အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
အခန်း ၉၁
သခင်မကြီး မိုမှ ဆက်လက်၍ မေးလိုက်လေသည်။
“မို သား ငွေပြတ်နေပြန်ပြီလား”
မိုချီရှန်သည် အလုပ်အကိုင် မရှိသူဖြစ်သဖြင့် သခင်မကြီး မိုမှ သူ ငွေကြေး အခက်အခဲ ဖြစ်နေမည်အား အမြဲစိုးရိမ် နေတတ်လေသည်။
“မဟုတ်ပါဘူး အမေကလည်း ကျွန်တော့်မှာ ငွေရှိပါတယ် စိုးရိမ်မနေပါနဲ့”
ဟု မိုချီရှန်မှ ပြန်ပြောသော်လည်း သခင်မကြီး မိုမှာမူ ထပ်ပြောလိုက်လေသည်။
“ဒီမှာ တခြားသူ မရှိပါဘူးကွယ် ရှက်မနေစမ်းပါနဲ့ ဒီကတ်ကို ယူထားလိုက် ငွေကုန်ရင် ငါ ထပ်ပေးမယ်”
မိုချီရှန်သည် မတတ်သာသည့်အဆုံး ငြင်းဆိုနေလိုက်မိသည်။
“အမေ ကျွန်တော့်မှာ တကယ် ငွေရှိပါတယ်ဆို”
လီရှင်းရှင်းမှာမူ ‘အလုပ်အကိုင်လေးတောင် မယ်မယ်ရရ မရှိဘဲနဲ့ ဘယ်က ငွေရှိမှာလဲ’ ဟု စိတ်ထဲမှ ကဲ့ရဲ့နေမိလေသည်။ သူမ၏ အမြင်တွင် မိုချီရှန်မှာ မိဘအပေါ် မျက်နှာပြောင်တိုက် မှီခိုနေသူ ဟုသာ မြင်နေခဲ့ခြင်း ဖြစ်သည်။
သခင်မကြီး မိုမှ မျက်နှာထား တင်းတင်းဖြင့် ပြန်ပြောလိုက်သည်။
“ငါပေးတာကို ယူစမ်း မယူရင် ငါ့ကို အမေလို့ မခေါ်နဲ့တော့ နင့်လို သားမျိုး ငါ အလိုမရှိဘူး”
သခင်မကြီး မို၏ အတင်းအကျပ် ခိုင်းစေမှုကြောင့်သာ မိုချီရှန်မှာ ကတ်အား လက်ခံလိုက်ရလေသည်။ အကယ်၍ သူသာ လက်မခံခဲ့ပါက ဤလူကြီးမင်းမှာ သူ ထမင်းငတ်မည် အအေးမိမည်အား စိုးရိမ်၍ နေနိုင်မည် မဟုတ်မှန်း သူ သိနေသောကြောင့် ဖြစ်ပေသည်။
ဤသည်အား မြင်သောအခါ လီရှင်းရှင်း၏ မျက်ဝန်းထဲတွင် အထင်သေးစိတ်များ ပိုမို၍ နက်ရှိုင်းသွားခဲ့လေသည်။ ဤ မိုမိသားစု၏ ဆဋ္ဌမမြောက်သားမှာ မိခင်ဖြစ်သူ အပေါ် ကပ်ပါးရပ်ပါး လုပ်နေရုံသာမက နေထိုင်စရိတ်ကိုပင် မိဘထံမှ တောင်းခံနေရသေးသည် မဟုတ်ပါလား။ အမှန်တကယ်ပင် စက်ဆုပ်ဖွယ် ကောင်းလှပေသည်။
“ဒါနဲ့ မို ငါနဲ့ ရှင်းရှင်း ဥယျာဉ်ထဲ လမ်းလျှောက်မလို့လေ သားပါ လိုက်ခဲ့မလား”
ဟု သခင်မကြီး မိုမှ ဖိတ်ခေါ်သော်လည်း မိုချီရှန်မှ ငြင်းပယ်ကာ ပြောလိုက်လေသည်။
“မေမေတို့ပဲ သွားကြပါ ကျွန်တော် အပေါ်ထပ်မှာ ခဏလောက် အိပ်လိုက်ဦးမယ်”
သခင်မကြီး မိုမှ ပြန်ပြောလိုက်လေသည်။
“တကယ်လို့ သား မလိုက်ချင်ရင်လည်း အဆင်ပြေပါတယ် ရှင်းရှင်းရေ အဘွားတို့ သွားကြရအောင်”
ထို့နောက် လီရှင်းရှင်းနှင့် သခင်မကြီး မိုတို့သည် ဥယျာဉ်ထဲသို့ လှမ်းထွက် လာခဲ့ကြလေသည်။ ဥယျာဉ် တစ်ခုလုံးမှာ ပန်းများ ဝေေဝဆာဆာ ပွင့်လန်းနေခဲ့ပြီး လေပြေညင်း နှင့်အတူ ပါလာသည့် ပန်းရနံ့များသည် စိတ်အား ကြည်လင် လန်းဆန်းစေပေသည်။ လီရှင်းရှင်းသည် စကားပြော အလွန်တော်သူ လူရည်လည်သူ တစ်ဦး ဖြစ်သဖြင့် ခဏချင်းအတွင်းမှာပင် သခင်မကြီး မိုအား ရယ်မော ပျော်ရွှင်အောင် စွမ်းဆောင်နိုင်ခဲ့လေသည်။
“မိန်းကလေးတွေကတော့ ပိုသိတတ်တာပဲကွယ် လူကြီးကို ဘယ်လို ပျော်အောင် ထားရမလဲဆိုတာ ကောင်းကောင်း သိတယ် ဟို ပိုင်ချွမ်းဆိုတဲ့ ကောင်ကတော့ အမြဲတမ်း မျက်နှာသေနဲ့ သူ အားလပ်ရက် ရတာတောင် ငါ့လို အဘွားအိုကြီးကို အချိန်ပေးဖို့ မစဉ်းစားဘူး”
သခင်မကြီး မိုသည် လီရှင်းရှင်းနှင့် မိုဘိုင်ချွမ်းတို့အား စုလျား ရစ်ပတ်ပေးလိုသည့် ဆန္ဒရှိသဖြင့် မိုဘိုင်ချွမ်း၏ အကြောင်းအား ရံဖန်ရံခါ တမင် ထည့်ပြောတတ်လေသည်။
လီရှင်းရှင်းမှ နူးညံ့စွာဖြင့် ...
