← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅) ကျွန်မျိုးနွယ်စည်းတံဆိပ်၊ ရေသူမျိုးနွယ်က နိုင်ငံကိုကြီးကြပ်သည်

"တောင်သခင်၊ တစ်ခုခုတော့ ထူးဆန်းနေပြီ..."

မြေအောက်ကမ္ဘာ တားမြစ်နယ်မြေက ဖွင့်ပေးထားသော လမ်းကြောင်းကို ကြည့်ပြီး ထန်ကျင်းကျုံးက လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

မြေအောက်ကမ္ဘာဘိုးဘေးက ဘယ်တုန်းက ဒီလောက် စကားပြောရလွယ်သွားတာလဲ။ သူ၏စရိုက်အရ လမ်းဖယ်ပေးရုံတင်ပင် မယုံနိုင်စရာကောင်းလှပြီ ဖြစ်သည်။ ယခုမူ သူက လင်းရီအတွက် သီးသန့် လမ်းကြောင်းတစ်ခုပါ ဖွင့်ပေးခဲ့သည်လား။

"ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေက တစ်ခုခု ဆိုးရွားတာ ဖြစ်တော့မယ့် အရိပ်အယောင်ပဲ..."

လင်းရီကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်၏။

"ဘာပုံမှန်မဟုတ်တာလဲ..."

"မင်းတို့နှစ်ယောက် မြန်မြန် သွားကြစမ်းပါ..."

လင်းရီနှင့် ထန်ကျင်းကျုံးတို့ စကားပြောပြီးသည်နှင့် မြေအောက်ကမ္ဘာ ဘိုးဘေးဟောင်း၏ အသံ ထပ်မံထွက်ပေါ်လာ၏။ သို့သော် ဤတစ်ကြိမ်တွင် ဒေါသထွက်နေခြင်း မဟုတ်ဘဲ ငိုတော့မည့်အသံမျိုး ဖြစ်နေလေသည်။

"တောင်သခင်၊ ခင်ဗျားရဲ့ အရိုးတည်ဆောက်ပုံတစ်ရာလုံးက ပြိုင်ဘက်ကင်းတွေချည်းပဲ..."

"မြေအောက်ကမ္ဘာ ဘိုးဘေးဟောင်းက အချိန်တိုင်းမှာ အကောင်းဆုံး ပါရမီရှိတဲ့ ခင်ဗျားရဲ့ ရုပ်ခန္ဓာကို သဘောကျသွားတာများလား..."

"ရှေးခေတ်တုန်းက ဝိညာဉ်ကုန်းမြေမှာ လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာစေဖို့ တခြားသူရဲ့ ရုပ်ခန္ဓာကို သိမ်းပိုက်နိုင်တဲ့ ပူးကပ်သိမ်းပိုက်ခြင်း နည်းလမ်းတွေ အများကြီး ရှိခဲ့တယ်လို့ ကြားဖူးတယ်..."

"ငါတို့သတိထားရမယ်..."

ထန်ကျင်းကျုံးက တွေးလေလေ တစ်ခုခု မှားနေသည်ဟု ခံစားရလေလေ ဖြစ်နေတော့၏။

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ..."

"မင်းတို့က သေခြင်းရှင်ခြင်းတံခါးက မဟုတ်လား..."

"ငါမင်းတို့ကို မှတ်ထားလိုက်ပြီ..."

မြေအောက်ကမ္ဘာ ဘိုးဘေးဟောင်း၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်၏။

ဤတစ်ကြိမ်တွင် မင်ရည်ကဲ့သို့ နက်မှောင်သော ဧရာမ လက်ကြီးတစ်ဖက်သည် မြေအောက်ကမ္ဘာ တားမြစ်နယ်မြေအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုလက်ကြီး ထွက်ပေါ်လာသည်နှင့် နေရာနှင့် အချိန်ကို အေးခဲသွားစေခဲ့၏။ တိုဖူးကို ခပ်ယူလိုက်သကဲ့သို့ လင်းရီရှိနေသော ဟင်းလင်းပြင်ကို အတင်းအကျပ် တူးထုတ်လိုက်ပြီး လင်းရီ၏ ဆံပင်တစ်ပင်ကိုပင် မထိမိစေရန် အထူး ဂရုစိုက်နေပုံရလေသည်။

ထို့နောက် လက်ကြီးက သူ့ကို ပစ်ပေါက်လိုက်တော့၏။

ဝုန်း!

နောက်တစ်ခဏတွင် လင်းရီသည် မြေအောက်ကမ္ဘာ တားမြစ်နယ်မြေကို ကျော်လွန်၍ ပစ်ပေါက်ခံလိုက်ရပြီး အဝေးမှနေ၍ ကျယ်ပြောလှသော အရှေ့ပင်လယ်၏ အပြာရောင် လှိုင်းတံပိုးများကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

ဝုန်း!

မြေအောက်ကမ္ဘာ တားမြစ်နယ်မြေ၏ လမ်းကြောင်းသည် ချက်ချင်း ပြန်ပိတ်သွားခဲ့လေသည်။

"ဒီသရဲအဘိုးကြီး တကယ်ကြီး လုပ်လိုက်တာလား..."

ထန်ကျင်းကျုံးက အံ့အားသင့်ကာ ငေးကြည့်နေမိ၏။

လင်းရီကလည်း ထူးဆန်းသော အမူအရာဖြင့် လှည့်ကြည့်ကာ ဦးညွှတ်လိုက်သည်။

"မျိုးဆက်သစ်လင်းရီက စီနီယာ့ကို ကျေးဇူးတင်ပါတယ်..."

တိတ်ဆိတ်သွား၏။ မြေအောက်ကမ္ဘာ ဘိုးဘေးဟောင်းသည် ယခုအချိန်တွင် အမှန်တကယ်သေသွားသည့်အလား တိတ်ဆိတ်နေခဲ့လေသည်။

လင်းရီက ဂရုမစိုက်ဘဲ အဝေးမှ အရှေ့ပင်လယ်ကို ကြည့်လိုက်သည်။

"မကြာခင် ရောက်တော့မယ်... ဆရာကတော် သေချာပေါက် တောင့်ခံထားပေးပါ..."

