← Chapters

အခန်း (၄၇၉-၄၈၀)

Vol. 48 Ch. 479-480

အခန်း (၄၇၉-၄၈၀)

Vol. 48 Ch. 479-480

အခန်း (၄၇၉) - ဝှက်ဖဲဖြစ်သော နတ်ဘုရားလက်နက် ၊ ခြောက်ဝိညာဉ်အလံ ၊ စူးတု ၊ လူသားအရေခွံဝေါယာဉ်

စောစောက ကျိချင်းဘုန်းကြီးတွင် သတိရှိနေသေးသော်လည်း သူ၏အသိစိတ်မှာ အေးစက်လှသော အငွေ့အသက်တစ်ခု၏ ထိန်းချုပ်မှုကို ခံလိုက်ရခြင်းဖြစ်သည်။

မိမိကိုယ်ကို မပိုင်စိုးတော့ဘဲ ဝိညာဉ်ပုံစံဖြင့် ထိုဝေါယာဉ်ရှိရာသို့ တိုက်ရိုက် လွင့်မျောသွားခဲ့ရခြင်းပင်။

သူသည် စိတ်ဝိညာဉ်အခြေအနေဖြင့် ထိုဝေါယာဉ်မှာ လတ်လတ်ဆတ်ဆတ် သွေးများယိုစီးနေသည့် လူသားအရေခွံများဖြင့် ချုပ်လုပ်ထားခြင်းဖြစ်ကြောင်း အထင်အရှား မြင်တွေ့ခဲ့ရသည်။

၎င်းမှာ မြင်ရသူအဖို့ ရင်ထိတ်တုန်လှုပ်ဖွယ်ရာပင်။

ထို့ပြင် ညဥ့်ငှက် သို့မဟုတ် ဇီးကွက်ကြီး၏ မျက်လုံးများတွင်လည်း ရက်စက်ကြမ်းကြုတ်မှုနှင့် လောဘဇောများ ပြည့်နှက်နေသည်။

အကယ်၍သာ သူသည် ဝေါယာဉ်ထံသို့ ဆွဲယူခံလိုက်ရပါက ထိုဇီးကွက်ကြီး၏ ဝါးမြိုခြင်းကို တစ်ခဏချင်း ခံလိုက်ရပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် လီယန်ချူက သူ့ကို ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။

လီယန်ချူ၏ လှုပ်ရှားမှုက ထိုဝေါယာဉ်အတွင်းရှိ အမျိုးသမီးကို တိုက်ရိုက် လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားသည်။

လှပသော သတို့သမီးသည် လီယန်ချူကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်သည်။

လီယန်ချူအဖို့ သူမမှာ တစ်နေရာရာတွင် မြင်ဖူးသလိုလို ရှိနေသည်။

နတ်ဘုရားနယ်မြေ ထဲတွင် တွေ့ခဲ့ဖူးခြင်း ဖြစ်နိုင်ပေသည်။

သို့သော် သူကတော့ ထိုအချက်ကို အလေးမထားခဲ့ပေ။

ထိုစဉ်က သူသည် အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်နေပြီး ကျင့်စဉ်စွမ်းအားမှာလည်း အမြင့်ဆုံးတွင် ရှိနေခဲ့သည်။

လမ်းမှာတွေ့သမျှ လူလာရင်လူသတ်၊ သရဲလာရင်သရဲသတ် အခြေအနေမျိုးမို့ သူမကို အမှတ်အသား အကြီးအကျယ် မရှိခဲ့ခြင်းပင်။

ယခုမူ ထိုသတို့သမီးက သူ့ကို ကြည့်လိုက်သည့် အကြည့်ထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဝေစီနေသည်။

တစ်ပြိုင်နက်တည်းမှာပင် ဆန်းကြယ်လှသော စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကို တိုက်ရိုက် ပစ်လွှတ်လိုက်တော့သည်။

လီယန်ချူ၏ ဦးခေါင်းထက်တွင် အမည်းနှင့် အဖြူရောင် ထိုက်ကျိပုံရိပ် တစ်ခု ထွက်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် သူရှိနေသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရေဆေးရောင်ကမ္ဘာအဖြစ် ပြောင်းလဲသွားပြီး နောက်ကွယ်က လူအားလုံးကို အကာအကွယ်ပေးထားရုံမက၊ ရေဆေးရောင် စွမ်းအားစုတစ်ခုကိုလည်း တိုက်ရိုက် ပြန်လည်ပစ်ခတ်လိုက်သည်။

လှပသော သတို့သမီး၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုမှာ ထိုရေဆေးရောင် စွမ်းအားစု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး၊ သတို့သမီးမှာ မိုးကြိုးပစ်ခံရသလို တုန်လှုပ်သွားတော့သည်။

သူမ၏ သပ်ရပ်လှပလှသော မိတ်ကပ်များပေါ်တွင် သွေးများ စိမ့်ထွက်လာသည်။

ဤသည်မှာ စိတ်ဝိညာဉ် ကို တိုက်ရိုက် ထိခိုက်သွားခြင်းပင်။

သူမသည် ချိကဲဘက်ဂိုဏ်း ၏ ကောင်းကင်ဘုရင်လေးပါးအနက်မှ တစ်ပါးဖြစ်သော စူးတုကောင်းကင်ဘုရင် ပင် ဖြစ်သည်။

ဒီတစ်ကြိမ်တွင် သူမသည် လျူမိသားစုဘိုးဘွားခန်းမသို့ လာရောက်ရခြင်းမှာ အစွမ်းထက်လှသော နတ်ဘုရားလက်နက်တစ်ခုကို ရှာဖွေရန်ဖြစ်သည်။

