← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁)

ငါတို့မိတ်ဆွေတွေမလား

တောင်ပိုင်းနယ်မြေ

ထိုက်ရွမ်းဂိုဏ်း

....

ရင်းနှီးသလို, မရင်းနှီးသလိုဖြစ်နေသည့် ပတ်ဝန်းကျင်ကိုကြည့်ပြီး....

မုန့်ချန်းချင်း နောက်ဆုံးမှာတော့ ကိစ္စတစ်ခုကို အတည်ပြုလိုက်သည်။

ထိုအရာကတော့ သူဟာ အချိန်ကူးပြောင်းလာပြီပင်။

သူက ကမ္ဘာကူးပြောင်းလာတာဖြစ်ပြီး ထိုအရာက သူ့အရင်ဘဝမှာဆို ဝတ္ထုတွေထဲမှာပဲ ရှိတာဖြစ်သည်။

ဤနေရာမှာရှိသည့် အားအကောင်းဆုံးလူတွေက ကိုးကောင်းကင်၌ပျံသန်းနိုင်ပြီး ကြယ်တွေကိုအသာအယာဖမ်းယူနိုင်၏။ ထို့ပြင် လက်လေးလှုပ်ရုံဖြင့် တောင်တန်း၊ မြစ်ပြင်နှင့် ကမ္ဘာကြီးတွေကို ပြောင်းပြန်လှန်ပစ်နိုင်၏။

ရူးသွပ်စရာစွမ်းအားပင်။

သူက အခုချိန်မှာတော့ ထိုက်ရွမ်းဂိုဏ်း၏ အပြင်စည်းတပည့်တစ်ယောက်ဖြစ်၏။

"အစကတော့ မဆိုးပါဘူး..."

အလျှင်အမြန်လိုက်လျောညီထွေဖြစ်အောင်လုပ်လိုက်ပြီး မုန့်ချန်ချင်း၏ချောမောခန့်ညားသည့်မျက်နှာမှာ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျင့်ကြံရေးမှာ သူ၏ပါရမီက သာမန်သာဖြစ်ပြီး အမှိုက်လို့တော့ ယူဆလို့မရပေ။

ဂိုဏ်းကို နှစ်နှစ်ကြာဝင်ရောက်ပြီးနောက် သွေးကြောပုံသွင်းခြင်းအဆင့် ၈ ကို ရောက်ရှိခဲ့၏။

သူက ဂိုဏ်း၏ စံနှုန်းတွေနှင့်ကိုက်ညီနေပြီဖြစ်ပြီး ထုတ်ပယ်ခံရတော့မည်မဟုတ်ပေ။

ထို့ပြင် သူ့မိသားစုကလည်း အလယ်အလတ်အဆင့် စီးပွားရေးမိသားစုတစ်ခုဖြစ်ပြီး များစွာသောလုပ်ငန်းတွေပိုင်ဆိုင်ကာ ခိုင်မာသော အုတ်မြစ်ရှိ၏။

အနည်းဆုံတော့ အစောပိုင်းအဆင့်မှာ သူက ကျင့်ကြံရေးအရင်းအမြစ်အတွက် အများကြီးစိတ်ပူစရာမလိုပေ။

"ဒါပေမယ့် ဒီလိုသာဆက်သွားနေရင် ဒီတစ်သက် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်က အကန့်အသတ်ပဲဖြစ်မှာ..."

မုန့်ချန်းချင်းမျက်နှာပေါ်ရှိအပြုံး တဖြည်းဖြည်းပျောက်ကွယ်သွား၏။

နောက်ဆုံးမှာမှ ဤသိုင်းပညာကမ္ဘာကြီးကို ရောက်လာတာဖြစ်ပြီး....

သာမန်အတိုင်းသာနေထိုင်ရမည်ဆိုလျှင် သူ အမှန်တကယ်ပဲ ဆန္ဒမရှိပေ။

လက်တစ်ချက်ဝှေ့ရုံဖြင့် ကမ္ဘာကြီးကို အုပ်စိုးနိုင်သည့်စွမ်းအားက အမှန်တကယ်ဆွဲဆောင်နိုင်၏။

ထို့ပြင် ဤကမ္ဘာကြီး၏ မကြာသေးခင်အခြေအနေကလည်း မတည်ငြိမ်ပေ။ လျို့ဝှက်နေသည့်လှိုင်းလုံးအမျိုးမျိုး လှုပ်ခတ်နေခဲ့သည်။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ခွန်အားနှင့်မှသာ ဤအန္တရာယ်ရှိသည့်ကမ္ဘာကြီးမှာ သူ၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်မှာဖြစ်သည်။

ကျင့်ကြံရေးက ပါရမီနှင့် နားလည်နိုင်စွမ်း လိုအပ်၏။

ထို့ပြင် အစောပိုင်းအခြေအနေ၌ ပင်ကိုယ်ပါရမီက အရေးကြီးဆုံးဖြစ်သည်။

ပင်ကိုယ်အရည်အချင်းကောင်းလေလေ, ကျင့်ကြံရေးအရှိန်မြန်လေလေဖြစ်သည်။

သူ၏မွေးရာပါပါရမီက မဆိုးသော်လည်း သာမန်မျှသာ ယူဆနိုင်၏။

မဟုတ်လျှင် အသက် ၅ နှစ်မှစတင်ကျင့်ကြံပြီးနောက် သွေးကြောပုံသွင်းခြင်းနယ်ပယ်ရောက်ဖို့ အချိန် ၁၃နှစ်ယူစရာလိုမည်မဟုတ်ပေ။

ဒင်!

