အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း (၉)
မင်းငါ့ကိုလာနောက်နေတာလား
အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်….
လူသားခန္ဓာကိုယ်၌စုစုပေါင်းဂိတ်ကိုးဂိတ်ရှိပြီး အဆင့်ကိုးဆင့်ကိုကိုယ်စားပြု၏။
ပင်ကိုယ်ပါရမီကောင်းသည့်သူတွေအတွက်တော့အပ်စိုက်မှတ်ဂိတ်အဟန့်အတားတွေကအားနည်းပြီးအဓိကသွေးကြောတွေကဲ့သို့ချိုးဖျက်ဖို့လွယ်ကူ၏။
“အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို တစ်ဆယ့်ငါးရက်ထဲနှင့်ချိုးဖျက်သွားတယ်။
ဒါဟာအရင်တုန်းက ငါစိတ်ကူးယဉ်လို့မရတဲ့အရာပဲ….”
မုန့်ချန်ချင်း ဖြည်းညင်းစွာ ထရပ်လိုက်၏။ ထို့နောက် ခန္ဓာကိုယ်အကြောဆန့်လိုက်ရာ
ချက်ချင်းပဲအရိုးမြည်သံတွေထွက်ပေါ်လာခဲ့သည်။
“ဒါပေမဲ့ အရင်းအမြစ်ကုန်ဆုံးတာလည်း အတော်များတယ်…”
မုန့်ချန်ချင်း အနည်းငယ်ခေါင်းခါရမ်းလိုက်ပြီး ပုလင်းတွေကိုကြည့်လိုက်သည်။
ပင်ကိုယ်ပါရမီကောင်းပေမဲ့ ဆေးလုံးတွေနှင့်စိတ်ဝိညည်စွမ်းအင်တွေကို
စုပ်ယူနိုင်စွမ်းပိုမြန်လေလေဖြစ်၏။
ဆယ်ရက်ကျော်လေးနှင့် သူယူလာခဲ့သည့် အရင်းအမြစ်တွေအကုန်လုံးနီးပါးပင်။
‘တစ်ခဏတော့ ငါ့ကလန်ကိုပြန်ရအုန်းမယ်ထင်တယ်…’
မုန့်ချန်ချင်း သူ့စိတ်ထဲမှာ တွေးလိုက်သည်။
ကျောထောက်နောက်ခံကလန်ရှိတာ တကယ်ကိုသက်တောင့်သက်သာရှိ၏။
အရင်းအမြစ်နှင့် ဤကဲ့သို့အရာတွေကို တစ်ယောက်ထဲခေါင်းခံစရာ
မလိုပေ။
“ဒါပေမဲ့ အဲ့မတိုင် အတွင်းစည်းကို အရင်ဝင်ရမယ်…”
မုန့်ချန်ချင်း သန့်ရှင်းသောအဖြူရောင်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး
တံခါးကိုဖွင့်ကာ လျှောက်ထွက်လာခဲ့သည်။
ယနေ့က လကုန်ရက်ဖြစ်ပြီး ရုပ်သေးတောင်ကြားဖွင့်မည့်နေ့ပင်။
အပြင်စည်းတစ်ဖက်အတွက်တော့ ရုပ်သေးတောင်ကြားက ကျော်ဖြတ်လို့မရသေးတဲ့
အဟန့်အတားကြီးတစ်ခုပင်။
ပြောစကားတွေအရ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ကျော်ဖြတ်ပြီးလျှင်တောင်မှ
မည်သူမျှ ၎င်းကို ချက်ချင်းစိန်မခေါ်ရဲကြပေ။
အဘယ့်ကြောင့်ဆိုသော် အဆင့်နှစ်ရုပ်သေးက အလွန်သန်မာပြီး
အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်နိုင်လုနီးပါးပင်။
ထို့ပြင် ၎င်း၏တိုက်ခိုက်မှုတွေကလည်း အတော်လေးပြင်းထန်၏။
များစွာသောသူတွေ ဒဏ်ရာရသွားပြီး ပြန်လည်ကုသဖို့ အချိန်အတော်ကြာ
ယူရ၏။
ထိုအရာက ကျင့်ကြံဖို့အချိန်အများအပြားကို ကုန်ဆုံသွားစေခဲ့သည်။
