← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃)

မူးမတ်အဆင့်စွမ်းအားကြီးသူ၊ သိုင်းပညာရည်ရွယ်ချက်နှင့် မပြိုလဲသော ယုံကြည်ချက်

အမွှေးတိုင်တစ်တိုင်ခန့်ကြာပြီးနောက် အင်အားစုအားလုံး ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

ဆွေးနွေးငြင်းခုံသံများမှာလည်း ဆူညံနေခဲ့သည်။

“ဒီတစ်ကြိမ်မှာ ဘယ်သူတွေ ထိပ်ဆုံးသုံးယောက်ထဲ ဝင်မယ်လို့ထင်လဲ...”

“မေးနေဖို့တောင် လိုသေးလို့လား... သေချာပေါက် ထျန်းရွမ်စီရင်စုရဲ့ ဂိုဏ်းကြီးငါးဂိုဏ်းပဲ ဖြစ်မှာပေါ့...”

“ဒါကတော့ အပြည့်အဝ မသေချာဘူး။ တခြားဒေသတွေက မဟာဂိုဏ်းကြီးတွေနဲ့ ရှေးဟောင်းကလန်တွေကလည်း အချာပင်တွေ မဟုတ်ကြဘူး...”

“ဒါ့ပြင် အကယ်လို့ ထျန်းရွမ်စီရင်စုရဲ့ ဂိုဏ်းကြီးငါးဂိုဏ်းက အစောပိုင်းမှာတင် တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း တွေ့ဆုံခဲ့ရင် နောက်ပိုင်းနေရာတွေက တခြားလူတွေအတွက် လွတ်သွားမှာ...”

“တခြားဂိုဏ်းတွေ ဘာပဲဖြစ်ဖြစ် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်ကတော့ ပထမနေရာကို သေချာပေါက် ရမှာပဲ။ ဘယ်သူမှ သူတို့ကို မယှဥ်နိုင်ဘူး...”

“ဟုတ်တယ်...”

လူအများအပြား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

သူတို့မျက်လုံးထဲတွင် ဤပါရမီရှင်တိုက်ပွဲသည် မဟာဂိုဏ်းကြီးများနှင့် ရှေးဟောင်းကလန်များအကြား ယှဥ်ပြိုင်မှုတစ်ခုသာ ဖြစ်သည်။

အတိတ်၌ ပထမတန်းစားအင်အားစုများ လူကွဲနေစဥ် တခြားလူများအတွက် အခွင့်အရေး အနည်းငယ်ရှိခဲ့သေးသည်။

သို့သော် ယခုမူ ဤအင်အားကြီးသူများနှင့် ဆုံသည်နှင့် အခွင့်အရေးလုံးဝမရှိဘဲ လုံးဝဥဿုံ ချေမှုန်းခံရမည်ပင်။

ခရက်!

လူတိုင်း စကားပြောဆိုနေကြစဥ် အထက်ကောင်းကင်ယံ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ရေတွက်မရနိုင်သည့် ဟင်းလင်းပြင်အက်ကွဲကြောင်းတွေ ထွက်ပေါ်လာပြီး အလွန်အစွမ်းထက်သောတည်ရှိမှုတစ်ခု ဆင်းသက်လာတော့မည့်အလားပင်။

ထို့နောက် လူရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။

ထိုလူရိပ် ပေါ်လာသည့်အခိုက်အတန့်တွင် လူတိုင်း ပခုံးပေါ်၌ တောင်တစ်လုံးကို ထမ်းထားရသကဲ့သို့ လေးလံမှုကို ခံစားလိုက်ကြရသည်။

သေခြင်းရှင်ခြင်းနယ်ပယ်ရှိလူများပင် ဤဖိအားကို ခံစားလိုက်ရသည်။

“ကျောင်းဆောင်သခင်ကို ဂါရဝပြုပါတယ်...”

ကိုးရောင်ခြယ်မှန်ကျောင်းဆောင်၏ အဆင့်မြင့်အကြီးအကဲများ ချက်ချင်း မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်ကြသည်။

ထို့နောက် အင်အားစုအားလုံးလည်း ရိုသေစွာ ဦးညွှတ်လိုက်ကြရာ အသံများမှာ ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

ကျောင်းဆောင်သခင်...

