← Chapters

အခန်း (၈၅၈-၈၅၉)

Vol. 50 Ch. 858-859

အခန်း (၈၅၈-၈၅၉)

Vol. 50 Ch. 858-859

Chapter 858

ရှေ့တန်း ၅

“သိတာပေါ့”

“ယေဘူယျာအားဖြင့် လုံးဝစိမ်းသက်နေတဲ့ ယဉ်ကျေးမှုနှစ်ခုဟာ ဘာသာပြန်စရာမလိုဘဲ ဆက်သွယ်နိုင်တဲ့ နည်းလမ်းနှစ်ခုရှိတယ်။ ပထမတစ်ခုက အရုပ်စာသင်္ကေတတွေကို သုံးတာ၊ ဒါက ငါတို့နဲ့ အမှောင်ထုကြားမှာ အလုပ်မဖြစ်ဘူး။ ဒုတိယတစ်ခုကတော့ အပြုအမူဆိုင်ရာ ယုတ္တိဗေဒကွင်းဆက်ပဲ။ ဒီနည်းလမ်းကတစ်ဆင့် နင်သိထားတဲ့ အမှောင်အမှတ်အသားကို ငါတို့ ရှာဖွေတွေ့ရှိခဲ့တာပဲ”

လင်းရှန် ခေါင်းညိတ်ပြလိုက်သည်။

ချူယန်က ဆက်ပြောသည်။

“ဒါကြောင့် အချက်ပြလှိုင်းတစ်ခုတည်းပဲရှိမယ်ဆိုရင် အဲဒီအချက်ပြလှိုင်းဟာ လူသားစမ်းသပ်ချက်ကနေလာတာလား၊၊ ဒါမှမဟုတ် အမှောင်ထုကလာတာလားဆိုတာ ယုတ္တိဗေဒစနစ်တစ်ခု တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အဓိကအချက်က ဒုတိယအချက်ပြလှိုင်းပဲ”

“သံသယ” လင်းရှန်က ရေရွတ်သည်။

“မှန်တယ်”

“ဒါကို အနီရောင်ကမ္ဘာက သတိပြုမိသွားတယ်၊၊ ဒါကြောင့် အချက်ပြလှိုင်းရဲ့ မူလအစဟာ အမှောင်သက်ရှိ ဒါမှမဟုတ် တွင်းနက်ဆီက လာတယ်လို့ သူတို့ သတ်မှတ်လိုက်ကြတယ်။ ဒီအချက်ပြလှိုင်းကို မြူမီးခိုးမွန်းစတားနဲ့ အခု နံပါတ် ၅၊ နံပါတ် ၇၊ နံပါတ် ၈ တွင်းနက်တွေရဲ့ အပြောင်းအလဲတွေနဲ့ ပေါင်းစပ်ကြည့်လိုက်ရင် ဒီအပြုအမူဟာ တွင်းနက်က အသိစိတ်ချိတ်ဆက်မှုကတစ်ဆင့် အာရုဏ်ဦးမြို့တော်ရဲ့ တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားတာဖြစ်ဖို့ အရမ်းများတယ်။ ဒီလို ရှာဖွေတွေ့ရှိမှုက အမှောင်ကိုသြဒိနိတ်တွေလောက် မရိုးရှင်းဘူး”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါဆို မနေ့ညက အမှောင်ဒီရေတိုက်ခိုက်မှုတွေက အမှတ်အသားပါတဲ့သူတွေကြောင့်တင် မဟုတ်နိုင်ဘူးပေါ့”

“အတိအကျပဲ။ အကယ်၍ အမှတ်အသားတွေကြောင့်ပဲဆိုရင် အာရုဏ်ဦးမြို့တော်ရဲ့ ပစ်အားနဲ့ အဲဒါတွေကို ကြိုတင်ရှင်းလင်းနိုင်တယ်။ ဒါပေမဲ့ တွင်းနက်သုံးခုကလာတဲ့ အမှောင်လှုပ်ခတ်မှုတွေက တစ်ညလုံး တိုက်ခိုက်ခဲ့တာပဲ”

ချူယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါက တွင်းနက်ဟာ သံသယဝင်နေပြီး စမ်းသပ်နေတယ်ဆိုတာကို ပြနေတာပဲ”

လင်းရှန် ကြက်သီးထသွားသည်။

“ဒါဆို တွင်းနက်ရဲ့ ပြန့်ကားနှုန်းက တကယ်တော့...”