သို့ပေမဲ့ မုန့်ချန်ချင်း သူ့ခွန်အားကို အလွန်ယုံကြည်မှု
ရှိ၏။
ဓားနည်းလမ်းနှင့် ပြီးပြည့်စုံခြင်းဆင့် အတတ်ပညာနှစ်ခုပေါင်းလျှင်
ရုပ်သေးတောင်ကြားက သူ့ကိုတားနိုင်မည်ဟု မထင်ပေ။
အနည်းငယ်သီချင်းငြီးရင်း မုန့်ချန်ချင်း ဓားကိုခါးမှာချိတ်ပြီး
လက်နောက်ပစ်ကာ ထွက်လာခဲ့လိုက်သည်။
လမ်းကျဉ်းလေးတစ်ခု၌ လှပသည့်ပုံရိပ်တစ်ခု လျှောက်လှမ်းလာခဲ့သည်။
သူမက ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသည့်မျက်နှာလေးရှိကာ
အနက်ရောင်ဆံပင်ရှည်က တဖျက်ဖျက် လွင့်ပျံနေခဲ့သည်။
ထိုအရာက ပိုင်စုရှီပင်။
သူမကြည့်ရတာ အရင်ကနှင့် မတူတော့ပေ။
သို့ပေမဲ့ ထိုအရာက ကိစ္စမဟုတ်ပေ။
သူမကျင့်ကြံရေးအဆင့်က သွေကြောပုံသွင်းခြင်းနယ်ပယ် အဆင့် ၈ ကို
ချိုးဖျက်ပြီးနေပြီ ဖြစ်သည်။
တစ်ဆယ့်ငါးရက်ထဲနှင့် အဆင့်နှစ်ဆင့်ကို ချိုးဖျက်တာက အတော်လေးကို
ကြောက်စရာကောင်းနေသည်ဟု ပြောလို့ရ၏။
“ကောင်မလေး မင်း ကြည့်ရတာ အတော်ကံကောင်းနေပုံပဲ။ ပုံမှန်အပြင်ထွက်ရုံနဲ့
ဒြပ်စင်စိတ်ဝိညာဉ်မြက် တွေ့လာတယ်….”
“ပြီးတော့ နှစ်တစ်ရာသက်တမ်းလည်းဖြစ်နေတယ်….”
အိုမင်းသည့်အသံတစ်ခု
သက်ပြင်းချသံနှင့် အတူ ထွက်ပေါ်လာခဲ့သည်။
ဒြပ်စင်စိတ်ဝိညာဉ်မြက်က ရှားပါးသည်ဟု မယူဆနိုင်သော်လည်း အတော်လေးတန်ဖိုးရှိ၏။
အထူးသဖြင့် အဆင့်နိမ့်သိုင်းပညာရှင်တွေအတွက်ပင်။
ပြန်တွေးကြည့်သည့်အခါ တစ်ခုအတွက် သူမအသက်ဆုံးရှုံးလုနီးပါးပင်။
တခါတရံမှာ ဘဝက တကယ်ကို ပြိုင်ပွဲတစ်ခု ဖြစ်၏။
“ကျွန်မကံက ခုနောက်ပိုင်းမှ အနည်းငယ်ပိုကောင်းလာတာပါ….”
ပိုင်စုရှီ ချိုမြိန်စွာ ပြုံးလိုက်၏။
“ထူးဆန်းတယ် အဲ့ကောင်လေးကို စတွေ့ကတည်းက မင်းမျက်နှာက
အပြုံးတွေတိုးတိုးလာတယ်….”
အသံက အနည်းငယ်စနောက်လိုက်၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
ဤအချိန်၌ ပိုင်စုရှီမျက်နှာ ရုတ်တရက် အနည်းငယ် နီရဲသွားပြီး
လက်ထဲက ကျောက်စိမ်းသေတ္တာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။
“ကြည့်ရတာ ငါပြောတာတွေ နင် နားမထောင်ဘူးပဲ…”
အသံ အကူအညီမဲ့သွား၏။
“အခု နင့်ကို ကြည့်စမ်း, ၁၅ရက်ထဲနဲ့ အဆင့် ၂ ဆင့်ချိုးဖျက်သွားပြီ။
မကြာခင် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ကျင့်ကြံနိုင်မယ်လို့ ငါ ယုံတယ်….”
“အဲ့အချိန်ဆို အဲ့ကောင်လေးက သွေးကြောပုံသွင်းခြင်းနယ်ပယ်
အဆင့် ၉ မှာပဲ ရှိနေလောက်သေးတယ်….”
