အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃)
သွေးကြောပုံသွင်းခြင်းနယ်ပယ် အထွတ်အထိပ်
စနစ်၏အသံက မှိန်ဖျော့သော်လည်း မုန့်ချန်ချင်းနားထဲ၌ မုန်တိုင်းတိုက်ခတ်သွားသလိုပင်။
ထိုအရာက အမှန်တကယ်ပဲ သိုင်းပညာကျွမ်းကျင်မှုကို တိုးမြှင့်ပေးနိုင်၏။
အနည်းငယ်ဗိုလ်ကျလွန်း၏။
သိုင်းပညာတွေက လေ့ကျင့်ဖို့ခက်ခဲပြီး အထူးသဖြင့် အဆင့်မြင့်တွေပင်။
ပင်ကိုယ်ပါရမီ၊ နားလည်နိုင်စွမ်း၊ အရင်းအမြစ်၊ အခြားအရာများစွာလိုအပ်၏။
အများစုက အောင်မြင်မှုမရှိပဲ ဆယ်စုနှစ်များစွာ အချိန်ကုန်ခဲ့ကြ၏။
"ဒီအပိုဆုလဒ်က ရရှိတဲ့စွမ်းရည်တွေလောက်ကို ကောင်းတာပါ့လား...."
မုန့်ချန်ချင်း စိတ်လှုပ်ရှားသွား၏။
ထို့ပြင် အပိုဆုလဒ်တွေက ရဖို့မလွယ်ပေ။
နှစ်သက်မှုတိုးမြှင့်လာမှသာ ပေါ်လာဖို့အခွင့်အရေးရှိ၏။
ကြည့်ရတာ ယနေ့သူ့ကံက အတော်ကောင်းနေပုံရ၏။
"ကဒ်တစ်ကဒ်က ကျွမ်းကျင်မှုတစ်ဆင့်မြှင့်ပေးနိုင်တယ်။ ငါ့ရဲ့ အရိပ်ကိုးခုဓားသိုင်းက တစ်စိတ်တစ်ပိုင်းကျွမ်းကျင်ခြင်းအဆင့်ကို ရောက်နေပြီ။ နှစ်ကဒ်သုံးလိုက်မယ်ဆိုရင် ပြီးပြည့်စုံခြင်းဆင့်ကို ရောက်သွားလိမ့်မယ်...."
မုန့်ချန်ချင်း စိတ်ထဲမှာ တွေးလိုက်သည်။
အရိပ်ကိုးခုဓားသိုင်းက ကြေးဝါချပ်ဝတ်သိုင်းနှင့် အဆင့်တူ သိုင်းပညာတစ်ခုဖြစ်သည်။
၎င်းက ဓားသိုင်းနည်းစနစ်တစ်ခုဖြစ်ပြီး နည်းစနစ်ပိုင်းကို အဓိကထား၏။
ပြီပြည့်စုံခြင်းအဆင့်ထိကျင့်ကြံပြီးလျှင် ဓားကွက်တွေက အလွန်လျှင်မြန်လာပြီး ဓားရိပ်ကိုးခုအဖြစ်ခွဲထွက်နိုင်၏။ ဓားရိပ်တစ်ခုချင်းစီ၏စွမ်းအားက မူလဓားချက်ထက်မနိမ့်ပေ။
သတ်ဖြတ်ခြင်းစွမ်းအားက အလွန်ကြီးမား၏။
"ကျန်တဲ့ကဒ်ကို ကြေးဝါချပ်ဝတ်သိုင်းကို ပြီးပြည့်စုံခြင်အဆင့်ထိမြှင့်တင်ဖို့ သုံးလို့ရတယ်...."
"ပါဖက်ပဲ...."
မုန့်ချန်ချင်း ချက်ချင်းပဲ အကောင်အထည်ဖော်လိုက်၏။
"စနစ်, ကိုးရိပ်ဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ မြှင့်တင်မယ်...."
မုန့်ချန်ချင်း တိုက်ရိုက်ပဲ ပြောလိုက်သည်။
သိုင်းပညာတွေ၏အဆင့်ကို အနိမ့်ပိုင်းအဆင့်၊ လူသားအဆင့်၊ သိမ်မွေ့အဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်ဟု ခွဲခြားထား၏။
အဆင့်တစ်ခုချင်းစီ၌ အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့် ဆိုပြီးရှိ၏။
သိုင်းပညာကျွမ်းကျင်မှုဆိုသည်မှာ အမှန်တကတယ်တော့ ကျွမ်းကျင်မှုအဆင့်ကို ဆိုလိုခြင်းဖြစ်သည်။
စဦးနားလည်ခြင်း၊ စဦးဝင်ရောက်ခြင်း၊ တစ်စိတ်တစ်ပိုင်းကျွမ်းကျင်ခြင်း၊ ကျွမ်းကျင်ခြင်း၊ ပြီးပြည့်စုံခြင်း အဆင့်တို့ ဖြစ်ကြ၏။
ဒင်!
