အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း (၈၉) ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်...အိမ်ပါသားမက်က ဒဏ္ဍာရီတစ်ခု ဖြစ်လာတော့မှာလား
တစ်ချိန်တည်းမှာပင်....
နာလန်ချိုးရန်၏ လမ်းညွှန်မှုဖြင့် ခုံးဝူတောက်တို့သည် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ဗဟိုချက်သို့ လျှင်မြန်စွာ ရောက်ရှိလာကြသည်။
ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်သို့ ခုံးဝူတောက် လာရသည့် ရည်ရွယ်ချက်မှာ အလွန် ရိုးရှင်းပေ၏။
ဤသည်မှာ ကောင်းကင်ကံကြမ္မာပိုင်ရှင်ဆိုသူနှင့် တွေ့ဆုံရန်ပင်။
ထို့ပြင် တခြားသော ကောင်းကင်ကံကြမ္မာပိုင်ရှင်များ ရှိမရှိကိုလည်း သူ ကြည့်ရှုလိုသည်။
သို့သော် ကံမကောင်းစွာဖြင့် လမ်းတလျှောက်တွင် တခြားမည်သည့်ကောင်းကင်ကံကြမ္မာပိုင်ရှင်ကိုမျှ သူ မတွေ့ခဲ့ရချေ။
ခုံးဝူတောက်တို့အဖွဲ့၏ အရှိန်အဝါသည် ထူးကဲပြီး သန့်စင်နေသဖြင့် သူတို့ကို လူအုပ်အကြားတွင် အလွန်သိသာထင်ရှားစေခဲ့သည်။
ယခုချိန်၌ သူတို့သည် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ အစည်ကားဆုံး ဗဟိုချက်သို့ ရောက်ရှိလာပြီဖြစ်ရာ သူတို့သည် မရေမတွက်နိုင်သောအကြည့်များကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့ကြသည်။
"မြန်မြန်ကြည့်လိုက်... အဲ့ဒါက စီနီယာအစ်မ နာလန်ပဲ..."
"ဟင်... စီနီယာအစ်မနာလန်ရဲ့ဘေးက လူနှစ်ယောက်က ဘယ်သူတွေလဲ..."
"သူတို့က မျက်နှာသစ်တွေ ဖြစ်ပုံရတယ်... သူတို့က ငါတို့ရဲ့ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်က ဟုတ်ပုံမရဘူး..."
"အဲ့ဒီဝတ်ရုံဖြူ ဝတ်ထားတဲ့ အမျိုးသမီး ကျင့်ကြံသူက စီနီယာအစ်မနာလန်ထက်တောင် ပိုပြီးလှတယ်လို့ မင်း မထင်ဘူးလား..."
ဤကျောင်းတော်တပည့်များသာမက ကျောင်းတော်မှ ကျင့်ကြံသူအများအပြားသည်လည်း နာလန်ချိုးရန်၏ဘေးရှိ ခုံးကျန်ယွဲ့ကို သတိပြုမိကြသည်။
သူမသည် လူးလွန့်နေသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး သူမ၏အမူအရာသည် ဖြူစင်သန့်ရှင်းကာ လောကီနှင့် ကင်းကွာနေသည်။
သူမ၏မျက်နှာသွင်ပြင်များသည် နတ်မိမယ်လေးတစ်ပါးကဲ့သို့ ကျော့ရှင်းနေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပန်းချီကားတစ်ချပ်ထဲမှ နတ်မိမယ်လေးတစ်ပါးကဲ့သို့ဖြစ်နေကာ လူအများအား သူမကို လက်လှမ်းမမီနိုင်အောင် ဖြစ်စေခဲ့သည်။
ထို့ပြင် ခုံးဝူတောက်၏မျက်နှာကို မြင်သော ကျောင်းတော်မှ မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများသည်လည်း စွဲလမ်းမသွားဘဲ မနေနိုင်ခဲ့ကြပေ။
သူသည်လည်း ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး သူ၏အသွင်အပြင်သည် ချောမောကာ သန့်စင်နေပြီး သူ၏အရှိန်အဝါသည် လောကီနှင့် ကင်းကွာကာ သာလွန်ထူးကဲနေသည်။
သူသည် ကောင်းကင်ယံတွင် လက်နောက်ပစ်၍ မတ်တတ်ရပ်နေရုံဖြင့် ကောင်းကင်နှင့် မြေကြီး၏ တောက်ပမှုအားလုံးကို စုပ်ယူလိုက်သကဲ့သို့ဖြစ်ပြီး မရေမတွက်နိုင်သော ဥပဒေအလင်းတန်းများကို ချက်ချင်းမှေးမှိန်သွားစေခဲ့သည်။
ဤနေရာရှိ အရာအားလုံးသည် သူ့အပေါ်သို့ စုဆုံသွားသကဲ့သို့ဖြစ်ပြီး သူ့ကို ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော အင်မော်တယ်တစ်ပါးအသွင် ဖြစ်နေစေခဲ့သည်။
"ဒီကျော့ရှင်းတဲ့ လူငယ်သခင်လေးက ဘယ်သူလဲ... သူက စီနီယာအစ်မနာလန်ရဲ့ အဝေးက ဝမ်းကွဲတစ်ယောက်များလား..."
"သူတို့ရဲ့အရှိန်အဝါက လမ်းပေါ်က ကျောက်စိမ်းတွေလိုပဲ... ပြီးတော့ လူငယ်သခင်လေးက လောကကြီးရဲ့ ရတနာတစ်ခုလိုပဲ... ငါ ရေနစ်နေသလို ခံစားရတယ်..."
