← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

🫧 Chapter 77

"သရဲကာကွယ်တာရော သရဲနှင်တာရော အကုန်ရတယ်နော်၊ ဒီတစ်ခေါက်လွဲရင် နောင်အခွင့်အရေး မရှိတော့ဘူးဗျို့"

သဲသောင်ပြင်၏ ထောင့်တစ်နေရာ။ အင်္ကျီအနားသတ်တွင် ယင်နှင့်ယန် ပုံစံများပါသော အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် လူတစ်ဦးမှာ ချွေးသုတ်ရင်း အော်ဟစ်ရောင်းချနေသည်။

"ဒီလောက်အိုက်တာကို ဒါကြီးဝတ်ထားရတာ မပူဘူးလား"

ဘေးနားရှိ ရေကူးကွင်းနှင့် ရေကူးဝတ်စုံ ရောင်းသူက မေးလိုက်သည်။

ထိုသူမှာ ပင်လယ်ကမ်းစပ်နှင့် လိုက်ဖက်စွာ အေးအေးလူလူ ဝတ်ဆင်ထားပြီး မျက်မှန်အမည်းကိုလည်း တပ်ထား၏။

အနက်ရောင် ဝတ်ရုံရှည်နှင့် လူမှာ သူနှင့် လုံးဝဆန့်ကျင် ဘက်ပင်။

"ပူတာပေါ့" ဟု ထိုလူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါက 'စတိုင်' လေဗျာ စတိုင် သိရဲ့လား"

မျက်မှန်အမည်းနှင့် လူက ပြုံးကာ "နေပါဦး၊ မင်းရဲ့ ဒီမန္တန်စာရွက်တွေက တကယ်ရော အသုံးဝင်လို့လား အခုခေတ်မှာ ဒါတွေကို ယုံတဲ့သူ ရှိသေးလို့လား"

"အသုံးဝင်တာပေါ့"

ဤအကြောင်းပြောလျှင် ထိုလူက ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် "ဒီလိုပြောရရင်... မင်းက သရဲတောင် တစ်ခါမှ မမြင်ဖူးဘူးပေါ့"

"မင်းကရော မြင်ဖူးလို့လား"

"ငါ့မှာ 'နတ်မျက်စိ' ရှိတယ်လေ၊ မြင်ဖူးတာပေါ့"

ဒီလိုလူမျိုးတွေကို သူ အများကြီး ကြုံဖူးသည်။ အရင်ကဆိုလျှင် သူ စကားအများကြီးပြောမိလိမ့်မည်။ သို့သော် ယခုတော့...

သူက တိုက်ရိုက်ပင် "'မရဏလောကမှအံ့ဖွယ်နေ့ရက်များ နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်မှု' ဆိုတာ ကြားဖူးလား" ဟု မေးလိုက်သည်။

"အဲဒါက ဘာကြီးလဲ" မျက်မှန်အမည်းနှင့် လူက နားမလည်စွာ မေးလာသည်။

' အခုပြောနေတာနဲ့ အဲဒါနဲ့ ဘာဆိုင်လို့လဲ'

ဝတ်ရုံရှည်နှင့် လူမှာ 'မင်းတို့လို အပြင်လောကနဲ့ အဆက်အ သွယ်ပြတ်နေတဲ့သူတွေ ဒါကိုတောင် မသိဘူးလား' ဆိုသည့် အကြည့်ဖြင့် ကြည့်ကာ ဖုန်းကို ထုတ်လိုက်ရင်း"ဒါဆို ငါ မင်းကို သေချာ လမ်းညွှန်ပေးရတော့မယ်" ဟု ဆိုကာ တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ ဝင်လိုက်သည်။

ထို့‌‌နောက်သူက ဖုန်းကို ကမ်းပေးလိုက်ရင်း "စကားအများကြီး ပြောမနေတော့ဘူး၊ ဒါကို ကြည့်လိုက်ရင် ဒီလောကမှာ သရဲရှိ၊ မရှိ မင်းသိသွားလိမ့်မယ်"

"တကယ်ကြီးလား..."

မျက်မှန်အမည်းနှင့် လူမှာ မယုံတယုံဖြင့် ဖုန်းကို လှမ်းယူလိုက်သည်။

"..."

