← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃)

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ်၊ လျို့ဝှက်နယ်မြေဖွင့်ခြင်း

တစ်ခဏအတွင်းမှာပဲ တစ်လကုန်ဆုံးသွားပြီး လျို့ဝှက်နယ်မြေဖွင့်ဖို့အချိန်က ရောက်ရှိလာခဲ့သည်။

ဤလအတွင်း ဂိုဏ်းက ပုံမှန်မဟုတ်စွာ အလှုပ်ရှုပ်နေခဲ့သည်။

တံခါးပိတ်ကျင့်ကြံနေသည့်ပါရမီရှင်များစွာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြသည်။

အချို့က တစ်ယောက်နှင့်တစ်ယောက် သိုင်းပညာကွင်းပြင်မှာစိန်ခေါ်ခဲ့ကြပြီး သူတို့၏အစွမ်းထက်ခွန်အားတွေကို ပြသခဲ့ကြသည်။

အချို့ကတော့ ဂိုဏ်းမှထွက်ကာ ပုန်းကွယ်နဂါးစာရင်းရှိ ကျွမ်းကျင်သူတွေကိုစိန်ခေါ်ခဲ့ကြသည်။

ရှုံးနိမ့်ခဲ့ကြသော်လည်း ကြိုးစားအားထုတ်မှုက လူပြောများသည့်သတင်းတွေဖြစ်လာခဲ့သည်။

အတွင်းစည်းတပည့်တွေအတွက်လည်း ထပ်တူ သက်ဝင်လှုပ်ရှားလာခဲ့သည်။

လူတိုင်း ဘယ်သူက အတွင်းစည်းနံပါတ် ၁ တပည့်ဖြစ်မလဲဆိုတာ ဆွေးနွေးနေခဲ့ကြသည်။

အဆုံးမှာတော့ အစွမ်းထက်ပါရမီရှင်တွေက အများကြီးရှိတာဖြစ်သည်။

အပြစ်ပေးတောင်ထိပ်မှ တွမ့်ဟွမ်၊ ခရမ်းမြူတောင်ထိပ်မှရှီညီအကို၊ သိုင်းပညာတောင်ထိပ်မှ ခွမ်းတောက်၊ အစီရင်တောင်ထိပ်မှ ရှောင်ကျန်း၊ ဆေးဘုရင်တောင်ထိပ်မှ ဝမ်ထျန်းမင် တို့ဖြစ်ကြသည်။

စိတ်ဝိညာဥ်တောင်ထိပ်အတွက်တော့ အနည်းငယ် လစ်ဟာနေခဲ့ပြီး ထူးချွန်သည့်တပည့်မရှိပေ။

အကြောင်းကတော့ရိုးရှင်း၏။ လွန်ခဲ့သည့်နှစ်အနည်းငယ်က အထူးရုပ်ခန္ဓာပိုင်ရှင်က စစ်မှန်တပည့်အဖြစ်ကိုတက်လှမ်းသွားသောကြောင့်ဖြစ်သည်။

သို့ပေမယ့် ကံကောင်းစွာပဲ မုန့်ချန်ချင်းရှိနေပြီး အနည်းဆုံး စကားပြောပေးမဲ့လူရှိ၏။

သူတို့က အခြားတောင်ထိပ်တွေနှင့် စကားနိုင်လုရာတွင် လုံးဝအရေးနိမ့်မည်မဟုတ်ပေ။

ရိုးရှင်းသည့်အခန်းတစ်ခုအတွင်း၌....

မုန့်ချန်ချင်း ခြေချိတ်ထိုင်နေပြီး သူ၏အနက်ရောင်ဆံပင်တွေက သိသိသာသာပဲ ပိုရှည်လာခဲ့သည်။

သိသာစွာပဲ သူတံခါးပိတ်ကျင့်ကြံနေတာ အချိန်အတော်ပြီဖြစ်သည်။

ထို့ပြင် သူ့ရှေ့ရှိကျောက်စိမ်းသေတ္တာကလည်း ဘာမှမရှိတော့ပေ။

ဝှစ်!

မုန့်ချန်ချင်း ရုတ်တရက် မျက်လုံးပွင့်လာ၏။

ထိုအခါ တောက်ပသည့်အလင်းတန်းတစ်ခုလက်သွားပြီး လေထုတစ်လျှောက်ထိုးဖောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ အလွန်အမင်းအစွမ်းထက်သည့်အော်ရာတစ်ခုထွက်ပေါ်လာပြီး နေအိမ်တစ်ခုလုံးတုန်ခါလာကာ မျက်နှာကျက်မှ ဖုန်မှုန့်တွေပြုတ်ကျလာ၏။

ကံကောင်းစွာဖြင့် အော်ရာကတစ်ခဏသာကြာလိုက်ပြီး အလျှင်အမြန်ပဲ ဝေလငါးတစ်ကောင်ရေစုပ်ယူသကဲ့သို့ ပြန်ဆုတ်သွားခဲ့သည်။

"အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ်...."

