အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉)
ဓားဘုရင်တစ်ပါးရဲ့ အရှိန်အဝါလား?
“မင်းက အမြင်စူးရှသားပဲ... ဟုတ်တယ်, ငါက ဓားတာအိုလမ်းစဉ်မှာ ပိုပြီးကျွမ်းကျင်တယ်... ဒါပေမဲ့ လူတိုင်း ငါ့ဓားကိုမြင်ဖို့ အရည်အချင်းရှိမနေကြဘူး...”
မုန့်ချန်ချင်းက အသာအယာ ပြုံးလိုက်ရင်း မေးလိုက်သည်။
“မင်း တကယ်မြင်ချင်တာ သေချာလား...”
“ဟာသပဲ...”
ထိုအရာကို ကြားသည့်အခါ ယွီဟုန်းရွယ် အေးစက်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။
မုန့်ချန်ချင်းဓားရည်ရွယ်ချက်က ထိုမျှလောက် မြင့်မားလိမ့်မည်ဟု မယုံကြည်ပေ။
အဆုံးမှာတော့ လူသားတစ်ဦးတွင် အကန့်အသတ်များ ရှိကြစမြဲဖြစ်သည်။
လူတစ်ဦးမှာ လေ့ကျင့်ရမည်၊ စစ်မှန် ရည်ရွယ်ချက်ကို နားလည်အောင် လုပ်ဆောင်ရမည်ဖြစ်၊ ထို့ပြင် စစ်မှန်ရည်ရွယ်ချက်နှစ်မျိုးစလုံးကိုပင် ကျွမ်းကျင်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။
ထိုအရာအားလုံးအတွက် ဘယ်လိုလုပ် လုံလောက်သည့်အချိန်နှင့်စွမ်းအင် ရှိမည်နည်း။
သူမ၏အမြင်အရဆိုလျှင် သူ၏ဓားရည်ရွယ်ချက်အဆင့်က အလွန်ဆုံးရှိလှ ၃၀ ရာခိုင်နှုန်း သို့မဟုတ် ၃၅ ရာခိုင်နှုန်းခန့်သာ ရှိလိမ့်မည်ဖြစ်သည်။
ထိုထက် ပိုမြင့်နိုင်စရာ အကြောင်းမရှိပေ။
ဤအရာက သူမယုံကြည်မှု ဘယ်ကလာတာလဲဆိုတာလည်းဖြစ်သည်။
ရည်ရွယ်ချက်နှစ်မျိုးရှိခြင်းက ၁၀၀ ရာခိုင်နှုန်းပြီးပြည့်စုံခြင်းအဆင့် ရောက်သွားသည့်အချိန်မှသာ အရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲမှုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
ထိုအဆင့်မတိုင်ခင် စွမ်းအားအများကြီး မထုတ်ပေးနိုင်ပေ။
“ဓားထုတ်စမ်း...”
ယွီဟုန်းရွယ် ရှေ့တစ်လှမ်းတိုးလိုက်ပြီး တိုက်ပွဲအခြေအနေသို့ အပြည့်အဝဝင်ရောက်လိုက်သည်။
သူမက မုန့်ချန်ချင်းကို လူတိုင်းရှေ့၌အနိုင်ယူပြီး သူမကသာ တောင်ပိုင်းဒေသ မျိုးဆက်သစ်လူငယ်များထဲတွင် နံပါတ်တစ်ဖြစ်သည်ကို သက်သေပြလိုသည်။
ထို့အပြင် သူမသည် ယခုမျိုးဆက်၏ ထိုက်ရွမ်ဂိုဏ်း တည်ဆောက်ထားသော ပြိုင်ဘက်ကင်း လမ်းစဉ်ကို အဆုံးသတ်ပစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက အရှက်ရခဲ့မှုများကိုပါ ဆေးကြောပစ်ချင်နေခဲ့သည်။
ဘုန်း...
လက်ဝါးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်းမှာ ပေါက်ကွဲထွက်လာပြီး ဧရာမသလင်းကျောက်လက်ဝါးကြီး ကောင်းကင်၌ပေါ်လာကာ အစွမ်းထက်အော်ရာတစ်ခုကို ထုတ်လွတ်နေခဲ့သည်။
“ဒါဆိုလည်း မင်းဆန္ဒအတိုင်းပဲ...”
