစ်ချက် ထိမှန်သွားပြီး သွားနှစ်ချောင်းမှာလည်း ကျွတ်ထွက်သွား‌တော့သည်။

ခလွမ်…။

ထိုအခိုက်မှာပင် သတ္တုပစ္စည်းတစ်ခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းမှာ သိသာထင်ရှားလှသော အနက်ရောင်ပစ္စတိုသေနတ်တစ်လက် ဖြစ်နေသည်။

ချီလုံဝေမှာ မိမိကို မည်သူက ဝင်ရောက်တိုက်ခိုက်လိုက်သည်ကိုပင် ကြည့်ရန်အချိန်မရ‌တော့ပဲ မြေပြင်ပေါ်သို့ လွင့်ကျသွားသော သေနတ်ကိုသာ ပြန်ကောက်ရန် ကြိုးစားနေသည်။

ထိုအခါ ချင်ရန်က သေနတ်အား ခြေထောက်ဖြင့်နင်းကာ ခတ်ထုတ်လိုက်ပြီး ကျွမ်းကျင်လှ‌သော လှုပ်ရှားမှုဖြင့် သေနတ်ကို မိမိလက်ထဲသို့ ယူလိုက်သည်။ ထိုအခါမှ ချီလုံဝေသည် မော့ကြည့်လိုက်ပြီး ချင်ရန်၏ မျက်နှာကို မြင်လိုက်ရတော့၏။

ထို့ပြင် ချီလုံဝေ၏ နောက်လိုက်လက်ပါးစေ လေးယောက်လုံးမှာလည်း တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ အချိန်အနည်းငယ်ကြာမှ သူတို့၏သေနတ်များကို ချီလုံဝေရှိရာဘက်သို့ ချိန်ရွယ်လိုက်ကြသည်။

သို့သော် ချင်ရန်က သူတို့ထက် အကွက်ကို ကြိုမြင်ကာ သူ၏လက်တစ်ဖက်က သေနတ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ချီလုံဝေ၏လည်ပင်းကို နောက်မှနေ၍ ချုပ်ကိုင်ကာ နားထင်အား သေနတ်ဖြင့် ထောက်ထားလိုက်သည်။

“မလှုပ်နဲ့ ဘယ်သူမဆို သူ့ကိုထိရဲရင် အသက်ပျောက်သွားမယ်”

ချင်ရန်က ကျားသစ်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သဖြင့် ချီလုံဝေ၏နောက်လိုက်လက်ပါးစေ လေးယောက်မှာ ခေတ္တမျှ ကြောက်လန့်တုန်လှုပ်သွားကြသည်။

ဤလူသည် မည်သည့်အချိန်က ပေါ်လာပြီး သူတို့ခေါင်းဆောင်ကို မည်သည့်အချိန်တွင် ဖမ်းလိုက်သည်ကို သူတို့ လုံးဝမသိလိုက်ကြပေ။ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ပင်။

“မင်း ဘယ်တုန်းက ရောက်နေတာလဲ”

ချီလုံဝေမှာ သူ၏လည်ပင်း အချုပ်ခံထားရသော်လည်း အံ့ဩနေဆဲ ဖြစ်သည်။

“ချီလုံဝေ၊ ခင်ဗျားရဲ့ အကြံက တော်တော်လေး ဟန်ကျသားပဲ၊ ဒီကိုလာပြီး မိသားစုကို ခြိမ်းခြောက်မယ်၊ အဆင်မပြေရင် တခြား အဖမ်းခံထားရတဲ့ လူသုံးယောက်ကို ဓားစာခံလုပ်ပြီး ခင်ဗျားက ဒီကနေ အန္တရယ်ကင်းကင်းနဲ့ ထွက်သွားမယ်ပေါ့ ဟုတ်လား၊ ဒါပေမဲ့ ခင်ဗျားရဲ့ အစီအစဉ်ကို ကျုပ်ကြိုတွက်ထားပြီးသားဆိုတာ ခင်ဗျားမသိသေးဘူးနဲ့တူတယ်”

