← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း (၁၆၉)

ဂိုဏ်း၏ အတွေးအခေါ်၊ သေခြင်းရှင်ခြင်းမြက်၊ ရှီညီအစ်ကိုများ၏ စွမ်းရည်ဇယား ပြောင်းလဲမှုများ

ကောင်းကင်ယံကြီးမှာ တိမ်တစ်မျှင်မျှ မရှိဘဲ ပြာလွင်နေခဲ့ပြီး တိမ်သင်္ဘောကြီးတစ်စင်းသည် လေထုကို ဖြတ်သန်းကာ အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေခဲ့သည်။

ထျန်းလင်စီရင်စုသည် ထိပ်တန်းစီရင်စုများနှင့် နှိုင်းယှဥ်ပါက သေးငယ်သည်ဟု ဆိုနိုင်သော်လည်း အမှန်စင်စစ်မူ အလွန်တရာ ကျယ်ပြောလှဆဲဖြစ်သည်။

တိမ်သင်္ဘောကို အရှိန်အပြည့်ဖြင့် မောင်းနှင်လျှင်ပင် စီရင်စုနယ်နိမိတ်အတွင်းမှ လုံးဝထွက်ခွာနိုင်ရန် ရက်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

ယခုမူ သုံးရက်ခန့် ကုန်လွန်သွားခဲ့ပြီး တိမ်သင်္ဘောသည် နောက်ဆုံးတွင် ထျန်းလင်စီရင်စု၏ နယ်စပ်သို့ ရောက်ရှိလာခဲ့သည်။

သူတို့က မြောက်ဘက်သို့ ဦးတည်နေခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထျန်းရွမ်စီရင်စုသည် တောင်ပိုင်းဒေသ၏ မြောက်ဘက်အကျဆုံးတွင် တည်ရှိပြီး ဗဟိုစီရင်စုနှင့်လည်း အနီးစပ်ဆုံး ဖြစ်နေသောကြောင့်ပင်။

မုန့်ချန်ချင်း တိမ်သင်္ဘော၏ ရှေ့ဆုံးတွင် မတ်တပ်ရပ်နေရင်း တောင်တန်းများနှင့် မြစ်ချောင်းများကိုကြည့်ရှုရင်း ကျယ်ပြောလှသော မြင်ကွင်းကို ငေးမောနေခဲ့သည်။

ဤခရီးစဥ်သည် သူ့ကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သော ခမ်းနားထည်ဝါလှသည့် မြင်ကွင်းများစွာကို အမှန်တကယ် မြင်တွေ့ခွင့်ရစေခဲ့သည်။

တကယ့်ကို အမြင်ကျယ်သွားသည်ဟု ဆိုရမည်ဖြစ်သည်။

တောင်ပိုင်းဒေသ၏ စီရင်စုတစ်ဆယ့်သုံးခုကို အသန်မာဆုံးမှ အားအနည်းဆုံးအထိ စီရင်ပါက ထျန်းရွမ်၊ ထျန်းရှူ၊ ထျန်းကျီ၊ ထျန်းဟန်၊ ထျန်းယန်၊ ထျန်းယွင်၊ ထျန်းဂွမ်၊ ထျန်းချွမ်၊ ထျန်းရှန့်... ထျန်းလင်၊ ထျန်းယောင်၊ ထျန်းယွဲ့ တို့ ဖြစ်ကြသည်။

နောက်ထပ် ရောက်ရှိမည့်နေရာမှာ ထျန်းရှန့်စီရင်စု ဖြစ်သည်။

မဟာအကြီးအကဲ၏ အဆိုအရ ဤစီရင်စု၏ စွမ်းအားမှာ သာမန်အဆင့်အောက် အနည်းငယ်သာနိမ့်ရှိပြီး ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်း ရှိသည်ဟု ဆိုသည်။

သေခြင်းရှင်ခြင်းနယ်ပယ် ကျွမ်းကျင်သူအရေအတွက်မှာ ဆယ်ယောက်ဝန်းကျင်ခန့် ရှိပေသည်။

“ထျန်းယွင်စီရင်စု...”