ဤရိုးရှင်းသော စကားလုံးနှစ်လုံးက ပေါင်ချိန်ထောင်ချီသည့် လေးလံမှုကို ဆောင်ကြဉ်းပေးနေသည်။

အကြောင်းမှာ ၎င်းသည် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်၏ အုပ်ချုပ်သူကို ကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။

ထို့အပြင် မြင်တွေ့ရခဲသည့် ဒဏ္ဍာရီလာ မှူးမတ်အဆင့် ဖြစ်နေသောကြောင့်ပင်။

“အင်း...”

ကျောင်းဆောင်သခင်၏အကြည့်မှာ ထူးမခြားနားဖြစ်နေပြီး နေရာတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။

နားထင်များမှာ ဖြူစပြုနေ၍ သက်လတ်ပိုင်းအရွယ်ပုံပေါ်သော်လည်း အသက်အများကြီးကြီးသည်။

ကိုးရောင်ခြယ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်နောက်ပစ်လျက် ရပ်နေခဲ့သည်။

သူ၏ ကြောက်မက်ဖွယ်အော်ရာကို အတော်လေး ထိန်းချုပ်ထားတာတောင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ဆက်လက်အက်ကွဲနေပြီး တောင့်မခံနိုင်တော့သလိုပင်။

“အားလုံးပဲ ဝေးလံတဲ့နေရာကနေ ခရီးပန်းခံပြီး လာခဲ့ကြတာ။ ဒါက ငါတို့ကျောင်းဆောင်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ...”

ကျောင်းဆောင်သခင် ဖြည်းညှင်းစွာ စကားပြောလိုက်ရာ သူ၏အသံမှာ ဧရာမခေါင်းလောင်းကြီးပဲ့တင်ထပ်သကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြားတွင် ဟိန်းထွက်သွားခဲ့သည်။

“အချိန်တွေ မဖြုန်းတော့ဘူး။ အခမ်းအနားကို စတင်လိုက်ကြစို့...”

ထိုစကားနှင့်အတူ ကျောင်းဆောင်သခင်၏ လူရိပ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

ပြန်လည်ပေါ်လာသည့်အခါ ကိုးရောင်ခြယ်မှန်ကျောင်းဆောင် ပိုင်ဆိုင်သည့် အကြီးမားဆုံးနှင့် အမြင့်မားဆုံးသော မျောလွင့်တောင်တန်းပေါ်၌ ထိုင်နေပြီ ဖြစ်သည်။

သူ့ဘေးနားတွင် ကျောင်းဆောင်၏ အဆင့်မြင့်လူကြီးများ ထိုင်နေကြပြီး တစ်ဦးစီမှ သန်မာသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

အချို့မှာ ငယ်ရွယ်ပြီး အချို့မှာ အသက်ကြီးကြသော်လည်း အားလုံးမှာ သေခြင်းရှင်ခြင်းနယ်ပယ်တွင် ရှိနေကြသည်။

“ရှောင်ရွယ်...”

ကျောင်းဆောင်သခင် ထိုင်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ နေရာတစ်ခုဆီသို့ ကြည့်လိုက်သည်။

ထိုနေရာ၌ သေးသွယ်သည့်ပုံရိပ်တစ်ခု ခြေချိတ်ထိုင်နေပြီး အလင်းရောင်တွေတောက်ပနေခဲ့သည်။

အသံကြားသည့်အခါ ပုံရိပ်ဖြည်းချင်းစွာ မျက်လုံးဖွင့်လာပြီး မယုံနိုင်လောက်အောင်လှပသည့် မျက်နှာတစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုခဏ၌ လောကကြီးတစ်ခုလုံး အရောင်အသွေး ပျောက်ဆုံးသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

သူမ၏ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးချောမွေ့ကာ အနက်ရောင်ဆံပင်ရှည်များက ခါးအထိ ဝေ့ဝဲကျနေခဲ့သည်။

ပတ်ပတ်လည်တွင်လည်း မှိန်ပျပျ အလင်းရောင်တစ်ခု ဝန်းရံနေသဖြင့် နတ်ဘုရားမတစ်ပါးကဲ့သို့ အရှိန်အဝါကို ပေးစွမ်းနေခဲ့သည်။

“အဖေ...”