“မင်းတို့နှစ်ယောက်က မတူညီတဲ့ လောကမှာဆိုတာ သတ်မှတ်ပြီးသားပဲ…”
ထိုစကားတွေကို ပိုင်စုရှီ ပြန်မဖြေပေ။
“ဒါ့ပြင် စိတ်ဝိညာဉ်မြက်က စုစုပေါင်း နှစ်ခုပဲရှိတာ။ တစ်ခုကို
နင့်ဘာသူသိမ်းထားမည့်အစား အဲ့ကောင်လေးကိုပေးဖို့ပြင်နေတယ်….”
စကားမပြောနိုင် ဖြစ်သွား၏။
“ဒီပစ္စည်းက ပြန်လည်ကုသဆေးထက် အများကြီးပိုတန်ဖိုးရှိတယ်….”
“ရေတစက်ရဲ့ တန်ဖိုးကိုတောင်မှ စမ်းရေနဲ့ ပြန်ပေးဆပ်ရတယ်….”
ပိုင်စုရှီ တည်ကြည်လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။
“အဲဒီပြန်လည်ကုသဆေးကြောင့် မဟုတ်ရင် ကျွန်မ ဒီလောက်မြန်မြန်
ပြန်ကောင်းလာမှာ မဟုတ်ဘူး။ ပြီးတော့ ဒီစိတ်ဝိညာဉ်မြက်ကိုလည်း ရမှာမဟုတ်ဘူး….”
“များစွာသော ကိစ္စတွေမှာ အကျိုးနဲ့အကြောင်း ဆိုတာ ရှိပါတယ်…”
“စီနီယာအကိုမုန့် ပင်ကိုယ်ပါရမီက အလွန်ကောင်းတယ်လို့ ဆရာ
ပြောတယ်။ ဒါ့ကြောင့် သူက ဒီစိတ်ဝိညာဉ်မြက်ကို ပိုပြီးတော့တောင် လိုအပ်သေးတယ်…”
“ဒီစိတ်ဝိညာဉ်မြက်နဲ့ဆို စီနီယာအကိုမုန့်က သေချာပေါက် အပ်စိုက်မှတ်နယ်ပယ်ကို
ချိုးဖောက်နိုင်သွားမှာ…”
“ဒီနည်းနဲ့ ကျေးဇူးကို ပြန်ပေးဆပ်နိုင်တယ်လေ…”
ထို့အရာကိုကြားသည့်အခါ အသံပိုလို့တောင် စိတ်ဓာတ်ကျသွား၏။
နတ်ဆိုးလမ်းစဉ်၌ အားကောင်းသည့် သူမအဆင့်အတန်းကို တွေးကြည့်လျှင်
သူမအား အလွန်အမင်း ရက်စက်သည်ဟု ဖော်ပြနိုင်၏။
ဘယ်လိုလုပ် ဤကဲ့သို့ နှလုံးသားဖြူသည့် တပည့်တစ်ယောက် အဖြစ်
အဆုံးသတ်သွား ရသနည်း။
တကယ်ကို ဘေးဒုက္ခတစ်ခုပင်။
“ငါ့အကြံကို နားထောင်ပါ။ ဒီကောင်လေးရဲ့ ပါရမီက ညံ့ဖျင်းလွန်းတယ်။
နင် သူ့ကို ဒီစိတ်ဝိညာဉ်မြက် ပေးလိုက်ရင်တောင် အာနိသင် အနည်းပဲ စုပ်ယူနိုင်မှာ။ အများစုက
အလဟသတ် ဖြစ်သွားလိမ့်မယ်…”
အသံမနေနိုင်ပဲ အကြံပေးလိုက်၏။
သို့ပေမဲ့ ပိုင်စုရှီ တဖက်နားကကြားပီး တဖက်က ပြန်ထွက်သွားသည်။
သူမ မကြားသလို ဟန်ဆောင်လိုက်၏။
သူမက နူးညံ့ပုံ ပေါ်သော်လည်း အတော်လေး တွက်ချက်တတ်၏။
ထို့ပြင် စည်းမျဉ်းတွေလည်း ရှိပြီး သူမစိတ်ကို အလွယ်တကူ
ပြောင်းလဲနိုင်မည် မဟုတ်ပေ။
“ဟမ်, ဂျူနီယာညီမပိုင်…”
ရုတ်တရက် အနည်းငယ် အံ့အားသင့်သည့် အသံထွက်ပေါ်လာခဲ့သည်။
ပိုင်စုရှီ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ သူမမျက်လုံးတွေ
ပျော်ရွှင်မှုကြောင့် တောက်ပသွား၏။
“စီနီယာအကိုမုန့်….”