"ရေနစ်နေတာလား... နင်ဆီမှာ ရေနည်းနည်းလေးတောင် ရှိပုံမရပါဘူး..."
"နင် နားမလည်ပါဘူး... ငါက ချစ်မိသွားပြီဆိုတာကို နင် နားမလည်ဘူး..."
........
ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ခုံးဝူတောက်နှင့်ခုံးကျန်ယွဲ့တို့၏ အထောက်အထားများကို ခန့်မှန်းရင်း တက်ကြွစွာ ဆွေးနွေးနေကြ၏။
"ဒီနေရာမှာ ဆူညံနေတာပဲ... အဲ့ဒါက အရှင်ခုံးဝူတောက်ကို သေချာပေါက် အနှောင့်အယှက် ဖြစ်စေလိမ့်မယ်..."
"အရှင်က ချိုးရန်နေတဲ့ အင်မော်တယ်လှိုဏ်ဂူ ထဲမှာ ခဏလောက် အနားယူချင်လား..."
နာလန်ချိုးရန်၏စကားများ အဆုံးသတ်သွားသည်နှင့်...
မူလက ဆူညံနေသော ဆွေးနွေးမှုများသည် ချက်ချင်းဆိုသလိုပင် အလွန်အမင်း တိတ်ဆိတ်သွားသည်။
အမှန်တရားကို မသိသော ကျောင်းတော်တပည့် အမြောက်အများသည် သူတို့၏အကြည့်များကို နာလန်ချိုးရန်အပေါ်သို့ ချက်ချင်းစူးစိုက်လိုက်ကြသည်။
ခုံးဝူတောက်တို့အဖွဲ့ကို ပထမဆုံး မြင်လိုက်ရသည့် အချိန်အခိုက်အတန့်ကတည်းက...
နာလန်ချိုးရန်၏ ကိုယ်ဟန်အမူအရာနှင့် လုပ်ရပ်များသည် အမြင့်မားဆုံး ရိုသေလေးစားမှုကို ပြသနေကြောင်း သူတို့ ခံစားခဲ့ရသည်။
ယခုချိန်၌ သူမ၏စကားများကို ကြားသောအခါ လူများအားလုံးသည် ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
"ကျစ်... ငါ အကြားအာရုံ မှားသွားတာ မဟုတ်ဘူးမလား... စီနီယာအစ်မနာလန်က ဒီလူကို သူ့ရဲ့ အင်မော်တယ်လှိုဏ်ဂူထဲမှာ အနားယူဖို့ တကယ်ကြီး ဖိတ်ခေါ်လိုက်တာလား..."
"စီနီယာအစ်မနာလန်က ငါတို့ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ရဲ့ အသိအမှတ်ပြုခံထားရတဲ့ နတ်ဘုရားမလေ... သူက ငါတို့ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်က မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေရဲ့ နှလုံးသားထဲက လရောင်ဖြူလေးပဲ..."
"အခု နေ့ခင်းကြောင်တောင်ကြီး လူတိုင်းရဲ့ရှေ့မှာ သူက အမျိုးသား တစ်ယောက်ကို သူရဲ့ အင်မော်တယ်လှိုဏ်ဂူထဲမှာ အနားယူဖို့ တကယ်ကြီး ဖိတ်ခေါ်လိုက်တာလား..."
"ပြီးသွားပြီ... ငါ့ရဲ့ လူငယ်ဘဝလေး ပြီးဆုံးသွားပြီပဲ..."
"ဒီလူက တကယ်တမ်းကျ ဘယ်သူလဲ... သူ့ရဲ့ဘေးမှာ စီနီယာအစ်မနာလန်ထက်တောင် ပိုလှတဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက် ရှိနေပြီးသားပဲလေ... အခု စီနီယာအစ်မနာလန်တောင်မှ သူ့ကို စွဲလမ်းနေပြီ... ငါ တကယ်ကို မနာလိုဖြစ်မိတယ်..."
"ဒါနဲ့ ပြောရရင်... စီနီယာအစ်မနာလန်က အဲ့ဒီ အသုံးမကျတဲ့ မုဟောက်ရဲ့ စေ့စပ်ထားသူ မဟုတ်ဘူးလား..."
"အခု စီနီယာအစ်မက နောက်ထပ်အမျိုးသား တစ်ယောက်ကို စွဲလမ်းနေပြီဆိုတော့ အဲဒီ အသုံးမကျတဲ့ မုဟောက်က ဘယ်လိုများ တွေးနေမလဲ မသိဘူး..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မူလက စည်ကားနေသော လူအုပ်ကြီးသည်လည်း ဤအချက်ကို တွေးတောမိသွားကြသည်။
"ဟမ့်... ဒီလူငယ်သခင်လေးမှာ ထူးကဲတဲ့ ကိုယ်ဟန်အမူအရာရှိတယ်... သူက သာမန်လူမဟုတ်ဘူးဆိုတာ အသိသာကြီးလေ... ပြီးတော့ သူနဲ့ စီနီယာအစ်မနာလန်က ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ စုံတွဲတစ်တွဲပဲ..."
"အဲ့ဒီအသုံးမကျတဲ့ကောင်နဲ့ လက်ထပ်သွားတာကို ကြည့်နေရမယ့်အစား စီနီယာအစ်မ နာလန်ကို သူလို လူတစ်ယောက်နဲ့ပဲ အတူတူ ရှိစေချင်တယ်..."