[မိတ်ဆွေစနစ် ချိတ်ဆက်နေပါသည်]

[ချိတ်ဆက်မှုအောင်မြင်ပါပြီ]

ရုတ်တရက် အသံတစ်ခု သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။

မုန်ချန်းချင်း အစတော့ကြောင်သွား၏။ ခဏနေတာ့ သူ့မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့သည်။

ထိုအရာဘာလဲဆိုတာ သူ ဘယ်လိုလုပ် မသိပဲ နေမည်နည်း။

ထိုအရာက ကူးပြောင်းလာသူတွေအတွက်မရှိမဖြစ်လိုအပ်သည့်...

စနစ်ပင်....

"စနစ်, မင်းမှာ ဘာလုပ်ဆောင်ချက်တွေရှိလဲ....."

စိတ်တည်အောင်လုပ်လိုက်ပြီး မုန့်ချန်ချင်း အလျှင်အမြန်မေးလိုက်သည်။

စနစ်တစ်ခု၏တည်ရှိမှုက လိမ်လည်ခြင်းနှင့်တူပြီး ကျိုးကြောင်းမဆီလျော်ခြင်း၊ ယုတ္တိမတန်ခြင်းတို့ကို ကိုယ်စားပြု၏။

မရေးမတွက်နိုင်သည့်လုပ်ဖော်ကိုင်ဖက်တွေက ကမ္ဘာအများအပြားမှာ ၎င်းအကူအညီဖြင့် ထင်ပေါ်ကျော်ကြားလာကြ၏။

[လက်ခံသူကိုတင်ပြပါတယ်၊ ဒီစနစ်ကို မိတ်ဆွေဖွဲ့ခြင်းစနစ်လို့ ခေါ်ပါတယ်။တစ်ယောက်ယောက်ကို မိတ်ဆွေဖွဲ့နိုင်သ၍ သင်က တစ်ဖက်လူရဲ့ စွမ်းရည်တစ်ခုကို ကျပန်းရနိုင်ပါတယ်။]

[စွမ်းရည်မှာ ပင်ကိုယ်ပါရမီ၊ နားလည်နိုင်စွမ်း၊ အရည်အချင်း၊ သိုင်းပညာ၊ အစရှိသဖြင့် ပါဝင်ပါတယ်]

[မျိုးနွယ်ကန့်သတ်ထားခြင်းမရှိပါ]

[ဒါ့ပြင် မိတ်ဆွေနှစ်သက်မှုတိုးလာလျှင် ပိုများသည့်စွမ်းရည်နှင့် အပိုဆောင်ဆုလဒ်တွေကို ရနိုင်တယ်]

[သင်က ပိုများတဲ့လုပ်ဆောင်ချက်တွေကိုလည်း ဖွင့်နိုင်တယ်]

စနစ်က တစ်ခါတည်းဖြင့် အများကြီးပြောလိုက်၏။ မုန့်ချန်ချင်း အားလုံးကိုနားလည်သွားပြီး ရုတ်တရက် သူ့မျက်လုံးတွေ တောက်ပသွားသည်။

မိတ်ဆွေဖွဲ့တာက တစ်ဖက်လူ၏စွမ်းရည်ကို ရနိုင်တယ်?...

ဤအရာက ကောင်းကင်ကို အနည်းငယ် ဆန့်ကျင်နေ၏။

သူသာ ပါရမီရှင်တစ်ယောက်ကို မိတ်ဆွေဖွဲ့ခဲ့လျှင် ထိပ်တန်းအဆင့် ပင်ကိုယ်ပါရမီကို ရရှိနိုင်မည်မဟုတ်လား...

သူ့မိသားစုက စီးပွားရေးမိသားစုဖြစ်သည့်အတွက် သူ့မှာ အရင်းအမြစ် မပြတ်လတ်ပေ။

ကျင့်ကြံရေးမှာ တစ်ခုတည်းသောကန့်သတ်ချက်က သူ၏ပင်ကိုယ်ပါရမီပင်။

ထိပ်တန်းအဆင့်ပင်ကိုယ်ပါရမီသာရှိလျှင် သိုင်းပညာအထွတ်အထိပ်ကိုရောက်ဖို့ အခွင့်အရေးရှိသွားပြီပင်။

တစ်ခဏကြာ မုန့်ချန်ချင်း အချိန်အတော်ကြာပိတ်ထားခဲ့သည့် သိုင်းပညာတံခါးပေါက် ဖြည်းဖြည်းချင်းပွင့်လာသကဲ့သို့ ခံစားလိုက်ရ၏။

ထိုတံခါးနောက်၌ တောက်ပပြီး အကန့်အသတ်မဲ့သည့် ကမ္ဘာတစ်ခုရှိနေခဲ့သည်။

"နေပါအုန်း..."

မုန့်ချန်ချင်း အသိပြန်ဝင်လာပြီး မေးလိုက်သည်။

"စနစ်, မိတ်ဆွေဖွဲ့တာမှာ သတ်မှတ်ချက်စံနှုန်းတွေရှိသေးလား...."

"သူတို့က ရိုသားဖို့လိုသေးလား..."

"ဒါမှမဟုတ် စကားနဲ့ပြောရုံနဲ့ လုံလောက်လား..."