ဤမိန်းမပျိုမှာ အခြားသူမဟုတ်ဘဲ ထျန်းရွမ်စီရင်စု၏ လူငယ်မျိုးဆက်ကို လွှမ်းမိုးထားလုနီးပါး ဖြစ်သော ပြိုင်ဘက်ကင်းပါရမီရှင် ယွီဟုန်းရွယ်ပင် ဖြစ်သည်။

“မင်းအခြေအနေ ကောင်းနေပုံပဲ။ ကျောင်းဆောင်က ဘယ်လောက်အထိ ရှေ့ဆက်နိုင်မလဲဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်...”

ကျောင်းဆောင်သခင် ခေါင်းအနည်းငယ် ညိတ်လိုက်ရာ သူ၏မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

သူမက သူ၏သမီး ဖြစ်ပြီး အသက်ကြီးပိုင်းအရွယ်မှ မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် ပို၍ပင် တန်ဖိုးထားသည်။

ထို့ပြင် ယွီဟုန်းရွယ်၏ ပါရမီစွမ်းရည်မှာ သူ့ထက်ပင် အပြတ်အသတ် ကျော်လွန်နေသဖြင့် ၎င်းမှာဘိုးဘေးများထံမှ စစ်မှန်သော ကောင်းချီးပေးမှုပင်ဖြစ်သည်။

“အဖေ စိတ်ချပါ၊ သမီး ဂိုဏ်းကို ဦးဆောင်ပြီး ပထမနေရာကို ယူပေးပါ့မယ်။ သမီးကို ဘယ်သူမှ မတားနိုင်ပါဘူး...”

ယွီဟုန်းရွယ် မျက်ခုံးပင့်လိုက်သည်။

သူမ၏ အကြည့်၊ အမူအရာ၊ အသံ စသည်တို့၌ အတွင်းစိတ်မှ ဖြာထွက်လာသော ယုံကြည်မှုများ ရှိနေခဲ့သည်။

ဤသည်မှာ ရေတွက်မရနိုင်သည့် သန်မာသော ပြိုင်ဘက်များကို အနိုင်ယူပြီးမှ ရရှိလာသည့် ပြိုင်ဘက်ကင်းအရှိန်အဝါ ဖြစ်သည်။

ထင်ရှားသည်မှာ ယွီဟုန်းရွယ်၏ လက်ချက်ဖြင့် ကျရှုံးခဲ့ရသော သိုင်းပညာရှင် အရေအတွက်မှာ ရေတွက်၍ပင် မရနိုင်ချေ။

“ဒီပါရမီရှင်တိုက်ပွဲမှာ ပြိုင်ဘက်အားလုံးကိုအနိုင်ယူပြီးတဲ့အခါ မင်း မရှုံးနိမ့်ဖူးတဲ့ ရည်ရွယ်ချက်ကို စုစည်းနိုင်သင့်တယ်...”

ကျောင်းဆောင်သခင် မှတ်ချက်ပေးလိုက်သည်။

သိုင်းပညာရည်ရွယ်ချက်...

ဤသည်မှာ မည်သည့် သိုင်းပညာရှင်အတွက်မဆို အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူတို့၏ ယုံကြည်ချက်ကို ဖော်ပြနေခြင်း ဖြစ်သည်။

ပုံသွင်းပြီး ပုံသဏ္ဌာန်ဖြစ်ပေါ်လာသည်နှင့် စိတ်ကူးမရနိုင်လောက်သည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည်ဖြစ်သည်။

"ဒီတစ်ကြိမ်မှာ မင်းကို ခြိမ်းခြောက်နိုင်မယ့် တစ်ဦးတည်းသောသူက မာနဓားဂိုဏ်းက လီကျင်းပဲ။ သူ့ရဲ့ နားလည်နိုင်စွမ်းက မင်းနဲ့ အဆင့်တူမှာ ရှိပြီး အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့တာ..."

"ရည်ရွယ်ချက်ရဲ့ အစစ်အမှန်အဓိပ္ပာယ်ကျင့်ကြံရေးမှာ သူက မင်းထက် အားနည်းမှာ မဟုတ်ဘူး...”

ဂိုဏ်းချုပ်က ပြောလိုက်သည်။

“သူက သမီးပြိုင်ဘက် မဟုတ်ပါဘူး...”

