အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
🫧 Chapter 79
ဟိုင်ရှီး တက္ကသိုလ်
မူလတန်းနှင့် အလယ်တန်းကျောင်းများထက်စာလျှင် ဤနေရာရှိ မေဂျာအတော်များများမှာ ကျောင်းဖွင့်ရက် တစ်ပတ်စောနေပြီဖြစ်သည်။
"ဟားဟားဟား နောက်ဆုံးတော့ ငါလည်း တစ်ခါလောက် နှိုက်မိပြီဟေ့"
တက္ကသိုလ်အဆောင်တစ်ခုအတွင်း အပြာရောင် တီရှပ်ဝတ်ထားသော ကျောင်းသားတစ်ဦးသည် သူ့ထိုင်ခုံမှ ရုတ်တရက် ဝုန်းကနဲ ထရပ်လိုက်သည်။
ထိုအခါ နောက်ဘက်ရှိ ထိုင်ခုံမှာ ကြမ်းပြင်နှင့် ပွတ်တိုက်မိကာ အသံကျယ်ကြီး ထွက်သွားသည်။
"အမလေး မင်းလက်ကတော့ ဘုရားပေးတဲ့လက်ပဲ ဖြစ်ရမယ်"
"မြန်မြန်... အဲဒါကြီးကို ထုတ်ပြစမ်း"
အနီရောင်စာအိတ် နှိုက်ရာတွင် အတူတူပါဝင်ခဲ့ကြသော အဆောင်နေသူငယ်ချင်းများမှာ ထိုအသံကို ကြားသည်နှင့် ဝိုင်းလာကြတော့သည်။
အချို့က ပခုံးကိုဖက်၊ အချို့က ခြေထောက်ကိုမနှင့် တစ်ဆောင်လုံး ခြောက်ယောက်ရှိသည့်အနက် ဤကောင်တစ် ယောက်တည်းသာ ရလိုက်ခြင်းဖြစ်သည်။
' ဤသည်မှာ ဘုရားပေးသည့်လက် မဟုတ်လျှင် ဘာဖြစ်နိုင်ဦးမည်နည်း'
"ဟားဟားဟား လာလေ လာလေ 'ဖေဖေ' လို့ အရင်ခေါ်ကြဦးမှ မင်းတို့လက်ကို တစ်ချက်လောက် အထိခံမယ်"
အပေါ်သို့ မြှောက်မထားခြင်း ခံရသည့် ရှန်ကျယ်သည် အနည်းငယ်မျှ မထိတ်လန့်ဘဲ ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောနေသည်။
သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း
"ဘယ်သူက အရင် 'ဖေဖေ' လို့ ခေါ်မှာလဲ"
'ဒီညတော့ လက်မဆေးတော့ဘူး ဟားဟားဟား'
သူငယ်ချင်း နှစ်ယောက်မှာ တကယ်ပင် ရှေ့တိုးလာပြီး လက်ကို ကိုင်ကြည့်ကာ ကြည်ညိုလေးစားသည့် မျက်နှာပေးဖြင့် ပြောကြသည်။
"နတ်ဘုရားရဲ့လက်ပဲ ငါ့ကိုလည်း ထီပေါက်အောင် လုပ်ပေးပါဦး တစ်ခါလောက်ဆို ရပြီ"
"ငါ့ရဲ့ Thesis လေးကိုလည်း တစ်ခါတည်းနဲ့ အောင်မြင်အောင် စောင်မပေးပါဦး"
ကျန်သည့်သူများကမူ လက်ဆောင်ပစ္စည်းကို ထုတ်ပြရန် ဝိုင်းဝန်းတောင်းဆိုနေကြသည်။
Host ပေးသော ပစ္စည်းအစစ်အမှန်ကို သူတို့ မြင်ဖူးချင်ကြသည်။
ရှန်ကျယ် : "ဒါဆိုရင်တော့ ငါ့ကို အရင်ပြန်ချပေးကြဦး ပစ္စည်းလေး တစ်ခုခုဖြစ်သွားမှာ စိုးလို့"
အဆောင်သူငယ်ချင်းများမှာ သူ့ကို အသာအယာပြန်ချပေး လိုက်ပြီး ဖုန်းကို မတော်တဆ လွတ်မကျစေရန် အထူးဂရုစိုက်ပေးကြသည်။
"မြန်မြန်... ဘာပစ္စည်းလဲဆိုတာ ကြည့်ရအောင်"
ရှန်ကျယ် က လက်ကို ဆန့်ထုတ်လိုက်ရင်း "ဖယ်ကြဦး ဖယ်ကြဦး အရမ်းနီးမကပ်နဲ့ ငါ့ရဲ့ စွမ်းရည်ကို ပြတော့မယ်"
သူသည် ဖုန်းကို ဖွင့်လိုက်ရာ ကိုယ်ပိုင် Center ရှိ ပစ္စည်းသိုလှောင်ခန်းထဲတွင် ပစ္စည်းတစ်ခု ငြိမ်သက်စွာ ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုအခါ ရှန်ကျယ်သည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်သည်။
သူသည် ပစ္စည်းအချက်အလက်ကို အရင်ဖတ်လိုက်ပြီးနောက် လက်ကို Screen ပေါ်တွင် တင်လိုက်သည်။
"အံ့ဩစရာကောင်းတဲ့ အချိန်ကို စောင့်ကြည့်လိုက်ကြတော့"