ပထမအချက်အတိုင်းဆိုလျှင် အနည်းငယ်ခက်ခဲမည်ဖြစ်သည်။

အဆုံးမှာတော့ ဤကမ္ဘာကြီး၌ လူတွေ၏နှလုံးသားက ကြိုတင်ခန့်မှန်းလို့မရပေ။ သူတို့နှင့် အစစ်အမှန်မိတ်ဆွေဖွဲ့ဖို့ဆိုလျှင် အချိန်တွေ၊ ငွေတွေ၊ ခွန်းအားတွေ အတော်ကုန်မည်ပဲဖြစ်သည်။

မိတ်ဆွေတစ်ယောက်ရဖို့တောင် နှစ်ပေါင်းများစွာကြာမြင့်နိုင်၏။

[စကားဖြင့်အသိအမှတ်ပြုမှုက လုံလောက်ပါတယ်]

စနစ်၏အဖြေက မုန့်ချန်ချင်းကို စိတ်သက်သာယာရစွာ သက်ပြင်းချသွားစေ၏။

ထိုအရာက ပိုရိုးရှင်းသွားပြီဖြစ်သည်။

[ကျေးဇူးပြုပြီး တတ်နိုင်သလောက်မြန်မြန် မိတ်ဆွေဖွဲ့ပါ၊ လက်ခံသူ]

စနစ်က သတိပေးလိုက်၏။

မုန့်ချန်ချင်း မျက်ခုံးပင့်လိုက်သည်။

သူလည်း လုပ်ချင်၏။

သို့ပေမယ့် စနစ်၏လုပ်ဆောင်ချက်အရ သူက သာမန်ကာဆန်ကာ မိတ်ဆွေဖွဲ့လို့မရပေ။

ပါရမီရှင်တွေကိုမပြောလိုသေးပေ။ အနည်းဆုံး သူတို့က ပင်ကိုယ်ပါရမီနှင့် အခြားကဏ္ဍတွေမှာ သူ့ထက်ပိုသန်မာရမည်ဖြစ်သည်။

ထို့ပြင် ဤကဲ့သို့လူမျိုးက အပြင်စည်းတပည့်ကြား၌ ရှာတွေ့ဖို့မလွယ်ကူပေ။

"ဂျူနီယာညီလေးမုန့်....."

ရုတ်တရက် ရင်းနှီးသည့်အသံတစ်ခု ထွက်ပေါ်လာ၏။

မုန့်ချန်ချင်းတစ်ဖက်လှည့်လိုက်သည်။

သူ့ရှေ့၌ ခန္ဓာကိုယ်တောင့်တင်းသည့်အမျိုးသားတစ်ယောက်ရပ်နေ၏။ အသွင်းအပြင်အရ သက်လတ်ပိုင်းပုံပေါ်နေသော်လည်း တကယ့်တကယ်မှာ အသက် ၂၁ နှစ်သာရှိသေးသည့် လူငယ်တစ်ယောက်ဖြစ်သည်။

"စီနီယာအကိုရှ..."

မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ဖျော့တော့သည့်အပြုံးတစ်ခု သူ့မျက်နှာမှာ ပေါ်လာခဲ့သည်။

ဤပုဂ္ဂိုလ်၏နာမည်က ရှဟန်ဖြစ်၏။

သူက ထိုက်ရွမ်းဂိုဏ်းအပြင်စည်း၌ အသန်မာဆုံးတပည့်တွေက တစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းကို အထူးပြု၏။

မုန့်ချန်ချင်းဟာ အစကတည်းက ကုန်သည်မိသားစုမှ ဆင်းသက်လာသူဖြစ်၍ ကျင့်ကြံရေးမှာ မထူးချွန်သော်လည်း စိတ်နေစိတ်ထားနှင့် လူမှုဆက်ဆံရေးမှာတော့ အတော်ကောင်း၏။

သူက မိတ်ဆွေဖွဲ့ရတာကို နှစ်သက်၏။

ထိုကြောင့်လည်း မိတ်ဆွေဖွဲ့ခြင်းစနစ်ကို အသက်သွင်းခဲ့ဟန်ရ၏။

"နောက်ဆုံးအကြိမ်က ဂျူနီယာညီလေး ငါ့ကို သွေးချီဆေးလုံးပေးတာကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကြေးဝါချပ်ဝတ်သိုင်းရဲ့ အဆင့် ၄ ကို ခုချိန်ထိမရောက်မှာကို ကြောက်မိတယ်....."

ရှဟန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူ၏ညာလက်ကို မြောက်လိုက်၏။

သွေးနှင့် စွမ်းအင်တိုးတက်လာမှုနှင့်အတူ သူ့အသားအရေက ကြေးဝါကဲ့သို့ပြောင်းသွားပြီး ပြိုင်ဘက်ကင်းအော်ရာတစ်ခုကို ထုတ်လွတ်လာခဲ့သည်။

"ကြေးဝါချပ်ဝတ်သိုင်း...."