ချင်ရန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“အခုအချိန်မှာ ခင်ဗျားလူတွေကို သေနတ်ချခိုင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်၊ အချည်းနှီးဖြစ်အောင် ရုန်းကန်မနေနဲ့တော့”

ချင်ရန်၏ စကားကြောင့် ချီလုံဝေမှာ ဒေါသထွက်သွား၏။

“ဟမ့် သေနတ်ချခိုင်းရမယ် ဟုတ်လား၊ စဉ်းတောင်မစဉ်းစားနဲ့”

ချင်ရန်၏ ဖမ်းဆီးခြင်းကို ခံထားရသော်လည်း ချီလုံဝေမှာ ကြောက်ရွံ့ပုံမပြဘဲ မျက်လုံးထဲတွင် အေးစက်ခက်ထန်သော အရိပ်အယောင်များသာ ဖြတ်ပြေးသွားသည်။

“မင်းတို့ရဲတွေက တကယ့်ကို အကင်းပါးတာပဲ ငါ့အကြံကိုတောင် ကြိုသိနေတယ်ဆိုတော့ တော်တော်လည်းအမြော်အမြင်ကြီးပါပေတယ်၊ ဒီတစ်ခါတော့ ငါ ရှူံးသွားပြီဆိုတာကိုဝန်ခံပါတယ် ဒါပေမဲ့ ငါ့မှာအခွင့်အရေးရှိသေးတယ်”

ချီလုံဝေသည် ရုတ်တရက် အသံကုန်အော်ဟစ်လိုက်သည်။

“မင်းတို့ လေးယောက်၊ ဟိုဓားစာခံသုံးယောက်ကို မြန်မြန်ဖမ်းပြီး ထိန်းချုပ်ထားလိုက်၊ ဒီရဲတွေက ငါ့ကို ပစ်ရဲမှာမဟုတ်ဘူး၊ မြန်မြန်သွား၊ ဓားစာခံတွေကိုသွားဖမ်း”

ချီလုံဝေက ဟိန်းဟောက်ကာ အမိန့်ပေးလိုက်သည်။ ဤအမိန့်ကို ကြားသည်နှင့် နောက်လိုက်လက်ပါးစေ လူလေးယောက်မှာ ဆန့်ကျင်ဘက်အရပ်ရှိ မြေပြင်ပေါ်တွင် လဲနေသော ဓားစာခံသုံးယောက်ကို အမြန် သွားရောက်ဖမ်းဆီးရန် ပြင်ကြတော့သည်။

သို့သော် ထိုအချိန်တွင် သေနတ်သံနှစ်ချက် ဆက်တိုက် ထွက်ပေါ်လာ၏။

ဒိုင်း။

ဒိုင်း။

ချီလုံဝေ၏ နောက်လိုက်များထဲမှ လူနှစ်ယောက်သည် ချက်ချင်းပင် လဲကျသွားသည်။ ပစ်ခတ်လိုက်‌သောသူမှာ အမှောင်ထဲတွင် ပုန်း‌အောင်းနေပြီး တိကျမှန်ကန်သော ပစ်ခတ်မှုစွမ်းရည်ရှိသည့် ဝါရင့်ရဲအရာရှိ ချန်ရှင်းချန်ပင် ဖြစ်သည်။

ထို‌နောက်လိုက်လေးယောက်မှာ လုံးဝသတိမထားမိသောကြောင့် သူသည် သေသေချာချာ အချိန်ယူပစ်ခတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအပစ်ခံလိုက်ရသော လူနှစ်ယောက်မှာ ဝမ်းဗိုက်ကို ထိမှန်သွားပြီး ချက်ချင်းပင် ရပ်တန့်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

“ နောက်ထပ်ရဲတွေ ရှိသေးတာလား”

သူ့နောက်လိုက်နှစ်ယောက် လဲကျသွားချိန်တွင် ချီလုံဝေမှာ ထိတ်လန့်သွားတော့၏။

‘ဒီရဲက တစ်ယောက်တည်းလာတာမဟုတ်ဘူးလား’