“အဘွား ကျွန်မ ရှိနေတာပဲလေ ဒါ့အပြင် အစ်ကိုမိုကလည်း အသက်အရွယ် ရလာပြီဆိုတော့ နောက်နှစ် အနည်းငယ် အတွင်းမှာ အိမ်ထောင် ပြုတော့မှာပါ အဲ့ဒီအခါကျရင် အဘွားကို ပြုစုမယ့် ချွေးမလေးတွေ မြေးလေးတွေ ရလာမှာပေါ့ အဲ့ဒီအခါ အဘွားက ဘွားဘွားကြီး ဖြစ်တော့မှာလေ”
ဟု ပြောလိုက်ရာ သခင်မကြီး မို၏ အပြုံးများမှာ ပိုမို၍ တောက်ပ လာခဲ့လေသည်။ သို့သော် သခင်မကြီး မိုမှ အနည်းငယ် စိတ်တိုဟန်ဖြင့် ပြောလိုက်လေသည်။
“အဲ့ဒီကလေးက ဘယ်တော့များမှ အခြေချမှာလဲ မသိပါဘူး “
လီရှင်းရှင်း၏ မျက်လုံးများ အရောင်တောက်သွားခဲ့ကာ မေးလိုက်လေသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က အစ်ကိုမိုနဲ့ မမလေး ကျိုး ကို တွေ့ပေးဖို့ စီစဉ်ပေးခဲ့တယ် မဟုတ်ဘူးလား မမလေးကျိုးက အရမ်းလှတာတင်မကဘဲ နိုင်ငံခြားမှဦ ပညာသင်ခဲ့တဲ့ သူလို့လည်း ကြားမိတယ် သူတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် တူညီလွန်းလို့ ရုပ်ရည်ကော အရည်ချင်းကော လိုက်ဖက်တဲ့ စုံတွဲလို့တောင် ပြောလို့ရတယ်”
ထိုစကားအား ကြားသောအခါ သခင်မကြီးမိုသည် ဒေါသထွက်လာခဲ့ကာ ပြောလိုက်လေသည်။
“ပြီးခဲ့တဲ့ရက်က ကျိုးမိသားစုက သမီးလေးနဲ့ တွေ့ဖို့ ငါစီစဉ်ပေးတာကို သူက သွားတောင်မတွေ့ဘူးလေ သူတို့ ကော်ဖီဆိုင် တစ်ဆိုင်မှ တွေ့လို့ ရအောင် ငါ စီစဉ်ပေးထားပြီးသား အောင်သွယ်ပေးတဲ့သူကို ငါ ဘယ်လို မျက်နှာပြရမလဲတောင် မသိတော့ပါဘူး အဲ့ကောင်လေး ပြန်လာရင် ငါ့ကို ဖြေရှင်းချက် ပေးကိုပေးရမယ်”
ထိုစကားအား ကြားသောအခါ လီရှင်းရှင်းမှ အံ့ဩ ဟန်ဆောင်ရင်းဖြင့် မေးမြန်းလိုက်လေသည်။
“အို အစ်ကိုမိုက မမလေးကျိုးနဲ့ သွားမတွေ့ဘူးလားဟင်”
သခင်မကြီး မိုမှ ခေါင်းညိတ်ပြရင်း ပြောဆိုလိုက်လေသည်။
“သူ့ရင်ထဲမှာ တစ်ယောက်ယောက် ရှိနေပြီလား မသိပါဘူးကွယ် ရှိနေရင်တောင် ကျိုးမိသားစုက ကလေးမကို ခုလို ချိန်းပြီး မလာဘဲ ပစ်ထားတာမျိုးတော့ မလုပ်သင့်ဘူးလေ”
လီရှင်းရှင်း၏ ရင်ထဲတွင်မူ လှိုက်လှဲ ဝမ်းသာရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ မိုဘိုင်ချွမ်းသည် သူမအပေါ် စိတ်ရှိနေသည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သည်။ သူသည် အမျိုးသား ပီသသည့် မာန်မာနကြောင့် ထုတ်မပြောဘဲ ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း သူမအတွက်ကြောင့်နှင့် ကျိုးယာလန်အား ပစ်ပယ်ခဲ့ခြင်း ဖြစ်မည်ဟု ထင်နေမိခြင်း ဖြစ်သည်။
မိုဘိုင်ချွမ်း လုပ်သမျှသည် သူမ အတွက်သာ ဖြစ်ရပေမည်။ ထိုသို့ တွေးမိလိုက်ချိန်တွင် လီရှင်းရှင်း၏ ရင်ထဲတွင် ပျားရည်များ ပြည့်နေသကဲ့သို့ ချိုမြိန်သွားခဲ့လေသည်။ လီရှင်းရှင်းမှ သူမ၏ ခံစားချက်များအား ဖုံးကွယ်လျှက် ဆက်ပြောလိုက်လေသည်။
“အစ်ကိုမိုရဲ့ ရင်ထဲမှာ ဘယ်သူမှ ရှိလိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး အဘွားရဲ့ စခန်းမှာ အမျိုးသမီး ရဲဘော်တွေ ရှိပေမယ့် သူက ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး မရှိပါဘူး”