..........
သူတို့၏ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ရှိ အကျော်ကြားဆုံး အသုံးမကျသူများကြားတွင် နာလန်ချိုးရန်ကဲ့သို့ ကောင်းကင်ဘုံနတ်မိမယ်တစ်ပါးကဲ့သို့ လှပသူနှင့် စေ့စပ်ထားသူတစ်ယောက် ရှိနေကြောင်းကို လူတိုင်း သိထားကြသည်။
ဤသည်က မနာလိုဖြစ်နေသော မရေမတွက်နိုင်သည့် ကျောင်းတော်တပည့်များကို မုဟောက်အား ပို၍ပင် ပစ်မှတ်ထားလာစေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ နှလုံးသားထဲရှိ နတ်ဘုရားမ၏ စေ့စပ်ထားသူသည် အမှန်တကယ်ကို အသုံးမကျသူတစ်ယောက် ဖြစ်နေလေ၏။
သူတို့သည် ဤကိစ္စကို မည်သို့ လက်ခံနိုင်မည်နည်း။
သို့သော် နောက်တစ်ချက်မှာ နာလန်ချိုးရန်သည် နေ့ခင်းကြောင်တောင်တွင် တခြားအမျိုးသား တစ်ဦးကို သူမ၏အင်မော်တယ်လှိုဏ်ဂူထဲသို့ အနားယူရန် ဖိတ်ခေါ်ခြင်းပင်။
ဤသည်မှာ သူမ၏စေ့စပ်ထားသူကို ဦးချိုတပ်ပေးနေခြင်းဖြစ်ကြောင်း သိသာထင်ရှားနေသည် မဟုတ်လော....
........
နာလန်ချိုးရန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူမသည် ပတ်ဝန်းကျင်ရှိ ဆွေးနွေးမှုများကို အနည်းငယ် မနှစ်မြို့သဖြင့် သူမ၏မျက်နှာအမူအရာ အနည်းငယ် သုန်မှုန်သွားပေ၏။
သူမသည်လည်း မုဟောက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး သူ့ကို လက်ထပ်ရန် လုံးဝဆန္ဒမရှိသော်လည်း....
သို့သော် ယခုချိန်၌ ကျောင်းတော်တပည့်များကြားရှိ ဆွေးနွေးမှုများသည် သူမ၏ဂုဏ်သတင်းကို ထိခိုက်စေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
"အော်... သခင်မလေး နာလန်မှာ စေ့စပ်ထားသူ ရှိတာလား..."
ဤအချိန်အခိုက်အတန့်တွင် သူမ၏နံဘေးရှိ ခုံးဝူတောက်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"ကြည့်ရတာတော့ သခင်မလေးနာလန်နဲ့ စေ့စပ်ထားသူက နာမည်သိပ်မကောင်းဘူးထင်တယ်..."
ဤစကားကို ကြားသောအခါ နာလန်ချိုးရန်သည် သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်တွင် ကူကယ်ရာမဲ့သော ခါးသီးသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူမက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
"ဟူး... အရှင်ဝူတောက်...အရှင် မသိပါဘူး... ဒီကိစ္စကလည်း မတော်တဆမှုတစ်ခုကနေ မြစ်ဖျားခံလာတာပါ..."
"ကျွန်မရဲ့အဖေ လူငယ်ဘဝတုန်းက အပြင်ဘက်ကို ခရီးထွက်ရင်းနဲ့ ကြီးမားတဲ့ အန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်... ကံတရားရဲ့ အလှည့်အပြောင်းတစ်ခုမှာ ကျွန်မရဲ့အဖေကို မုဟောက်ရဲ့ အဖေက ကယ်တင်ခဲ့တယ်..."
"အဲ့ဒီတုန်းက ကျွန်မတို့ရဲ့ နာလန်မိသားစုက အခုလောက် မကြီးပွားသေးဘူး... ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်မရဲ့အဖေက စိတ်လိုက်မာန်ပါ ပြုမူပြီးတော့ ကျွန်မအတွက် အိမ်ထောင်ရေးတစ်ခုကို စီစဉ်ပေးခဲ့တယ်..."
"အစကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မအဖေရဲ့ ဆန္ဒတွေကို ကျွန်မက လိုက်နာခဲ့တယ်... ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မုဟောက်ရဲ့ ပါရမီက အရမ်းညံ့ဖျင်းပြီးတော့ သူက တော်တော်လည်း ပျင်းရိတယ်..."
"ကျွန်မရဲ့ နာလန်မိသားစုက သူ့ကို ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ထဲ ခေါ်လာဖို့ အများကြီး ကြိုးစားခဲ့ရတယ်... ဒါပေမယ့် လုံ့လဝီရိယရှိရှိ ကျင့်ကြံမယ့်အစား သူက ဒီကိစ္စကို အရှက်ရစရာ တစ်ခုအဖြစ် သတ်မှတ်ပြီး သူ့သဘောနဲ့သူ ယိုယွင်းပျက်စီးသွားခဲ့တယ်..."
