← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

59

နောက်ဆုံးတွင် သူ၏ မကောင်းသည့်စိတ်ထားများကပဲ သူ့အား ပြန်လည်ပျက်စီးစေခဲ့သည်။ ဘီလီယံနာသူဌေးတစ်ဦး၏ တကယ့်ကို နာကျည်းစရာကောင်းလှသည့် ဇာတ်သိမ်းတစ်ခုပင် ဖြစ်သည်။

‘ငါသာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေမရှိခဲ့ရင် ဒီရဲတွေက ငါ့ကို ဒီလိုမျိုးလာဖမ်းရဲပါ့မလား’

"မင်း... မင်းတို့ ငါ့ကို အခုချက်ချင်းပြန်လှည့်ကြည့်လိုက်စမ်း၊ ငါ ပြောစရာရှိတယ်”

ချီလုံဝေက ရုတ်တရက် ပြောလိုက်ရာ ချင်ရန်က သူ့အား တစ်ချက်ပြန်လှည့်ကြည့်ပေးလိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

"ခင်ဗျား ကျူးလွန်ခဲ့တာတွေကို အသေးစိတ်ဝန်ခံတော့မလို့လား"

ချီလုံဝေက ခေါင်းအား အကြိမ်ကြိမ်ခါယမ်းရင်း သူ၏ပါးနပ်သော မျက်လုံးများဖြင့် ချင်ရန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဖိန်လင်တစ်မြို့လုံးမှာ ငါ့ကိုမသိတဲ့သူမရှိဘူးလို့ ငါထင်တယ်၊ ငါက လုံဝေဘားကို တည်ထောင်ခဲ့တဲ့ ချီလုံဝေပဲ”

"အပိုတွေ ပြောမနေနဲ့၊ ကျုပ်တို့က ခင်ဗျားကိုဖမ်းဖို့လာခဲ့တာ”

ချီလုံဝေက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏အကျင့်အတိုင်း စတင်၍ ငွေဖြင့်စည်းရုံးတော့သည်။

"မင်းတို့ ဒီမှာ ငါးယောက်ပဲရှိတာလေ၊ ဒါပေမဲ့ ငါ့မှာ ဘီလီယံနဲ့ချီတဲ့ ရန်ပုံငွေရှိတယ်၊ ဒီတစ်ကြိမ်လေးပဲ ငါ့အတွက် ချွင်းချက်ထားပြီး ကူညီပေးစမ်းပါ၊ မင်းတို့တွေ နောင်တမရစေရဘူးလို့ ငါအာမခံတယ်၊ မင်းတို့ ထိုက်ထိုက်တန်တန်ရစေရမယ်လို့ ငါကတိပေးတယ်၊ ငါ့ကိုယုံလိုက်စမ်းပါ။"

ဒီစကားကို ကြားလိုက်ရသောအခါ ချင်ရန်က ရယ်မောလိုက်သည်။ ချီလုံဝေပြောသော စကားလုံးများက သူ့နားထဲတွင် ရင်းနှီးနေသလို ခံစားလိုက်ရ‌လေ၏။

‘ဘယ်မှာ ကြားဖူးတာပါလိမ့်၊ ဪ မှတ်မိပြီ

ချီလုံဝေရဲ့ နောက်လိုက်လက်ပါးစေ ရှောင်ယု ကလည်း ဗီလာထဲမှာ ငါ့ကို စည်းရုံးခဲ့ဘူးတာပဲ’

ရှောင်ယုပြောခဲ့သည်ကို သူမှတ်မိသွား၏ ယခု ချီလုံဝေကလည်း ရှောင်ယုကဲ့သို့ပင် တူညီသောဆင်ခြေမျိုးကို ပေးနေပြန်ပြီဖြစ်သည်။ ချမ်းသာသောသူများသည် နောက်ဆုံးတွင် ငွေဖြင့်သာ ပြဿနာအား ဖြေရှင်းရန် စဉ်းစားကြပုံရသည်။

ထိုအခါ ဘေးတွင်ရပ်နေသော ချန်ရှင်းချန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"မင်းက ရာဇဝတ်မှုတွေအများကြီး ကျူးလွန်ထား‌နေတာတောင် အခု အစိုးရဝန်ထမ်းကို လာဘ်ထိုးဖို့ကြိုးစားနေတယ်၊ ဘာလဲ မင်းကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေက နဲနေသေးတယ်လို့ ထင်နေတာလား ချီလုံဝေ”

ချီလုံဝေမှာ ဤမျှအထိ ရဲတင်းလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ အဖမ်းခံထားရသည့်တိုင်အောင် လာဘ်ထိုးရန် ကြိုးစားနေ‌သေးသည်။

ချင်ရန်က တည်ငြိမ်စွာဖြင့် ဝင်ပြောလိုက်သည်။

"ခင်ဗျားရဲ့ စကားပြောပုံက ခင်ဗျားရဲ့ နောက်လိုက်လက်ပါး‌စေနဲ့ တစ်ပုံစံတည်းပဲ၊ ဘာလို့ လူတွေက ငွေရှိရင် အကုန်‌ဖြေရှင်းလို့ရတယ်လို့ ထင်နေကြတာလဲ၊ အပြစ်တွေလုပ်တုန်းကကျတော့ နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို ဘာလို့ထည့်မစဉ်းစားခဲ့ကြတာလဲ”

ချင်ရန်၏စကားကြောင့် ချီလုံဝေမှာ အံ့အားသင့်သွားရပြီး မမေးဘဲမနေနိုင်တော့ပေ။

"ငါ့ရဲ့ နောက်လိုက်လက်ပါးစေ၊ မင်းပြောတာ ရှောင်ယုကိုလား”

ချင်ရန်က ‘ခင်ဗျား ဘယ်လိုထင်လဲ’ ဆိုသည့် ပုံစံဖြင့် မျက်ခုံးတစ်ချက် ပင့်ပြလိုက်သည်။ ချင်ရန်၏အမူအရာကြောင့် ချီလုံဝေမှာ ရှုပ်ထွေးသွားပြီး ချင်ရန်အား စက္ကန့်အနည်းငယ်ကြာသည်အထိ စိုက်ကြည့်နေမိသည်။

"ရှောင်ယုလည်း မင်းလက်ထဲရောက်သွားပြီပေါ့ ဟုတ်လား”

