← Chapters

အခန်း (၉၁-၉၂)

Vol. 9 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 9 Ch. 91-92

အပိုင်း (၉၁)

ယွင်ကျုံးဟဲ့ အော်ဟစ်မိလုနီးပါး ဖြစ်သွားသည်။ ‘ကိုယ်ဝန် ရှိတယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပြီးခဲ့တဲ့ တစ်လနှစ်လအတွင်း ကျုပ်နဲ့ ရွှီအန်းထင်တို့ အတော်လေး သတိထားခဲ့ကြတာလေ။’

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “တကယ်ဆိုရင် ဒီလို အရေးကြီးတဲ့အချိန်မှာ သူ ကိုယ်ဝန်မရှိသင့်ဘူး။ သူ့ကို ချက်ချင်း ရွှေ့ပြောင်းပေးသင့်တာ။ ဒါပေမဲ့ သူက မင်းနားမှာ ရှိတဲ့ တစ်ယောက်တည်းသော ရဲဘော်ရဲဘက်လေ။ သူသာ မရှိရင် မင်း သတင်းပို့လို့ မရတော့ဘူး။”

ပြီးတော့ သူ အခု ထွက်သွားရင် သံသယ ဖြစ်ခံရလိမ့်မယ်။ နောက်ပိုင်း သူ့ကို သေချာ ဂရုစိုက်ပါ။ သူ ကိုယ်ဝန်ရှိသွားတာက မင်းအတွက် အကာအကွယ် တစ်ခုလည်း ဖြစ်နိုင်တယ်။ စစ်ပွဲ မစခင် သူ့ကို အင်ပါယာဆီ ပြန်ပို့ပေးမယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “စစ်ပွဲက ဘယ်တော့လောက် စမလဲ။”

ဖုန်းရှင်းမြဲ့က ဖြေလိုက်၏။ “ဟေးလုံထိုင်ရဲ့ ခန့်မှန်းချက်အရ ဒီနှစ်ထဲမှာပဲ။ ဒါကြောင့် ယွင်ကျုံးဟဲ့... မင်း မြန်မြန်လုပ်မှ ရမယ်။ လေခွင်းမြို့က မဟာဗျူဟာကျတဲ့ နေရာပဲ။ ဒီနေရာကို ရရင် စစ်ပွဲမှာ အသာစီးရပြီ။”

ယွင်ကျုံးဟဲ့က အာမခံလိုက်သည်။ “မကြာတော့ပါဘူး။ ကျုပ်အစီအစဉ် တစ်ဝက်ပြီးနေပါပြီ။ မော့မိသားစု ပြိုလဲသွားတာနဲ့ ကျင်းကျုံးယွဲ့ကို လက်ထပ်မယ့် အစီအစဉ် အောင်မြင်ပါလိမ့်မယ်။”

ဖုန်းရှင်းမြဲ့က သတိပေးလိုက်၏။ “သတိထားပါ။ အန်းထင် တည်းခိုခန်းကို မသွားနဲ့တော့။ ငါနဲ့ ဆက်သွယ်ချင်ရင် ညီမလေး ရွှီအန်းထင်ကတစ်ဆင့် စာပို့ပါ။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “စစ်ပွဲမှာ အင်အား ဘယ်လောက် သုံးမလဲ။”

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “နှစ်ဖက်ပေါင်းရင် တစ်သန်းကျော်မယ်။”

ယွင်ကျုံးဟဲ့ လေအေးတစ်ချက် ရှူသွင်းလိုက်မိတော့သည်။

......

နောက်တစ်နေ့တွင် ရွှီအန်းထင်သည် ပုံမှန်အတိုင်း ယွင်ကျုံးဟဲ့ကို ပြုစုစောင့်ရှောက်နေ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်း ကိုယ်ဝန်ရှိနေတာ ဘာလို့ မပြောတာလဲ။”

ရွှီအန်းထင်၏ ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး တိုးတိုးလေး ဖြေလိုက်၏။ “ရှင် သဘောကျမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တာ။ ရှင် ကျွန်မရဲ့ ဒီကလေးကို လိုချင်မှာ မဟုတ်ဘူးလေ။”

ထိုအရာက အမြဲတမ်း ရွှီအန်းထင်၏ ရင်ထဲက အပူမီး ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် ရှည်လျားသော ဒဏ်ရာအမာရွတ် နှစ်ခုရှိလေရာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းမျိုး ပိုင်ဆိုင်ထားသော်လည်း အမြဲတမ်း မိမိကိုယ်ကို သိမ်ငယ်နေတတ်သည်။

ယွင်ကျုံးဟဲ့က သူမကို ကိုယ်လုပ်တော်အဖြစ် ခေါ်ထားခြင်းမှာ အလုပ်ကိစ္စအတွက် သက်သက်သာဖြစ်မည်ဟု ထင်မှတ်ထားနေခြင်းပင်။

ထိုနေ့က ကျင်းကျုံးယွဲ့သည် ရွှီအန်းထင်ကို ယွင်ကျုံးဟဲ့၏ အခန်းထဲသို့ ပို့ဆောင်ပေးခဲ့စဉ်က သူမသည် အဝတ်အစား တစ်လွှာမှမပါဘဲ ကုတင်ပေါ်တွင် တိုက်ရိုက် လှဲလျောင်းနေခဲ့ခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့လည်း တွေးဖူးသည်။ အကယ်၍ ရိုးရိုး အစေခံကောင်မလေး တစ်ယောက်သာ ဆိုလျှင် ယွင်ကျုံးဟဲ့အ နေဖြင့် အန်းထင် တည်းခိုခန်းသို့ သွားရန် အကြောင်းပြချက် ရှာတွေ့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် မည်သူကမှ အစေခံမလေး တစ်ယောက်၏ မိသားစုကို ဂရုစိုက်နေမည် မဟုတ်သောကြောင့် ဖြစ်သည်။