ဝှစ်!

လင်းရီ သူ့ဘာသာ ရေရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် တိမ်တိုက်လှေကား မဟာဝင်္ကပါကို စီးနင်းကာ သူ၏ ပုံရိပ်မှာ ထပ်မံ ပျောက်ကွယ်သွားခဲ့လေသည်။

ရေသူနန်းတော်၊ ဧကရီခန်းမ။

ရေသူဧကရီသည် ရာဇပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူမ၏ အမူအကျင့်မှာ တည်ကြည်ဆဲဖြစ်ပြီး လောကကို အုပ်စိုးသော မိခင်တစ်ဦး၏ အရှိန်အဝါ ရှိနေသော်လည်း လင်းရီ နှလုံးသားအရိပ်ပြန်ကျောက်တွင် မြင်ခဲ့ရသည်နှင့် နှိုင်းယှဉ်လျှင် သူမ၏ မျက်နှာမှာ များစွာ ဖြူရော်နေပြီး ချီမှာလည်း မတည်မငြိမ် ဖြစ်နေကာ အလွန်ထူးဆန်းနေခဲ့၏။

ရာဇပလ္လင်အောက်တွင် ရေသူဧကရီထက် မနိမ့်ကျသော အမူအကျင့်နှင့် ရုပ်ရည်ရှိသည့် အမျိုးသမီးတစ်ဦးသည် တိတ်ဆိတ်စွာ ရပ်နေလေသည်။ ထိုအမျိုးသမီး၏ ချီမှာ ရေသူဧကရီထက်ပင် ပိုမိုမြင့်မားပုံရ၏။ သူမ၏ နဖူးပေါ်တွင် ရှေးဟောင်း အမှတ်အသားတစ်ခုရှိနေပြီး ရှင်းပြ၍မရနိုင်သော အလင်းတန်းတစ်ခု ထွက်ပေါ်နေခဲ့လေသည်။

"မဟာကြီးကြပ်ရေးမှူး..."

"အကယ်၍ ရှင်က ဒီအတိုင်း ဆက်လုပ်မယ်ဆိုရင် ရှင့်ရဲ့ မျိုးနွယ်စု တစ်ခုလုံး သုတ်သင်ခံရရုံတင်မကဘဲ ငါတို့ ရေသူမျိုးနွယ်စုတစ်ခုလုံးလည်း ပျက်စီးမယ့် ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာ ရှင်သိလား..."

"ရှင်က တာလော့အင်မော်တယ်ဂိုဏ်းကို ပစ်မှတ်ထားနေတာပဲ..."

ရေသူဧကရီသည် အောက်မှ အမျိုးသမီးကိုကြည့်လိုက်ရာ သူမ၏ အတွင်းပိုင်းရှိ ချီများမှာ ဟုန်းဟုန်းတောက်လာပြီး ခန္ဓာကိုယ်ပေါ်တွင် သင်္ကေတများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ သံကြိုးများကဲ့သို့ ရေသူဧကရီ၏ ကျင့်ကြံခြင်းကို ဖိနှိပ်ထားလေသည်။

ကြီးကြပ်ရေးမှူး!

ရေသူနိုင်ငံတော်အတွင်းရှိ အလွန် ထူးခြားသော မျိုးနွယ်စုတစ်ခု ဖြစ်လေသည်။ ရေသူမျိုးနွယ်စုသည် ဧကရီသွေးမျိုးဆက်ကို ရိုသေကြ၏။ သို့သော် ဧကရီမိသားစု၏ အပြင်ဘက်တွင် ရေသူနိုင်ငံတော်ကို စောင့်ကြည့်သော ကြီးကြပ်ရေးမှူး မျိုးနွယ်စုလည်း ရှိနေသေးသည်။ ကြီးကြပ်ရေးမှူး မျိုးနွယ်စု၏ မဟာကြီးကြပ်ရေးမှူးသည် ရေသူဧကရီနှင့်ပင် ယှဉ်နိုင်သော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပေသည်။

"ကျွန်မတို့မျိုးနွယ်စုက တကယ်တော့ ဒီလောကမှာ မရှိသင့်တော့ဘူး မဟုတ်လား..."

မဟာကြီးကြပ်ရေးမှူးက ရေသူဧကရီကို ကြည့်ကာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ ရယ်မောလိုက်ပြီး သူမ၏ နဖူးပေါ်မှ အမှတ်အသားကို ကျောက်စိမ်းလက်လေးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်၏။

"အဲဒီကိစ္စက ကျော်လွန်သွားတာ ကြာပါပြီ..."

"ဒီနှစ်တွေတစ်လျှောက်မှာ ရှင့်ရဲ့ မျိုးနွယ်စုက ငါတို့ မျိုးနွယ်စုရဲ့ အမွေအနှစ်အတွက် လုံလောက်တဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ပြီးပါပြီ..."

"ဘယ်လောက်ပဲ ကြီးမားတဲ့ အမှားဖြစ်ပါစေ၊ ဒါက ပြန်ဆပ်ပြီးသား ဖြစ်သင့်နေပါပြီ..."

"မဟာကြီးကြပ်ရေးမှူး၊ ဘာလို့ ဒီလို လုပ်နေရတာလဲ..."

ရေသူဧကရီက အလေးအနက် ပြောလိုက်လေသည်။

"ဟုတ်တယ်..."

"အဲဒီကိစ္စက ကျော်လွန်သွားခဲ့ပြီ..."

"ဒါပေမဲ့ ကျွန်မတို့ပေါ်က အမှတ်အသားကတော့ ပျောက်ကွယ်မသွားဘူး..."