"အဲဒီလိုပဲ ပြောရမှာပေါ့"

ချင်ရန်က ဘာမှမဖြစ်သလိုပုံစံဖြင့် တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်၏။

" တကယ်ပဲ မင်းကဘယ်သူလဲ"

ထိုအကြောင်းအား ကြားလိုက်ရပြီးနောက် ချီလုံဝေတစ်‌ယောက် နောက်ဆုံးတွင် မနေနိုင်တော့ပဲ မေးလိုက်မိသည်။

"ငါ့ရဲ့ ရန်သူတွေက ငါ့ကိုဒုက္ခပေးဖို့ မင်းလိုလူမျိုးကို လွှတ်လိုက်တာလား”

"ချီလုံဝေ၊ ခင်ဗျားအတွေးလွန်နေပြီ"

ချင်ရန်က အေးစက်စွာဖြင့် ပြောလိုက်၏။

"ခင်းဗျားက အပြစ်တွေအများကြီး ကျူးလွန်ထားတာလေ၊ တစ်နေ့ကျရင် ဒီလိုအဆုံးသက်ရမှာပဲ၊ ဥပဒေဆိုတာ ခင်ဗျားလိုလူမျိုးအတွက်လည်း မျက်နှာသာ‌ပေးတယ်ဆိုတာမရှိဘူး သူဌေးကြီး ချီလုံဝေ”

"တောက်စ်”

ဤစကားကို ကြားသောအခါ ချီလုံဝေက ချက်ချင်းဒေါသထွက်ကာ ပေါက်ကွဲသွားတော့၏။

"တရုတ်ပြည် တစ်ပြည်လုံးမှာ အပြစ်လုပ်နေတဲ့သူတွေ တစ်ပုံကြီးပါကွာ၊ အဲဒီလူတွေကိုကျတော့လွှတ်ထားပြီး ဘာလို့ ငါ့ကိုမှ ရွေးပြီးပစ်မှတ်ထားနေရတာလဲ၊ သူတို့ကိုအရင်မဖမ်းဘဲ ငါ့ကျမှ ဘာလို့လဲ.”

ချီလုံဝေက ချင်ရန်ကိုပြောနေသည်လား၊ သူ့ကိုယ်သူ ပြောနေခြင်းလား မသိအောင်ကို တီးတိုးရေရွတ်နေလေ၏။

"တကယ်ကို ပြုပြင်လို့မရတဲ့လူပဲ”

ချင်ရန် ခေါင်းခါမိသည်။ ချီလုံဝေကတော့ တကယ်ကို မျှော်လင့်ချက်မရှိတော့‌ပေ။ ‘ဒီလောက်အပြစ်တွေ လုပ်ထားတာတောင် ဘယ်လိုများ ဒီလိုစကားမျိုး ပြောနိုင်ရသလဲ မသိဘူး’

"ငါ့ရဲ့ တာဝန်က ခင်ဗျားလိုလူတွေကိုအပြစ်ပေးဖို့ပဲ ချီလုံဝေ၊ ငါ တရုတ်ပြည်မှာ ရှိနေသရွေ့တော့ ခင်ဗျားလို ရာဇဝတ်ကောင်တွေက ဘယ်တော့မှ အေးအေးဆေးဆေး အိပ်ရမှာမဟုတ်ဘူး ဘာလို့လဲသိလား ကျုပ်က အဆုံးထိ လိုက်ဖမ်းနေမှာမို့လို့ပဲ”

ချင်ရန်၏အသံမှာ တည်ငြိမ်၊ပြတ်သားလှသည်။

ဘေးတွင်ရပ်နေသော ချန်ရှင်းချန်နှင့် ယန်ရှုတို့က ချင်ရန်အား လှမ်းကြည့်လိုက်ကြသည်။ ချင်ရန်ပြောလိုက်သော ဤစကားများသည် သူတို့ရင်ထဲ၌ရှိနေသော စကားများပင် ဖြစ်သည်။

"ဖွီး..”

ချင်ရန်၏စကားကို ချီလုံဝေက တံ‌တွေးတစ်ချက် ထွေးထုတ်လိုက်ပြီး မထီတရီဖြင့် လှောင်ပြုံး ပြုံးလိုက်၏။

"ငါတို့အားလုံးက ငွေအတွက်ပဲ အလုပ်လုပ်နေကြတာ မဟုတ်ဘူးလား၊ ငါ မင်းကို အဆတစ်ရာ မဟုတ်‌သေးဘူး အဆတစ်ထောင် ပိုပေးမယ် ဘာလို့ ငါ့အတွက် အလုပ်မလုပ်‌ပေးနိုင်ရတာလဲ”

သိပ်မကြာမီတွင် ရဲကားအချို့၏ ဥဩဆွဲသံများ ထွက်ပေါ်လာသည်။ ထိုအခါ ချီလုံဝေ၏မျက်နှာ ဖြူလျော့သွားတော့သည်။

‘သွားပြီ၊ အကုန်ပြီးဆုံးသွားပြီ

လုံးဝ မျှော်လင့်ချက်မရှိတော့ဘူး’

ရဲတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်

ရောက်ရှိလာပြီ ဖြစ်သည်။ ချီလုံဝေက မျက်နှာကျက်ကို မကျေမနပ်ကြည့်ကာ ရေရွတ်လိုက်သည်။

"ငါ ချီလုံဝေ တစ်သက်လုံး ဩဇာအာဏာ ကြီးမားခဲ့တာ၊ ဘယ်လိုဖြစ်ပြီး ဒီနေ့ကျမှ ဒီလောက်အထိ အရှက်တကွဲအကျိုးနည်း ဖြစ်သွားရတာလဲ၊ ဟောကိန်းထုတ်တဲ့လူက ငါ့ဘဝမှာ ဘာမှပူစရာမရှိဘူးလို့ ဟောကိန်းထုတ်ခဲ့တာလေ၊ တောက်စ်၊ သောက်တလွဲတွေကြီးပဲ”

ဘေးတွင်ရပ်နေသော ချင်ရန်က အေးစက်စွာပြောလိုက်သည်။

“ချင်မင်းဆက်တောင် ပျက်သုဉ်းသွားပြီပဲ... ခင်ဗျားက ဘာလို့ ကံဇာတာတွေကို ယုံနေသေးတာလဲ”