မျက်မှန်အမည်းနှင့် လူ၏မျက်နှာထားမှာ နားမလည်မှုမှ အံ့ဩမှုသို့၊ အံ့ဩမှုမှ ထိတ်လန့်တုန်လှုပ်မှုသို့ ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးထွက်သွားသည်ကို သူ မြင်နေရသည်။

ထိုအခါ ဝတ်ရုံရှည်နှင့် လူမှာ ပိုမိုကျေနပ်ပီတိ ဖြစ်သွားတော့၏။

'ဒီတိုက်ရိုက်ထုတ်လွှင့်မှုက တကယ်ကောင်းတာပဲ၊ ရှင်းပြနေစရာ မလိုဘူး'

သူက မျက်မှန်အမည်းနှင့် လူထံမှ မန္တန်စာရွက် ဈေးနှုန်းမေးမြန်းလာမည့် အချိန်ကို စောင့်နေစဉ်မှာပင် တစ်ဖက်လူက ဖုန်းကို သူ့ထံ အလောတကြီး ပြန်ပစ်ပေးလိုက်သည်။

စကားတစ်ခွန်းပင် မပြောတော့ဘဲ ဆိုင်ကိုအမြန်သိမ်းကာ အသက်လုပြေးသကဲ့သို့ ထွက်ပြေးသွားတော့သည်။

သူက လက်ကိုလှမ်းလျက် "မကြောက်ပါနဲ့ဗျာ၊ ငါ့ဆီမှာ မန္တန်စာရွက်ရှိတယ်" ဟု အော်ပြောသော်လည်း တစ်ဖက်လူကတော့ ကြားပင်မကြားတော့ဘဲ အဝေးသို့ ပြေးသွားပြီဖြစ်သည်။

"...."

'ဒါ ဘာအခြေအနေကြီးလဲ'

'သူ ထင်ထားတာနဲ့ လုံးဝ မတူဘူး'

ပုံမှန်ဆိုလျှင် ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးသူများသည် လုံးဝမယုံဘဲ ငြင်းဆိုကြသည် သို့မဟုတ် ထိတ်လန့်တကြားနှင့် မန္တန်စာရွက်ဝယ်ကြသည်သာ။

'ဒီလိုမျိုးကတော့ ပထမဆုံးပင်'

သူက ဖုန်းကို ပြန်ကြည့်လိုက်သည်။ ထိုlive မှာ ဖွင့်ထားဆဲဖြစ်ပြီး Host မှာလည်း ထုံးစံအတိုင်း အဖြူရောင်ဝတ်စုံနှင့် ဦးထုပ်ရှည်ကို ဝတ်ဆင်ထားဆဲပင်။

"ဘာတွေ ဖြစ်ကုန်တာလဲ..." ဟု သူက ရေရွတ်ရင်း ဖုန်းမျက်နှာပြင်ကို သေချာကြည့်လိုက်မိသည်။

မြင်ကွင်းကို သေချာမြင်လိုက်ရသည့် ခဏတွင် ထိုလူ မှင်သက်သွားတော့သည်။

'နေပါဦး... ဒါက ပင်လယ်ကမ်းစပ် မဟုတ်လား host ဘေးမှာ ဆိုင်ဖွင့်ထားတဲ့သူက ဘာလို့ ငါနဲ့ ဒီလောက်တူနေရတာလဲ ဝတ်ရုံအနက် ဝတ်ထားတာရော၊ ဆိုင်ခင်းပြီး ဖုန်းကြည့်နေတာရော...'

သူက စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်သည်။

သူနှင့် မနီးမဝေးတွင် ကလေးနှစ်ယောက်က သဲအိမ် ဆောက်နေကြပြီး မိဘများက ဓာတ်ပုံရိုက်ပေးနေသည်။

'တိုက်ရိုက်ထုတ်လွှင့်မှုထဲကို ပြန်ကြည့်လိုက်တော့ အဲဒီမှာလည်း ကလေးနှစ်ယောက်...'

သူက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် ခေါင်းကို စမ်းကြည့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူကလည်း ခေါင်းကို စမ်းပြ သည်။

ထိုလူ၏ ဘေးတွင်တော့ အဖြူရောင် ဝတ်စုံနှင့် ပိုင်ဝူချန် က လက်ပိုက်လျက် သူ့ကို အပေါ်စီးမှ ငုံ့ကြည့်နေ၏။

"..."

သူသည် မျက်လုံးပြူးကာ ဖုန်းကိုပစ်ချလိုက်တော့သည်။

'စောစောက မျက်မှန်အမည်းနှင့် လူကဲ့သို့ပင် ထိတ်လန့်တုန်လှုပ်သွားခြင်း ဖြစ်ကာ မျက်မှန်အမည်းနှင့် လူထက် အဆပေါင်း တစ်ရာမက ပိုကြောက်လန့်နေခြင်းပင်'

မျက်မှန်အမည်းနှင့် လူက မသိသော်လည်း သူကတော့ သိသည်။

ထိုလူမှာ ဝိညာဉ်တမန်တော်ပိုင်ဝူချန်ဖြစ်၏။

သူက ဒီအရှင်သခင်ရှေ့မှာတင် အဲဒီလို စကားတွေ ပြောမိခဲ့တာ... သူသည် ဖြူဖျော့သော မျက်နှာဖြင့် တုန်ရီနေပြီး သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ဆီးနံ့များပင် ထွက်ပေါ်လာတော့ သည်။

[အံ့ဩသွားလား၊ မထင်ထားဘူးမလား]

[ရယ်လိုက်ရတာကွာ ၊ အတုရောင်းတဲ့သူ ဝက်ဝက်ကွဲအောင် အရှက်ကွဲတဲ့ပွဲ]

[သူ မထင်ထားဘူးလေ၊ host က သူ့ဘေးမှာ ရပ်ပြီး သူ လိမ် ညာနေတာကို အတည်ကြီးကြည့်နေလိမ့်မယ်လို့ ဟားဟား...]