"ဒါက ကျွန်မတို့ မျိုးနွယ်စုရဲ့ အရှက်ရစရာပဲ... အတိတ်က အဲဒီလူတွေ သမိုင်းရေစီးကြောင်းထဲ ပျောက်ကွယ်သွားတာ ကြာပြီဆိုပေမယ့် ကျွန်မတို့ပေါ်က အမှတ်အသားကတော့ ကျွန်မတို့ရဲ့ သွေးမျိုးဆက်နဲ့ ချိတ်ဆက်နေပြီး မျိုးဆက်တစ်ခုပြီးတစ်ခု အဆုံးမရှိ ကျန်ရစ်နေတာပဲ..."

"ဒါက ကျွန်တာအိုစည်းတံဆိပ်ပဲ..."

မဟာကြီးကြပ်ရေးမှူးက သူမ၏ နဖူးပေါ်မှ အမှတ်အသားကို ထိလိုက်ရာ သူမ၏ ကျောက်စိမ်းလက်လေးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး အမှတ်အသားကို ကုတ်ဖဲ့ဖယ်ရှားရန် ကြိုးစားလိုက်၏။

သို့သော် မဟာကြီးကြပ်ရေးမှူး၏ စွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ အမှတ်အသားအတွင်းမှ တုန်လှုပ်ဖွယ် စွမ်းအားတစ်ခု ထိုးထွက်လာပြီး သူမ၏ ကျောက်စိမ်းလက်ကို တွန်းထုတ်ပစ်လိုက်လေသည်။

"တွေ့တယ်မလား..."

"အခုအချိန်အထိ ကျွန်မရဲ့မျိုးနွယ်စုက ဒီတံဆိပ်ရဲ့ စွမ်းအားကို မခုခံနိုင်သေးဘူး..."

မဟာကြီးကြပ်ရေးမှူးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်၏။

"ကျိုးယွင်က အဲဒီလူလို မဟုတ်ပါဘူး..."

"တာလော့အင်မော်တယ်ဂိုဏ်းကလည်း အဲဒီဂိုဏ်းလိုမဟုတ်ဘူး..."

"အဲဒီတုန်းက အဲဒီဂိုဏ်းကို ကိုယ်တိုင် သုတ်သင်ပစ်ခဲ့တာ တာလော့အင်မော်တယ်ဂိုဏ်းပဲလေ..."

ရေသူဧကရီက သက်ပြင်းချလိုက်လေသည်။

"ကျိုးယွင်က အဲဒီလူလို မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်..."

မဟာကြီးကြပ်ရေးမှူးက တိုးညင်းစွာ ရေရွတ်လိုက်၏။

"ဝမ်းနည်းခြင်းတာအိုကို ဖြေရှင်းဖို့အတွက် သူက တားမြစ်နယ်မြေတွေဆီ ဝင်ရောက်ခဲ့တယ်..."

"ဖုန်းဟွာကို ကယ်တင်ဖို့အတွက် သူက ပင်လယ်ပြင်အထိတောင် ထွက်ပြီး ဆေးသွားရှာခဲ့တယ်..."

"အကယ်၍ ဒီလောကမှာ စစ်မှန်တဲ့ သံယောဇဉ်နဲ့ ရိုးသားမှုရှိတဲ့ လူတစ်ယောက် ရှိနေသေးတယ်ဆိုရင် ကျိုးယွင်က အဲဒီထဲက တစ်ယောက် ဖြစ်ရမှာပဲ..."

မဟာကြီးကြပ်ရေးမှူးက ကျိုးယွင်အကြောင်းကို လေးစားမှုအချို့ ပါဝင်သော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါဆိုမဟာကြီးကြပ်ရေးမှူးက ဘာလို့ ဒီလို လုပ်နေရတာလဲ..."

ရေသူဧကရီက မေးလိုက်၏။

"အရာအားလုံးက ကျွန်မတို့ ရေသူမျိုးနွယ်စု ဆက်လက်တည်တံ့နေဖို့ အတွက်ပါပဲ..."

မဟာကြီးကြပ်ရေးမှူးက လေးနက်စွာ ပြောလိုက်လေသည်။

"ဆက်လက်တည်တံ့ဖို့အတွက်ဆိုရင် ဖုန်းဟွာသေလို့ မရဘူး..."

ရေသူဧကရီက သေချာပေါက် ပြောလိုက်၏။

ကျိုးယွင်သည် လူကြီးလူကောင်း တစ်ဦး၏ အမူအကျင့်ကို ပိုင်ဆိုင်ထားပြီး ဖြောင့်မတ်ကာ ဂုဏ်သိက္ခာရှိသူဖြစ်သည်။ သို့သော် ဤကဲ့သို့သော လူမျိုးတွင်လည်း ဒေါသ ရှိပေသည်။ အကယ်၍ သူသာ ရူးသွပ်သွားမည်ဆိုလျှင် သာမန်လူများထက်များစွာ ပို၍ ကြောက်စရာ ကောင်းပေလိမ့်မည်။ တာအိုစုဆောင်းခြင်း စာအုပ်တောင်သည် တောင်တစ်ရာ၏ ထိပ်တန်းနေရာကို စိန်ခေါ်နိုင်စွမ်း ရှိလေသည်။ ကျိုးယွင်သည် တူညီသော နယ်ပယ်တွင် ဖာတောင်သခင်ထက် မနိမ့်ကျချေ။ သူသည် ထိုအဆင့်သို့ အနှေးနှင့်အမြန် ရောက်ရှိလာမည်သာ ဖြစ်၏။

ထို့အပြင် လီတိရှန်းနှင့် ဓားချင်း ရိုက်ခတ်ခဲ့သော ဖာတောင်သခင်လည်း ရှိနေသေးသည် မဟုတ်ပါလား။ ဤ ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းအင်မော်တယ်သည် ကျိုးယွင်ကဲ့သို့ လူကြီးလူကောင်း တစ်ဦး မဟုတ်ချေ။ သူမသည် လူတစ်ယောက်၊ ဓားတစ်လက်တည်းဖြင့် ရေသူ နိုင်ငံတော် တစ်ခုလုံးကို သုတ်သင်ပစ်နိုင်စွမ်း ရှိပေသည်။

"ဖုန်းဟွာ သေသွားမှာကို ဘယ်သူမှ မလိုလားပါဘူး..."