ထိုအခွင့်အရေးကို အသုံးချ၍ အမှောင်ထဲတွင်ပုန်းနေသော ချန်ရှင်းချန်တို့ လေးယောက်မှာလည်း ဝုန်းခနဲ ပြေးထွက်လာကြသည်။

ဤသို့ ရုတ်ရုတ်သဲသဲဖြစ်နေစဉ်အတွင်း ကျန်ရှိနေသော နောက်လိုက်လက်ပါးစေ နှစ်ယောက်မှာ သေနတ်ဖြင့် ပစ်ခက်ကြသော်ငြား ကျည်ဆန်များက အခြားတစ်ဖက်သို့သာ လွင့်စင်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ယန်ရှု၊ ချန်ရှင်းချန်နှင့် အခြားသူများ၏ အမိအရ ဖမ်းဆီးချုပ်ကိုင်ခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်သည်။

“မလှုပ်နဲ့”

“မရုန်းနဲ့”

ယန်ရှုနှင့် ချန်ရှင်းချန်တို့က ပြိုင်တူအော်ဟစ်လိုက်ကြသည်။

ချင်ရန်က ချီလုံဝေကို ဓားစာခံအဖြစ် ဖမ်းဆီးထားချိန်မှာပင် ချန်ရှင်းချန် ၊ယန်ရှုနှင့် အခြားသူများမှာ လက်ပါးစေလေးယောက်ရှိရာသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်သွားကြသည်။

ဤသည်မှာ အလွန်အရေးကြီးတဲ့ အခိုက်အတန့်ပင် ဖြစ်သည်။ အကယ်၍ ချင်ရန်သာ လူတိုင်း၏အာရုံကို ဆွဲဆောင်မထားခဲ့ပါက သူတို့မှာ ပစ်ခတ်ရန်ဖြစ်စေ၊ ဖမ်းဆီးရန်ဖြစ်‌စေ အခွင့်အရေးရလိမ့်မည်မဟုတ်ပေ။

ကလောက်..။ ကလောက်..။

လက်ထိပ်ခတ်သံနှစ်ချက် ထွက်ပေါ်လာပြီးနောက် ကျန်ရှိနေသော နောက်လိုက်လက်ပါးစေ နှစ်ယောက်မှာလည်း လက်ထိပ်ခတ်ခံလိုက်ရသည်။

ယန်ရှု၏နဖူးတွင် ချွေးစေးများပျံနေလေ၏။

‘သေနတ်တွေ... ဒီလူတွေက သေနတ်တွေကိုင်ထားကြတာ၊ တကယ်ကို အန္တရာယ်များလွန်းတယ်’

ကံကောင်းထောက်မစွာဖြင့် လူတိုင်း၏အာရုံမှာ ချင်ရန်အပေါ်သို့သာ ရောက်နေသဖြင့် သူတို့အတွက် အခွင့်အရေးရသွားခဲ့ခြင်း ဖြစ်သည်။

“တောက်စ်၊ သောက်ကျိုးနည်းကွာ”

မိမိ၏ လက်ပါးစေများအားလုံး အဖမ်းခံလိုက်ရသည်ကို မြင်သောအခါ ချီလုံဝေမှာ မျက်လုံးများပြူးထွက်မတတ် ဒေါသထွက်သွားလေ၏။

“တောက် အသုံးမကျလိုက်တဲ့ အမှိုက်တွေ၊ ဒီလောက် အလွယ်တကူ အဖမ်းခံလိုက်ရတယ်လို့ကွာ”

ဤနောက်လိုက်လက်ပါးစေ လေးယောက်မှာ သူကိုယ်တိုင် စိစစ်ရွေးချယ်ထားသော ကျွမ်းကျင်သူများ ဖြစ်‌သော်လည ကံဆိုးစွာပင် သူတို့၏ ခေါင်းဆောင်ကိုယ်တိုင် အဖမ်းခံထားရသဖြင့် ချင်ရန်ကိုသာ အာရုံစိုက်နေကြစဉ် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