ဟု လီရှင်းရှင်းမှ ထပ်လောင်း၍ ပြောလိုက်လေသည်။ စခန်းတွင် မိုဘိုင်ချွမ်းအား ချဉ်းကပ်နိုင်သူမှာ သူမ တစ်ဦးတည်းသာ ရှိသည် မဟုတ်ပါလား။
ထိုသို့ တွေးမိလိုက်ချိန်တွင် လီရှင်းရှင်းသည် ထပ်မံ၍ ရင်ခုန်သွားခဲ့ပြန်လေသည်။ ထိုသည်အား ကြားသော် သခင်မကြီး မိုမှ လီရှင်းရှင်းအား ထူးဆန်းစွာ ကြည့်လိုက်မိလေသည်။
“ထူးဆန်းလိုက်တာ ဘိုင်ချွမ်းရဲ့ စိတ်ထဲမှာ ဘယ်သူမှ မရှိဖူးဆိုရင် သူ ဘာလို့ ကျိုးအိမ်က ကလေးမလေးကို သွားမတွေ့ခဲ့ရတာလဲ
လီရှင်းရှင်းမှ ရီမောလျှက် ပြောလိုက်လေသည်။
“တခြား အကြောင်း တစ်ခုခုကြောင့် ဖြစ်ပါလိမ့်မယ် ဘာပဲ ဖြစ်ဖြစ် ကျွန်မကတော့ အစ်ကိုမို တခြား အမျိုးသမီးတွေနြ့ ပတ်သက်ဆက်ဆံတာမျိုး တစ်ခါမှ မမြင်ဖူးဘူးလေ”
နောက်ဆုံး စကားလုံးများသည် အတော်လေး အရိပ်အမြွက် ဖြစ်သွားစေခဲ့သည်။ သူမသည် တခြား အမျိုးသမီးများ မမြင်ဖူးဘူး ဆိုလျှင်...
သို့သော် လီရှင်းရှင်းမှာမူ ရှိနေခဲ့သည် မဟုတ်ပါလား...
ထိုစကားအား ကြားလိုက်ရချိန်တွင် သခင်မကြီးမိုသည် ချက်ချင်း တုံ့ပြန်လိုက်မိလေသည်။ သူမ၏ မျက်လုံးများသည် တစ်စုံတစ်ခုအား သဘောပေါက်သွားသည့်နှယ် လီရှင်းရှင်းအား ကြည့်လိုက်မိလေသည်။
အခန်း (၉၂)
မှန်ပေသည်။ မိုဘိုင်ချွမ်း၏အနီးတွင် အမြဲလိုလို အရိပ် တကြည့်ကြည့် လိုက်ပါ နေတတ်သူမှာ လီရှင်းရှင်းပင် ဖြစ်လေသည်။ ဤကလေးမလေးသည် သူ၏မြေးအပေါ် စိတ်ဝင်စားနေသည်များ ဖြစ်နေမည်လား။
သခင်မကြီး မို၏ စူးစမ်းနေသည့် အကြည့်များအား သတိပြုမိသွားချိန်တွင် လီရှင်းရှင်း၏ မျက်နှာထက်၌ ပန်းနုရောင်သွေးများ ဖြန်းပက်သွား ပြီးနောက် ရှက်သွေးဖြာစွာဖြင့် မေးလိုက်လေသည်။
"အဘွား ဘာလို့ သမီးကို ဒီလိုကြီး ကြည့်နေရတာလဲ သမီး မျက်နှာမှာ တစ်ခုခု ပေနေလို့လားဟင်"
ထိုသို့ပြောရင်း သူမ၏ ပါးပြင်အား သူမ ဘာသာ စမ်းသပ် ကြည့်လိုက်ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရလေသည်။ သခင်မကြီး မိုမှ သဘောကျစွာ ရယ်မောလိုက်ရင်း ချီးကျူးစကား ဆိုလိုက်လေသည်။
"မဟုတ်ပါဘူးကွယ် မဟုတ်ရပါဘူး အဘွားတို့ရဲ့ ရှင်းရှင်းလေးက လှလွန်းနေလို့ ကြည့်နေမိတာပါ"
"ဟာ အဘွားကလည်း သမီးတောင် ရှက်လာပြီ"
လီရှင်းရှင်း၏ အသံလေးမှာ သိသိသာသာ ပိုမို၍ နူးညံ့ချိုသာသွားတော့သည်။
"ကဲပါ ကဲပါ အဘွား ဘာမှ ထပ်မပြောတော့ဘူးနော်"
လတ်လတ်ဆတ်ဆတ် ပွင့်ဖူးလာသည့် ပန်းကလေးတစ်ပွင့်နှယ် လှပကျော့ရှင်းလှသည့် လီရှင်းရှင်းအား ကြည့်ရင်းဖြင့် သခင်မကြီး မို၏ ခေါင်းထဲ၌ အကြံတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။ အတန်ကြာ တိတ်ဆိတ် သွားပြီးနောက် အဘွားအိုမှ စကားပြန်စလိုက်လေသည်။
"ဒါနဲ့ ရှင်းရှင်း ကျန်းနန်က သမားတော်ကြီးကိစ္စ ဘယ်လိုနေပြီလဲ"