နောက်တစ်စက္ကန့်တွင် ခြင်္သေ့ခေါင်းပုံ ထွင်းထုထားသည့် သစ်သားအဆောင်လေးတစ်ခုသည် သူ၏လက်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာသည်။
ဤသစ်သားထွင်းထုမှုမှာ အလွန်အနုစိတ်ပြီး သေးငယ်လှသဖြင့် ယောက်ျားကြီးတစ်သိုက်မှာ အံ့ဩတကြီး ဝိုင်းကြည့်နေကြသည်။
"ကြည့်ရတာ အလျားနဲ့ အနံက ၂ စင်တီမီတာတောင် မပြည့်ဘူးပဲ"
"ဒါက ဘယ်လိုပေါ်လာတာလဲ ဟိုဘက် ဒီဘက် ကူးပြောင်းသွားတာလား ဒါမှမဟုတ် ဓာတ်ပြုမှု တစ်ခုခုလား"
"ဒီပစ္စည်းက ဘာအတွက် သုံးတာလဲ"
ပြီးခဲ့သည့် မုန့်ပေါ် တာဝန်တုန်းက ရသည့် အနီရောင်စာအိတ်ကိုလည်း သူတို့အဆောင်မှ မည်သူမျှမရခဲ့ကြပေ။
သူများပြောသံ ကြားဖူးသော်လည်း ပစ္စည်းတစ်ခု လေထဲမှ ရုတ်တရက် ပေါ်လာသည်ကို ကိုယ်တိုင်မြင်ဖူးခြင်းမှာ ယခု ပထမဆုံးပင်။
သိပ်ကို အံ့ဩဖို့ ကောင်းလွန်း၏။
သူတို့၏ ကမ္ဘာကြီးတစ်ခုလုံးမှာပင် မှော်ဆန်သွားသလို ခံစားလိုက်ရသည်။
ရှန်ကျယ်၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်မသွားဘဲ
"သရဲတွေကို ရှောင်ကွင်းနိုင်တယ်လို့ပြောတယ် မင်းတို့ သိပ်ပြီး အားမကျကြပါနဲ့"
ထို့နောက် ခဏအကြာတွင် သူငယ်ချင်းတစ်ယောက်က မေးလိုက်သည်။
"ဒီပစ္စည်းက တန်ဖိုးကြီးမှာပဲနော်"
"ငါ မရောင်းဘူးဟေ့ ဒါက အသက်အာမခံချက်ပဲ"
ရှန်ကျယ်သည် သစ်သားအဆောင်လေးကို တန်ဖိုးထားစွာ သိမ်းဆည်းလိုက်ပြီး မနက်ဖြန်ကျလျှင် အဝတ်အိတ်လေး တစ်ခုဝယ်ကာ သေချာထည့်ထားမည်ဟု ဆုံးဖြတ်လိုက်သည်။
ဤအရာကို သူ ကိုယ်နှင့်မကွာ ဆောင်ထားမည်ဖြစ်သည်။
[ဘာမှ ပြောမနေတော့ဘူး ဒီည ငါ ကျွေးမယ်]
[သွားမယ် သွားမယ်]
လူ ခြောက်ယောက်မှာ စိတ်တက်ကြွစွာဖြင့် အဆောင်ပြင်သို့ ထွက်လာကြသည်။
သူတို့၏ လမ်းလျှောက်ပုံမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်သည့်ပုံစံမျိုး ဖြစ်နေသဖြင့် ဘေးပတ်ဝန်းကျင်ရှိ အဆောင်များမှ ကျောင်းသားများမှာ ထူးဆန်းစွာ ဝိုင်းကြည့်နေကြသည်။
သူတို့သည် ဆိုင်တစ်ဆိုင်ကိုရွေးကာ အားပါးတရ စားသောက်နေကြပြီး ဘီယာတစ်ဖာကိုလည်း မှာလိုက်သည်။
ထိုစဉ် ရှန်ကျယ်၏ဖုန်းထဲသို့ Message တစ်စောင် ဝင်လာရာ သူသည် ချက်ချင်းထရပ်လိုက်သည်။
သူငယ်ချင်းများက နားမလည်စွာ ကြည့်နေကြစဉ် ရှန်ကျယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ပြောလိုက်သည်။
"ညီအစ်ကိုတို့ ဆက်စားကြဦးပြန်ရင် ငါပဲ ရှင်းလိုက်မယ် အခုတော့ ငါ အရင်သွားပြီနော်"
ရှန်ကျဲ ထွက်သွားပြီးနောက် သူငယ်ချင်းများမှာ ကြောင် အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။
"သူ ဘာသွားလုပ်တာလဲ"
"ကြည့်ရတာ သူ လိုက်နေတာ ကြာပြီဖြစ်တဲ့ စီမံခန့်ခွဲမှုမေဂျာက ကောင်မလေးက ရုပ်ရှင်ကြည့်ဖို့ချိန်းလိုက်တာထင်တယ်"
"တောက် ဒီလောက် ညကြီးမင်းကြီး ဘာရုပ်ရှင်ကြည့်မှာလဲ"
ထိုစကားပြောပြီးသည်နှင့် သူတို့အားလုံး၏ မျက်နှာပေးမှာ ပြောင်းလဲသွားကြသည်။
"ဪ... ဒီလိုကိုး" ဆိုသည့် [🌚] နှင့်တူသော မျက်နှာပေးများ ဖြစ်သွားကြတော့သည်။
...