ယွီဟုန်းရွယ် တိုက်ရိုက်ပင် ပြန်လည်ဖြေကြားလိုက်သည်။

ထို့နောက် ကြောက်မက်ဖွယ်စွမ်းအားတစ်ခု သူမမျက်လုံးတွေထဲမှာ တစ်ဟုန်ထိုးထွက်ပေါ်လာပြီး မရေမတွက်နိုင်သည့်အလင်းတန်းတွေ တဖျတ်ဖျတ်လက်နေသလိုပင်။

ဤအရာကို မြင်သည့်အခါ ကျောင်းဆောင်သခင် အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးလိုက်မိသည်။

"အထင်ကြီးစရာပဲ... မင်း ဒီအဆင့်ကိုတောင် ရောက်နေပြီပေါ့။ ငါ မင်းကို လျှော့တွက်မိသွားတယ်..."

"လက်ဝါးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်း..."

“လူငယ်မျိုးဆက်တွေထဲမှာ ဘယ်သူမှ မင်းပြိုင်ဘက်မဟုတ်လောက်တော့ဘူး..."

သူတို့ပတ်ပတ်လည်ရှိ တခြားတပည့်များနှင့် အကြီးအကဲများလည်း ဝမ်းမြောက်ခြင်းနှင့် တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်သွားခဲ့ကြသည်။

လက်ဝါးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်း...

ထိုအရာက ကြောက်မက်ဖွယ် ကောင်းလှသည်။

သိုင်းပညာရည်ရွယ်ချက်ကို ကျင့်ကြံခြင်းမှာ အလွန်တရာခက်ခဲပြီး ဆယ်စုနှစ်ချီကြာအောင် တိုးတက်မှုမရှိဘဲ ဖြစ်နတတ်သည်။

သို့သော် ကျောင်းဆောင်သခင်ငယ်မှာမူ အသက် ၂၇ နှစ်အရွယ်ဖြင့် သူမ၏ လက်ဝါးရည်ရွယ်ချက်ကို အဆင့် ၃ အထိ မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

အနာဂတ်တွင် မှူးမတ်မဖြစ်လာမီ အဆင့် ၅ သို့မဟုတ် ထိုထက်မက မြင့်မားသော အဆင့်သို့ ရောက်ရှိရန် အခွင့်အရေးများသည်။

ကျောင်းဆောင်သခင် သူမ ဘိုးဘေးတွေကို ကျော်လွန်နိုင်မည်ဟု ယုံကြည်နေခြင်းမှာ မဆန်းတော့ချေ။

“ဒီပါရမီရှင်တိုက်ပွဲမှာ မြင်းနက်အချို့ ထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် တကယ့ကို ပျင်းဖို့ကောင်းတယ်...”

ယွီဟုန်ရွယ် ဖြည်းည်းချင်း မတ်တတ်ရပ်ကာ အစွန်းဘက်သို့ လျှောက်သွားပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။

လေပြင်းက ညင်သာစွာ တိုက်ခတ်သွားရာ သူမ၏ ဝတ်စုံမှာ လေထဲတွင် တဖြတ်ဖြတ် လွင့်ပျံနေခဲ့သည်။

အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ရဲရင့်သော စိတ်ဓာတ်ကို ထုတ်ဖော်နေပြီး ဘုရင်တစ်ပါးကဲ့သို့သော အရှိန်အဝါနှင့် လွှမ်းမိုးချုပ်ကိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ပါရမီရှင်တိုက်ပွဲကို ဝမ်ရှန်းအဆောက်အဦးက သဘာဝအတိုင်း ကြီးကြပ်ကွပ်ကဲသည်။

ဒိုင်လူကြီးအားလုံးနီးပါးမှာ နတ်ဘုရားရရှိခြင်းနယ်ပယ် သို့မဟုတ် သေခြင်းရှင်ခြင်းနယ်ပယ်တွင် ရှိသော အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ပြိုင်ပွဲပုံစံအသစ်မှာ ဝမ်ရှန်းအဆောက်အဦးအတွက်လည်း အရာရာကို ပိုမိုလွယ်ကူစေသည်။

မဟုတ်ပါက တစ်ဦးချင်း တိုက်ပွဲများစွာဖြင့်ဆိုလျှင် ဒိုင်လူကြီး မည်မျှအထိ လိုအပ်မည်နည်း။

ယခုမူ အနည်းငယ်သာ လိုအပ်တော့သည်။

ဝမ်ရှန်းအဆောက်အဦး၏ မျောလွင့်တောင်တန်းပေါ်တွင် ထိုက်ရွမ်ဂိုဏ်း အသိဟောင်းကြီးတစ်ဦးသည် ပေါ့ပေါ့ပါးပါး ထိုင်နေခဲ့သည်။

သူ့နောက်တွင် လှပသော အစေခံမိန်းကလေးတစ်ဦးက ပခုံးများကို နှိပ်နယ်ပေးနေပြီး ရံဖန်ရံခါ လက်ဖက်ရည်သောက်ရင်း ကျေနပ်သော အမူအရာ ရှိနေသည်။

“အကြီးအကဲယွမ်...”

