← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း (၁၅၈)

စွမ်းအားများ အလွန်အမင်း မြင့်တက်လာခြင်း၊ ဓားတစ်ချက်၏ စွမ်းအား၊ အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ကောင်းခြင်း

ဝှစ်!

အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့ပြီး လူအချို့ အပြင်သို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည်။

သူတို့ထဲတွင် လင်းရှောင်ထျန်းလည်း ပါဝင်ပြီး မျက်လုံးများ၌ ကြောက်ရွံ့မှုတွေ ပြသနေခဲ့သည်။

“နတ်ဆိုးတွေက ရူးသွပ်သွားပြီ... အရေအတွက်ကလည်း အကန့်အသတ်မရှိပဲ...”

သူက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။

သူသာ လျင်မြန်စွာ တုံ့ပြန်ပြီး ချောက်နက်တံဆိပ်ပြားကို မသုံးခဲ့လျှင် အပြင်သို့ အသက်ရှင်လျက် ထွက်လာနိုင်လိမ့်မည် မဟုတ်ချေ။

နောက်ထပ် လူများစွာလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ထွက်ပေါ်လာခဲ့ကြသည်။

....

“ဓားချက် ၂ချက်...”

“ဓားချက် ၃ချက်...”

“ဓားချက် ၄ချက်...”

...

“ဓားချက် ၁၉ချက်...”

တောက်ပလှသော ဓားအလင်းတန်းများ ကောင်းကင်ယံတွင် ယှက်သန်းသွားပြီး ကြောက်မက်ဖွယ်ဓားချီများက စကြဝဠာတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းသွားခဲ့သည်။

အလွန်အံ့အားသင့်စရာမြင်ကွင်းတစ်ခုပင်။

နီနက်ရောင် မြေပြင်ပေါ်၌ သောင်းနှင့်ချီသော နတ်ဆိုးများ တဟုန်ထိုး တက်လာခဲ့ကြသော်လည်း ခဏချင်းအတွင်းမှာပင် အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက်ခံလိုက်ရသည်။

ထိုဓားသမားသည် အင်္ကျီဗလာနှင့်ဖြစ်ပြီး အနက်ရောင်ဆံပင်များမှာ တဖြတ်ဖြတ်လွင့်ပျံနေကာ အေးစက်သောမျက်လုံးတွေရှိ၏။

ဤအချိန် သူ့ပတ်ပတ်လည်၌ မည်းနက်သော သံကြိုးများစွာ ထွက်ပေါ်လာပြီး နတ်ဆိုးများကို ဖောက်ထွင်းကာ လိုက်လံသန့်စင်နေခဲ့သည်။

“နတ်ဆိုးနှိမ်နင်းရေး စွမ်းအားပဲ...”

နောက်ဆုံးကျန်ရှိနေသော အဆင့် ၅ နတ်ဆိုး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ ၎င်းက မီးတောက်များအဖြစ် တောက်လောင်သွားခဲ့ပြီး နတ်ဆိုးချီအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤနေရာသည် လှည့်စားခြင်းအသံ ကောင်းကင်နတ်ဆိုးကလန်၏ နယ်မြေ မဟုတ်ဘဲ အခြားသော ပိုမိုအားနည်းသည့် နတ်ဆိုးမျိုးနွယ်စုတစ်ခု၏ နယ်မြေ ဖြစ်သည်။

ထိုမျိုးနွယ်စု၏ ခေါင်းဆောင်မှာ တစ်ဦးတည်းသော အဆင့် ၅ နတ်ဆိုး ဖြစ်သည်။

မုန့်ချန်ချင်း နတ်ဆိုးချီကို ဆုပ်ကိုင်လိုက်ပြီး ဝါမျိုပစ်လိုက်ကာ ဝိညာဥ်ကျင့်ကြံရေး၏ လောင်စာအဖြစ်သို့ ပြောင်းလဲလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ တစ်ခုခု ကျိုးပျက်သွားသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျင့်ကြံရေးအဆင့် ထပ်မံချိုးဖျက်သွားခဲ့သည်။

နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၄...

ဤမျှ အံ့ဩစရာကောင်းလှသော ကျင့်ကြံရေးအရှိန်က တကယ့်ကို အံ့မခန်းပင်။

ငါးရက် သို့မဟုတ် ခြောက်ရက်ခန့်သာ ကုန်လွန်သွားခဲ့သော်လည်း သူသည် အဆင့် ၁ မှ အဆင့် ၄ သို့ ခုန်တက်သွားခဲ့ခြင်း ဖြစ်သည်။

“မဆိုးဘူး...”