သို့ပေမည့် ကိုယ်လုပ်တော် တစ်ယောက်သာ ဆိုလျှင် ဆက်ဆံရေးက အများကြီး ပိုမို ရင်းနှီးသွားမှာဖြစ်ပြီး ယွင်ကျုံးဟဲ့နှင့် ရွှီအန်းထင်တို့၏ ဆက်သွယ်မှုကလည်း အများကြီး ပို၍ သဘာဝကျသွားပေမည်။

ထို့အပြင် ရွှီအန်းထင်၏ အဆင့်အတန်းကလည်း မြင့်တက်လာမည်ဖြစ်ကာ အစ်ကိုဖြစ်သူ ရွှီအန်းထင်ကို အိမ်ပြန်၍ တစ်ခါတစ်ရံ တွေ့ဆုံနိုင်မည် မဟုတ်ပါလား။

ထိုနေ့ညက ရွှီအန်းထင်က မေးခဲ့ဖူး၏။ “ရှင် ကျွန်မကို မရွံဘူးလား။”

ယွင်ကျုံးဟဲ့ကလည်း နောက်ပြောင်ပြီး ဖြေခဲ့သည်။ “ခန္ဓာကိုယ် အချိုးအစား ကောင်းဖို့ပဲ လိုတယ်။ မီးပိတ်လိုက်ရင် အားလုံး အတူတူပါပဲ။”

ထိုစကားကို ပြောပြီးနောက် သူ ချက်ချင်း နောင်တရသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားက ရွှီအန်းထင်ကို ကြီးမားသော နာကျင်မှုများ ပေးစွမ်းလိုက်သောကြောင့် ဖြစ်သည်။ ထိုအချိန်မှစ၍ သူမသည် နေ့တိုင်း ငွေရောင် မျက်နှာဖုံးကိုသာ တပ်ဆင်ထားတော့၏။

ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “လျှောက်မပြောပါနဲ့။ ကျုပ်က အရမ်း သဘောကျနေတာ။”

ထို့နောက် သူက လက်လှမ်းကာ သူမ၏ သေးသွယ်သော ခါးလေးကို ဖက်ထားလိုက်ပြီး ပြောလိုက်၏။ “ဒီကလေးက ရုတ်တရက်ကြီး ရောက်လာပေမယ့် တကယ်တော့ အရမ်းကို ကောင်းမွန်တဲ့ အရာလေးပါ။”

ရွှီအန်းထင်က မေးလိုက်သည်။ “သခင်မ ကျင်းကျုံးယွဲ့ကို လက်ထပ်တဲ့အခါ ပြဿနာ မဖြစ်ဘူးလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မဖြစ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ရင် သူက သဘောထားကြီးပါတယ်။”

......

နေ့လယ်ခင်းတွင် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့ တွေ့ဆုံကြသည်။

ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို စူးစိုက်ကြည့်နေသည်။ သူမ၏ မျက်နှာသည် အလွန် လှပလွန်းသောကြောင့် အကြည့်ခံရသူမှာ နေစရာနေရာ ပျောက်သွားတတ်၏။

ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်၏။ “ရှင့် မျက်နှာဖုံး ခွာလိုက်၊ ကျွန်မ ကြည့်ချင်တယ်။”

‘ဘာလုပ်မလို့လဲ။’

ယွင်ကျုံးဟဲ့ ဘာမှ မပြောဘဲ နာရီဝက်ခန့် အချိန်ယူကာ မူရင်းရုပ်ကို ပြန်ဖော်လိုက်သည်။ အလွန်တရာ ချောမောခန့်ညားသော မျက်နှာ ပေါ်လာသည်။

ကျင်းကျုံးယွဲ့က မှန်ရှေ့တွင် ယွင်ကျုံးဟဲ့နှင့် ယှဉ်ရပ်လိုက်၏။ တကယ့်ကို လိုက်ဖက်ညီသော စုံတွဲ ဖြစ်လို့နေ၏။

“ရှင် အဖေ ဖြစ်တော့မယ်။ ဂုဏ်ယူပါတယ်။”

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ကလေးက မမျှော်လင့်ဘဲ ရလာတာဆိုပေမဲ့ သေချာ ကာကွယ်ပေးရမယ်။ သူ မွေးလာတဲ့အချိန်ကျရင် လေခွင်းမြို့လည်း အေးချမ်းနေလောက်ပါပြီ။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “မကြာတော့ပါဘူး။ သခင်မ... ကျုပ်တို့ ပေးဆပ်ရတာတွေ များလှပြီ။ မကြာခင် အကျပ်အတည်းကို ကျော်လွှားနိုင်ရုံမက သစ်ရွက်ကြွေနယ်မြေကိုပါ ပြန်ရပါလိမ့်မယ်။”

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “တကယ်တော့ ကျွန်မစိတ်က ဓားနဲ့ပဲ ရှင်းချင်တာ။ ရှင့်အစီအစဉ်သာ မဟုတ်ရင် စစ်တပ်နဲ့ သွားတိုက်ပြီးပြီ။ ကျွန်မရဲ့ သိုင်းပညာက ကောင်းသလို ကျွန်မရဲ့ စစ်တပ်ကလည်း တကယ် ကောင်းတာပါ။”

ယွင်ကျုံးဟဲ့က တိုးညင်းစွာ ပြောလိုက်၏။ “သခင်မကို နစ်နာစေမိပါပြီ။ ဒါပေမဲ့ စစ်တိုက်ရင် အကျပ်အတည်းကိုပဲ ဖြေရှင်းနိုင်မယ်။ နယ်မြေကို ပြန်မရနိုင်ဘူး။”

ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ကြည့်ပြီး ပြောလိုက်သည်။ “တကယ်လို့ အဲဒီနေ့ ရောက်လာခဲ့ရင် ကျွန်မက အဲဒီကလေးကို သွေးသားအရင်းလို သဘောထားပါ့မယ်။”

......