“ငါ မင်းကို ဒီနေရာမှာ တွေ့ရမယ်ထင်မထားဘူး…”
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
သူက လမ်းထောင့်ချိုးလိုက်ရုံရှိသေး အတွေးထဲနစ်မြောနေသည့်
ပိုင်စုရှီကို မြင်လိုက်ရတာဖြစ်သည်။
“ဟုတ်တယ်, ကျွန်မလည်း ခုလေးတင် စီနီယာအကို့ကို ရှာမလို့တွေးနေတာ….”
ပိုင်စုရှီ ပြောလိုက်သည်။
“ငါ့ကိုရှာမယ်? မင်းအကူအညီတစ်ခု လိုလို့လား….”
မုန့်ချန်ချင်း အတော်လေးစိတ်လှုပ်ရှားသွား၏။
“ပြောလေ…”
သူက ပိုင်စုရှီ၏ ပင်ကိုယ်ပါရမီကို စိတ်ဝင်စားနေဆဲ ဖြစ်သည်။
“အဲ့လိုမဟုတ်ပါဘူး။ ကျွန်မလာတာ…”
ပိုင်စုရှီ ပြောတော့မည့်အချိန်မှာပဲ စိတ်ထဲပေါ်လာသည့် အသံကြောင့်
နှောက်ယှက်ခံလိုက်ရ၏။
“လာနောက်နေတာလား? ဒီကောင်လေးက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို
ချိုးဖျက်သွားပြီ…”
အိုမင်းသည့်အသံ တုန်လှုပ်မှုနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးတွေ့ခဲ့ချိန်က ကောင်လေး၏အော်ရာ အတော်လေးမတည်ငြိမ်တာ
မှတ်မိနေသေး၏။
သိသာစွာပင် မကြာသေးခင်ကမှ သွေးကြောပုံသွင်းခြင်းနယ်ပယ်အဆင့်
၉ ကို ချိုးဖျက်ထားတာပင်။
သူ၏ပါရမီနှင့် နောက်တစ်ဆင့်ချိုးဖျက်မည့်အချိန်ကို စိတ်ကူးကြည့်ဖို့ကခက်ခဲ၏။
သို့ပေမယ့် ယခုတော့…
“အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်…”
ပိုင်စုရှီ ကြောင်သွား၏။
ထို့နောက် သူမ၏လှပသည့်မျက်လုံးတွေ ပြူးကျယ်သွားပြီး တုန်လှုပ်မှုတွေပြသလာခဲ့သည်။
အခန်း (၁၀)
အကြီးအကဲ ကျေးဇူးပြု၍ခဏနေပါအုန်း
'ငါ ဆရာပြောတာ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးတယ်….'
“မင်းဘာလို့ နေ့ခင်းကြောင်တောင်အိပ်မက် မက်နေတာလဲ…”
မုန့်ချန်ချင်း လက်ဆန့်ထုတ်ပြီး ပိုင်စုရှီမျက်လုံးရှေ့မှာလက်ဝှေ့ရမ်းပြလိုက်သည်။
ပိုင်စုရှီ ရုတ်တရက် အသိပြန်ဝင်လာပြီး နှုတ်မှလွှတ်ခနဲ
ထွက်သွားသည်။
“စီနီယာအကိုမုန့် အပ်စိုက်မှတ်နယ်ပယ်ကို ချိုးဖျက်သွားမယ်လို့
ကျွန်မမျှော်လင့်မထားဘူး…”
“မင်းအမြင်က တကယ်ကောင်းတာပဲ။ ငါဒီမနက်လေးတင်မှ ချိုးဖျက်လာတာ…”
မုန့်ချန်ချင်း ပြုံးလိုက်သည်။ ထို့နောက် တစ်ခုခုကို နားလည်သွားပုံရကာ
အံ့အားသင့်သည့်အမူအရာနှင့် သူ့မျက်လုံးတွေ အရောင်လက်သွား၏။
“မင်းလည်းမဆိုးပါဘူး။ သွေးကြောဖွင့်ခြင်းနယ်ပယ်အဆင့် ၈
ကိုရောက်သွားပြီပဲ….”