မဟာကြီးကြပ်ရေးမှူးက ခေါင်းခါယမ်းလိုက်၏။

"ဖုန်းဟွာ မသေရရုံတင်မကဘဲ သူမက ကရုဏာကင်းမဲ့တာအိုကနေ သံယောဇဉ်တာအိုထဲကို ဝင်ရောက်ရမယ်..."

မဟာကြီးကြပ်ရေးမှူးက သေချာပေါက် ပြောလိုက်လေသည်။

"ကရုဏာကင်းမဲ့တာအိုကနေ သံယောဇဉ်တာအိုထဲဝင်ရမယ် ဟုတ်လား..."

"မဟာကြီးကြပ်ရေးမှူး ရှင် ရူးနေတာလား..."

ရေသူဧကရီသည် မဟာကြီးကြပ်ရေးမှူးအား အလွန် ထိတ်လန့်တကြား ကြည့်လိုက်၏။

အကယ်၍ လောကတွင် သံယောဇဉ်ကြီးသူများကို အမုန်းတီးဆုံးနှင့် အစက်ဆုပ်ဆုံးသူ ရှိမည်ဆိုလျှင် ၎င်းမှာ သေချာပေါက် ရေသူနိုင်ငံတော်၏ ကြီးကြပ်ရေးမှူး မျိုးနွယ်စုပင် ဖြစ်လိမ့်မည်။ ကြီးကြပ်ရေးမှူးသည် နိုင်ငံကို ကြီးကြပ်နေပုံရသော်လည်း တကယ်တမ်းတွင်မူ သံယောဇဉ်ကို ကြီးကြပ်နေခြင်းဖြစ်၏။ ချစ်ခြင်းမေတ္တာကို မကောင်းမှုအားလုံး၏ မြစ်ဖျားခံရာဟု သတ်မှတ်ထားပြီး ကရုဏာကင်းမဲ့မှုနှင့် သံယောဇဉ်မဲ့မှုတို့ကို သူမ၏ အရိုးထဲအထိ စွဲမြဲနေသော ဤကဲ့သို့သော လူတစ်ယောက်က ဖုန်းဟွာအား ကရုဏာကင်းမဲ့တာအိုမှ သံယောဇဉ်တာအိုသို့ ဝင်ရောက်ရန် သူမဘာသာ စတင် အဆိုပြုလာသည်လား။ ဒါက ရူးသွပ်နေတာ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမည်နည်း။

"ဧကရီ..."

"ကျွန်မတို့ ရေသူမျိုးနွယ်စုရဲ့တာအိုက မှားယွင်းနေတယ်လို့ ရှင် တစ်ခါမှ မတွေးဖူးဘူးလား..."

မဟာကြီးကြပ်ရေးမှူးက ရေသူဧကရီကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရာ ရိုးရှင်းသော ဤစကားတစ်ခွန်းက ရေသူဧကရီ၏ နှလုံးသားထဲတွင် ကြီးမားသော တုန်လှုပ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။

အခန်း (၉၆) ငါက သံယောဇဉ်ကြီးတဲ့သူပါ၊ ဒါပေမဲ့ ငါက သံယောဇဉ်မဲ့တဲ့သူလည်း ဟုတ်ပါတယ်

"သံယောဇဉ်အရိုးတွေနဲ့ မွေးဖွားလာပေမယ့် သံယောဇဉ်မဲ့တဲ့ သူတစ်ယောက်လို ပြုမူနေရတာ..."

"ငါ့ရဲ့ ရေသူမျိုးနွယ်စုရဲ့တာအိုက သေချာပေါက် မှားယွင်းနေတာပဲ..."

ရေသူဧကရီသည် မဟာကြီးကြပ်ရေးမှူးအား ငုံ့ကြည့်လိုက်ရာ သူမ၏ နှလုံးသားထဲတွင် အလွန် ဆိုးရွားသော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့၏။

"မှန်တယ်..."

"ကျွန်မတို့ ရေသူမျိုးနွယ်စုဟာ သံယောဇဉ်အရိုးတွေနဲ့ မွေးဖွားလာတာပါ..."

"သံယောဇဉ်ကနေတစ်ဆင့် တာအိုထဲဝင်ပြီး တာအိုကို ပုလဲတစ်လုံးအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ဒီပုလဲက ရေသူမျက်ရည်ဖြစ်သလို ခွဲခွာခြင်းပုလဲလည်းဖြစ်တယ်..."

"ဒဏ်ရာ နက်ရှိုင်းလေလေ မျက်ရည်ပုလဲက ပိုတန်ဖိုးရှိလေလေပဲ၊ တာအိုဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အစွမ်းတောင် ရှိတယ်လေ..."

"သံယောဇဉ်ကနေတစ်ဆင့် တာအိုထဲဝင်ပြီး တာအိုကို ဆီအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ဒီဆီက ရေသူအဆီဖြစ်သွားတာပဲ..."

"တစ်ခါ မီးညှိလိုက်တာနဲ့ နှစ်ပေါင်း တစ်သောင်းတိုင်အောင် မငြိမ်းဘဲ တောက်လောင်နိုင်ပြီး လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို အာဟာရ ဖြည့်တင်းပေးပြီး သွေးပေးနိုင်စွမ်း ရှိတယ်..."

"ဒါတွေအားလုံးက သံယောဇဉ်တာအိုဟာ ကျွန်မတို့ ရေသူမျိုးနွယ်စုအတွက် အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာကို ညွှန်ပြနေတာပဲ..."

မဟာကြီးကြပ်ရေးမှူး စကားပြောလိုက်သည်နှင့် သူမ၏ လှပသော မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပနေခဲ့၏။

ရေသူမျက်ရည်! ရေသူအဆီ!

