← Chapters

အခန်း (၄၄၃-၄၄၄)

Vol. 32 Ch. 443-444

အခန်း (၄၄၃-၄၄၄)

Vol. 32 Ch. 443-444

‎အခန်း ( ၄၄၃ ) - ကွဲပြားသော ရွေးချယ်မှုများ၊ မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ သူလည်းပဲ အင်မော်တယ်ဖြစ်ဖို့ ထိုက်တန်သလား

‎

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့ရသည့် အတွေ့အကြုံများအရ ကုချန်၏စရိုက်ကို အတော်လေး နားလည်ပြီဟု ယုံကြည်ထား၏။

‎

‎

‎ကုချန်သည် ကျေးဇူးရှိလျှင်ဆပ်ပြီး ရန်ငြိုးရှိလျှင် လက်စားချေတတ်သည့် လူစားမျိုးဖြစ်ကြောင်း သူ သေချာပေါက် သိထားသည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာအတွင်း ကုမိသားစုနှင့် ရင်းနှီး၍ သူတို့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သူတိုင်းသည် ကုချန်၏ပထမဆုံး တပည့်ဖြစ်သော ယဲ့ယင်းယင်းကဲ့သို့ပင် ဆုချီးမြှင့်ခံရမည် ဖြစ်သည်။

‎

‎

‎မူလက ယဲ့ယင်းယင်းသည် စွန့်ပစ်ခံ သန့်စင်သော ရုပ်ခန္ဓာပိုင်ရှင်လေး တစ်ယောက်သာဖြစ်၍ အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ကာ မည်သည့်အချိန်တွင် ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်ကိုပင် မသိနိုင်ခဲ့ချေ။

‎

‎

‎သို့သော် ကုမိသားစု အကျပ်အတည်း ကြုံနေရချိန်တွင် သူက ရဲဝံ့ပြတ်သားစွာ ကူညီပေးရန် ရွေးချယ်ခဲ့သောကြောင့် သူ၏ဘဝသည် ထိုအချိန်မှစ၍ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။

‎

‎

‎သူ၏ကျင့်ကြံခြင်း ခရီးလမ်း ဆက်လက် ပွင့်လန်းသွားရုံသာမက ကုချန်၏ တပည့်ဖြစ်လာရန် ကံကောင်းမှုများလည်း ရရှိခဲ့သည်။ အနာဂတ်တွင် အင်မော်တယ် တက်လှမ်းရန်ဆိုသည်မှာ သူ့အတွက် လက်တစ်ကမ်းအလိုသာ ဖြစ်နေပြီဖြစ်သည်။

‎

‎

‎ဤအရာအားလုံးမှာ ထိုစဉ်က သူ မှန်ကန်သော ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်၏။

‎

‎

‎ကုမိသားစုထံ သူ ရောက်လာချိန်တွင်ပင် ကုမိသားစုကို သိသိသာသာ ကြီးကြီးမားမား ကူညီပေးနိုင်ခဲ့သည်တော့ မဟုတ်ပေ။ သူ၏ လုပ်ရပ်များမှတစ်ဆင့် သူ၏စေတနာကို ဖော်ပြခဲ့ခြင်းမျှသာ ဖြစ်သည်။

‎

‎

‎သို့သော် အဆုံးမဲ့ကမ္ဘာမှ သက်ရှိများသည် ကုမိသားစုနှင့် ရင်ဆိုင်ရချိန်တွင် မှားယွင်းသော ရွေးချယ်မှုများကိုသာ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။

‎

‎

‎ထို့ကြောင့် ယခုအခါ ကုချန်မှ အထက်ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးကို ဦးဆောင်၍ အင်မော်တယ်နယ်မြေသို့ တက်လှမ်းသွားသော်လည်း သူတစ်ချိန်က ကာကွယ်ပေးခဲ့သော ဤသက်ရှိများကို တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ချေ။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏အမြင်တွင် အကယ်၍ ထိုစဉ်က အဆုံးမဲ့ကမ္ဘာမှ သက်ရှိများသာ ကုမိသားစုအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြပါက ယခု ကုချန် အင်မော်တယ်တံခါးကို ဖွင့်နိုင်သည့် နည်းလမ်း ရရှိနေချိန်တွင် အဆုံးမဲ့ကမ္ဘာမှ သက်ရှိများအတွက် ထည့်သွင်းစဉ်းစားပေးပြီး နောက်ပိုင်းတွင် အင်မော်တယ်နယ်မြေသို့ ဝင်ရောက်နိုင်ရန် လမ်းကြောင်းတစ်ခု ချန်ထားပေးမည်မှာ သေချာလေသည်။

‎

‎

‎ဒါပေမယ့် အခုတော့ရော။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ အင်မော်တယ်နယ်မြေသို့ ဝင်ရောက်သွားသည်နှင့် ခမ်းနားကြီးကျယ်သော အင်မော်တယ်တံခါးကြီးသည် ချက်ချင်း ပြန်လည်ပိတ်သွားလိမ့်မည်ဖြစ်ကြောင်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့ တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

‎

‎

‎နောက်ပိုင်း အဆုံးမဲ့ကမ္ဘာက သက်ရှိတွေ အင်မော်တယ် တက်လှမ်းနိုင်မလား၊ မတက်လှမ်းနိုင်ဘူးလား ဆိုတာကတော့ ဘယ်သူက ဂရုစိုက်နေမှာလဲ။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့ မျှော်လင့်ထားသည့်အတိုင်းပင်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေကို ကုချန်မှ အင်မော်တယ်တံခါးထဲသို့ တဖြည်းဖြည်း မြှောက်တင်သွားသည်နှင့်အမျှ ပွင့်နေသော ခမ်းနားကြီးကျယ်သည့် အင်မော်တယ်တံခါးကြီးသည်လည်း တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား အလယ်ဗဟိုသို့ ဖြည်းညင်းစွာ ပြန်လည်ပိတ်လာတော့သည်။