၎င်းမှာ လျူမိသားစုဘိုးဘွားခန်းမတစ်ခုလုံး လည်ပတ်နေစေရန် ထိန်းချုပ်ထားသည့် ဗဟိုချက်... ခြောက်ဝိညာဉ်အလံ ပင် ဖြစ်သည်။

သူမသည် ထိုသတင်းအချက်အလက်ကို မတော်တဆ ရရှိခဲ့ခြင်းဖြစ်ပြီး ထူးခြားသော အရာတစ်ခုကို အသုံးပြုကာ ဘိုးဘွားခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထိုနီရဲသော ဝေါယာဉ်အတွင်း၌ မူလက လက်မထပ်ရသေးဘဲ ရက်ရက်စက်စက် သေဆုံးခဲ့ရသည့် လှပသော အမျိုးသမီးငယ်တစ်ဦး ရှိခဲ့သည်။

သူမတွင် နာကြည်းချက် အလွန်ကြီးမားလှသဖြင့် ဤထူးဆန်းသော မြို့ကလေးတွင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော သရဲအမျိုးအစားတွင် ပါဝင်သည်။

ထိုမျှမက သူမတွင် ကိုယ်ပိုင် အဖွဲ့အစည်းတစ်ခု ရှိနေသေးသည်။

ဝေါယာဉ်ထမ်းသရဲများမှာ တစ်ကောင်ချင်းစီတိုင်းမှာ သရဲစိမ်းများဖြစ်ကြပြီး၊ မောင်းသံ စည်သံတီးခတ်နေသော တူရိယာများမှာလည်း လူ၏ဝိညာဉ်ကို ထိခိုက်စေနိုင်သည့် ထူးခြားသော နာရေးသုံးပစ္စည်းများ ဖြစ်ကြသည်။

ထိုမင်္ဂလာဆောင်အဖွဲ့၏ စုစုပေါင်းတိုက်ခိုက်ရေးစွမ်းရည်မှာ ဤမြို့ကလေးတွင် ထိပ်တန်းစာရင်းဝင်လှသည်။

စူးတုသည် ဘိုးဘွားခန်းမထဲသို့ ဝင်ရောက်ပြီးနောက် အခွင့်ကောင်းယူကာ ဗဟိုချက်ကို လုယူရန်နှင့် ထိုအစွမ်းထက်လှသော ခြောက်ဝိညာဉ်အလံ ကို ထိန်းချုပ်ရန် ကြံစည်ခဲ့သည်။

သို့သော် ကိစ္စရပ်များမှာ သူမထင်သလို မလွယ်ကူကြောင်း သိလိုက်ရသည်။

ခြောက်ဝိညာဉ်အလံသည် အလွန်အစွမ်းထက်သော နတ်ဘုရားလက်နက်ဖြစ်ပြီး ဘိုးဘွားခန်းမ ဖြစ်ပေါ်လာခြင်းအပေါ် သက်ရောက်မှုရှိခဲ့သည်မှာ အမှန်ပင်။

သို့သော် ယခုအခါ ဘိုးဘွားခန်းမနှင့် ထိုမြို့ကလေးတစ်ခုလုံးသည် ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ရာ ခြောက်ဝိညာဉ်အလံ မရှိလျှင်ပင် ဆက်လက်တည်ရှိနေနိုင်ချေ ရှိသည်။

ထို့ပြင် ဘိုးဘွားခန်းမအတွင်း၌ အစွမ်းထက်လှသော သရဲရိပ် တစ်ခု ရှိနေသည်။

သူမသည် ထိုသရဲရိပ်နှင့် ခေတ္တမျှ ရင်ဆိုင်ခဲ့ဖူးရာ ထိုအရာ၏ စွမ်းရည်မှာ အလွန်ပင် ဆန်းကြယ်ပြီး လုံးဝသတ်၍မရနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် စူးတုသည် လျင်မြန်စွာ ဆုတ်ခွာခဲ့ရသည်။

သူမသည် မြို့ထဲမှ အခြားသော အစွမ်းထက်သည့် သရဲတစ်ကောင်ကို ရှာတွေ့ခဲ့ပြီး ထူးခြားသော အရာတစ်ခုကို အသုံးပြုကာ ထိုသရဲ၏ ကိုယ်ထဲသို့ ဝင်ရောက်ပြီး ဝိညာဉ်ကို သိမ်းပိုက်လိုက်ခြင်း ပင် ဖြစ်သည်။

သာမန်လူများတွင် သရဲပူးခြင်း ကို ကြုံရတတ်သလို၊ ကျင့်ကြံသူများသည်လည်း တစ်ခါတစ်ရံတွင် မိစ္ဆာပူးကပ်ခြင်းကို ခံရကာ လူသား၏ ရုပ်ကလာပ်ကို သရဲက ယူဆောင်၍ လူပြန်ဖြစ်ရန် ကြိုးစားတတ်ကြသည်။

သို့သော် အရှင်လတ်လတ် လူသားတစ်ဦးက သရဲ၏ ခန္ဓာကိုယ်ကို ပြန်လည်သိမ်းပိုက်ကာ အလင်းမှ အမှောင်သို့ ပြောင်းလဲသွားခြင်းမှာမူ တစ်ခါမျှ မကြားဖူးသော ကိစ္စပင်။

ယခုမူ စူးတုက ထိုကိစ္စကို လုပ်ဆောင်နိုင်ခဲ့ပြီ

သို့သော် သူမသည် ထိုသရဲခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးစသာ ရှိသေးသဖြင့် ထူးခြားသော တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဤစွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။

သူမသည် ထိုအခြေအနေကို အသုံးချပြီး ဘိုးဘွားခန်းမအတွင်းရှိ ထိုသရဲရိပ် ပိုင်ဆိုင်ထားသောအရာကို လုယူရန် ကြိုးစားနေခြင်းဖြစ်သည်။