မုန့်ချန်ချင်း ပြုံးလိုက်သည်။

တကယ်ပင်၊ ထိုရွှေကြေးခွံခရမ်းသွေးဆေးလုံးက အဆင့် ၃ ဆေးလုံးဖြစ်၏။

၎င်း၏ဆေးစွမ်းအားကအမှန်တကယ်ကြမ်းကြုတ်ပြီး သူ၏အဆင့် ၂ အမြစ်ရိုးနှင့်ပေါင်းစပ်လိုက်သည့်အခါ ကျင့်ကြံရေးအရှိန်က ပျံတက်သွားခဲ့သည်။

နောက်ထပ်ဆေးလုံးအနည်းငယ်သာရှိလျှင်....

သို့ပေမယ့် သောက်ပါများလေလေ ဆေးလုံး၏အာနိသင်က လျော့လာလေလေဖြစ်သည်။

ဒုတိယအကြိမ်က ပထမအကြိမ်လောက် အာနိသင်မကောင်းတော့ပြီး နောက်ပိုင်းတဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်သည်။

အသက်ပြင်းပြင်းရှူလိုက်ပြီး မုန့်ချန်ချင်း ဖြည်းညင်းစွာထရပ်လိုက်သည်။

ဤအခိုက်အတန့်၌ သူက အင်္ကျီဗလာဖြင့်ဖြစ်ပြီး သန်မာသည့်ဖိအားကိုထုတ်လွတ်နေခဲ့သည်။

ဤအရာက ကျင့်ကြံရေးတိုးတက်မှုကယူလာသည့် သိသာသည့်တိုးတက်မှုဖြစ်သည်။

ပိုမြင့်သည့်နယ်ပယ်ကိုချိုးဖျက်လျှင် ပြောင်းလဲမှုက ပိုသိသာလာလေလေဖြစ်သည်။

ထိုအရာက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ယူဆောင်လာသည့် သဘာဝဖိအားဖြစ်သည်။

အထူးသဖြင့် ထိုအလွန်အမင်းအစွမ်းထက်သည့်ဖြစ်တည်မှုတွေပင်။ ပြောကြတာတော့ သူတို့၏အကြည့်တစ်ချက်ကတောင် တောင်တန်းနှင့်မြစ်ပြင်တွေကို ကြေမွသွားစေနိုင်သည်ဟူ၍ပင်။

"အခု ငါ့ရဲ့အပ်စိုက်မှတ် ၉ ခုလုံးပွင့်သွားပြီ။ နောက်တစ်ဆင့်က ကောင်းကင်နဲ့မြေကြီးအနှစ်သာရကိုစုပ်ယူပြီး အဲ့တာတွေကို ပေါင်းစပ်ဖို့ပဲ..."

"ပြီးရင် အမြုတေနယ်ပယ်ထဲမှာစုစည်းပြီး ပင်လယ်အမြုတေရဲ့လျို့ချက်တွေကို ဖွင့်ရမယ်...."

မုန့်ချန်ချင်း အနည်းငယ်တွေးလိုက်၏။

သူ၏ခန္ဓာကိုယ်မျက်နှာပြင်၌ အလင်းမှတ် ၉ ခုရှိနေပြီး ခြေလက်နှင့် ကိုယ်ခန္ဓာတွေတစ်လျှောက် ပြန့်နှံ့နေခဲ့သည်။

ထိုအရာတွေက လူသားခန္ဓာကိုယ်၏ အဓိကအပ်စိုက်မှတ်တွေဖြစ်ကြ၏။

သွေးကြောကိုးခုက သွေးကြောပုံသွင်းခြင်းနယ်ပယ်မှာပွင့်လာသလို အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်၌လည်း ချိပ်ပိတ်ထားသည့်အဓိကအပ်စိုက်မှတ် ၉ ခုကို ဖွင့်ရသည်။

ထို့နောက် သွေးကြော ၉ ခုကို တံတားအဖြစ်အသုံးပြုပြီး အပ်စိုက်မှတ် ၉ ခုကို တစ်ခုတည်းဖြစ်ပေါင်းစပ်ကာ ပင်လယ်အမြုတေ၏လျို့ဝှက်ချက်တွေကို ဖွင့်လှစ်ရမည်ဖြစ်သည်။

စစ်မှန်ချီကိုကျင့်ကြံဖို့ပင်။

ရလဒ်အနေဖြင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်ဖို့ အနည်းငယ်လိုအပ်နေသေးသည်။