ရှေးခေတ်ဝိညာဉ်ကုန်းမြေတွင် ကျင့်ကြံခြင်း အရင်းအမြစ်များ မဖွံ့ဖြိုးသေးမီက ဤအရာများသည် အစွမ်းအထက်ဆုံး ကျင့်ကြံခြင်း ကုန်ကြမ်းများ ဖြစ်ခဲ့ကြလေသည်။

"အပြစ်မရှိတဲ့ သူတစ်ယောက်က သူ့ရဲ့ ရတနာကြောင့် အပြစ်ရှိတဲ့သူ ဖြစ်သွားရတာပဲ..."

ရေသူဧကရီက သက်ပြင်းချလိုက်၏။

ယခင်ရေသူနိုင်ငံတော်သည် အရှေ့ပင်လယ်ကမ်းနားတွင် နေထိုင်ခဲ့ပြီး ရေရောက်ရှိရာ နေရာတိုင်းသည် ရေသူမျိုးနွယ်စု၏ နယ်မြေဖြစ်ခဲ့သည်။ ၎င်းသည် အဆင့်ဆယ်အင်အားစု တစ်ခုလည်း ဖြစ်ခဲ့လေသည်။ နှမြောစရာ ကောင်းသည်မှာ ၎င်းသည် သံယောဇဉ်ကြောင့် အောင်မြင်ခဲ့သလို သံယောဇဉ်ကြောင့်လည်း ကျရှုံးခဲ့ရခြင်းပင် ဖြစ်လေသည်။ ရေသူမျိုးနွယ်စုသည် သူတို့၏ သံယောဇဉ် အရိုးများက ကြီးမားသော ဘေးအန္တရာယ်ကို ယူဆောင်လာလိမ့်မည်ဟု ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ကြချေ။

အလှပြကွက် တစ်ခုလိုပင်။ ၎င်းသည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ပါဝင်ပတ်သက်နေသော အလှတစ်ရားတစ်ခုသာဖြစ်ပြီး ၎င်းသည် အလှတရားအပေါ်တွင် ဘယ်သောအခါမျှ မမူတည်ခဲ့ချေ။ ၎င်းမှာ သူတို့၏ လူငယ်ဘဝမှ အမျိုးသား၊ အမျိုးသမီးများ၏ နှလုံးသားထဲတွင် ကျန်ရစ်နေသော နောင်တတရားများ၊ 'လရောင်ဖြူ' သက်သက်သာ ဖြစ်လေသည်။ ဤကဲ့သို့သော လူမျိုးတစ်ယောက် ထွက်ပေါ်လာသည်နှင့် ၎င်းသည် ကောင်းကင်နှင့် မြေကြီး ထိပ်တိုက်တွေ့ဆုံမှုကဲ့သို့ ထိန်းချုပ်၍မရသော စွမ်းအားတစ်ခု ဖြစ်လာခဲ့၏။

သံယောဇဉ်အရိုးများရှိသော ရေသူမျိုးနွယ်စု။

သူတို့ချစ်မိသွားပြီဆိုလျှင် ၎င်းမှာ အရိုးထဲအထိ စွဲမြဲသွားပြီး မည်သည့်အခါမျှ ယိမ်းယိုင်ခြင်း မရှိခဲ့ချေ။ ထိုနှစ်များအတွင်းက သံယောဇဉ်အလွန်ကြီးမားသော ရေသူမျိုးနွယ်စု၏ ဧကရီတစ်ပါး ရှိခဲ့ဖူး၏။ ထိုသူမှာ တာအိုကျင့်ကြံသူ တစ်ဦးဖြစ်လေသည်။ သူသည် ယဉ်ကျေးပြီး ပြိုင်ဘက်ကင်းအောင် ချောမွေ့လှပကာ စကားတစ်ခွန်း၊ လုပ်ရပ်တိုင်းမှာ တောက်ပနေပြီး ကောင်းကင်နှင့် မြေကြီး၏ အဓိက ဇာတ်ဆောင်တစ်ဦးနှင့် တူနေပေသည်။

သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြ၏။ စစ်မှန်သော အချစ်နှင့် တစ်ကြိမ်တွေ့ဆုံခြင်းက သေမျိုးကမ္ဘာမှ မရေမတွက်နိုင်သော အခိုက်အတန့်များကို ကျော်လွန်သွားခဲ့လေသည်။ သူတို့၏ မင်္ဂလာဦးညတွင် ဂုဏ်သရေရှိ ဧည့်သည်တော်များက နေရာအပြည့် ရှိနေခဲ့ကြ၏။ ဘယ်သောအခါမှ အလွယ်တကူ မပိတ်လေ့ရှိသော ရေသူနိုင်ငံတော်၏ ကာကွယ်ရေးဝင်္ကပါကို အရပ်မျက်နှာအားလုံးမှ ဧည့်သည်များကို ဧည့်ခံရန် ထိုညတွင် အပြည့်အဝ ဖွင့်လှစ်ပေးထားခဲ့သည်။

၎င်းမှာလည်း ထိုညတွင်ပင် ဖြစ်လေသည်။

ရေသူဧကရီက လုံးဝ သတိလက်လွတ် ဖြစ်နေချိန်တွင် ထိုတာအိုကျင့်ကြံသူက သေစေနိုင်သော ကျိန်စာတစ်ခုကို တည်ဆောက်လိုက်ရာ ရေသူမျိုးနွယ်စု တစ်ခုလုံး နှလုံးစားအဆိပ် သင့်သွားခဲ့ရလေသည်။ တစ်ညတာ ကုန်ဆုံးပြီးနောက် ရေသူမျိုးနွယ်စုသည် ထာဝရကျွန်အဖြစ်ခံယူရန် တာအိုကတိသစ္စာတစ်ခုကို အတင်းအကျပ် ပြုလုပ်ခဲ့ရ၏။ သူတို့သည် မဟာတာအို ကျွန်တံဆိပ်ဖြင့်ပင် ခတ်နှိပ်ခြင်း ခံလိုက်ရလေသည်။