“အကန့်အသတ် မရှိနိုင်ဘူး”

ချူယန်က တင်းမာသောအမူယာဖြင့် ပြောလိုက်သည်။

“တစ်နှစ်လည်း မဟုတ်ဘူး၊၊ လေးလလည်း မဟုတ်ဘူး၊၊ သူတို့သာ ကိုသြဒိနိတ်အမှတ်ကို စမ်းသပ်တွေ့ရှိသွားရင် အပြာရောင်ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းဖို့ တစ်ညပဲ ကြာလိမ့်မယ်”

လင်းရှန် ထိတ်လန့်သွားသည်။

“နံပါတ် ၅ တွင်းနက်က ဘာလို့ ရွေ့လျားနေတာလဲ၊၊ ကမ္ဘာအနှံ့က တွင်းနက်တွေ ဘာလို့ မြန်ဆန်လာတာလဲ ဆိုတာ မဆန်းတော့ဘူး၊၊ ဒါက အချိတ်အဆက်ရှိရှိ လုပ်ဆောင်နေတာလား”

“နင် မီးပျက်တာကို ကြုံဖူးလား” ချူယန်က ဆက်ပြောသည်။

“အခန်းထဲမှာ မှောင်မည်းနေတဲ့အခါ နင်က ပတ်ဝန်းကျင်နဲ့ မရင်းနှီးရင် နင့်ရဲ့ လက်တွေ ခြေထောက်တွေနဲ့ စမ်းတဝါးဝါးပဲ လျှောက်နိုင်မယ်။ ဒါက နှေးကွေးနိုင်ပေမဲ့ မီးလင်းလာတာနဲ့ ဒါမှမဟုတ် တည်နေရာကို နင်ရင်းနှီးသွားတာနဲ့ နင်က အရမ်းမြန်မြန်သွားနိုင်လိမ့်မယ်”

“ဒါကြောင့်မို့လို့ သတ္တဝါတွေက လူသားတွေကို ရှာဖို့ အမှောင်အမှတ်အသားကို သုံးတာပေါ့။ မနေ့ညက အမှောင်ဒီရေ တိုက်ခိုက်မှုအပြီးမှာ တွင်းနက်သုံးခုဘက်မှာ S-Class အဆင့်တွေနဲ့ ဖုတ်ကောင်သိုးထိန်းတွေ အများကြီးတွေ့ရတာ မဆန်းတော့ဘူး”

လင်းရှန်က ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

“အခုတော့ အားလုံးပြီးသွားပြီ၊၊ မြို့ထဲက လူတွေကို ရွှေ့ပြောင်းဖို့ အချိန်အများကြီး ရဦးမယ်လို့ ငါတို့ ထင်ခဲ့တာ။ ပြောရရင် ဒီညဟာ ဖုတ်ကောင်သိုးထိန်းတွေနဲ့ S-Class အဆင့်တွေကြောင့် ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်...”

“ဂျူးလိယပ်စ်က ဒါကို သိထားတယ်၊၊ ဒါကြောင့် သူက အာရုဏ်ဦးမြို့တော်တစ်ခုလုံးကို ကမ္ဘာပျက်ကပ်နေ့ စမ်းသပ်ကွင်းအဖြစ် သုံးချင်ခဲ့တာ။ သူတို့က စစ်မှန်တဲ့ ဆင့်ကဲပြောင်းလဲမှုယန္တရားကို အမြန်ဆုံး သုတေသနလုပ်ဖို့ လိုနေတာ၊ သူတို့ကိုယ်သူတို့ ထူးဆန်းသော သတ္တဝါတွေနဲ့ အမည်မသိ လူသားတွေအဖြစ် ပြောင်းလဲတာက တကယ်တော့ ဒုတိယရွေးချယ်မှုပဲ။ နောက်ထပ် အရေးကြီးတဲ့ သတင်းတစ်ခု ရှိသေးတယ်၊၊ အနီရောင်ကမ္ဘာရဲ့ မူလရည်ရွယ်ချက်က ဒါမဟုတ်ဘူး”

