← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁)

ထိုအရာကိုကြားသည့်အခါ လူတိုင်း အသံလာရာကို ခေါင်းလှည့်ကြည့်လိုက်ရာ အဝေးမှ သေးသွယ်သည့်ပုံရိပ်နှစ်ခု ချဉ်းကပ်လာခဲ့ကြသည်။

ဦးဆောင်လာသူက သပ်ရပ်ကြော့ရှင်းသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆွေကြီးမျိုးကြီးမှ သခင်လေးတစ်ယောက်၏ အော်ရာကို ထုတ်လွှတ်နေ၏။

“ဂျူနီယာညီလေးမုန့်…”

လူအုပ်ထဲရှိ တစ်စုံတစ်ယောက် အာမေဍိတ်သံပြုလိုက်သည်။

ထိုအရာက ရှဟန်ပင်။

ဤအခိုက်အတန့်၌ သူ့ ဒဏ်ရာတွေအချိန်အတော်ကြာကတည်းက ပျောက်ကင်းနေပြီး တိုးတက်မှုအချို့တောင် ရှိ၏။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ချိုးဖျက်ဖို့က အချိန်ကြာတော့မည်မဟုတ်ပေ။

အဆုံးမှာတော့ သူက သွေးကြောပုံသွင်းခြင်းနယ်ပယ်အဆင့် ၉ ကို နှစ်အတော်ကြာကတည်းက ရောက်ရှိနေခဲ့တာဖြစ်သည်။

ပတ်ဝန်းကျင်မှ အကြည့်တွေကို လျစ်လျှူရှုပြီး မုန့်ချန်ချင်း ညာလက်ကိုခါးရှိဓားရှည်ပေါ်တင်လျှက် အကြီးအကဲရှေ့ကို ဖြည်းညင်းစွာလျှောက်သွားလိုက်သည်။

“အကြီးအကဲကို နှုတ်ဆက်ပါတယ်…”

မုန့်ချန်ချင်း အနည်းငယ် အရိုအသေပေးလိုက်သည်။

အပြင်စည်းအကြီးအကဲတစ်ယောက်ဆိုလျှင်တောင် ဂိုဏ်းတွင်း၌ အဆင့်အတန်းမြင့်မားရာ အနည်းမျှ မလေးမစားဆက်ဆံလို့မရပေ။

နှုတ်ဆက်ပြီးနောက် မုန့်ချန်ချင်း အကြီးအကဲဘေးဘက်ကို ကြည့်လိုက်ရာ အချက်အလက်မျက်နှာပြင်တစ်ခု ချက်ချင်းပေါ်လာခဲ့သည်။

အခြေခံအချက်အလက်-

[အမည်- စွန်းဟိုင်ရှန်း]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၉ ]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၄]

[နားလည်နိုင်စွမ်း- သာမန်]

[သိုင်းပညာ- တိမ်ခွဲလှံ(တစိတ်တပိုင်းကျွမ်းကျင်)၊ ၈လက်မခြေလှမ်း(တစိတ်တပိုင်းကျွမ်းကျင်)]

‘ပါရမီကတော့ သာမန်ပါပဲ။ ကြည့်ရတာ ဘာအခွင့်အရေးမှမရှိရင် အဆင့် ၄ အမြစ်ရိုးက အလွန်ဆုံးအပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၉ ထိပဲကျင့်ကြံနိုင်မယ်နဲ့တူတယ်။ ကံကောင်းရင်တော့ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်ကောင်းချိုးဖျက်နိုင်တယ်။ ဒါပေမဲ့ ဒါကအကန့်အသတ်ပါပဲ…’