ရှန်ကျယ်သည် ကုန်တိုက်ရှေ့တွင် ကားပေါ်မှ ဆင်းလိုက်သည်နှင့် မနီးမဝေးရှိ လှပသော ပုံရိပ်လေးကိုတွေ့လိုက်ရသည်။
သူမသည် ကုန်တိုက်ဝင်ပေါက်တွင်ရပ်ကာ တစ်စုံတစ် ယောက်ကို စောင့်နေပုံရသည်။
ဆံပင်ရှည်ကြီးများကို နောက်ကျောတွင် ချထားပြီး နားရွက်နားတွင် ချယ်ရီပန်းဖြူပုံစံ ကလစ်လေးတစ်ခု တပ်ထား သည်။
သူမ၏ကိုယ်ပေါ်တွင်တော့ အရောင်ဖျော့ဖျော့ ဂါဝန်လေးကို ဝတ်ဆင်ထားသည်။
ထို့ကြောင့် ရှန်ကျယ်၏ ရင်ခုန်သံမှာ ချက်ချင်းမြန်လာသည်။
' ဤသည်မှာ ချိန်းတွေ့ရန်အတွက် ပြင်ဆင်လာသည့် ပုံစံပင် မဟုတ်ပါလား'
သူသည် ပြေးသွားလိုက်ရင်း "ချိုးယွဲ့ စောင့်နေရတာ ကြာပြီလား"
ချိုးယွဲ့က မော့ကြည့်ကာ အေးအေးဆေးဆေး ပြုံးပြလိုက်သည်
"မကြာသေးပါဘူး"
"ဒါဆို ကိုယ်တို့ အထဲဝင်ရအောင်"
အခုပြနေသည့် ရုပ်ရှင်များထဲတွင် တိုက်ခိုက်ရေး၊ ထိတ်လန့်စရာနှင့် အချစ်ရုပ်ရှင်များ ရှိသည်။
" ဘာရုပ်ရှင် ကြည့်ချင်လဲ"
"အင်း... သရဲရုပ်ရှင် ကြည့်ရင် ဖြစ်မလား"
"ဖြစ်တာပေါ့"
ဤသည်မှာ ရှန်ကျယ်လည်း ကြည့်ချင်သည့် ရုပ်ရှင်မျိုးဖြစ် သည်။
သရဲ ရုပ်ရှင်များက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းသည်။
လက်မှတ်ဝယ်ပြီးနောက် သူသည် ပြောင်းဖူးပေါက်ပေါက် တစ်ထုပ်ကြီးကို ဝယ်ကာ ကောင်မလေးကို ယဉ်ကျေးစွာ ကမ်းပေးလိုက်သည်။
ချိုးယွဲ့က လှမ်းယူရန် လက်ကမ်းလိုက်သော်လည်း လေထဲတွင် ပြန်ရုပ်လိုက်ကာ ပြုံးပြလိုက်သည်
"ရှင်ပဲ ကိုင်ထားလိုက်ပါ"
ရှန်ကျယ်က ခေါင်းညိတ်လိုက်ပြီး ရုပ်ရှင်ကို ရင်ခုန်စွာစောင့် ဆိုင်းနေတော့သည်။
၈ နာရီခွဲတွင် ရုပ်ရှင် စတင်ပြသသည်။
သူတို့နှစ်ယောက်ထိုင်ခုံမှာ နောက်ဆုံးတန်းမှ ရေတွက်လျှင် ဒုတိယတန်း၏အလယ်တည့်တည့်တွင် ဖြစ်သည်။
သူတို့ အထဲဝင်သွားချိန်တွင် လူ အနည်းငယ်သာ ရှိသေးသည်။
ဤရုပ်ရှင်ကို လာကြည့်သူ သိပ်မများလှပေ။
အရှေ့တန်းတွင် ထိုင်သူလည်း ရှားသည်။
နောက်တန်းမှာ အဆင်ပြေပြေ လုပ်ဆောင်နိုင်သည်ကို အားလုံး သိထားကြပုံရသည်။
ရုပ်ရှင်စသည်နှင့် တစ်ရုံလုံးရှိ မီးများမှာ မှောင်သွား၏။
ဤရုပ်ရှင်မှာ မိန်းကလေးအဆောင်တွင် လူတစ်ယောက် ရုတ်တရက် သေဆုံးသွားရာမှ အစပြုပြီး ထိုအချိန်မှစ၍ တစ်ဆောင်လုံးမှာ ထူးဆန်းလာသည့်အကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်။
ရှန်ကျဲမှာ ရုပ်ရှင်ကို သေချာမကြည့်နိုင်ပေ။ သူ၏ မျက်လုံးထောင့်မှ ထိုင်ခုံနှစ်ခုကြားရှိ လက်တင်တန်းကိုသာ ကြည့်နေမိသည်။
ထိုနေရာတွင် ဖြူစင်သွယ်လျသော လက်လေးတစ်ဖက် ရှိနေသည်။ ကောင်မလေးမှာ ရုပ်ရှင်ကို အာရုံစိုက်ကြည့်နေပြီး သူ့ဘက်ကို သတိမထားမိပုံရသည်။
သူသည် မသိမသာဖြင့် ဟန်ဆောင်ကာ သူ့ ညာဘက်လက်ကို လက်တင်တန်းပေါ်သို့ တင်လိုက်သည်။
သို့သော် ထိုလက်လေးကို မထိမိခင် တစ်စက္ကန့်အလိုတွင် ကောင်မလေးက အအေးဘူးကို လှမ်းယူကာ တစ်ငုံ သောက်လိုက်သည်။
"..." ချက်ချင်းပင် ရှန်ကျယ် စိတ်ဓာတ်ကျသွား၏။
ထို့နောက်တွင်လည်း ရှန်ကျယ်သည် အကြိမ်အနည်းငယ် ထပ်မံ ကြိုးစားခဲ့သေးသည်။
သူလုပ်သမျှသည် အောင်မြင်တော့မည့်ဆဲဆဲတိုင်းတွင် ကျရှုံးခဲ့ရ၏။
ထိုအခါ သူသည် စိတ်ထဲမှသက်ပြင်းချလိုက်ပြီး Screen ပေါ်သို့ ကြည့်လိုက်သည်။
'ဒီရုပ်ရှင်က ဒီလောက်တောင် ကြောက်ဖို့ မကောင်းတာလား ချိုးယွဲ့က ဘာလို့ မကြောက်တာလဲ...'