ထိုသို့သာ သရဲခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစည်းနိုင်ပါက သူမသည် တတိယအဆင့် ကျင့်စဉ် သို့ တစ်ရှိန်ထိုး တက်လှမ်းနိုင်မည်ဟု မျှော်လင့်ထားသည်။

အကယ်၍ ထိုအဆင့်သို့ ရောက်သွားပါက သူမ စူးတု၏ အခွင့်အရေးများကို မည်သူမျှ လွယ်လွယ်နှင့် လုယူနိုင်တော့မည် မဟုတ်ပေ။

သူမသည် ပို၍ အစွမ်းထက်သော စွမ်းအားများကို ပိုင်ဆိုင်ကာ မိမိလုပ်ချင်သောအရာကို လုပ်နိုင်ပေလိမ့်မည်။

ဝုန်းးး

လီယန်ချူ၏ စိတ်ဝိညာဉ်စွမ်းအားက နောက်ထပ် ရေဆေးရောင် စွမ်းအားစုတစ်ခုကို ပစ်လွှတ်လိုက်ရာ ထိုလူသားအရေခွံဝေါယာဉ်ကို အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။

စူးတု၏ မျက်လုံးများတွင် ဒေါသရိပ်များ ယှက်သန်းလာသည်။

"နောက်တစ်ခါ မင်းပဲလား"

တစ်ဖက်တွင်လည်း သူမ စိတ်ထဲ၌ အံ့အားသင့်နေမိသည်။

ထိုလူငယ်တာအိုဆရာသည် မြို့ကလေးအတွင်းသို့ ရောက်လာပြီးသည့်တိုင်အောင် ဤမျှ ပြင်းထန်သော စွမ်းအားများကို ပိုင်ဆိုင်နေဆဲဖြစ်ရာ တကယ့်ကို မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။

သူမ စီးနင်းလာသော ဤဝေါယာဉ်မှာ သရဲများကို ဖိနှိပ်နိုင်သည့် အစွမ်းထက်သော နာရေးသုံးပစ္စည်းတစ်ခု ဖြစ်သော်လည်း၊ ထိုလူငယ်တာအိုဆရာ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ပေါက်ပြဲသွားခဲ့ရသည်။

"ဒီစိတ်ဝိညာဉ်စွမ်းအားက ဘာလို့ မြင်ဖူးသလိုလို ဖြစ်နေရတာလဲ "

စူးတု၏ အတွေးများမှာ အလွန်မြန်ဆန်လှသည်။

ရုတ်တရက် တစ်စုံတစ်ခုကို သူမ သတိရသွား၏။

"ဒါ... လုံဟူရှန်းတောင်ရဲ့ ထိုက်ကျိယင်ယန် လျှို့ဝှက်ကျင့်စဉ် "

စူးတုက အလန့်တကြား အော်ဟစ်လိုက်သည်။

ဤသူငယ်ကို မဖြစ်မနေ သတ်ပစ်ရမည်။

မဟုတ်ပါက နောင်တွင် အကြီးအကျယ် ဘေးဒုက္ခပေးမည့်သူ ဖြစ်လာပေလိမ့်မည်။

သူမ၏ မျက်လုံးအစုံတွင် ဆန်းကြယ်သော အငွေ့အသက်များ ယိုစိမ့်လာသည်။

လီယန်ချူတွင် စောစောကကဲ့သို့ ပြင်းထန်လှသော သွေးချီစွမ်းအား များ မရှိတော့သလို၊ မည်သည့် အစွမ်းထက်သော မှော်လက်နက်များကိုမျှလည်း ထုတ်မသုံးနိုင်သေးသည်ကို သူမ ရိပ်မိလိုက်သည်။

ဒါဟာ အကောင်းဆုံး အခွင့်အရေးပဲ

အကယ်၍ ထိုနေရာတွင် ထိုလူငယ်တာအိုဆရာကို သူမ မသတ်နိုင်ပါက၊ မြို့ကလေးအပြင်ဘက်သို့ ရောက်သွားသည်နှင့်...

စူးတုသည် အမှောင်စိတ်ဝိညာဉ် ကို မစုစည်းနိုင်ဘဲ အလင်းဝိညာဉ် အဖြစ် မပြောင်းလဲနိုင်သေးသရွေ့ ဒုတိယအဆင့် ကျင့်စဉ်၏ တံခါးဝတွင်သာ ဆက်လက် ပိတ်မိနေပေလိမ့်မည်။

သို့ဆိုလျှင် ထိုလူငယ်တာအိုဆရာ၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

စောစောက နတ်ဘုရားနယ်မြေအတွင်း၌ ထိုလူငယ်တာအိုဆရာသည် အရပ်မျက်နှာအနှံ့ကို အပြတ်ရှင်းခဲ့သည် မဟုတ်ပါလား။

တန်ခိုးကြီးလှသော ရဟန္တာပုံရိပ် များနှင့် ထောင်ယဲ့စိတ်ဝိညာဉ်အရိပ်များကိုပင် သူက အလွယ်တကူ နှိမ်နင်းခဲ့ခြင်းဖြစ်သည်။

ဝေါယာဉ်ထမ်းသရဲများသည် ပို၍မြူးကြွစွာဖြင့် မောင်းထု စည်တီးနေကြသည်။

သို့သော် သူတို့၏ မျက်လုံးများမှာမူ နာကြည်းချက်များဖြင့် ပြည့်နှက်နေကာ ကြည့်ရသည်မှာ အလွန်ပင် ကျောချမ်းစရာ ကောင်းလှသည်။