နောက်ထပ်နှစ်ပေါင်း သုံးထောင်တိုင်အောင် ရေသူမျိုးနွယ်စုသည် ကျွန်မျိုးနွယ်တစ်ခု လုံးလုံးလျားလျား ဖြစ်သွားခဲ့ရ၏။ ထိုစဉ်က ဂိုဏ်းများ၏ ခေါင်းဆောင်ဖြစ်သော အင်္သချေဂိုဏ်းဟု အမည်ရသည့် ထိုဂိုဏ်းဖြစ်သည်။ နောက်ပိုင်းတွင် တာလော့၏ ဓားတစ်ချက်တည်းဖြင့် သုတ်သင်ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။ ရေသူမျိုးနွယ်စုသည်လည်း ဤအကြောင်းကြောင့်ပင် ကယ်တင်ခြင်း ခံခဲ့ရခြင်းဖြစ်၏။

နောက်ပိုင်းတွင် သူတို့သည် လန်ခဲကျောင်းတော်မှ လောကသခင်တစ်ပါးနှင့် ဖုန်းလိုင်မှ အင်မော်တယ်တစ်ပါးတို့ထံမှ ကရုဏာတော်ကို ခံယူခဲ့ရပြီး အင်မော်တယ်ပြောင်းပြန် အဆင့်သုံးဆင့်ကို နားလည်သဘောပေါက်ကာ သံယောဇဉ်မဲ့သော တာအိုနည်းလမ်းကို ကျင့်ကြံခဲ့ကြလေသည်။ ထိုအချိန်မှစ၍ ရေသူမျိုးနွယ်စုသည် အကိုင်းအခက် နှစ်ခုကွဲသွားခဲ့၏။

တစ်ခုမှာ အတိအကျပင် ထိုစဉ်က ရေသူဧကရီ၏ သွေးမျိုးဆက်ဖြစ်ပြီး မဟာကြီးကြပ်ရေးမှူးမျိုးနွယ်စုအဖြစ် ပြောင်းလဲကာ ရေသူမျိုးနွယ်စု၏ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်ကို စောင့်ကြည့်ကြီးကြပ်ခဲ့သည်။ မဟာကြီးကြပ်ရေးမှူး မျိုးနွယ်စုသည် ထိုစဉ်က အရှက်ရစရာကို မှတ်မိနေစေရန် ကျွန်တံဆိပ်ကို သတိပေးချက်တစ်ခုအဖြစ် ဆက်လက် ထိန်းသိမ်းထားခဲ့၏။ ရေသူမျိုးနွယ်စုသည် ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်ကြောင့် ဘေးအန္တရာယ်ကို နောက်တစ်ကြိမ် ထပ်မံ မဖိတ်ခေါ်မိစေရန် ပင်ဖြစ်လေသည်။

ဒုတိယတစ်ခုမှာ လက်ရှိရေသူဧကရီ၏ သွေးမျိုးဆက်ဖြစ်ပြီး သူတို့မှာ ထိုစဉ်က ဧကရီမိသားစု၏ အနွယ်ဝင်များ ဖြစ်ကြသည်။ ရေသူမျိုးနွယ်စုအတွင်းရှိ ကျွန်တာအိုစည်းတံဆိပ်ကို ထိုစဉ်က မဟာကြီးကြပ်ရေးမှူးမျိုးနွယ်စုက သူတို့၏ အသက်ပေါင်း ရှစ်ဆယ်ရာခိုင်နှုန်းကို အရင်းပြု၍ ဖျက်ဆီးပေးခဲ့ခြင်း ဖြစ်၏။

"ဒါပေမဲ့ ရှင် ပြောခဲ့သလိုပါပဲ..."

"ဒီကိစ္စက ကျော်လွန်သွားတာ ကြာပါပြီ... ကျွန်မတို့ ရေသူမျိုးနွယ်စု လုပ်သင့်တာက အဲဒါကို သတိပေးချက်တစ်ခုအဖြစ် ယူဖို့ပဲ၊ နာကျင်မှုထဲမှာ နစ်မြုပ်နေပြီး ရုန်းမထွက်နိုင်တာမျိုး မဖြစ်သင့်ဘူး..."

"ဒါကြောင့် ကျွန်မတို့ ရေသူမျိုးနွယ်စုက ကျွန်မတို့ရဲ့ မူလတာအိုဆီကို ပြန်သွားသင့်တယ်..."

မဟာကြီးကြပ်ရေးမှူးက စိတ်အားထက်သန်သော မျက်လုံးများဖြင့် ပြောလိုက်၏။ သံယောဇဉ်မဲ့သော တာအိုသည် ရေသူမျိုးနွယ်စုနှင့် မကိုက်ညီကြောင်း အချက်အလက်များက သက်သေပြနေပေသည်။ ထိုစဉ်က အဆင့်လွန် အဆင့်ရှိခဲ့သော အင်အားစုကြီးသည် ဤနှစ်များတစ်လျှောက် ပြန်လည် နာလန်ထူရန် ကြိုးစားခဲ့သော်လည်း ယခုအခါ ကိုးဆင့်အဆင့်တွင်သာ မနည်း ရုန်းကန်နေရလေသည်။

"အကယ်၍ ဒီလိုဆိုရင်တော့ ကျိုးယွင် ပြန်လာပြီး ဖုန်းဟွာကို ကယ်တင်မယ့်အချိန်ကိုပဲ ငါတို့စောင့်ဖို့ လိုတယ်၊ ပြီးရင် ငါတို့ရဲ့တာအိုကို ဖြည်းဖြည်းချင်း ပြောင်းလဲသွားလို့ ရတာပဲ..."

ရေသူဧကရီက ပြောလိုက်၏။

"ငါတို့က စောင့်နိုင်ပေမယ့် ဖုန်းဟွာကတော့ မစောင့်နိုင်တော့ဘူး..."