"ဝူးးးး"
ပါးစပ်စွန်းမှာ နားရွက်အထိ ပြဲနေပြီး သွေးချင်းချင်းနီနေသည့် မျက်နှာကြီးတစ်ခု Screen ပေါ်တွင် ပေါ်လာ၏။
ထိုမိစ္ဆာ၏ ခြေလက်များမှာ ပင့်ကူကဲ့သို့ နံရံပေါ်တွင် တွယ် ကပ်နေပြီး လျှာအရှည်ကြီးကို ထုတ်ထားသည်။
ရှန်ကျယ် မှာ လန့်သွားသဖြင့် အလိုအလျောက် ကောင်မ လေး၏ တုံ့ပြန်မှုကို လှည့်ကြည့်လိုက်မိသည်။
ထိုသို့ကြည့်လိုက်သည့် ခဏတွင် သူသည် အသံထွက်အောင် အော်လိုက်မိတော့သည်။
သူ ကြောက်လွန်းသဖြင့် နှလုံးတောင် ရပ်သွားမတတ်ပင်။
"ဘာဖြစ်လို့လဲ"
သာယာသော အသံလေးက ဘေးနားမှထွက်ပေါ်လာသည်။
ရှန်ကျယ်သည် သေချာလေး ပြန်ကြည့်လိုက်ရာ သူနှင့် ရင်းနှီးပြီး လှပသော မျက်နှာလေးသာ ဖြစ်သည်။
သူမသည် သူ့ကို စိုးရိမ်တကြီး ကြည့်နေ၏။
ပြဲနေသော ပါးစပ်လည်း မရှိ၊ ကြောက်စရာကောင်းသော သွားများလည်း မရှိပေ။
'သူမြင်လိုက်ရသည်မှာ ရုပ်ရှင်ထဲက ပုံရိပ်များ ထပ်နေခြင်းလော'
ဤသို့တွေးမိတော့ သူ အနည်းငယ်ရှက်သွားသည်။
'ရုပ်ရှင်ကြည့်နေရင်း မိန်းကလေးတောင် မအော်ဘဲ သူက အရင် အော်လိုက်မိသည် မဟုတ်ပါလား'
အခြား အတွဲများကို ကြည့်လိုက်တော့လည်း အားလုံးနီးပါး ဖက်ထားကြပြီဖြစ်သည်။
ထို့နောက်တွင်မူ ရှန်ကျယ်မှာ စိတ်မပါတော့ဘဲ ဘေးနားမှ လူ၏ စူးစမ်းသော အကြည့်ကိုလည်း သတိမထားမိတော့ပေ။
ရုပ်ရှင်ပြီးနောက် သူတို့နှစ်ယောက်မှာ ကုန်တိုက်ထဲတွင် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ကြသေးသည်။
ရုတ်တရက် ချိုးယွဲ့က အော်လိုက်ပြီး ဖုန်းထဲက အချိန်ကို ကြည့်ကာ စိုးရိမ်တကြီးပြောလာသည်။
"ဒုက္ခပဲ အဆောင်ပိတ်တော့မယ်"
ရှန်ကျယ် လည်း လိုက်ပြီး စိုးရိမ်သွားကာပြောလိုက်၏
"ဒါဆို မြန်မြန် ပြန်ကြရအောင်"
"မှီပါ့မလား မသိဘူး..."
"ရတယ် ငါ တံခါးသွားခေါက်ပေးမယ် အဆောင်ကြီးကြပ်ရေး အဒေါ်ကြီး ဆဲတာကို ငါပဲ ခံလိုက်မယ်"
"..."
(TL/note : တောသား ရှန်ကျယ်)
ချိုးယွဲ့က သူမ၏လှပသော မျက်လုံးများဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်ကာ သူမ မျက်နှာမှာ ခန့်မှန်းရ ခက်နေသည့်ပုံစံပေါက်နေ၏။
ထို့နောက် ရှန်ကျယ်သည် ချက်ချင်း ကားတစ်စီးတားကာ သူမ ကို အဆောင်ရှေ့အထိ ပို့ပေးလိုက်သည်။
အိပ်ရာမှနိုးလာသော အဆောင်ကြီးကြပ်ရေး အဒေါ်ကြီး၏ ဆူပူမှုကို သူက ရယ်မောကာ တုံ့ပြန်လိုက်သည်။
ချိုးယွဲ့ အပေါ်ထပ် တက်သွားမှသာ သူသည် ယောက်ျားလေးဆောင်ဘက်သို့ လျှောက်လာခဲ့သည်။
နောက်ဘက်တွင်မူ ကောင်မလေးသည် အဆောင်ပြတင်း ပေါက်တွင်ရပ်ကာ သူ့ကို မရေရာသော အကြည့်များဖြင့် ကြည့်နေသည်။
"တင်း" Message အသစ် ဝင်လာသည့် အသံ ထွက်လာသည်။
ရှန်ကျယ် သည် စိတ်မပါလက်ပါဖြင့် Screen ကို ဖွင့်လိုက်ရာ Message မှာ 'ချိုးချိုး' ထံမှ ဖြစ်သည်။
'ကျွန်မ ရှင့် ကို အမြဲစောင့်ကြည့်နေမှာပါ'
ထိုခဏ၌...