‎

‎

‎သို့သော် ဤမြင်ကွင်းက ကောင်းကင်ချောက်နက် အက်ကွဲကြောင်းအစွန်းရှိ ' စွမ်းအားရှင် ' အများအပြားကို ဒေါသထွက်လွန်း၍ မျက်လုံးများပင် ပြူးကျယ်သွားစေခဲ့သည်။

‎

‎

‎" ဘုရားရေ! အင်မော်တယ်တံခါးကြီး ပိတ်တော့မယ်! "

‎

‎

‎" ဟင့်အင်း! ပိတ်လို့မရဘူး... ပိတ်လို့မရဘူး! "

‎

‎

‎" ဒါ အထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ အရှင်သခင် လုပ်တာ ဖြစ်ရမယ်! သူက ကောင်းကင်တားမြစ်နယ်မြေနဲ့အတူ အင်မော်တယ်နယ်မြေကို တက်လှမ်းသွားပြီး ငါတို့ နောက်မှလာတဲ့သူတွေ အားလုံးအတွက် လမ်းကို ပိတ်ချင်နေတာ! "

‎

‎

‎" အထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ အရှင်သခင်! မင်း... မင်း သေသင့်တယ်! "

‎

‎

‎မရေမတွက်နိုင်သော လူများသည် ရင်ဘတ်စည်တီးကာ ခြေဆောင့်နေကြ၍ အင်မော်တယ်တံခါး ပိတ်သွားခြင်းမှာ ကုချန်၏လက်ချက်ဟု ယုံကြည်နေကြ၏။

‎

‎

‎ထိုသို့မဟုတ်ပါက အထက်ကောင်းကင်တားမြစ်နယ်မြေ ဖြတ်သန်းသွားသည်နှင့် အင်မော်တယ်တံခါးက အဘယ်ကြောင့် ရုတ်တရက် ပိတ်သွားရမည်နည်း။ အကြောင်းပြချက် တစ်ခုခု ရှိရမည်။

‎

‎

‎သို့သော် ဤလူများသည် အချက်တစ်ချက်ကို မေ့နေကြတာလော တမင်သက်သက် လျစ်လျူရှုထားကြခြင်းလော။

‎

‎

‎ထိုအချက်မှာ ကုချန်မှ အင်မော်တယ်တံခါးကို ပိတ်နိုင်မှတော့ ဤတစ်ကြိမ် အင်မော်တယ်တံခါး ပွင့်လာခြင်းမှာလည်း သူ၏လက်ချက်သာ ဖြစ်ရမည်ဖြစ်ပြီး သဘာဝအလျောက် ပွင့်လာခြင်း လုံးဝ မဖြစ်နိုင်ဆိုသည့် အချက်ပင်။

‎

‎

‎ထိုသို့ဆိုလျှင် ကုချန်မှ အဘယ်ကြောင့် သူတို့အတွက် ဤတံခါးကို ချန်ထားပေးရမည်နည်း။

‎

‎

‎ကိုယ့်စွမ်းရည်နဲ့ကိုယ် တံခါးကိုဖွင့်၍ ကိုယ့်စွမ်းရည်နဲ့ကိုယ် တံခါးကိုပြန်ပိတ်မည်။ မင်းတို့နှင့် ဘာမျှသက်ဆိုင်ခြင်းမရှိချေ။

‎

‎

‎ရယ်စရာပင်ကောင်းနေသေးသည်။

‎

‎

‎" အင်မော်တယ် တက်လှမ်းမယ်! အင်မော်တယ် တက်လှမ်းမယ်! "

‎

‎

‎လူတိုင်း ရင်ဘတ်စည်တီးကာ ခြေဆောင့်ရင်း ဝေးကွာလှသော အင်မော်တယ်တံခါးကို ကြည့်ကာ သက်ပြင်းချနေကြစဉ်မှာပင် အဆုံးမဲ့ကမ္ဘာ တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေမည့် အက်ရှ၍ ရူးသွပ်နေသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာ၏။

‎

‎

‎လူတိုင်းသည် အသံထွက်ပေါ်လာရာဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်ပိုင်းရှိ အေးစက်တိတ်ဆိတ်နေသော စကြဝဠာကြီးကို ထိုးဖောက်ကာ လမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော ကြယ်များကို ရိုက်ချိုးပြီး ကောင်းကင်ချောက်နက် အက်ကွဲကြောင်းဆီသို့ ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ရူးသွပ်စွာ ပျံသန်းလာသော ထိတ်လန့်ဖွယ် နတ်အလင်းတန်း တစ်ခုကို သူတို့ မြင်လိုက်ရသည်။

‎

‎

‎အဲ့ဒီနတ်အလင်းတန်းက ဘာများလဲ။

‎

‎

‎သေချာ ကြည့်လိုက်သောအခါ ထိုအလင်းတန်းမှာ စကြဝဠာကို ဖြတ်သန်းလာသော ရှေးဟောင်း အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ပါး ဖြစ်နေကြောင်း ထင်ရှားလှသည်။

‎

‎

‎" ရှန်ဧကရာဇ်ပဲ! "

‎

‎

‎ကောင်းကင်တားမြစ်နယ်မြေ အတွင်းမှ ဖီးနစ်ဧကရာဇ်သည်လည်း ကောင်းကင်ချောက်နက်ဆီသို့ လျင်မြန်စွာ နီးကပ်လာသော နတ်အလင်းတန်းကို မြင်လိုက်ရ၍ သူ၏မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

‎

‎

‎ရောက်လာသူကို သူ မှတ်မိသည်။ တစ်ချိန်က တားမြစ်နယ်မြေများ၏ အမြင့်မြတ်ဆုံး တည်ရှိမှုများထဲမှ တစ်ပါးဖြစ်သော ရှန်ဧကရာဇ်ပင် ဖြစ်လေသည်။