ဤအကြောင်းကို ပြောဆိုရင်း နာလန်ချိုးရန်၏ လှပသော မျက်လုံးများတွင် သိသာထင်ရှားသော စိတ်ပျက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
အမှန်အားဖြင့် သူမသည် ငယ်စဉ်က မုဟောက်နှင့် အဆက်အသွယ် ရှိခဲ့ဖူးပေ၏။
အစပိုင်းတွင် မုဟောက်အပေါ် သူမတွင် ကောင်းမွန်သော သဘောထားတစ်ခု ရှိခဲ့သည်။
သို့သော် မုဟောက် ကြီးပြင်းလာသည်နှင့်အမျှ သူသည် ပို၍ပို၍ စိတ်ကျန်းမာရေး ချို့ယွင်းလာပြီး သူမ၏နာလန်မိသားစုက သူ့ကို အထင်သေးသည်ဟု အမြဲတစေ ခံစားနေခဲ့သည်။
အထူးသဖြင့် နောက်ပိုင်းတွင် နာလန်မိသားစုက မုဟောက်အား အိမ်ပါသားမက် ဖြစ်လာရန် အဆိုပြုခဲ့သောအချိန်တွင် ဖြစ်ပေ၏။
သူက "မြစ်ရဲ့ အရှေ့ဘက်မှာ အနှစ်သုံးဆယ်... မြစ်ရဲ့ အနောက်ဘက်မှာ အနှစ်သုံးဆယ်... လူငယ်လေး တစ်ယောက် ဆင်းရဲတာကို အနိုင်မကျင့်နဲ့" ဟုပင် ထုတ်ပြန်ကြေညာခဲ့သည်။
တစ်နေ့နေ့တွင် သူမ၏ နာလန်မိသားစုက သူ့ကို အမြင်သစ်ဖြင့် ကြည့်လာစေမည်ဟု သူက ပြောဆိုခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ နာလန်ချိုးရန် အတော်လေး ဆွံ့အသွားခဲ့သည်။
နာလန်မိသားစုသည် အသင်္ချေသူတော်စင်မြို့ရှိ ထိပ်တန်းမိသားစုကြီးလေးခုထဲမှ တစ်ခုဖြစ်ပြီး သူမသည် နာလန်မိသားစု၏သခင်မလေးပင်။
တခြားတစ်ဖက်တွင် မုဟောက်သည် ဆင်းရဲသော နောက်ခံရှိသည့် ဆုတ်ယုတ်နေသော မိသားစုတစ်ခုမှလာခြင်း ဖြစ်ပေ၏။
သူတို့သည် အဆင့်အတန်းအရ လုံးဝကိုလိုက်ဖက်ညီမှုမရှိဟု ဆိုနိုင်သည်။
အတိတ်ရှိ ကြင်နာမှုသာ မရှိခဲ့လျှင် သူတို့သည် မည်သည့် အပြန်အလှန် ဆက်သွယ်မှုမျှ ရှိခဲ့မည် မဟုတ်ပေ။
အကယ်၍ သခင်မလေးဖြစ်သော သူမက ဆုတ်ယုတ်နေသော မုဟောက်၏မိသားစုထဲသို့ တိုက်ရိုက်လက်ထပ်ဝင်ရောက်မည်ဆိုလျှင်...
ဤကိစ္စသည် သူမ၏နာလန်မိသားစုအတွက် မျက်နှာပျက်စရာ ကိစ္စတစ်ခု ဖြစ်ရုံသာမက လူအများက ဤကိစ္စနှင့် ပတ်သက်ပြီး အတင်းအဖျင်း ပြောနေကြခြင်း တစ်ခုတည်းကပင် သူတို့၏မိသားစုကို ဖျက်ဆီးပစ်ရန် လုံလောက်ပေလိမ့်မည်။
ထို့ကြောင့် ရှုထောင့်များစွာကို ထည့်သွင်းစဉ်းစားကာ နာလန်မိသားစုသည် မုဟောက်အား အိမ်ပါသားမက် ဖြစ်လာစေရန် စည်းကမ်းချက်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။
သို့သော် ဤသည်ကို မုဟောက်က ကြီးမားသော အရှက်ခွဲမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
.........
နာလန်ချိုးရန်၏ပြောပြချက်ကို နားထောင်ပြီးနောက်....
ခုံးဝူတောက်သည် ထိုကိစ္စကို ပို၍ပို၍ စိတ်ဝင်စားလာခဲ့သည်။
"အစက သူက လူတိုင်း အထင်သေးတဲ့ အိမ်ပါသားမက်တစ်ယောက် ဖြစ်ခဲ့တယ်..."
"တစ်နေ့မှာ သူက အမည်မသိ အရာတစ်ခုရဲ့ ပူးကပ်ခြင်းကို ခံလိုက်ရပြီးတော့ သူ့ရဲ့ မျှော်လင့်ချက်မဲ့နေတဲ့ ဘဝက ပြန်လည်မွေးဖွားလာခဲ့တယ်..."
"နောက်ဆုံးတော့... သူက အဆက်မပြတ် မျက်နှာဖြတ်ရိုက်ပြီး ပါရမီရှင်တွေကို ဖိနှိပ်တဲ့ ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ်ကို စတင်ခဲ့တယ်..."
ထိုလူ၏ကံတရား သိပ်မကောင်းသည်မှာ နှမြောစရာပင်။
သူ၏ မျက်နှာဖြတ်ရိုက်သည့် ဘဝက ယခုမှ စတင်ရုံသာ ရှိသေးပြီး ခုံးဝူတောက်နှင့် လာဆုံနေခြင်း ဖြစ်လေ၏။
ခုံးဝူတောက်သည် မုဟောက်အကြောင်း ပို၍စုံစမ်းရန် အခွင့်အရေး ယူတော့မည့်ဆဲဆဲအချိန်မှာပင်....