ရှန်ကျယ်သည် ကျောဘက်မှ အေးစိမ့်သွားသလို ခံစားလိုက်ရပြီး ထိုထူးဆန်းသော ခံစားချက်ကြီး ထပ်မံရောက်ရှိလာပြန်သည်။
အကယ်၍ ဤည မတိုင်ခင်ကဆိုလျှင် ဤစကားလုံးကို ကြားရသည်မှာ ကြည်နူးစရာဟုထင်မိလိမ့်မည်။
သို့သော် ယခုမု သူသည် တစ်ကိုယ်လုံး အဆင်မပြေဖြစ်လာပြီး တစ်စုံတစ်ယောက်၏စောင့်ကြည့်ခြင်းကို ခံနေရသလို ခံစားနေရသည်။
သူသည် နောက်သို့လှည့်ကြည့်လိုက်သောအခါလမ်းမထက် တွင် လမ်းမီးတိုင်အောက်မှ အလင်းရောင် အနည်းငယ်သာ ရှိပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်ရိပ်များမှာ ထူးဆန်းစွာခြောက်ခြားဖွယ်ကောင်းနေတော့သည်။
🫧 Chapter 80
ယောင်္ကျားလေးဆောင်ကို ပြန်ရောက်ပြီးနောက် ရှန်ကျယ်သည် သူငယ်ချင်းများ၏ နောက်ပြောင်ကျီစယ်မှုများကို ဂရုမစိုက်အားပေ။
ရိုးရိုးရှင်းရှင်းပင် ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရန် ပြင်လိုက်သည်။
လှဲချလိုက်ရုံရှိသေး၊ အိတ်ကပ်ထဲမှ တစ်ခုခု လိမ့်ထွက်လာ၏။
၎င်းမှာ အနီရောင်စာအိတ် (အန်ပေါင်း) မှ ရရှိခဲ့သော ခြင်္သေ့ရုပ်သစ်သားပန်းပုလေး ဖြစ်သည်။
ထိုအချိန်တွင် လက်ထဲမှ သစ်သားပန်းပုလေးမှာ အနည်းငယ် နွေးနေသည်။
အစပိုင်းတွင် ရှန်ကျယ်က ရာသီဥတုပူသောကြောင့်ဟု ထင်ခဲ့သော်လည်း ရုပ်ရှင်ရုံတွင် မြင်ခဲ့ရသည့် မြင်ကွင်းနှင့် ခုနက ရရှိခဲ့သော စာတိုကို ပြန်တွေးမိသွားသည်။
ထိုအရာများနှင့် ဤသစ်သားပန်းပုလေး၏ အာနိသင်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ ရှန်ကျယ် ချက်ချင်းအသက်ရှူရပ်မတတ် ဖြစ်သွားရကာ ကြက်သီးမွေးညင်းများ ထလာတော့သည်။
'သူ... မကောင်းဆိုးဝါး (သရဲ) နဲ့ တွေ့နေရတာလား'
နောက်ပိုင်းရက်များတွင် ရှန်ကျဲ အထူးတလည် သတိထားကြည့်မိသောအခါ ချိုးယွဲ့နှင့် တွေ့တိုင်း အိတ်ကပ်ထဲမှ ပစ္စည်းလေးမှာ အပူချိန်တက်လာတတ်သည်။
ချိုးယွဲ့က သူ့ကို ကြည့်သည့် အကြည့်များမှာလည်း ပိုပိုထူး ဆန်းလာပုံရသည်။
ရှန်ကျယ် မခံစားနိုင်တော့သည့် အခြေအနေသို့ ရောက်ခါနီးတွင် သတင်းတစ်ပုဒ်ကို မတော်တဆ မြင်လိုက်ရသည်။
[သူဌေးသားတစ်ဦး သန်းခေါင်ယံအချိန် သင်္ချိုင်းကုန်းတွင် တစ်ညလုံး ကခုန်ခဲ့ပြီး အလွန်မိုက်ကြောင်း ထုတ်ဖော်ပြောကြား]
“ဝိုး... တကယ့်လူစွမ်းကောင်းပဲ”
အံ့သြသွားပြီးနောက် ရှန်ကျယ်သည် မိမိကိုယ်ကိုယ် ပြန်တွေးမိသည်။
ဖြစ်နိုင်သည်မှာ သူသည် ထိုလူ့ထံမှ အတွေ့အကြုံ သွားယူသင့်သည်။
သင်္ချိုင်းကုန်းမှာ ကခုန်ပြီးတော့တောင် အသက်ရှင်နေသေးတယ်ဆိုရင် ထိုလူမှာ တစ်ခုခုတော့ ရှိရမည်ပင်။
...
“ဘာ Live room မှာ အနီရောင်စာအိတ်တွေ ထပ်ဝေပြန်ပြီလား”
ဗီလာအိမ်ကြီးတစ်လုံးထဲတွင်...