သူတို့နောက်ဆုံးတွေ့ချိန်က သူမကသွေးကြောပုံသွင်းခြင်းနယ်ပယ်အဆင့်
၆ သာရှိသေး၏။
ထိုချိန်ကဆိုလျှင် ယခုက တစ်ဆယ့်ငါးရက်သာကြာသေး၏။
အဆင့် ၂ အမြစ်ရိုးဆိုရင်တောင် အတော်လေးကြောက်စရာကောင်းနေပီဖြစ်သည်။
“ဟုတ်တယ်, အပြင်သွားတော့ စိတ်ဝိညာဉ်မြက် ၂ ခု တွေ့ခဲ့တယ်။
အဲဒါကပဲ ညီမကို အဆင့်ချိုးဖျက်သွားစေတာ…”
ပိုင်စုရှီ ချိုသာစွာပြုံးလိုက်သည်။
တချိန်တည်းမှာပဲ သူမလက်မောင်းထဲရှိ ကျောက်စိမ်းသေတ္တာကို
ဖွင့်လိုက်သည်။
“စိတ်ဝိညာဉ်မြက်…”
မုန့်ချန်ချင်း လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
ဤအရာက ကောင်းကင်နှင့်မြေကြီးရှိစွမ်းအင်တွေကို စုပ်ယူနိုင်သည့် အံ့ဖွယ်ဆေးပင်တစ်ခုဖြစ်၏။
နှစ်ကြာလေလေ ဆေးစွမ်းအားကပိုသန်မာလေလေဖြစ်သည်။
ထို့ပြင် ဆေးလုံးအဖြစ်သန့်စင်စရာမလိုပဲ ၁၀၀ ရာခိုင်နှုန်း
အာနိသင်ရှိကာဒြပ်စင်ကျောက်တုံးတွေနှင့်ညီမျှလုနီးပါးပင်။
ကျင့်ကြံရေးလောက၌ ဒြပ်စင်ကျောက်တုံးတွေက အတော်ရှား၏။
ဤမိန်းကလေးက ကံကြမ္မာကောင်းချီးပေးခံရသူဖြစ်နိုင်၏။
သူမ၌ မကောင်းဆိုးဝါးဆန်သည့် ပါရမီရှိရုံသာမက ကံကလည်းမရုံနိုင်လောက်အောင်ကောင်း၏။
“ဒီတစ်ခုညီမ အကို့ကို ပေးမယ်, စီနီယာအကိုမုန့်…”
ပိုင်စုရှီ ကျောက်စိမ်းသေတ္တာကို ပိတ်ပြီး မုန့်ချန်ချင်းလက်ထဲထည့်ပေးလိုက်သည်။
ဤအရာက မုန့်ချန်ချင်းကို ကြောင်သွားစေ၏။
သွေးကြောပုံသွင်းခြင်းနယ်ပယ် ဒါမှမဟုတ် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်
သိုင်းပညာရှင်တွေအတွက်တောင် ဒြပ်စင်စိတ်ဝိညာဉ်မြက်က အဖိုးတန်ကျင့်ကြံရေး ပစ္စည်းတစ်မျိုးဖြစ်၏။
ဘယ်လိုလုပ် ဤလောက်ထိအလွယ်တကူ ပေးပစ်နိုင်ရသနည်း။
ရှားပါးသည့်နေရာတွေမှာသာ ထွက်ပေါ်လာလျှင် အငြင်းပွားမှုတွေနှင့်
အန္တရာယ်တွေတောင်ဖြစ်ပေါ်နိုင်၏။
သို့ပေမဲ့ ပိုင်စုရှီကသူ့ကို တစ်ခုပေးနေခဲ့သည်။
ထိုအရာက သူ့အားတကယ်ပဲ အံ့အားသင့်စေ၏။
“ဤအရာသာ အကိုမုန့်ရဲ့ပြန်လည်ကုသဆေးသာမဟုတ်ခဲ့ရင် ငါဒီလောက်မြန်မြန်ပြန်ကောင်းလာမှာ
မဟုတ်ဘူး။ ကျေးဇူးပြုပီး စီနီယာအကိုမုန့် ဒါကိုလက်ခံလိုက်ပါ…”
ပိုင်စုရှီ အလေးအနက်ပြောလိုက်သည်။
“ဒါက တန်ဖိုးကြီးလွန်းတယ်။ အဲ့ဟာက ပြန်လည်ကုသဆေးလေးတစ်ခုပဲလေ….”