မုန့်ချန်ချင်း၏ အေးစက်သော မျက်နှာထက်တွင် နောက်ဆုံး၌ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော် ထပ်မံ၍ ရှေ့သို့ ဖောက်ထွက်နိုင်ရန်အတွက် သူ့အနေဖြင့် ပိုမိုများပြားလှသော နတ်ဆိုးချီများ လိုအပ်နေသေးရာ အကြမ်းဖျင်းအားဖြင့် အဆင့် ၅ နတ်ဆိုး ရှစ်ကောင်နှင့် ညီမျှသော ဝိညာဥ်ချီမျှင် ရှစ်ခုခန့် လိုအပ်သည်။

ထိုမျှ များပြားလှသော အရေအတွက်ကို လှည့်စားခြင်းအသံ ကောင်းကင်နတ်ဆိုးကလန်၏ နယ်မြေထဲတွင်သာ ရှာဖွေနိုင်မည် ဖြစ်ပြီး ထိုနေရာမှာ မြေပုံ၏ အပြင်ဘက်တွင် ရှိနေကာ အလွန်အန္တရာယ်များသည်။

“အလျှင်မလိုပါဘူး... သူတို့ဆီ သွားနေဖို့ မလိုပါဘူး... သူတို့ ငါ့ဆီ လာကြလိမ့်မယ်...”

မုန့်ချန်ချင်း ဇက်ချိုးလိုက်ရာ အရိုးချင်းရိုက်ခတ်သံများ ထွက်ပေါ်လာခဲ့ပြီး သူ၏ ဖိနှိပ်မှု အရှိန်အဝါများက ပျံ့နှံ့သွားခဲ့သည်။

သူ၏လက်ထဲရှိ ကြက်သွေးရောင်ကောင်းကင်ဓားမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့ပြီး ရိုသေလေးစားသကဲ့သို့ ဖြစ်သွားသည်။

သူ လှည့်ကြည့်လိုက်သည့်အခါ သံကြိုးများ ပြန်လည်ရုပ်သိမ်းသွားခဲ့ပြီး ထူထပ်လှသော နတ်ဆိုးချီ တိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းတို့အနက် အများစုမှာ အဆင့် ၁ သို့မဟုတ် အဆင့် ၂ မျှသာ ဖြစ်သဖြင့် သူ့အတွက် အသုံးမဝင်သော်လည်း ဂိုဏ်းအတွင်းရှိ အခြားသူများအတွက်မူ အကျိုးရှိပေသည်။

နတ်ဘုရားရရှိခြင်းနယ်ပယ် စစ်သည်များအနေဖြင့် ၎င်းကို သုံး၍ ဝိညာဥ်ကျင့်ကြံရေးကို မြှင့်တင်နိုင်သလို တာအိုဖန်တီးခြင်းနယ်ပယ် တပည့်များအတွက်မူ ဝိညာဥ်၏ လမ်းကြောင်းကို နားလည်သဘောပေါက်စေရန် အထောက်အကူပြုနိုင်သဖြင့် နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ဖောက်ထွက်ရာတွင် အသုံးဝင်ပေသည်။

မုန့်ချန်ချင်း နတ်ဆိုးချီအားလုံးကို သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်ပြီး အဆင့် ၃ နှင့် အထက်ရှိသောအရာများကိုသာ စုပ်ယူခဲ့သည်။

သူသည် နတ်ဆိုးအတတ်အစစ်အမှန် တည်ရှိမှုကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိချေ။

အဘယ်ကြောင့်ဆိုသော် သူ၏လျင်မြန်လှသော ကျင့်ကြံရေး တိုးတက်မှုနှုန်းကို ထိုအရာမှလွဲ၍ အခြားနည်းဖြင့် ရှင်းပြနိုင်မည် မဟုတ်သောကြောင့်ပင်။

ထို့အပြင် သူသည် ဤနတ်ဆိုးအတတ်ကို ဂိုဏ်းနှင့် မျှဝေရန်လည်း ရည်ရွယ်ထားသည်။

အလွန်အမင်း အဖိုးတန်လှသော်လည်း လူတိုင်း ကျင့်ကြံနိုင်မည် မဟုတ်ချေ။

အကြောင်းမှာ ၎င်းက ရှေးဟောင်းကာလကပင် အလွန်တရာ ရှားပါးလှသော နတ်ဆိုးနှိမ်နင်းရေး ပစ္စည်းများ လိုအပ်သောကြောင့် ဖြစ်သည်။

ပိုင်စုရှီးကဲ့သို့ ထူးခြားလှသော ကံတရားရှိသူမျိုးသာလျှင် ၎င်းကို ကျွမ်းကျင်ပိုင်နိုင်နိုင်ပေသည်။