ချူယန်က လင်းရှန်ကို ပြောပြသည်။

“အနီရောင်ကမ္ဘာကို စတင်တည်ထောင်ခဲ့တဲ့ ရည်မှန်းချက်က ဒစ်ဂျစ်တယ်ရှင်သန်ခြင်းဘဝနဲ့ ယန္တရားဆင့်ကဲပြောင်းလဲမှု လမ်းစဉ်အတွက်ပဲ။ နောက်ပိုင်းမှာမှ အနီရောင်ကမ္ဘာက ထိန်းချုပ်မှုကနေ လွတ်ထွက်သွားပြီး စွမ်းအားရှင်၊ သွေးသားပေါင်းစပ်နည်းပညာ၊ ဘုရားသခင်ရွေးချယ်ခံရသူ၊ အိန်ဂျယ် စတာတွေဘက်ကို ဦးတည်သွားပြီး ထိန်းချုပ်မရ ဖြစ်ကုန်တာပဲ။ အနီရောင်ကမ္ဘာကို မူလဖွဲ့စည်းခဲ့တဲ့ အုပ်စုက SIID ဖောင်ဒေးရှင်းလို့ ခေါ်တဲ့ အဖွဲ့အစည်းပဲ။ ဒါက ဖက်ဒရေးရှင်းရဲ့ စီးပွားရေး အသက်သွေးကြော အတော်များများကို ထိန်းချုပ်ထားတဲ့ အရင်က ကမ္ဘာ့အကြီးဆုံး လော့ဖေးကုမ္ပဏီစုရဲ့ အခွဲတစ်ခုပဲ။ နင်လည်း ကြားဖူးရင် ကြားဖူးလိမ့်မယ်”

လင်းရှန် တောင့်တင်းသွားသည်။

“ကြားဖူးရုံတင် မဟုတ်ဘူး... ငါ သူတို့နဲ့ ထိတွေ့ဆက်ဆံဖူးတယ်”

“လင်းရှန်၊၊ နင်က ပရော်ဖက်ဆာယဲ့လန်နဲ့ ဗိုလ်ချုပ်ရှုကို အမြန်အကြောင်းကြားရမယ်၊၊ မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်”

လင်းရှန် သူ့ကိုယ်သူ ပြန်ကြည့်ပြီး ပခုံးတွန့်ပြလိုက်သည်။

“မင်း သိတဲ့အတိုင်းပဲ၊၊ ငါ့မှာ စွမ်းအင် လုံးဝကုန်ခမ်းသွားမှပဲ မင်းနဲ့ တွေ့လို့ရတာလေ။ နိုးလာဖို့ကို ငါ မထိန်းချုပ်နိုင်ဘူး”

“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ”

“ဘာလုပ်နိုင်မှာလဲ...”

လင်းရှန် ခါးသီးစွာ ပြုံးလိုက်သည်။

“ငါ စဉ်းစားနေတာက မြို့တစ်ခုလုံးက ဒီသတင်းကို သိသွားပြီး ငါတို့ ထွက်ပြေးရင်တောင် ဒီစကားအရဆိုရင် တွင်းနက်က ကိုသြဒိနိတ်ကို အောင်မြင်စွာ စမ်းသပ်မိသွားပြီဆိုတာနဲ့ ငါတို့ဝင်ရိုးစွန်းအထိ ပြေးရင်တောင် အဓိပ္ပာယ်မရှိဘူး၊၊ တွင်းနက်ရဲ့ ပြန့်ကားနှုန်းကို ငါတို့ လွတ်အောင် ပြေးနိုင်မှာတောင် မဟုတ်ဘူး”

ချူယန် အံ့အားသင့်သွားပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ရပ်နေသည်။

“လင်းရှန်”

“ဟင်”

“တကယ်လို့ ဒီညက ကမ္ဘာကြီးရဲ့ နောက်ဆုံးညဆိုရင် နင်ကြောက်လား”

“အရင်ကတော့ နည်းနည်းကြောက်တယ်”

လင်းရှန် ထိုအချိန်တွင် စကြဝဠာ၏ ကြယ်တာရာကောင်းကင်ယံကို ကြည့်ပြီး ပြုံးလိုက်သည်။

“အခုတော့ အဲဒီလောက် မကြောက်တော့ပါဘူး။ ဒီတစ်သက်မှာ ငါ အာကာသယာဉ်မှူး တစ်ခါဖြစ်ဖူးသွားတာပဲလေ”

ချူယန်သည် သူ၏ အကောင်းမြင်စိတ်ကို ချီးကျူးမိပြီး သက်ပြင်းချလိုက်သည်။

လင်းရှန်သည် ချူယန်၏ အခြေအနေကို ကြည့်ပြီး ထိုင်ချလိုက်သည်။

“ပြန်လို့မှ မရတော့တဲ့အတူတူ မင်းနဲ့ စကားပြောကြတာပေါ့”

“ငါတို့ ဘာအကြောင်းပြောကြမလဲ”

“ဥပမာ... မင်း တကယ်ပဲ သေသွားပြီလား ဆိုတာမျိုးပေါ့”