မုန့်ချန်ချင်း အသိပြန်ဝင်လာပြီး ချက်ချင်းပြောလိုက်သည်။
ဒြပ်စင်စိတ်ဝိညာဉ်မြက်နဲ့ ယှဉ်လျှင် ပြန်လည်ကုသဆေးက ဘာမှမဟုတ်တော့ပေ။
“တန်ဖိုးအရတော့ ဒြပ်စင်စိတ်ဝိညာဉ်မြက်က တကယ်ပဲသာပါတယ်။
ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ အချန်မှီကူညီတာထက် အဖိုးတန်တာဘာမှမရှိတော့ပါဘူး….”
“သာမန်လေးပဲဆိုရင်တောင်မှပေါ့….”
ပိုင်စုရှီ သူမ၏ နှုတ်ခမ်းလေးကိုဟလိုက်ပြီး မျက်လုံးတွေက
ပြတ်သားနေခဲ့သည်။
ထိုအရာ ပြောပီးနောက် ပိုင်စုရှီ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။
“ကောင်းပြီလေ…”
ပိုင်စုရှီ အမူအရာနှင့်သူမ၏စကားကို ကြည့်ပြီး မုန့်ချန်ချင်း
သိလိုက်သည်။ ဤမိန်းကလေး၏ သန့်စင် စင်ကြယ်လှသည့်အသွင်အပြင်အောက်၌ အလွယ်တကူမပြောင်းလဲသည့်
စိတ်ဓာတ်တစ်ခုလည်း ရှိနေခဲ့သည်။
ထို့ကြောင့်လက်ခံလိုက်ဖို့သာ တတ်နိုင်၏။
သူ့နှလုံးသားထဲရှိ ပိုင်စုရှီ အပေါ်ထင်မြင်ချက်ကလည်း မြင့်တက်လာခဲ့သည်။
ဉာဏ်နီဉာဏ်နက်များသည့် ကျင့်ကြံရေးလောကကြီး၌ ဤကဲ့သို့ရိုးသားသည့်
သူတစ်ဦးနှင့် ဆုံတွေ့ရတာဟာ အလွန်ပင်ရှားပါး၏။
အစစ်အမှန်မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်တာပဲဖြစ်သည်။
ထို့အပြင် ဤအရာက စနစ်၏ နောက်ထပ်အံ့အားသင့်စရာကဏ္ဍတစ်ခု
ဖြစ်နိုင်၏။
“ဒြပ်စင်စိတ်ဝိညာဉ်မြက်နဲ့ဆိုရင် ငါ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့်
၂ ဒါမှမဟုတ် အဆင့် ၃ ကိုတောင်မျှော်လင့်ထားတဲ့အချိန်ထက် အများကြီးပိုနည်းပြီး ရောက်မှာကို
ကြောက်မိတယ်…”
မုန့်ချန်ချင်း စိတ်ထဲမှာတွေးလိုက်သည်။
မူလ၌ သူကအတွင်းစည်းကိုဝင်ရောက်ပြီးနောက် ချက်ချင်း ကလန်ကိုပြန်ဖို့စီစဉ်ထားခဲ့သည်။
သို့ပေမဲ့ ယခုကြည့်ရတာ အလျင်လိုစရာမလိုသေးပေ။
"ဘယ်လိုပဲဖြစ်ဖြစ် ဒြပ်စင်စိတ်ဝိညာဉ်မြက်က အတော်လေးတန်ဖိုးရှိနေဆဲပဲ...."
"ညီမပိုင် အနာဂတ်မှာ အကူအညီတစ်ခုခုလိုလျှင် အကို့ကို ပြောပါ....."