အခြားသူများအတွက်မူ ၎င်းက စုဆောင်းစရာ ပစ္စည်းတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူ့ထံတွင် အခြားသော ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးသည်။

ဤကဲ့သို့ ပြုလုပ်ခြင်းက ဂိုဏ်းချုပ်၏ မိမိအပေါ် ထားရှိသော အမြင်ကို ပိုမိုကောင်းမွန်လာစေနိုင်ပေသည်။

"မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ် - အတွဲ ၁"

မုန့်ချန်ချင်း တွေးလိုက်သည်။

သူသည် အချိန်မရှိခြင်းကြောင့် ဤအတတ်ပညာကို မကျင့်ကြံရသေးသဖြင့် ဂိုဏ်းချုပ်ထံမှ စွမ်းရည်များကို ရယူခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

စိတ်ကို ရှင်းလင်းလိုက်ပြီးနောက် မုန့်ချန်ချင်း အဝေးသို့ တဟုန်ထိုး ပျံသန်းသွားခဲ့သည်။

မိုင်ရာချီဝေးသောနေရာတွင် နောက်ထပ် အဆင့် ၅ နတ်ဆိုးမျိုးနွယ်စုတစ်ခု ရှိနေသေးသည်ကို သူ မှတ်မိနေခဲ့ရာ ၎င်းကိုလည်း လက်လွတ်ခံ၍ မဖြစ်ချေ။

....

“ဓားချက် ၅ချက်...”

မိုရှောင်ယု လေထဲသို့ ခုန်တက်ပြီး အစွမ်းထက်ဓားချီများကို ထုတ်ဖော်ကာ သူမ၏ မွေးရာပါဓားခန္ဓာကို အစွမ်းကုန် တွန်းအားပေးလိုက်သည်။

သူမ၏ ပတ်ပတ်လည်တွင် အဆင့် ၅ နတ်ဆိုးသုံးကောင် ရှိနေပြီး အဆင့်နိမ့် နှစ်ကောင်နှင့် အလယ်အလတ် တစ်ကောင် ဖြစ်ကာ အားလုံးက ခန္ဓာကိုယ်များကို ပူးကပ်လုယူထားကြသူများ ဖြစ်သည်။

ပူးကပ်ပြီးနောက်တွင် နတ်ဆိုးများသည် သူတို့၏ ပင်ကိုယ်ပါရမီများကို အသုံးပြုနိုင်ရုံသာမက တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်ပိုင်ရှင်၏ သိုင်းပညာနည်းစနစ်များကဲ့သို့သော စွမ်းရည်များကိုပါ ဆက်ခံရရှိလေ့ရှိကြသည်။

“လေခွဲဓား - ဆီးနှင်းခုတ်ချက်...”

လူသားသိုင်းပညာရှင်တစ်ဦးနှင့် ဆင်တူပြီး သွေးနီရောင် မျက်လုံးများရှိသည့် အလယ်အလတ်နတ်ဆိုးက ဓားချီလှိုင်းများကို တဟုန်ထိုး ထုတ်ဖော်ကာ မိုရှောင်ယုနှင့် အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

ဓားကိုင်ထားသော နတ်ဆိုးတစ်ကောင်တည်းသာဆိုလျှင် သူမအနေဖြင့် ကြောက်ရွံ့နေမည် မဟုတ်သော်လည်း ကျန်ရှိနေသော နတ်ဆိုးနှစ်ကောင်က သူတို့၏ ပင်ကိုယ်ပါရမီကို အသုံးပြု၍ စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်ကာ သူမ၏ သိစိတ်ပင်လယ်ကို တိုက်ခိုက်နေကြသဖြင့် သူမ ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

“ကောက်ကျစ်လိုက်တာ...”

မိုရှောင်ယု ကျိန်ဆဲလိုက်သော်လည်း နတ်ဆိုးများကမူ ဂရုမစိုက်ဘဲ ရက်စက်သော အပြုံးများကိုသာ ပြသနေကြသည်။

“မွေးရာပါဓားခန္ဓာပဲ... ဒေါ့စ် အသတ်ခံရတာ မဆန်းတော့ဘူး...”

သူတို့က မွေးရာပါဓားခန္ဓာကြောင့် ဒေါ့စ် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်ဟု ထင်မှတ်နေကြသည်။

“ငါ ဒီခန္ဓာကိုယ်ကို လိုချင်တယ်...”