‎

‎

‎အတိတ်က ကောင်းကင်ချောက်နက်ကို စိန်ခေါ်၍ အင်မော်တယ် တက်လှမ်းရန် ကျရှုံးခဲ့ကြချိန်တွင် အမြင့်မြတ်ဆုံး တည်ရှိမှု ငါးပါးစလုံး ကောင်းကင်တားမြစ်နယ်မြေသို့ ဝင်ရောက်ခဲ့ကြသည်။ သူနှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့သည်သာ လျင်မြန်ဖြတ်လတ်စွာဖြင့် ကုချန်ထံသို့ အရင်ဆုံး သစ္စာခံခဲ့ကြ၏။

‎

‎

‎ကျန်ရှိသော အမြင့်မြတ်ဆုံး တည်ရှိမှု သုံးပါးမှာမူ ကုချန်၏နှင်ထုတ်ခြင်းကို ခံခဲ့ရကာ သူတို့၏ သဲလွန်စများ ပျောက်ကွယ်သွားခဲ့သည်။

‎

‎

‎ရှန်ဧကရာဇ်သည် ထိုအမြင့်မြတ်ဆုံး တည်ရှိမှု သုံးပါးထဲမှ တစ်ပါး ဖြစ်လေသည်။

‎

‎

‎ထိုအမြင့်မြတ်ဆုံး တည်ရှိမှု သုံးပါး အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထွက်သွားသည့် နေ့မှစ၍ သူတို့နှင့် ပတ်သက်သည့် မည်သည့်သတင်း အချက်အလက်ကိုမျှ ဖီးနစ်ဧကရာဇ် မရရှိခဲ့တော့ချေ။

‎

‎

‎ယနေ့ အင်မော်တယ်တံခါး ပွင့်လာသည့် အချိန်လေးမှာပင် ရှန်ဧကရာဇ်ကို နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

‎

‎

‎မိတ်ဟောင်းဆွေဟောင်း တစ်ယောက်ကို ပြန်တွေ့ရချိန်တွင် ဖီးနစ်ဧကရာဇ်၏ ခံစားချက်များမှာ ရှုပ်ထွေးနေ၏။

‎

‎

‎ယခုအခါ သူသည် ဘာမှလုပ်စရာမလိုဘဲ အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်း တိတ်ဆိတ်စွာ နေထိုင်ကာ အင်မော်တယ်အဖြစ် တက်လှမ်းမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရန် လိုအပ်တော့သည်။

‎

‎

‎ရှန်ဧကရာဇ်မှာမူ အလွန် အရှက်ရဖွယ် အခြေအနေဖြင့် ဤနေရာသို့ အပြေးအလွှား ရောက်လာခဲ့ရပြီး ဤဖြစ်နိုင်ချေ နည်းပါးလှသော အင်မော်တယ် တက်လှမ်းမည့် အခွင့်အရေးကို ဆုပ်ကိုင်ရန် လိုအပ်နေဆဲ ဖြစ်သည်။

‎

‎

‎ဤကွာခြားချက်များ အားလုံးသည် ထိုစဉ်က သူတို့နှစ်ဦး ပြုလုပ်ခဲ့သော ကွဲပြားသည့် ရွေးချယ်မှုများကြောင့်သာ ဖြစ်လေသည်။

‎

‎

‎ဖီးနစ်ဧကရာဇ်မှ ရှန်ဧကရာဇ်ကို မြင်ချိန်တွင် ရှန်ဧကရာဇ်ကလည်း ဖီးနစ်ဧကရာဇ်ကို မြင်လိုက်၏။

‎

‎

‎သို့သော် သူ့တွင် ဤကဲ့သို့သော ခံစားချက်များအတွက် အချိန်မရှိတော့ပေ။ သူ၏အကြည့်များသည် ဖြည်းညင်းစွာ ပိတ်လာနေသော အင်မော်တယ်တံခါးပေါ်တွင်သာ စူးစိုက်နေကာ သူ၏မျက်လုံးများထဲတွင် အင်မော်တယ် တက်လှမ်းလိုသော ပြင်းပြသည့် ဆန္ဒများ ပြည့်နှက်နေလေသည်။

‎

‎

‎သူသည် အင်မော်တယ် တက်လှမ်းရန် အမှန်တကယ်ကို အလွန်အမင်း တောင့်တနေခဲ့သည်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထွက်ခွာလာပြီးနောက် သူနှင့် ရွှမ်ဧကရာဇ်တို့ အပါအဝင် အခြားသူများသည် ဟွမ်သွမ့်ပင်လယ်ထဲသို့ စွန့်စားဝင်ရောက်ကာ အင်မော်တယ် တက်လှမ်းရန် အခွင့်အရေးများနှင့် သက်တမ်းရှည်စေမည့် နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။

‎

‎

‎သို့သော် နောက်ဆုံး ရလဒ်မှာ အခြား အမြင့်မြတ်ဆုံး တည်ရှိမှု နှစ်ပါးသည် သူတို့၏ စွန့်စားမှုများအတွင်း သေဆုံးသွားခဲ့ကြ၍ သူတစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့၏။ သို့သော် သူ၏သက်တမ်းမှာလည်း ခမ်းခြောက်နေပြီဖြစ်ရာ နောက်ထပ် အသက်ရှင်ရန် နှစ်အနည်းငယ်သာ ကျန်တော့သည်။

‎

‎

‎သူ၏သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်၍ နောက်ထပ် အခွင့်အရေး မရှိတော့သည်ကို မြင်သောအခါ ရှန်ဧကရာဇ်သည် စိတ်ဓာတ်ကျသွားကာ ဟွမ်သွမ့်ပင်လယ်ထဲတွင် မသေချင်သဖြင့် အဆုံးမဲ့ကမ္ဘာသို့ ပြန်လာခဲ့သည်။