မိုဟူတျယ်၏ အသက်အား ကယ်တင်နိုင်ရန် အတွက် ဤ သမားတော်ကြီး အပေါ်တွင်သာ ပုံအပ်ထားရသည် ဖြစ်ရာ ထိုအကြောင်းအား တွေးမိသည်နှင့် သခင်မကြီး မို၏ မျက်နှာထက်မှ အပြုံးတို့က အနည်းငယ် မှေးမှိန်သွားလေတော့သည်။ ထိုအခါ လီရှင်းရှင်းမှ ဆက်ပြောလိုက်လေသည်။
"အဘွား စိတ်မပူပါနဲ့ သမားတော်ကြီးနဲ့ သမီး ဆက်သွယ်ပြီးပါပြီ လောလောဆယ်တော့ သူ လာဖို့ အချိန်မရသေးလို့ နည်းနည်းလောက် ထပ် စောင့်ပေး ရဦးမယ်လို့ ပြောပါတယ်"
ထပ်စောင့်ရဦးမည် သို့သော် မိုဟူတျယ် အနေဖြင့် အချိန် သိပ်မရတော့မည်အား သူမ စိုးရိမ်နေမိခြင်း ဖြစ်သည်။ သခင်မကြီး မို၏ ရင်တွင်းမှ သောကကို အကဲခတ်မိသည့်အလား လီရှင်းရှင်းမှ ဆက်လက်၍ ရှင်းပြလိုက်လေသည်။
"အဘွား အရမ်းကြီး မစိုးရိမ်ပါနဲ့ သမားတော်ကြီးက အသက်ကယ်ဆေးတချို့ အရင်ဆုံး ပို့ပေးထားမယ်လို့ ကတိပေးထားပါတယ် အခုချိန်မှာ သူက အရေးပေါ် လူနာ တစ်ယောက်ကို ကုသပေးနေရလို့ပါ အဲဒီလူနာ သက်သာသွားတာနဲ့ ဒီကို ချက်ချင်း လာခဲ့ပါ့မယ်တဲ့"
ထိုစကားအား ကြားလိုက်ရမှသာ သခင်မကြီး မိုသည် သက်ပြင်းချနိုင်သွားပြီးနောက် ထပ်မေးလိုက်သည်။
"ရှင်းရှင်း တကယ်ပဲ သမားတော်ကြီးက ဆေးပို့ပေးလိုက်မှာ သေချာရဲ့လားကွယ်"
လီရှင်းရှင်းမှ ပြုံးလိုက်ရင်း ပြန်ဖြေလိုက်လေသည်။
"အဘွားကလည်း ဘာတွေပြောနေတာလဲ သမီးက အဘွားကို လိမ်ပြောပါ့မလား"
"ကောင်းတယ် ကောင်းတယ်"
သခင်မကြီး မိုသည် လီရှင်းရှင်း၏ လက်ကလေးအား ဆုပ်ကိုင်ထားရင်း လှိုက်လှိုက်လှဲလှဲ ဆိုလိုက်လေသည်။
"ရှင်းရှင်းရယ် သမီးကျေးဇူးတွေကို အဘွား ဘယ်လိုဆပ်ရမလဲတောင် မသိတော့ပါဘူးကွယ်"
ကျန်းနန်မှ သမားတော်ကြီးမှာ ထူးခြား ဆန်းပြားသော စရိုက်ရှိသူ အဖြစ် နာမည်ကြီးပေသည်။ ထို့အပြင် မို နှင့် ယန် မျိုးရိုးရှိသူများအား လုံးဝ ကုသပေးမည် မဟုတ်ကြောင်းကိုလည်း ကြေညာထားသူ ဖြစ်လေသည်။ လီရှင်းရှင်းသာ မရှိပါမူ သူတို့မိသားစုအနေဖြင့် မည်သို့မျှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။ သခင်မကြီး မိုမှာ အလွန်ဝမ်းသာပီတိဖြစ်သွားသဖြင့် မျက်လုံးများပင် နီရဲလာခဲ့သည်။
"အဘွား"
“သမီးနဲ့များ အားနာနေစရာ လိုလို့လားရှင်”
လီရှင်းရှင်းမှ လေးနက်လှသည့် လေသံဖြင့် ပြောလိုက်ရာ သခင်မကြီး မိုမှ ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် ပန်းခြံထဲမှ ဖြတ်လျှောက်လာသည့် ထင်ရှားခန့်ညားသည့် ပုံရိပ်တစ်ခု ပေါ်လာခဲ့လေသည်။ သူ၏ ခြေလှမ်းတိုင်းသည် လီရှင်းရှင်း၏ နှလုံးသားဆီသို့ တိုက်ရိုက် လျှောက်လှမ်း လာနေသကဲ့သို့ ခံစားရစေခဲ့သည်။ လီရှင်းရှင်းသည် ထိုပုံရိပ်ကို ငေးမောကြည့်နေမိပြီးနောက် အချစ်မူးယစ်မှုများ ပြည့်နှက်နေသော မျက်ဝန်းများ နှင့်အတူ အသက်ရှူရန်ပင် မေ့လျော့နေတော့သည်။
လီရှင်းရှင်း၏ အဖြစ်အား မြင်လိုက်ရသောအခါ သခင်မကြီး မို၏ အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။ သူမ၏ မြေးဖြစ်သူမှာ အမှန်တကယ်ပင် ခန့်ညား ထည်ဝါလွန်းလှပေသည်။
ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်သလဲ။ ကြည့်စမ်း ကောင်မလေးခမျာ ရူးသွပ်မတတ် ငေးမောနေရရှာပြီ
"ချွမ်းချွမ်း ပြန်လာပြီပဲ"
သခင်မကြီး မိုသည် တောက်ပသော အပြုံးနှင့်အတူ ရှေ့သို့လှမ်းကာ ဆီးကြိုလိုက်သည်။
"အဘွား"
မိုဘိုင်ချွမ်းမှ ရှေ့သို့ လှမ်းလာကာ အဘွားအိုအား တွဲကူပေးလိုက်လေသည်။ ထိုအချိန်မှသာ လီရှင်းရှင်းလည်း သတိပြန်ဝင်လာခဲ့ကာ သခင်မကြီး မို၏ အခြား လက်တစ်ဖက်အား အမြန်လှမ်းတွဲလိုက်ကာ ချိုသာစွာဖြင့် ပြောလိုက်လေသည်။
"အဘွား သမီးတို့နဲ့အတူ လမ်းလျှောက်ထွက်ရအောင်နော်"
သူမ၏ စကားပြောဆိုပုံမှာ လိမ္မာပါးနပ်လှကာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဉာဏ်ရည် မြင့်မားကြောင်း ငြင်းဆိုဖွယ်ရာ မရှိချေ။ သခင်မကြီး မိုမှ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း တုံ့ပြန်လိုက်လေသည်.
"ကောင်းပါပြီကွယ်"
တစ်ဖက်စီမှ တွဲကူထားကြရင်း လီရှင်းရှင်းမှ သခင်မကြီး မို ရယ်မောစေမည့် စကားလေးများကို ရံဖန်ရံခါ ပြောဆို ပေးနေသဖြင့် လေထုမှာ အလွန်ပင် သဟဇာတဖြစ်ကာ နွေးထွေးနေလေတော့သည်။
အတန်ကြာ လမ်းလျှောက် ပြီးနောက် မိုဘိုင်ချွမ်းမှ ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်ပြီး ပြောလိုက်လေသည်။
"အဘွား ကျွန်တော် လုပ်စရာ အလုပ်လေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး ဆက်ပြီး အဖော်မလုပ်ပေးနိုင်တော့ဘူး"
"ခဏလောက် ဆက်နေပါဦးလား မြေးရယ် မြေးက အဘွားနဲ့အတူ လမ်းလျှောက်ထွက်တာ ရှားပါတယ်"
ဟု သခင်မကြီး မိုမှ မိုဘိုင်ချွမ်းကို မိုကြည့်ရင်း ပြောလိုက်လေသည်။ လီရှင်းရှင်းသည်လည်း မျှော်လင့်ချက် အပြည့်ပါသည့် မျက်ဝန်းများဖြင့် မိုဘိုင်ချွမ်းအား ငေးကြည့်နေမိလေသည်။
သို့သော်လည်း မိုဘိုင်ချွမ်းသည် သူမကို တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ချေ။ သူသည် အောက်သို့ အနည်းငယ် ကိုင်းညွတ်လိုက်ပြီးနောက် သူ၏ ဘယ်ဘက်ပါးပြင်ဖြင့် အဘွားအို၏ ပါးပြင်ကို ယုယုယယ ပွတ်သပ်နှုတ်ဆက်လိုက်သည်။
"အဘွား ကျွန်တော် အားတဲ့အခါ အဘွားနဲ့အတူ အချိန်ပိုပေးပါ့မယ်လို့ ကတိပေးပါတယ်"
သခင်မကြီး မိုသည် ပျော်ရွှင် ကြည်နူး သွားဟန်ဖြင့် ပြောလိုက်သည်။
"သွားတော့ သွားတော့ လူဆိုးလေး"
"ကျွန်တော် သွားပြီနော် အဘွား"
မိုဘိုင်ချွမ်းသည် လှည့်ထွက်လာခဲ့ကာ အခြားတစ်ဖက်သို့ လျှောက်သွားလိုက်လေတော့သည်။ လီရှင်းရှင်းသည် ကျောခိုင်း ထွက်ခွာသွားသော သူ၏ ပုံရိပ်အား အချစ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အရူးအမူး ငေးမော ကျန်ရစ်ခဲ့ပြီး အတန်ကြာသည်အထိ အသိစိတ်ပြန်မဝင်နိုင်ခဲ့ပေ။ ထိုအခါ သခင်မကြီး မိုမှ ပြုံးစစဖြင့် နောက်ပြောင်မေးမြန်းလိုက်သည်။
"ရှင်းရှင်း အဲဒီ လူဆိုးလေး ချွန်းချွန်းအပေါ် သမီး ဘယ်လိုမြင်လဲ"