နာရီဝက်ခန့် အကြာတွင် ကျင်းကျုံးယွဲ့က စစ်သည်လျှော့ချရေး အမိန့်ကို ကြေညာလိုက်၏။ အဓိက တပ်တော်မှ စစ်သည် သုံးထောင်ကို လျှော့ချပေတော့မည်။

ကွင်းပြင်တစ်ခုလုံး ငိုကြွေးသံများဖြင့် ပြည့်သွား၏။

“သခင်မ... ကျုပ်တို့ကို မစွန့်ပစ်ပါနဲ့၊ ထမင်းမစားရလည်း နေပါ့မယ်။ ဆန်ပြုတ်ပဲ သောက်ပါ့မယ်။”

“လစာ မလိုပါဘူး။ စစ်တပ်ထဲမှာပဲ ပေးနေပါ။”

“သခင်မ... သိပ်အောက်ကျခံလွန်းနေပါပြီ၊ ထွက်တိုက်ကြရအောင်ပါ။”

စစ်သည် သုံးထောင် ဒူးထောက်လိုက်ကြသည်။ ထို့နောက် ကျန်စစ်သည်များပါ ဒူးထောက်လိုက်ကြသည်။

အချို့က ရထားသော လစာငွေများကို ထုတ်၍ ပြန်ပေးကြ၏။

ကျင်းမိသားစုသည် အခက်အခဲ ကြုံနေရချိန်တွင်မှာတောင် စစ်တပ်ကို မငတ်စေခဲ့ပေ။ ထို့ကြောင့် စစ်သည်များ၏ သစ္စာတရားမှာ ခိုင်မြဲလှသည်။

ယခု မော့မိသားစုကို ဖြိုခွင်းရန်အတွက် ကိုယ့်လက်ကိုယ် ပြန်ဖြတ်ရသကဲ့သို့ နာကျင်နေရ၏။

“ရှေ့က စစ်သည်တွေ.... သံချပ်ကာတွေ ချွတ်လိုက်ကြ” ကျင်းကျုံးယွဲ့ မျက်ရည်များ ဝဲလျက် အံကြိတ်ကာ အမိန့်ပေးလိုက်သည်။

မော့မိသားစုမှ စာရေးတော် ယန်ရွေ့ရှန်သည် ဘေးမှ ရပ်ကြည့်ရင်း ကျေနပ်နေ၏။ ‘ကျင်းကျုံးယွဲ့... ခင်ဗျားမှာလည်း ဒီလိုနေ့မျိုး ရှိတာပဲကိုး။ စစ်သည် သုံးထောင် လျှော့ချတယ် ဆိုတာ ကိုယ့်လက်မောင်း ကိုယ်ဖြတ်တာနဲ့ အတူတူပဲ။’

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်ကြီးယန်... ကတိအတိုင်း လုပ်ပေးဖို့ မမေ့ပါနဲ့။”

ယန်ရွှေ့ရှန်က ပြောလိုက်၏။ “သခင်ကြီးမော့ကို ပြန်တင်ပြလိုက်ပါမယ်။ စပါးတွေ ပို့ပေးပြီး လက်နက်တွေ လာသယ်ပါလိမ့်မယ်။”

......

နောက်ရက်များတွင် ယွင်ကျုံးဟဲ့ အလုပ်ရှုပ်သွားပြန်သည်။

ပန်းပဲဆရာ ဒါဇင်ပေါင်းများစွာကို ဦးဆောင်ပြီး သံချပ်ကာ သုံးထောင်ကို အထူးပြုပြင်မွမ်းမံ၏။

ဤသံချပ်ကာများသည် မော့မိသားစုထံ ပေးပို့ရမည့် ပစ္စည်းများ ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် သံချပ်ကာများထဲသို့ အရာတစ်ခုကို ရောထည့်လိုက်သည်။ အာဆင်းနစ် ဆိုသည့် သဘာဝ တွင်းထွက်များတွင် ပါဝင်သော အဆိပ်အတောက် ဖြစ်၏။

၎င်းကို မီးဖြင့် အရည်ဖျော်ပြီး သံချပ်ကာများထဲသို့ ပေါင်းစပ်လိုက်သည်။ ဤနည်းဖြင့် ဆေးကြော၍ မရနိုင်သလို စစ်ဆေး၍လည်း မတွေ့နိုင်ပေ။

အာဆင်းနစ် ၁၀၀ မီလီဂရမ်သည် လူတစ်ယောက်ကို သေစေနိုင်သည်။

ယွင်ကျုံးဟဲ့သည် သံချပ်ကာ တစ်စုံလျှင် အာဆင်းနစ် ၁၀၀ ဂရမ်ကျော် ထည့်သွင်းထားသည်။ အထူးသဖြင့် လည်ပင်းနေရာများတွင် ဖြစ်၏။

ပူပြင်းသော ရာသီဥတု ရောက်လာချိန်မှာတော့ စစ်သည်များသည် ချွေးထွက်များလာပြီး သံချပ်ကာနှင့် ပွတ်တိုက်မိကာ အရေပြား ပွန်းပဲ့မည်။ ထိုအခါ အဆိပ်များသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပေမည်။