ဓားကိုင်ဆောင်ထားသော နတ်ဆိုးက လောဘတကြီး ပြောလိုက်သည်။

“အကိုကြီး... မင်းက ကြီးမားအစွမ်းထက်တဲ့ ခန္ဓာကိုယ်တွေကို ပိုသဘောကျတာ မဟုတ်ဘူးလား... ဒီတစ်ခုကိုတော့ ကျွန်တော့်ကို ပေးပါဗျာ...”

အခြားသော နတ်ဆိုးတစ်ကောင်က တောင်းပန်လိုက်သည်။

“ပုံမှန်ဆိုရင်တော့ ငါ မင်းကို ပေးမှာပါ... ဒါပေမဲ့ ဒါက မွေးရာပါဓားခန္ဓာကွ... ဒါကို ပူးကပ်လိုက်ရင် ငါ လူသားတွေလို ဓားသိုင်းပညာကို ကျင့်ကြံနိုင်ပြီး ငါ့ရဲ့ စွမ်းအားက အများကြီး တိုးတက်လာမှာ...”

ဓားကိုင်ဆောင်ထားသော နတ်ဆိုး သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ပြောလိုက်သည်။

ကျန်ရှိနေသော နတ်ဆိုးနှစ်ကောင်မှာ မိမိတို့ထက် သန်မာသော အဖော်ကို အလျှော့ပေးရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိကြောင်း သိရှိသဖြင့် တိတ်ဆိတ်သွားခဲ့ကြသည်။

“သေချင်းဆိုးတွေ... နင်တို့က ငါ့ရဲ့ခန္ဓာကိုယ်ကို လောဘတက်ရဲတယ်ပေါ့... သေကြစမ်း...”

မိုရှောင်ယု၏ ချစ်စရာကောင်းသော မျက်နှာထက်တွင် ဒေါသရိပ်များ ပြည့်နှက်သွားခဲ့သည်။

သို့သော် ဒေါသထွက်ခြင်းက လက်ရှိအခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိချေ။

နတ်ဆိုးသုံးကောင်ကို ရင်ဆိုင်ရသဖြင့် သူမသည် တဖြည်းဖြည်းနှင့် အရေးနိမ့်လာခဲ့သည်။

“ဒီပုံစံအတိုင်းဆိုရင်တော့ ငါ ထွက်ပြေးရတော့မယ် ထင်တယ်...”

သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

သူမသည် ဤနေရာတွင် ဆက်ရှိနေပြီး မိမိကိုယ်ကိုယ် လေ့ကျင့်ချင်ခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ဝိညာဥ်ကျင့်ကြံရေးနှင့် ဓားရည်ရွယ်ချက်အပေါ် နားလည်မှုကို တိုးတက်ချင်ခဲ့သော်လည်း သူမ၏ ခွန်အားက လိုအပ်ချက်ရှိနေဆဲ ဖြစ်သည်။

“ဓားချက် ၂၁ချက်...”

ရုတ်တရက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မိုရှောင်ယု တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ကြောက်မက်ဖွယ်ဓားအလင်းတန်းတစ်ခုက အဝေးမှ ခုတ်ပိုင်းလာပြီး ခဏချင်းအတွင်းမှာပင် ရောက်ရှိလာခဲ့သည်။

နတ်ဆိုးများ၏ မျက်နှာများလည်း ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုဓားချက်အတွင်း၌ ခုခံရန်မဖြစ်နိုင်သည့် စွမ်းအားတစ်ခုကို အာရုံခံမိလိုက်ကြသောကြောင့်ပင်။

ဓားအလင်းတန်းက ရှောင်တိမ်းရန် မဖြစ်နိုင်လောက်အောင် မြန်ဆန်လှသဖြင့် သူတို့အားလုံး အစွမ်းကုန် ကာကွယ်လိုက်ကြရသည်။

ခရက်!

သို့သော် ကြိုးစားအားထုတ်မှုအားလုံးက အချည်းနှီးပင်။

သူတို့၏ အကာအကွယ်များမှာ စက္ကူကဲ့သို့ ကွဲကြေသွားခဲ့ပြီး သူတို့၏ ဝိညာဥ်ရေးရာ သိစိတ်များလည်း ပျက်စီးသွားခဲ့သည်။

ဓားတစ်ချက်၏ အစွမ်းမှာ အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထို့နောက် နောက်တစ်တစ်ခဏ၌ ဓားသမား၏ ပုံရိပ် ထွက်ပေါ်လာခဲ့သည်။

လေတိုက်ခိုက်နေ၍ သူ၏အနက်ရောင်ဆံပင်များမှာ အပြင်းအထန်လွင့်ပျံနေပြီး တင်းမာသည့်မျက်နှာ၌ အေးစက်မှုတွေအပြည့်ပင်။

All Chapters