‎

‎

‎မမျှော်လင့်ဘဲ အဆုံးမဲ့ကမ္ဘာသို့ သူ ပြန်ရောက်လာချိန်မှာပင် ကောင်းကင်ချောက်နက် ဆုတ်ပြဲသွားခြင်းနှင့် အင်မော်တယ်တံခါး ပွင့်လာခြင်းတို့ကို သူ ခံစားသိရှိလိုက်ရသဖြင့် ရူးရူးမူးမူး ပြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သူ၏ မျှော်လင့်ချက်မဲ့နေသော ရင်ထဲတွင် ရှင်သန်လိုစိတ်များ ပြန်လည် နိုးထလာခဲ့သည်။

‎

‎

‎ထိုအင်မော်တယ်တံခါးကို ဖြတ်ကျော်၍ အင်မော်တယ်နယ်မြေသို့ အောင်မြင်စွာ တက်လှမ်းနိုင်ပါက သူ၏ ခမ်းခြောက်နေသော သက်တမ်းသည် ပြန်လည်ပြည့်ဖြိုးလာမည်ဖြစ်ရာ နောက်ထပ် ဘဝတစ်ခု ရှင်သန်ရသကဲ့သို့ပင်။

‎

‎

‎သေဘေးမှ လွတ်မြောက်မည့် ဤကဲ့သို့သော အခွင့်အရေးကြီး မျက်စိရှေ့တွင် ရှိနေချိန်၌ ရှန်ဧကရာဇ် မည်သို့ အလွန်အမင်း စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

‎

‎

‎" အင်မော်တယ်တံခါး ပွင့်နေပြီ! ကောင်းကင်ချောက်ကမ်းပါးလောက် အခက်အခဲလေးက ငါ့ကို မတားဆီးနိုင်ပါဘူး "

‎

‎

‎ရှန်ဧကရာဇ်မှာ လုံးဝ ရူးသွပ်သွားတော့၏။ သူ ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် သူ၏ ကျန်ရှိနေသေးသော သက်တမ်း အနည်းငယ်ကို ချက်ချင်း လောင်ကျွမ်းစေလိုက်ကာ အင်မော်တယ်တံခါးထဲသို့ တစ်ရှိန်ထိုး ဝင်ရောက်ရန် ရည်ရွယ်လိုက်၏။

‎

‎

‎ယခင်က အင်မော်တယ်တံခါးကို စိန်ခေါ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သော အမြင့်မြတ်ဆုံး တည်ရှိမှု ငါးပါးထဲမှ တစ်ပါးအနေဖြင့် ရှန်ဧကရာဇ်၏ စွမ်းအားမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။

‎

‎

‎ထို့အပြင် ယခင်က ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ဖူးသည့် အတွေ့အကြုံရှိသဖြင့် ဤတစ်ကြိမ် ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ရာတွင် ရှန်ဧကရာဇ်သည် ပိုမို ကျွမ်းကျင်နေကာ ကောင်းကင်ချောက်နက် အတွင်းရှိ ဘေးအန္တရာယ် အမျိုးမျိုးကို ရှောင်ရှား၍ ကောင်းကင်ချောက်နက် အဆုံးရှိ အင်မော်တယ်တံခါးဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားလေသည်။

‎

‎

‎ဤတစ်ကြိမ်တွင် သူသည် နတ်ဘုရားများ ကူညီနေသည့်အလား အန္တရာယ်များစွာကို သီသီလေး ရှောင်လွှဲနိုင်ခဲ့ရုံသာမက အင်မော်တယ်တံခါး မပိတ်မီ နောက်ဆုံး အချိန်လေးမှာပင် အင်မော်တယ်တံခါးရှေ့သို့ ရောက်ရှိသွားခဲ့သည်။

‎

‎

‎" ဟားဟားဟား! ငါအရှင် နောက်ဆုံးတော့ အင်မော်တယ် တက်လှမ်းနိုင်တော့မယ်! "

‎

‎

‎ရှန်ဧကရာဇ်မှာ အလွန် ဝမ်းသာလုံးဆို့နေ၏။ အများကြီး မစဉ်းစားတော့ဘဲ အင်မော်တယ်တံခါး၏ ကျန်ရှိနေသေးသော အဟဆီသို့ ချက်ချင်း ပျံသန်းသွားတော့သည်။

‎

‎

‎သို့သော် သူ မမျှော်လင့်ထားသောအရာတစ်ခု ဖြစ်လာခဲ့သည်။

‎

‎

‎သူ အင်မော်တယ်တံခါးထဲသို့ ဝင်ရောက်တော့မည့် မျက်စိတစ်မှိတ်စာ အချိန်လေးမတိုင်မီမှာပင် အင်မော်တယ်တံခါး၏ အဟထဲမှ အမြင့်မြတ်ဆုံး စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်ထံ မရောက်မီမှာပင် သူ၏ ရုပ်ခန္ဓာကို ရိုက်ချိုးပစ်လိုက်ကာ သူ၏နတ်ဝိညာဉ်ကိုပါ ချေမွပစ်လိုက်လေသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် အေးစက်သော အသံတစ်သံ ပဲ့တင်ထပ်လာ၏။

‎

‎

‎" မင်းက ဘာမို့လို့ ငါကိုယ်တော်နဲ့အတူ အင်မော်တယ်နယ်မြေကို လိုက်ပါချင်နေတာလဲ "

‎

‎အခန်း ( ၄၄၄ ) - ငါဆုံးဖြတ်တာပဲ အတည်ဖြစ်ရမယ်၊ နောက်ဆုံးတော့ အင်မော်တယ်နယ်မြေသို့ ဝင်ရောက်လာပြီ၊ အချိန်ကောင်းကို စောင့်ဆိုင်းခြင်း

‎

‎

‎

‎ရှန်ဧကရာဇ် အင်မော်တယ်တံခါးထဲသို့ ဝင်ရောက်မည့်အရေးကို တားဆီးခဲ့သူမှာ ကုချန် ဖြစ်လေသည်။