ဟင်းလင်းပြင်တစ်ခုလုံးတွင် နားကွဲလုမတတ် ဆူညံလှသော မိစ္ဆာဂီတသံ များ ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်ရှိ အိမ်ခြေများမှာလည်း လေတိုက်ခံရသလို တဂျိဂျိနှင့် မြည်ဟည်းနေတော့သည်။

အေးစက်သော လေကြမ်းများ တိုက်ခတ်လာပြီး မရေမတွက်နိုင်သော သရဲရိပ်များမှာ လွတ်မြောက်ရန် ရုန်းကန်နေကြသကဲ့သို့ ရှိနေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး ဖိအားများဖြင့် ပြည့်နှက်နေသည်။

ကံကောင်းစွာဖြင့် ယခုအချိန်တွင် ကျန်းဝေတို့အဖွဲ့မှာ လီယန်ချူ၏ စိတ်ဝိညာဉ်စွမ်းအား၏ အကာအကွယ်အောက်တွင် ရှိနေခြင်းဖြစ်သည်။

သူ၏ ထိုက်ကျိယင်ယန် ကျင့်စဉ် မှာ အလွန်ပင် ထူးခြားလှသည်။

မဟုတ်ပါက သူတို့အားလုံးသည် ထိုထူးဆန်းလှသော မောင်းသံစည်သံများအောက်တွင် သူတို့၏ စိတ်ဝိညာဉ်များ တစ်ခဏချင်း ပေါက်ကွဲပျက်စီးသွားပေလိမ့်မည်။

လီယန်ချူမှာမူ ထိုဝေါယာဉ်အတွင်းရှိ လူသေပုံစံနှင့် သတို့သမီးသည် သူ့အပေါ် အဘယ်ကြောင့် ဤမျှ သတ်ဖြတ်လိုစိတ် ပြင်းပြနေရသည်ကို နားမလည်ပေ။

သို့သော် သရဲမိစ္ဆာများ လှည့်လည်နေသော ဤဆန်းကြယ်သည့် မြို့ကလေးတွင် သင့်ကိုသတ်ချင်သည့် သရဲတစ်ကောင်နှင့် တိုးခြင်းမှာ ထူးဆန်းသော ကိစ္စတော့ မဟုတ်ပေ။

သူသည် ဦးခေါင်းထက်မှ ထိုက်ကျိပုံရိပ်ကို ထိန်းချုပ်ကာ ရေဆေးရောင် စွမ်းအားစုတစ်ခုကို ပစ်လွှတ်လိုက်ပြန်သည်။

ဗုန်း ဗုန်း ဗုန်း

ဝေါယာဉ်ထမ်းသရဲ သုံးကောင်မှာ ရေဆေးရောင် စွမ်းအားစု၏ ရိုက်ခတ်မှုကြောင့် တစ်ခဏချင်းပင် လွင့်စင်ပျောက်ကွယ်သွားရသည်။

ထိုစိတ်ဝိညာဉ်စွမ်းအား၏ စွမ်းပကားမှာ အလွန်ပင် ကြီးမားလှပြီး ရန်သူကို ဖိနှိပ်နိုင်စွမ်းရှိလှသည်။

အတိတ်ကာလက နတ်ဆရာကြီး သည် တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းခဲ့ပြီး စောစီးစွာပင် ယန်ဝိညာဉ် အဆင့်သို့ ရောက်ရှိခဲ့ခြင်းမှာလည်း ထိုအစွမ်းထက်လှသော စိတ်ဝိညာဉ်ကျင့်စဉ်နှင့် မကင်းပေ။

ထူးဆန်းလှသော နှဲသံများနှင့် မောင်းသံစည်သံများမှာ ခေတ္တမျှ ပြတ်တောက်သွားသော်လည်း၊ ကျန်ရှိနေသော ဝေါယာဉ်ထမ်းသရဲများမှာ လီယန်ချူကို ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်။

အသံများမှာ ပို၍ စူးရှလာပြီး လီယန်ချူ၏ ဦးနှောက်အတွင်းသို့ သံအပ်များဖြင့် ထိုးစိုက်နေသကဲ့သို့ ခံစားရစေသည်။

ဘေးလွှဲအတတ်

လီယန်ချူသည် ဟွမ်ထင်တာအိုကျမ်း ထဲတွင် မှတ်တမ်းတင်ထားသော ထိုဆန်းကြယ်သည့် အတတ်ကို အသုံးပြုကာ မိမိခံရမည့် ဒဏ်ရာများကို အခြားသို့ လွှဲပြောင်းလိုက်သည်။

ထို့နောက် ရေဆေးရောင် စွမ်းအားစုတစ်ခုကို ထပ်မံပစ်လွှတ်လိုက်ပြန်ရာ...

ဝုန်းးးးး ဝုန်းးးးး

သူသည် ထိုဆန်းကြယ်သော သတို့သမီးနှင့် အကြိတ်အနယ် တိုက်ခိုက်နေတော့သည်။

မျက်နှာသေနှင့် ဖြူဖျော့နေသော ဝေါယာဉ်ထမ်းသရဲများမှာ တစ်ကောင်ပြီးတစ်ကောင် သူ၏သတ်ဖြတ်ခြင်းကို ခံရကာ ဝိညာဉ်များ ပျောက်ကွယ်ကုန်သည်။

လူသားအရေခွံဝေါယာဉ်ကြီးမှာလည်း သူ၏တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်းအပြတ်ပြတ် ပျက်စီးနေချေပြီ။

ယခုအချိန်တွင် လျူမိသားစုဘိုးဘွားခန်းမ၏ အတွင်းရော အပြင်မှာပါ ကောင်းကင်တုန်ဟီးလောက်သော ပေါက်ကွဲသံများနှင့် သတ်ဖြတ်သံများ ထွက်ပေါ်နေတော့သည်။