[Host က သူ့ရှေ့မှာ ရှိနေတာတောင် မမြင်ဘဲနဲ့ နတ်မျက်စိ ရှိတယ်တဲ့၊ ရယ်ရလွန်းလို့ သေတော့မယ်]

ပရိသတ်များမှာ စောစောကတည်းက စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

သူက နတ်မျက်စိ ရှိသည်၊ သရဲမြင်ရသည်ဟု ပြောစဉ်က တည်းက သူတို့မှာ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် ပါးစပ်များပင် နာနေပြီဖြစ်သည်။

'မင်းမှာ နတ်မျက်စိ ရှိတယ်'

'မင်းက သရဲမြင်ရတယ်'

' မန္တန်စာရွက် ရောင်းနေတယ်'

'ဒါဆို မင်းရှေ့က အစ်ကိုကြီးကိုကော မမြင်ဘူးလား'

'ဒီလောက်စွမ်းအားကြီးတဲ့ ဝိညာဉ်ခေါ်သူကို မင်း မမြင်ဘူးလား'

ယခုတော့ ထိုလူက host ကို တွေ့သွားပြီဖြစ်ရာ ပရိသတ်များမှာ ပေါက်ကွဲထွက်မတတ် ရယ်မောနေကြတော့သည်။

[ဟားဟားဟား... ငါ မေးပါရစေဦး၊ ပါးလေး ဘာလေး နာသွားလား ဒီရိုက်ချက်က တကယ့်ကို ပြင်းတာပဲ]

[မျက်မှန်အမည်းလူ : မင်းမှာ နတ်မျက်စိ ရှိတယ်ဟုတ်လား အဲဒီမျက်စိက ကန်းနေတာလား]

[ဝတ်ရုံရှည်လူ : အစ်ကိုကြီး... ကျွန်တော် ရှင်းပြပါရစေ]

[...]

သဲသောင်ပြင်ပေါ်တွင်

ကျန်းလင် ရှေ့သို့ တိုးလာပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"မင်းရဲ့ ဒီမန္တန်စာရွက်တွေက တကယ်ရော အသုံးဝင်လို့လား"

သူက လက်တစ်ချက် ဝှေ့လိုက်ရုံဖြင့် ဆိုင်ပေါ်မှ မန္တန်စာရွက် တစ်ရွက်မှာ သူ့ရှေ့သို့ ပျံတက်လာသည်။

"ကျွန်... ကျွန်... ကျွန်တော်... အဲဒါက..."

ထိုလူမှာ စကားလုံးများ ထစ်ငေါ့ကုန်ပြီး ဦးနှောက်မှာ လုံးဝ ရပ်တန့်သွားပြီဖြစ်သည်။

သူ့စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိတော့သည်။

' ငါတော့ သေပြီ... ငါတော့ သေပြီ... ငါ မထိသင့်တဲ့သူကို သွားထိမိပြီ...'

"အရှင်ဝူချန်... အသက်ချမ်းသာပေးပါ! အသက်ချမ်းသာပေးပါ"

သေခြင်းတရား၏ တုန်လှုပ်မှုကို ခံစားနေရသဖြင့် သူသည် ကျန်းလင်ကို မကြည့်ဝံ့တော့ပေ။

ထို့နောက်မြေကြီးပေါ်တွင် ဒူးထောက်ကာ အဆက်မပြတ် ဦးတိုက်နေတော့သည်။

"ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး အသက်ချမ်းသာပေးပါ! အသက်ချမ်းသာပေးပါ"

ကျန်းလင်က ဒူးထောက်နေသူကို မကြည့်ဘဲ ထိုမန္တန်စာရွက်ကို ယူကာ ကင်မရာရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

"သရဲကာကွယ်ဖို့ စိတ်ကူးတာက ကောင်းပါတယ်၊ ဒါပေမဲ့ ဒီလို မန္တန်အတုတွေကိုတော့ အားလုံးမဝယ်ကြပါနဲ့"

[နားလည်ပါပြီ]

[အမိန့်အတိုင်းပါပဲ]

ပရိသတ်များက ချက်ချင်းတုံ့ပြန်ကြသည်။

'ပိုင်ဝူချန် ကိုယ်တိုင် အတည်ပြုပေးတာဆိုတော့ လုံးဝမှန် ကန်သွားပြီ'

အချို့က ရယ်နေကြသော်လည်း အချို့ကတော့ ငိုချင်နေကြသည်။

[ ငါ ပြီးခဲ့တဲ့ရက်ကမှ တစ်ရွက်ဝယ်ထားတာ၊ ငါ့စုဘူးလေးတော့ ကုန်ပြီ]