ထိုမြင်ကွင်းကို စိတ်ကူးဖြင့် မှန်းဆကြည့်ရန် မဝံ့ရဲလောက်အောင် ဖြစ်နေသည်။

ဤသံချပ်ကာများကို ဝတ်ဆင်ပြီး စစ်တိုက်လိုက်သည်နှင့် မော့မျိုးနွယ်စုမှာ သံချပ်ကာ သုံးထောင်ကို ရရှိသွားခြင်း မဟုတ်ဘဲ အထက်တန်းစား စစ်သည်သုံးထောင်ကိုပါ ဆုံးရှုံးသွားရပေလိမ့်မည်။

အရေးအကြီးဆုံး အချက်မှာ ဤကဲ့သို့ အဆိပ်ခတ်သည့် နည်းလမ်းက ဤကမ္ဘာလောက၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေခြင်းပဲ ဖြစ်လေသည်။ မည်သူကမှ သံချပ်ကာထဲသို့ အဆိပ်များ ပေါင်းစပ်ထည့်သွင်း၍ ရနိုင်သည်ကို သိရှိထားကြခြင်း မရှိပေ။

ထို့ကြောင့် ယွင်ကျုံးဟဲ့က မော့မျိုးနွယ်စုအတွက် တူးထားသည့် ကျင်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေသည်။

ယွင်ကျုံးဟဲ့က ကြိမ်းဝါးလိုက်၏။ ‘မော့ချို... တိရစ္ဆာန်ထက်တောင် ယုတ်မာတဲ့ ခင်ဗျားလို အဆိပ်ပြင်းမြွေက ပိုင်ယင် အရေးအခင်းကို ကြိုးကိုင်လှုပ်ရှားခဲ့ပြီး လေခွင်းချိုင့်ဝှမ်းကို သေမတတ် ဖြစ်အောင် ဖန်တီးခဲ့တယ်။ ရှေ့ဆက်ပြီး ကျုပ် ယွင်ကျုံးဟဲ့က ခင်ဗျားအတွက် မြှုပ်ထားတဲ့ မိုင်းတွေ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲလာလိမ့်မယ်။ ခင်ဗျားရဲ့ မော့မျိုးနွယ်စုကို ငရဲချောက်ကမ်းပါးထဲ တွန်းချပစ်မယ်။’

ထိုမြင်ကွင်းက တကယ်ကို မျှော်လင့်စောင့်စားချင်စရာ ကောင်းလွန်းလှသည်။ သခင်ကြီးမော့နှင့် သခင်လေး မော့ချိုတို့ သွေးသုံးလီတာလောက် အန်ထုတ်ရမလားဆိုသည်ကိုတော့ မသိနိုင်တော့ပေ။

.................

အပိုင်း (၉၂)

ရက်အနည်းငယ် ကြာပြီးနောက် မော့မျိုးနွယ်စု၏ စစ်သည်များနှင့် မြင်းတပ်များသည် လေခွင်းချိုင့်ဝှမ်းနှင့် ရှီးယွီမြို့ နယ်စပ်သို့ တခမ်းတနား ရောက်ရှိလာကြပြီး ကြီးမားသော လှည်းယာဉ်တန်းကြီး တစ်ခုကိုပါ ခေါ်ဆောင်လာခဲ့ကြသည်။

ဦးဆောင်လာသူမှာ ရှီးယွီမြို့၏ မှတ်တမ်းအရာရှိ ယန်ရွေ့ရှန် ဖြစ်၏။

လေခွင်းချိုင့်ဝှမ်း၏ အဝင်အထွက် အပေါက်တိုင်းကို နယ်စား မဟာမိတ်တပ်များက ပိတ်ဆို့ထားပြီး ဆန်တစ်စေ့မှ လေခွင်းချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုကြောင်း ပြောထားသည် မဟုတ်ပါလား။

အစစ်အမှန်မှာ ဤနယ်စား မဟာမိတ်တပ်၏ ထက်ဝက်နီးပါးခန့်မှာ မော့မျိုးနွယ်စု၏ စစ်တပ်များ ဖြစ်ကြသည်။

ဤပိတ်ဆို့ အရေးယူမှုနှင့် ပိုင်ယင် အရေးအခင်းဆိုသည်မှာလည်း မော့မျိုးနွယ်စုက တစ်ဦးတည်း ကြိုးကိုင် စီစဉ်ထားခြင်းသာဖြစ်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ရိက္ခာတွေရော။”

ယန်ရွေ့ရှန်က ဖြေလိုက်၏။ “လှည်းကြီးတွေပေါ်မှာ အကုန်ရှိတယ်။”

ရိက္ခာ ဆန်တန်ချိန် တစ်သိန်းမှာ လှည်းအစီးရေ ထောင်ချီ၍ ရှိသည်။

ယန်ရွေ့ရှန်က ပြန်မေးလိုက်၏။ “သံချပ်ကာနဲ့ လက်နက်တွေရော။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဒီမှာ အကုန်ရှိတယ်။”

သူက အနောက်ဘက်ရှိ လေခွင်းချိုင့်ဝှမ်း၏ လှည်းယာဉ်တန်းကို လက်ညှိုးထိုးပြလိုက်၏။

သံချပ်ကာနှင့် လက်နက် သုံးထောင်ကို နွားလှည်း အစီးရေ ရာချီပေါ်၌ အပြည့် တင်ဆောင်ထားသည်။

တန်ဖိုးအရ တွက်ကြည့်လျှင် သံချပ်ကာနှင့် လက်နက် သုံးထောင်မှာ ရိက္ခာ ဆန်တန်ချိန် တစ်သိန်းထက် ကျော်လွန်နေမည်မှာ သေချာ၏။

ယခုအခါ ငွေတစ်တုံးဖြင့် ရိက္ခာ ဆန်နှစ်တန်ကို ဝယ်ယူနိုင်လေရာ ဤရိက္ခာ ဆန်တန်ချိန် တစ်သိန်းသည် ငွေငါးသောင်းတန်ဖိုးသာ ရှိသည်။