ရှစ်ထောင့်မျှော်စင်အတွင်းရှိ ထိုအနက်ရောင်အရိပ်မှာ သူ၏ရှေ့မှ အလင်းမျက်နှာပြင်ကို ကြည့်ရင်း၊ ဘိုးဘွားခန်းမအပြင်ဘက်မှ မြင်ကွင်းကြောင့် မနေနိုင်ဘဲ အသက်ရှူပင် မှားသွားတော့သည်။

အခန်း (၄၈၀) - လူရှင်ရုပ်လောင်း ၊ အမိုက်မှအလင်းသို့ ကူးပြောင်းခြင်း ၊ လူလား သရဲလား၊စက်ဆုပ်ရွံရှာမှု

သူသည် ရှစ်ထောင့်မျှော်စင်အတွင်းရှိ ထူးခြားသော သရဲတစ်ကောင်ဖြစ်သဖြင့်၊ နီရဲသော ဝေါယာဉ်ကြီးကို စီးနင်းလာသည့် သတို့သမီးမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ကောင်းစွာသိရှိထားသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဤအမျိုးသမီးက လျူမိသားစုဘိုးဘွားခန်းမသို့ ရောက်လာခြင်းမှာ ဘာကို ရည်ရွယ်သနည်း။

သို့သော် သူ မထင်မှတ်ထားသည်မှာ၊ ထိုအမျိုးသမီးသည် ဤလူငယ်တာအိုဆရာ၏ တားဆီးခြင်းကို ခံလိုက်ရခြင်းပင်။

"ဒီလို အခွင့်ကောင်းမျိုးတောင် ရှိသေးတာပဲ... ကြည့်ရတာ သူတို့က အရင်ကတည်းက ရန်ငြိုးရှိပုံရတယ်"

အနက်ရောင်အရိပ်သည် သူ၏စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

မည်သူပဲ အသတ်ခံရသည်ဖြစ်စေ သူကတော့ ပျော်ရွှင်နေမည်သာ။

ဤအတွေးမှာ လီယန်ချူ၏ အတွေးနှင့် တစ်ထပ်တည်း ကျနေသည်။

နှစ်ယောက်လုံးမှာ အခွင့်ကောင်းချောင်း ချင်နေကြခြင်းပင်။

ဤဆန်းကြယ်သော အမျိုးသမီးကို အသုံးချပြီး ထိုလူငယ်တာအိုဆရာ၏ အခြေအနေ ကို စမ်းသပ်ခိုင်းလိုက်ရုံသာ ရှိတော့သည်။

သို့သော် အနက်ရောင်အရိပ် ထင်မထားသည်မှာ၊ ကြောက်မက်ဖွယ်ကောင်းလှသော ထိုမင်္ဂလာဆောင်အဖွဲ့ကြီးသည် ထိုလူငယ်တာအိုဆရာ၏ လက်အောက်တွင် ရွှံ့ရုပ်များ၊ မြေရုပ်များ ကဲ့သို့ ဖြစ်နေခြင်းပင်။

ဝေါယာဉ်ထမ်းသရဲများမှာ အလွယ်တကူပင် ရိုက်ခွဲခြင်းခံလိုက်ရရုံမက၊ ထိုထူးဆန်းသော နှဲသံများကလည်း သူ့အပေါ် မည်သည့်ထိခိုက်မှုမျှ မပေးနိုင်ခဲ့ပေ။

အစွမ်းထက်လှသော နာရေးသုံးပစ္စည်းဖြစ်သည့် လူသားအရေခွံဝေါယာဉ်ကြီးမှာလည်း ထိုလူငယ်တာအိုဆရာ၏ တာအိုအတတ်များကြောင့် ပျက်စီးယိုယွင်းနေချေပြီ။

"ဒီလူငယ်တာအိုဆရာက ဘယ်အရပ်က လာတာလဲကွာ ဒါကတော့ တော်တော်လေးကို ကြမ်းလွန်းတယ်"

အနက်ရောင်အရိပ်မှာ ကြောင်အမ်းအမ်း ဖြစ်သွားရတော့သည်။

သူသည် စောစောက ထိုလူငယ်တာအိုဆရာကို ဘိုးဘွားခန်းမအတွင်းမှ လွှတ်ပေးလိုက်မိသည့် သူ၏လုပ်ရပ်အပေါ် ကံကောင်းသည်ဟုပင် ခံစားလိုက်ရသည်။

"တကယ်ပဲ... ငါ့ရဲ့ အာရုံက မမှားဘူး "

"အဲဒီတုန်းကသာ ဒီတာအိုဆရာကို ဒီမှာ ပိတ်လှောင်ထားဖို့ ကြိုးစားခဲ့ရင်၊ ငါ အစီရင်ခံကိုတောင် အချိန်မီ မနှိုးဆော်နိုင်ခင်မှာပဲ ဒီတာအိုဆရာရဲ့ သတ်တာကို ခံလိုက်ရမှာ အသေအချာပဲ"

ထိုရေဆေးရောင် စွမ်းအားစု၏ ပြင်းထန်လှသော စွမ်းပကားမှာ အနက်ရောင်အရိပ်ကို ယခုတိုင် ထိတ်လန့်တုန်လှုပ်နေစေဆဲ ဖြစ်သည်။

တစ်ဖက်တွင်မူ၊ လျူမိသားစုဘိုးဘွားခန်းမ၏ အပြင်ဘက်၌ လီယန်ချူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ကာ ဝေါယာဉ်ကို အပြီးတိုင် ရိုက်ခွဲလိုက်ရာ၊ အတွင်းမှ ဖြူဖျော့နေသော သတို့သမီး ပေါ်ထွက်လာတော့သည်။