ချီလုံဝေ၏မျက်နှာမှာ ဗလာဖြစ်သွားသည်။ သူသည် ယခုကဲ့သို့ အခြေအနေမျိုးနှင့် လက်တွေ့ဘဝတွင် ရင်ဆိုင်ရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးသည့်အလားပင်။

ဘေးဘက်တွင်ရှိနေသော မဒမ်မာမှာ ကြောက်လန့်တုန်ရီနေဆဲ ဖြစ်သော်လည်း သူတို့အနားသို့ လျှောက်လာခဲ့သည်။

ဩဇာအာဏာကြီးမားပြီး ချမ်းသာလှသော ချီလုံဝေတစ်ယောက် ယခုကဲ့သို့ အပြက်အသက် ရှုံးနိမ့်နေသည်ကို မြင်ရသောအခါ သူမ အလွန်အံ့အားသင့်သွားသည်။

သို့သော်လည်း စောစောက ချီလုံဝေ၏ ယုတ်မာရိုင်းစိုင်းသည့်စော်ကားမှုကို ပြန်တွေးမိသောအခါ သူမသည် ရှက်လည်းရှက်၊ ဒေါသလည်းထွက်မိ၏။

"အရာရှိကြီးတို့ကို တကယ်ကျေးဇူးတင်ပါတယ်ရှင်”

သူမက ချင်ရန်တို့ကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

ချင်ရန်က ခေါင်းအသာအယာငြိမ့်ပြလိုက်ပြီး သူမအား ပြန်လည်နှစ်သိမ့်လိုက်သည်။

"ဒါ ကျွန်တော့်တို့ရဲ့ တာဝန်ပါ၊ ကျေးဇူးတင်စရာမလိုပါဘူး၊ ကျွန်တော်တို့ဘက်ကတောင် မဒမ်မာကို ပြန်တောင်းပြန်ရဦးမှာပါ ကျွန်တော်တို့သာ ပြဿနာကို ဒီ့ထက်စောစော ကိုင်တွယ်နိုင်မယ်ဆိုရင် အခုအ‌ခြေအနေထက် ပိုကောင်းနိုင်မှာပါ။

ချင်ရန် ဘာကိုရည်ညွှန်းပြောသည်ကို လူတိုင်းသိသော်လည်း ထုတ်ဖော်ပြောရန် မသင့်တော်သည့် ကိစ္စဖြစ်သဖြင့် အားလုံးက နှုတ်ဆိတ်နေရန်သာ အသံတိတ် ဆုံးဖြတ်လိုက်ကြသည်။

ချန်ရှင်းချန်က တံခါးဝသို့ လျှောက်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် ရဲကားလေးစီး ဆိုက်ရောက်လာပြီး လူအယောက်နှစ်ဆယ်ခန့် ကားပေါ်မှ ဆင်းလာကြသည်။

ထိုအဖွဲ့ထဲတွင် ညွှန်ကြားရေးမှူးဆုန့်လည်း ပါလာ၏။ သူသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရောက်ရှိလာပြီးနောက် ချင်ရန်၊ ချန်ရှင်းချန်တို့အပြင် လက်ထိပ်ခတ်ခံထားရသည့် ချီလုံဝေကိုပါ တွေ့လိုက်ရသည်။

"အော်၊ ချီလုံဝေ မင်းက ဒီရောက်နေတာကိုး”

ချီလုံဝေကို မြင်လိုက်ရသည်နှင့် ညွှန်ကြားရေးမှူးဆုန့်က ချက်ချင်းပင်အော်ပြောလိုက်သည်။

“ငါတို့ လုံဝေဘားတစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာတာတောင် မင်းကိုမတွေ့ဘူး။ ဒီမှာ ရှိနေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး၊ ဟမ်၊ ကြမ်းပြင်ပေါ်မှာ လူသုံးယောက်ကို ဘာလို့ကြိုးတုပ်ထားတာလဲ"

ကြမ်းပြင်ပေါ်က ဓားစာခံသုံးဦးကို တွေ့လိုက်ရတဲ့အခါ ညွှန်ကြားရေးမှူးဆုန့် အံ့ဩသွားသည်။ ထိုအချိန်တွင် ချင်ရန်က ရှင်းပြလိုက်၏။

"ညွှန်ကြားရေးမှူးဆုန့်... ဒီသုံးယောက်က လုံဝေဘားက ဖောက်သည်တွေပါ သူတို့ကို ချီလုံဝေက ဓားစာခံအဖြစ် ဖမ်းထားတာပါ"

"ဘာ၊ ဓားစာခံ ဟုတ်လား"

ညွှန်ကြားရေးမှူးဆုန့် အံ့ဩတကြီး ရေရွတ်လိုက်ရင်း သူ့အကြည့်က ချီလုံဝေဆီသို့ ရောက်သွားသည်။

"ချီလုံဝေ မင်းကတော့ တော်တော်ဉာဏ်များတာပဲ၊ ဓားစာခံတွေနဲ့ ရဲတွေကို ခြိမ်းခြောက်ဖို့အထိ ကြံစည်ထားတာပေါ့လေ၊ ကံမကောင်းစွာနဲ့ပဲ မင်းအတွက်မှားသွားပြီ”

ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရဲတပ်ဖွဲ့ဝင်များအား အမိန့်ပေးမှာကြားလိုက်သည်။

"တပ်သားတွေ ချီလုံဝေကို ကားပေါ်တင်ပြီး စစ်ဆေးဖို့အတွက် ဌာနခွဲကို ခေါ်သွားကြ”

ညွှန်ကြားရေးမှူးဆုန့်၏ အမိန့်နှင့်အတူ ရဲအရာရှိနှစ်ဦးက ချီလုံဝေကို မကာ ရဲကားဆီသို့ ခေါ်ဆောင်သွားကြသည်။ ဤသည်ကိုကြည့်ပြီး ညွှန်ကြားရေးမှူးဆုန့်က သက်ပြင်းတစ်ချက် ချလိုက်၏။

တကယ်လို့ ချီလုံဝေသာ သူ၏အကြံအစည်အတိုင်း အောင်မြင်သွားပါက ဓားစာခံတွေ သူ့လက်ထဲမှာ ရှိနေရင် ဘာတွေဖြစ်ကုန်မလဲ အဲဒါက တကယ်ကို ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်လာမှာသေချာသည်။