ချူယန်၏ အမူအရာမှာ ရှုပ်ထွေးသွားသည်။

“ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဂျူးလိယပ်စ်ရဲ့ ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်။ သူ့ရဲ့ အသက်စွမ်းအားကို ငှားရမ်းပြီး ငါရှင်သန်နေတာပဲ။ သူက သူ့ကိုယ်သူ အဆင့်မြင့်သက်စောင့်ခန်းထဲမှာ ထည့်ပြီး ထိန်းသိမ်းထားတာဆိုတော့ ဒီအခြေအနေနဲ့ ငါ ခဏလောက်တော့ အသက်ဆက်ရှင်နေဦးမှာပါ။ ဒါပေမဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား မှေးမှိန်သွားတာနဲ့ ငါ လုံးဝပျောက်ကွယ်သွားလိမ့်မယ်”

လင်းရှန် အံ့သြသွားပြီးမှ ရုတ်တရက် ရယ်မောလိုက်သည်။

“နင်က ဘာရယ်တာလဲ”

“မင်းကို ကယ်တင်နိုင်မယ့် တခြားနည်းလမ်း ရှိမလားလို့ ငါစဉ်းစားနေတာ… ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ဒီညမှာပဲ ကမ္ဘာပျက်တော့မှာဆိုတော့ ငါတို့က မင်းလောက်တောင် အသက်ရှည်ချင်မှ ရှည်မှာပါလားလို့ တွေးမိလို့ပါ”

ဒါကို ကြားတော့ ချူယန်က ရုတ်တရက် ပြုံးလိုက်သည်။ သူမက လင်းရှန်ကို တောက်ပသောအကြည့်ဖြင့် ကြည့်ပြီး ခေတ္တအကြာတွင် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် လင်းရှန်”

“ဘာအတွက် ကျေးဇူးတင်တာလဲ။ မင်းက ဂလက်ဆီနှလုံးသားကို သိမ်းပိုက်နိုင်အောင် ငါ့ကို ကူညီခဲ့တယ်၊၊ မြို့တစ်ခုလုံးကို ကယ်တင်ခဲ့တယ်၊၊ ပြီးတော့ မင်းကိုယ်မင်း စတေးခဲ့တာပဲ။ ငါက ဘာအတွက် ကျေးဇူးတင်ခံရမှာလဲ”

“ငါ့ရဲ့ အသိစိတ်ထဲမှာ ပေါ်လာပေးလို့၊၊ ဒီတာဝန်ကို ငါနဲ့အတူ အောင်မြင်အောင် လုပ်ဆောင်ပေးလို့၊ ပြီးတော့ အခုလို ငါ့အနားမှာ ရှိနေပေးပြီး စကားပြောပေးနေလို့ ကျေးဇူးတင်တာပါ...”

ချူယန်က ပြောသည်။

လင်းရှန် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။

“ငါတို့ နှစ်ယောက်လုံးက အသိစိတ်ချင်းငြိတွယ်နေရုံပဲ ဖြစ်နေတာ နှမြောဖို့ကောင်းတယ်။ မဟုတ်ရင် အခုလို အချိန်မျိုးမှာ အရက်လေး ဘာလေး အတူသောက်ရရင် ဘယ်လောက်ကောင်းမလဲ”

ထိုအချိန်တွင် ချူယန်သည် ရှေ့စီမံကိန်းမှ ရေတွက်မရနိုင်သော ကြယ်သင်္ဘောအပျက်အစီးများနှင့် ကျဆုံးသွားသော စစ်သည်များကို ကြည့်ကာ လင်းရှန်ကို ပြောလိုက်သည်။

“ဒါနဲ့ နောက်ထပ် အရေးကြီးတဲ့ သတင်းတစ်ခုရှိသေးတယ်။ ရှေ့ပြေးကြယ်သင်္ဘော အစီအစဉ်က ကောင်းကင်အကာကွယ်ကို ဖောက်ထွက်သွားပြီးတဲ့နောက် ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောရဲ့ ကပ္ပတိန် ချူကျင်းဆီကနေ အာရုဏ်ဦးမြို့တော်ကို ပို့တဲ့ သတင်းစကားတစ်ခုကို ဘုံကြယ်စင်လှိုင်းကတစ်ဆင့် ငါလက်ခံရရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အမှောင်စွမ်းအင်မုန်တိုင်းက ဒီနေရာကို ဝါးမျိုသွားပြီး ဆက်သွယ်ရေးအားလုံး ပြတ်တောက်သွားခဲ့တယ်”

Chapter 859

ရှေ့တန်း ၆

“ဘာသတင်းလဲ”