[သွားပြီ... ငါ့ရဲ့ သရဲနှင်ကျောက်စိမ်းလေးကလည်း အတုများ ဖြစ်နေမလား]

[တကယ်ကြီးလား... ဒီလို မန္တန်တွေကို တကယ်ဝယ်တဲ့သူ ရှိတာလား]

ထိာတိုက်ရိုက်ထုတ်လွှင့်မှု နာမည်ကြီးလာပြီးနောက် လူအတော်များများမှာ သရဲကာကွယ်နိုင်မည့် ပစ္စည်းများကို ရှာဖွေလာကြသည်။

ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသက်အာမခံချက်အတွက် ဝယ်ထားကြခြင်း ဖြစ်သည်။

စောစောက အစ်ကိုကြီး လျှောက်လာစဉ်က သူတို့လည်း မန္တန်စာရွက် ဝယ်ရန် စဉ်းစားခဲ့ကြသော်လည်း အခုတော့ အတုဖြစ်ကြောင်း ချက်ချင်း သိလိုက်ရပြီပင်။

"နောင်ကျရင် ငါ့နာမည်ကို အသုံးချပြီး အတုတွေ မရောင်းနဲ့တော့"

ကျန်းလင် လက်ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ထဲမှရော ဆိုင်ပေါ်မှပါ မန္တန်စာရွက်များ အားလုံးတောက်လောင်သွားပြီး ခဏချင်းမှာပင် ပြာအဖြစ်ပြောင်းလဲသွားတော့သည်။

ပိုက်ဆံရှာတာကို သူ နားလည်ပေးနိုင်သလို၊ အတုရောင်းတာကလည်း သူနှင့် မသက်ဆိုင်ပေ။

သို့သော် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အသုံးချ၍ အတုများရောင်းရန် လူများကို လှည့်ဖြားခြင်းကိုတော့ သူ ခွင့်မပြုနိုင်ပေ။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

ထိုလူမှာ သဲသောင်ပြင်ပေါ်တွင် တဘုန်းဘုန်းနှင့် ဦးတိုက်ကာ ကတိပေးနေတော့သည်။

"ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး တကယ် မလုပ်ရဲတော့ပါဘူး"

ကျန်းလင်က သူ့ကို ဆက်၍ဂရုမစိုက်တော့ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များကို ကြည့်ရင်း သူ တစ်ခုခုကို သတိရသွားသည်။

ထို့နောက် သူ လှည့်ကြည့်ကာ မရဏလမ်းကြောင်းကို ဖွင့်ပြီး အတွင်းသို့ လျှောက်လှမ်းသွားတော့သည်။

...

ကျန်းလင် ထွက်ခွာသွားသည်နှင့် ထိုနေရာရှိ ထူးခြားသော အခြေအနေမှာ ကမ်းခြေရှိခရီးသည်များအတွက် ထင်ရှားသွားပြီး အကြည့်များစွာ ရောက်ရှိလာသည်။

သူတို့က ထိုဆိုင်လေးကို ကြည့်လိုက်၊ ပူပြင်းလှသော ရာသီဥတုတွင် ဝတ်ရုံရှည်ကြီးနှင့် ဒူးထောက်နေသူကို ကြည့်လိုက်နှင့် ထူးဆန်းနေကြသည်။

"မေမေ... ဟိုဦးလေးက ဘာလုပ်နေတာလဲ"

လမ်းဘေးမှ ဖြတ်သွားသော ကလေးငယ်က မေးလိုက်သည်။

"ရှူး သားလေး .. မကြည့်နဲ့၊ မြန်မြန်သွားရအောင်"

ထိုမိခင်မှာ ကလေးမှာ အတုမြင် အတတ်သင်မိမှာစိုးသဖြင့် ကလေးကို အမြန်ခေါ်ထုတ်သွားတော့သည်။

ထိုလူများ၏ အသံကို ကြားမှသာ ဝတ်ရုံရှည်နှင့် လူမှာ သတိပြန်ဝင်လာသည်။

ထိုမမြင်နိုင်သော ဖိအားများ ပျောက်ကွယ်သွားပြီဖြစ်သော ကြောင့် သူသည် သဲပေါ်တွင် ကျနေသော ဖုန်းကို သတိထားပြီး မော့ကြည့်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဖွင့်ထားဆဲ။

Host ပိုင်ဝူချန် က မရဏကမ္ဘာသို့ ပြန်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူသည် သက်ပြင်းချနိုင်ပြီး အသက်ကို ဝဝရှူနိုင်တော့သည်။

'ကြောက်လွန်းလို့ သေတော့မလို့ပဲ'

ခြေထောက်များ အားပြန်ရှိလာသည်နှင့် သူသည် ဆိုင်ကိုပင် မသိမ်းတော့ဘဲ ထိုနေရာမှ ချက်ချင်းထွက်ပြေးလွတ်မြောက်သွားတော့သည်။