"ချင်ရန်၊ မင်း နောက်တစ်ကြိမ် လက်စွမ်းပြလိုက်ပြန်ပြီပဲ”

နောက်ဆုံးတွင် ညွှန်ကြားရေးမှူးဆုန့်၏ အကြည့်က ချင်ရန်ဆီသို့ ကျရောက်လာသည်။

"အရင် အစည်းအဝေးတုန်းက မူးယစ်တပ်ဖွဲ့က ရွှီပေါ်ပြောတာ ကြားလိုက်တယ်၊ ပါလီမြစ်ရဲစခန်းက အစမ်းခန့်ရဲဝန်ထမ်း ချင်ရန်က စွမ်းဆောင်မှုတွေအများကြီး လုပ်ထားတယ်တဲ့၊ အခု ချီလုံဝေကို ဖမ်းဆီးတဲ့‌နေရာမှာလည်း မင်းရဲ့ စွမ်းဆောင်မှုက တကယ်ကို ကြီးမားတာပဲ”

"အဟမ်း”

ချင်ရန်က ချက်ချင်း ခါးကို မတ်လိုက်ပြီး သတိအနေအထားဖြင့် ပြန်လည်ဖြေဆိုလိုက်သည်။

"ဒါတွေအားလုံးက ပြည်သူ့အကျိုးအတွက်ပါပဲ”

"ကောင်းတယ်၊ မင်းမှာ ဒီလိုစိတ်ဓာတ်မျိုးရှိတာကို ငါသဘောကျတယ်”

ညွှန်ကြားရေးမှူးဆုန့်က ပြုံးရင်း ပြောလိုက်သည်။

"ချီလုံဝေရဲ့ကိစ္စကို ငါ သေချာစုံစမ်းစစ်ဆေးမယ်၊ သူက လူကုံထံသူဌေးတစ်ယောက်ဆိုတော့ မြို့နယ်ရဲဌာနချုပ်ကတောင် တကူးတက လာပြီးစစ်ဆေးမှာ၊ ဒါပေမဲ့ တစ်ခုတော့သေချာတယ်၊ ဥပဒေရဲ့ လက်ထဲကနေ ချီလုံဝေ ဘယ်လိုမှ ပြေးလွတ်မှာ မဟုတ်တာသေချာတယ်”

စကားအနည်းငယ်ပြောပြီးနောက် ညွှန်ကြားရေးမှူးဆုန့်က ချီလုံဝေကို ခေါ်ဆောင်သွားတော့သည်။ သူ့‌နောက်လိုက်လူလေးယောက်လည်း အဖမ်းခံလိုက်ရသည်။

ချီလုံဝေသည် ပျောက်ဆုံးနေသော ကလေးငယ်များ၊ အမျိုးသမီးများသာမက ငွေကြေးခဝါချမှုနှင့် အခြားသော ရာဇဝတ်မှုများစွာတွင် ပါဝင်ပတ်သက်နေ‌သည်။ သူ၏ရာဇဝတ်မှုများမှာ ရေတွက်၍ပင် မကုန်နိုင်ပေ။

ချီလုံဝေအား ခေါ်ဆောင်မသွားခင် ညွှန်ကြားရေးမှူးဆုန့်က ချင်ရန်နှင့် အခြားသူများကို ဤနေရာရှိအခြေအနေများကို စနစ်တကျကိုင်တွယ်ရန်နှင့် သတိမေ့နေသော ဓားစာခံသုံးဦးကိုလည်း စောင့်ရှောက်ရန် မှာကြားခဲ့သည်။ ဤအရာများသည် ကိစ္စအသေးအမွှားများသာ ဖြစ်၏။

ဓားစာခံသုံးဦးကို ချင်ရန်တို့က နှိုးလိုက်ကြသည်။ သို့သော် သူတို့နိုးလာသောအခါ သုံးယောက်လုံး အလွန်ပင် ဇဝေဇဝါဖြစ်နေကြသည်။

“အင်း၊ ဒါက ဘယ်နေရာကြီးလဲ”

"ဘာ... ဘာဖြစ်တာလဲ အရာရှိကြီး၊ ကျွန်မ ဘာလို့ ဒီကိုရောက်နေတာလဲ”

သတိရလာသော အမျိုးသမီးတစ်ဦးက မေးလိုက်ခြင်းဖြစ်သည်။ သူမသည် ခေတ်ပေါ်ယဉ်ကျေးမှုပုံစံ အဝတ်အစားများကို ထူးထူးခြားခြား ဝတ်ဆင်ထားသည်။

"မင်းတို့ သတိမေ့မသွားခင် ဘာတွေဖြစ်ခဲ့လဲဆိုတာ မှတ်မိလား”

"ကျွန်မ မှတ်မိတာတော့ တစ်ယောက်ယောက်က ကျွန်မကိုရိုက်လိုက်သလိုပဲ၊ ပြီးတော့ ဘာမှမသိတော့ဘူး”

အခြားအမျိုးသမီးတစ်ဦးက သူမ၏ဦးခေါင်းနောက်ဘက်ကို ကိုင်ရင်း ညည်းတွားလိုက်သည်။

"အား... နာလိုက်တာ၊ ခေါင်းနောက်မှာ အဖုကြီးထွက်နေသလိုပဲ”

ချင်ရန်က ခေါင်းငြိမ့်ပြလိုက်သည်။

"မင်းတို့သုံးယောက် ပြန်ပေးဆွဲခံထားရတာ၊ ပြန်ပေးဆွဲတဲ့သူက လုံဝေဘားပိုင်ရှင် ချီလုံဝေကိုယ်တိုင်ပဲ၊ ရဲစခန်းကို လိုက်ခဲ့ပြီး ထွက်ဆိုချက်လေးပေးလိုက်ပါဦး၊ ပြီးရင် အိမ်ပြန်လို့ ရပါပြီ”

ဤစကားကို ကြားလိုက်ရသောအခါ လူငယ်သုံးဦးလုံး ဆွံ့အသွားကြသည်။ သူတို့က လုံဝေဘား၏ ပုံမှန်ဖောက်သည်များ ဖြစ်ကြသဖြင့် ချီလုံဝေသည် မည်သူမှန်း သိကြ၏။ သူသည် လုံဝေဘား၏နောက်ကွယ်က သူဌေးကြီးတစ်ဦးဖြစ်သည်။