သို့ပေမယ့် အရင်းမြစ်သာလုံလောက်လျှင် ထိုလမ်းကိုအလျှင်အမြန်ကျော်ဖြတ်နိုင်၏။

ရွှေကြေးခွံခရမ်းသွေးဆေးလုံး၏ဆေးစွမ်းအားက တစ်စိတ်တစ်ပိုင်းကျန်ရှိနေသေးသော်လည်း ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုတက်ဖို့ကတော့ မလုံလောက်ပေ။

ကံကောင်းစွာပဲ လျို့ဝှက်နယ်မြေဖွင့်တော့မည်ဖြစ်၍ လိုအပ်နေသည့်အရာတွေကို ထိုနေရာမှာတွေ့နိုင်၏။

"ငါ့ရဲ့လက်ရှိခွန်အားနဲ့ လျို့ဝှက်နယ်မြေခရီးမှာ စိုးရိမ်စရာမလိုတော့ဘူး..."

မုန့်ချန်ချင်း လည်ပင်ဆန့်လိုက်၏။

သူ၏အနက်ရောင်ဆံပင်က ကျောဘက်မှာပြန့်ကျဲနေပြီး တောင့်တင်းသည့်ခန္ဓာကိုယ်က သန်မာသည့်အမြင်ကိုပေးစွမ်းနေ၏။

အရင်ကဆိုလျှင် သူဤကဲ့သို့စကားမျိုးမပြောရဲပေ။

အဆုံးမှာတော့ သွေးမျိုးဆက်ရှိသည့်ရှီညီအကိုအပြင် ဂိုဏ်း၏ပုန်းကွယ်နေသည့်ပါရမီရှင်တွေလည်းရှိသေး၏။

သို့ပေမယ့် ယခုတော့...

သူ၏လက်ရှိခွန်အားနှင့် ထိုကွာဟချက်ကိုဖြည့်ဖို့လုံလောက်ပြီး သာတောင်သာနိုင်၏။

ထို့နောက် သိုလှောင်လက်စွပ်ထဲမှ သန့်ရှင်းသည့်ဝတ်စုံတစ်စုံထုတ်ဝတ်လိုက်ပြီး အမူအရာက ချက်ချင်းပဲ နောက်တစ်ကြိမ်တည်ငြိမ်သွားခဲ့သည်။

သူက ကုန်းလင်းရွယ်ပြောတာတွေကို စိတ်ထဲသေချာမှတ်ထားပြီ ကျင့်ကြံရေးအပြင် အခြားအရာတွေလည်း စိတ်ထဲမှာ အစီစဥ်ဆွဲပြီးသွားပြီဖြစ်သည်။

လျို့ဝှက်နယ်မြေထဲ၌ ဘယ်ကိုသွားရမည်၊ ဘာတွေယူရမည်စသဖြင့်ပင်။

ထိုအရာက အလွန်ရိုးရှင်းသည်ဟု ပြောနိုင်၏။

လျို့ဝှက်နယ်မြေကိုရောက်သည်နှင့် အချိန်မဖြုန်းပဲ ဆုံးဖြတ်ထားသည့်နေရာကို အမြန်သွားရမည်ဖြစ်သည်။

"လျို့ဝှက်နယ်မြေထဲရောက်ရင် အရင်ဆုံး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုတက်လှမ်းရမယ်...."

အလင်းတန်းတစ်ခု မုန့်ချန်ချင်းမျက်လုံးထဲမှာ ပေါ်လာခဲ့သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်မှသာ အစစ်အမှန်သာမန်ထက် ကျော်လွန်သွားမှာဖြစ်ပြီး ခွန်အားအရာမှာ အရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲသွားမည်ဖြစ်သည်။

သူက အကြီးအကဲဖုန်း၏စစ်မှန်ချီစွမ်းအားကို ကွက်ကွက်ကွင်းကွင်းမှတ်မိနေဆဲဖြစ်သည်။

နောက်ထပ်ပြောရလျှင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုတက်လှမ်းပြီးနောက် သူ၏ဂိုဏ်းထဲရှိအဆင့်အတန်းကလည်း စစ်မှန်တပည့်အဆင့်ကို မြင့်တက်သွားမည်ဖြစ်သည်။

ပိုများသည့်အကျိုးအမြတ်နှင့် အခွင့်အရေးတွေရရှိမည်ဖြစ်သည်။

"ဒါ့ပြင် ငါ မိတ်ဆွေတွေပိုဖွဲ့ဖို့လိုတယ်...."

မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။

ဤကဲ့သို့မဟာကိစ္စကြီး၌ တံခါးပိတ်ကျင့်ကြံရာမှထွက်လာသည့်ထိုပါရမီရှင်တွေနှင့်လွဲချော်သွားလျှင် အတော်လေးဝမ်းနည်းစရာကောင်းမည်ဖြစ်သည်။

သိုင်းကျမ်းဆောင်ထဲရှိ သိုင်းပညာတွေကိုမြင်ပြီးနောက် သူက ၎င်းတို့ထဲမှအချို့ကို အားကျနေပြီဖြစ်သည်။

သွေးကြော ၇ ခု၌ ၎င်းတို့ကိုယ်ပိုင်ထူးခြားမှုတွေရှိကြ၏။

သူသာ အကုန်လုံးကို တတ်မြောက်နိုင်လျှင်...

သူ၏အလုံးစုံခွန်အားမှာ ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်မည်နည်း။

မင်းတို့သိတဲ့အရာ ငါလည်းသိတယ်။ မင်းတို့မသိတဲ့အရာတွေ ငါသင်ယူမယ်...

ဒေါင်! ဒေါင်! ဒေါင်!

ရုတ်တရက် ရှေးဟောင်းခေါင်းလောင်းသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

ဤအရာက ထိုက်ရွမ်ဂိုဏ်း၏တာအိုခေါင်းလောင်းဖြစ်ပြီး အရေးကြီးကိစ္စတစ်ခုခုဖြစ်ပွားမှသာ မြည်လာတတ်၏။

"လျို့ဝှက်နယ်မြေဖွင့်တော့မှာပဲ..."

မုန့်ချန်ချင်း ဘေးရှိဓားကိုခါး၌ချိတ်ကာ တံခါးအပြင်ကိုလျှောက်ထွက်လာခဲ့သည်။

လျို့ဝှက်နယ်မြေ ၂ ခုလုံးက ဂိုဏ်း၏အနက်ပိုင်းထဲမှာတည်ရှိ၏။

သို့ပေမယ့် ၎င်း၏တည်နေရာက တစ်ခုနှင့်တစ်ခုကွာဝေးပြီး ရွမ်ချင်းနယ်ပယ်က အနည်းငယ်ပိုနီး၏။

ပတ်ပတ်လည်၌ မိုးထိအောင်မြင့်မားသည့်တောင်ကြီးတွေဝန်းရံထားပြီး တိမ်တိုက်တွေထဲတိုးဝင်နေသည့်နေရာတစ်ခု....

အလယ်၌ချိုင့်ဝှမ်းတစ်ခုရှိနေပြီး ထိုနေရာ၌ ဂိုဏ်းက ကြီးမားသည့်ကွင်းပြင်ကျယ်ကြီးတစ်ခုကို တည်ဆောက်ထားခဲ့သည်။

ယခုချိန်၌ အတွင်းတပည့်များစွာ ထိုနေရာကိုရောက်နေကြပြီး ပြည့်ညှပ်နေကာ လူပေါင်း သုံးထောင်နီးပါးလောက်ရှိ၏။

အားလုံးက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေဖြစ်ကြပြီး အသက်အရွယ်တွေက သိပ်မကြီးကြပေ။

တစ်ယောက်ချင်းစီတိုင်းက အပြင်ဘက်မှာ ကလန်တစ်ခုအသာအယာတည်ထောင်နိုင်တာပဲဖြစ်သည်။

"မြန်မြန် ကြည့်စမ်း, ဒါ အပြစ်ပေးတောင်ထိပ်က တွမ့်ဟွမ်ပဲ..."

အမြင်စူးရှသည့်တစ်စုံတစ်ယောက်ညွှန်ပြလိုက်ပြီး ဘေးနားကလူတွေ ချက်ချင်းပဲ ကြည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံဝတ်အရပ်မြင့်မြင့်လူတစ်ယောက် အေးစက်သည့်မျက်နှာနှင့်လျှောက်လာနေပြီး သူစိမ်းတွေမချည်းကပ်နိုင်သည့်ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

ထိုက်ရွမ်ဂိုဏ်း၌ အပြစ်ပေးတောင်ထိပ်က ဂိုဏ်းစည်းမျဥ်းတွေကို တာဝန်ယူရ၏။

တစ်စုံတစ်ယောက်က စည်းကမ်းဖောက်လျှင် စည်းမျဥ်းအရအရေးယူရပြီး ၎င်းတို့၏စည်းကမ်းတင်းကြပ်မှုအတွက်နာမည်ကြီး၏။

ပြောကြတာတော့ ဂိုဏ်းချုပ်တောင် အပြစ်ပေးတောင်ထိပ်အကြီးအကဲ၏အပြစ်ပေးခြင်းခံရဖူး၏။

ရလဒ်အနေဖြင့် လူတိုင်းအပြစ်ပေးတောင်ထိပ်ကို ကြောက်ရွံ့ရိုသေကြပြီး အကွာအဝေးထိန်းထားကြ၏။