"ဘာလို့လဲ ဘာလို့ မင်းက ဒီမြို့ကလေးထဲမှာတောင် ကျင့်စဉ်စွမ်းအားတွေ ရှိနေနိုင်ရတာလဲ "

သူမ၏ အသံမှာ စူးရှနာကျင်နေသည်။

သူမ လက်ထဲရှိ ထူးခြားသောအရာမှာ တစ်ခုတည်းသော အရာဖြစ်သင့်သည်။

ထို့ကြောင့် ဤလူငယ်တာအိုဆရာသည်လည်း မြို့ထဲတွင် ဤမျှ ပြင်းထန်သော စွမ်းအားများကို မည်သို့ပိုင်ဆိုင်ထားသည်ကို သူမ နားမလည်နိုင် ဖြစ်နေရသည်။

"ငါ မင်းကို မဖြစ်မနေ သတ်ရမယ်"

စူးတုကောင်းကင်ဘုရင်သည် ဒေါသတကြီး ဟောက်လိုက်တော့သည်။

သူမ၏ နာကြည်းနေသော အမူအရာမှာ ခင်ပွန်းဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည့် ဇနီးသည်တစ်ဦးကဲ့သို့ပင် အလွန်ပင် နာကြည်းရိပ်များ ယှက်သန်းနေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

လီယန်ချူသည် တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရှိနေသည်။

သူ၏ မျက်လုံးများတွင် တာအိုအလင်းတန်းများ လင်းလက်နေပြီး၊ ယခုအခါတွင်မူ ထိုသတို့သမီး၏ နောက်ကြောင်း ကို ထွင်းဖောက်မြင်လိုက်ရပြီ ဖြစ်သည်။

"ကြောင်သူတော်လို ဟန်ဆောင်ပြီး သရဲစိမ်းရဲ့ ရုပ်အလောင်းကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလား... ရယ်စရာပဲ။ အခု မင်းက သရဲစိမ်းလား၊ ဒါမှမဟုတ် မင်းကိုယ်မင်းလားဆိုတာရော မင်းကိုယ်တိုင် ခွဲခြားနိုင်ရဲ့လား "

လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။

ဝိညာဉ်မျက်စိအတတ် က ထို လူရှင် ရုပ်လောင်း ဖြစ်နေရသည့် အကြောင်းရင်းကို ထွင်းဖောက်မြင်လိုက်ရခြင်းပင်။

ဤကဲ့သို့သော မိစ္ဆာအတတ်များကို အသုံးပြုနေသရွေ့ သူမကိုယ်သူမ လူလား၊ သရဲလား ဆိုသည်ကိုပင် ခွဲခြားနိုင်တော့မည် မဟုတ်ကြောင်း သူက စက်ဆုပ်ရွံရှာစွာ တွေးလိုက်မိသည်။

လီယန်ချူ၏ စကားသံမှာ မိုးကြိုးပစ်သကဲ့သို့ စူးတုကောင်းကင်ဘုရင်၏ စိတ်ထဲတွင် အကြီးအကျယ် ဂယက်ထသွားစေသည်။

ဤလူငယ်တာအိုဆရာ၏ စကားထဲတွင် လျှို့ဝှက်ချက်အချို့ ရှိနေကြောင်း သူမ ရုတ်တရက် သတိပြုမိသွားခြင်းပင်။

တစ်ခဏအတွင်းမှာပင် သူမ၏ မှေးမှိန်နေသော မှတ်ဉာဏ်အများအပြားမှာ ပြန်လည် နိုးထလာတော့သည်။

ဤသည်ကို ဗုဒ္ဓဘာသာတွင် ခေါင်းကို တုတ်နှင့် အချက်ပေး၍ သတိပေးခြင်း ဟု ခေါ်ဆိုကြသည်။

လီယန်ချူ၏ တာအိုဂါထာများ ပါဝင်သော အေးစက်လှသည့် အော်ဟစ်သံမှာ စူးတုကောင်းကင်ဘုရင်၏ စိတ်ထဲရှိ လူသားဆန်မှုကို နှိုးဆော်လိုက်ခြင်းပင်။

ထိုအကြမ်းဖက်မှုများ၊ ပုံပျက်ပန်းပျက် ဖြစ်နေသော နာကြည်းချက်များသည် သူမ၏ စိတ်နှလုံးထဲတွင် ပြည့်နှက်နေပြီး သူမ၏ စိတ်ဝိညာဉ် နှင့် ခွဲခြားမရအောင် ရောယှက်နေခဲ့သည်။

နောက်တစ်ခဏတွင် စူးတုကောင်းကင်ဘုရင်မှာ အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရသလို ခံစားလိုက်ရပြီး၊ တာအိုဒဏ္ဍာရီထဲက ဝါးတစ်ပင်အိမ်မက် လိုမျိုး အိမ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွားသည်။

သူမ ရှုံးနိမ့်ခဲ့ပြီ။

သူမက ထိုသရဲသတို့သမီး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ခဲ့ခြင်း မဟုတ်ဘဲ၊ ထိုသရဲသတို့သမီးက သူမကို ဝါးမြိုလိုက်ခြင်းသာ ဖြစ်သည်။

သူမ၏ အသိစိတ်အနည်းငယ်သာ ကျန်ရှိနေသေးသဖြင့် သူမကိုယ်သူမ လှည့်စားနေသော ဝေဝါးမှုတစ်ခုကိုသာ ဖြစ်ပေါ်စေခဲ့ခြင်းပင်။

မကြာမီအချိန်အတွင်း သူမသည် ဤသရဲသတို့သမီး၏ ခန္ဓာကိုယ်အတွင်း၌ လုံးဝ ဝါးမြိုခံလိုက်ရပြီး၊ လူသတ်ရန်သာ သိသော သရဲစိမ်းတစ်ကောင်အဖြစ်သို့ အပြီးတိုင် ကျရောက်သွားပေလိမ့်မည်။