မုန့်ချန်ချင်း၏မျက်လုံးတွေ အနည်းငယ်တောက်ပသွား၏။

ထိုအရာက အပြင်စည်းတပည့်တွေကြား ထိပ်တန်းခန္ဓာသန့်စင်နည်းလမ်းတစ်ခုဖြစ်၏။

လူသားအဆင့်မြင့် စွမ်းရည်ဖြစ်၏။

၎င်းကို အဆင့် ၅ ဆင့် ခွဲထား၏။

ပြီးပြည့်စုံသည်အထိကျင့်ကြံလိုက်လျှင်သန့်စင်သည့်ကြေးလူသားတစ်ယောက်ကဲ့သို့ဖြစ်သွားပြီး ဓားလှံတွေမတိုးတော့ဘူးဟု ပြောကြ၏။ နယ်ပယ်သေးနှစ်ခုပိုမြင်သည့်သိုင်းပညာရှင်တောင် ထိုအရာ၏ခုခံမှုကို ချိုးဖြတ်နိင်မည်မဟုတ်ပေ။

သို့ပေမယ့် ထိုနည်းလမ်းကို ကျင့်ကြံဖို့ လူတစ်ယောက်ဟာ ပင်ကိုယ်ပါရမီ၊ ကြီးမားသည့်ဇွဲလုံ့လနှင့် များစွာသော အရင်းအမြစ်တွေလိုအပ်၏။

ထို့ကြောင့် လူတိုင်း ထိုအရာကို အောင်မြင်အောင် မလေ့ကျင့်နိုင်ပေ။

ရှဟိုင်၌ နောက်ခံကြီးကြီးမားမား မရှိပေ။

ဂိုဏ်းကိုမဝင်ရောက်ခင်၌ သူက လေလွင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်၏။

"ကြေးဝါချပ်ဝတ်သိုင်းကို အဆင့် ၄ ထိ အောင်မြင်သွားလို့ ဂုဏ်ယူပါတယ် စီနီယာအကိုရှ၊ မင်းက ပြီးပြည့်စုံခြင်းအဆင့်နဲ့ မဝေးတော့ဘူး...."

"အဲ့လောက်မလွယ်ပါဘူးကွာ။ အဆင့် ၄ ရောက်နိုင်တာကို ငါအတော်လေးကျေနပ်နေပြီ..."

ရှဟန် ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

ဒင်!

[စူးစမ်းရှာဖွေခြင်းမျက်လုံး အသက်ဝင်ပါပြီ။ သင်က တစ်ဖက်လူရဲ့ သက်ဆိုင်ရာအချက်အလက်တွေကို ကြည့်ရူနိုင်ပါတယ်။]

ရုတ်တရက်, စနစ်၏အသံ နောက်တစ်ကြိမ်ထွက်ပေါ်လာ၏။

မုန့်ချန်ချင်းလည်း အံ့အားသင့်သွား၏။

ဤကဲ့သို့လုပ်ဆောင်ချက်မျိုးလည်း ရှိသည်လား...

"အသက်သွင်းမယ်..."

မုန့်ချန်ချင်း လုံးဝတွေဝေမနေပဲ တိတ်တဆိတ် စိတ်ထဲမှာ ပြောလိုက်သည်။

ဝှစ်!

များစာသော စာကြောင်းတွေ ရှဟိုင်ခေါင်းပေါ်မှာ ပေါ်လာခဲ့သည်။

အခြေခံအချက်အလက်...

[အမည်- ရှဟိုင်]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- သွေးကြောပုံသွင်းခြင်းအဆင့် ၉]

ပင်ကိုယ်ပါရမီအချက်အလက်....

[အမြစ်ရိုး- အဆင့် ၄]

[နာလည်နိုင်စွမ်း- သာမန်]

[သိုင်းပညာ- ကျောက်ခွဲလက်သီး(အစပြုအဆင့်)၊ ကြေးဝါချပ်ဝတ်သိုင်း(အဆင့် ၄)]

[ပါရမီ- မရှိ]

[သွေးမျိုးဆက်- မရှိ]

[....]

"အဆင့် ၄ အမြစ်ရိုး..."

မုန့်ချန်ချင်း မျက်လုံးတွေ တောက်ပသွား၏။

အမြစ်ရိုးကို အဆင့် ၆ ဆင့် ခွဲထား၏။

အရည်အသွေးပိုမြင့်လေ ကျင့်ကြံရေးအရှိန်ပိုမြန်လေဖြစ်ပြီး သူကိုယ်တိုင်ကတော့ အဆင့် ၅ ဖြစ်၏။

ရှဟိုင်ရဲ့ အမြစ်ရိုးက အဆင့် ၄ ဖြစ်လိမ့်မယ်လို့ ငါမျှော်လင့်မထားဘူး။

မိတ်ဆွေဖွဲ့ဖို့ အသင့်တော်ဆုံးလူပဲ မဟုတ်ဘူးလား။

သူ့ထက်တစ်ဆင့်သာပိုမြင့်သော်လည်း သိသာနေဆဲဖြစ်သည်။

အစောပိုင်းအခြေအနေမှာ သူက အရင်းအမြစ်မပြတ်လတ်သည့်အတွက် အမြစ်ရိုးသာတိုးတက်လာလျှင် သူ၏ကျင့်ကြံရေးအရှိန်က အကြီးအကျယ်တိုးတက်လာမည်ပင်။

သူက မကြာခင် သွေးကြောပုံသွင်းခြင်းအဆင့်အထွတ်အထိပ်ကိုရောက်နိုင်၏။ ထို့နောက် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို တက်လှမ်းကာ အတွင်းစည်းသို့ဝင်ရောက်နိုင်မည်ဖြစ်သည်။

"စီနီယာအကိုရှ, ငါတို့မိတ်ဆွေတွေ ဟုတ်တယ်မလား...."

စိတ်လှုပ်ရှားမှုကိုဖိနှိပ်ပြီး မုန့်ချန်ချင်း အသက်ပြင်းပြင်းရူကာ ဖြေညင်းစွာပြောလိုက်သည်။

"ဒါပေါ့..."