မုန့်ချန်ချင်း ဤအမည်ကို တီးတိုးရေရွတ်လိုက်သည်။

ပိုင်စုရှီးသည် သူမကိုယ်သူမ ဤစီရင်စုမှဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကို သူ သတိရမိသွားသည်။

မြေပုံအရဆိုလျှင် ထျန်းရှန့်နှင့် ထျန်းဂွမ်တို့ကို ဖြတ်သန်းပြီးနောက် ထျန်းယွင်စီရင်စုသို့ ရောက်ရှိမည် ဖြစ်သည်။

ပိုင်စုရှီးတစ်ယောက် ထျန်းယွင်စီရင်စုသို့ ပြန်လည်ရောက်ရှိသွားပြီလားဟု သူ တွေးတောနေမိသည်။

မုန့်ချန်ချင်း ခေါင်းအနည်းငယ် ခါယမ်းပြီး အတွေးများကို ဖျောက်ဖျက်ကာ တိမ်လှေပေါ်ရှိ အဆောင်ငယ်ဆီသို့ လျှောက်လှမ်းခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မဟာအကြီးအကဲ စကားပြောနေသည်ကို သူ ကြားလိုက်ရသည်။

"ဂိုဏ်းပြင်ပကို ရောက်တဲ့အခါ သတိဝီရိယရှိဖို့နဲ့ နှိမ့်ချဖို့ သတိရကြ... ဘယ်တော့မှ မောက်မောက်မာမာမလုပ်ကြနဲ့..."

"အရာရာမှာ စည်းကမ်းကို လိုက်နာပြီး စည်းကျော်တာမျိုးတွေ လွယ်လွယ် မလုပ်ကြနဲ့..."

"ပြဿနာတစ်ခုခု ကြုံလာရရင် အရင်ဆုံး သည်းခံပြီး လိုက်လျောပေးလိုက်ပါ..."

“သည်းခံလို့လည်း မရ၊ လိုက်လျောလို့လည်း မရရင်ကော ဘာလိုလုပ်မလဲ...”

ရှီယောင် လက်မြှောက်ကာ မေးလိုက်သည်။

ယခုအခါ နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ရာ ထိုညီအစ်ကိုနှစ်ဦး၏ ခန္ဓာကိုယ်မှာ ပိုမို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

နှစ်ဦးစလုံးမှာ အမြင့် မီတာ နှစ်ဆယ်ခန့် ရှိနေကြပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် တိမ်သင်္ဘောမှာ လုံလောက်စွာ ကြီးမားနေခဲ့သည်။

မဟုတ်ပါက သူတို့ကို ဆန့်ဆံ့လိမ့်မည် မဟုတ်ချေ။

“အဲဒါဆိုရင်တော့ မင်းလုပ်ရှားလို့ရပြီ...”

မဟာအကြီးအကဲက သူ့ကို တစ်ချက် ကြည့်လိုက်သည်။

“နားလည်ပါပြီ...”

ရှီယောင် နာခံစွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ကို ပြန်ချလိုက်သည်။

မုန့်ချန်ချင်း အဝေးမှနေ၍ နားထောင်နေခဲ့သည်။

မဟာအကြီးအကဲ၏ အတွေးအခေါ်မှာ ဂိုဏ်းချုပ်၏ အတွေးအခေါ်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။

သူတို့ ထွက်ခွာခါနီးအချိန်တွင် ဂိုဏ်းချုပ်၏ စကားများမှာ ရိုးရှင်းလှသည်။

ပြတ်ပြတ်သားသား ပြုမူပါ၊ စိတ်ကို ရှင်းလင်းအောင်သာ ထားပါ ဟူ၍ ဖြစ်သည်။

သို့သော် မဟာအကြီးအကဲကမူ သည်းခံခြင်းနှင့် လိုက်လျောခြင်းကိုသာ အရင်ဆုံး ရှေ့တန်းတင်ထားသည်။

လုံးဝ မလွဲမရှောင်သာသည့် အချိန်ကျမှသာ လက်တုံ့ပြန်ရန် ဆိုလိုခြင်း ဖြစ်သည်။

“အတွေးအခေါ် နှစ်ခု ရှိနေတဲ့ ဂိုဏ်းပဲ...”

မုန့်ချန်ချင်း ခေါင်းအနည်းငယ် ခါယမ်းလိုက်မိသည်။

သူ ဤအရာကို အများကြီး တွေးမနေချေ။

ဘာပဲပြောပြော လူသားချင်းက တူညီကြသည်မှ မဟုတ်ဘဲ။

အဆောင်ငယ်အတွင်းရှိ သူ၏ သတ်မှတ်ထားသော ကျင့်ကြံရေးနေရာသို့ ပြန်ရောက်သည့်အခါ ဂိုဏ်းချုပ် ပေးထားသော အရာများကို ထုတ်ယူလိုက်သည်။