' မဟုတ်လျှင်... Host ပိုင်ဝူချန် သာ စိတ်ပြောင်းပြီး ပြန်လှည့်လာလျှင် သူ ဝိညာဉ်လွင့်သွားနိုင်သည် မဟုတ်ပါလား'

🫧 Chapter 78

မရဏကမ္ဘာ

ကျန်းလင်သည် အဖွားအို၏ ဝိညာဉ်ကို အဝါရောင်ရေပန်းလမ်း ပေါ်သို့ ပို့ဆောင်ပေးပြီးနောက် Live ကို ပိတ်မပစ်လိုက်ပေ။

ထိုအစား လမ်းကြောင်းပြောင်းကာ တစ္ဆေဈေးဆီသို့ လျှောက်လာခဲ့သည်။

Live ထဲတွင် ကြည့်ရှုသူများမှာ စောစောကကိစ္စကို ဆွေးနွေးနေကြတုန်းပင်။

အချို့က ဆက်လက်၍ ဟားတိုက်ရယ်မောနေကြပြီး အချို့ကမူ ပစ္စည်းအစစ်အမှန်များကို မည်သည့်နေရာတွင် ဝယ်ယူနိုင်သနည်းဟု မေးမြန်းနေကြသည်။

ကျန်းလင်၏လှုပ်ရှားမှုကို သတိထားမိသွားသူများလည်း ရှိသည်။

[Host က ငါတို့ကို သရဲဈေးတန်း လိုက်ပြတော့မလို့လား]

[သရဲဈေးတန်းကို ငါသဘောကျတယ်၊ အထဲက ပစ္စည်းတွေကိုလည်း ကြိုက်တယ်၊ ဒါပေမဲ့ ပိုက်ဆံနဲ့ ဝယ်လို့မရတာပဲ ခက်တာ]

[အပေါ်ကလူ... မင်းက လူခေါင်းတစ်လုံးလောက် ဝယ်ချင်လို့လား]

[... ဒါဆိုရင်တော့ ထားလိုက်ပါတော့]

Live ထဲမှ Comment များကို မြင်သောအခါ ကျန်းလင်က ရှင်းပြလိုက်သည်။

"ကျွန်တော် ပစ္စည်းတချို့ ဝယ်မလို့ပါ၊ ခင်ဗျားတို့လည်း လိုက်ကြည့်လို့ရပါတယ်"

စောစောက မန္တန်စာရွက်အတုကိစ္စက ကြည့်ရှုသူတွေမှာ ဘာတွေလိုအပ်နေလဲဆိုတာကို သူ့ကို သတိပြုမိသွားစေသည်။

ယခင်က ပြောခဲ့ဖူးသည့် ပရိသတ်များအတွက် လက်ဆောင် ကိစ္စကိုလည်း သတိရသွားသည်။

ဤအခွင့်အရေးကို အသုံးချပြီး ထိုကိစ္စကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် Live နောက်ကွယ်မှ Account လက်ကျန်ငွေကို ကြည့်ကာ ပစ္စည်းဝယ်ယူရန်အတွက် တချို့ကို ထုတ်ယူလိုက်သည်။

Live ကင်မရာသည် ကျန်းလင်နောက်သို့ လိုက်ပါရင်း သရဲဈေးတန်း၏ မြင်ကွင်းများကိုဖော်ပြနေ၏။

တစ္ဆေ လမ်းမပေါ်တွင် ထုံးစံအတိုင်း စည်ကားနေဆဲပင်။

သရဲပွဲတော်ကာလ ကျော်လွန်သွားပြီဖြစ်သော်လည်း အော် ဟစ်ရောင်းချသံများစွာ ရှိနေသေးသည်။

ထိုအထဲတွင် အသံအကျယ်ဆုံး အော်ဟစ်နေသူများမှာ သရဲအသစ်လေးများ ဖြစ်ကြသည်။

"လူခေါင်းတွေ ရမယ်ဗျို့ လူခေါင်းတွေ၊ ဈေးလျှော့ပေးမယ်နော်"

"အစ်ကို... ၈၂ ခုနှစ်ထုတ် သွေးစွန်းအင်္ကျီလေး တစ်ထည်လောက် မယူချင်ဘူးလား ကြည့်ရတာ လူရည်သန့်လေးမို့ အစ်ကိုနဲ့ လိုက်ဖက်မှာပါ"

"..."

အဆွဲခံလိုက်ရသည့် သရဲက ရောင်းသူ၏ပုံပျက်ပန်းပျက်ဖြစ်နေသော မျက်နှာကို လက်ညှိုးထိုးပြကာ

"မင်း အရင်ဆုံး ကိုယ့်မျက်လုံးကိုယ် အရင်လဲလိုက်ရင် မကောင်းဘူးလား"

"..."