ဆွဲဆောင်မှုရှိပြီး အရိုးကွဲမတတ် အေးစက်သော အမျိုးသမီးအသံတစ်သံက ရုတ်တရက် ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်သွားသည်။
"အရှင်... နာလန်ချိုးရန်မှာ အိမ်ထောင်ရေး စာချုပ်တစ်ခု ရှိနေပါပြီ..."
"သူရဲ့ စကားတွေက သေချာပေါက် မသန့်ရှင်းဘဲနဲ့ အရှင်အပေါ် လျှို့ဝှက်ရည်ရွယ်ချက်တွေ ရှိနေတယ်..."
"ကျေးဇူးပြုပြီး အရှင်က အရူးလုပ်မခံပါနဲ့..."
.........
အခန်း (၉၀) အထောက်အထား ပေါ်ပေါက်လာခြင်း....အံ့အားသင့်စရာကောင်းသော ပြောင်းပြန်လှန်မှု
ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ ကျင့်ကြံသူအများအပြား၏ အကြည့်များသည် စကားပြောသူထံသို့ ချက်ချင်းကျရောက်သွားသည်။
ယခုရောက်လာသူသည် အလွန်ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားရှိသည့် အမျိုးသမီးတစ်ဦးပင်။
သူမသည် တခြားကျောင်းတော်တပည့်များနှင့် တူညီသောဝတ်စုံကို ဝတ်ဆင်ထားသော်လည်း....
သူမ၏ အလွန်အမင်း ပြည့်ဖြိုးပြီး တင်းရင်းနေသော ရင်သားများက သူမ၏ ပွယောင်းယောင်း ဝတ်ရုံကို အနည်းငယ် တင်းကြပ်နေပုံ ပေါက်စေခဲ့သည်။
"ဝမ်ကျစ်ကျင်း... နင် ငါ့ကို အသရေဖျက်ဖို့ မကြိုးစားနဲ့..."
ဤ အမျိုးသမီးကို မြင်သောအခါ နာလန်ချိုးရန်၏မျက်နှာသည် မိုးကြိုးတိမ်တိုက်တစ်ခုကဲ့သို့ ချက်ချင်းမည်းမှောင်သွားပြီး သူမက ဒေါသတကြီး အော်ဟစ်လိုက်၏။
အသင်္ချေသူတော်စင်မြို့တွင် ထိပ်တန်း မိသားစုကြီးလေးခု ရှိပြီး ဝမ်ကျစ်ကျင်း၏ ဝမ်မိသားစုသည်လည်း ထိုအထဲမှတစ်ခုပင်။
ထို့ပြင် ဝမ်မိသားစုနှင့် နာလန်မိသားစုကြားရှိ ဆက်ဆံရေးမှာ အမြဲတစေ တင်းမာနေခဲ့သည်။
သူတို့၏သက်ဆိုင်ရာ မိသားစုများမှ သခင်မလေးများအနေဖြင့် သူမတို့သည် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်အတွင်းတွင် အချိန်အတော်ကြာကတည်းက သဘောထားကွဲလွဲနေခဲ့ကြသည်။
ယခုချိန်၌ ဝမ်ကျစ်ကျင်းက ဤကဲ့သို့ စကားများကို ပြောဆိုခြင်းသည် သူမ၏ နာလန်မိသားစုကို ရွံရှာသွားစေရန် ကြိုးစားခြင်းမျှသာ ဖြစ်ပေ၏။
ဤအခိုက်အတန့်တွင် ဝမ်ကျစ်ကျင်းသည် သူမ၏ခါးကို ယိမ်းနွဲ့ကာ လျှောက်လှမ်းလာပြီး ခုံးဝူတောက်နှင့် မနီးမဝေးတွင် မတ်တတ်ရပ်နေလေပြီ။
သူမက ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။
"ဝမ်မိသားစုရဲ့ ဝမ်ကျစ်ကျင်းက အရှင့်ကို ဂါရဝပြုပါတယ်..."
အသင်္ချေသူတော်စင်မြို့ရှိ ထိပ်တန်းမိသားစုကြီးလေးခုထဲမှ တစ်ခုအနေဖြင့် ဝမ်မိသားစုတွင် သူတို့၏ ကိုယ်ပိုင်ထောက်လှမ်းရေးကွန်ရက် ရှိနေသည်။
ထိုကြောင့် အရေးပါသည့် လူငယ်ပုဂ္ဂိုလ်တချို့သည် နာလန်မိသားစုသို့ ရောက်ရှိလာကြောင်းကို သူတို့ စောစီးစွာ သိရှိခဲ့ကြသည်။
ယခုချိန်၌ နာလန်ချိုးရန်သည် ခုံးဝူတောက်အပေါ် ဤမျှထိ ရိုသေလေးစားမှု ပြသနေသည်ကို မြင်ချိန်၌...
သူမသည် ထပ်မံ၍ တွေးတောနေရန် မလိုတော့ပေ။ တစ်ဖက်လူသည် နာလန်မိသားစု၏ ဂုဏ်သရေရှိ ဧည့်သည်တော် ဖြစ်ပေမည်။
နာလန်မိသားစုကို ပို၍ကောင်းမွန်စွာ ဒုက္ခပေးနိုင်ရန်အတွက် သူမသည် ခုံးဝူတောက်ကို ချဉ်းကပ်ရပေမည်။
"ဝမ်မိသားစုလား..."