ချီလုံဝေက သူတို့ကို ပြန်ပေးဆွဲသည် ဆိုသည့်အချက်မှာ သူတို့အတွက်တော့ စိတ်ကူးယဉ်အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

ရဲတွေပြော၍သာ သူတို့သိခဲ့ရခြင်းပင်။

60

ချင်ရန်နှင့် အခြားသူများသည် ပါလီမြစ်ရဲစခန်းသို့ ပြန်ရောက်လာကြသည်။

ထွက်ဆိုချက်များ ပေးပြီးနောက် ဓားစာခံအမျိုးသမီးသုံးဦးသည် ချင်ရန်ကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး နောင်တွင် အဆက်အသွယ်မပြတ်စေရန် ဖုန်းနံပါတ်ချင်း လဲလှယ်ထားချင်ကြ၏။

ချင်ရန်ကတော့ သဘာဝကျကျပင် ငြင်းပယ်လိုက်သည်။ သူ့စိတ်ထဲတွင် ဤအမျိုးသမီးသုံးဦးမှာ အနည်းငယ် ပေါ့ပျက်ပျက်နိုင်လှပြီး သူနှင့် စရိုက်တူသူများ မဟုတ်သည်မှာ ထင်ရှားလှသည်။

ချင်ရန်သည် တစ်ကိုယ်လုံးအား အကြောဆန့်လိုက်ချိန်တွင် သန်းခေါင်ကျော်နေပြီဖြစ်သည်။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှက တကယ်ကို ပင်ပန်းလွန်းလှ၏။ ရာဇဝတ်ကောင်ကို မဖမ်းမိခင်အထိ ခရီးအတော်ဝေးဝေး သွားခဲ့ရပြီး ရာဇဝတ်ကောင်တွေနှင့်လည်း တိုက်ခိုက်ခဲ့ရသေးသည်။

ထို့ပြင် ဤအမှုမှာ အလွန်အဆင့်မြင့်သည့် အမှုကြီးတစ်ခု ဖြစ်သည်။ ချီလုံ‌ဝေ၏ ငွေကြေးခဝါချမှုသာမက အမျိုးသမီးနှင့် ကလေးသူငယ်များကို စော်ကားမှု၊ လူကုန်ကူးမှု စသည့် ပြင်းထန်သော ပြစ်မှုများစွာ ပါဝင်နေသည်။

ချီလုံဝေအနေဖြင့် ဤရာဇဝတ်မှုစာရင်းများကြောင့် သေဒဏ်နှင့် ရင်ဆိုင်ရမည်မှာ သေချာသလောက်ပင်ဖြစ်သည်။ မကြာမီကပင် ကောင်းချောင်၊ ရှကျဲနှင့် အခြားသူများသည်လည်း ပါလီမြစ်ရဲစခန်းသို့ ပြန်ရောက်လာကြသည်။

နောက်ဆက်တွဲအမှုကိုတော့ အဆင့်မြင့်အာဏာပိုင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်မည်ဖြစ်သည်။ မကြာခင်က ပါလီမြစ်သို့ ပြန်ရောက်သောအခါ ကောင်းချောင်မှာ မျက်နှာတစ်ခုလုံး ဝင်းပနေတော့၏။

ချင်ရန်ကို မြင်မြင်ချင်း၌ သူက ပြုံးလျက် ပြောလိုက်သည်။

"ချင်ရန်၊ မင်း ဒီတစ်ခါလည်း အမှုကြီးတစ်ခုကို ထပ်ပြီး အောင်မြင်အောင်ဖမ်းဆီးနိုင်ခဲ့ပြန်ပြီနော်၊ ငါ ရဲဌာနချုပ်ကို အမှုလွှဲပေးတော့ အထက်လူကြီးတွေက ငါတို့ကို အတော်လေးချီးကျူးနေကြတာ၊ ဖိန်လင်မြို့က အမှုတွေကို အချိန်တို‌အတွင်းဖော်ထုတ်နိုင်ခဲ့တယ် ဆိုပြီးတော့လေ"

“ဘယ်သူ ဖော်ထုတ်ခဲ့တာလဲလို့ မေးတော့၊ ငါ မင်းနာမည်ကို ပြောလိုက်တယ်၊ စောင့်ကြည့်နေလိုက်၊ မကြာခင် မင်း ဒုတိယအဆင့် ထူးချွန်ဆုတစ်ခု ထပ်ရတော့မယ်၊ အဲဒီအခါကျရင်တော့ ငါ့ကို မမေ့နဲ့နော်”

ကောင်းချောင်၏လေသံထဲတွင် မနာလိုမှုလေး အနည်းငယ်ရောယှက်နေ၏။ ဤ ရက်ပိုင်းအတွင်းမှာပင် ချင်ရန်သည် ဒုတိယအဆင့် ထူးချွန်ဆုပေါင်းများစွာ ရရှိထားပြီးဖြစ်သည်။

ချင်ရန်မှာ နတ်ကောင်းမသည့်လက်ကို ပိုင်ဆိုင်ထားသလား အောက်မေ့ရ၏။ သွားလေရာမှာ ရာဇဝတ်ကောင်များနှင့် ဆုံတက်ပြီး ထိုလူအားလုံးကိုလည်း ဖမ်းဆီးနိုင်စွမ်းရှိသည်။

ထိုစကားကို ကြားသောအခါ ချင်းယန်က ပြုံးလျက် လက်ကာပြကာ ငြင်းလေ၏။

"ဒါက ဘာမှမဟုတ်ပါဘူးဗျာ၊ တိုက်ဆိုင်သွားတာပါ”

ဒုစခန်းမှူးကောင်းချောင်သည် ချင်ရန်တို့အဖွဲ့ အိမ်ပြန်ရန်နောက်ကျနေပြီကို မြင်လိုက်ရသည်။

“အခု ညလည်းနက်နေပြီဆိုတော့ စခန်းကအဆောင်မှာပဲ ခဏနားလိုက်ကြပါလား၊ အခုအချိန်မှ ပြန်ရင်လည်း သိပ်အဆင်မပြေတော့ဘူး"