[ကျွမ်းကျင်ကဒ် ၂ ကဒ် အသုံးပြုပြီးပါပြီ]
ထိုစကားတွေထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သည့်အတွေးအမြင်တွေ မုန့်ချန်ချင်းစိတ်ထဲမှာ ပေါ်လာခဲ့သည်။
သူက ၎င်းတို့ကို ကဗျာကယာနှင့် စုပ်ယူလိုက်၏။
ထိုအရာအားလုံးက ကိုးရိပ်ဓားသိုင်း၏ မှန်ကန်သည့်အသုံးပြုမှုတွေပဲဖြစ်သည်။
မကြာမီ, မုန့်ချန်ချင်း၏ ကိုးရိပ်ဓားသိုင်းနားလည်မှုက အထွတ်အထိပ်ကို ရောက်သွား၏။
"အရိပ်ကိုးခု...."
မုန့်ချန်ချင်း မတ်တပ်ရပ်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ သွေးနှင့် ချီစွမ်းအင်တွေ လိမ့်တက်လာခဲ့သည်။
ထို့နောက် ဓားဆွဲထုတ်ကာ ရှေ့ကိုထိုးလိုက်၏။
ချက်ချင်းဆိုသလိုပဲ နှင်းကဲ့သို့ ဓားအလင်းတန်းက အမှန်တကယ်ပဲ ဓားရိပ်ကိုးခုအဖြစ် ခွဲထွက်သွား၏။
ထက်ရှသည့်အော်ရာက အခန်းတစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။
ထန်! ထန်! ထန်!
မာကျောသည့်နံရံ၌ ရုတ်တရက် ဓားရာ ၁၀ ခု ပေါ်လာခဲ့သည်။
ဓားရာတွေမှတဆင့် အလင်းတန်းများပင် ထိုးဖောက်နေပြီး ထုတ်ခြင်းပေါက်သွားတာ သိသာလှ၏။
အပြင်စည်းတပည့်အဆောက်အဦးတွေက အလွန်ခိုင်ခံသည့်ပစ္စည်းတွေဖြင့်တည်းဆောက်ထားပြီး ထိုးဖောက်ဖို့ မလွယ်ပေ။
ထို့ကြောင့် ဤဓား၏အစွမ်းထက်ပုံကို တွေ့မြင်နိုင်၏။
"မဆိုပါဘူး..."
မုန့်ချန်ချင်း မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
အရင်ကနှင့်ယှဥ်လျှင် ကိုးရိပ်ဓားသိုင်း၏စွမ်းအားက အရည်အသွေးပိုင်းဆိုင်ရာ ခုန်တက်သွားခဲ့၏။
ဤဓားသိုင်းနှင့်ဆိုလျှင် သွေးကြောပုံသွင်းခြင်းနယ်ပယ် အဆင့် ၉ ကျွမ်းကျင်သူကို သတ်ဖို့က အလွယ်လေးပင်။
ဒါပေါ့၊ တစ်ဖက်လူ၏သိုင်းပညာကျွမ်းကျင်မှုက ပြီးပြည့်စုံခြင်းအဆင့်ကို မရောက်မှသာဖြစ်သည်။
"စနစ်, ကြေးဝါချပ်ဝပ်သိုင်းကို အဆင့်မြင့်မယ်"
မုန့်ချန်ချင်း သူ့ဓားကို ပြန်သိမ်းလိုက်ပြီး နောက်ဆုံးကျန်ရှိသည့် ကျွမ်းကျင်ကဒ်ကို အသုံးပြုလိုက်သည်။
ခရက်! ခရက်! ခရက်!
ရင်းနှီးသည့်ခံစားမှုတစ်ခုထွက်ပေါ်လာခဲ့၏။ သို့ပေမယ့် ဤတစ်ချိန်၌ ပိုကြမ်းတမ်းလာခဲ့၏။
သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် အပြင်းအထန် တုန်ယင်နေခဲ့သည်။
ကြွက်သားတွေလည်း သံမဏိချောင်းတွေအတူတကွလိမ်ထားသကဲ့သို့ မာကျောလာပြီး အလွန်ပြင်းထန်သည့်အော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
တောင်တစ်လုံးကဲ့သို့မားမားမတ်မတ်နှင့် ဖျက်ဆီးလို့မရနိုင်သကဲ့သို့ပင်....
ထန်! ထန်! ထန်!
မုန့်ချန်ချင်း သူ့ကြေးဝါရောင်လက်မောင်းကို အသာအယာပုတ်လိုက်သည့်အခါ ကြေးနှင့် သံမဏိကဲ့သို့ အသံထွက်ပေါ်လာ၏။
"ကြေးဝါချပ်ဝတ်သိုင်းရဲ့ ပြီးပြည့်စုံခြင်းအဆင့်ဆိုတဲ့အတိုင်းပါပဲလား.... ကာကွယ်ရေးစွမ်းအားက ပိုလို့တောင် ကြောက်စရာကောင်းလာပြီ...."
မုန့်ချန်ချင်း ကျေနပ်နေခဲ့၏။ ထို့နောက် ကြေးဝါချပ်ဝတ်သိုင်းကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ သူ့အရေအပြားက ပုံမှန်ပြန်ဖြစ်သွား၏။
သူ၏ပိန်ပိန်းပါးပါးခန္ဓာကိုယ်အောက်၌ ဤကဲ့သို့ကြောက်စရာကောင်းသည့် ခန္ဓာသန့်စင်ကျွမ်းကျင်မှုရှိနေမယ်လို့ မည်သူမှထင်ထားမည် မဟုတ်ပေ။
"ဟမ်...."