မုန့်ချန်ချင်း စိတ်ထဲမှာတွေးလိုက်သည်။

သူ၏ယခင်အဆင့် ၅ ပါရမီနဲ့ဆိုလျှင် ပိုလို့တောင်နိမ့်ကျမည်ဖြစ်သည်။

‘တိမ်ခွဲလှံ…ကြည့်ရတာတော့ သိမ်မွေ့အဆင့်နိမ့်သိုင်းပညာတစ်ခုပဲ။ အတွင်းစည်းတပည့်တွေပဲ ဒီလိုအဆင့်မြင့်သိုင်းပညာကို ကျင့်ကြံနိုင်တာ…’

မုန့်ချန်ချင်း အသက်ပြင်းပြင်းရှူလိုက်သည်။

အတွင်းစည်းနှင့်ပတ်သက်၍ သူက သဘာဝအတိုင်းနားလည်အောင်လုပ်ထား၏။

အတွင်းစည်းကိုဝင်ရောက်နိုင်သည်နှင့် တပြိုင်နက် ကျင့်ကြံရေးအရင်းအမြစ်ပဲဖြစ်ဖြစ် သိုင်းပညာနည်းစနစ်ပဲဖြစ်ဖြစ် အားလုံးက အပြင်စည်းထက်များစွာသာလွန်နေခဲ့သည်။

နှစ်ခုက ရိုးရှင်းစွာပဲ ယှဉ်လို့ကိုမရပေ။

“အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်…”

အကြီးအကဲ မုန့်ချန်ချင်းကို အပေါ်အောက်ကြည့်လိုက်သည်။

“မင်းကတကယ်ပဲ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ချိုးဖျက်သွားပီပဲ…”

အကြီးအကဲစကားကိုကြားတော့ ရှဟန်တုန်လှုပ်သွားပြီး အတော်လေးမယုံသင်ကာဖြစ်သွား၏။

မုန့်ချန်ချင်း မကြာသေးခင်ကမှ သွေးကြောပုံသွင်းခြင်းနယ်ပယ်အဆင့် ၈ ကို ချိုးဖျက်ထားတာမလား?

ယခုက အချိန်ဘယ်လောက်ရှိသေးလို့နည်း။

“မင်းအော်ရာအရ ခုလေးမှအဆင့်ချိုးဖျက်လာတာဖြစ်ရမယ်…”

အကြီးအကဲ သူ့အကြည့်ကိုပြန်ရုတ်ပြီး ပုံမှန်အတိုင်းပြောလိုက်သည်။

“ခုထိတောင် မတည်ငြိမ်သေးဘူး။ ဒါကစွန့်စားလွန်းရာမကျဘူးလား….”

“လက်သီးနဲ့ခြေထောက်တွေမှာ မျက်လုံးပါတာမဟုတ်ဘူး။ ရုပ်သေးတွေဆို ပြောမနေနဲ့တော့…”

“ဒဏ်ရာအပြင်းအထန်မရအောင် ဂရုစိုက်ပါ။ မင်း ခုလေးမှ ခက်ခက်ခဲခဲချိုးဖျက်လာရတဲ့နယ်ပယ်ကို ဆုံးရှူံးသွားလိမ့်မယ်…”

အကြီးအကဲပြောပြီးနောက် အစောပိုင်း တိတ်ဆိတ်နေသည့် လူအုပ်ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့သည်။

“ဘာ? ခုလေးမှ အဆင့်တက်ထားတာကို ဒီနေရာလာရဲတယ်ပေါ့။ သူရူးသွားပြီလား….”

တစ်စုံတစ်ယောက် မနေနိုင်ပဲ အာမေဍိတ်သံ ပြုလိုက်သည်။

“ဟုတ်တယ်, သူက တကယ်ပဲ ဒီရုပ်သေးတောင်ကြားကို အလှပြထားရုံသက်သက်များမှတ်နေလား။ အလွယ်လေးကျော်ဖြတ်နိုင်မယ် ထင်နေတယ်…”

“ကျောက်ကျန်းနဲ့ အခြားသူတွေ ကျရှုံးသွားတာ မမြင်ဘူးလား…”

“တကယ်မောက်မာလွန်းတယ်။ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေတာပဲ…”