ဒုစခန်းမှူးကောင်းချောင်က အကြံပြုလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်တို့လည်း ဒီည စခန်း အဆောင်မှာပဲ နေဖို့စဉ်းစားထားပါတယ်

ဒုစခန်းမှူး”

ထို့နောက် ချင်ရန်က ယန်ရှုနှင့်အတူ ပါလီမြစ်ရဲစခန်းရှိ အဆောင်ရှိရာသို့ ထွက်လာခဲ့သည်။ အမှုကိစ္စ ရှင်းလင်းပြီးချိန်တွင် တော်တော်လေး နောက်ကျနေပြီဖြစ်ပြီး မနက်ဖြန်လည်း အလုပ်ပြန်ဆင်းနိုင်ရန် အနားယူဖို့ တကယ်ကို လိုအပ်ပေသည်။

သို့သော် သူတို့ အဆောင်သို့ ရောက်သောအခါ မထင်မှတ်ဘဲ ကျောက်ကျီဝေကို တွေ့လိုက်ရသည်။ ကျောက်ကျိဝေသည်လည်း အဆောင်ထဲတွင် အိပ်နေခြင်းဖြစ်သည်။

ချင်ရန်နှင့် ယန်ရှုတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ခုခုအား နားလည်သဘောပေါက်

သွားကြ၏။

ကျောက်ကျိဝေမှာ ဆင်းရဲသောမိသားစုမှ လာသူဖြစ်ပြီး အခြေအနေက ခက်ခဲကြောင်း ချင်ရန်မှတ်မိနေသည်။

သူ ရဲစခန်းကို စရောက်ချိန်တွင် စုဆောင်းငွေ မရှိသည့်အပြင် ရသမျှကိုလည်း အိမ်သို့ အကုန်ပြန်ပို့တတ်ကာ ကိုယ့်အတွက်ကိုသုံးရန် တွန့်တိုတတ်သူဖြစ်သည်။

ကျောက်ကျိဝေသည် ပါလီမြစ်ကို စရောက်ကတည်းက ရဲစခန်းအဆောင်မှာပင် နေထိုင်ပုံရသည်။ မည်သို့ပင်ဖြစ်စေ၊ ဤသို့နေရခြင်းမှာ အနည်းငယ် နေရခက်လှသည်။

သို့သော် ကျောက်ကျိဝေမှာ အရှက်ကိုဘေးဖယ်ကာ ဤနေရာတွင်သာ နေထိုင်ရရှာသည်။ ချင်ရန်နှင့် ယန်ရှုရောက်လာသည်ကို မြင်သောအခါ ကျောက်ကျိဝေမှာ အံ့အားသင့်သွားသည်။

"ချင်ရန်၊ ယန်ရှုမင်းတို့ ဘာလို့ ဒီကိုရောက်လာတာလဲ"

"ငါတို့ အမှုကြီးတစ်ခုကို အခုလေးတင် ဖြေရှင်းခဲ့ပြီးတာ၊ အဲဒါ ပြန်ဖို့နောက်ကျသွားတာနဲ့ မပြန်တော့ဘဲ စခန်းအ‌ဆောင်မှာပဲ ခဏနားမလို့"

ထိုအခါ ကျောက်ကျီဝေ့က ခေါင်းညိမ့်လိုက်သည်။

"ဩော်၊ ဟုတ်ပြီ"

ရုတ်တရက် ချင်းယန်က အကြံပြုလာခဲ့၏။

"ကျိဝေ၊ ငါ မင်းနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်”

"ဘာကိုလဲ”

ကျောက်ကျိဝေက နားမလည်စွာဖြင့် မေးလာသည်။ ချင်ရန်က ယန်ရှုအား တစ်ချက်ကြည့်ပြီးနောက် ပြောလာခဲ့၏။

"မင်းသိတဲ့အတိုင်း ငါတို့အားလုံးက တစ်နေ့တည်း၊ တစ်ရက်တည်း အလုပ်ဝင်လာတဲ့သူတွေ၊ ပြီးတော့ အားလုံးက ယောက်ျားလေးတွေပဲဆိုတော့ အတူတူစုနေရင် မကောင်းဘူးလား”

ပြောလက်စ စကားအား ဆက်မပြောပဲ ခဏလောက်ရပ်လိုက်ပြီး ယန်ရှုနှင့် ကျောက်ကျီဝေ့အား အကဲခက်လိုက်သည်။ ယန်ရှုနှင့် ကျောက်ကျီဝေ့တို့ သူ့စကားအား စိတ်ဝင်စားသည်ကို တွေ့မှ ချင်ရန်က ဆက်ပြောလေ၏။

"ငါ အဲ့ဒီမှာ ငှားထားတဲ့အခန်းက တစ်အိမ်လုံးမှ ယွမ် ၂၀၀၀ ပဲရှိတယ်၊ အိပ်ခန်းလေးခန်းနဲ့ ဧည့်ခန်းပါတယ်၊ သီးသန့်အိမ်လေးပေါ့၊ ငါတို့ သုံးယောက် အတူတူငှားရင် တစ်ယောက်ကို ယွမ် ၅၀၀၊ ၆၀၀ လောက်ပဲကျမှာ၊ ဘယ်လိုလဲ အဆင်ပြေလား”

ထိုစကားကို ကြားသောအခါ ကျောက်ကျိဝေမှာ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

ယခုအချိန်တွင် အခန်းခွဲငှားရန်မှာ အလွန်ခက်ခဲလှ၏။ အိမ်ရှင်အများစုက တစ်အိမ်လုံးကိုသာ ငှားလိုကြသည်။ ကျောက်ကျိဝေသည်လည်း ဈေးသက်သာသော အခန်းခွဲလေးကို ရှာခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ ရှာမတွေ့ခဲ့ပေ။

ချင်ရန်ထံမှ ဤကဲ့သို့ ကောင်းမွန်သော သတင်းစကားကို ကြားရသဖြင့် သူအလွန်ဝမ်းသာသွားသည်။ စခန်း၏အဆောင်မှာ တစ်နေ့ကုန် အမြဲတမ်း နေထိုင်နေရခြင်းသည်လည်း သိပ်တော့ မကောင်းလှပေ။