ခုံးဝူတောက်သည် မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး သူ၏ရှေ့ရှိ အမျိုးသမီးကို မော့ကြည့်လိုက်၏။
သူမ၏လုပ်ရပ်များသည် ရည်ရွယ်ချက်မရှိဟု ထင်ရသော်လည်း အမှန်အားဖြင့် ထိုအရာအားလုံးကို တမင်သက်သက် လုပ်ဆောင်နေခြင်းပင်။
အထူးသဖြင့် သူမ၏ရင်ဘတ်ပေါ်ရှိ နက်ရှိုင်းပြီး နှင်းကဲ့သို့ဖြူဆွတ်ကာ ပြည့်ဖြိုးနေသော ရင်သားအက်ကွဲကြောင်း....
ခုံးဝူတောက်၏ရှုထောင့်မှ ကြည့်လျှင် ထိုအရာကို လုံးဝရှင်းလင်းစွာ မြင်တွေ့ရသည်။
သို့သော် ဝမ်ကျစ်ကျင်းသည် ခုံးဝူတောက်၏ အကြည့်နှင့် ဆုံမိသောအခါ သူမက ရှက်သွေးဖြာစွာဖြင့် ပြုံးလိုက်သည်။
သူမသည် ရှက်ဟန်ဆောင်ကာ သူမ၏ဝတ်ရုံအရှေ့ဘက်ကို ဆွဲလိုက်ပြီး သူမ၏ရင်သားအက်ကွဲကြောင်းကို ဟန်ဆောင်ပန်ဆောင် ဖုံးကွယ်လိုက်၏။
နာလန်ချိုးရန်နှင့်အတူ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ အလှပဂေးနှစ်ယောက်ထဲမှ တစ်ယောက်အဖြစ် ပူးတွဲ၍ချီးကျူးခံရသူ တစ်ဦးအနေဖြင့်....
သူမ၏ ဆွဲဆောင်မှုနှင့်အလှအပအပေါ် သူမတွင် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသည်။
သူမ၏အမြင်တွင် အလှအပအပေါ် သီးသန့် အခြေခံ၍ သူမသည် ခုံးဝူတောက်အပေါ် ကောင်းမွန်သော အထင်အမြင်တစ်ခုကို ချန်ထားခဲ့ပြီး ဖြစ်ပေမည်။
သို့သော် ခုံးဝူတောက်၏နံဘေးတွင် မတ်တတ်ရပ်နေသော ခုံးကျန်ယွဲ့နှင့် နာလန်ချိုးရန် တို့၏ မျက်နှာအမူအရာများသည် တပြိုင်နက်တည်း မည်းမှောင်သွားလေ၏။
ခုံးကျန်ယွဲ့၏အမြင်အရ တစ်ဖက်လူထံမှ ထိုကဲ့သို့ ရိုင်းစိုင်းသည့် အပြုအမူသည် သူမတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်ကို စော်ကားခြင်းပင်။ သူမ၏ ရာဇဝတ်မှုမှာ သေဒဏ်နှင့် ထိုက်တန်သည်။
တခြားတစ်ဖက်တွင် နာလန်ချိုးရန်သည် ခုံးဝူတောက်က ဝမ်ကျစ်ကျင်းအား အမှန်တကယ် တုံ့ပြန်လိုက်မည်ကို စိုးရိမ်နေပြီး ထိုကိစ္စက သူမတို့၏ နာလန်မိသားစုအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာစေနိုင်သည်။
သို့သော် ခုံးဝူတောက်၏ မျက်လုံးများသည် မည်သည့်စိတ်ခံစားမှုမှ မပြဘဲ တည်ငြိမ်နေသည်။
သူက ခုံးကျန်ယွဲ့ကို ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်၏။
"ကျန်ယွဲ့... ဒီ တောကြက်မကို ငါ့ရဲ့အမြင်အာရုံထဲကနေ ပျောက်သွားအောင် လုပ်လိုက်စမ်း..."
"ဟုတ်ကဲ့ပါ..."
ခုံးကျန်ယွဲ့က တုံ့ပြန်လိုက်ပြီး ဖျက်ဆီးခြင်း အရှိန်အဝါတစ်ရပ်က သူမထံမှ ပေါက်ကွဲထွက်လာသည်။
ဝုန်း...
သူမသည် သူမ၏နူးညံချောမွတ်သောလက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် အဆုံးအစမရှိသော နတ်ဘုရားအလင်းတန်းများ လှိုင်းထလာသည်။ ထိုအရာများသည် မိုးကောင်းကင်ကို ဖုံးကွယ်ထားသည့် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝမ်ကျစ်ကျင်းဆီသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်၏။
"နင်..."
ဤသည်ကို မြင်သောအခါ ဝမ်ကျစ်ကျင်း၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။
တစ်ဖက်လူက စကားတစ်ခွန်းမှ မပြောဘဲ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိမ့်မည်ဟု သူမ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပေ။
ဤနေရာသည် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်တွင် ဖြစ်ပြီး သူမသည် ဝမ်မိသားစု၏ သခင်မလေးပင်။
တစ်ဖက်လူက မည်သည်ကြောင့် ဤသို့ လုပ်ရဲသနည်း...