၎င်းမှာ အခြားတောင်ထိပ်တွေနှင့်မတူပေ။

ဂိုဏ်းသခင်တောင်ထိပ်က အချိန်အတော်ကြာကတည်းက တပည့်လက်ခံတာကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

အပြစ်ပေးတာင်ထိပ်ကတော့ တပည့်အရေအတွက်နည်း၏။

ထိုအရာကပဲ အပြစ်ပေးတောင်ထိပ်ရှိတပည့်တွေကို ခွန်အားအရသိသိသာသာထူးချွန်နေစေတာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုလက်ခံထားသည့်လူတွေက ပါရမီရှင်တွေကြားမှပါရမီရှင်တွေဖြစ်သောကြောင့်ပင်။

အခန်း (၄၄)

နောက်တစ်ကြိမ်ပြန်တွေ့တဲ့အချိန် မင်းရဲ့ကျင့်ကြံရေးက အဲ့ဒီကောင်လေးကို သေချာပေါက် ကျော်တက်နေလိမ့်မယ်

တွမ့်ဟွမ်က လက်ရှိအပြစ်ပေးတောင်ထိပ်၏ ထူးချွန်သည့်တပည့်များထဲမှတစ်ယောက်ဖြစ်ပြီး လက်ဝါးနည်းစနစ်မှာကျွမ်းကျင်၏။

ပြောကြတာအရ သူက သိမ်မွေ့အဆင့်မြင့်လက်ဝါးနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိလေ့ကျင့်နိုင်ခဲ့သည်။

လွန်ခဲ့သည့်တစ်လ တံခါးပိတ်ရာမှထွက်လာချိန် ဂိုဏ်းမှထွက်ပြီး နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူ ၂ ယောက်ကို ပြတ်ပြတ်သားသား သတ်ဖြတ်ခဲ့သည်။

ပိုင်ချန်ခဲ့လောက်မထူးချွန်သော်လည်း သူက မုန့်ချန်ချင်းကို လွမ်းမိုးထားနိုင်ဆဲဖြစ်သည်။

သိမ်မွေ့အဆင့်မြင့်သိုင်းပညာကို လူတိုင်းမကျင့်ကြံနိုင်ကြပေ။

လူတစ်ယောက်က ထိုအရာကို လဲလှယ်နိုင်ခဲ့လျှင်တောင် လေ့ကျင့်ဖို့အတွက် အရင်းအမြစ်များစွာ၊ ပါရမီ၊ နားလည်နိုင်စွမ်း အစရှိသဖြင့် လိုအပ်သေး၏။

ပြီးပြည့်စုံခြင်းအဆင့်ရောက်ဖို့တော့ ပြောနေစရာကိုမလိုတော့ပေ။

"ရှီညီအကိုလည်းရောက်လာပြီ..."

အာမေဋိတ်သံတွေ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ထွားကျိုင်းသည့်ပုံရိပ်နှစ်ခု ထွက်ပေါ်လာ၏။

၂မီတာခွဲလောက်နီးပါးရှည်ပြီး တုတ်ခိုင်သည့်ကြွက်သားတွေရှိကြကာ သူတို့အသက်ရှူစဥ် ရှည်လျားသည့်အဖြူရောင်မြူတန်းကြီးတောင်မြင်နေရ၏။

လူသားပုံစံဒိုင်နိုဆောကြီးတွေကဲ့သို့ သန်မာသည့်ဖိအားကို ထုတ်လွတ်နေကြသည်။

ပတ်ဝန်းကျင်ရှိလူတွေ အနည်းငယ်အကြည့်ချင်းဖလှယ်လိုက်ပြီး လမ်းအမြန်ဖယ်ပေးလိုက်ကြသည်။

မဟုတ်လျှင် အသက်ရှူဖို့တောင် ခက်ခဲ၏။

ရှီဂွမ်း၊ ရှီယောင်..