ထန်ထျန်းကျဲသည် ပြိုင်ကားတစ်စီးဖြင့် မိန်းမလှလေးများကို လိုက်ပို့ပြီးမှ ပြန်ရောက်လာခြင်းဖြစ်သည်။
ဖုန်းဖွင့်လိုက်သည်နှင့် မဖတ်ရသေးသော စာများနှင့် ဖုန်းခေါ်ဆိုမှု အများအပြားကို မြင်လိုက်ရသည်။
သူ အပြင်မှာ ပျော်ပါးနေချိန်တွင် ထို ငရဲပြည်၏ Live room မှ ဖန်များအတွက် လက်ဆောင်စာအိတ်များ ဝေပေးခဲ့သည်ကို ထိုအခါမှ သိလိုက်ရတော့သည်။
Moments များကို ကြည့်လိုက်သောအခါ လူအများအပြားက ကြွားလုံးထုတ်နေကြသည်ကို တွေ့ရသည်။
အင်တာနက်ပေါ်တွင်လည်း မိမိတို့၏ဖုန်းများ အက်ကွဲသွားခြင်း၊ ပြုတ်ကျခြင်း သို့မဟုတ် ရေထဲကျခြင်းများဖြင့် လူစွမ်းပြနေကြသည်။
'အနီရောင်စာအိတ် ရလိုက်သလား၊ မရလိုက်သလားဆိုသည်မှာ အရေးမကြီးတော့ပေ၊ အရေးကြီးသည်မှာ သူတို့ ပါဝင်ဆင်နွှဲခဲ့ခြင်းပင်'
“အားးး... ငါ ခုနက ဘာလို့ အပြင်သွားမိပါလိမ့် အိမ်မှာ စာအိတ်ကောက်နေလိုက်ရင် မကောင်းဘူးလား”
ထိုစဉ်က အနီရောင်စာအိတ်မိုးမှာ ၁၀ မိနစ်သာ ရွာသွန်းခဲ့ခြင်းဖြစ်သည်။
လူအများအပြားမှာ လုံးဝမသိလိုက်ကြဘဲ လူမှုကွန်ရက်များမှတစ်ဆင့် သိလိုက်ရချိန်တွင် နောင်တရလွန်း၍ အူပင်နာချင်စရာ ဖြစ်နေကြသည်။
ဥပမာ - အခုမှ မိန်းမလိုက်စားပြီး ပြန်လာသော ထန်ထျန်းကျဲကဲ့သို့လူများပင်။
ထိုကြွားလုံးထုတ်နေကြသော Moments များကို ကြည့်ပြီး ထန်ထျန်းကျဲ တစ်ကိုယ်လုံး မအီမသာ ဖြစ်သွားသည်။
သူသည် Live ကို အမြဲမကြည့်သော်လည်း ထို Live room မှ အနီရောင်စာအိတ်များမှာ မည်မျှ အစွမ်းထက်ကြောင်း ကြားဖူးနားဝရှိသည်။
'ဒီလို မိုက်တဲ့ကိစ္စမျိုးမှာ သူ ဘယ်လိုလုပ် ကျန်ရစ်နေလို့ ဖြစ်မလဲ'
ရုတ်တရက် ထန်ထျန်းကျဲ၏ နှုတ်ခမ်းထောင့်များကွေးညွှတ်သွားပြီး Status တစ်ခု တင်လိုက်သည်။
“မရဏလောကမှ အံ့ဖွယ်နေ့ရက်များ Live room” မှ အနီရောင်စာအိတ်များကို ဈေးကြီးပေး၍ ဝယ်ယူပါမည်၊ စိတ်ဝင်စားပါက Chat တွင် လာပြောပါ။
ထန်ထျန်းကျဲမှာ စာမတော်သော်လည်း သူငယ်ချင်းတော့ အလွန်များသည်။
မကြာမီမှာပင် တစ်ယောက်ယောက်က သူ့ကို လာရောက်ဆက်သွယ်၏။
Live room ၏ လက်ဆောင်စာအိတ်များမှာ ထိုစဉ်က အွန်လိုင်းရှိနေသည့် ကြည့်ရှုသူအားလုံးအတွက် ဖြစ်သည်။
ကြည့်ရှုသူအားလုံးမှာ ချမ်းသာကြသည်မဟုတ်ပေ။
ဘယ်အချိန်တွေ့ရမှန်းမသိသည့် သရဲထက်စာလျှင် သူတို့သည် ငွေအမြောက်အမြားနှင့် လဲလှယ်ရန် ဆန္ဒရှိကြသည်။
တချို့အချိန်တွေမှာ ပိုက်ဆံမရှိတာက အသက်မရှိတာထက် ပိုနာကျင်ရသည်လေ။
ရက်အနည်းငယ်အကြာတွင် ထန်ထျန်းကျဲသည် ဝယ်ယူထားသော ပစ္စည်းလေးအချို့ကို ယူကာ သူငယ်ချင်းအချို့နှင့်အတူ ပြိုင်ကားများဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
ရှေ့ဆုံးမှ ထန်ထျန်းကျဲ၏ တောက်ပြောင်နေသော အနီရောင်ပြိုင်ကားကြီးမှာ မြို့ပြင်သို့ ဦးတည်မောင်းနှင်နေသည်။
လူသူကင်းမဲ့သော မြို့ပြင်သို့ ရောက်သောအခါ ကားပေါ်မှ စပီကာများမှာ တေးသီချင်းသံများ ထွက်ပေါ်လာသည်။
ဘေးတွင်ထိုင်နေသော မိန်းမလှလေးများမှာလည်း သီချင်းစည်းချက်နှင့်အတူ စတင်လှုပ်ခါနေကြသည်။
“အကိုထန်... ကျွန်မတို့ ဘယ်ကို သွားနေတာလဲ”
သူဌေးသား သူငယ်ချင်းတစ်စုက မေးလိုက်ကြသည်။
လာတုန်းကတော့ အရင်လိုပဲ ပျော်ပါးဖို့ဟု ထင်ခဲ့သော်လည်း ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း လူသူကင်းမဲ့လာပြီး သန်းခေါင်ယံအချိန်တွင် ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။