သံချပ်ကာနှင့် လက်နက် သုံးထောင်မှာမူ ငွေသိန်းချီ၍ တန်ဖိုးရှိ၏။ ပို၍ အရေးကြီးသည်မှာ ဤအရာများက ဗျူဟာမြောက် စစ်ရေးပစ္စည်းများ ဖြစ်ကြလေရာ ငွေများစွာ အသုံးပြု၍ ဝယ်ယူမည်ဆိုလျှင်တောင် ဝယ်ယူ၍ ရနိုင်မည် မဟုတ်ပေ။

“သခင်ကြီးယွင်... ဒီစပါးတွေက မကောင်းတော့ဘူး။ ပိုးထိုးနေပြီ။” စာရေးတစ်ဦးက လာတင်ပြ၏။

ယွင်ကျုံးဟဲ့ ဒေါသတကြီး အော်ပြောလိုက်သည်။ “ယန်ရွေ့ရှန်... ခင်ဗျားတို့ လွန်လွန်းတယ်။ ကျုပ်တို့ပေးတဲ့ လက်နက်တွေက အသစ်စက်စက်တွေ၊ ခင်ဗျားတို့ ပေးတာက ပိုးထိုးနေတဲ့ စပါးတွေလား။”

ယန်ရွေ့ရှန်က အေးစက်စက် ပြုံးလိုက်၏။ “စားစရာ ရှိတာကိုပဲ ကျေးဇူးတင်စမ်းပါ။ ရွေးချယ်စရာ ရှိနေသေးလို့လား။ ငတ်သေခါနီးနေပြီး ဘာတွေ ဂျီးများနေတာလဲ။ မလိုချင်ရင် ပြန်သယ်သွားလိုက်မယ်။”

လေခွင်းမြို့တွင် ရိက္ခာ ပြတ်လပ်နေပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့ အံကြိတ်လိုက်၏။ “နေအုံး။ ယူမယ်။ လွှဲပြောင်းကြတာပေါ့။”

လေခွင်းမြို့ စစ်သည်များသည် မျက်လုံးများမှ သွေးထွက်မတတ် နာကျည်းမှုများဖြင့် သူတို့၏ သံချပ်ကာများကို ပေးအပ်ပြီး ပိုးထိုးနေသော စပါးများကို လက်ခံရယူကြသည်။

ယန်ရွေ့ရှန်က ပြောလိုက်၏။ “ရှက်ဖို့ ကောင်းလိုက်တာနော်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ပိုပြီး ရှက်ဖို့ကောင်းတာတွေ လာအုံးမှာပါ။ မေလ ၁၉ ရက်ကျရင် ပိုင်ယင်ဆားကွင်းနဲ့ သစ်ရွက်ကြွေနယ်မြေကို လွှဲပေးရမယ့်ရက် ရောက်ရင် သိရမှာပါ။”

“ဟား ဟား ဟား...” ယန်ရွေ့ရှန် ရယ်မောရင်း ထွက်ခွာသွားသည်။

......

သံချပ်ကာများ ရှီးယွီမြို့သို့ ရောက်ချိန်မှာတော့ မော့ခေါင်းဆောင်သည် သဘောကျစွာ ရယ်မောလိုက်၏။ “ဟား ဟား ဟား...”

“ပိုးထိုးနေတဲ့ စပါးတစ်သိန်းနဲ့ ဒီလို လက်နက်ကောင်း သုံးထောင် ရတာ၊ ဘယ်လောက် တွက်ခြေ ကိုက်လိုက်သလဲ။ ကျင်းကျုံးယွဲ့က ကျုပ်တို့အတွက် အကောင်းဆုံး သင်ခန်းစာပဲ။ မိန်းမတစ်ယောက် အုပ်ချုပ်တော့ ဒီလို ဖြစ်ရတာပေါ့။”

မော့ချိုက ပြောလိုက်သည်။ “ဒီသံချပ်ကာတွေကို သေချာ စစ်ဆေးရမယ်။ ယွင်အောက်ထျန်းက သိပ်ကောက်ကျစ်တဲ့လူပဲ။ အဆိပ်ခတ်ထားမှာ စိုးရတယ်။”

မော့သခင်ကြီးက အမိန့်ပေးလိုက်၏။ “စစ်ဆေးလိုက်ကြ...”

အဆိပ်ကျွမ်းကျင်သူများ လာရောက် စစ်ဆေးကြသည်။ ငွေအပ်များ၊ ဆေးရည်များ၊ တိရစ္ဆာန်များဖြင့် စမ်းသပ်ကြသည်။ သို့ပေမည့် မည်သည့်အရာမှ မတွေ့ရပေ။

အဆိပ်ကျွမ်းကျင်သူ တစ်ဦးက ပြောလိုက်၏။ “သခင်ကြီး... သံချပ်ကာတချို့မှာ ခွေးသွေးတွေ၊ အညစ်အကြေးတွေ သုတ်လိမ်းထားတာတော့ တွေ့တယ်။ ဒါပေမဲ့ ရေနွေးနဲ့ ဆေးပြီး နေလှန်းလိုက်ရင် ဘာမှ မဖြစ်တော့ပါဘူး။”

မော့ခေါင်းဆောင် ရယ်မောလိုက်သည်။ “ကလေးကစားစရာ နည်းလမ်းတွေပါကွာ။”

ကတိအတိုင်းဆိုလျှင် ယခု မော့မိသားစုသည် မဟာမိတ်အစည်းအဝေးတွင် ကျင်းမိသားစု၏ အပြစ် ကင်းစင်ကြောင်း ကြေညာပေးရမည် ဖြစ်၏။