မုန့်ချန်ချင်း မျက်ခုံးတွေ ရုတ်တရက်မြင့်တက်သွား၏။ သူ၏ကျင့်ကြံရေးနယ်ပယ်အတားအဆီး အတော်လေးပြေလျော့သွားတာအား ခံစားမိလိုက်၏။ ထိုအရာက အဆင့်ချိုးဖြတ်တော့မည့် အရိပ်အယောင်ပင်။
သို့ပေမယ့် ထိုအရာက နားလည်ပေးလို့ရ၏။ သူက အစကတည်းက အထိတ်အထွတ်မှာရှိနေပြီး ယခု အဆင့် ၄ အမြစ်ရိုးကို ရရှိထားသည်ဖြစ်၍ အဆင့်ချိုးဖြတ်တာက သဘာဝကျ၏။
"အံ့သြပျော်ရွင်စရာတွေက ဆက်တိုက်ပါပဲလား...."
မုန့်ချန်ချင်း စိတ်အခြေအနေကောင်းနေ၏။ သူက ချက်ချင်းခြေချိတ်ထိုင်ကာ အဆင့်တက်ရန် စတင်လိုက်၏။
နောက်တစ်နေ့၌....
ထိုက်ရွမ်းဂိုဏ်းခေါင်းလောင်းက တစ်လောကလုံးကိုပဲ့တင်ထပ်သွားပြီး မြေပြင်တစ်လျှောက် ပျံ့နှံ့သွား၏။
အာရုဏ်ဦးရွှေရောင်အလင်းရောင်အောက်၌ မုန့်ချန်ချင်း တံခါးကိုတွန်းဖွင့်ကာ လျှောက်ထွက်လာခဲ့သည်။
ဤအချိန်၌ သူ့အော်ရာက ပြည့်ဝသန်မာနေပြီး သွေကြောပုံသွင်းခြင်းနယ်ပယ် အဆင့် ၉ ကို ချိုးဖြတ်ပြီးတာသိသာလှ၏။ သူက အဓိကသွေးကြောတွေ၏ လျို့ဝှက်ချက်အားလုံးကို ဖွင့်ပြီးသွားပြီပဲဖြစ်သည်။
လူသားတွေ၏ကျင့်ကြံရေးဖြစ်စဥ်၌ များစွာသောလူသားခန္ဓာကိုယ်လျို့ဝှက််ချက်များစွာကို ကျင့်ကြံရေးတစ်လျှောက်၌ ဖွင့်လှစ်ရ၏။ အဓိကသွေးကြောတွေက ပထမဆုံးလျို့ဝှက်ချက်ဖြစ်၏။ အဓိကသွေးကြောတွေ၌ ကျယ်ပြန့်သည့်ချီစွမ်းအင်နှင့် သွေးစွမ်းအင်တွေ ပါဝင်၏။ တစ်ခုချင်းစီကို ဖွင့်လှစ်ပေးခြင်းဖြင့် လူတစ်ယောက်၏ ခွန်အား၊ အရှိန်၊ ခုခံမှု၊ အစရှိသည့် အမျိုးမျိုးသောကဏ္ဍတွေကို အကြီးအကျယ်တိုးမြှင့်ပေး၏။
သိုင်းပညာကျင့်ကြံရေး၌ စုစုပေါင်း အဆင့် ၉ ဆင့် ရှိ၏။ သွေးကြောပုံသွင်းခြင်းနယ်ပယ်၊ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်၊ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်၊ တာအိုဖန်တီးခြင်းနယ်ပယ်၊ နတ်ဘုရားရရှိခြင်းနယ်ပယ်၊ သေခြင်းရှင်ခြင်းနယ်ပယ်၊ မှူးမတ်နယ်ပယ်၊ ဘုရင်လမ်းနယ်ပယ်၊ သာလွန်မြင့်မြတ်အဆင့် တို့ဖြစ်၏။
"နောက်တစ်ဆင့်က အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ချိုးဖြတ်ဖို့ပဲ...."
မုန့်ချန်ချင်း အသက်ရူထုတ်လိုက်၏။
ထို့နောက် ခေါင်းအနည်းငယ်မော့ကာ အတွင်းစည်းရှိရာကို ကြည့်လိုက်၏။
အတွင်းစည်းတပည့်တစ်ယောက်ဖြစ်လာဖို့ လူတစ်ယောက်က သွေးကြောဖွင့်ခြင်းနယ်ပယ်ရောက်ရမည့်အပြင် ရုပ်သေးတောင်ကြားကိုလည်း ကျော်ဖြတ်ရမည်ဖြစ်သည်။ ထိုအရာက မလွယ်သည့်တာဝန်ဖြစ်ပေမယ့် မုန့်ချန်ချင်း သွားကိုသွားရမည်ဖြစ်သည်။
အတွင်းစည်းတပည့်တွေရသည့် အကျိုးအမြတ်များစွာနှင့် ထောက်ပံ့ရေးပစ္စည်းတွေကို မပြောလိုသေးပေ။ သူက စနစ်၏လုပ်ဆောင်ချက်တွေကို အပြည့်အဝအသုံးချလိုလျှင် အတွင်းဂိုဏ်းကို သွားရမည်ပင်။
ထိုနေရာက ဂိုဏ်း၏ပါရမီရှင်တွေ စုဝေးနေသည့်နေရာပဲဖြစ်သည်။
ဒုန်း! ဒုန်း! ဒုန်း!