‎

‎

‎ယခင်က ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်လာသော ထိုပုရွက်ဆိတ်များကို သူ အရေးမစိုက်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုပုရွက်ဆိတ်များသည် အင်မော်တယ်တံခါးနားသို့ပင် ကပ်နိုင်ရန် အခွင့်အရေး မရှိကြောင်း ကုချန် သိထားသဖြင့် သူတို့ကို ဂရုစိုက်နေရန် မလိုအပ်သောကြောင့် ဖြစ်သည်။

‎

‎

‎သို့သော် ဤရှန်ဧကရာဇ်ကတော့ ကွာခြားလေသည်။ ကောင်းကင်ချောက်နက်အတွင်းရှိ မရေမတွက်နိုင်သော ဘေးအန္တရာယ်များသည် သူ့ကို အင်မော်တယ်တံခါးဆီသို့ ရောက်ရှိရန် မတားဆီးနိုင်ခဲ့ပေ။

‎

‎

‎အကယ်၍ မတော်တဆမှုများသာ မရှိခဲ့ပါက ဤရှန်ဧကရာဇ်သည် ပိတ်မသွားသေးသော အင်မော်တယ်တံခါးမှတစ်ဆင့် အင်မော်တယ်နယ်မြေသို့ ချောမွေ့စွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။

‎

‎

‎သို့သော် ကုချန်သည် ထိုမျှ သဘောထားကြီးသူ မဟုတ်ချေ။

‎

‎

‎အင်မော်တယ်တံခါးကို ဖွင့်ရန် သူ များစွာ ကြိုးစားအားထုတ်ခဲ့ရ၏။

‎

‎

‎ဒီရှန်ဧကရာဇ် ဘာမို့လို့လဲ။ သူက ဤအင်မော်တယ်တံခါးကို ဖြတ်သန်းဖို့ ထိုက်တန်လို့လား။ စွမ်းရည်ရှိရင် သူဘာသာသူ တစ်ပေါက် ဖောက်ဝင်ပါလား။

‎

‎

‎ရှန်ဧကရာဇ်၏ ပြိုကွဲသွားသော ခန္ဓာကိုယ်ကို ကြည့်နေသည့် ကုချန်၏ မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မျှ မပေါ်လာခဲ့ချေ။

‎

‎

‎သူ တစ်ခုခု မှားယွင်းလုပ်ဆောင်မိသည်ဟု လုံးဝ မခံစားရပေ။

‎

‎

‎အင်မော်တယ်တံခါးကို သူ ဖွင့်ခဲ့သည်ဆိုမှတော့ ဘယ်သူ အင်မော်တယ် တက်လှမ်းနိုင်မလဲဆိုသည်ကို သူကသာ ဆုံးဖြတ်ရမည်။

‎

‎

‎" ဟင့်အင်း! "

‎

‎

‎အင်မော်တယ်တံခါးရှေ့တွင် သနားစရာကောင်းလှသော အော်ဟစ်သံတစ်ခု ကောင်းကင်နှင့်မြေကြီးကို ပဲ့တင်ထပ်သွားစေ၏။

‎

‎

‎ထိုအသံမှာ ရှန်ဧကရာဇ်၏ အော်ဟစ်သံပင် ဖြစ်သည်။ ကုချန်သည် အကြည့်တစ်ချက်သာ ပို့လွှတ်လိုက်၍ စွမ်းအား အနည်းငယ်လေးသာ ပေါက်ကြားခွင့်ပြုခဲ့သော်လည်း အထွတ်အထိပ် အခြေအနေတွင်ရှိသော ရှန်ဧကရာဇ်ပင်လျှင် ဤမျှ ကြီးမားလှသော စွမ်းအားကို မခံနိုင်ရာ အသက်ငင်နေပြီဖြစ်သော သူ့အတွက်ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

‎

‎

‎ရှန်ဧကရာဇ်၏ သနားစရာ အော်ဟစ်သံတွင် မကျေချမ်းမှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေလေသည်။

‎

‎

‎သူ အင်မော်တယ် တက်လှမ်းချင်၏။ ဤကဲ့သို့ သူ မသေဆုံးချင်ပေ။

‎

‎

‎လောကတွင် အကြီးမားဆုံးသော ရက်စက်မှုဆိုသည်မှာ အင်မော်တယ် တက်လှမ်းရန် အခွင့်အရေးကြီး မျက်စိရှေ့တွင် လက်တစ်ကမ်းအလို၌ ရှိနေလျက်နှင့် ခြေတစ်လှမ်းသာ လိုတော့သည့်အချိန်တွင် ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ အရှင်သခင်... မင်း အရမ်း ရက်စက်တာပဲ။

‎

‎

‎ရှန်ဧကရာဇ်၏ ရင်ထဲတွင် အဆိပ်ပြင်းသော မုန်းတီးမှုများ ပြည့်နှက်နေ၏။ အထက်ကောင်းကင်တားမြစ်နယ်မြေ အရှင်သခင်၏ အဟန့်အတားသာ မရှိခဲ့ပါက ယခုအချိန်တွင် သူ အင်မော်တယ် တက်လှမ်းနိုင်လောက်ပြီ ဖြစ်သည်။

‎

‎

‎သို့သော် သူ၏ရင်ထဲတွင် မည်မျှပင် တွေးတောနေပါစေ အချည်းနှီးသာ ဖြစ်၏။ သူ၏ ရုပ်ခန္ဓာ ပြိုကွဲသွား၍ နတ်ဝိညာဉ်ပါ ပျက်စီးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ သေဆုံးချိန် ရောက်ရှိလာတော့သည်။

‎

‎

‎သူ မသေဆုံးမီ ရှန်ဧကရာဇ်၏ အကြည့်သည် အင်မော်တယ်တံခါးဆီသို့ အလိုအလျောက် ရောက်သွားလေသည်။