အထူးသဖြင့် ယွင်ပုကျွယ် ပြန်လည်ယူဆောင်လာခဲ့သော သိုလှောင်လက်စွပ်ကို ဖြစ်သည်။

၎င်းအထဲတွင် သေခြင်းရှင်ခြင်းနယ်ပယ်အတွက် လိုအပ်သော အရင်းအမြစ်များ ပါဝင်နေခဲ့သည်။

သေခြင်းရှင်ခြင်းနယ်ပယ်တွင် ကျင့်ကြံခြင်းသည် နတ်ဘုရားရရှိခြင်းနယ်ပယ်နှင့် ဆင်တူပြီး၊ အဓိကအားဖြင့် မိမိကိုယ်ပိုင် နားလည်သဘောပေါက်မှုအပေါ်တွင်သာ မှီခိုရသဖြင့် ပြင်ပအထောက်အကူပစ္စည်းအနည်းငယ်မှလွဲ၍ များစွာ အစွမ်းမပြနိုင်ချေ။

သူ၏ အသိစိတ်ကို သိုလှောင်လက်စွပ်အတွင်းသို့ သွင်းလိုက်သည်။

ထိုအခါ ရှေ့မှောက်တွင် ဝိညာဥ်ဆေးဖက်ဝင်အပင် သုံးပင် ထွက်ပေါ်လာခဲ့သည်။

၎င်းတို့မှာ အနက်ရောင်နှင့် အဖြူရောင် ရောယှက်နေပြီး သေခြင်းနှင့် ရှင်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ကြသည်။

“ဒါက... သေခြင်းရှင်ခြင်းမြက်ပဲ...”

မုန့်ချန်ချင်း ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားခဲ့သည်။

ဤမြက်သည် စွမ်းအားထက်ဖြစ်တည်မှုများ ကျဆုံးခဲ့သည့် နေရာများတွင်သာ ပေါက်ရောက်လေ့ရှိပြီး သူတို့၏ အလောင်းကောင်များပေါ်တွင် ပေါက်ပွားလာတတ်သည်ဟု ဆိုကြသည်။

၎င်းကို စားသုံးလိုက်သည်နှင့် များပြားသော သေခြင်းရှင်ခြင်းအသိအမြင်များကို ပေးစွမ်းနိုင်သဖြင့် အလွန်တရာ ရှားပါးပြီး တန်ဖိုးကြီးမားလှပေသည်။

သေခြင်းရှင်ခြင်းမြက် ထွက်ပေါ်လာသည့် မည်သည့်နေရာမဆို သေခြင်းရှင်ခြင်းနယ်ပယ် ကျွမ်းကျင်သူအမြောက်အမြားကို လာရောက်လုယူရန် ဆွဲဆောင်နိုင်ပေသည်။

“မဆိုးဘူး...”

မုန့်ချန်ချင်းမျက်လုံးများ တောက်ပသွားခဲ့သည်။

ဤသေခြင်းရှင်ခြင်းမြက်များရှိပါက အဆင့်ငယ် သုံးဆင့်မှ လေးဆင့်အထိ တိုးတက်ရန်မှာ ပြဿနာရှိလိမ့်မည် မဟုတ်ချေ။

လာမည့် ခရီးလမ်းတွင် သူ အလုပ်ရှုပ်စရာ အရာတစ်ခု ရှိသွားပြီ ဖြစ်သည်။

ထို့ပြင် မဟာအကြီးအကဲနှင့်လည်း မိတ်ဆွေဖွဲ့ရန် ကြိုးစားကြည့်သင့်သည်။

ရိုးရိုးသားသားပြောရလျှင် မဟာအကြီးအကဲသည် သူ့အပေါ် အမြဲတမ်း ကြင်နာစွာ ဆက်ဆံသော်လည်း အသက်အရွယ်နှင့် အဆင့်အတန်း ကွာဟချက်ကြောင့် စကားကို လွတ်လွတ်လပ်လပ် ပြောဆိုရန် ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။

လဝက်ခန့် အချိန်မှာ မျက်တောင်ဖျတ်ခနဲအတွင်း ကုန်လွန်သွားခဲ့၏။

တိမ်သင်္ဘောသည် ထျန်းရှန့်စီရင်စုနှင့် ထျန်းဂွမ်းစီရင်စုတို့ကို ဖြတ်သန်းကာ ထျန်းယွင်စီရင်စုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထျန်းယွင်စီရင်စု၏ မြေမျက်နှာသွင်ပြင်မှာ ထျန်းလင်စီရင်စုနှင့် တော်တော်လေး ကွဲပြားခြားနားလှပေသည်။