အတွေးထဲနစ်မြောနေစဥ်မှာပဲ တံခါးခေါက်သံတစ်ခုထွက်ပေါ်လာပြီး မုန့်ချန်ချင်းအတွေးတွေကို နှောက်ယှက်လိုက်၏။
မုန့်ချန်ချင်း အနည်းငယ်မျက်မှောင်ကြုတ်ပြီး တံခါးသွားဖွင့်လိုက်သည်။
အပြင်ဘက်၌ အနည်းငယ်တသီးတခြားအမူအရာရှိသည့် တပည့်တစ်ယောက် မတ်တပ်ရပ်နေခဲ့၏။
"စီနီယာအကိုမုန့်, ငါက တာဝန်ခန်းမရဲ့ တပည့်တစ်ယောက်ပါ။ မင်းတာဝန်ကို မကြာခင်အပြီးမသတ်ရင် သတ်မှတ်ရက်သုံးလကို ကျော်သွားလိမ့်မယ်...."
တပည့်က ရိုးသေလေးစားစွာပြောလိုက်သည်။
"ငါမေ့တော့မလို့ပဲ...."
မုန့်ချန်ချင်း နားလည်သွား၏။
ဂိုဏ်းတပည့်တစ်ယောက်အနေဖြင့် ဂိုဏ်းအထောက်အပံ့တွေကို ခံစားနေလျှင် သတ်မှတ်ထားသည့်တာဝန်များကိုလည်း လုပ်ဆောင်ရမည်ပင်။
ထိုအရာက ဂိုဏ်းတာတန်တွေဖြစ်၏။
လူတစ်ယောက်က သုံးလတစ်ကြိမ် တာဝန်တစ်ခုပြီးအောင်လုပ်ရ၏။ မဟုတ်လျှင် အနာဂတ်၌ အရင်းအမြစ်အထောက်အပံ့ကို ရပ်တန့်ခြင်း ဒါမှမဟုတ် ဂိုဏ်းမှ ထုတ်ပယ်ခြင်း ခံရမည်ပင်ဖြစ်သည်။
ထိုအရာက လေ့ကျင့်ခြင်းတစ်မျိုးလည်းဖြစ်၏။
မနေ့တုန်းက ရှဟန် တာဝန်ထမ်းရှောင်ရင်း ဒဏ်ရာရလာတာဖြစ်သည်။
"သတိပေးလို့ကျေးဇူးတင်ပါတယ်...."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။
သူတို့က အပြင်းစည်းတပည့်တွေဖြစ်သော်လည်း သူတို့ကြား၌ အဆင့်အတန်းခွဲခြားမှုတွေရှိနေသေး၏။
သွေးကြောပုံသွင်းခြင်းနယ်ပယ် အဆင့် ၇ အထက်တပည့်တွေက ပိုများသည့်အကျိုးအမြတ်တွေရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၌ အတွင်းဂိုဏ်းဝင်ရောက်မည့် အခွင့်အရေးရှိသော်ကြောင့်ပင်။
ဥပမာ, ခုလက်ရှိအတိုင်း များစွာသောသတင်းပို့သူတွေကိုစေလွတ်ကာ သူတို့မမေ့အောင်သတိပေးခိုင်းတာပဲဖြစ်သည်။
တစ်ချိန်တည်းမှာပဲ မုန့်ချန်ချင်းလည်း တပည့်၏အခြေအနေကိုစုံစမ်းဖို့ ထောက်လှမ်းရေးမျက်လုံးကို အသုံးပြုလိုက်သည်။
ကံမကောင်းစွာပဲ မည်သည့်အရည်အချင်းကောင်းမှ မရှိပေ။
သို့ပေမယ့် ထိုအရာက ပုံမှန်ပဲဖြစ်၏။ အစစ်အမှန်ပါရမီရှင်တွေက အချိန်အတော်ကြာကတည်းက အတွင်းဂိုဏ်းကို ဝင်ရောက်သွားကြပြီပဲဖြစ်သည်။
"ငါ အတွင်းဂိုဏ်းကို မြန်မြန်ဝင်ရမယ်..."