သရဲအသစ်လေးမှာ စကားပြန်မရဘဲ ဆွံ့အသွားတော့သည်။

သူသည် လမ်းမပေါ်တွင် နောက်ထပ် ပစ်မှတ်တစ်ခုကို ရှာဖွေနေမိသည်။

ဝါရင့်စီနီယာ သရဲကြီးများကို တွေ့လျှင်တော့ အကောင်းဆုံးပင်။

'သို့သော် ထိုဝါရင့် သရဲအိုကြီးများက သူတို့၏အကြံကို မသိဘဲ နေပါ့မလား'

စီနီယာကြီးများသည် သရဲပွဲတော်တုန်းက ရထားသည့် လက်ကျန်ရိက္ခာများကို အိမ်မှာပဲ အေးအေးဆေးဆေးစားနေကြသည်၊ သို့မဟုတ်ပါက သရဲဈေးတန်းသို့ ခေတ္တမလာဘဲ နေကြသည်။

'သူတို့က အနုံအအတွေမှ မဟုတ်တာ'

'ရောင်းပြီးသား ပစ္စည်းတွေကို ပြန်ဝယ်စရာ အကြောင်းမရှိသလို သူတို့မှာလည်း ပိုက်ဆံအများကြီးမရှိကြပေ'

ဤအသံများကို ကြားရသောအခါ Live ထဲမှ ပရိသတ်များမှာလည်း ပြုံးမိကြသည်။

သူတို့၏စိတ်ထဲတွင် သရဲပွဲတော်တုန်းက ပျော်စရာများကို ပြန်လည် မြင်ယောင်လာကြသည်။

[ဒီ ၈၂ ခုနှစ်ထုတ် သွေးစွန်းအင်္ကျီဆိုတာကြီးက အနံ့တောင် ထွက်လာသလိုပဲ ဟားဟား...]

[ဟူး ဝိညာဉ်ခေါ်တဲ့သူ ရှိလားဆိုတာ ရှာကြည့်ဦးမယ်]

[ဒီတစ်ခေါက်နားရဖို့ နောက်ထပ် တစ်နှစ်တောင် စောင့်ရဦးမှာလား၊ ဒါကို တွေးမိတော့ ကျောင်းပြန်တက်ရတော့မယ့် ငါတောင် စိတ်မပူတော့ဘူး]

[ဆောရီးနော်... လက်ချော်သွားလို့ ဟားဟား]

[...]

ဤဘက်တွင်မူ ကျန်းလင်သည် လမ်းမပေါ်တွင် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရင်း ကြည့်ရှုသူများအတွက် သင့်တော်မည့် ပစ္စည်းလေးများစွာကို တွေ့ခဲ့သည်။

အမျိုးမျိုးသော ပစ္စည်းလေးများ၊ ထူးဆန်းသည့် စာရွက်များ၊ သို့မဟုတ် ကြည့်ရသည်မှာ ရိုးရိုးရှင်းရှင်းနှင့် ဆွဲဆောင်မှုရှိသော အဆောင်လက်ဖွဲ့လေးများကို ရွေးချယ်ကာ အထုပ်ကြီးတစ်ထုပ်စာ ဝယ်ယူလိုက်၏။

ထို့နောက် သူ၏ သစ်သားအိမ်လေးဆီသို့ ပြန်လာကာ Live ထဲတွင် ပြင်ဆင်မှုများ စတင်တော့သည်။

[ဘာတွေ ဖြစ်နေတာလဲ]

[ ၁၀ မိနစ်နေရင် ဘာလုပ်မှာလဲ]

[မဖြစ်နိုင်တာ...]

ကြည့်ရှုသူများ စကားပြောနေစဉ်မှာပင် Live Screen ပေါ်တွင် ၁၀ မိနစ် Countdown ပေါ်လာသည်ကို မြင်လိုက်ရသည်။

ကြည့်ရသည်မှာ ရင်းနှီးနေသလိုပင်။

"နောက် ၁၀ မိနစ်နေရင် လက်ဆောင် ပေးပါမယ်၊ ခင်ဗျားတို့ ပြင်ဆင်ထားကြပါ"

ကျန်းလင် ရှင်းပြပြီးသည်နှင့် အေးဆေးဖြစ်နေသော Live ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

[နောက်ထပ် အနီရောင်စာအိတ်လား အားးး နေဦး၊ ဖုန်းအ သစ် သွားလဲလိုက်ဦးမယ်]

[အားးး နောက်ဆုံးတော့ ငါတို့အတွက်လည်း လက်ဆောင်တွေ လာပြီ၊ ပျော်လိုက်တာ]

[...]