ရုတ်တရက် လူတစ်ယောက် အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။

“ဘာကိစ္စလဲ...”

ယွမ်ချန်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“အရင်က အကြီးအကဲ ကျွန်တော့်ကို ထျန်းလင်းစီရင်စုရဲ့ ထိုက်ရွမ်ဂိုဏ်းကို စောင့်ကြည့်ခိုင်းထားတဲ့ကိစ္စလေ... သူတို့ ဒီနေ့ ရောက်လာကြပြီ...”

ထိုလက်အောက်ခံ သတင်းပို့လိုက်သည်။

“အို...”

ယွမ်ချန်း ချက်ချင်း မျက်လုံးပွင့်လာခဲ့ပြီး ညာဘက်လက်ကို မြှောက်ကာ အစေခံမိန်းကလေးကို ထွက်သွားရန် အချက်ပြလိုက်သည်။

အစေခံမိန်းကလေး နားလည်စွာဖြင့် နောက်သို့ ဆုတ်သွားခဲ့သည်။

“ထိုက်ရွမ်ဂိုဏ်း...”

ဤရိုးရှင်းသော စကားလုံး သုံးလုံးက မတူညီသော သက်ရောက်မှုများကို ဆောင်ကြဉ်းပေးနေသည်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ သူတို့ တောင်ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲကို လွဲချော်ခဲ့တာ ဘယ်နှစ်ကြိမ်တောင် ရှိနေပြီလဲ..."

"ပြီးတော့ အခုကျမှ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ထွက်လာလို့ နောက်ဆုံးတော့ မနေနိုင်ဘဲ လာခဲ့ကြတာပေါ့..."

ယွမ်ချန်း မတ်တတ်ရပ်ကာ လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

“သူတို့ တကယ်ကို လာရဲကြသေးတာပဲ...”

သူသည် ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲမှ ထိုတောက်ပသော ပါရမီရှင်၊ တာအိုဖန်တီးခြင်းနယ်ပယ်တွင် ရှိနေစဥ်ကတည်းကပင် ဓားရည်ရွယ်ချက် သန္ဓေသားပုံစံကို နားလည်ထားသည့် ကြောက်မက်ဖွယ် ပါရမီရှင်ကို မေ့လျော့ခြင်း မရှိသေးချေ။

ဤကဲ့သို့သော အလားအလာမှာ တကယ်ကို ကြောက်စရာ ကောင်းလှသည်။

သို့သော် ကံမကောင်းစွာဖြင့် ထိုပါရမီရှင်သည် သူ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ပြီး နစ်မြုပ်နေသော ထိုက်ရွမ်ဂိုဏ်း၏ သင်္ဘောပျက်ကြီးပေါ်တွင်သာ ဆက်နေရန် ခေါင်းမာခဲ့သည်။

ကောင်းပြီလေ... ဒါဆိုရင်လည်း အားလုံး အတူတူ ဖြည်းဖြည်းချင်း နစ်မြုပ်ကြပေါ့။

ထျန်းလင်းစီရင်စုတွင် ရှိစဥ်က သူ အရေးယူဆောင်ရွက်၍ မရခဲ့သော်လည်း ဤနေရာတွင်မူ သူတို့အား အပြစ်ပေးရန် နည်းလမ်းများစွာ ရှိနေသည်။

ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးမှာ အဓိပ္ပာယ်ရှိရန်အတွက် ကြီးပြင်းလာဖို့ လိုအပ်သည်။

အကယ်၍ လမ်းခုလတ်တွင် ကျဆုံးသွားလျှင် သို့မဟုတ် မသန်မစွမ်း ဖြစ်သွားလျှင် သူတို့သည် ပါရမီရှင် မဟုတ်တော့ချေ။

ထိုအတွေးနှင့်အတူ ယွမ်ချန်းအကြည့် အေးစက်သွားခဲ့သည်။

All Chapters