အသက်အနည်းငယ်ရူသွင်းလိုက်ပြီး မုန့်ချန်ချင်း တံခါးပိတ်ကာ တာဝန်ခန်းမသို့ ဦးတည်သွားလိုက်၏။
အခန်း (၄)
ပါရမီရှင်မိန်းခလေး
တာဝန်ခန်းမကိုရောက်သည့်အခါ ထိုနေရာ၌ လူအများကြီးရှိမနေပေ။
နတ်ဆိုးသားရဲသတ်မည့်တာဝန်တစ်ခုကို ပေါ့ပေါ့ပါးပါးလက်ခံကာ မုန့်ချန်ချင်း ထွက်လာခဲ့လိုက်သည်။
နတ်ဆိုးသားရဲတွေက ကြမ်းကြုတ်သော်လည်း သူ၏လက်ရှိခွန်အားဖြင့် အဆင့် ၁ အဆင့်မြင့်နတ်ဆိုးသားရဲလောက်က ပြဿနာမရှိပေ။
အပြင်ပိုင်းဂိတ်ကိုဖြတ်လာပြီးနောက် အနီးနားရှိသစ်တောဆီသို့ အချိန်မဆွဲတော့ပဲ အပြေးသွားတော့၏။
လမ်းတစ်လျှောက်၌ အချိန်ဆွဲခြင်းမရှိခဲ့ပေ။
တာဝန်အတွက်သာမဟုတ်လျှင် သူကအထွတ်အထိပ်အဆင့်ရောက်သည်အထိ ကျင့်ကြံနေမည်ဖြစ်သည်။
ထို့ကြောင့် တာဝန်အတွက် အချိန်အများကြီးမဖြုန်းချင်ပေ။
မြန်မြန်သွား၊ မြန်မြန်ပြန်ရမည်ပင်။
နေ့တစ်ဝက်ကြာပြီးနောက်....
ဘုန်း!
ကြီးမားသည့်ခန္ဓာကိုယ်ကြီးတစ်ခု ကျယ်လောင်သည့်အသံနှင့် မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။ ၎င်းခန္ဓာကိုယ်ပေါ်၌ နက်ရှိုင်းသည့်ဓားရာဆယ်ခုရှိနေပြီး သွေးတွေ ပန်းထွက်နေခဲ့သည်။
မကြာခင်, မြေပြင်က သွေးရောင်ပြောင်းသွားခဲ့သည်။
ဤအရာက ခရမ်းသလင်းကျောက်ဝက်ဝံပင်။
အဆင့် ၁ နတ်ဆိုးတွေထဲ၌ အတော်သန်မာသည်ဟု ယူဆနိုင်၏။
၎င်း၏ တိုက်ခိုက်စွမ်းနှင့် ခုခံစွမ်း နှစ်ခုလုံးက အတော်မြင့်၏။
အဆင့်တူသိုင်းပညာရှင်တွေ ထိုသားရဲကို နိုင်မည်မဟုတ်ပေ။
"သတင်းအချက်အလက်တွေကမှားနေတာပဲ။ ဒါက အဆင့် ၁ အထွတ်အထိပ်သားရဲဆိုတာ ရှင်းနေတာပဲကိုး...."
မုန့်ချန်ချင်း ဓားမှသွေးတွေကိုသုတ်လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
ကံကောင်းစွာဖြင့် သူခွန်အားက အတာ်လေး တိုးတက်ထား၏။
မဟုတ်လျှင် ဤနေရာမှာ အသက်ရှုံးဆုံးသွားနိုင်၏။
"ဒါက ကိုးရိပ်ဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်းအဆင့်ဖြစ်နေတာ မအံ့သြတော့ပါဘူး။ ခရမ်းပုံစံသလင်းဝက်ဝံရဲ့ အကာအကွယ်တောင် အသာအယာကျိုးပြက်သွားတယ်...."
သားရဲပေါ်က ဓားရာတွေကိုကြည့်ပြီး မုန့်ချန်ချင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ကြေးဝါချပ်ဝတ်သိုင်းလည်းရှိသေး၏။
မုန့်ချန်ချင်း ခေါင်းအနည်းငယ်ငုံ့လိုက်သည်။
သူ့ညာဖက်ပခုံးကိုကြည့်လိုက်သည့်အခါ ထိုနေရာရှိအဝတ်စုတ်ပြဲနေပြီး သန်မာသည့်ကြွက်သားတွေကို ထုတ်ဖော်ပြသနေခဲ့သည်။
တိုက်ပွဲအတွင်းမှာ ခရမ်းသလင်းကျောက်ဝက်ဝံက ကုတ်ခြစ်သွားတာဖြစ်သည်။
ကံကောင်းစွာဖြင့်, သူ၏ကြေးဝါချပ်ဝတ်သိုင်းက အဆင့်၅ ကို ရောက်ရှိသွားပြီဖြစ်သည်။
ခရမ်းသလင်းဝက်ဝံလိုနတ်ဆိုးသားရဲတစ်ကောင်တောင် သူ့အသားပေါ်၌ ထိခိုက်ဒဏ်ရာရအောင်မလုပ်နိုင်ပေ။
"ငါ့အရှိန်က နှေးနေသေးတယ်...."
မုန့်ချန်ချင်းက ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်သူတစ်ဦးဖြစ်၏။
တိုက်ပွဲအတွင်း အခြေအနေကို ခွဲခြမ်းစိတ်ဖြာခဲ့၏။
"ပြန်ရောက်ရင်,လှုပ်ရှားမှုနည်းစနစ်တစ်ခု သင်ဖို့အခွင့်အရေးရှာရမယ်...."
မုန့်ချန်ချင်း စိတ်ထဲမှာ တွေးလိုက်သည်။
"မဟုတ်သေးဘူး၊ လှုပ်ရှားမှုနည်းစနစ်ကျွမ်းကျင်တဲ့သိုင်းပညာရှင်မိတ်ဆွေတစ်ယောက်ရှာရမယ်...."