ထန်ထျန်းကျဲက အုပ်စု၏ ရှေ့ဆုံးမှ အော်ပြောသည်။
“စိတ်လှုပ်ရှားစရာ ကိစ္စတစ်ခု လုပ်မလို့! ရဲရဲ့လား”
သူ စမ်းချင်နေသည်မှာ ကြာပြီဖြစ်သော ကိစ္စတစ်ခုရှိသည်။
“ဘာလို့ မရဲရမှာလဲ”
ဤလူတစ်စုမှာ အတူတူ ပျော်ပါးနေကျဖြစ်ရာ သူတို့ မရဲသည့်အရာ မရှိပေ။
‘စိတ်လှုပ်ရှားစရာ’ ဟု ကြားလိုက်ရသဖြင့် ပို၍ပင် စိတ်တက်ကြွလာကြသည်။
နာရီဝက်ခန့်အကြာတွင်
ပြိုင်ကားအချို့ ရပ်တန့်သွားပြီး သီချင်းသံကို အကျယ်ဆုံးဖွင့်ကာ ကားမီးများကို ထိုးထားလိုက်သည်။
ဤခြောက်ခြားဖွယ်ရာကောင်းသော သန်းခေါင်ယံအချိန်၊ မြေပုံကလေးများစွာကို ဝိုးတဝါး မြင်နေရသည့် မြို့ပြင်ကွင်းပြင်ကြီးတွင် ဖြစ်သည်။
ထို့နောက်သူဌေးသားတစ်စုမှာ ဝိုင်ပုလင်းများကို ဖွင့်ကာ ဤသဘာဝ ‘စင်မြင့်’ ထက်တွင် စတင်ကခုန်ကြတော့သည်။
“အားလုံးပဲ ပျော်ပျော်ပါးပါး ကကြစမ်း”
သီချင်းသံနှင့်အတူ ကခုန်ရင်း အရက်အရှိန်ဖြင့် သူတို့၏ လှုပ်ရှားမှုများမှာ ရဲတင်းလာကြ၏။
လူတိုင်း၏ ကိုယ်ပေါ်တွင် ထန်ထျန်းကျဲ ဝယ်ထားသည့် ပစ္စည်းလေး တစ်ခုစီ ပါရှိသည်။
အစပိုင်းတွင် ကြောက်နေသူများပင် ပစ္စည်းလေးများကို ကိုင်ထားပြီး အရက်သောက်လိုက်သောအခါ အာရုံကြောများမှာ လျော့ရဲသွားတော့သည်။
ထို့အပြင် ဤနေရာတွင် သူတစ်ယောက်တည်း မဟုတ်သည်ကလည်း အားတက်စရာပင်။
“ဝါးးးးး”
ထိုလူများ ရူးသွပ်စွာ ကခုန်နေကြစဉ် ကားမီးရောင်ပြင်ပရှိ နေရာတစ်ခုမှ အကြည့်ပေါင်းများစွာမှာ သူတို့ထံ စူးစိုက်ကျရောက်လာသည်။
'က တာလား'
ဒါမျိုးကို သူတို့ (သရဲတွေ) နားလည်သည်လေ။
သူတို့လည်း လူစုလူဝေးကို ဝါသနာပါသည်ပင်။
...
နောက်တစ်နေ့
သူဌေးသားတစ်စု သင်္ချိုင်းကုန်းတွင် ကခုန်ခဲ့သည့် သတင်းများ ပျံ့နှံ့သွားသည်။
မြင်သမျှလူတိုင်း အံ့သြသွားကြသော်လည်း ဤသူဌေးသားများမှာ ထူးဆန်းသည့်ကိစ္စများ လုပ်လေ့ရှိသဖြင့် သူတို့နှင့်တော့ လိုက်ဖက်သည်ဟု တွေးမိကြသည်။
ထန်ထျန်းကျဲမှာတော့ ဤကိစ္စကို သူ၏ ‘ထန်ထျန်းကျဲ အမှတ်တရ မှတ်တမ်း’ ထဲတွင် ရေးမှတ်လိုက်သည်။
ဤမှတ်တမ်းမှာ သူကိုယ်တိုင် အလွန်မိုက်သည်၊ ထူးခြားသည်ဟု ထင်သည့်အရာများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
အနာဂတ်တွင် ဤမှတ်တမ်းမှာ သူ၏ မိသားစုအမွေအနှစ် ဖြစ်လာလိမ့်မည်။
အစပိုင်းတွင် ထန်ထျန်းကျဲမှာ အရင်အတိုင်း ပျော်ပါးနေဆဲပင်။
သို့သော် မကြာမီမှာပင် သူသည် ပုံမှန်မဟုတ်သည်ကို သတိ ပြုမိလာသည်။
ညဘက် အိမ်သာသွားချိန်တွင် မှန်ထဲ၌ တစ်ခုခုဖြတ်ပြေးသွားသလိုမျိုး အမြဲမြင်နေရသည်။
ဘယ်ကိုသွားသွား တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုး အေးစိမ့်စိမ့် ခံစားချက်ကြီးရှိနေသည်။
အရေးကြီးဆုံးမှာ သူဝယ်ထားသည့် ပစ္စည်းလေးမှာ အမြဲ တမ်းပူနေခြင်းပင်။
မိဘတွေကိုလည်း မပြောရဲသဖြင့် ဗဟုသုတ ကြွယ်ဝလှသော ရဲယိုရှီးကိုသာ ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်ရတော့သည်။ သူသိသမျှလူထဲတွင် ရဲယိုရှီးမှာ အားကိုးရဆုံး ဖြစ်သည်။
သူတို့နှစ်ဦးမှာ မူလတန်းကတည်းက ကျောင်းနေဖက်များ ဖြစ်ကြပြီး အိမ်ချင်းလည်း နီးသဖြင့် အတူတူ ကြီးပြင်းလာသော ညီအစ်ကိုများကဲ့သို့ပင်။
နောက်ပိုင်းတွင် လမ်းကြောင်းမတူကြသော်လည်း သံယောဇဉ်ကတော့ ရှိနေဆဲ ဖြစ်သည်။
...