လက်ရှိ၌ သူတို့ကတပည့်တွေကြားမှာ လူပြောအများဆုံးပုံရိပ်တွေဖြစ်ကြ၏။ အဆုံးမှာတော့ သူတို့၏ရုပ်ခန္ဓာတွေက တကယ်ကို အံ့အားသင့်စရာကောင်းတာပဲဖြစ်သည်။

လူများစွာ သူတို့အထူးရုပ်ခန္ဓာပိုင်ဆိုင်လားဆိုတာ ဆွေးနွေးနေကြ၏။

တွမ့်ဟွမ် ရှီညီအကိုကိုကြည့်လိုက်သည့်အခါ မျက်လုံးတွေကျဥ်းမြောင်းသွား၏။

ကြားရတာထက် မြင်ရတာ ပိုသေချာသည်ဆိုသည့်စကားအတိုင်းပင်။

ကိုယ်တိုင်မြင်လိုက်ရသည့်အခါ ထိုနှစ်ယောက်က မျှော်လင့်ထားသည်ထက် ပိုမိုထူးခြားနေခဲ့သည်။

"ဒီတစ်ချိန် အတွင်းစည်းတပည့်တွေက တကယ်ကို ပုန်းကွယ်နေတဲ့ကျားတွေနဂါးတွေပဲ...."

"ဒါပေမယ့် ငါက အသန်မာဆုံးဖြစ်နေတုန်းပဲ..."

တွမ့်ဟွမ် သူ့အကြည့်ကိုရွေ့လိုက်ပြီး လက်နှောက်ပစ်ပြီးရပ်နေလိုက်သည်။

အပြစ်ပေးတောင်ထိပ်၏တပည့်တစ်ယောက်အနေနှင့် ပင်မတောင်ထိပ်မှပါဝင်ခြင်းမရှိသည့်အတွက် သူက အသန်မာဆုံးဖြစ်ရမည်ပင်။

(ပင်မတောင်ထိပ်က ဂိုဏ်းသခင်တောင်ထိပ်နဲ့တူတယ်)

ဤအရာက ယခုချိန်ထိ သူယုံကြည်လာသည့် ယုံကြည်မှုလည်းဖြစ်သည်။

မကြာမီ,ပိုများသည့်အစွမ်းထက်လူငယ်များစွာ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြသည်။

သူတို့က တွမ့်ဟွမ်၊ ရှီညီအကိုတို့လောက်မထူးခြားသော်လည်း ပြင်ပလောကမှာ ပါရမီရှင်တွေဖြစ်နေဆဲဖြစ်သည်။

"ဆရာ, ဒါက ဂိုဏ်းရဲ့အုတ်မြစ်လား? ဒီလူတွေအားလုံးက အရမ်းသန်မာတာပဲ...."

လူအုပ်ထဲ၌ ရိုးစင်းသည့်အဝတ်အစားဝတ်ဆင်ထားပြီးဖုန်များပေကျံနေကာ ဓားရှည်တစ်ချောင်းနှင့် မိန်းကလေးတစ်ယောက်ရှိနေခဲ့သည်။

သို့ပေမယ့် သူမ၏လှပသည့်မျက်နှာကို ဖုံးကွယ်မထားနိုင်ပေ။

ထိုအရာက ပိုင်စုရှီပင်။

အတွင်းစည်းကိုဝင်ရောက်ပြီးနောက် သူမက ဂိုဏ်းအတွင်းမှာကျင့်ကြံမနေခဲ့ပဲ တာဝန်တစ်ခုယူဖို့ထွက်သွားခဲ့သည်။

ခုမှပြန်ရောက်လာတာဖြစ်သည်။

"ဒါတကယ် ဂိုဏ်းကြီးတစ်ခုရဲ့အရှိန်အဝါပဲ..."

အိုမင်းသည့်အသံတစ်ခု သူမနားထဲမှာထွက်ပေါ်လာခဲ့သည်။

"ဒါပေမယ့်လည်း ဒါကပုံမန်ပါပဲ။ အဆုံးမှာတော့ ဒါက ဒီပြည်နယ်ထဲက အာဏာရှိအင်အားစုတွေထဲကတစ်ခုပဲလေ.."

"ဒီတပည့်တွေမှာသာ ခုလို့အုတ်မြစ်မရှိရင် ဘယ်လိုလုပ်နာမည်နဲ့လိုက်ဖက်တော့မှာလဲ..."

"ဆရာ, ဒါဆို ကျွန်မရဲ့လက်ရှိအဆင့်က ဒီတပည့်တွေကြားမှာ ဘယ်အဆင့်လောက်ရှိလဲ..."

ပိုင်စုရှီ စိတ်အားထက်သန်စွာမေးလိုက်သည်။

"ဒီလူတွေအကုန်လုံးက သန်မာကြတယ်။ ဒါပေမယ့် ခုထိ ထိပ်တန်းအဆင့်ကို မရောက်ကြသေးဘူး..."

အသံက ပြန်ပြောလိုက်သည်။

"ရှေ့ဆုံးတန်းကလူအချို့ကလွဲပြီး အနည်းဆုံး အဆင့် ၅ ပဲ..."

"အဆင့် ၅?..."