“ထိုးဖောက်စီမံကိန်းရဲ့ စမ်းသပ်စစ်ဆေးရေး ကိရိယာကတစ်ဆင့် အမှောင်ကျူးကျော်မှု စွမ်းအင်တွေကို စုပ်ယူနေတဲ့ အမှောင်စားသုံးဆဲလ်တွေရဲ့ စွမ်းအင်ဆိုင်ရာ အချက်အလက်တွေကို ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောက ရယူနိုင်ခဲ့ပြီ။ အကယ်၍ အမှောင်ကျူးကျော်မှုရဲ့ ပုန်းကွယ်နေတဲ့ စွမ်းအင်တွေကို အမှောင်သတ္တဝါတွေ လုပ်သလိုမျိုး အသွင်ပြောင်းပြီး စစ်ထုတ်နိုင်မယ်ဆိုရင် ရေကို ၁၀၀ ရာခိုင်နှုန်း သန့်စင်နိုင်လိမ့်မယ်။ ဒါတင်မကဘူး တုံးရှီစက်ကိရိယာကို သုံးပြီး ဒီစွမ်းအင်မိုက်ခရိုဝေ့ဖ်ကို လှုံ့ဆော်နိုင်ရင် လူသားတွေကို အမှောင်ကျူးကျော်မှုကနေ လုံးဝကာကွယ်ပေးနိုင်ပြီး သန္ဓေပြောင်းလဲမှု ကပ်ဘေးကိုလည်း ဖြေရှင်းနိုင်လိမ့်မယ်”

၎င်းကိုကြားလိုက်ရချိန်တွင် လင်းရှန်၏ မျက်လုံးများ ပြောင်းလဲသွားသည်။ ဤသည်မှာ သူ၏ ထူးဆန်းသောကုဗတုံးနှင့် အတိအကျတူနေသည်မဟုတ်ပါလား။ ရေထဲက အမှောင်ကျူးကျော်မှုများကိုတောင် စစ်ထုတ်နိုင်သည်ဟုဆိုရာ ပိုတောင် အစွမ်းထက်နေသေးသည်။

“အိုး... ဗိုလ်ချုပ်ကြီးချူက တကယ်ကို ကြီးကြီးမားမား အကျိုးဆောင်ခဲ့တာပဲ”

ထိုအချိန်တွင် ချူယန်က လင်းရှန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

“ရှေ့ပြေးယာဉ်တန်း အမှောင်စွမ်းအင် မုန်တိုင်းနဲ့ ကြုံရချိန်မှာ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောဟာ တကယ်တော့ မုန်တိုင်းထဲကနေ ထွက်ခွာနိုင်တဲ့ တစ်စင်းတည်းသော သင်္ဘောပဲ။ ဒါပေမဲ့ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောပေါ်မှာ ကြီးမားတဲ့ သန္ဓေပြောင်းလဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ချူကျင်းက နောက်ဆုံးမှာ ကျန်ရှိနေတဲ့ ရိက္ခာတွန်းကန်သင်္ဘောနှစ်စင်းကို လွှတ်တင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါက Natural Selection သင်္ဘောနဲ့ Deep Blue သင်္ဘောတို့ကို အမှောင်စွမ်းအင်မုန်တိုင်းဇုန်ထဲကနေ တွန်းထုတ်ပေးဖို့ပဲ၊၊ ပြီးတော့ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောကတော့ နောက်ကြောင်းပြန်လှည့်ဖို့ ပြင်ဆင်ခဲ့တယ်...”

“သူက အချက်အလက်တွေကို အာရုဏ်ဦးမြို့တော်ဆီ ပြန်ပို့ချင်လို့လား”

လင်းရှန်က အံ့အားသင့်စွာ မေးလိုက်သည်။

ချူယန်က ခေါင်းညိတ်ပြသည်။

“သူက လူသားမျိုးနွယ်အတွက် ရှင်သန်ခြင်းမျှော်လင့်ချက်တစ်ခု ချန်ထားပေးချင်ခဲ့တာပဲ”

“သူက လူသားမျိုးနွယ်ကို အဆုံးရှုံးမခံချင်ခဲ့ဘူး”