ထိုအချက်မှာ အမြဲတမ်း အကောင်းဆိုးဒွန်တွဲ နေလေ့ရှိသော စူးတုကောင်းကင်ဘုရင်၏ စိတ်ထဲတွင် အလွန်ပင် ဝမ်းနည်းကြေကွဲစရာ ဖြစ်သွားရသည်။

သူမသည် စွမ်းအားများအပေါ် လောဘဇောတက်ကာ မနာလိုစိတ်များဖြင့် မျက်စိကွယ်နေခဲ့သော်လည်း၊ သူမကိုယ်သူမ အသိဉာဏ်မဲ့သော၊ အသိစိတ်မဲ့သော လူသတ်သရဲတစ်ကောင်အဖြစ်သို့ အရောက်မခံနိုင်ပေ။

ဤသည်မှာ သူမ၏ နောက်ဆုံးစည်း ပင် ဖြစ်သည်။

"ငါ့ကိုသတ်ပါ... ငါ့ကိုသတ်ပေးပြီး ငါ့ကို လွတ်မြောက်ခွင့်ပေးပါ "

စူးတုကောင်းကင်ဘုရင်သည် ရုတ်တရက် ရပ်တန့်သွားပြီး လီယန်ချူကို ကြည့်ကာ အသံကုန် အော်ဟစ်လိုက်တော့သည်။

လီယန်ချူသည် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

ထိုအမျိုးသမီးမှာ သရဲစိမ်း၏ လွှမ်းမိုးမှုကို ဤမျှ ခံထားရပါလျက်နှင့်၊ မိမိကိုယ်ပိုင် အသိစိတ်ကို အနိုင်နိုင် ပြန်လည်ရယူနိုင်နေဆဲလား။

သူ၏ တာအိုဂါထာ မှာ တုန်လှုပ်ခြောက်ခြားစေရုံသာ တတ်နိုင်ပြီး၊ ဤအမျိုးသမီးအား သရဲစိမ်းကို ထိန်းချုပ်နိုင်ရန် မကူညီနိုင်ပေ။

အမှန်အတိုင်း ပြောရလျှင် ယခုအချိန်တွင် သူမသည် သေဆုံးသွားပြီဖြစ်ပြီး၊ အသိစိတ်အကြွင်းအကျန်ကလေးသာ ကျန်ရှိတော့ခြင်းပင်။

လီယန်ချူသည် ဆုံးဖြတ်ချက် မပြတ်သားသောလူ မဟုတ်ပေ။

တစ်ဖက်လူက ဤမျှ စစ်မှန်သော တောင်းဆိုချက်ကို ပြုလုပ်လာပြီဖြစ်ရာ သူကလည်း လက်တွန့်နေမည် မဟုတ်ပေ။

အမည်းနှင့် အဖြူရောင် ထိုက်ကျိပုံရိပ်မှာ လည်ပတ်သွားသည်နှင့် ရေဆေးရောင် စွမ်းအားစုတစ်ခုကို ပစ်လွှတ်လိုက်ရာ၊ ၎င်းမှာ နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး ထိုသရဲသတို့သမီးကို ရေဆေးရောင်နယ်မြေအတွင်းသို့ တစ်ခဏချင်း ဖုံးလွှမ်းလိုက်တော့သည်။

ဝုန်းးး

တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ထိုသရဲသတို့သမီး၏ ခန္ဓာကိုယ်ကို အပြီးတိုင် ရိုက်ခွဲလိုက်ချေပြီ။

အားလုံးမှာ မှင်တက်သွားရပြီး၊ ရှစ်ထောင့်မျှော်စင်ထဲမှ အနက်ရောင်အရိပ်မှာလည်း အကြီးအကျယ် ထိတ်လန့်သွားတော့သည်။

ဘယ်လိုဖြစ်သွားတာလဲ

စောစောကမှ နှစ်ယောက်သား သေလုမတတ် တိုက်ခိုက်တော့မည့်ပုံစံ ဖြစ်နေပြီး သတ်ဖြတ်လိုစိတ်တွေ ဝေစီနေတာ မဟုတ်ဘူးလား ဘာလို့ ဒီအမျိုးသမီးက ရုတ်တရက်ကြီး သူ့ကိုသတ်ခိုင်းပြီး ပြန်လည်ခုခံခြင်း မပြုတော့တာလဲ။

ဒါဟာ စကားလုံးနဲ့တင် အနိုင်ယူလိုက်တာလား

လူတိုင်း၏ စိတ်ထဲတွင် အလွန်ပင် အံ့အားသင့်နေကြပြီး အခြေအနေကို နားမလည်နိုင် ဖြစ်နေကြသည်။

အမှန်စင်စစ် အကယ်၍သာ အခြားသူတစ်ဦးသာ ဖြစ်ခဲ့ပါက၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် သရဲစိမ်း၏ အသိစိတ်မှာ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ချက်ချင်း ထွက်ပေါ်လာပေလိမ့်မည်။

သို့သော် စူးတုကောင်းကင်ဘုရင်၏ စရိုက်မှာ အလွန်ပင် ဆန်းကြယ်လှသည်။

သူမသည် အကောင်းဆိုးဒွန်တွဲနေသလို သူမ၏ စိတ်ထဲတွင်လည်း ဆန်းပြားလှသော တန်ဖိုးထားမှုများ ရှိနေသည်။

သူမသည် အတိုင်းအတာတစ်ခုအထိ အလွန်ပင် ခေါင်းမာသူဟု ဆိုနိုင်သည်။

သူမသည် မိမိကိုယ်ကိုယ် မိစ္ဆာတစ်ကောင်အဖြစ်သို့ အပြီးတိုင် ကျရောက်သွားမည့် အဖြစ်မှန်ကို လက်မခံနိုင်သဖြင့်၊ တိုက်ရိုက်ပင် ခုခံမှုကို စွန့်လွှတ်ကာ လီယန်ချူကို သူမအား သတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