ဤစီရင်စုတွင် တောင်ထိပ်များစွာ ရှိပြီး ပုံမှန်ထက် ထူးခြားစွာ မတ်စောက်နေခဲ့သည်။

တိမ်တိုက်များမှာလည်း ထူထပ်ကာ ကျယ်ပြန့်စွာ ပျံ့နှံ့နေခဲ့သည်။

ဤသည်မှာ ထျန်းယွင်စီရင်စုဟူသော အမည်နာမ၏ မြစ်ဖျားခံရာ ဖြစ်နိုင်ပေသည်။

တိမ်သင်္ဘောသည် အဝေးအောက်ဘက်ရှိ ရှေးဟောင်းမြို့တော်ကြီးတစ်ခုဆီသို့ ဦးတည်ကာ အရှိန်မြှင့် မောင်းနှင်သွားခဲ့သည်။

မဟာအကြီးအကဲပြောစကားအရ သူတို့သည် ရက်အနည်းငယ်ခန့် အနားယူရန် လိုအပ်ပြီး ထျန်းယွင်စီရင်စု၏ ဓလေ့ထုံးတမ်းများကို လေ့လာစူးစမ်းကာ အတွေ့အကြုံများ ပိုမိုရယူရန် ဖြစ်သည်။

သဘာဝအတိုင်း မည်သူမျှ ကန့်ကွက်ခြင်း မရှိကြချေ။

ခရီးသွားခြင်းသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး အလှပဆုံးသော မြင်ကွင်းဖြစ်စေကာမူ အချိန်ကြာလာသည်နှင့်အမျှ ငြီးငွေ့လာတတ်သည်။

အထူးသဖြင့် ရှီညီအစ်ကိုများအတွက် ဖြစ်သည်။

သူတို့သည် လှေပေါ်တွင် ပိတ်မိနေရသဖြင့် ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ကြပြီပင်။

သူတို့က မုန့်ချန်ချင်းနှင့် စကားပြောလိုကြသော်လည်း မုန့်ချန်ချင်းမှာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

အခြားသူများနှင့်မူ ရင်းနှီးမှုမရှိကြချေ။

သူတို့၌ ပြောစရာ တူညီသောအကြောင်းအရာ မရှိကြသဖြင့် တကယ့်ကို စိတ်ပျက်စရာကောင်းလှပေသည်။

“ချန်ချင်း... အနားယူပြီး လေကောင်းလေသန့်လေး ဘာလေး ထွက်ရှူဦး...”

အနီးနားရှိ တိုကင်ပြားတစ်ခုဆီမှ မဟာအကြီးအကဲ၏ အသံ ထွက်ပေါ်လာခဲ့သည်။

မုန့်ချန်ချင်း သူ၏ မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်သည်။

လွန်ခဲ့သည့်လဝက်ကနှင့် နှိုင်းယှဥ်ပါက သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ သေခြင်းရှင်ခြင်းရည်ရွယ်ချက်မှာ ပိုမို၍ ထူထပ်သိပ်သည်းလာခဲ့ပြီဖြစ်ရာ ကြီးမားသော တိုးတက်မှုရှိကြောင်း သိသာပေသည်။

သူက သေခြင်းရှင်ခြင်းနယ်ပယ် အဆင့် ၂ သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

နတ်ဘုရားရရှိခြင်းနယ်ပယ်နှင့် နှိုင်းယှဥ်ပါက ဤအရှိန်အဟုန်မှာ နှေးကွေးသည်ဟု ထင်ရ၏။

သို့သော် ၎င်းမှာ အလွန်တရာ မြန်ဆန်နေဆဲ ဖြစ်သည်။

အဆုံးမှာတော့ ဤအရာက သေခြင်းရှင်ခြင်းနယ်ပယ် ဖြစ်ပြီး လဝက်အတွင်း အဆင့်ငယ်တစ်ခုကို ချိုးဖျက်နိုင်ခြင်းမျိုးမှာ တစ်ခါမျှ မကြားဖူးလောက်အောင်ပင် ဖြစ်သည်။

၎င်းမှာ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူမည် မဟုတ်ချေ။

“အနားယူရမယ့် အချိန်ပဲ...”