ထို့နောက် ချူယန်က ဂျူးလိယပ်စ်၏ အသိစိတ်ကို ကျူးကျော်ဝင်ရောက်ပြီးနောက် ထိုးဖောက်စီမံကိန်း၏ ဦးဆောင်သင်္ဘောအနေဖြင့် မမြင်ရသော ကောင်းကင်အကာကွယ်ကို မည်သို့ ဖောက်ထွက်ခဲ့သည်ကို လင်းရှန်အား ပြန်လည်ပြောပြနေသည်။ ချူယန်၏ ဖော်ပြချက်အရ လင်းရှန်သည် ထိုမော်ကွန်းဝင် မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။ လူပေါင်းသောင်းနှင့်ချီ၊ အေးခဲထားသော လူသားသန္ဓေလောင်းများနှင့် ယဉ်ကျေးမှု သိုလှောင်ရုံများကို တင်ဆောင်လာသည့် ကမ္ဘာပျက်ကပ် ကြယ်သင်္ဘော ခုနစ်စင်းသည် ကပ်ဘေးသင့်နေသော ကောင်းကင်အကာကွယ်ဆီသို့ အရှိန်အပြည့်ဖြင့် ပြေးဝင်ခဲ့ကြသည်။ အမှောင်စွမ်းအင် မုန်တိုင်းနှင့် ကြုံတွေ့ရသည့် မိနစ် ၃၀ အတွင်း ကပ္ပတိန် ခုနစ်ဦးစလုံးသည် လွတ်မြောက်ရန် တိုက်ပွဲဝင်ခဲ့ကြသည်။

၎င်းမှာ နှိုင်းယှဉ်စရာမရှိသော ဝမ်းနည်းဖွယ်မြင်ကွင်းဖြစ်သော်လည်း ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။ ရေတွက်မရနိုင်သော လူငယ်ဘဝများစွာသည် အေးစက်လှသော အာကာသဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားခဲ့ကြသည်။ ရှင်သန်ရေးမူကို အခြေခံထားသည့်ကြားမှ ချူကျင်းသည် Natural Selection နှင့် Deep Blue သင်္ဘောတို့ကို လွတ်မြောက်ရန် ရိက္ခာတွန်းကန်သင်္ဘောများကို လွှတ်တင်ဖို့ မည်သို့ ခက်ခဲစွာဆုံးဖြတ်ခဲ့သည်ကို လင်းရှန် စဉ်းစား၍ပင် မရနိုင်ပေ။ ထိုဆုံးဖြတ်ချက်မှာ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောကို သင်္ဘောအားလုံး၏ ရှေ့ဆုံးကနေ ဦးဆောင်ခဲ့စဉ်ကကဲ့သို့ပင် ပြတ်သားမှုနှင့် ရဲစွမ်းသတ္တိများ ပြည့်နှက်နေမည်မှာ သေချာနေသည်။

လင်းရှန်သည် အဝေးမှ ကြယ်တာရာကောင်းကင်ကို ကြည့်လိုက်သည်။ လူသားတို့၏ နည်းပညာယဉ်ကျေးမှု ဂုဏ်ရောင်ကို ဖော်ဆောင်နေသည့် ဧရာမ ပျက်စီးနေသော မိုးကုတ်စက်ဝိုင်းလွန်အဆင့် ကြယ်သင်္ဘောကြီးမှာ ဟင်းလင်းပြင်ထဲတွင် သင်္ဘောဦးပိုင်းကို မြင့်မားစွာ မြှင့်တင်လျက် တိတ်ဆိတ်စွာ လွင့်မျောနေသည်။

တောက်ပနေသော အောင်လံကြီးတစ်ခုကဲ့သို့ပင်။

….

ဂျိမ်း ဂျိမ်း။

အာရုဏ်ဦးမြို့တော်၏ ကြည်လင်နေသော ကောင်းကင်ယံသည် ကြာရှည်မခံလိုက်ပေ၊၊ မွန်းတည့်ချိန် ကျော်လွန်ပြီးနောက် များမကြာမီမှာပင် ကောင်းကင်တစ်ခုလုံး တိမ်မည်းများ ဖုံးလွှမ်းလာပြီး မိုးဖွဲများ ရွာချလာရာ လေထုမှာလည်း အေးစိမ့်လာသည်၊၊

မြို့၏ အရှေ့ဘက်နှင့် မြောက်ဘက်သို့ ဦးတည်ထားသော အဓိကလမ်းမကြီးများပေါ်တွင် အသက်ရှင်ကျန်ရစ်သူများကို တင်ဆောင်ထားသည့် ယာဉ်တန်းကြီးများမှာ ဖုန်တလုံးလုံးဖြင့် မောင်းနှင်ထွက်ခွာသွားကြပြီး လမ်းပေါ်ရှိ အမှိုက်သရိုက်များနှင့် အကျိုးအပဲ့များမှာ မိုးရေထဲတွင် စိုရွှဲနေသည်၊၊ လမ်းကြားများတွင် ကပ်ထားသော တစ်ချိန်က စည်ကားမှုကို ဖော်ဆောင်သည့် ပိုစတာဟောင်းများပေါ်ကို မိုးရေစက်ကျသံများ ထွက်ပေါ်နေသည်၊၊ နေရာအနှံ့တွင် ထူးဆန်းသည့် သန္ဓေပြောင်းမွန်းစတားများ၏ ပုပ်ပွနေသော အလောင်းကောင်များကို မြင်တွေ့နိုင်ပြီး အစောင့်တပ်နှင့် သံမဏိအစောင့်တပ်ဖွဲ့များက မြေထိုးစက်များနှင့် ဆောက်လုပ်ရေးသုံးမီကာများကို အသုံးပြုကာ အဓိကလမ်းမကြီးများကို ရှင်းလင်းနေကြသည်၊၊