သို့သော် သူမ၏ကျင့်ကြံခြင်းသည် ခုံးကျန်ယွဲ့ထက် အနည်းငယ်သာ နိမ့်ကျနေခြင်း မဟုတ်ပေ။
သူမသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် သွေးမြူခိုးများ ပြည့်နှက်နေသော တိမ်တိုက်တစ်ခုအဖြစ် ချက်ချင်းခြေမွှဖျက်ဆီးခြင်းခံလိုက်ရပြီး သူမ၏နတ်ဘုရားစိတ်ဝိညာဉ်လည်း သုတ်သင်ခြင်းခံလိုက်ရသည်။
ခုံးကျန်ယွဲ့သည် အရေးမပါသော ပုရွက်ဆိတ် တစ်ကောင်ကို ရိုက်ချလိုက်သကဲ့သို့ ပြုမူနေလေ၏။
ဤအရာအားလုံးကို ပြီးစီးပြီးနောက် သူမသည် ခုံးဝူတောက်၏နောက်တွင် ရိုသေလေးစားစွာ ပြန်လည်၍ မတ်တတ်ရပ်နေသည်။
ခုံးဝူတောက်နှင့်ခုံးကျန်ယွဲ့တို့၏ ဂရုမစိုက်မှုနှင့် နှိုင်းယှဉ်လျှင်....
ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့သော ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှ မရေမတွက်နိုင်သော တပည့်များသည် သူတို့၏ စိတ်ဝိညာဉ်များ ခန္ဓာကိုယ်အပြင်ဘက်သို့ လွင့်မျောသွားသည့်အလား အလွန်အမင်း ထိတ်လန့်နေကြသည်။ သူတို့၏မျက်လုံးသူငယ်အိမ်များသည်လည်း ကျုံ့သွားလေ၏။
တစ်ဖက်လူသည် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်တွင် ရုတ်တရက် တိုက်ခိုက်ရန် ရဲဝံ့လိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပေ။
သူတို့၏ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှ အစစ်အမှန် ဆက်ခံသူဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ဝမ်ကျစ်ကျင်းကို တိုက်ရိုက်ဖိနှိပ်ပြီး သတ်ဖြတ်လိုက်သည်။
သူတို့ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏နယ်မြေပေါ်တွင် ဤကဲ့သို့ ပြုမူခြင်းသည် သူတို့၏ကျောင်းတော်ကို လုံးဝလျစ်လျူရှုထားကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခြင်း မဟုတ်လော....
ကျောင်းတော်တပည့် အများအပြားကို ပို၍ပင် စိုးရိမ်လာစေသောအရာမှာ ခုံးကျန်ယွဲ့ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါပင်။
သူမ၏အသက်အရွယ်သည် သူတို့နှင့် တူညီပုံရသော်လည်း သူမသည် အဘယ်ကြောင့် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နိုင်ရသနည်း။
ထို့ပြင် ဤမျှထိ အစွမ်းထက်သော ပါရမီရှင်သည် ဝတ်ရုံဖြူဝတ်အမျိုးသား၏ အစေခံမျှသာ ဖြစ်ပုံရသည်။
"ရိုင်းစိုင်းလိုက်တာ..."
ထိုအချိန်မှာပင် ထိုနေရာ၌ ရှိနေသော ကောင်းကင်ဘုံအနှစ်သာရကျောင်းတော် အကြီးအကဲတချို့သည် သူတို့၏တွေဝေမိန်းမောနေမှုမှ ပြန်လည်၍ သတိဝင်လာကြသည်။ သူတို့သည် ဒေါသတကြီး ကြိမ်းမောင်းလိုက်ကြပြီး ခုံးဝူတောက်တို့ကို ချက်ချင်းဝန်းရံလိုက်ကြ၏။
ဤအခိုက်အတန့်တွင် သူတို့သည်လည်း အလွန် ဒေါသထွက်နေသည်။
ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ အဓိက တားမြစ်ထားသော စည်းမျဉ်းများထဲမှ တစ်ခုမှာ ကျောင်းတော်အတွင်းတွင် အဆင်ခြင်မဲ့ တိုက်ခိုက်မှုများကို ခွင့်မပြုခြင်းပင်။
သို့သော် ယခုချိန်၌ သူတို့ ချမှတ်ထားသော တားမြစ်ထားသည့် စည်းမျဉ်းကို အပြင်လူ တစ်ယောက်က ချိုးဖောက်လိုက်လေပြီ။
ဤသည်မှာ သူတို့၏ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ကို လုံးလုံးလျားလျား ရန်စစော်ကားခြင်းပင်။
ခုံးဝူတောက်သည် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော် အကြီးအကဲများ၏ ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့ထဲတွင် အစွမ်းထက်ဆုံးသူမှာ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်တစ်တွင်သာ ရှိလေ၏။
သူ၏ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိနေလေပြီ။
ဤအကြီးအကဲ အနည်းငယ်ကို ဖိနှိပ်ပြီး သတ်ဖြတ်ခြင်းသည် သူ့အတွက် ပုရွက်ဆိတ် တစ်ကောင်ကို ကြိတ်ချေလိုက်သကဲ့သို့ လွယ်ကူသည်။
"အကြီးအကဲ... ဒါတွေအားလုံးက နားလည်မှုလွဲတာပါ..."
အသိဝင်လာသော နာလန်ချိုးရန်သည် ရှေ့သို့ ထွက်လာပြီး ခုံးဝူတောက်တို့ကို ကာကွယ်ပေးလိုက်လေသည်။
ဤကိစ္စကို သူမ အလွန် ရှင်းရှင်းလင်းလင်း သိထားပြီး သူမနှင့် သွယ်ဝိုက်သောနည်းဖြင့် သက်ဆိုင်သည်ဟု ဆိုနိုင်ပေ၏။
ထို့ပြင် ခုံးဝူတောက်သည် သူမတို့ နာလန်မိသားစု၏ ဂုဏ်သရေရှိဧည့်သည်တော်ဖြစ်ပြီး ထူးခြားသော အထောက်အထားတစ်ခုရှိကာ ဤနေရာတွင် မည်သည့်အမှားအယွင်းမျှ ဖြစ်ပေါ်၍မရနိုင်ပေ။
"နာလန်ချိုးရန်... မင်းက ငါတို့ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်က တပည့် တစ်ယောက်ဆိုတာ မမေ့နဲ့..."