ထိုသို့ ကြေညာပေးမှသာ ပိတ်ဆို့မှုများ ဖယ်ရှားနိုင်မည်။ ပိတ်ဆို့မှု ဖယ်ရှားမှသာ ကျင်းမိသားစုသည် ဆားကွင်းနှင့် နယ်မြေကို တရားဝင် လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။

“အဖေ.... ကျုပ်တို့ လက်နက် သုံးထောင် ရပြီပဲ။ ဒီလောက်နဲ့ ရပ်လိုက်ရင် ကောင်းမလား။”

မော့ချိုက ပြောလိုက်၏။ “ကျင်းမိသားစုကို အပြစ်ကင်းကြောင်း ကြေညာပေးလိုက်ရင် တခြားနယ်စားတွေကို ရန်စသလို ဖြစ်သွားမယ်။”

“မဖြစ်ဘူး။ နယ်မြေနဲ့ ဆားကွင်းကို လိုချင်ရင် သူတို့ကို ကယ်ပေးမှ ရမယ်။”

မော့ခေါင်းဆောင်က ပြောလိုက်သည်။ “ကျင်းမိသားစု ပျက်စီးသွားရင် အခြားနယ်စားတွေက နယ်မြေကို ခွဲဝေယူသွားကြလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ချိုရွှေမြို့က အင်အားကြီးလာပြီး ကျုပ်တို့ရန်သူ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် မေလ ၁၉ ရက်၊ လွှဲပြောင်းပွဲ မတိုင်မီ အားလုံး ပြီးစီးအောင် လုပ်ရမယ်။”

အချိန်ကာလများက ရေစီးကြောင်းအလား လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ထပ်မံ ကြာမြင့်သွားခဲ့၏။

.....................

မေလ၊ ငါးရက်နေ့

ဤအချိန်တွင် တာရှအင်ပါယာ၏ မြောက်ပိုင်းတွင် ဂွမ်းအင်္ကျီများကို ဝတ်ဆင်ထားကြဆဲဖြစ်ပြီး တာယင် အင်ပါယာ၏ အလယ်ပိုင်းတွင်လည်း အနည်းငယ် အေးမြနေဆဲ ဖြစ်သည်။

သို့ပေမည့် ပိုင်ရှင်မဲ့ နယ်မြေမှာမူ တော်တော်လေး ပူပြင်းနေပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့သည် အခန်းထဲတွင် အပေါ်ပိုင်း ဗလာကျင်းဖြင့် နေနေရလေရာ ဤကာလ၏ အမြင့်ဆုံး အပူချိန်မှာ အနည်းဆုံး သုံးဆယ်ဒီဂရီကျော်အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိနိုင်သည်။

ရှေ့ဆက်ရမည့် နေ့ရက်များတွင် ပို၍ ပို၍ ပူပြင်းလာတော့မှာ ဖြစ်၏။

ထိုအချိန်သို့ ရောက်ရှိပါက ဖော့စဖရပ်ဖြူများ လောင်ကျွမ်းသွားမည်ဖြစ်ပြီး လျှို့ဝှက် စာချုပ်မှာလည်း အလိုအလျောက် မီးလောင်ကာ ပြာကျသွားပေတော့မည်။

ယခုအချိန်တွင် အရာအားလုံးက ဖြစ်ပျက်နေပြီလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။

ယနေ့သည် လေခွင်းချိုင့်ဝှမ်းအတွက် အလွန်တရာ အရေးကြီးလွန်းသော နေ့တစ်နေ့ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် နယ်စား မဟာမိတ် စုံစမ်းစစ်ဆေးရေး အဖွဲ့က အဆိပ်ဆားကိစ္စနှင့် ပိုင်ယင် အရေးအခင်းတို့အတွက် အဆုံးသတ် အဖြေတစ်ခုကို တရားဝင် ထုတ်ပြန်ပေးတော့မည် ဖြစ်သောကြောင့်ပင်။

ထို့အပြင် ယနေ့သည် လေခွင်းချိုင့်ဝှမ်းမှ ကျင်းမျိုးနွယ်စု၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့်နေ့ဟု ပြော၍ ရနိုင်သည်။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ယွင်ကျုံးဟဲ့၏ ကံကြမ္မာနှင့် အောင်မြင်မှု၊ ကျရှုံးမှုတို့ကိုပါ အဆုံးအဖြတ် ပေးတော့မှာဖြစ်၏။

ပိုင်ယင် အရေးအခင်း ဖြစ်ပွားခဲ့သည်မှာ နှစ်ဝက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့၏ အဆင့် လေးဆင့် ပါဝင်သော အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အမြဲတမ်း အာဏာပြပြီး မောက်မာတတ်သော ကျင်းကျုံးယွဲ့မှာ ခံပြင်းမှုများကို မျိုသိပ်ကာ အားနည်းဟန်ဆောင်ခဲ့ရပြီး ကြီးမားလွန်းသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရ၏။

ယွင်ကျုံးဟဲ့ ရှာဖွေပေးခဲ့သော ငွေတစ်သန်း သုံးသိန်းကို ထည့်မပြောလျှင်တောင် ကျင်းကျုံးယွဲ့ ဆုံးရှုံးသွားရသော ငွေကြေးပမာဏ သီးသန့်ပင်လျှင် တစ်သန်းကျော် ရှိ၏။ သံချပ်ကာနှင့် လက်နက် သုံးထောင် ဆုံးရှုံးသွားရပြီး ပြည်သူတစ်သိန်းခန့်ကိုပါ ဆုံးရှုံးခဲ့ရသည်။