ဤသို့ဖြင့် ယခုမြင်ကွင်း ပေါ်ပေါက်လာရခြင်းပင်

ထိုသရဲသတို့သမီး ပျက်စီးသွားခြင်းအပေါ် လီယန်ချူ၏ စိတ်ထဲတွင် မည်သည့် သနားကရုဏာမျှ မရှိသော်လည်း၊ သူ၏စိတ်ထဲတွင်မူ တစ်စုံတစ်ရာကြောင့် မနေနိုင်ဘဲ စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။

သူသည် ထိုဆန်းကြယ်လှသော မြို့ကလေးအပေါ် အကြီးအကျယ် စက်ဆုပ်ရွံရှာမှုများ ဖြစ်ပေါ်လာတော့သည်။

သူသည် လျူမိသားစုဘိုးဘွားခန်းမကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှစ်ထောင့်မျှော်စင်အတွင်းရှိ အနက်ရောင်အရိပ်မှာမူ အစွမ်းထက်လှသော တည်ရှိမှုတစ်ခု၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ကျောပြင်မှာ အပ်ဖြင့် ထိုးစိုက်ခံရသလို ခံစားလိုက်ရသည်။

"ဘာကြည့်တာလဲ... ငါနဲ့ ဘာဆိုင်လို့လဲ "

သူသည် ထိတ်လန့်တုန်လှုပ်သွားရသည်။

ဤလူငယ်တာအိုဆရာနှင့် စတင်ထိတွေ့ခဲ့ကတည်းက၊ သူသည် တစ်ဖက်လူ၏ အရှိန်အဟုန်ကို လုံးဝ မလိုက်နိုင်တော့ကြောင်း တွေ့ရှိခဲ့ရသည်။

စောစောက မြင်ကွင်းလိုပင်၊ ထိုသရဲသတို့သမီးက ဘာကြောင့် အသေခံသွားသည်ကို သူ မသိသလို၊ ယခုအချိန်တွင်လည်း ထိုလူငယ်တာအိုဆရာက သူ့ကို ဘာကြောင့် စူးစူးဝါးဝါး စိုက်ကြည့်နေရသည်ကို သူ မသိပေ။

သူ ခံစားနေရသည်မှာ မရှင်းပြနိုင်သော ကြောက်ရွံ့မှုတစ်ခုသာ။

သူသည် ရှစ်ထောင့်မျှော်စင်အတွင်းရှိ အစီရင်ခံကို ထိန်းချုပ်ကာ၊ ထိုဧရာမ သရဲကြီးကို အဆက်မပြတ် ဝါးမြိုစေတော့သည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် မိမိ၏စွမ်းအားကို မြှင့်တင်ကာ ဤလူငယ်တာအိုဆရာကို ဖိနှိပ်နိုင်ရန် သူ မျှော်လင့်နေခြင်းပင်။

ရုတ်တရက်

ထိုလူငယ်တာအိုဆရာ၏ ကိုယ်ထည် လှုပ်ရှားသွားသည်ကို သူ မြင်လိုက်ရပြီး၊ ရေဆေးရောင် နယ်မြေမှာလည်း တစ်ခဏချင်း ပြန့်ကားလာကာ ရှစ်ထောင့်မျှော်စင်ကိုပါ အတွင်း၌ ငုံ့ဝါးလိုက်တော့သည်။

"ဟာ... သွားပြီ"

အနက်ရောင်အရိပ်သည် မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိတော့သည်။

ဘာတွေ ဖြစ်ကုန်တာလဲ

လုံဟူရှန်းတောင်၏ ထိုက်ကျိယင်ယန် လျှို့ဝှက်ကျင့်စဉ် သည် သာမန် စိတ်ဝိညာဉ်စွမ်းအားများနှင့် မတူညီပေ။

ထိုအချိန်တွင် လီယန်ချူ၏ အသံမှာ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

"မင်းက ဒီလျူမိသားစုဘိုးဘွားခန်းမရဲ့ ဝှက်ဖဲပဲ မဟုတ်လား မင်းကို သတ်ပစ်လိုက်ရင် ငါတို့ ဒီကနေ ထွက်သွားလို့ ရပြီလား "

လီယန်ချူက အေးစက်စွာ မေးလိုက်သည်။

အနက်ရောင်အရိပ်မှာ အကြီးအကျယ် တုန်လှုပ်သွားရသည်။

ထိုလူငယ်က ဘယ်လိုလုပ်ပြီး အထဲကို ဝင်လာနိုင်တာလဲ။

ချက်ချင်းပင် သူ၏ မျက်နှာမှာ အုံ့မှိုင်းသွားတော့သည်။

"မင်းက တကယ်ပဲ ငါ့ကို စိတ်ကြိုက်နယ်ဖတ်လို့ရတဲ့ ပျော့ညံ့တဲ့လူလို့ ထင်နေတာလား ဝင်လာရဲရင် ငါ မင်းကို သတ်ပစ်မယ်။ မင်းရဲ့ ဝိညာဉ်ကို ယူပြီး ငါ့ရဲ့ စွမ်းအားတွေ ဖြည့်တင်းပစ်ဖို့ အတော်ပဲ "

သူ၏ ကိုယ်ထည်မှာ ပို၍ ထင်းရှား လာသော်လည်း၊ သူ၏ အငွေ့အသက်မှာမူ ထပ်မံ၍ အားကောင်းလာပြန်သည်။

ကြည့်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှချေပြီ။

All Chapters