ကျယ်ဝန်းသော အခန်းတစ်ခုထဲတွင် စာအုပ်စင်များစွာ စီတန်းလျက်ရှိကာ စင်ပေါ်တွင် စာအုပ်မျိုးစုံဖြင့် ပြည့်နှက်နေပြီး အမိုးခုံးမှ ဝင်လာသော အလင်းရောင်က တစ်ခန်းလုံးကို လင်းထိန်စေသည်။
အခန်းထဲတွင် အလွန်တိတ်ဆိတ်နေပြီး မသိလျှင် စာကြည့် တိုက်တစ်ခုဟု ထင်ရမည်။
ရဲ့ယိုရှီးသည် အရင်တစ်ခါက ဤစာအုပ်များထဲမှ မုန့်ပေါ် ရှာခိုင်းသည့် လူကို ရှာဖွေတွေ့ရှိခဲ့သည်။
ကျန်းလင်က Live room တွင် အနီရောင်စာအိတ်များ ဝေပေးစဉ်က သူရရှိခဲ့သော စာအိတ်မှာ အကောင်းဆုံး ဖြစ်သည်။
ရဲယိုရှီးသည် ထန်ထျန်းကျဲ၏ သတင်းကို အစပိုင်းတွင် မမြင်ခဲ့ပေ၊ ရက်အနည်းငယ်ကြာမှသာ သိလိုက်ရခြင်းဖြစ်သည်။
အကြောင်းမှာ ထန်ထျန်းကျဲက သူ့ကို ဖုန်းဆက်ပြီး ဖြေရှင်းနည်း ရှိမလားဟု မေးလာသောကြောင့် ဖြစ်သည်။
ဖုန်းလက်ခံရရှိချိန်တွင် ရဲယိုရှီးမှာ ကြောင်သွားရသည်။
ထိုသတင်းကို သူ မြင်လိုက်ရချိန်တွင်တော့ “……”
သူ၏ သူငယ်ချင်းမှာ တကယ်ပင် ရိုးအလွန်းသလား သို့မဟုတ် ရူးလွန်းနေသလား ပင်မသိတော့ပေ။
' ဒီလိုကိစ္စမျိုးကိုတောင် လုပ်ရဲတယ်လို့'
ရဲ့ယိုရှီးသည် ထန်ထျန်းကျဲအိမ်သို့ ရောက်ရှိလာချိန်တွင် နောက်ဆုံးလူမှာ ဆိုဖာပေါ်တွင် အနွေးထည်အထူကြီးဖြင့် ပတ်ထား၏။
ထို သကောင့်သားမှာ နွေရာသီ အပူကြီးထဲတွင် စောင်အထူကြီးကို ခြုံထားခြင်းဖြစ်သည်။
သူသည် စောင်ထဲမှ ခေါင်းလေးကိုသာ ဖော်ပြီး သူ့ကို ကြည့်နေကာမေးလိုက်၏
“မင်း ရောက်လာပြီလား”
“……”
သို့သော် ရဲ့ယိုရှီး စကားမပြောဘဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဝ
င်လာကတည်းက သူ တစ်ခုခု ထူးဆန်းနေသည်ကို ခံစားမိသည်။
အပြင်မှာ နေပူရှိန်ပြင်းနေသော်လည်း အိမ်ထဲမှာတော့ ဆောင်းရာသီ ရောက်နေသကဲ့သို့ပင်။
ထို့အပြင် အိမ်ထဲမှာ သူတို့နှစ်ယောက်တည်း ရှိသော်လည်း လူအများအပြားက စိုက်ကြည့်နေသလို ခံစားချက်မျိုးကို ရနေသည်။
ရဲယိုရှီးသည် မျက်မှန်ကို ချွတ်လိုက်ပြီး ညာဘက်မျက်လုံးကို တစ်ချက် ပွတ်လိုက်၏။
ခဏချင်းမှာပင် မျက်ဝန်းထဲမှ ရဲရဲနီသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး မျက်ဝန်းထဲတွင် မီးလျှံများ လောင်မြိုက်နေသကဲ့သို့ တောက်ပလာ၏။
၎င်းမှာ Live room အနီရောင်စာအိတ်မှ ရရှိခဲ့သော ဝိညာဉ်ရတနာ - တတိယမြောက်မျက်လုံးပင်။
နီရဲသော အလင်းတန်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရဲယိုရှီး၏အရှိန်အဝါမှာ ပြောင်းလဲသွား၏။
ထို့နောက် အိမ်ထဲမှမြင်ကွင်းကို ရဲ့ယိုရှီး ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ့ မျက်နှာမှာလည်း ပျက်ယွင်းသွားတော့သည်။