မုန့်ချန်ချင်း ညာလက်ကိုဓားရိုးပေါ်သို့ ဖြည်းညှင်းစွာတင်လိုက်သည်။
အစ၌ သူက လက်သီးနည်းစနစ်ကိုသုံးပြီး ကိုးရောင်ခြယ်မှန်ကျောင်းဆောင်၏ သိုင်းပညာရပ်တွေကို လေ့လာချင်ခဲ့သည်။
သို့သော် ယခုမူ လိုအပ်တော့ပုံမရပေ။ အမြန်ဆုံးဖြေရှင်းလိုက်တာ ပိုကောင်း၏။
အဆုံးမှာတော့ ဆင်းမလာခင် သူ၏စီနီယာအကိုတွေကို “ခဏနေ ပြန်လာခဲ့မယ်” ဟု ပြောခဲ့သည်။
ထန်...
ကြက်သွေးရောင်ကောင်းကင်ဓားထံမှ စိတ်လှုပ်ရှားသည့်ဓားသံတစ်ခုထွက်ပေါ်လာပြီး တိုက်ပွဲဝင်ဖို့ အတော်လေးစိတ်အားထက်သန်နေခဲ့သည်။
“ဒီဓားချက်က ငါ့ရဲ့ အကန့်အသတ်ပဲ... ဒါပေမဲ့ ဒါကိုရင်ဆိုင်ဖို့ မင်းမှာသတ္တိရှိရဲ့လား...”
မုန့်ချန်ချင်း မျက်လုံးများကို ပိတ်လိုက်သည်။
ပြန်ဖွင့်လာသည့်အချိန်၌ သူ့တစ်ကိုယ်လုံးရှိအရှိန်အဝါမှာ အကြီးအကျယ်ပြောင်းလဲသွားပြီး အဆုံးမရှိသည့်ထက်ရှမှုတစ်ခု ကောင်းကင်သို့ထိုးတက်သွားခဲ့သည်။
ခရက်... ခရက်... ခရက်...
လေဟာနယ်အပြင်းအထန်တုန်ခါလာပြီး စိတ်ကူးမကြည့်နိုင်သည့်တစ်စုံတစ်ခု ဆင်းသက်လာတော့မလိုပင်။
ပတ်ဝန်းကျင်ရှိဓားအားလုံးလည်း အထိန်းအကွပ်မဲ့စတင်တုန်ခါလာခဲ့ပြီး ၎င်းတို့ထဲတွင် မာနဓားဂိုဏ်း ဂိုဏ်းချုပ်မှ တပည့်တွေအထိပါဝင်၏။
ပြန်သက်သာခါစလီကျင်း သူ၏ဓားသေတ္တာကိုဖိထားပြီး မျက်လုံးတွေ၌ တုန်လှုပ်မှုတွေအပြည့်ပင်။ ဤအရာက သူ၏အသက်ရတနာဖြစ်သည်။
ဘာကြောင့် ရုတ်တရက် တစ်စုံတစ်ခုကိုခံစားမိသည့်အလား ဤမျှလောက်အထိ ဂနာမငြိမ် ဖြစ်နေရသနည်း။
“ဒါက...”
ရုတ်တရက် အဓိကအင်အားစုအားလုံးမှ ခေါင်းဆောင်များ တစ်ချိန်တည်း ထရပ်လိုက်ကြပြီး အောက်မြင်ကွင်းကိုကြည့်နေသည့်အကြည့်များ၌ မယုံနိုင်မှုနှင့် တုန်လှုပ်မှုတွေ ပြည့်နက်နေခဲ့သည်။
ဟမ်...
ယွီဟုန်းရွယ်အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူမစိတ်ထဲ၌ ထိန်းချုပ်မရသည့်ထိတ်လန့်ကြောက်ရွံ့မှုတစ်ခု လိမ့်တက်လာပြီး ၎င်းက ပင်ကိုယ်ဗီဇမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ခရက်... ခရက်... ခရက်....