‎

‎

‎ကောင်းကင်နှင့်မြေကြီးကို ဆက်စပ်ထားသော ထိုခမ်းနားကြီးကျယ်သည့် အင်မော်တယ်တံခါးကြီး ပိတ်တော့မည်ကို သူ မြင်လိုက်ရ၏။

‎

‎

‎ထို့အပြင် ကောင်းကင်တားမြစ်နယ်မြေအတွင်း၌ ရှုပ်ထွေးသော အမူအရာဖြင့် ရပ်နေသည့် ဖီးနစ်ဧကရာဇ်ကိုလည်း သူ မြင်လိုက်ရသည်။

‎

‎

‎ဤအခိုက်အတန့်တွင် သူ၏ရင်ထဲ၌ နက်ရှိုင်းသော နောင်တတရားများ နောက်ဆုံးတွင် ဖြစ်ပေါ်လာတော့၏။

‎

‎

‎အကယ်၍ ထိုစဉ်က ဖီးနစ်ဧကရာဇ်ကဲ့သို့ သူ ပြတ်သားခဲ့မည်ဆိုပါက အမြင့်မြတ်ဆုံး ဆိုသော ဂုဏ်သိက္ခာကို ဘေးဖယ်ထား၍ ဤအထက်ကောင်းကင်တားမြစ်နယ်မြေ အရှင်သခင်ထံ ရဲဝံ့ပြတ်သားစွာ သစ္စာခံခဲ့မည်ဆိုပါက ယခုအချိန်တွင် သူသည်လည်း အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်း ရပ်တည်ကာ အားစိုက်ထုတ်စရာမလိုဘဲ အင်မော်တယ် တက်လှမ်းနိုင်မည် မဟုတ်လော။

‎

‎

‎ထိုစဉ်က ထိုသို့ မလုပ်ခဲ့မိသည်ကို သူ တကယ် နောင်တရနေမိသည်။

‎

‎

‎ရှန်ဧကရာဇ်၏ ရင်ထဲတွင် ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေသော်လည်း ဤလောကတွင် နောင်တရဆေးဆိုသည်မှာ မရှိချေ။

‎

‎

‎အင်မော်တယ်တံခါး လုံးဝ ပိတ်သွားသည်ကိုသာ သူ ငေးကြည့်နေနိုင်၍ သူ၏အသိစိတ်သည်လည်း အဆုံးမဲ့ မှောင်မိုက်မှုထဲသို့ နစ်မြုပ်သွားတော့သည်။

‎

‎

‎" ဘုန်း! "

‎

‎

‎ရှန်ဧကရာဇ် သေဆုံးသွား၏။ သူ၏ ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ် လုံးဝ ပေါက်ကွဲထွက်သွားကာ ကြီးမားလှသော ရိုက်ခတ်မှု လှိုင်းလုံးကြီးများသည် သမုဒ္ဒရာလှိုင်းတံပိုးများကဲ့သို့ ကောင်းကင်ချောက်နက် အပြင်ဘက်သို့ ရိုက်ခတ်သွားလေသည်။

‎

‎

‎သူတော်စင်အဆင့် တည်ရှိမှု အများအပြားသည် ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြသော်လည်း အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ပါး တာအိုအသွင်ပြောင်း သေဆုံးသွားသည့် ရိုက်ခတ်မှုကို သူတို့ လုံးဝ မလွတ်မြောက်နိုင်ခဲ့ချေ။ ရိုက်ခတ်မှု လှိုင်းလုံးကြီးထဲတွင် တိုက်ရိုက် ဝါးမျိုခံလိုက်ရကာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

‎

‎

‎သူတော်စင်အဆင့်အောက် စွမ်းအားရှင်ဆိုသူများအတွက်မူ သူတို့၏ ကံကြမ္မာမှာ ပို၍ပင် ဆိုးရွားလှ၏။ ရိုက်ခတ်မှု လှိုင်းလုံးကြီးများ အနီးသို့ မရောက်မီမှာပင် သူတို့အတွင်းရှိ ချီနှင့် သွေးများ ဆူပွက်လာကာ သွေးမြူတိမ်တိုက်များအဖြစ် ပေါက်ကွဲထွက်သွားကြလေသည်။

‎

‎

‎နောက်ပိုင်းတွင် ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ခဲ့ကြသူများထဲမှ ကံကောင်းသူ အနည်းငယ်သာ တုန်လှုပ်ချောက်ချားစွာဖြင့် အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခဲ့ကြသည်။

‎

‎

‎တင်းကြပ်စွာ ပိတ်သွားသော အင်မော်တယ်တံခါးကြီးကို ကြည့်ရင်း သေဘေးမှ လွတ်မြောက်လာကြသော ' ကံကောင်းသူများ ' ၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။

‎

‎

‎ထိုအရာမှာ ဤအင်မော်တယ်တံခါးကြီး ပိတ်သွားခြင်းနှင့်အတူ အဆုံးမဲ့ကမ္ဘာရှိ သက်ရှိအားလုံးအတွက် နောက်ဆုံး အင်မော်တယ် တက်လှမ်းမည့် အခွင့်အရေးသည်လည်း အဆုံးသတ်သွားပြီ ဖြစ်ကြောင်းပင်။

‎

‎

‎ထိုအချိန်မှစ၍ ကျယ်ပြောလှသော အဆုံးမဲ့ကမ္ဘာတွင် မည်သူကမျှ တာအိုကိုရရှိ၍ အင်မော်တယ် တက်လှမ်းနိုင်တော့မည် မဟုတ်ဟု စိုးရိမ်မိသွားကြလေသည်။

‎

‎

‎" ထူးဆန်းလိုက်တာ... ငါက ဘာလို့ ဒီလိုမျိုး တွေးမိနေရတာလဲ... ငါတို့ရဲ့ ကြီးမြတ်တဲ့ လူသားမျိုးနွယ်က အထက်ကောင်းကင်တားမြစ်နယ်မြေ အရှင်သခင် တစ်ပါးကို မွေးဖွားပေးနိုင်မှတော့ နောက်ထပ် တစ်ပါးကိုလည်း မွေးဖွားပေးနိုင်မှာပေါ့... အဲဒီအချိန်ကျရင် အင်မော်တယ် တက်လှမ်းဖို့ အခွင့်အရေး ရှိလာမှာပါ! "