ပိုင်စုရှီခေါင်းညိတ်လိုက်၏။

သူမ မမျှော်လင့်ထားပေ။ အချိန်တော်ကြာခက်ခက်ခဲခဲလေ့ကျင့်ပြီးနောက် ထိပ်တန်း ၅ ယောက်သာ အဆင့်ဝင်ခဲ့၏။

"စိတ်မပူပါနဲ့၊ ဒီလူတွေအများစုက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အထွတ်အထိပ်ကိုရောက်နေကြပြီ။ နင်က အဆင့် ၆ ပဲရှိသေးတယ်..."

"နယ်ပယ်ကွာဟချက်သာမရှိတော့ရင်, အနည်းဆုံး ထိပ်ဆုံးသုံးယောက်ဝင်ပါတယ်..."

အသံက သူမကိုနှစ်သိမ့်ပေးလိုက်သည်။

"ပြီးတော့ လျို့ဝှက်နယ်မြေထဲဝင်ပြီးတဲ့နောက်မှာ အဲ့ဒီအကောင်ကြီးနှစ်ကောင်နဲ့ ပဋိပက္ခမဖြစ်တာအကောင်းဆုံးပဲ။ သူ့တို့ကိုယ်ပေါ်မှာ ငါရင်းနှီးတဲ့အနံ့တစ်ခုရနေတယ်...."

"ဇစ်မြစ်က သာမန်မဟုတ်ဘူး...."

"ကံမကောင်းစွာနဲ့ ငါဘာမှမမှတ်မိတော့ဘူး။ ဒါကြောင့် မပြောတတ်ဘူး...."

"ဒါပေမယ့် အရမ်းသန်မာတဲ့သွေးမျိုးဆက်တစ်ခုဖြစ်ရမယ်...."

"နင် ပင်လယ်နက်မူလသို့ပြန်ခြင်းသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိမရောက်ခင် သူတို့ပြိုင်ဘက်မဟုတ်သေးဘူး...."

"ကောင်းပါပြီ, နာလည်ပါပြီ..."

ပိုင်စုရှီ ကောင်းညိတ်လိုက်၏။

သူမဆရာက ထိုကဲ့သို့ပြောမှတော့ ထိုအရာက အမှန်ဖြစ်ရမည်ပင်။

ထို့ပြင် သူတို့ကိုကြည့်ရုံဖြင့် ရုပ်ခန္ဓာက အလွန်ကြောက်စရာကောင်းတာကို သူမခံစားမိ၏။

"ဒါနဲ့စကားမစပ်, အကိုမုန့်ကော အခုဘာလုပ်နေလဲသိချင်လိုက်တာ..."

"သူအတွင်းစည်းရောက်သွားကတည်းက သူ့ကိုမတွေ့ရတော့ဘူး...."

ပိုင်စုရှီ ခြေဖျားထောက်ပြီး တောင်ကြည့်မြောက်ကြည့်လုပ်လိုက်ပေမယ့် ရင်းနှီးသည့်ပုံရိပ်ကို မမြင်ပေ။

"လျို့ဝှက်နယ်မြေက ရှားပါးအခွင့်အရေးပဲ။ သူသေချာပေါက် လာမှာပါ...."

မုန့်ချန်ချင်းအကြောင်းပြောသည့်အခါ အိုမင်းသည့်အသံ၏အသံ အနည်းငယ်ပြောင်းလဲသွား၏။

"ဒီတစ်ချိန် ငါတို့ထပ်တွေ့ရင် နင်ရဲ့ကျင့်ကြံရေးက သေချာပေါက် သူ့ထက်သာနေလိမ့်မယ်...."

"နင်က ကံကြမ္မာကောင်းတွေနဲ့ အခွင့်အရေးတွေအများကြီးရခဲ့တာ။ လူအနည်းငယ်ပဲ နင့်ကျင့်ကြံရေးအရှိန်ကို ကျော်နိုင်မှာ..."

အသံအတွက်တော့ မုန့်ချန်ချင်းက သူမ နိုးလာကတည်းက အကြိမ်ကြိမ်မျက်နှာဖြတ်ရိုက်နေသည့် တည်ရှိမှုပင်။

ထို့ကြောင့် အနည်းငယ် မကျေမနပ်မှုရှိနေ၏။

"သူ့ကိုကျော်မယ်...."

ပိုင်စုရှီ ထိုအကြောင်းကိုမတွေးပေ။

သူမက သူ့ကိုမြင်ချင်ရုံသာဖြစ်ပြီး အဆုံးမှာတော့ သူက သူမကိုကောင်းကောင်းဆက်ဆံပြီး မိတ်ဆွေအဖြစ်သတ်မှတ်သည့်တစ်ယောက်သောသူဖြစ်၏။

ပတ်ဝန်းကျင်မှ အံ့အားသင့်သံတွေ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

သိသာစွာပင်, ပိုများသည့်အစွမ်းထက်လူငယ်များစွာ ရောက်လာခဲ့သည်။

"လူတွေများလှကြီလား..."