အကြီးအကဲတစ်ဦးက ဒေါသတကြီး ပြောဆိုလိုက်သည်။
"ဒီလူနှစ်ယောက်က မင်းတို့ နာလန်မိသားစုအတွက် ဘယ်သူတွေလဲဆိုတာ ငါ မသိဘူး..."
"ဒါပေမယ့် ငါ့ရဲ့ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ထဲမှာ လူတစ်ယောက်ကို တိုက်ခိုက်ပြီး သတ်ဖြတ်ရဲတာက စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ... ပြီးတော့ သူတို့က သေချာပေါက်..."
သို့သော် ထိုအကြီးအကဲ၏စကား မဆုံးမီမှာပင် နောက်ထပ် ဒေါသတကြီး ဆူပူကြိမ်းမောင်းသံတစ်သံက မိုးကုတ်စက်ဝိုင်းမှ ပဲ့တင်ထပ်လာသည်။
"မင်းတို့က ဘယ်လိုတောင် အတင့်ရဲတာလဲ... ဒီလောက်ထိ မဆင်မခြင် လုပ်ဖို့ မင်းတို့ကို ဘယ်သူက ခွင့်ပြုထားတာလဲ..."
ဤ ဒေါသတကြီး ကြိမ်းမောင်းသံအဆုံးတွင်...
အလင်းတန်းနှစ်ခုသည် မိုးကုတ်စက်ဝိုင်းမှ ရောက်ရှိလာပြီး ခုံးဝူတောက်၏ရှေ့သို့ ချက်ချင်းဆင်းသက်လာသည်။
ဤလူနှစ်ဦးကို မြင်သောအခါ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော် အကြီးအကဲများ၏ မျက်နှာများသည် ပျော်ရွှင်မှုများဖြင့် တောက်ပသွားပြီး သူတို့က အံ့အားတသင့် ရေရွတ်လိုက်ကြသည်။
"ကျောင်းအုပ်ကြီး... မဟာအကြီးအကဲ..."
သူတို့သည် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ အကြီးအကဲများ ဖြစ်ကြသော်လည်း အမှန်အားဖြင့် ခုံးဝူတောက်နှင့် ရင်ဆိုင်ရမည်ကို အနည်းငယ် စိုးရိမ်နေကြ၏။
ယခုချိန်၌ သူတို့၏ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ် နှစ်ဦး ရောက်ရှိလာပြီဖြစ်ရာ ထိုလူနှစ်ဦးကို သေချာပေါက် အလွယ်တကူ ဖိနှိပ်နိုင်ပေလိမ့်မည်။
သို့သော် မမျှော်လင့်ဘဲ အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီနှင့်မဟာအကြီးအကဲ တို့သည် ခုံးဝူတောက်ကို ဖိနှိပ်ရန် မလှုပ်ရှားခဲ့ကြပေ။
"ခွေးတိရစ္ဆာန်တွေ... မင်းတို့ ဘာလုပ်နေလဲဆိုတာ သိရဲ့လား..."
ထိုအစား အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီက ဒေါသတကြီး ဆူအူကြိမ်းမောင်းလိုက်ပြီး ထိုအကြီးအကဲများ၏ရှေ့သို့ ချက်ချင်းအပြေးသွားလိုက်သည်။
ဖြန်း... ဖြန်း... ဖြန်း...
သူသည် အမှန်တကယ်ကိုပင် သူတို့၏ မျက်နှာများကို အကြိမ်အနည်းငယ် ပါးဖြတ်ရိုက်လိုက်သည်။
ထိုစွမ်းအားသည် ပြင်းထန်လွန်းသဖြင့် အကြီးအကဲများသည် သွေးများအန်ထုတ်လိုက်ရပြီး နောက်သို့လွင့်စင်သွားကြ၏။
အကြီးအကဲများ အံ့အားသင့်သွားရုံသာမက ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှ တပည့်အများအပြားသည်လည်း မိုးကြိုးငါးချက်ဖြင့် ပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အချိန်တခဏကြာ ကြက်သေသေသွားကြသည်။
"ဒီအရှင်နှစ်ယောက်က ငါတို့ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေပဲ..."
"ဒီလောက်ထိ ရိုင်းစိုင်းဖို့ မင်းတို့ကို ဘယ်သူက ခွင့်ပြုထားတာလဲ..."
နောက်ထပ် ဒေါသတကြီး ကြိမ်းမောင်းမှုတစ်ခုအပြီးတွင် အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီနှင့် မဟာအကြီးအကဲတို့သည် ခုံးဝူတောက်၏ရှေ့သို့ အလျင်အမြန် ရောက်လာကြသည်။
မရေမတွက်နိုင်သည့် မယုံကြည်နိုင်သော အကြည့်များ အောက်တွင် သူတို့က ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြ၏။
"ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်က အရှင်တို့ကို ကောင်းကောင်း မကြိုဆိုနိုင်ခဲ့ဘဲနဲ့ ပေါ့ဆခဲ့မိပါတယ်... ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့ အရှင်..."
Book 9 end.