ရှဟန် မုန့်ချန်ချင်းအမေးကြောင့် ပဟေဠိဖြစ်သွားပေမယ့် ချက်ချင်းခေါင်းညိတ်လိုက်၏။

"ဒါပေါ့ ငါတို့က မိတ်ဆွေတွေပဲလေ...."

ဒင်!

[မိတ်ဆွေဖွဲ့ခြင်းတောင်းဆိုမှု လက်ခံပြီးပါပြီ။]

အခန်း (၂)

အပိုဆောင်းဆုလဒ်

[မိတ်ဆွေဖွဲ့နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် လက်ခံသူ]

[လက်ရှိရင်းနှီးမှုအဆင့်- ကြယ်တစ်လုံး]

[ရရှိသောစွမ်းရည်- အဆင့် ၄ အမြစ်ရိုး]

[ချက်ချင်း ပေါင်းစပ်ချင်ပါသလား]

စနစ်၏အသံထွက်ပေါ်လာ၏။

"မပေါင်းစပ်သေးဘူး..."

မုန့်ချန်ချင်း စိတ်ထဲမှာပြောလိုက်ပြီး မျက်လုံးတွေတောက်ပလာခဲ့သည်။

အမှန်တကယ်ပင်။ သူအလိုချင်ဆုံးစွမ်းရည်ကို ရရှိခဲ့၏။

"ဂျူနီယာညီလေးမုန့်, တစ်ခုခုစိတ်အနှောက်အယှက်ဖြစ်စရာရှိလို့လား..."

ရှဟန် တစ်ခဏတွေးပြီး မေးလိုက်သည်။

ကျေးဇူးတရားကို ကျေးဇူးတရားဖြင့် ပြန်ဆပ်သင့်၏။

အဆုံးမှာတော့ သူက တစ်ဖက်လူကို ကျေးဇူးကြွေးတင်နေခဲ့၏။

"မရှိပါဘူး၊ စီနီယာအိုရှ စိုးရိမ်ဖို့မလိုပါဘူး..."

အသိပြန်ဝင်လာပြီး မုန့်ချန်ချင်း အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

ထို့နောက် မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ရှဟန်အော်ရာက အတော်လေးမတည်မငြိမ်ဖြစ်နေတာကို သူသတိထားမိလို့ပဲဖြစ်သည်။

ကြည့်ရတာ ဒဏ်ရာရလာပုံပင်။

"စီနီယာအကိုရှ, မင်းဒဏ်ရာရထားတာလား...."

မုန့်ချန်ချင်း မျက်လုံးတွေ လက်ခနဲဖြစ်သွား၏။

"ဂျူနီယာညီလေးမုန့်က အမြင်စူးရှသားပဲ။ မကြာသေခင်က ငါမစ်ရှင်တစ်ခုသွားလုပ်တယ်။ အဲ့မှာ ရန်သူတွေနဲ့တွေ့ပြီး အမှတ်မထင် အဆိပ်မိလာခဲ့တာ...."

ရှဟန် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူ့အသံက မကျေနပ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့သည်။

"ဒါပေမယ့် အဆိပ်ကိုချေဖျက်ပြီးပါပြီ။ ခဏအနားယူဖို့ပဲလိုတာပါ..."

"ဩော်, ဒီလိုလား...."

မုန့်ချန်ချင်း ရုတ်တရက် နားလည်သွားပြီး သူ့အင်္ကျီလက်ထဲက ဆေးတစ်ပုလင်းထုတ်ယူလိုက်၏။

"ဒါက ပြန်လည်ကုသဆေး။ အုတ်မြစ်ခိုင်မာစေပြီး အသက်စွမ်းအင်ပြန်ကောင်းတဲ့ အာနိသင်ရှိတယ်။ စီနီယာအကိုရှအတွက် အကူအညီဖြစ်မယ်ဖို့ ယုံကြည်တယ်...."

ထိုအရာကိုကြားသည့်အခါ ရှဟန် အသက်ရူသံ ချက်ချင်းပဲ လေးလံလာခဲ့သည်။

ပြန်လည်ကုသဆေး...

ထိုအရာက အဆင့်မြင့်ဆေးတစ်လုံးဖြစ်၏။

အစောပိုင်း သွေးချီဆေးလုံးကဲ့သို့ပင် သူ့အတွက် အတော်လေး အဖိုးတန်၏။

"ငါလက်မခံနိုင်ဘူး။ ငါလက်မခံနိုင်ဘူး။ ဂျူနီယာညီလေးမုန့်ရဲ့ကြင်နာမှုကိုတောင် ပြန်မဆပ်ရသေးဘူး ဘယ်လိုလုပ် ဒါကို လက်ခံနိုင်မှာလဲ...."

ရှဟန် အံ့ကြိတ်ကာ အကြည့်လွဲလိုက်၏။

သို့ပေမယ့် မုန့်ချန်ချင်း ရှေ့တိုးလာပြီး ဆေးပုလင်းကို တိုက်ရိုက်ပဲ ရှဟန်လက်ထဲထည့်ပေးလိုက်သည်။

"ဘာလို့ဒီလိုစကားတွေပြောနေမှာလဲ။ ငါတို့က မိတ်ဆွေတွေ မဟုတ်ဘူးလား...."

မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်၏။

မုန့်ချန်ချင်းအပြုံးကိုကြည့်ရင်း...