မုန့်ချန်ချင်း လည်ချောင်းရှင်းလိုက်ပြီး အလေးအနက်ပြောလိုက်သည်။
ဤအရာက စိတ်ရင်းဖြင့်ပြောတာဖြစ်သည်။
“အနာဂတ်မှာ ညီမ စီနီယာအကိုမုန့်ကို ပြဿနာတွေ ပေးအုန်းမှာပါ…”
လှပသည့်အပြုံးတစ်ခု ပိုင်စုရှီမျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။
ငယ်ရွယ်သော်လည်း သူမက အမျိုးသမီးတစ်ယောက်၏ အလှတရားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
မနက်ခင်းနေရောင်ခြည်ဖြာကျနေတာကို ထပ်ပေါင်းပြောလျှင် ဤအခိုက်အတန့်၌
ပိုင်စုရှီက တကယ်ကို လှပနေခဲ့သည်။
မုန့်ချန်ချင်းတောင် တခဏ ကြောင်အသွားသည်။
အရင်က သူစနစ်အပေါ် အာရုံစိုက်လွန်းနေ၍ ဤအချက်ကို သတိမထားမိခဲ့ပေ။
“စီနီယာအကိုမုန့်, အကို ရုပ်သေးတောင်ကြားကို သွားမလို့လား…”
ပိုင်စုရှီ မေးလိုက်သည်။
“ဟုတ်တယ်, ငါ အတွင်းစည်းကို ဝင်ရောက်ဖို့ပြင်ဆင်နေတာ…”
မုန့်ချန်ချင်း ခေါင်းညိမ့်လိုက်ပြီး အပြုံးတစ်ခုဖြင့်
ပြောလိုက်သည်။
“အခုလေးမှ အဆင့်ချိုးဖျက်ပြီးတာ ရုပ်သေးတောင်ကြားကို သွားဖို့က
အလျင်လိုလွန်းမနေဘူးလား…”
ပိုင်စုရှီ ပြောလိုက်သည်။
သိသာစွာပဲ သူမ ရုပ်သေးတောင်ကြားနှင့်ပတ်သက်ပြီး အချို့ကိုနားလည်ထားခဲ့သည်။
“ဒုတိယအဆင့်ရုပ်သေးက ရင်ဆိုင်ရ မလွယ်ကူဘူး…”
“ငါ့မှာ ယုံကြည်မှုအချို့ရှိပါတယ်…”
မုန့်ချန်ချင်း သူမပခုံးကို ပုတ်လိုက်ပြီး အပြုံးတစ်ခုနှင့်
ထွက်ခွာသွားခဲ့သည်။
ထိုအရာကိုကြားသည့်အခါ ပိုင်စုရှီ မနေနိုင်ပဲ သူမနှင့်မုန့်ချန်ချင်း
ပထဆုံးတွေ့သည့်အချိန်ကို သတိရလိုက်သည်။
ထိုအချိန်ကလည်း သူဤကဲ့သို့စကားမျိုးပြောခဲ့ပြီး သူမက သူ့ခွန်အားကိုသံသယဝင်ခဲ့သည်။
သို့ပေမဲ့ မကြာခင်မှာပဲ မုန့်ချန်ချင်းက နတ်ဆိုးဝံပုလွေအားလုံးကို
သာသာယာယာပဲ ရင်ဆိုင်နိုင်ခဲ့၏။
ပြီးပြည့်စုံခြင်းအဆင့်သိုင်းပညာနှစ်ခုက သာမန်လူတစ်ယောက်
နားလည်နိုင်သည့်အရာ မဟုတ်ပေ။
“ဟုတ်တယ်, ဟုတ်တယ်...”
ပိုင်စုရှီခေါင်းညိမ့်လိုက်ပြီး အလျင်အမြန်ပဲ ပြေးလိုက်သွားခဲ့သည်။
ရုပ်သေးတောင်ကြားက လအဆုံးမှာဖွင့်လှစ်တာဖြစ်၍
အချိန်တိုင်း စိန်မခေါ်နိုင်ကြပေ။
ထို့ကြောင့် အခွင့်အရေးက ရှားပါးပြီး အမိအရဆုပ်ကိုင်ရမည်ပင်။
ဤအရာက သူတို့၏ အနာဂတ်အဆင့်တက်ခြင်းမှာလည်း အကျိုးရှိ၏။
ရုပ်သေးတောင်ကြားနယ်မြေ၌…
လူအပြည့်အကျပ်ကြီး မဟုတ်သော်လည်း တစ်ထောင်နီးပါးလောက် စုဝေးနေကြ၏။
အားလုံးကအပြင်စည်းတပည့်တွေဖြစ်ကြပြီး ခွန်အားအဆင့် အမျိုးမျိုးနှင့်ပင်။
သူတို့တယောက်ချင်းစီက ရှေ့ရှိလမ်းကြောင်းကို စိတ်ဝင်စားစွာကြည့်နေခဲ့ကြ၏။
ဘန်း!
ရုတ်တရက် သွေးအလိန်းလိန်းပုံရိပ်တစ်ခု လွင့်ပျံထွက်လာ၏။
အပြင်းအထန်ဒဏ်ရာရမသွားသော်လည်း ပေါ့သေးသေးတော့မဟုတ်ပေ။
ဤအရာက တတိယမြောက်စိန်ခေါ်သူဖြစ်၏။ ထို့ပြင် ဘေး၌သူ့လိုပုံစံမျိုး
နှစ်ယောက်ရှိနေခဲ့သည်။
သိသာစွာပင် စိန်ခေါ်သူသုံးယောက်လုံး ကျရှုံးခဲ့၏။
“အဲ့ဒီ ဒုတိယအဆင့်ရုပ်သေးက ကြောက်စရာကောင်းလွန်းတယ်….”