“ငါ... ငါကတော့”

ချီလုံဝေမှာ ချင်ရန်ထက် ပို၍ ခန္ဓာကိုယ်တောင့်တင်းသည်ဟု ဆိုနိုင်သော်လည်း ချင်ရန်၏လက်ထဲမှ လွတ်မြောက်ရန် အတင်းရုန်းကန်‌နေရသည်။

“ခွေးမသား မင်းကချောင်းတိုက်တာပဲ”

ချင်ရန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချီလုံဝေအား ရုတ်တရက်လွှတ်ပေးလိုက်သည်။ ထိုအခါ ချီလုံဝေသည် ချက်ချင်းလှည့်ပြီး ချင်ရန်၏လက်ထဲမှ သေနတ်ကို လုယူရန် ကြိုးစားသော်လငြား သူ့ဆီသို့ ရောက်လာသည်က သေနတ်မဟုတ်ပဲ ချင်ရန်၏ခြေထောက်သာ ဖြစ်သည်။

ဝုန်း…..။

ဝုန်းကနဲ ဆိုသည့်အသံနှင့်အတူ ချီလုံဝေမှာ အားပြင်းသောကန်ချက်‌ကြောင့် ခေါင်းမူး‌ဝေကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“မင်းကို လက်ထိပ်ခတ်ထားမှငြိမ်မှာပဲ”

ချင်ရန်က လျှောက်သွားပြီး ခါးမှလက်ထိပ်ကိုထုတ်ကာ ချီလုံဝေအား လက်ထိပါခတ်လိုက်သည်။

“တကယ်ကို အန္တရာယ်များလွန်းတယ်”

ယန်ရှုမှာ အမောတကော ဖြစ်နေပြီး မျက်စိထဲတွင်ပင် ကြယ်များပင် လွင့်နေသည်။ချင်ရန်က ရန်ရှု၏ ကျောအား ပုတ်ပေးလိုက်ရင်း “အားတင်းထားစမ်းပါ” ဟု ပြောလိုက်သည်။

ယန်ရှုမှာတော့ ကြောက်လန့်နေဆဲဖြစ်သည်။ စောနက သေနတ်သံများကို အလွန်နီးနီးကပ်ကပ် ကြားလိုက်ရသဖြင့် နားထဲတွင် တဝီဝီမြည်နေဆဲဖြစ်သည်။

“တော်သေးတာပေါ့၊ မင်းသာ ချီလုံဝေကို အမိအရမထိန်းချုပ်ထားနိုင်ရင် ငါလည်း အခုလို ဒီသေနတ်နှစ်ချက်ကို ပစ်နိုင်မှာမဟုတ်ဘူး”

ချန်ရှင်းချန်လည်း ရောက်လာခဲ့၏။ သူလည်း ခုနကဖြစ်ရပ်ကို ပြန်တွေးကာ ရင်တုန်နေဆဲဖြစ်သည်။

“ချီလုံဝေကိုယ်တိုင်က ဒီအခွင့်အရေးကို ပေးလိုက်တာပါ၊ သူသာ မကောင်းတဲ့စိတ်နဲ့ အပေါ်ထပ်ကိုမတက်ခဲ့ဘူးဆိုရင် ကျွန်တော်လည်း အခုလို အခွင့်အရေးရပါ့မလား”

ချင်ရန်က ဘာမှမဖြစ်သလို ပြောလိုက်သော်ငြား၊ နားထောင်သူအဖို့မှာ‌တော့ ရင်ဝကို စောင့်ကန်လိုက်သကဲ့သို့ မျက်ကနဲခံစားလိုက်ရသည်။ မြေပြင်ပေါ်တွင် လက်ထိပ်ခတ်လျက်သား လဲကျနေသော ချီလုံဝေမှာတော့ နောင်တများဖြင့် ပြည့်နှက်နေလေတော့သည်။

All Chapters