မုန့်ချန်ချင်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

ဤအချိန်က အပြင်ထွက်ပြီး အခြားစီရင်စုများကို ကြည့်ရှုရန် အချိန်ကောင်းပင် ဖြစ်သည်။

သူတို့ ယခု ဘယ်စီရင်စုထဲ ရောက်နေလဲဆိုတာ သူ သိချင်နေမိသည်။

တံခါးကို ဖွင့်လိုက်သည်နှင့် ဧရာမ ခန္ဓာကိုယ်ကြီးနှစ်ခုက သူ့ကို ဆီးကြိုနေခဲ့သည်။

သူတို့နှင့် နှိုင်းယှဥ်ပါက သူ၏ အရွယ်အစားမှာ သူတို့၏ လက်ဝါးခန့်မျှသာ ရှိပေသည်။

သူတို့မှာ ရှီညီအစ်ကိုများ ဖြစ်ကြသည်။

“စီနီယာအစ်ကိုမုန့်... အစ်ကို နောက်ဆုံးတော့ ထွက်လာပြီပဲ... ငါတို့ မြို့ထဲကို အတူတူ သွားရအောင်...”

ရှီယောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဖြုန်း!

ရှီဂွမ်း သူ့ကို ရိုက်လိုက်သည်။

“သိုင်းပညာဦးလေးလို့ ခေါ်ပါဆို...”

“သိုင်းပညာဦးလေး...”

ရှီယောင် သူ၏ ခေါင်းကို ပွတ်သပ်ရင်း တွန့်ဆုတ်စွာဖြင့် ခေါ်လိုက်သည်။

"ငါတို့ပဲရှိရင် စီနီယာအစ်ကိုလို့ပဲ ခေါ်လို့ရပါတယ်... ဒီလောက်အထိ လုပ်ထုံးလုပ်နည်းတွေ မလိုပါဘူး...”

မုန့်ချန်ချင်း ချက်ချင်းပင် ရယ်မောလိုက်သည်။

အမှန်စင်စစ် ဤလူနှစ်ယောက်နှင့် စကားမပြောဖြစ်ခဲ့သည်မှာ အတော်ကြာသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ဤလနှစ်ယောက်၏ စွမ်းရည်ဇယားများ မည်သို့ ပြောင်းလဲသွားသလဲ၊ သူတို့၏ စွမ်းရည်များ တိုးတက်လာသလားဆိုသည်ကို သူ သိချင်နေမိသည်။

သူသည် ခရမ်းမြူတောင်ထိပ်၏ အဓိကနည်းစနစ်ဖြစ်သော "ကြယ်ဘုရင်ကျမ်း" ကို အလွန်စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်၌ သူ၏ ခုခံကာကွယ်မှု စွမ်းရည်များမှာ အနည်းငယ် နောက်ကျကျန်နေပြီဖြစ်သည်။

အမြန်ဆုံး လိုက်မှီရန် လိုအပ်၏။

ဤအတွေးဖြင့်...

မုန့်ချန်ချင်း သူ၏ စူးစမ်းရေးမျက်လုံးကို အသက်သွင်းလိုက်သည်။

[မိတ်ဆွေ - ရှီဂွမ်း]

[မျိုးနွယ် - လူသား]

[ကျင့်ကြံရေး - နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၁]

[အမြစ်ရိုး - အဆင့် ၃]

[နားလည်နိုင်စွမ်း - သာမန်]

[သွေးမျိုးဆက် - ကျောက်တုံးလူသား]

[သွေးမျိုးဆက်စွမ်းရည် - ဘုရင်ချပ်ဝတ်၊ ကျောက်တုံးဘုရင်ဟိန်းသံ၊ ကျောက်တုံးလူသားလက်သီးရှည်၊ ကျောက်တုံးဘုရင်နတ်ဘုရားတံဆိပ်]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ - "ကြယ်ဘုရင်ကျမ်း တွဲ ၁ - ကောင်းကင်ပြောင်းလဲခြင်း" (ပြီးပြည့်စုံခြင်းအဆင့်)၊ "ကြယ်ဘုရင်ကျမ်း တွဲ ၂ - ယင်ယန်အတတ်" (စဦးအဆင့်)၊ "ကောင်းကင်ခွဲခြမ်းခြင်းလက်သီးကျမ်း - အထွတ်အထိပ်ကြယ်စင်စီးဆင်းမှုအခန်း" (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်) …]

(အရင်အပိုင်းတွေမှာ ဧကရာဇ်ကောင်းကင်ကျမ်းလို့သုံးနှုန်းထားသည်။ သူ့ထဲမှာလည်း အဲ့အတိုင်းရေးထားတာပါ။ ခုကြ royal star lord လို့ ရေးလာလို့ ကြယ်ဘုရင်ကျမ်းလို့ပြန်ရပါမယ်။ ဘာလို့ဆို အောက်ဘက်တွေမှာ ကြယ်နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေ သုံးထားလို့ပါ။)

All Chapters