"တကယ်လား၊ ချင်ရန် အဲဒီမှာ အခန်းလွတ်ရှိသေးလား၊ ငါပြောင်းလာချင်တယ်၊ မင်းကူညီပေးလို့ရမလား”

ကျောက်ကျိဝေက အားနာနာဖြင့် မေးလိုက်သည်။

"ရှိတာပေါ့”

ချင်းယန်က ရယ်မောရင်း ပြန်ဖြေလေသည်။

"ငါတို့ညီအစ်ကိုတွေ အခန်းအတူငှားပြီး တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ရတာက တစ်ယောက်တည်းနေတာထက် ပိုမကောင်းဘူးလား”

ယန်ရှုကလည်း တွေးတွေဆဆဖြင့် ခေါင်းညိမ့်လေသည်။

"ငါလည်း အိမ်မှာ တစ်ယောက်တည်းနေရတာ ပျင်းဖို့ကောင်းနေတာ၊ ငါ့မိဘတွေကလည်း မကြာခဏ ခရီးသွားနေကြတာ၊ အိမ်မှာ မရှိကြဘူး”

ကျောက်ကျိဝေမှာ အတော်လေး စိတ်လှုပ်ရှားသွားသည်။ သူသည် လူနုံလူအတစ်ယောက် မဟုတ်သောကြောင့် ချင်ရန်နှင့် ယန်ရှုတို့၏ စကားနောက်ကွယ်က စေတနာကို သူ ကောင်းကောင်းကြီး နားလည်လေသည်။

"ကျေးဇူးတင်ပါတယ်၊ အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်!"

ကျောက်ကျိဝေက လေးလေးနက်နက် ခေါင်းငြိမ့်ပြကာ ကျေးဇူးစကားကို ပြောလိုက်လေသည်။

"ဘာလို့ ကျေးဇူးတင်နေတာလဲ၊ ငါလည်း တစ်ယောက်တည်းဆိုရင် အိမ်ငှားခ မတတ်နိုင်ပါဘူးလေ၊ အခုလို စုပေါင်းနေကြတော့ ငါလည်းသက်သာ‌တာပေါ့၊

မဟုတ်ဘူးလား”

အမှန်စင်စစ် ချင်ရန်၏အိမ်အခြေအနေမှာ ပုံမှန်သာဖြစ်၏။ ယခုဆိုလျှင် သူ စွမ်းဆောင်နိုင်ခဲ့သည့် အမှုများကြောင့် ရရှိသည့် ဆုကြေးငွေများမှာ ယွမ်သောင်းချီရှိနေပြီဖြစ်ရာ အိမ်ငှားရန်အတွက် ငွေမလိုအပ်တော့ပေ။

"ငါတို့ ညီအစ်ကိုတွေပဲလေ အတူနေရမှာပေါ့၊ ကျေးဇူးတင်နေဖို့မလိုပါဘူး၊ နောင်ကျရင် အလုပ်မှာလည်း တစ်ယောက်ကိုတစ်ယောက် ကူညီပေးလို့လည်း ရတာပဲလေ ၊ အဲဒီအခါကျရင် ငါက အားနာမှာမဟုတ်ဘူးနော်”

“ဟားဟား ကောင်းပြီ၊ အားမနာနဲ့”

“အင်းးး၊ ဟုတ်တယ် အားမနာနဲ့၊ ဟားဟား”

နောက်တစ်နေ့တွင် ကျောက်ကျိဝေသည် ချင်ရန်၏အိမ်သို့ပြောင်းရန် ပစ္စည်းများ စတင်၍ သိမ်းဆည်းတော့သည်။ ချင်ရန်ကလည်း ကျောက်ကျိဝေ၏အခြေအနေကို လီတာဝေအား အနည်းငယ် ပြောပြလိုက်သည်။

လီတာဝေမှာ ပွင့်လင်းသူပီပီ ချက်ချင်းပင် သဘောတူလိုက်သည်။ သူကိုယ်တိုင်ကလည်း ချင်ရန်နှင့် အတူနေရန် အစီအစဉ်ရှိပြီးသားဖြစ်သည်။

ချင်းရန်နှင့် အခန်းဖော်ဖြစ်ခြင်းက သူ့ထံမှ အလုပ်နှင့်ပတ်သက်သော အကြံဉာဏ်အချို့ ရနိုင်ကောင်းပါရဲ့ဟု သူ မျှော်လင့်မိသည်။ ထို့ပြင် အိမ်မှာနေလျှင် အမြဲတမ်း နားပူနားဆာလုပ်တတ်သည့် သူ့အမေထံမှ လွတ်မြောက်ခြင်းကလည်း ကောင်းသောအချက်တစ်ခုပင်။

တစ်ဖက်တွင်လည်း ပါလီမြစ်မှ နည်းပြ ရဲ့ဝေမှာ ကျောက်ကျိဝေ၏အရေးကြောင့် လွန်ခဲ့သည့် ရက်များကပင် စိတ်ပူနေခဲ့ရခြင်း ဖြစ်သည်။

သူ့ကို စခန်းတွင် ရေရှည်ထားရန် မဖြစ်နိုင်သဖြင့် အကျပ်ရိုက်နေစဉ်၊ ယနေ့တွင် ကျောက်ကျိဝေ အပြင်သို့ ပြောင်းတော့မည်ဆိုသည့်သတင်းက ရဲ့ဝေအတွက် အခက်အခဲတစ်ခုပြေလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ကျောက်ကျိဝေ ဘယ်ကိုပြောင်းမှာလဲဟု ရဲ့ဝေက မေးမြန်းလိုက်ရာ ချင်ရန်တို့နှင့်အတူ အခန်းငှားနေမည်ကို သိသွားသည်။

‘ချင်ရန်ကလည်း ကျောက်ကျိဝေရဲ့ အခက်အခဲကို သတိထားမိပြီးသားပဲ၊ အဲ့ဒါကြောင့် သူ အခုလို စီစဉ်ပေးလိုက်တာနေမှာ’

ရဲ့ဝေက စိတ်ထဲမှတွေးကာ ချင်ရန်အပေါ် ထားရှိသည့် အထင်ကြီးမှုမှာ ပို၍တိုးသွားတော့သည်။