အထက်ကောင်းကင်မှ ဆန်းကြယ်သော မြင်ကွင်းက သူမကို လက်ရှိအခြေအနေသို့ ပြန်ရောက်လာစေခဲ့သည်။
အလျှင်အမြန်ပဲမော့ကြည့်လိုက်ရာ သူမ၏ လက်ဝါးရည်ရွယ်ချက် ၃၀ ရာခိုင်းနှုန်းမှာ ပြင်းထန်စွာတုန်ခါနေပြီး မျက်နှာပြင်၌ အက်ကြောင်းများ စတင်ထွက်ပေါ်လာခဲ့သည်။
၎င်းက အလွန်ထိတ်လန့်ဖွယ်တစ်စုံတစ်ခုကိုတွေ့လိုက်ရသဖြင့် ပုံသဏ္ဌာန်ကို ဆက်လက်မထိန်းသိမ်းနိုင်တော့သလိုပင်။
“ဘာတွေ ဖြစ်နေတာလဲ...”
ယွီဟုန်းရွယ် ဘာဖြစ်နေသည်ကို နားမလည်နိုင်တော့ပေ။
သို့သော်နောက်တစ်စက္ကန့်၌ မြင်တွေ့လိုက်ရသည့်အရာက သူမမှတ်ဉာဏ်ထဲ၌ ထာဝရဖျောက်ဖျက်မရသည့် အိပ်မက်ဆိုးတစ်ခုကဲ့သို့စွဲထင်သွားခဲ့တော့သည်။
ဘုန်း...
တိုက်ပွဲကွင်းပြင်တစ်ခုလုံးတုန်ခါလာပြီး မုန့်ချန်ချင်းနောက်မှ ဧရာမဓားကြီးတစ်စင်းထွက်ပေါ်လာကာ ကောင်းကင်သို့ထိုးဖောက်သွားခဲ့သည်။
ထိုဧရာမဓားကြီးမှာ ခံ့ညားထည်ဝါလှပြီး ကောင်းကင်နှင့်မြေပြင်ကြား၌ ထောက်တိုင်ကြီးတစ်ခုကဲ့သို့ မားမားမတ်မတ်ရပ်တည်နေခဲ့သည်။
ဓားရည်ရွယ်တစ်ခုမှာ ဒြပ်ထည်တစ်ခုအဖြစ် အပြည့်အဝထွက်ပေါ်လာမည်ကို စိတ်ကူးကြည့်ဖို့က မဖြစ်နိုင်ပေ။
အစစ်အမှန်နတ်ဘုရားဓားတစ်ချောင်းကဲ့သို့ ထိုနေရာ၌ထာဝရရပ်တည်နေကာ ဘယ်သောအခါမှမေ့ရတော့မည်မဟုတ်ပေ။
၎င်းမှထုတ်လွတ်နေသည့် ထက်ရှသည့်အော်ရာမှာ လေဟာနယ်ကိုပင် ဆုတ်ပြဲသွားစေခဲ့သည်။
တစ်ခုသိထားရမှာက မူးမတ်အဆင့်ကျွမ်းကျင်သူသာ လေဟာနယ်ကိုဆုတ်ဖြဲနိုင်သည်ဆိုတာပင်။
မိုထိအောင်မြင့်မားသည့်ဓားကြီးအောက်၌ မုန့်ချန်ချင်း၏အနက်ရောင်ဆံပင်တွေမှာ တဖြတ်ဖြတ်လွင့်ပျံနေခဲ့သည်။
ဆံချည်တစ်မျှင် အကြည့်တစ်ချက်ကတင် အရာအရာကို ပိုင်းဖြတ်သွားနိုင်သလိုပင်။
“ဒါ ငါ့ရဲ့ဓားသိုင်းပညာပဲ...”
မုန့်ချန်ချင်း ယွီဟုန်းရွယ်ကို ကြည့်လိုက်သည်။
ခရက်...