မဟာကြီးကြပ်ရေးမှူးက ခေါင်းခါယမ်းလိုက်သည်။

"မူလက ဖုန်းဟွာမှာ သုံးလအချိန် ရသေးပေမယ့် တစ်စုံတစ်ရာသော အကြောင်းရင်းကြောင့် သူမရဲ့ အစစ်အမှန်ဝိညာဉ် ပျောက်ကွယ်တဲ့ အရှိန်က ရုတ်တရက် မြန်လာတယ်..."

"မူလက သုံးလရှိတာကနေ သုံးရက်ပဲ ကျန်တော့တယ်..."

"အဲဒီအချိန်ရောက်ရင် ဖုန်းဟွာရဲ့ အစစ်အမှန်ဝိညာဉ်က ပြန့်ကျဲပြီး ပြာအဖြစ် ပြောင်းလဲသွားလိမ့်မယ်..."

"တာလော့က သေချာပေါက် ဒေါသထွက်မှာပဲ..."

"ငါ့ရဲ့ ရေသူနိုင်ငံတော်ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက တာလော့ရဲ့ အတွေးတစ်ချက်အပေါ်မှာပဲ မူတည်နေတယ်..."

မဟာကြီးကြပ်ရေးမှူးက ပြောလိုက်လေသည်။

"တာလော့အင်မော်တယ်ဂိုဏ်းက မျိုးဖြုတ်သတ်တာမျိုးတွေ မလုပ်ပါဘူး..."

ရေသူဧကရီက သေချာပေါက် ပြောလိုက်၏။

"အဲဒါ မှန်ပေမယ့် ငါ့ရဲ့ရေသူမျိုးနွယ်စုက ရှင်သန်ခွင့်မျှော်လင့်ချက်ကို တခြားသူတွေရဲ့ လက်ထဲမှာ ဘယ်လိုလုပ် အပ်ထားလို့ ရမှာလဲ..."

မဟာကြီးကြပ်ရေးမှူးက အလေးအနက် ပြောလိုက်သည်။

"ဒါကြောင့် တချို့အရာတွေကို ငါတို့ရဲ့ မဟာကြီးကြပ်ရေးမှူး မျိုးနွယ်စုက လုပ်ကိုင်ရပါမယ်..."

"ဒီရက်ပိုင်းတွေမှာ ငါ့ရဲ့ မဟာကြီးကြပ်ရေးမှူးမျိုးနွယ်စုက ဖုန်းဟွာရဲ့ အစစ်အမှန်ဝိညာဉ် အစအနလေး ပျောက်ကွယ်မသွားအောင် ငါတို့ရဲ့ ကိုယ်ပိုင်အသက်ဓာတ်တွေကို အသုံးပြုနေခဲ့တာ..."

"မဟာကြီးကြပ်ရေးမှူး မျိုးနွယ်စုမှာ မူလက မျိုးနွယ်စုဝင်ရှစ်ဆယ့်တစ် ယောက်ရှိခဲ့တယ်..."

"အခုတော့ ကျွန်မအပါအဝင် ကိုးယောက်ပဲ ကျန်တော့တယ်..."

"အဲဒီရှစ်ယောက်က နောက်ထပ် သုံးရက်လောက် ထပ်ခံနိုင်ဦးမယ်... သုံးရက်ပြီးရင် ကျွန်မ တာဝန်ယူမယ်..."

"ကျွန်မရဲ့စွမ်းအားနဲ့ဆိုရင် နောက်ထပ် ခုနစ်ရက်လောက် ထပ်တောင့်ခံနိုင်မယ်..."

"ဒီဆယ်ရက်အတွင်းမှာ ဖုန်းဟွာကို ကယ်တင်လို့ မရရင်တော့ ကျွန်မရဲ့ နောက်ဆုံး စွမ်းအားကို အသုံးပြုပြီး ဖုန်းဟွာရဲ့အရိုးတည်ဆောက်ပုံကို ရှောင်ချီဆီ ပြောင်းရွှေ့ပေးလိုက်မယ်..."

"အဲဒီအချိန်ရောက်ရင် တာလော့အင်မော်တယ်ဂိုဏ်းရဲ့ ဒေါသကို ကျွန်မတို့ မဟာကြီးကြပ်ရေးမှူး မျိုးနွယ်စုကပဲ ခံယူပါ့မယ်..."

"လူတစ်ယောက်သေသွားရင် သူ့ရဲ့ ကြွေးမြီတွေ ကုန်သွားပြီလေ..."

"တာလော့အင်မော်တယ်ဂိုဏ်းရဲ့ သဘောထားကြီးမှုနဲ့ဆိုရင် ငါ့ရဲ့ရေသူမျိုးနွယ်စုကို ဒုက္ခပေးမှာ မဟုတ်တော့ဘူး..."

"ရှင့်တို့အတွက်ကတော့ ငါတို့ မဟာကြီးကြပ်ရေးမှူး မျိုးနွယ်စုရဲ့ စောင့်ကြည့်ကြီးကြပ်မှုမရှိတော့ရင် ရှင့်တို့ဘာသာ အသစ်ကနေ ပြန်လည် တည်ဆောက်နိုင်ပြီလေ..."

"အနာဂတ်မှာ သံယောဇဉ်တာအိုနဲ့ သံယောဇဉ်မဲ့တာအို နှစ်ခုလုံးကို ကျင့်ကြံပြီးရင် ငါ့ရဲ့ရေသူမျိုးနွယ်စုကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ်..."

မဟာကြီးကြပ်ရေးမှူးက ရေသူဧကရီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

"ရေသူအဆီလား..."

"မဟာကြီးကြပ်ရေးမှူး၊ ရှင်က ဖုန်းဟွာရဲ့ အစစ်အမှန်ဝိညာဉ် ပျောက်ကွယ်မသွားအောင် ရေသူအဆီကို အသုံးပြုနေတာလား..."