လီရှင်းရှင်းသည် အမြန်သတိသွင်းလိုက်ပြီး ခေါင်းညိတ်ကာ ဖြေလိုက်လေသည်။
"သူက သူက အရမ်းကောင်းပါတယ်"
သခင်မကြီး မို၏ မျက်နှာထက်မှ အပြုံးတို့မှ ပိုမို၍ ကျယ်ပြန့်သွားပြီး ထပ်လောင်း ပြောဆိုလိုက်လေသည်။
"ဒီကလေးက အမြဲတမ်း ဒီလိုပဲကွဲ့ သူ့စရိုက်က နည်းနည်း ဆက်ဆံရခက်တယ် သူသဘောကျတဲ့ လူတွေရှေ့မှာတောင် သူ့အကျင့်က ပြင်လို့မရဘူးလေ သမီးက သူ့ကို စိတ်ထဲမထားနဲ့နော်"
မိုဘိုင်ချွမ်း၏ စရိုက်မှာ နာမည်ကြီး လောက်အောင် ဆက်ဆံရ ခက်ခဲလှပြီး ယနေ့အချိန်အထိ ချစ်သူရည်းစား မရှာနိုင်သေးခြင်းမှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်သည်။ သူ၏ ဆိုးသွမ်းသော စရိုက်ကြောင့် လီရှင်းရှင်း လန့်ပြေးသွားမည်ကို သခင်မကြီး မို လုံးဝ မလိုလားခဲ့ပေ။
အခန်း (၉၃)
မိမိအား နှစ်သက် မြတ်နိုးရသူ တစ်ယောက်အား ရှာတွေ့ရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။ လီရှန်းရှန်းသည် ရှက်သွေးဖြာ သွားဟန်ဖြင့် ခေါင်းအား ခါယမ်းလိုက် ပြီးနောက် သူမ မည်သည်ကိုမှ နားမလည်သည့်အလား ဟန်ဆောင်လိုက်ကာ ပြောလိုက်လေသည်။
"အဘွား ဘာတွေပြောနေမှန်း သမီးနားမလည်တော့ဘူး ရှေ့နားလေး သွားကြည့်ရအောင်ပါ"
သခင်မကြီး မို မမြင်နိုင်သော ထောင့်ချိုးတစ်ခု အရောက်တွင်မူ လီရှန်းရှန်း၏ မျက်နှာထက်၌ အောင်ပွဲခံသည့် အပြုံးတစ်ခု ဖြတ်ပြေး သွားခဲ့လေသည်။ လီရှန်းရှန်း၏ ဟန်ဆောင်မှုသည် အလွန်ပီပြင်လှသဖြင့် သခင်မကြီး မိုမှာ သဘာဝကျကျပင် မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိခဲ့ချေ။
**
ယုထစ် လမ်းမပေါ်ရှိ နံနက်ခင်းဈေးတန်း၌...
ယနေ့တွင် နီယန်သည် ခေါက်ဆွဲပွဲပေါင်း ခြောက်ရာ ကျော်ခန့် ပြင်ဆင်ထားခဲ့ကာ မွန်းမတည့်မီမှာပင် အားလုံး ရောင်းချပြီး သွားခဲ့လေသည်။ သို့တိုင်အောင် ခေါက်ဆွဲ စားခွင့်မရလိုက်သည့် ဖောက်သည်များစွာ ကျန်ရှိနေသေးသည်။
"သူဌေးမလေးရာ မနက်တိုင်း ခေါက်ဆွဲကို ဘာလို့ ဒီလောက် နည်းနည်းလေးပဲ ပြင်ဆင်လာရတာလဲ။ ငါတို့ရဲ့ ခံတွင်းကို တမင်သက်သက် သွားရည်ကျအောင် လုပ်နေတာများလား"
အချိန်အတော်ကြာ တန်းစီခဲ့ရသော်လည်း ခေါက်ဆွဲ မစားလိုက်ရသည့် ဖောက်သည်တစ်ဦးမှ နောက်ပြောင် ပြောဆိုလိုက်လေသည်။
"ဟုတ်တယ် သူဌေးမလေး မင်းက တမင်သက်သက် လုပ်နေတာမလား"
ဖောက်သည် အများအပြားမှလည်း ဝိုင်းဝန်း ရယ်မောလျှက် ထောက်ခံကြကုန်တော့သည်။ နီယန်မှ တောင်းပန်သည့် အနေဖြင့် လူတိုင်းအား ကတ်ပြားငယ်လေးများ လိုက်လံဝေငှပေးရင်း ရှင်းပြလိုက်လေသည်။
"ကျွန်မ တကယ်ကို တောင်းပန်ပါတယ်ရှင် မနက်တိုင်း ခေါက်ဆွဲပွဲ အရေအတွက်က ကန့်သတ်ထားတာကလည်း ကျွန်မ တစ်ယောက်တည်း မနိုင်မနင်း ဖြစ်နေလို့ပါ မနက်ဖြန်ကျရင် စောစောလေး လာခဲ့ကြပါနော် ဒီကတ်ပြားလေးပါရင် ခေါက်ဆွဲတစ်ပွဲကို ငါးပြား လျှော့ပေးပါ့မယ်"
ထိုစကားကြောင့် လူအုပ်ကြီးထံမှ ကြီးမားသော ကျေနပ် အားရမှုများကို ရရှိသွားစေလေသည်။
ငါးပြား...