[ခုလေးတင်ပဲ ဒေါ်ဒေါ်တို့၊ အဒေါ်တို့ကို ပြင်ဆင်ထားဖို့ သွားပြောလိုက်မယ်]

ကြည့်ရှုသူများမှာ ပျော်လွန်း၍ ခုန်တောင် ပေါက်ချင်နေကြသည်။

နောက်ဆုံးအကြိမ် အနီရောင်စာအိတ်ပေးခဲ့သည်မှာ မုန့်ပေါ် ကိစ္စ ပြီးဆုံးသွားစဉ်ကဖြစ်သည်။

သို့သော် ထိုစဉ်က အားစိုက်ထုတ် ကူညီပေးခဲ့သူများသာ ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်မှာမူ ပရိသတ်အားလုံးအတွက် ဖြစ်သည်။

'ထိုအချက်က ဘာကို ဆိုလိုသနည်း'

'ဆိုလိုသည်မှာ လူတိုင်းတွင် ကံစမ်းခွင့် ရှိသည်ဟူ၍ပင်'

ချက်ချင်းဆိုသလိုပင် တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်သူကဆက်၊ Message ပို့သူကပို့နှင့် အလုပ်များကုန်ကြသည်။

မီဒီယာများစွာကလည်း ဤသတင်းကို စတင် မျှဝေကြတော့သည်။

ဖဲရိုက်နေသူများ၊ အလုပ်လုပ်နေသူများ၊ အဆာပြေစားနေသူများမှာ ရုတ်တရက် သတင်းစကား သို့မဟုတ် ဖုန်းဝင်လာသောအခါ မှင်သက်သွားကြသည်။

"ဘာ..မရဏလောကမှ အံ့ဖွယ်နေ့ရက်များ live လား"

'ဘာ'

'အနီရောင်စာအိတ် နှိုက်ရမှာလား'

'ဒါဆိုရင်တော့ သူတို့ နားလည်သည် ချက်ချင်းပဲ Live ထဲကို ဝင်ကြတော့သည်'

ဂိမ်းဆော့နေသူ အများအပြားမှာလည်း သူငယ်ချင်းများ၏ အဆက်မပြတ် Mention ခေါ်ခြင်းကို ခံလိုက်ရသည်။

စိတ်တိုတော့မည့်ဆဲဆဲမှာပင် သူငယ်ချင်းက လက်ဆောင်ပေးမည့်အကြောင်း ပြောပြလာသည်။

'မရဏလောကမှ အံ့ဖွယ်နေ့ရက်များ" Live လား ဒါကို သူတို့ သိတာပေါ့'

ပြီးခဲ့သည့်အကြိမ်က မုန့်ပေါ် တာဝန်တုန်းက အကျိုးအမြတ်တွေကို မရလိုက်၍ လူအတော်များများ နောင်တရနေကြသည်။

ယခုတစ်ကြိမ်တွင်တော့ သူတို့ မဖြစ်မနေ အရယူရမည်။

ထို့ကြောင့် ဂိမ်းထဲတွင် "နှုတ်ဆက်ခဲ့ပါတယ်" ဟု ခပ်သုတ်သုတ် ပြောကာ Live ထဲသို့ ပြေးဝင်လာကြသည်။

သူတို့၏ အသင်းဖော်များကလည်း "နှုတ်ဆက်ခဲ့ပါတယ်" ဟု ပြန်ပြောနေကြသည်ကိုတော့ သူတို့ သတိမထားမိလိုက်ကြပေ။

ခဏအတွင်းမှာပင် Live ကြည့်ရှုသူဦးရေမှာ သိန်းနှင့်ချီ၍ တိုးတက်လာသည်။

Live ထဲမှ တက်လာသော လူဦးရေကို ကြည့်ရင်း ကျန်းလင်သည် သူဝယ်လာသော ပစ္စည်းလေးများကို ငုံ့ကြည့်လိုက်မိသည်။

"..."

သူ ပြင်ဆင်ထားတာ အတော်လေး များပြီဟု ထင်ထားခဲ့သော်လည်း...

ထားလိုက်ပါတော့၊ ဘယ်သူရမလဲဆိုတာ ကံတရားအပေါ်မှာပဲ မူတည်ပါစေလေ။

၁၀ မိနစ် Countdown ကုန်ဆုံးသွားသည့် ခဏမှာပင် Live Screen ပေါ်တွင် ရင်းနှီးနေသော အနီရောင်စာအိတ် မိုးရွာချလာတော့သည်။

Screen ရှေ့မှ ကြည့်ရှုသူများ၏ မျက်လုံးများမှာ အရောင်တောက်လာကြသည်။

သူတို့၏ လက်နှစ်ဖက်မှာ ဘဝတွင် အမြန်ဆုံး အရှိန်နှုန်းဖြင့် Screen ပေါ်သို့ တဖြောင်းဖြောင်းနှင့် နှိပ်နေကြတော့သည်။

ဖုန်းမျက်နှာပြင် ကွဲသွားဖူးသည့် အတွေ့အကြုံရှိသော်လည်း ယခုအချိန်တွင်မူ သူတို့၏ စိတ်လှုပ်ရှားမှုနှင့် လှုပ်ရှားမှုများကို မတားဆီးနိုင်တော့ပေ။

ထိုသို့ ဖုန်းမျက်နှာပြင် ကွဲသွားခြင်းကိုပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် လူမှုကွန်ရက်ပေါ်တွင် တင်ကြဦးမည်ဖြစ်သည်။

၁၀၊ ၉၊ ၈...