စနစ်ရှိနေသည်ဖြစ်၍ မိတ်ဆွေဖွဲ့တာက လေ့ကျင့်ဖို့ အမှန်ကန်ဆုံးနည်းလမ်းပင်။
ခရမ်းသလင်းဝက်ဝံကို ခုတ်ထစ်ပြီးနောက် အရေးကြီးအစိတ်အပိုင်းအနည်းငယ်ကိုယူကာ မုန့်ချန်ချင်း လှည့်ပြန်လာခဲ့၏။
တာဝန်ပြီးဆုံးသွားပြီဖြစ်သည်။
ယခု သူက ကျင့်ကြံရေးမှာပဲ အာရုံစိုက်နိုင်ပြီဖြစ်သည်။
ဟမ်?...
၁၀ မီတာလောက်ရောက်သည့်အခါ၌....
မုန့်ချန်ချင်း ရုတ်တရက် ရပ်တန့်လိုက်၏။
အဘယ်ကြောင့်ဆိုသော် သူခြေထောက်အောက်ရှိမြေကြီးတုန်ခါမှုကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရ၏။ ထို့ပြင် ပိုပိုပြင်းထန်လာပြီး အကောင်းကြီးတွေပြေးလာနေသလိုပင်။
ဤသစ်တောထဲ၌ နတ်ဆိုးသားရဲတွေသာဖြစ်နိုင်၏။
"ကြည့်ရတာ ငါ့ဆီကိုလာနေတဲ့ပုံပဲ....."
မုန့်ချန်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် ခြေဖျားကိုအသာအယာလှုပ်ရှားကာ ရှေုးဟောင်းသစ်ပင်တစ်ပင်ပေါ်ခုန်တက်လိုက်၏။
နတ်ဆိုသားရဲတွေက ပုံမှန်မဟုတ်စွာ စိတ်လှုပ်ရှားနေကြသည်။
တစ်စုံတစ်ခုဖြစ်ပွားခဲ့ပုံပင်။
မကြာမီ, အဝါရောင်နဂါးတွေကဲ့သို့ ဖုန်လုံးတွေ အနီးနားရှိတောင်စွန်းတစ်ခုနားမှာ ပေါ်လာခဲ့သည်။
လက်စသတ်တော့ နတ်ဆိုးဝံပုလွေအုပ်တစ်အုပ်ဖြစ်နေခဲ့သည်။
သံမဏိအရိုးနတ်ဆိုးဝံပုလွေ...
ထိုကောင်တွေကလည်း အဆင့် ၁ နတ်ဆိုးသားရဲတွေဖြစ်ကြပြီး ခုခံကာကွယ်မှုကြောင့် ကျော်ကြား၏။
ဝေါင်း!
ကြီးမားသည့်မီးခိုးရောင်ဝံပုလွေကြီးက ထိပ်ဆုံးမှနေ၍ ပြေးလိုက်လာခဲ့သည်။ ၎င်းအော်ရာက အားကောင်းလှပြီး အဆင့် ၁ အထွတ်အထိပ်သားရဲတစ်ကောင်နှင့်ညီမျှ၏။ လူသားကျင့်ကြံသူနှင့်ဆိုလျှင် သွေးကြောပုံသွင်းခြင်းအထွတ်အထိပ်နှင့်ညီမျှ၏။
၎င်းမျက်လုံးတွေကနီရဲနေပြီး အမုန်းတရားတွေပြည့်နှက်နေကာ ရှေ့မှာပြေးနေသည့်ပုံရိပ်ကို ကြမ်းကြုတ်စွာ စိုက်ကြည့်နေခဲ့သည်။ ထိုအရာက ငွေရောင်ဝတ် မိန်းခလေးတစ်ယောက်ပင်။
နှင်းဆီရောင်နှုတ်ခမ်း၊ အဖြူရောင်သွားလေးတွေနှင့် လှပသည့်မျက်နှာရှိ၏။
ဖြူဖွေးသည််အသားအရေရှိပြီး မိုးပြာရောင်ဆံပင်က တဖြတ်ဖြတ်လွင့်ပျံနေခဲ့သည်။
သူမလက်ထဲ၌ ဆေးမြစ်ပင်တစ်ပင်ကို တင်းကြပ်စွာဆုပ်ကိုင်ထားကာ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့တွေ မျက်နှာပေါ်မှာရှိနေခဲ့သည်။
သူမကျင့်ကြံရေးက မဆိုးပေ။ သွေးကြောပုံသွင်းခြင်း အဆင့် ၆ ကို ရောက်ရှိနေပြီဖြစ်သည်။
အဝတ်အစားကိုကြည့်ခြင်းအားဖြင့် မုန့်ချန်ချင်းလိုပဲ ထိုက်ရွမ်းဂိုဏ်အပြင်စည်းတပည့်တစ်ယောက်ဖြစ်၏။
"နတ်ဆိုးဝံပုလွေတွေ များလှကြီလား...."
မုန့်ချန်ချင်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူတို့ထဲ၌ ပိုသန်မာသည့်အကောင်တွေပင်ပါဝင်နေ၏။
ထိုအုပ်ထဲရောက်သွားလျှင် သူတောင် အနည်းငယ်စိန်ခေါ်မှုများတာဖြစ်သည်။
သို့ပေမယ့် ထိုအရာက စိန်ခေါ်မှုတစ်ခုသာဖြစ်ပြီး မကျော်လွားနိုင်သည့်အရာတော့ မဟုတ်ပေ။
"ထားလိုက်တော့, တွေ့ဆုံရတာ ကံကြမ္မာပဲ။ ငါ့ရဲ့လုပ်ဆောင်နိုင်စွမ်းအတွင်းမှာဆိုတော့ ကူညီသင့်တယ်....."
