မုန့်ချန်ချင်းတစ်ယောက် ကျင့်ကြံရေးကမ္ဘာတစ်ခုကို ကူးပြောင်းလာခဲ့၏။ သာမန်ဘဝတစ်ခုမှာပဲနေရမယ်လို့ တွေးထားပေမယ့် မထင်မှတ်ပဲ မိတ်ဆွေဖွဲ့ခြင်းစနစ်ကို နိုးထစေခဲ့၏။ တစ်ဖက်လူက သူနှင့်မိတ်ဆွေဖြစ်ဖို့ သဘောတူသရွေ့ နှုတ်အားဖြင့်ဆိုလျှင်တောင် တစ်ဖက်လူ၏ သက်ဆိုင်ရာစွမ်းရည်တွေကို ရရှိနိုင်၏။ ထို့ပြင် အပိုဆောင်းဆုလဒ်တွေလည်း ရရှိနိုင်၏။ "ဂိုဏ်း၏ စစ်မှန်သောဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက်ကို မိတ်ဆွေဖွဲ့ခဲ့လျှင် ...ရရှိသောစွမ်းရည်- ပထမတန်းစားပါရမီ" "ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို မိတ်ဆွေဖွဲ့လျှင်... ရရှိသောစွမ်းရည်- ပြီးပြည့်စုံခြင်းအဆင့် 'ဖျက်ဆီးမရသောစစ်မှန်ဘုရင်နည်းလမ်း' " "နတ်ဆိုမျိုးနွယ်ဝင် နဂါးအမျိုးသမီးတစ်ယောက်ကို မိတ်ဆွေဖွဲ့လျှင်.... ရရှိသောစွမ်းရည်- စစ်မှန်နဂါးသွေးမျိုးဆက်" "ဓားအင်မော်တယ်တစ်ယောက်ကို မိတ်ဆွေဖွဲ့လျှင်.... ရရှိသောစွမ်းရည်-ဖရိုဖရဲဓားခန္ဓာကိုယ်" "...." ဤသို့ဖြင့် မုန့်ချန်းချင်းဟာ သူ၏ကျင့်ကြံရေးခရီးကို မိတ်ဆွေတွေအပေါ်မှီခိုပြီး စတင်ခဲ့၏။ မိတ်ဆွေဖြစ်ဖို့ဆန္ဒမရှိသည့်လူတွေအတွက်တော့ မုန့်ချန်ချင်းဟာ ခါးမှဓားရှည်ကိုဆွဲထုတ်ပြီး သူ၏မြင့်မြတ်သည့်စိတ်ဓာတ်နှင့်သာ မိတ်ဆွေဖွဲ့ခိုင်းလိုက်၏။