ရှဟန် သူ့လက်ထဲက ဆေးပုလင်းကို နောက်တစ်ကြိမ်ကြည့်လိုက်ရာ စိတ်ခံစားချက်တွေ ပြင်းထန်လာခဲ့သည်။

နောက်ဆုံးမှာတော့ သူ့စိတ်ကိုထိန်းချုပ်လိုက်ပြီး မုန့်ချန်ချင်းကို အရိုအသေပေးကာ ရိုးသားစွာပြောလိုက်သည်။

"ငါ့ကို တန်ဖိုးထားပေးလို့ ကျေးဇူးတင်ပါတယ်၊ ဂျူနီယာညီလေးမုန့်။ အနာဂတ်မှာ မင်းဘာပဲလိုအပ်လိုအပ် ငါအကောင်းဆုံးလုပ်ပေးမှာပါ..."

ရှဟန် အလေးအနက်ပြောလိုက်သည်။

ဒင်!

[နှစ်သက်မှုအဆင့် ကြယ်နှစ်လုံးသို့တိုးတက်သွားပါပြီ]

[ရရှိသောစွမ်းရည်-ကြေးဝါချပ်ဝတ်သိုင်း (အဆင့် ၄) ]

[အပိုဆောင်းဆုလဒ်- လူသားအဆင့်သိုင်းပညာကျွမ်းကျင်ကဒ် သုံးကဒ်]

[ချက်ချင်း ပေါင်းစပ်လိုပါသလား]

စနစ်က အသိပေးလိုက်သည်။

မုန့်ချန်ချင်းမျက်လုံးထဲမှာ အံ့အားသင့်သည့် အရိပ်အယောင်တွေ ပေါ်လာခဲ့သည်။

ကြည့်ရတာ သူက စနစ်၏နည်းလမ်းတွေထဲက တစ်ခုကို တရားဝင်ကျွမ်းကျင်သွားပုံပင်။

မိတ်ဆွေတွေကိုကူညီပြီး နှစ်သက်မှုတိုးလာခြင်း....

ထို့ပြင် ထိုအရာက သူ ပြန်လည်ကုသဆေးပေးရသည့် အကြောင်းပြချက်လည်းဖြစ်သည်။

သူ့မှာနောက်ခံမိသားစုရှိသော်လည်း ပြန်လည်ကုသဆေးက အဆင့်မြင့်ဆေးတစ်မျိုးဖြစ်ပြီး အတော်လေး တန်ဖိုးကြီး၏။

"ဒီစနစ်က တကယ် အံ့သြစရာပဲ...."

မုန့်ချန်ချင်း စိတ်ထဲမှာ တွေးလိုက်၏။

အခြားအသုံးမဝင်သည့်စွမ်းရည်တွေရမည်ဟု ထင်ခဲ့ပေမယ့် မမျှော်လင့်စွာပဲ ရှဟိုင်၏ ဒုတိယအကောင်းဆုံးစွမ်းရည်ကို ရရှိခဲ့၏။

အဆင့် ၄ ကြေးဝါချပ်ဝတ်သိုင်း....

ခန္ဓာသန့်စင်နည်းလမ်းတွေက ကျင့်ကြံဖို့ အတော်ခက်ခဲပြီး ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုပုံသွင်းဖို့ အားကောင်းသည့်စိတ်စွမ်းအား လိုအပ်၏။

ထိုအရာက သာမန်လူတောင့်ခံနိုင်သည့်အရာမဟုတ်ပေ။

သို့ပေမယ့် ယခုတော့ သူက ထိုအရာကို အလွယ်တကူပဲ ရရှိသွားခဲ့သည်။

ထိုအရာအတွက် ပြန်လည်ကုသဆေးတစ်ပုလင်းသာ သုံးလိုက်ရ၏။

အတော်လေးမြတ်၏။

ထို့ပြင် အပိုဆောင်ဆုလည်း ရလိုက်သေး၏။

လူသားအဆင့်သိုင်းပညာကျွမ်းကျင်မှုကဒ် သုံးကဒ်....

သို့ပေမယ့် ထိုပစ္စည်းက ဘာလဲဆိုတာ သူမသိပေ။

"စီနီယာအကိုရှ, မင်းက အရမ်းလေးနက်လွန်းနေပါပြီ။ မိတ်ဆွေတွေကြားမှာ ဒီလိုစကားတွေပြောဖို့မလိုပါဘူး...."

မုန့်ချန်ချင်း အပြုံးနှင့် ပြောလိုက်သည်။

"ငါ့မှာလုပ်စရာရှိသေးလို့ သွားလိုက်ပါအုန်းမယ်...."

စွမ်းရည်နှစ်မျိုးနှင့်ဆုလဒ်တစ်ခုရရှိပြီးနောက် ထိုအရာတွေကို ပေါင်းစပ်လေ့လာဖို့ အမြန်ပြန်ရမည်ပင်။

သူက ထိုအရာတွေကို သူ့ကိုယ်ပိုင်ခွန်အားအဖြစ် လုံဝပေါင်းစပ်ပစ်ချင်နေခဲ့၏။

"ကောင်းပြီလေ, ဂျူနီယာညီလေးမုန့်, ဂရုစိုက်ပါ...."