မုန့်ချန်ချင်း လှုပ်ရှားဖို့ပြင်လိုက်၏။
အဘယ်ကြောင့်ဆိုသော် မုန့်ချန်ချင်း သူ၏ ထောက်လှမ်းရေးမျက်လုံးကို အသုံးပြုပြီးသွားလို့ပင်။
မိန်းခလေးအနားရောက်လာသည့်အခါ သူမအချက်အလက်တွေပေါ်လာခဲ့သည်။
အခြေခံအချက်အလက်....
[အမည်- ပိုင်စုရှီ]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- သွေးကြောပုံသွင်းခြင်းအဆင့် ၆]
ပင်ကိုယ်ပါရမီအချက်အလက်.....
[အမြစ်ရိုး- အဆင့် ၂]
[နားလည်နိုင်စွမ်း- သာလွန်]
[သိုင်းပညာ- တစ်ကိုယ်တော်သတ်ဖြတ်ခြင်းဓား ၁၃ ချောင်း (ကျွမ်းကျင်), ပျံသန်းဝိညာဥ်ပျော့ပျောင်းခြေလှမ်း(တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)]
[ပါရမီ- ကျွမ်းကျင်လက်]
[....]
ထိုအရာကိုမြင်သည့်အခါ မုန့်ချန်ချန်းမျက်ခွံတွေရုတ်တရက်ကျုံ့သွားပြီး မျက်နှာမှာ အံ့အားသင့်သည့်အမူအရာတစ်ခု ပေါ်လာ၏။
ဘယ်လိုတောင် ခမ်းနားလိုက်တဲ့စွမ်းရည်ဇယားလဲ....
သူမကို ပါရမီရှင်တစ်ယောက်ဟု ခေါ်နိုင်၏။
မဟုတ်ပေ။ ပါရမီရှင်များကြားမှာပင် သာမန်မဟုတ်ပေ။
"ဒီလိုတပည့်မျိုး အပြင်စည်းမှာ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ...."
မုန့်ချန်ချင်း အတော်လေး ပဟေဠိဖြစ်သွား၏။
သဘောတရားအရဆိုလျှင် ဤကဲ့သို့ပါရမီရှင်တပည့်မျိုးက အတွင်းစည်းကို တိုက်ရိုက်ဝင်ရောက်သင့်၏။
သူက ခေါင်းအနည်းငယ်ခါလိုက်သည်။
ထိုအကြောင်းကို ဆက်မတွေးတော့ပေ။
သူ့အကြည့်တွေက တဖြည်းဖြည်း မီးကဲ့သို့ ပူပြင်းလာခဲ့သည်။
အဆင့် ၂ အမြစ်ရိုး.....
ထိုအရာက သူ၏လက်ရှိအဆင့် ၄ ထက် နှစ်ဆင့်မြင့်ပြီး အတော်ရှားသည့်ပါရမီပင်။
သူ့ကျင့်ကြံရေး ဘယ်လောက်မြန်လာမလဲဆိုတာ စိတ်ကူးကြည့်နိုင်၏။
သူ့မှာသာ အဆင့် ၂ အမြစ်ရိုးရှိခဲ့လျှင်...
အနာဂတ်၌ ကျင့်ကြံရေးက ပျံသန်းသလို မြန်ဆန်လာမည်ပင်။
သူက ဖြည်းဖြည်းချင်း ခါးမှ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခု မုန့်ချန်ချင်း နှုတ်ခမ်းပေါ်မှာ ပေါ်လာခဲ့သည်။
'ငါ့ရဲ့ချစ်လှစွာသောသူစိမ်းလေးရေ, ငါ မင်းကို ကယ်ဖို့ ဆုံးဖြတ်လိုက်ပြီ...'
ဤအချိန်၌ အခြားမည်သူ့စကားမှ အရေးမပါတော့ပေ။
ဝေါင်း!
ခေါင်းဆောင်ဝံပုလွေ ရုတ်တရက် ဟိန်းဟောက်ပြီး အရှိန်မြှင့်လိုက်၏။
၎င်း၏ချွန်ထက်သည့်လက်သည်းတွေက မိန်းခလေး၏ကျောကို ကုတ်ခြစ်လုနီးပါပင်။ သို့ပေမယ့် မိန်းခလေး၏ လှုပ်ရှားမှုနည်းလမ်းက အတော်ထူးခြား၏။
ပျော့ပြောင်းသည့်တိမ်တိုက်များ ရွေ့လျားနေသကဲ့သို ချက်ချင်း ရှောင်တိမ်းလိုက်၏။
သို့ပေမယ့် မိန်းခလေး၏အသားအရေ အနည်းငယ် ဖျော့တော့သွား၏။
ရှင်းလင်းစွာပဲ သူမကြောက်ရွံ့နေသေး၏။
သူမက သွေးကြောပုံသွင်းခြင်းအဆင့် ၆ သာဖြစ်ပြီး ဤအဆင့်ရှိသည့်နတ်ဆိုးသားရဲကို ရင်ဆိုင်ရာ၌ ပြိုင်ဘက်မဟုတ်ပေ။ လှုပ်ရှားမှုနည်းစနစ်ပေါ်သာ မှီခိုပြီး လွတ်အောင်ရှောင်တိမ်းနေရတာဖြစ်သည်။
သို့ပေမယ့် ဝံပုလွေ၏အရှိန်ကလည်း ထူးခြား၏။
ဤပုံစံအတိုင်းဆိုလျှင် သူမဖမ်းမိသွားမှာ ကြောက်ရ၏။
"ဆရာ, ငါ ဘာလုပ်ရမလဲ...."