ဤနေ့တွင် ချင်ရန်အတွက် ရွှီ‌ပေါ်

လျှောက်ထားပေးခဲ့သော ဒုတိယအဆင့် ထူးချွန်ဆုသည်လည်း အတည်ပြုထွက်လာခဲ့ပြီဖြစ်၏။ စခန်းမှူး ဝမ်‌ရှောင်ရီမှာ အလွန်စိတ်လှုပ်ရှားနေပြီး ဒုတိယအဆင့်ထူးချွန်ဆုတံဆိပ်နှင့် လက်မှတ်ပါသော သေတ္တာကို ကိုင်လျက် သူကိုယ်တိုင် ရသည့်အလား ဂုဏ်ယူဝင့်ကြွားနေသည်။

"ချင်ရန်၊ မင်း ဒုတိယအဆင့်ထူးချွန်ဆုရပြီဟေ့”

ဝမ်‌ရှောင်ရီသည် ချင်ရန်၏ စားပွဲဆီသို့ ပြုံးရွှင်စွာဖြင့် လျှောက်လာသည်။ရဲစခန်းရှိ အခြားသူများ အားလုံးမှာလည်း လှည့်ကြည့်လာကြသည်။

ဒုတိယအဆင့်ထူးချွန်ဆုဆိုသည်မှာ အလွန်တန်ဖိုးရှိလှသည်။ လူအများစုမှာ တစ်သက်လုံးကြိုးစားသော်လည်း တစ်ခါမျှ မရရှိဖူးကြပေ။

ဒုတိယအဆင့်ထူးချွန်ဆုသည် ဂုဏ်ပြုခံရရုံသာမက ဆုကြေးငွေလည်း အမြောက်အမြားရရှိနိုင်ပြီး ရဲတပ်ဖွဲ့အတွင်း ရာထူးတိုးတက်မှုအတွက်လည်း များစွာ အထောက်အကူပြုသည့် ဆုတံဆိပ်ဖြစ်သည်။

နောင်တစ်ချိန် အငြိမ်းစားယူလျှင်ပင် ဤဆုတံဆိပ်ကြောင့် ပင်စင်လစာ ပိုတိုးမည်ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ ဤဆုကို လက်လွတ်မခံချင်ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။

ချင်ရန်သည် လေ့ကျင့်ရေးကာလ အစမ်းခန့်ရဲဝန်ထမ်းတစ်ဦးသာ ရှိသေးသော်လည်း ဒုတိယအဆင့် ထူးချွန်ဆုကို ရရှိထားနှင့်ပြီဖြစ်သည်။

တစ်နှစ်အကြာ လေ့ကျင့်ရေးကာလ ပြီးဆုံးသွားလျှင် သူသည် မည်သည့်အဆင့်အထိ ရောက်သွားမည်ကို မည်သူမှ တက်အပ်မပြောနိုင်ပေ။

ယန်ရှုသည် ဥပဒေမာစတာဘွဲ့ရထားသူဖြစ်သဖြင့် လေ့ကျင့်ရေးပြီးသည်နှင့် ဒုတိယအဆင့် ရဲစစ်ဆေးရေးမှူးအဖြစ် တိုက်ရိုက်ခန့်အပ်ခံရမည်ဖြစ်သည်။

ချင်ရန်မှာ လေ့ကျင့်ရေးကာလအတွင်း စွမ်းဆောင်ချက်များစွာ ရှိထားသဖြင့် သူလည်း အဆင့်မြင့်ရာထူးတစ်ခုကို ရရှိမည်မှာ အသေအချာပင်။

"ဒုတိယအဆင့်ထူးချွန်ဆုလား၊ ငါ့တစ်သက်မှာ တစ်ခါမှ မရဖူးသေးဘူး"

အခြားတစ်ဖက်တွင် ကောင်းချောင်သည် မနာလိုသည့် လေသံအနည်းငယ်ဖြင့် မနာလို အားကျစွာပြောလိုက်သည်။

ချောင်ကျန့်ကျွင်းသာ ယခုနေရာမှာရှိနေလျှင် သူလည်း အတော်လေး မနာလိုဖြစ်မိမှာ အသေအချာပင်။

သူသည် "ပါလီမြစ်၏ဒဏ္ဍာရီ" ဟု ကျော်ကြားသော်လည်း တတိယအဆင့်ထူးချွန်ဆုသာ ရဖူးပြီး ဒုတိယအဆင့်ကိုတော့ မရဖူးသေးချေ။

ဝမ်‌ရှောင်ရီက ပြုံးလျက်ပြောလိုက်သည်။

“ကောင်လေး... မင်းက တကယ်ကို အလားအလာရှိတဲ့ လူတော်လေးပဲ။ ညွှန်ကြားရေးမှူးဆုန့်က ငါ့ဆီ အခုလေးတင် ဖုန်းဆက်လာတယ်၊ ချီလုံဝေအမှုမှာ မင်း ပါဝင်အားဖြည့်ခဲ့လို့ နောက်ထပ် ဒုတိယအဆင့်ဂုဏ်ထူးဆောင်ဆုတစ်ခု ထပ်ရဖို့ သေချာသလောက်ပဲတဲ့”

“မင်း စဉ်းစားကြည့်စမ်း... လေ့ကျင့်ရေးကာလအတွင်းမှာတင် ဒုတိယအဆင့်ဆုနှစ်ခု ရတဲ့သူပ တစ်နိုင်ငံလုံးမှာတောင် ဘယ်နှစ်ယောက်ရှိမှာလဲလို့”

ဘေးနားတွင် ရပ်နေသော ယန်ရှု၊ လီတာဝေ၊ ရှကျဲနှင့် ကျောက်ကျိဝေတို့မှာလည်း မနာလိုအားကျသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။ သူတို့တွင်လည ဤကဲ့သို့အိမ်မက်မျိုး ရှိခဲ့ဖူးကြသော်ငြား ခက်သည်မှာ ထိုပန်းတိုင်က သူတို့နှင့် များစွာ ကွာဝေးနေခြင်းပင်။

ချင်ရန်က ဆုသေတ္တာကို အေးဆေးတည်ငြိမ်စွာ လက်ခံလိုက်ပြီး ပြုံးလျက် ကျေးဇူးတင်စကားဆိုလိုက်လေသည်။

"အခုလို ကိုယ်တိုင်လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စခန်းမှူးဝမ်”

All Chapters