“ပထမနှစ်ယောက်ရဲ့ခွန်အားက အားနည်းကောင်းအားနည်းနိုင်ပေမဲ့
ကျောက်ကျန်းရဲ့ခွန်အားက အများကြီးပိုသန်မာတယ်…”
သူကခန္ဓာသန့်စင်ခြင်းနည်းစနစ်ကို လေ့ကျင့်ထားပြီး ပြီးပြည့်စုံခြင်းအဆင့်ကို
ရောက်လုနီးပါးပဲ။
“ဒါပေမဲ့ ဒုတိယအဆင့်ရုပ်သေးရဲ့ လက်ထဲမှာတော့ အကွက်
၂၀ တောင်မခံနိုင်ဘူး….”
လူအချို့ ဖြူဖျော့သွားကြ၏။
“ဒါက ခက်လွန်းတယ်။ ငါတို့ လုံ့လရှိရှိနဲ့ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို
ချိုးဖျက်ရင်တောင် အတွင်းစည်းကိုဝင်ရောက်ဖို့က ခက်ခဲနေတုန်းပဲ….”
“ဂိုဏ်းက ငါတို့အပြင်စည်းရဲ့ အိပ်မက်တွေကို ချေမွှပစ်လိုက်တာပဲ….”
လူအချို့ စိတ်မဝင်စားကြတော့ပေ။
“အတွင်းစည်းဆိုတာ ပါရမီရှင်တွေနေတဲ့နေရာ။ မင်းတို့ ဒီအဆင့်
၂ ရုပ်သေးသေးလေးကိုမှမနိုင်ရင် ဘယ်လိုလုပ်ပြီး သူတို့နဲ့စကားပြောနိုင်မှာလဲ…”
အကြီးအကဲတယောက်ပြောလိုက်ပြီး သူ့အသံက မထူးမခြားနားပင်။
ထိုအရာကိုကြားသည့်အခါ အစောပိုင်းဆူညံနေသည့်လူအုပ် ရုတ်တရက်တိတ်ဆိတ်သွားခဲ့သည်။
အမှန်တကယ်ပင်။
ပြောစကားတွေအရ အတွင်းစည်းရှိတပည့်တွေက အပြင်စည်းရှိတပည့်တွေထက်
အနည်းဆုံးသုံးဆလောက် ပိုအားကောင်းကြ၏။
သူတို့၌ ထူးခြားသည့် ပင်ကိုယ်ပါရမီရှိရုံသာမက အစွမ်းထက်ခွန်အားတွေ
ပိုင်ဆိုင်ထားသည်။
အပြင်စည်းတပည့်တွေ လုံးဝမယှဉ်နိုင်ပေ။
ကျင့်ကြံရေး အရင်းအမြစ်တွေက အလွန်အဖိုးတန်ပြီး မည်သည့်ဂိုဏ်းမှ
သာမန်လူတွေအပေါ်မှာ ဖြုန်းတီးမည်မဟုတ်ပေ။
“နောက်ထပ်စိန်ခေါ်ချင်တဲ့သူရှိသေးလား…”
အကြီးအကဲ လူအုပ်ကိုကြည့်လိုက်သည်။
“မရှိတော့ရင် တောင်ကြားကိုပိတ်လိုက်တော့မယ်….”
လူအုပ်အကြည့်ချင်းဖလှယ်လိုက်ကြသည်။
တကယ်တော့ လူအုပ်ထဲ၌ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် ကျွမ်းကျင်သူတွေ
တစ်ယောက်နှစ်ယောက်ရှိသေး၏။
သို့ပေမဲ့ ကျောက်ကျန်း အခြေအနေကိုမြင်ပြီးနောက် သူတို့
တိုက်ရိုက်ပဲ လက်လျှော့လိုက်ကြသည်။
အကြီးအကဲ သူ့အကြည့်ကိုပြန်ရုတ်ပြီး လမ်းကြောင်းကိုပြန်ပိတ်ဖို့
ပြင်လိုက်သည်။
သို့ပေမဲ့ ထိုအခိုက်အတန့်မှာပဲ အသံတစ်သံ ထွက်ပေါ်လာ၏။
“အကြီးအကဲ, ကျေးဇူးပြုပြီး ခဏနေပါအုန်း…”