အရေးအကြီးဆုံးမှာ ကျင်းကျုံးယွဲ့၏ ဂုဏ်သတင်းက အောက်ဆုံးအဆင့်ထိ ကျဆင်းသွားခဲ့ပြီး လေခွင်းချိုင့်ဝှမ်း စစ်တပ်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း ကြီးမားသော ထိုးနှက်ချက်နှင့် ရင်ဆိုင်ခဲ့ရ၏။

ဤအစီအစဉ်အတွက် ကျင်းကျုံးယွဲ့မှာ လုံးဝကို ရှိသမျှ အကုန်ပုံအောပြီး လောင်းကြေးထပ်ထားခြင်းဖြစ်၏။ ယနေ့သည် ထိုအစီအစဉ်၏ ရလဒ်ကို အတည်ပြုရမည့်နေ့ ဖြစ်သည်။

မော့မျိုးနွယ်စုက အလိမ်ခံရမည်လား၊ လေခွင်းချိုင့်ဝှမ်းအတွက် ပြစ်မှုတွေကို ရှင်းလင်းပေးမည်လား။ သူတို့က ယွင်ကျုံးဟဲ့ကို ကူညီပြီး မော့မျိုးနွယ်စု ကိုယ်တိုင် ချောက်ကမ်းပါးထဲ ပြုတ်ကျသွားအောင် တွန်းပို့ပေးမည်လား ဆိုသည်မှာ ယနေ့ ထွက်ပေါ်လာမည့် ရလဒ်အပေါ် မူတည်နေ၏။

ဤအချိန်တွင် ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့နှင့်အတူ တာရှီမြို့သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ယနေ့ ကျင်းပမည့် နယ်စား ညီလာခံသို့ တက်ရောက်ပေတော့မည်။

တာရှီမြို့သည် ပိုင်ရှင်မဲ့ နယ်မြေအတွင်းရှိ ကြားနေမြို့တစ်မြို့ဟု သတ်မှတ်၍ ရနိုင်ပြီး နယ်စားများ၏ လက်အောက်ခံ မြို့တစ်မြို့ မဟုတ်ပေ။

ထို့အပြင် ဤမြို့သည် ပိုင်ရှင်မဲ့ နယ်မြေတွင် အစည်ကားဆုံးသော မြို့များထဲမှ တစ်မြို့ဟု ဆိုနိုင်၏။ အထူးသဖြင့် လေခွင်းမြို့ လုံးဝ ကျဆင်းသွားပြီးနောက် ဤနေရာက ပို၍ စည်ကားလာခဲ့သည်။

တာရှီမြို့တွင် အဓိက အဖွဲ့အစည်း လေးခု ရှိသည်။ တာရှီ စာသင်ကျောင်းနှင့် တာရှီ သိုင်းကျောင်းတို့ ဖြစ်ကြပြီး မည်သည့် နယ်စား၏ သားသမီးမဆို ဤနေရာသို့ လာရောက် ပညာသင်ကြားရ၏။

နယ်စား မဟာမိတ် ကုန်သည်များအသင်းမှာမူ ၎င်း၏နာမည်အတိုင်း စီးပွားရေး လုပ်ငန်းများကို သီးသန့် လုပ်ဆောင်ပြီး တစ်မြို့လုံး၏ ကုန်သွယ်ရေး အသွားအလာများကိုပါ ကြီးကြပ်ကွပ်ကဲသည်။

နယ်စား ညီလာခံမှာမူ အပေါ်ယံအားဖြင့် နယ်စား မဟာမိတ်အဖွဲ့၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်၏။

ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့၏ အခန်းအတွင်းသို့ ဝင်ရောက်သွားပြီး ခေါ်လိုက်သည်။ “သခင်မ...”

ဤအချိန်တွင် သူမသည် ပါးလွှာသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ပြတင်းပေါက်နားတွင် ရပ်နေလေရာ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းမှာ အလွန်တရာ ဆွဲဆောင်မှုရှိလွန်းလှ၏။

ကျင်းကျုံးယွဲ့လို ခန္ဓာကိုယ်မျိုးသည် အလွန် ရှားပါးလှသည်။ ရှည်လျားသွယ်လျပြီး အနည်းငယ် ပိန်ပါးသည်ဟု ထင်ရသော်လည်း အရှေ့အနောက် အကောက်အကွေ့များကမူ အလွန်တရာ အချိုးကျပြီး အံ့မခန်း ဖြစ်လွန်း လှသည်။

သူမ၏ ဘေးတိုက် မျက်နှာလေးမှာလည်း အလွန်တရာ နုနယ်လှပပြီး ဆွဲဆောင်မှု ရှိလွန်းလှသည်။ ရှည်လျား ဖြောင့်တန်းနေသော နှာတံလေးနှင့် သွေးကဲ့သို့ နီရဲနေသော နှုတ်ခမ်းလေးတို့က အလှပဆုံးသော ပန်းချီကား တစ်ချပ်ကို ရေးဆွဲထားသကဲ့သို့ ဖြစ်နေ၏။

ဤကမ္ဘာလောကသို့ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်နီးပါး ရှိလာခဲ့ပြီ ဖြစ်သော်လည်း ယွင်ကျုံးဟဲ့သည် အလှအပပိုင်းတွင် ကျင်းကျုံးယွဲ့နှင့် ယှဉ်နိုင်မည့် မိန်းမမျိုးကို တစ်ယောက်မှ မတွေ့ဖူးသေးချေ။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်မ.... သခင်မရဲ့ ရုပ်ရည်သွင်ပြင်က ချို့ယွင်းချက် တစ်စက်လေးမှ မရှိဘဲ အရမ်းကို ပြည့်စုံလွန်းနေတယ်လို့ မထင်ဘူးလား။”