၃၊ ၂၊ ၁

တစ်မိနစ်ကြာ အနီရောင်စာအိတ် မိုးရွာခြင်း ပြီးဆုံးသွားပြီ Live ထဲတွင် ခဏမျှ မည်သူမျှ Comment မရေးနိုင်ကြပေ။

အကြောင်းမှာ လက်များ ထုံကျဉ်ကုန်သောကြောင့်ဖြစ် သည်။

မိနစ်အနည်းငယ် ကြာမှသာ Comment များ ပြန်လည် ပေါ်ထွက်လာသည်။

[ဟားဟားဟား နောက်ဆုံးတော့ ငါလည်း တစ်ခါလောက် နှိုက်မိပြီဟေ့]

[မြန်မြန်... ဘာတွေ ရကြလဲ ပြောကြဦး]

[မရလိုက်တဲ့သူကတော့ ငြိမ်ငြိမ်လေးပဲ နေတော့မယ်]

[ငါရတာက ယုန်ရုပ် ကလစ်လေးတစ်ခု၊ ကြည့်ရတာ တခြားသရဲတွေကို အလိုအလျောက် ဝေးဝေးရှောင်သွားစေမယ့်ပုံပဲ]

[ငါကတော့ မြင်းရုပ်လေး တစ်ခုရတယ်၊ သရဲပူးတာနဲ့ အအေးပတ်တာကို ကာကွယ်ပေးနိုင်တယ်တဲ့]

[အားကျလိုက်တာ၊ ငါကတော့ ဖန်ဂေါ်လီ တစ်လုံးပဲ ရတယ်၊ သရဲတွေကို ပစ်ပေါက်ပြီး တိုက်ခိုက်လို့ရတယ်တဲ့]

[အပေါ်ကလူ ကြွားမနေနဲ့ဦး ငါ့ကို ကြည့်လိုက်... ပစ္စည်းနှစ်ခုတောင်ရတာကို အကျယ်ကြီး အော်ရယ်ပြလိုက်ဦးမယ် ဟားဟားဟား...]

[အပေါ်ကလူကို တကယ်ရိုက်သတ်ချင်လိုက်တာ]

Live ထဲတွင် စည်ကားနေသည်ကိုကြည့်ရင်း ကျန်းလင်၏ နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ပေါ်လာသည်။

သူပေးလိုက်သော ပစ္စည်းအများစုမှာ သရဲများနှင့် ပတ်သက်ပြီး လူသားများအတွက် အသုံးဝင်မည့် ပစ္စည်းများဖြစ်ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်၏ ကံကြမ္မာသည် သရဲများ၏ နှောင့်ယှက်မှုကြောင့် ပျက်စီးတော့မည်ဆိုလျှင် ဤပစ္စည်းလေးများကို သုံးပြီး သရဲများကို ရှောင်ကွင်းကာ အသက်ရှင်နိုင်မည်ဆိုပါက ၎င်းသည်လည်း မကောင်းသောကိစ္စ မဟုတ်ပေ။

...

"ဝိညာဉ်တမန်တော်ကြီး... ကယ်ပါဦးဗျို့"

သရဲဈေးတန်း အနောက်ဘက်ရှိ လူနေရပ်ကွက်...

စာပေရိပ်မြုံ သို့ ပြန်လည် ခေါ်ဆောင်ခြင်း ခံရကာ ဝတ္ထုရေးနေရသည့် ရန်စစ်မင်မှာ ငိုချင်နေပြီဖြစ်သည်။

၇ ရက်ဆိုသည့် အချိန်သည် ဤမျှလောက် ရှည်လျားလိမ့် မည်ဟု သူတစ်ခါမှ မထင်ထားခဲ့ဖူးပေ။

သူသည် ဆင်ခြေပေးရန်လည်း မဝံ့ရဲပေ၊ မဟုတ်လျှင် ထိုလူသန်ကြီးများက သူ့ကိုယ်ပေါ်က အစိတ်အပိုင်းတွေကို လဲပေးပစ်မည်ကို စိုးရိမ်နေရသည်။

ဘေးနားရှိ လူသန်ကြီးက ပြုံးပြရင်း သူ၏ ကြွက်သားများကို မြှောက်ပြကာ အားပေးနေသည်။

"ကြိုးစားစမ်း"

သို့သော် ရန်စစ်မင်း မြင်လိုက်ရသည်မှာ သူ့ကို ထိုးကြိတ်နိုင်စွမ်းရှိသည့် ထိုကြွက်သားကြီးများပင်။

'မိစ္ဆာတွေ ဒီကောင်တွေ အကုန်လုံးက မိစ္ဆာတွေပဲ သူ လူပြန်ဝင်စားချင်ပြီ... အီးဟီးဟီး...'

All Chapters