ထိုငွေပမာဏဖြင့် ရှေးဟောင်းပုံစံ ရေခဲချောင်း တစ်ချောင်းကို ဝယ်ယူနိုင်ပေသည်။ သူဌေးမလေးသည် စီးပွားရေးလုပ်ငန်းအား အမှန်တကယ် ကျွမ်းကျင် ပိုင်နိုင်လှပေသည်။ ဤငါးပြားအား အခြားမည်သူကမှ အလကားပေးဝံ့လိမ့်မည် မဟုတ်ချေ။
နီယန်သည် ကတ်ပြားအခုတစ်ရာကျော်ကို ကုန်စင်သွားသည်အထိ လိုက်လံ ဝေငှပေးလိုက်သည်။ ထို့နောက် ဈေးဆိုင်အား ရှင်းလင်းသိမ်းဆည်းကာ အိမ်ပြန်ရန် ပြင်ဆင်လေတော့သည်။
ယနေ့မှာ စနေနေ့ဖြစ်သဖြင့် နီယန် ဈေးဆိုင်ရှေ့သို့ ရောက်ရှိသွားချိန်တွင် လျိုဝေ တစ်ယောက် တံခါးရှေ့ရှိ ခုံတန်းလျားလေးပေါ်၌ ထိုင်ကာ စာဖတ်နေသည်အား မြင်တွေ့ လိုက်ရလေသည်။
ခြေသံများအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လျိုဝေမှ ချက်ချင်း ခေါင်းမော့ကြည့်လာခဲ့သည်။ ထင်ထားသည့်အတိုင်း ထိုသူကား နီယန်ပင် ဖြစ်နေလေသည်။
"နီယန် ပစ္စည်းတွေ သိမ်းနေပြီလား"
လျိုဝေမှ စတင် နှုတ်ဆက်လိုက်လေသည်။
"အင်း"
နီယန်မှ ခေါင်းညိတ် ပြလိုက်လေသည်။ လျိုဝေမှ ဆက်လက်၍ ပြောလာခဲ့သည်။
"နီယန် ငါ မင်းကို မေးစရာ မေးခွန်းတစ်ခု ရှိတယ်"
နီယန်မှ စားပွဲနှင့် ကုလားထိုင်များကို သွက်လက်စွာ နေရာချရင်း ပြန်မေးလိုက်သည်။
"ဘာကိစ္စလဲ"
"ဒီပုစ္ဆာလေ"
လျိုဝေသည် သူ၏ဘေးနားရှိ အင်္ဂလိပ်စာ မေးခွန်းလွှာတစ်ခုအား ထုတ်ယူလိုက်ကာ ပြလိုက်လေသည်။ ဤပုစ္ဆာသည် အထက်တန်းကျောင်း အင်္ဂလိပ်စာ ဘာသာရပ်တွင် အမှား အများဆုံးသော ပုစ္ဆာများထဲမှ တစ်ခု ဖြစ်လေသည်။
ပြီးခဲ့သည့်အကြိမ်တွင် နီယန်သည် 'adming' နှင့် 'admirable' အကြား ကွာခြားချက်အား အလွယ်တကူပင် ပြင်ဆင် ပေးနိုင်ခဲ့သဖြင့် လျိုဝေအား စိတ်ပျက် အားငယ်စေခဲ့လေသည်။
သူက အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်ကာ နီယန်သည် အလယ်တန်း ကျောင်းသူလေးမျှသာ ဖြစ်လေသည်။ နီယန်၏ အင်္ဂလိပ်စာသည် မည်သို့လုပ်၍ ဤမျှအထိ ကောင်းမွန်နေရလေသနည်း။
ပြီးခဲ့သည့်အကြိမ်တွင် နီယန်မှ ကံကောင်း ထောက်မစွာ မှန်းဆမိသွားခြင်း ဟုတ်မဟုတ် စမ်းသပ်ရန် အတွက် လျိုဝေသည် အင်္ဂလိပ်စာ မေးခွန်းလွှာထဲမှ အခက်ခဲဆုံးသော မေးခွန်းအား တမင်သက်သက် ရွေးချယ် ရှာဖွေထားခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ နီယန် ဖြေဆိုနိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။
မေးခွန်းကို မြင်ပြီးနောက် နီယန်မှ ဖြေပေးလိုက်လေသည်။
"She, hid, herself, after, the, tree ဆိုတာက ရှင်းရှင်းလင်းလင်းကို မှားယွင်းနေတဲ့ ဝါကျတစ်ကြောင်းပဲလေ အဖြေမှန်က She, hid, herself, behind, the, tree ဖြစ်ရမှာ"
ထိုစကားအား ကြားလိုက်ရသောအခါ လျိုဝေ တစ်ယောက် အံ့သြ မှင်တက် သွားရလေတော့သည်။ သူ၏ နောက်ဆုံး ကျန်ရှိနေသော ဂုဏ်သိက္ခာလေးမှာလည်း ပျောက်ကွယ် သွားခဲ့ရတော့သည်။ နီယန်သည် အမှန်တကယ်ပင် သိရှိနေခဲ့ခြင်း ဖြစ်သည်။ သူမသည် အင်္ဂလိပ်စာအား အမှန်တကယ် တတ်ကျွမ်းနေခဲ့ခြင်း ဖြစ်ပေသည်။ ခဏတာမျှ ဆွံ့အသွားပြီးနောက် လျိုဝေမှ ဆက်မေးလိုက်ပြန်သည်။
"ဒါကို ဘာကြောင့် အဲဒီလို သုံးနှုန်းရတာလဲဆိုတာ ရှင်းပြပေးနိုင်မလား"
နီယန်မှ ရှင်းပြလိုက်လေတော့သည်။