မိန်းခလေးက စိတ်ထဲမှာ မေးလိုက်သည်။
"အခုတော့ ဆက်ပြေးထားလိုက်အုန်း။ ဆရာ့မှာ ခွန်အားအများကြီးမကျန်တော့ဘူး။ အရေးကြီးအခိုက်အတန့်မှပဲ သုံးလို့ရမှာ။ မဟုတ်ရင် ဆရာ နောက်တစ်ကြိမ် အိပ်စက်သွားလိမ့်မယ်...."
အသံက မိန်းခလေးလက်ရှိ လက်စွပ်မှ ထွက်ပေါ်လာခဲ့သည်။
သို့ပေမယ့် ခဏနေတာ့ သူမနောက်ရှိ ဝံပုလွေက နောက်တစ်ကြိမ် အရှိန်မြန်လာခဲ့သည်။ ၎င်းပါးစပ်မှ သွေးနံ့ကိုတောင် ရှင်းရှင်းလင်းလင်းရလာခဲ့၏။
မိန်းခလေး၏အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။
သူမက အံ့ကြိတ်ကာ နောက်လှည့်ပြီး ဓားဆွဲထုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ထပ်လွတ်မြောက်ဖို့ လမ်းမရှိတော့သောကြောင့်ပင်။
ထန်!
ဓားက ဝံပုလွေလက်သည်းတွေဖြင့် တွေ့ဆုံသွားပြီး မီးပွားတွေ လွင့်စင်လာခဲ့သည်။
မိန်းခလေး ရုတ်တရက် အပြင်းအထန် တိုက်ခိုက်ခံလိုက်ရပြီး နောက်သို့လွင့်ထွက်သွားကာ ပါးစပ်မှ သွေးအန်လိုက်ရ၏။
သိသာစွာပင်, ဒဏ်ရာအပြင်းအထန်ရသွားပြီပင်။
သို့ပေမယ့် ဝံပုလွေက မရပ်ပေ။
နောက်တစ်ကြိမ်ပြန်ရောက်လာပြီး မိန်းခလေးကိုသတ်ဖို့ပြင်လိုက်၏။
ထိုအရာကိုမြင်သည့်အခါ မိန်းခလေး၏မျက်ခွံ့တွေအနည်းငယ်ကျုံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်တုန်ယင်နေခဲ့သည်။
"ထားလိုက်တော့, ဆရာ့အတွက် ဝိညာဥ်အားဖြည့်ဆေးပင် ရှာပေးဖို့ အမှတ်ရပါ...."
အသံက လက်စွပ်မှ ထွက်ပေါ်လာပြီး အတော်လေး အကူအညီမဲ့နေခဲ့သည်။
သို့ပေမယ့် ထိုအခိုက်အတန့်၌ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ညီမလေး, မကြောက်နဲ့...."
ထို့နောက် မိန်းခလေး နွေးထွေးသည့်ပွေ့ဖက်မှုကို ခံစားလိုက်ရ၏။ သူမဘယ်တုန်းကမှ မခံစားဖူးသည့်အနံ့တစ်ခုကို ရလိုက်၏။ နှစ်သက်စရာအနံ့တစ်ခုပင်။
သူမက သဘာဝအလျောက် ခေါင်းမော့ကြည့်လိုက်၏။
သို့ပေမယ့် သူမမြင်လိုက်သည့်အရာက ချောမောခန့်ငြားသည့်မျက်နှာတစ်ခုဖြစ်နေခဲ့၏။
ကြယ်တွေကဲ့သိ့တောက်ပသည့်မျက်လုံး၊ ဓားတစ်စင်းကဲ့သို့မျက်ခုံးတွေ...
ပုံပြင်တွေထဲက အဖြူရောင်ဝတ်စုံဝတ် လူငယ်များအတိုင်းပင်။
အစောပိုင်းတုန်ခါနေသည့်လက်စွပ်လည်း ရုတ်တရက် ငြိမ်သက်သွား၏။
ဝေါင်း!
အသစ်ရောက်လာသူ၏ခွန်အားကိုခံစားမိပြီး ခေါင်းဆောင်ဝံပုလွေ ရပ်တန့်လိုက်၏။ အခြားဒါဇင်နှင့်ချီသည့်ဝံပုလွေတွေ ၎င်းကို ဝန်းရံထားခဲ့သည်။
သွားဖြဲကာ မာန်ဖီနေကြပြီး ၎င်းတို့မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်တွေ အပြည့်ပင်။