‎

‎

‎တစ်စုံတစ်ယောက်မှ ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်၏။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ အရှင်သခင်က စွမ်းအားကြီးတာ မှန်ပေမယ့် သူလည်း အဆုံးမဲ့ကမ္ဘာမှာ မွေးဖွားလာတဲ့ သက်ရှိတစ်ဦးပဲ မဟုတ်ဘူးလား။

‎

‎

‎ဒီလို သာဓကမျိုး ရှိနေပြီဆိုမှတော့ အထက်ကောင်းကင်တားမြစ်နယ်မြေ အရှင်သခင်ထက် မနိမ့်ကျတဲ့ ဒုတိယမြောက် တည်ရှိမှုတစ်ခု သေချာပေါက် မွေးဖွားလာမှာပဲ။

‎

‎

‎... ... ... ...

‎

‎

‎" အင်မော်တယ် တက်လှမ်းပြီ! "

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေသည် အင်မော်တယ်တံခါးကို ဖြတ်ကျော်ကာ အင်မော်တယ်နယ်မြေသို့ အမှန်တကယ် ဝင်ရောက်လာသောအခါ အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ လူတိုင်းသည် အရပ်မျက်နှာအနှံ့မှ စီးဝင်လာသော ကျယ်ပြော၍ မြင့်မြတ်သည့် အင်မော်တယ်ချီများကို ချက်ချင်း ခံစားလိုက်ရသဖြင့် သာယာယစ်မူးစွာ မျက်လုံးများကို မှိတ်ထားလိုက်ကြ၏။

‎

‎

‎သူတို့သည် ဤအင်မော်တယ်ချီများနှင့် မစိမ်းကြချေ။ ယခင်က ဘိုးဘေး၏ တာအိုအသွင်ပြောင်း ကောင်းကင်ရေကန်တွင် ကျင့်ကြံခဲ့စဉ်က ကုမိသားစု တပည့်များသည် ဤအင်မော်တယ်ချီများဖြင့် စိမ်ခဲ့ရပြီး ဖြစ်သည်။

‎

‎

‎သို့သော် ထိုတာအိုအသွင်ပြောင်း ကောင်းကင်ရေကန်ရှိ အင်မော်တယ်ချီများသည် အင်မော်တယ်နယ်မြေ ကောင်းကင်နှင့်မြေကြီးရှိ ပိုမို ခမ်းနား‌၍ ကျယ်ပြောလှသော အင်မော်တယ်ချီများနှင့် မယှဉ်သာချေ။

‎

‎

‎ထိုမျှမက အင်မော်တယ်နယ်မြေသို့ ရုတ်တရက် ရောက်ရှိလာချိန်တွင် လူတိုင်းသည် သူတို့၏ ' နားများနှင့် မျက်လုံးများ ပိုမို ရှင်းလင်းလာ ' သကဲ့သို့ပင် ခံစားလိုက်ရလေသည်။

‎

‎

‎ကောင်းကင်နှင့်မြေကြီးကြားရှိ အဆုံးမဲ့ တာအိုများအပေါ် သူတို့၏ ခံစားသိရှိနိုင်စွမ်းမှာလည်း ယခင်ကထက် အတိုင်းအဆမရှိ ပိုမို ရှင်းလင်းလာခဲ့သည်။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် ကုမိသားစု တပည့် အများအပြား၏ အတွင်းပိုင်းချီများသည် အလိုအလျောက် ပေါက်ကွဲထွက်လာပြီး ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တဖြည်းဖြည်း တက်လှမ်းသွားကြ၏။

‎

‎

‎အင်မော်တယ်နယ်မြေသို့ ဝင်ရောက်လာခြင်းကြောင့် သူတို့အားလုံးသည် မူလ အတားအဆီးများကို ဖောက်ထွက်ကာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားကြခြင်း ဖြစ်သည်။

‎

‎

‎" အင်မော်တယ်နယ်မြေ... နောက်ဆုံးတော့ ငါ ပြန်ရောက်လာပြီ "

‎

‎

‎ကောင်းကင်နှင့်မြေကြီး၏ ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်များကို ခံစားရရင်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အမူအရာမှာ အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။

‎

‎

‎သူသည် တစ်ချိန်က အင်မော်တယ်နယ်မြေမှ အောက်ကမ္ဘာသို့ ဆင်းသက်လာခဲ့သူ ဖြစ်သော်လည်း ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာခြင်းက သူ၏ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေဆဲပင်။

‎

‎

‎သူနှင့် နှိုင်းယှဉ်လျှင် အထက်ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးတွင် စိတ်အလှုပ်ရှားဆုံး လူမှာ ဖီးနစ်ဧကရာဇ် ဖြစ်လေသည်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေထဲတွင် အင်မော်တယ်နယ်မြေသို့ ဝင်ရောက်လာခြင်းအပေါ် မည်သူမှ ဤမျှ စိတ်လှုပ်ရှားနေသနည်းဆိုလျှင် ဖီးနစ်ဧကရာဇ်မှလွဲ၍ တခြားသူ မဖြစ်နိုင်ချေ။

‎

‎

‎မည်သို့ပင်ဆိုစေ သူသည် ကောင်းကင်ဘုံသို့ တက်လှမ်းကာ အင်မော်တယ်ဖြစ်လာရန် နှစ်သန်းပေါင်းများစွာ စောင့်မျှော်နေခဲ့ရ၏။

‎

‎

‎နှစ်သန်းပေါင်းများစွာ အပူတပြင်း စောင့်မျှော်ခဲ့ပြီးနောက် နောက်ဆုံးတွင် သူ ဆန္ဒပြည့်ဝမည့်နေ့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ဖီးနစ်ဧကရာဇ် မည်သို့ အလွန်အမင်း စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