ရှဟန် ခေါင်းညိတ်လိုက်၏။

မုန့်ချန်ချင်းပုံရိပ် အဝေးသို့တဖြည်းဖြည်း ပျောက်ကွယ်သွားတာကိုကြည့်ပြီး

ရှဟန် မကူညီနိုင်ပဲ သက်ပြင်းချလိုက်သည်။

တစ်ချိန်တည်းမှာပဲ လက်ထဲရှိပုလင်းကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

'ဒီလိုလူမျိုးနဲ့တွေတာ ငါက တကယ်ကံကောင်းတာပဲ....'

'အနာဂတ်မှာ သူ့ကြင်နာမှုကို ပြန်ပေးရမယ်...'

.....

သူ့နေထိုင်ရာသို့ပြန်ရောက်သည့်အခါ မုန့်ချန်ချင်း ကုတင်ပေါ်မှာ ခြေချိတ်ထိုင်လိုက်သည်။

တစ်ချိန်တည်းမှာပဲ စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်၏။

[လက်ခံသူ- မုန့်ချန်ချင်း]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- သွေးကြောပုံသွင်းခြင်းအဆင့် ၈]

[အမြစ်ရိုး- အဆင့် ၅]

[နာလည်နိုင်စွမ်း- သာမန်]

[သိုင်းပညာ၊ နည်းလမ်း- အရိုပ်ကိုးခုဓားသိုင်း (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်) ]

[....]

[လက်ရှိမိတ်ဆွေ- ရှဟန်]

[မပေါင်းစပ်ရသေးသည့်စွမ်းရည်- အဆင့် ၄ အမြစ်ရိုး၊ ကြေးဝါချပ်ဝတ်သိုင်း]

[အသုံးမပြုရသေးသည့်ဆုလဒ်- လူသားအဆင့် သိုင်းပညာကျွမ်းကျင်မှုကဒ် သုံးကဒ်]

"ကောင်းမွန်တဲ့ရိတ်သိမ်းမှုပဲ...."

စွမ်းရည်နှင့် ဆုလဒ်တွေကိုကြည့်ပြီး မုန့်ချန်ချင်းချောမောခန့်ညားသည့်မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာခဲ့သည်။

သူ့ကိုယ်ပိုင်စွမ်းရည်ဇယားကိုကြည့်လိုက်သည့်အခါ အမြစ်ရိုးကလွဲ၍ ရှဟိုင်နှင့်သိပ်မကွာဘူးဆိုတာ နားလည်လိုက်၏။

ကျင့်ကြံရေးအတွက်တော့ သူက ၁၈ နှစ်သာရှိသေး၏။

"စနစ်, အမြစ်ရိုးပေါင်းစပ်မယ်...."

မုန့်ချန်ချင်း စိတ်ထဲမှာ ပြောလိုက်သည်။

ဒင်!

[ပေါင်းစပ်မှု စတင်ပါပြီ]

ထိုစကားထွက်ပေါ်လာသည်နှင့် မုန့်ချန်ချင်း သူ့ခန္ဓာကိုယ်တုန်ခါသွားတာကို ခံစားလိုက်ရ၏။ အေးစက်သည့်ခံစားမှုတစ်ခုက နှလုံးသားထဲမှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်လျှောက်ပျံ့နှံ့သွားခဲ့သည်။

ဤအရာက အဆင့် ၄ အမြစ်ရိုး ပေါင်းစပ်ခြင်းပင်။

အမြစ်ရိုးက လူတစ်ယောက်၏ပင်ကိုယ်အရည်အချင်းကို ကိုယ်စားပြု၏။

ဥပမာ, သွေးကြောပုံသွင်းခြင်းနယ်ပယ်၌ လူတစ်ယောက်က ခန္ဓာကိုယ်ရှိအဓိကသွေးကြောသွေးကို ပွင့်ဖို့လိုအပ်၏။

ကောင်းမွန်သည့်မူလအရိုးနှင့်ဆိုလျှင် အဓိကသွေးကြောတွေက ဖွင့်ရတာလွယ်ကူပြီး သံမဏိကဲ့သို့မာကျောနေမည်မဟုတ်ပေ။

ထို့ကြောင့် အချို့ပါရမီရှင်တွေက လအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်နှင့်တောင် ချိုးဖြတ်နိုင်ကြ၏။

တစ်ခဏကြာပြီးနောက် မုန့်ချန်ချင်း သူ့မျက်လုံးတွေကို ဖြည်းညင်းစွာဖွင့်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ဆေးတစ်လုံးထုတ်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။

ဆေးစွမ်းအားစုပ်ယူသည့်အရှိန်က အရင်ကထက် ဆယ်ဆလောက်ပိုမြန်လာခဲ့သည်။

"အမြစ်ရိုးခြားနားမှုက တကယ်ကို ကောင်းကင်နဲ့မြေကြီးလိုပါပဲလား....."