ရေသူဧကရီကအလွန် ထိတ်လန့်သွားခဲ့သည်။

"မှန်တယ်..."

"အချိန်တွေ အများကြီး ကြာသွားပြီဆိုတော့ ငါတို့ရေသူ မျိုးနွယ်စုရဲ့ ရေသူအဆီက အသက်ကို ဆက်လက်ရှင်သန်စေနိုင်တဲ့ ဆေးကောင်းတစ်ခွက်ဖြစ်တယ်ဆိုတာကို လူတွေ မေ့နေကြပြီထင်တယ်..."

"တကယ်တော့ ကျွန်မ တစ်ယောက်တည်းမှ မဟုတ်တာ... ဧကရီ ကိုယ်တိုင်လည်း လုပ်နေတာ မဟုတ်ဘူးလား..."

မဟာကြီးကြပ်ရေးမှူးက ရှေ့သို့ တိုးလာပြီး ရေသူဧကရီ၏ အင်္ကျီလက်ကို မလိုက်ရာ ရေသူဧကရီ၏ ကျောက်စိမ်းလက်လေးမှာ အရိုးစု သက်သက်သာ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။

ရေသူဧကရီ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီးနောက် သူမက လေးနက်စွာ ပြောလိုက်သည်။

"ငါက သူမရဲ့အမေလေ... ငါ သူမကို မကယ်ရင် ဘယ်သူ ကယ်မှာလဲ..."

"ရှင် ပြောတာ မှန်ပါတယ်..."

"ကိုယ်ရေးကိုယ်တာ အနေနဲ့တော့ ဖုန်းဟွာက ရှင့်ရဲ့သမီးပေါ့..."

"ဒါပေမဲ့ အများသူငါ ရှုထောင့်ကနေ ကြည့်ရင်တော့ ဖုန်းဟွာက ငါ့ရဲ့ရေသူ မျိုးနွယ်စုရဲ့ နောက်ထပ်ဧကရီတစ်ပါးပဲ..."

"ရေသူအရိုးတည်ဆောက်ပုံ အစွမ်းထက်ဆုံး ရှိတဲ့သူလေ..."

"သူမက ရေသူမျိုးနွယ်စု အနာဂတ်မှာ ပြန်လည်တက်လှမ်းနိုင်ဖို့အတွက် မျှော်လင့်ချက်ပဲ..."

"ငါတို့ မဟာကြီးကြပ်ရေးမှူးမျိုးနွယ်စုက ဖုန်းဟွာအတွက် ငါတို့ရဲ့အသက်တွေ အပါအဝင် အရာအားလုံးကို ပေးဆပ်ရမယ်..."

မဟာကြီးကြပ်ရေးမှူး၏ အမူအရာမှာ တည်ငြိမ်နေခဲ့၏။ သူမသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ကျော်လွန်၍ ကြည့်မြင်နေခဲ့သည်မှာ ကြာပြီ ဖြစ်လေသည်။

"တကယ်တော့ ဧကရီအနေနဲ့ ငါ့ရဲ့ မဟာကြီးကြပ်ရေးမှူး မျိုးနွယ်စုအတွက် ဝမ်းသာပေးသင့်ပါတယ်..."

"အဲ့နှစ်က ဘေးအန္တရာယ်ဟာ ငါ့ရဲ့ မဟာကြီးကြပ်ရေးမှူး မျိုးနွယ်စုကနေ မြစ်ဖျားခံခဲ့တာလေ..."

"အခုလည်း ငါ့ရဲ့မဟာကြီးကြပ်ရေးမှူး မျိုးနွယ်စုနဲ့ပဲ အဆုံးသတ်သွားမှာပေါ့..."

"ငါ့ရဲ့မဟာကြီးကြပ်ရေးမှူးမျိုးနွယ်စုက ဒီလောကမှာ ဆက်လက် အသက်မရှင်တော့ပေမယ့် ငါတို့က အဲဒီတုန်းက အရှက်ရစရာကို ဆေးကြောပြီးပြီ၊ ငါတို့ပေါ်က ကျွန်တာအိုစည်းတံဆိပ်ကလည်း ပျောက်ကွယ်သွားလိမ့်မယ်..."

"ငါ့ရဲ့ ရေသူမျိုးနွယ်စုက အတိတ်က အရိပ်အယောင်တွေထဲကနေ လုံးလုံးလျားလျား လွတ်မြောက်သွားလိမ့်မယ်..."

"ဒါကို ဘာလို့ဝမ်းမသာရမှာလဲ..."

မဟာကြီးကြပ်ရေးမှူးက ရေသူဧကရီကို တည်ငြိမ်စွာ ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် စိတ်သက်သာရာရမှုများဖြင့် ပြည့်နှက်နေပြီး တောက်ပစွာ လင်းလက်နေခဲ့လေသည်။

ရေသူဧကရီက တိတ်ဆိတ်သွားခဲ့၏။ မဟာကြီးကြပ်ရေးမှူးက ထွက်ခွာရန် ဆုံးဖြတ်ပြီးသား ဖြစ်လေသည်။

"ကျွန်တော်က တာလော့ဝိုင်တောင်ရဲ့ အရှင်သခင်လင်းရီပါ၊ ရေသူနန်းတော် အတွင်းသို့ ဝင်ရောက်လိုပါတယ်..."

"ရေသူဧကရီအနေနဲ့ ကျွန်တော့်ကို အဆင်ပြေအောင် လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်..."

အတိအကျပင် ထိုအချိန်မှာပင် လင်းရီ၏ အသံမှာ ပင်လယ်ပြင်မှ ထွက်ပေါ်လာပြီး ရေသူနန်းတော်အတွင်းသို့ စီးဝင်လာခဲ့လေသည်။

ဤသည်က မဟာကြီးကြပ်ရေးမှူး၏ မျက်လုံးများကို အရောင်လင်းသွားစေခဲ့၏။

All Chapters