‎

‎

‎သူနှင့် နှိုင်းယှဉ်လျှင် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းသည်လည်း အလွန် စိတ်လှုပ်ရှားနေသော်လည်း သူ၏စိတ်လှုပ်ရှားမှုမှာ ဖီးနစ်ဧကရာဇ်လောက် မပြင်းထန်ကြောင်း ထင်ရှားလှသည်။

‎

‎

‎သူသည် လွန်ခဲ့သော နှစ်တစ်သိန်းကျော်လေးကမှ တာအိုကို ရရှိခဲ့သူဖြစ်ရာ အင်မော်တယ် တက်လှမ်းလိုသော သူ၏ စွဲလမ်းမှုမှာ ဖီးနစ်ဧကရာဇ်ကဲ့သို့ ရှေးဟောင်း တည်ရှိမှု တစ်ပါးလောက် မနက်ရှိုင်းသည်မှာ သဘာဝပင်ဖြစ်သည်။

‎

‎

‎" အဲ့ဒီအချိန်က အရှင်သခင့်ထံမှာ သစ္စာခံဖို့ ပြတ်သားမှုရှိခဲ့လို့ တော်သေးတာပေါ့ "

‎

‎

‎ဖီးနစ်ဧကရာဇ်၏ရင်ထဲတွင် တိတ်တဆိတ် ဝမ်းမြောက်နေမိ၏။ သူ၏စိတ်ထဲတွင် အင်မော်တယ် တက်လှမ်းရန် ကျရှုံးခဲ့သော ရှန်ဧကရာဇ်၏ မျှော်လင့်ချက်မဲ့နေသည့် မြင်ကွင်းက ဖြတ်ပြေးနေဆဲပင်။

‎

‎

‎အကယ်၍ ထိုစဉ်က အရှင်သခင်ထံ သစ္စာခံရန် လုံလောက်သော ပြတ်သားမှုသာ မရှိခဲ့ပါက သူ၏ကံကြမ္မာသည်လည်း တာအိုရောင်းရင်း ရှန်ဧကရာဇ်နှင့် အတူတူပင် ဖြစ်သွားမည် မဟုတ်လော။

‎

‎

‎တကယ်ကို အချိန်အခါနဲ့ ကံကြမ္မာဆိုတာပဲ!

‎

‎

‎" ငါ အင်မော်တယ် တက်လှမ်းနိုင်ခဲ့ပြီဆိုပေမယ့် ငါ့ရဲ့ သွေးသားမျိုးဆက်တွေက အဆုံးမဲ့ကမ္ဘာမှာ ကျန်ရစ်နေခဲ့သေးတယ်... ဒါပေမယ့် ဒီအတွက် စိတ်ပူစရာ မလိုပါဘူး ငါ မထွက်ခွာခင်မှာ လုပ်ခဲ့တဲ့ အစီအစဉ်တွေအရ အနာဂတ်မှာ သူတို့ အင်မော်တယ်နယ်မြေကို ဝင်ရောက်လာဖို့ဆိုတာ အချိန်ကိစ္စလေးတစ်ခုပါပဲ "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် တိတ်တဆိတ် တွေးတောလိုက်၏။

‎

‎

‎သူသည် အထက်ကောင်းကင်တားမြစ်နယ်မြေနှင့်အတူ အင်မော်တယ်နယ်မြေသို့ တက်လှမ်းလာခဲ့သော်လည်း ဖီးနစ်နားခိုရာတောင်ကုန်းမှ မျိုးဆက်များသည် အဆုံးမဲ့ကမ္ဘာတွင် ကျန်ရစ်နေခဲ့သေးသည်။

‎

‎

‎မည်သို့ပင်ဆိုစေ ဖီးနစ်ဧကရာဇ်သည် ကုချန်၏ အစေခံမျှသာ ဖြစ်ရာ သူ၏ ကိုယ်ပိုင် မျိုးနွယ်စုဝင်များကို သူနှင့်အတူ အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်လာရန် မမျှော်လင့်ရဲချေ။

‎

‎

‎သို့သော် သူ မထွက်ခွာမီ ကုချန်ထံမှ ' ကျေးဇူးတော် ' တစ်ခုကို သူ တောင်းဆိုခဲ့လေသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကုမိသားစုရွာမှ ကုမိသားစု မျိုးဆက်အချို့သည် ကောင်းကင်တားမြစ်နယ်မြေနှင့်အတူ မလိုက်ပါဘဲ နေရစ်ခဲ့ရန် ရွေးချယ်ခဲ့သောကြောင့် ဖီးနစ်ဧကရာဇ်သည် ကုမိသားစုရွာကို ကာကွယ်စောင့်ရှောက်ရန် ဖီးနစ်နားခိုရာတောင်ကုန်းက အပြည့်အဝ တာဝန်ယူမည်ဟု ကိုယ်တိုင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဖီးနစ်ဧကရာဇ်မှ ရှင်းလင်းလွန်းစွာ သိထား၏။

‎

‎

‎ကုမိသားစုရွာ ရှိနေသရွေ့ အထက်ကောင်းကင်တားမြစ်နယ်မြေနှင့် အောက်ကမ္ဘာကြားရှိ ဆက်ဆံရေးသည် အမှန်တကယ် ပြတ်တောက်သွားမည် မဟုတ်ချေ။

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းမှ ကုမိသားစုရွာကို သေချာ ကာကွယ်စောင့်ရှောက်၍ သင့်တော်သော အချိန်အခါကို စောင့်ဆိုင်းနေနိုင်လျှင် အနာဂတ်တွင် ကောင်းကင်ဘုံသို့ တက်လှမ်းကာ အင်မော်တယ်ဖြစ်လာရန် အခွင့်အရေးတစ်ခု ရရှိကောင်း ရရှိလာနိုင်လေသည်။

‎

All Chapters