ချက်ချင်းပဲ သူမ၏ လက်ဝါးရည်ရွယ်ချက် ၃၀ ရာခိုင်းနှုန်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး အလင်းစက်များအဖြစ် ပျံ့ကြဲသွားခဲ့သည်။
ယွီဟုန်းရွယ်ကိုယ်တိုင်လည်း ပြင်းထန်သောရိုက်ခတ်မှုကိုခံလိုက်ရသည့်အလား မျက်နှာဖြူလျော်သွားခဲ့ပြီး ခန္ဓာကိုယ်ထက်၌ မရေတွက်နိုင်သည့်အက်ကြောင်းတွေပေါ်လာကာ သွေးများ မဆက်မပြတ်စီးကျလာခဲ့သည်။
အကြည့်တစ်ချက်ကပင် ဤမျှလောက်ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို သယ်ဆောင်ထားခဲ့သည်။
“ဒါက... ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံခြင်းအဆင့် ဓားရည်ရွယ်ချက်ပဲ...”
မာနဓားဂိုဏ်း ဂိုဏ်းချုပ် မယုံကြည်နိုင်စွာဖြင့် အာမေဠိတ်သံပြုလိုက်ပြီး သူအသံက တိုက်ပွဲကွင်းပြင်တစ်လျှောက်ပဲ့တင်ထပ်သွားခဲ့သည်။
နောက်တစ်စက္ကန့်၌ ဓားအားလုံးမှာ ဆက်လက်ဖိနှိပ်၍မရတော့ပဲ ၎င်းတို့၏ဓားအိမ်များထဲမှ ပျံသန်းထွက်ခွာသွားခဲ့ကြတော့သည်။
အံ့အားသင့်စရာမြင်ကွင်းတစ်ခုပင်။
မရေမတွက်နိုင်သောဓားပေါင်းများစွာ တိုက်ပွဲကွင်းပြင်သို့ပျံသန်းလာပြီး မုန့်ချန်ချင်းကိုဗဟိုပြု၍ ဓားပင်လယ်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ထို့နောက် ၎င်းတို့၏ဓားရိုးတွေကိုလှုပ်ယမ်းပြီး ဒဏ္ဍာရီလာဓားဘုရင်တစ်ပါးကို အရိုအသေပေးနေသလိုပင်။
“၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံခြင်းအဆင့် ဓားရည်ရွယ်ချက်...”
လူတိုင်း နောက်ဆုံးတွင် ထိတ်လန့်မှုမှ အသိပြန်ဝင်လာကြပြီး မျက်နှာများထက်တွင် မယုံကြည်နိုင်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့ကြ၏။
၁၀၀ ရာခိုင်နှုန်း...
ဤအရာက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း... ၎င်းက ဒဏ္ဍာရီလာစစ်မှန်ရည်ရွယ်ချက်၏အထွတ်အထိပ်ဖြစ်ပြီး မူးမတ်နယ်ပယ်ကျွမ်းကျင်သူတောင် ရောက်ရန်ခက်ခဲသည်။
အတိတ်ကရှီယင်ချင်း သို့မဟုတ် လက်ရှိယွီဟုန်းရွယ်ကဲ့သို့သော ပြိုင်ဘက်ကင်းပါရမီရှင်များပင် အလွန်ဆုံးရှိလှ ၂၀ သို့မဟုတ် ၃၀ ရာခိုင်နှုန်းခန့်သာ ရောက်ရှိနိုင်ခဲ့ကြခြင်းဖြစ်သည်။
၁၀၀ ရာခိုင်နှုန်း...
အလွန်တရာလွန်ကဲသော အဆင့်ပင် ဖြစ်သည်။ လူသားတစ်ဦးက တကယ်ပဲ ဤအရာကို အောင်မြင်နိုင်သည်လား?
သို့ပေမယ့် သူတို့ရှေ့ရှိမြင်ကွင်းက သံသယရှိစရာမလိုပေ။
ဒြပ်ထည်ဖြစ်နေသည့်ဓားရည်ရွယ်ချက်နှင့် ဓားအားလုံးအရိုအသေပေးနေခြင်း... ဤအရာက သံသယရှိစရာမလိုအောင် ၁၀၀ ရာခိုင်နှုန်းအပြည့် ဓားရည်ရွယ်ချက်ဖြစ်သည်။
“ဘုရားရေ, ငါ့ဘဝတစ်ဝက်စာကျင့်ကြံပြီးတဲ့နောက်မှာ ဓားနတ်ဘုရားကို မျက်မြင်တွေ့ခဲ့ရပြီ....”