လူနေရပ်ကွက်များနှင့် စခန်းချရာ နေရာများတွင်မူ မြို့ပြောင်းရွှေ့ခွင့်မရသည့် အသက်ရှင်ကျန်ရစ်သူများက ခေါင်မိုးများပေါ်နှင့် ပြတင်းပေါက်များ နောက်ကွယ်မှနေ၍ ထွက်ခွာသွားသော ယာဉ်တန်းများကို စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်၊၊ အကယ်၍ ဖီးနစ်၏ ကြေညာချက်နှင့် အစောင့်တပ်တို့၏ မြို့တော်ကာကွယ်ရေး အားထုတ်မှုများသာမရှိပါက ကမ္ဘာပျက်တော့မည့်အလား စိုးရိမ်ထိတ်လန့်မှုများမှာ တစ်မြို့လုံး ပျံ့နှံ့နေလောက်ပြီ ဖြစ်သည်၊၊

မူလက လူဦးရေ ခုနစ်သန်းနီးပါး ရှိခဲ့သော မြို့တော်မှာ နှစ်ရက်အတွင်း လူဦးရေ ထက်ဝက်ခန့် လျော့နည်းသွားခဲ့သည်၊၊ ယခုအခါ ကျန်ရှိနေသူအများစုမှာ မြို့ပြင်ရပ်ကွက်များမှ ဆင်းရဲသားများနှင့် အင်အားနည်းသူများအပြင် အသေးစားနှင့် အလတ်စားယာဉ်တန်းများသာ ဖြစ်ကြသည်၊၊

သူတို့တွင် အင်အားကြီးမားသော လက်နက်များ မရှိသလို ထွက်ပြေးရန် သတ္တိလည်း ကုန်ဆုံးနေပြီ ဖြစ်သည်၊၊ ယခုအချိန်တွင် သူတို့သည် အာရုဏ်ဦးမြို့တော်၏ မြို့ရိုးနှစ်ခုကိုသာ ယုံကြည်ကိုးစားနေကြရပြီး အသက်ရှင်ကျန်ရစ်သူ အများအပြားသည်လည်း သံမဏိအစောင့်တပ်ရင်းနှင့် အစောင့်တပ်တို့ကို ကူညီကာ မြို့သန့်ရှင်းရေးတွင် ပါဝင်လာကြသည်၊၊

မြို့တွင်းရပ်ကွက်၏ ကောင်းကင်ယံတွင် ဖီးနစ်၏ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောနှင့် သံမဏိအစောင့်တပ်ရင်း၏ လေယာဉ်အုပ်စုမှာ မြို့တွင်းကြယ်ဆိပ်ကမ်းပေါ်တွင် ငြိမ်သက်စွာ ပျံဝဲနေသည်၊၊ ယင်းမှာ မြို့တော်အား ဖီးနစ်က ထိန်းချုပ်ထားပြီး အခြေခံအစီအစဉ်များ ပြန်လည်စနစ်တကျ ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်၊၊

အစည်းအဝေးခန်းမကြီးအတွင်း၌ လင်းရှန်သည် ပြတင်းပေါက်နားတွင် ထိုင်ရင်း မိုးဖွဲများအောက်ရှိ အာရုဏ်ဦးမြို့တော်နှင့် အမှတ် (၁) မြို့ရိုးကြီးကို စကားတစ်ခွန်းမှ မပြောဘဲ ငေးကြည့်နေသည်၊၊