မုန့်ချန်ချင်းလည်း ရောက်လာခဲ့သည်။

ဤအခိုက်အတန့် ရင်ပြင်၌ လူတွေပြည့်ညှပ်နေခဲ့သည်။

သူက ထောင့်တစ်ခုနားမှာရပ်နေပြီး အထဲထိမသွားပေ။

အဘယ်ကြောင့်ဆိုသော် လျို့ဝှက်နယ်မြေဖွင့်သည့်အခါ ပို့ဆောင်ပေးသည့်နေရာက ကျပန်းဖြစ်သောကြောင့်ပင်။

အရင်ရောက်သူဟူ၍ အားသာချက်မရှိပေ။

"ဒါတကယ် ဂိုဏ်းရဲ့အုတ်မြစ်ပါလား..."

မုန့်ချန်ချင်း ဝှေ့ဝဲကြည့်လိုက်သည်။

ရင်ပြင်ရှိတပည့်တွေ၌ အများစုက အသက် ၃၀ အောက်တွေဖြစ်ကြ၏။

ဤအသက်အရွယ်နှင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကိုရောက်နေရာ အနာဂတ်၌ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်ဖို့ အလားအလာမြင့်၏။

အပြင်ဘက်မှာဆို သူတို့ကို မိသားစုလေးတွေ၏ရတနာအဖြစ်သတ်မှတ်နိုင်၏။

တစ်ချိန်တည်းမှာပဲ မုန့်ချန်ချင်း အချက်အလက်ပြဇယားကိုကြည့်လိုက်သည်။

တာဝန်ခန်းမတုန်းကနှင့်မတူပဲ ဤနေရာရှိတပည့်တွေက ပိုထူးချွန်သည့်အရည်အချင်းတွေရှိကြပြီး အများစုက အဆင့် ၃ အမြစ်ရိုးတွေဖြစ်ကြ၏။

ထို့ပြင် သိုင်းပညာကျွမ်းကျင်မှုတွေကလည်း အတော်မြင့်၏။

ထိုက်ရွမ်အသက်သွေးကြော ၇ ခု...

သွေးကြောနှစ်ခု၏နည်းစနစ်တွေက အထူးသဖြင့်ကွဲပြား၏။

ဥပမာ ခရမ်းမြူတောင်ထိပ်က ခန္ဓာသန့်စင်ခြင်းကိုအထူးပြုရာ အားကောင်းသန်မာသည့်ရုပ်ခန္ဓာတွေရှိကြသည်။

အစီရင်တောင်ထိပ်အတွက်တော့ အစီရင်တွေကို ခန္ဓာကိုယ်ထဲသို့ထည့်သွင်းပေါင်းစပ်ကြပြီး သူတို့၏အရေပြားမျက်နှာပြင်၌ များစွာသောအစီရင်တွေ မြင်နေရသည်။

မုန့်ချန်ချင်း ထိုသွေးကြောနှစ်ခု၏နည်းစနစ်တွေကို အလွန်အားကျ၏။

အထူးသဖြင့် သိုင်းကျမ်းဆောင်မှအညွှန်းတွေကိုဖတ်ပြီးနောက် ပိုလို့တောင် သွေးဆောင်ခံရ၏။

"အတွင်းစည်းရဲ့ထိပ်တန်းပါရမီရှင်တွေက အဲ့ဒီရှေ့တန်းကလူအနည်းငယ်ပဲဖြစ်လောက်မယ်...."

အဝေးကြီးမှာဖြစ်သောကြောင့် မုန့်ချန်ချင်း ကောင်းကောင်းမမြင်ရပေ။

သို့ပေမယ့် ထိုလူတွေက သူတို့၏အော်ရာတွေကိုဖုံးကွယ်မထားရာ ညအမှောင်ထဲက မီးတောက်ပမာ တောက်ပနေခဲ့သည်။

လွန်ခဲ့သည့်တစ်လ ကုန်းလင်းရွယ်နှင့်စကားပြောချိန်က သူမလည်း အတွင်းစည်းရှိ ထူးချွန်သည့်ပုဂ္ဂိုလ်အချို့အကြောင်းကို ပြောခဲ့သည်။

သူက သူတို့ကိုမှတ်မိ၏။

လျို့ဝှက်နယ်မြေကိုဝင်ရောက်ပြီးသည့်အခါ သူတို့ကို မိတ်ဆွေအဖြစ်ပေါင်းထည့်ဖို့ သေချာပေါက် နည်းလမ်းရှာရမည်ဖြစ်သည်။

All Chapters