လူများစွာ မိန်းမောစွာဖြင့် ရေရွတ်လိုက်ကြသည်။
....
ပြောင်းပြန်ရှေးဟောင်းတောင်တန်းထက်၌ အကြီးအကဲများသည်လည်း အလားတူပင် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြသည်။
မုန့်ချန်ချင်း၌ ဝှက်ဖဲရှိမှန်း သူတို့သိထားကြ၏။ မဟုတ်လျှင် ဤမျှလောက် ယုံကြည်မှု ရှိနေစရာ အကြောင်းမရှိချေ။
သို့သော် ထိုဝှက်ဖဲက ဤမျှလောက်အထိ ထိတ်လန့်စရာကောင်းမည်လို့တော့ မည်သူက ထင်ထားပါမည်နည်း။
“၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံခြင်းအဆင့် ဓားရည်ရွယ်ချက်...”
ဟွာစီယန် နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး ခက်ခက်ခဲခဲ ဆံထွေးမျိုချလိုက်ရလိုက်ရ၏။
“ဂျူနီယာမောင်လေး ဘာကြောင့်လက်သီးသိုင်းပညာစကျင့်ခဲ့လဲဆိုတာကို ငါအခု နားလည်သွားပြီထင်တယ်...”
ခူဖုန်းချွမ်းကလည်း စကားပြောဖို့ အတော်လေးအရှိန်ယူလိုက်ရသည်။
“သူက ရည်ရွယ်ချကနှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း တိုးတက်အောင် လုပ်နေခဲ့တာမဟုတ်ဘူးပဲ... အဲ့ဒီအစား သူ့ဓားရည်ရွယ်ချက်က ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံခြင်းအဆင့်ရောက်သွားလို့ ဆက်ပြီးသန့်စင်စရာမရှိတော့တာ...”
“ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ လက်သီးသိုင်းပညာကို စတင်လေ့ကျင့်ခဲ့တာပဲ...”
ထိုအရာကိုကြားသည့်အခါ လူတိုင်း ပို၍ပင်ထိတ်လန့်သွားခဲ့ကြသည်။
အခြားသူများ အရာရာပုံအောကာစစ်မှန်ရည်ချက်နောက်လိုက်နေပြီး မကြာခဏ အချည်းနှီးသာဖြစ်ခဲ့ရသည်။
သို့သော် သူတို့၏ဂိုဏ်းချုပ်ငယ်ကမူ စစ်မှန်ရည်ရွယ်ချက်အထွတ်အထိပ်သို့ အလွယ်တကူရောက်ရှိသွားခဲ့ရုံသာမက အခြားအရာလိုက်စားရန်ပင် စွမ်းအင်ကျန်ရှိနေဆဲဖြစ်သည်။
စိတ်ကူးလို့တောင်မရသည့်နားလည်နိုင်စွမ်းဖြစ်ပြီး ယခင်ကမရှိခဲ့ဖူးသည့်ဖြစ်ရပ်ဆန်းတစ်ခုဖြစ်သည်။
“သူက နှစ်ဆယ်အစောပိုင်းပဲရှိသေးတယ် ရည်ရွယ်ချက်နှစ်မျိုးကိုနားလည်နေပြီ... ပြီးတော့ တစ်ခုက ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံခြင်းအဆင့်...”
ဟွာစီယန် အသက်ပြင်းပြင်းရှူပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ကြိုးစားသော်လည်း မရပေ။
“ဓားဘုရင်တစ်ပါးရဲ့ အရှိန်အဝါလား... အဲဒါက ဂျူနီယာမောင်လေးကို အထင်သေးလွန်းရာရောက်တာပေါ့...”
“သူက နောက်ဆုံးမှာ ဖြစ်လာမှာက... ဒဏ္ဍာရီလာ သိုင်းပညာသရဖူဆောင်းဘုရင်ပဲ...”
ဟွာစီယန်မျက်လုံးများ တောက်ပနေပြီး လေးစားမှုများ, ပြတ်သားမှုတို့ဖြင့် တောက်ပနေခဲ့သည်။