အစည်းအဝေးခန်းမအတွင်း အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပနေပြီး ဖီးနစ်မှ ယဲ့လန်၊ မြောက်အမေရိက ပူးပေါင်းတပ်ဦးမှ ရှုကျန်းယွီ၊ သံမဏိအစောင့်တပ်ရင်းမှ တပ်မှူး ဟွာကျန်း၊ အစောင့်တပ်မှ တပ်မှူး လုထျန်းယဲ့၊ ညလမ်းလျှောက်သူအဖွဲ့အစည်းမှ ခေါင်းဆောင် ချီနိုနှင့် ဖက်ဒရေးရှင်းကောင်စီအမတ်ဟောင်း ရှုယန်တို့ တက်ရောက်နေကြသည်၊၊ အလင်းတမန်ဌာနမှ ဝန်ကြီး လော့မင်နှင့် ဖီးနစ်မှ အဆင့်မြင့်အရာရှိများလည်း ရှိနေကြသည်၊၊ လေထုမှာ လေးလံထိုင်းမှိုင်းနေပြီး လင်းရှန်နှင့် ချူယန်တို့ထံမှ ပြန်လည်ရောက်ရှိလာသည့် သတင်းမှာ လူတိုင်း၏ နှလုံးသားကို လေးလံသော တူဖြင့် ထုနှက်လိုက်သကဲ့သို့ ဖြစ်နေသည်၊၊

“အစီရင်ခံစာအရ ဒီနေ့ နံနက် ၁၁ နာရီ ၂၆ မိနစ်မှာ ယွမ်လန်ဘက်က မုန်တိုင်းအတွင်း အလွန်ကြီးမားတဲ့ မိုးပျံသတ္တဝါတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်၊၊ အဲဒီသတ္တဝါဟာ နေ့ဘက်မှာ မြို့ကို စတင်တိုက်ခိုက်ခဲ့ပါတယ်၊၊ ခွဲခြမ်းစိတ်ဖြာချက်အရ ဒါဟာ စမ်းသပ်တိုက်ခိုက်မှုတစ်ခုပဲ ဖြစ်ပါတယ်၊၊ အဲဒီသတ္တဝါကို ၁၆ ကောင်မြောက် S-Class အဆင့် မွန်းစတားအဖြစ် သတ်မှတ်ပြီး ‘တျန်းချုံး’ လို့ အမည်ပေးထားပါတယ်၊၊ ဒါကတော့ ကင်းလှည့်ယာဉ်က ပို့လိုက်တဲ့ ဗီဒီယိုမှတ်တမ်းပါ”

အစီရင်ခံနေသူမှာ သံမဏိအစောင့်တပ်ရင်း တပ်မှူး ဟွာကျန်း၏ လက်အောက်မှ အရာရှိငယ်တစ်ဦး ဖြစ်သည်၊၊

“ဒါ့အပြင် ကောင်းကင်အစောင့်ဘက်မှာလည်း တွင်းနက် အမှတ် ၈ ရဲ့ ၁၉ ကောင်မြောက် မွန်းစတား ‘လေလွင့်သူ’ ဟာ အာရုဏ်ဦးမြို့တော်ဘက်ကို ဦးတည်လာနေတာ တွေ့ရပါတယ်၊၊ ချီလျန်တောင်တန်းဒေသရဲ့ မြေငလျင်တိုင်းတာချက်တွေအရ ၁၁ ကောင်မြောက် သတ္တဝါ ‘မြေကမ္ဘာ’လည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်၊၊ နောက်ဆုံးအနေနဲ့ တွင်းနက် အမှတ် ၅ ရဲ့...”

“ဖုတ်ကောင်သိုးထိန်း”

အရာရှိငယ်၏ လေသံမှာ ပြတ်သားနေသည်၊၊

“လောလောဆယ် အတည်ပြုနိုင်တဲ့ အလွန်ကြီးမားတဲ့ ခြိမ်းခြောက်မှု လေးခုရှိပါတယ်၊၊ ချီလျန်တောင်တန်းဘက်က လာနေတဲ့ လမ်းကြောင်းတစ်ခုပဲ အတည်မပြုနိုင်သေးတာပါ၊၊ အားလုံးက အာရုဏ်ဦးမြို့တော်ဆီကို ဦးတည်လာနေကြတာပါ”

“အတည်မပြုနိုင်တာတွေ ထားလိုက်တော့… အားလုံး လာနေတယ်လို့ပဲ သတ်မှတ်လိုက်”

ဟွာကျန်းက ပြောသည်၊၊ သူသည် သက်လတ်ပိုင်း စစ်သားတစ်ယောက်၏ ခက်ထန်သော မျက်လုံးများ ရှိသည်၊၊

သူက စားပွဲကို လက်ချောင်းဖြင့် ခေါက်ရင်း ဝဲနေသောလေသံဖြင့် မေးလိုက်သည်၊၊

“S-Class အဆင့် မွန်းစတား လေးကောင်၊ ငါတို့ ဒီတိုက်ပွဲကို ဘယ်လိုတိုက်ကြမလဲ”

All Chapters