ဤကမ္ဘာလောကတွင် ခွဲစိတ်ပြုပြင်သည့် ပညာရပ်များ မရှိ၍သာ တော်တော့သည်။ ထိုသို့မဟုတ်ပါက ကျင်းကျုံးယွဲ့၏ မျက်နှာကို ခွဲစိတ်ဆရာဝန်၏ လက်များဖြင့် ပြုပြင်ဖန်တီးထားသည်ဟု ယွင်ကျုံးဟဲ့ သံသယ ဝင်မိမှာ ဖြစ်၏။

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ရှင် သဘောကျလို့လား။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “မဟုတ်ဘူး။ ကျုပ်က အရူးအမူး စွဲလမ်းနေတာ။”

ထို့နောက် ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့၏ အနားသို့ လျှောက်သွားကာ သူမနှင့် ပခုံးချင်းယှဉ်၍ ရပ်လိုက်သည်။

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကျွန်မရဲ့ ရုပ်ရည်နဲ့ စရိုက်က လုံးဝကို မလိုက်ဖက်ဘူး။ ဒါကြောင့် ကျွန်မကို လက်ထပ်တဲ့သူက ပျော်ရွှင်ရလိမ့်မယ်လို့ မသေချာဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး။ ကျုပ်က တိုက်ခိုက်လို့လည်း ရသလို ခံစစ်အနေနဲ့လည်း နေတတ်ပါတယ်။ အထက်မှာ နေလို့လည်း ရသလို အောက်မှာ နေလို့လည်း ရပါတယ်။”

သို့သော်ငြား အမှန်အတိုင်း ပြောရမည်ဆိုလျှင် ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း ထူးဆန်းသည်ဟု ခံစားနေရ၏။

ကျင်းကျုံးယွဲ့၏ စရိုက်နှင့် ရုပ်ရည်က လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမ၏ ရုပ်ရည်က အလွန်တရာ ဆွဲဆောင်မှုရှိပြီး နုနယ်လှပလွန်းလှ၏။

ထိုအလှတရားမှာ တကယ့်ကို တိုင်းပြည်ပျက်လောက်သည့် အလှမျိုးဖြစ်ပြီး မိန်းမဆန်မှုကလည်း ရာခိုင်နှုန်း တစ်ရာ့နှစ်ဆယ်ခန့် ရှိသည်။

သို့ပေမည့် သူမ၏ စရိုက်မှာမူ အလွန်တရာ အာဏာပြတတ်ပြီး အေးစက်လွန်းလှလေရာ မိန်းမတစ်ယောက်နှင့် လုံးဝ မတူညီချေ။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်မ.. ဘာတွေ ကြည့်နေတာလဲ”

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “ဟိုနေရာက တာရှီ စာသင်ကျောင်းပဲ။ ကျွန်မနဲ့ ကျင်းဝူပြန်းတို့ ငယ်ငယ်လေးတည်းက ဒီမှာ လာပြီး စာသင်ခဲ့ရတာ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဆရာကြီး ဇိုအန် ပြောတာကို ကျုပ် ကြားဖူးပါတယ်။ သခင်မက ငယ်ငယ်လေးတည်းက မိဘတွေရဲ့ အနားကနေ ထွက်ခွာပြီး တာရှီ စာသင်ကျောင်းကို ရောက်လာခဲ့တယ်။ နည်းနည်းလေး ကြီးလာတော့ ပင်လယ်ကို ဖြတ်ကျော်ပြီး ပိုင်ယင်မြို့ကို သိုင်းသွားသင်ခဲ့ရတယ်လို့ ကြားတယ်။ သခင်မက ငယ်ငယ်လေးတည်းက တစ်ယောက်တည်း ရပ်တည်နိုင်ခဲ့တာပဲ။”

ကျင်းကျုံးယွဲ့သည် သွယ်လျလှပသော လက်ကလေးကို ဆန့်ထုတ်ကာ နေရောင်ခြည်ကို ခံယူလိုက်၏။

ဤနှစ်ဝက်အတွင်း လိုက်လျောမှုများနှင့် မျိုသိပ်မှုများက သူမ၏ ဂုဏ်သတင်းကို အောက်ဆုံးအဆင့်ထိ ကျဆင်းသွားစေခဲ့သည်။

ဤအရာက သူမ၏ စိတ်ထဲတွင် ဒေါသများနှင့် သတ်ဖြတ်ချင်စိတ်များကို အပြည့်အဝ ဖြစ်ပေါ်စေခဲ့၏။

ထို့ကြောင့်ပဲ သူမက အပြင်းအထန် စစ်တိုက်ချင်စိတ် ပြင်းပြနေပြီး ဓားကို ဆွဲထုတ်ကာ ရန်သူအားလုံးကို သတ်ဖြတ်ချင်နေခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သခင်မ... ဒီနေ့ နယ်စား ညီလာခံမှာ ကျုပ်တို့ လိုချင်တဲ့ ရလဒ်ကို မရခဲ့ဘူးဆိုရင် ကျုပ်ရဲ့ အစီအစဉ် ကျရှုံးသွားပြီလို့ အဓိပ္ပာယ် ရသွားလိမ့်မယ်။ သခင်မက ကျုပ်ကို ဘယ်လို အပြစ်ပေးမလဲ။”

ကျင်းကျုံးယွဲ့က ခေါင်းခါယမ်းလိုက်သည်။ “ဘာလို့ ရှင့်ကို အပြစ်ပေးရမှာလဲ။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ ရှင် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ အစီအစဉ် ဆွဲခဲ့တာက ရှင် ဆိုပေမဲ့ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာက ကျွန်မလေ။ ဒီကနေ့သာ ကျရှုံးသွားခဲ့မယ်ဆိုရင် ကျွန်မက ရှင်တို့ကို ခေါ်ပြီး သူတို့ကို သူသေကိုယ်သေ သွားတိုက်မယ်။”

....................

All Chapters