မုန့်ချန်ချင်း မနေနိုင်ပဲ သက်ပြင်းချလိုက်သည်။

သူ့မှာသာ အစကတည်းက အဆင့် ၄ အမြစ်ရိုးရှိခဲ့လျှင် အခုလောက်ဆို အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ရောက်ရှိနေလောက်ပြီဖြစ်သည်။

အဆင့် ၄ အမြစ်ရိုး၏ကျင့်ကြံရေးအရှိန်ကကို အတော်မြန်နေပြီဖြစ်၏။

အဆင့် ၃၊ အဆင့် ၂၊ အဆင့် ၁ ဒါမှမဟုတ် ဒဏ္ဍာရီလာ ပြီးပြည့်စုံခြင်းအမြစ်ရိုးတို့ဆိုရင် ဘယ်လောက်တောင်မြန်လိမ့်မည်နည်း။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိမ့်မည်နည်း။

မုန့်ချန်ချင်း အသက်ပြင်းပြင်းရူလိုက်ပြီး မျက်လုံးထဲမှာ ရည်မှန်းချက်တွေနှင့် ပြည့်နှက်လာခဲ့သည်။

အတိတ်၌ ထိုအကြောင်းကို သူတွေးတောင် မတွေးရဲပေ။ သို့ပေမယ့် အခုချိန်မှာတော့ စနစ်ကို ကောင်းကောင်းအသုံးပြုပြီး ပိုများသည့်မိတ်ဆွေတွေဖွဲ့နိုင်သ၍ သိုင်းပညာအထွတ်အထိပ်ကို ရောက်ဖို့က အိမ်မက်တစ်ခုမျှသာ ဖြစ်တော့မည်မဟုတ်ပေ။

"နောက်တစ်ခုအနေနဲ့ သိုင်းပညာစွမ်းရည်ကို ပေါင်းစပ်ရမယ်....."

အတွေးတွေကိုရုတ်သိမ်းလိုက်ပြီး မုန့်ချန်ချင်း စိတ်ထဲမှာ ပြောလိုက်သည်။

တိုက်ခိုက်မှုပိုင်းတွင် သူ့၌ "အရိုပ်ကိုးခုဓားသိုင်း" ရှိ၏။ ထိုအရာကလည်း လူသားအဆင့်မြင့်သိုင်းပညာတစ်ခုပင်။

ထို့ကြောင့် ကြေးဝါချပ်ဝတ်သိုင်းကို ရရှိခြင်းက အတော်ကောင်း၏။ ထိုအရာက သူ၏ခုခံရေးကင်းမဲ့မှုကို အချိန်မီဖြည့်ဆည်းပေးလိုက်တာပဲဖြစ်သည်။

ခရက်! ခရက်! ခရက်!

သူ့ခန္ဓာကိုယ် စတင်တုန်ခါလာပြီး အရေပြားမျက်နှာပြင်၌ အပြာရောင်သွေးကြောတွေ ထွက်ပေါ်လာခဲ့သည်။ သွေးနှင့် ချီစွမ်းအင်ကလည်း ပြုပြင်ခံနေရပြီး အရေပြားက တဖြည်းဖြည်း ကြေးဝါရောင် ပြောင်းလာခဲ့သည်။

အားကောင်းသည့်အော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကြေးဝါချပ်ဝတ်သိုင်းက ခုခံရေးကို အသားပေးသော်လည်း ထိုအရာက ခန္ဓာသန့်စင်နည်းလမ်းဖြစ်နေသေး၏။ ပမာဏတစ်ခုထိ လူတစ်ယောက်ခွန်အားကို တိုးမြှင့်ပေးနိုင်၏။

မုန့်ချန်ချင်း ဘေးရှိဓားရှည်ကိုဆွဲယူလိုက်ပြီး သူ့လက်မောင်းကို ခုတ်ချလိုက်၏။

ထန်!

မီးပွားတွေ လွင့်စင်သွား၏။

သူ့ခုခံမှု ဘယ်လောက်ကောင်းလဲဆိုတာ သိသာလှ၏။

"မဆိုးပါဘူး...."

မုန့်ချန်ချင်း မျက်လုံးတွေ တောက်ပသွား၏။

ဤအခိုက်အတန့်၌ အဆင့်တူပြိုင်ဘက်ကို ရင်ဆိုင်ရလျှင် သူက ရပ်ပြီး တိုက်ခိုက်ခံလျှင်တောင် သူ့အကာအကွယ်ကို ချိုးဖြတ်နိုင်မည်မဟုတ်ပေ။

သူသိရသလောက်ဆိုလျှင် ရှဟိုင်က ဤနည်းလမ်းကို လေ့ကျင့်ဖို့ ငါးနှစ်၊ ခြောက်နှစ်လောက် အချိန်ယူခဲ့ရပြီး လေ့ကျင့်နေချိန်အတွင်း၌ စွမ်းအင်နှင့် အရင်းအမြစ်များစွာ သုံးစွဲခဲ့ရသည်။

သူကတော့ ပြန်လည်ကုသဆေးတစ်လုံးသာ သုံးလိုက်ရ၏။

သူ့စိတ်အနည်းငယ်လှုပ်ရှားသွား၏။

ကြေးဝါရောင်ဖြစ်နေသည့်သူ့အသားအရည်လည်း တဖြည်းဖြည်းမှေးမှိန်သွားပြီး နဂိုအသားအရေသို့ ပြန်လည်ရောက်ရှိသွား၏။

ထို့နောက် သူက အပိုဆုလဒ်ဟုခေါ်သည့်အရာကို လေ့လာလိုက်သည်။

[လူသားအဆင့် သိုင်းပညာကျွမ်းကျင်မှုကဒ် သုံးကဒ်]

"ဒါက ဘာဖြစ်နိုင်မလဲ..."

သင်မသိလျှင်မေးပါဆိုသည့်အတိုင်း....

မုန့်ချန်ချင်း စဥ်းစားမနေတော့ပဲ မေးလိုက်သည်။

[ဤကဒ်ကိုသုံးခြင်းဖြင့် သင်က သိုင်းပညာကျွမ်းကျင်မှုကို တိုးမြှင့်နိုင်ပါတယ်]

All Chapters