"ဘာဖြစ်လို့လဲဆိုတော့ 'after' ဆိုတာကို လုပ်ဆောင်ချက် တစ်ခုခုရဲ့ နောက်ကွယ်က အရာကို ဖော်ပြဖို့ သုံးလေ့ရှိတယ် ဒါကြောင့် တချို့ သဒ္ဒါ စာအုပ်တွေမှာ သူ့ကို ရွေ့လျားနေတဲ့ ဝိဘတ် လို့ ခေါ်ကြတယ် 'behind' ကိုတော့ ငြိမ်သက်နေတဲ့ အရာဝတ္ထုတွေရဲ့ နောက်မှာ သုံးလေ့ရှိတယ်"
မှန်ပေသည်။ ထိုအရာသည် သူ၏ဆရာ ရှင်းပြခဲ့သည်နှင့်လည်း အတူတူပင် ဖြစ်လေသည်။ လတ်တလောတွင် လျိုဝေအနေဖြင့် သူ၏ခံစားချက်များအား မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ပေ။ သူသည် အချိန်အတော်ကြာမှသာ စကားတစ်ခွန်းအား ညှစ်ထုတ် ပြောဆိုနိုင်ခဲ့တော့သည်။
"နီယန် ကျေးဇူးပါပဲ"
"ရပါတယ်"
နီယန်မှ ဖျော့တော့စွာ ပြုံးလိုက်ရင်း တုံ့ပြန်လိုက်လေသည်။ ထို့နောက် လျိုဝေမှ ဆက်လက်၍ မေးလာပြန်သည်။
"နီယန် ပြီးခဲ့တဲ့တစ်ခေါက်က မင်း ကျောင်းဆက်တက်ချင်သေးတယ်လို့ ပြောခဲ့တယ်မလား"
"အင်း"
နီယန်မှ ခေါင်းညိတ်ပြသည်။ လျိုဝေမှ ထပ်လောင်း ပြောဆိုလိုက်သည်။
"တကယ်တော့ မင်း ကျောင်းဆက်တက်ဖို့ မလိုအပ်တော့ဘူးလို့ ငါ ထင်တယ် မင်းက အခုချိန်မှာ လုံလောက်အောင် တော်နေပြီးသား ဖြစ်သလို စီးပွားရေး လုပ်ငန်းမှာလည်း အတော်လေး အဆင်ပြေနေတာပဲလေ မိန်းကလေးတွေ အတွက်ကတော့ ကောင်းမွန်တဲ့ မိသားစုတစ်ခုဆီကို အိမ်ထောင်ပြုဖို့သာ အရေးကြီးတာမို့ စာအုပ်တွေ အများကြီး ဖတ်နေဖို့လည်း အသုံးမဝင်ပါဘူး"
ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များကြောင့် လျိုဝေသည် နီယန်အား ကျောင်းမတက် စေချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နီယန်သည် အလွန်တရာမှ ထူးချွန် လွန်းနေသောကြောင့် ဖြစ်သည်။
(** ကို့ဘာကို အသုံးမကျတာနဲ့များ မိန်းကလေးတစ်ယောက်ကို အဲ့လို စိတ်နဲ့ ပြောတတ်တာ စိတ်ဓာတ်ကိုက အောက်တန်းကျပြီး ကွကို အထင်ကြီးနေတဲ့ မိသားစု အဆဲတစ်ပေါက်ပါဟာ**)
အကယ်၍ သူမသာ ကျောင်းတက်ခဲ့ပါက နာမည်ကြီး တက္ကသိုလ် တစ်ခုခုသို့ ဝင်ခွင့်ရသွားနိုင်ချေ ရှိလေသည်။ တက္ကသိုလ်သို့ ရောက်သွားခဲ့လျှင် မည်ကဲ့သို့သော ယောက်ျားကောင်းများနှင့် သူမ မဆုံတွေ့နိုင်ဘဲ ရှိလိမ့်မည်နည်း။ ထိုအချိန်သို့ ရောက်လာပါက သူသည် သူမအတွက် အမှန်တကယ်ပင် ထိုက်တန်တော့မည် မဟုတ်ချေ။
လက်ရှိအတိုင်းလေးသာ နေသွားခြင်းသည် ပို၍ ကောင်းမွန်ပေလိမ့်မည်။ သူသည် တောက်ပသည့် အနာဂတ်တစ်ခု ပိုင်ဆိုင်ထားသည့် အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်သည်။ နီယန်မှာမူ သူ၏ဘေးတွင် ရပ်နေချိန်တွင် နီယန်သည် အမှန်တကယ်ပင် သာလွန်သော အနေအထားတစ်ခု၌ ရှိနေခဲ့ပေလိမ့်မည်။
(**အော့ ရွံစရာလေး**)
ထိုစကားများအား ကြားသောအခါ နီယန်မှ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"လျိုဝေ ရှင်ပြောတဲ့စကားတွေက ပညာတတ် တစ်ယောက် ပြောမယ့်စကားတွေနဲ့ မတူဘူးနော် 'ကောင်းမွန်တဲ့ မိသားစုတစ်ခုဆီ အိမ်ထောင်ပြုလိုက်ရုံပဲ' ဆိုတာ ဘာအဓိပ္ပာယ်လဲ ကျွန်မတို့ မိန်းကလေးတွေက ကပ်ပါးပင်တွေ လို ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း မရှိတဲ့ အရာတွေ ဖြစ်နေရမှာလား"
ကပ်ပါးပင် ဆိုသည်မှာ အဘယ်နည်း။ ကပ်ပါးပင် ဆိုသည်မှာ အခြားသော အပင်များအား တွယ်ကပ်မှသာ ရှင်သန်နိုင်သည့် အပင်မျိုး ဖြစ်လေသည်။