တခဏကြာ လူအချို့ လှောင်ပြောင်သည့်စကားတွေ ပြောလာကြ၏။

အနီးနားရှိ ကျောက်ကျန်းနှင့် တခြားသူတွေလည်းလှောင်ပြောင်လိုက်သည်။

သူတို့လို ဝါရင့်အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေတောင် မကျော်ဖြတ်နိုင်ခဲ့ရာ ခုလေးမှ ချိုးဖျက်လာသည့်သူဆိုရင်တော့ ပြောစရာကို မလိုတော့ပေ။

“ပြန်လိုက်ပါ…”

အကြီးအကဲ ကြင်နာစွာသတိပေးလိုက်ပြီး လမ်းကြောင်းကိုပိတ်ဖို့ ပြင်လိုက်သည်။

သို့ပေမဲ့ မုန့်ချန်ချင်း သူ့ကိုတားလိုက်သည်။

“အကြီးအကဲ, ငါ တကယ်ကြိုးစားကြည့်ချင်တာပါ…”

ထိုအရာကို ကြားသည့်အခါ အကြီးအကဲမျက်လုံးတွေထဲ၌ စိတ်ပျက်သည့်အရိပ်အရောင်တွေပေါ်လာခဲ့သည်။

သူက ဤကဲ့သို့ လူတွေအများကြီး တွေ့ဖူး၏။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်ရုံဖြင့် သူတို့ကိုယ်သူတို့ ရုပ်သေးတောင်ကြားကိုကျော်ဖြတ်နိုင်မည်ဟု ထင်ကြ၏။

ထိုကဲ့သို့ သူတွေက အလွန်မောက်မာပြီး သူတို့စွမ်းအင်ကို အထင်ကြီးနေကြသည်။

“ကောင်းပြီလေ, မင်းသဘောပဲ….”

အကြီးအကဲအသံ ထူးမခြားနား ပြန်ဖြစ်သွား၏။ ထို့နောက် ဘေးဖယ်၍ လမ်းရှင်းပေးလိုက်သည်။

“ကျေးဇူးပါ အကြီးအကဲ…”

မုန့်ချန်ချင်း အကြီးအကဲ၏ အတွေးတွေကို နားလည်၏။ သို့ပေမဲ့ ရှင်းပြစရာမလိုပေ။

အလုပ်က အရာရာကို သက်သေပြသွားမည်ဖြစ်သည်။

မုန့်ချန်ချင်း ခါးမှဓားရှည်ကို ဆွဲထုတ်ပြီး အေးစက်စက်လမ်းကြောင်းထဲကို ညာခြေလှမ်းဖြင့် စတင်လျှောက်ဝင်သွားခဲ့သည်။

“ဒီလူတွေက တကယ်စိတ်ပျက်စရာကောင်းတယ်…”

ပတ်ပတ်လည်မှ ပိုပိုများလာသည့် မေးခွန်းထုတ်မှုတွေနှင့် လှောင်ပြောင်သံတွေ ကြားသည့်အခါ ပိုင်စုရှီ၏ လှပသည့် မျက်ခုံးတွေ တွန့်ခေါက်သွားပြီး မကျေမနပ်အမူအရာပြသလိုက်၏။

စီနီယာအကိုမုန့်၏ မိတ်ဆွေတစ်ယောက်အနေဖြင့် သူမက သဘာဝအတိုင်း ဤကဲ့သို့စကားတွေကို နားမထောင်နိုင်ပေ။

စီနီယာအကိုမုန့်က သာမန်မဟုတ်ပေ။ ပြီးပြည့်စုံခြင်း သိုင်းပညာ ၂ ခုနှင့် သူက ရုပ်သေးတောင်ကြားကို ကျော်ဖြတ်နိုင်ဖို့အခွင့်အရေးများ၏။

“ဆရာ, နင်ဘယ်လိုထင်လဲ….”

ပိုင်စုရှီ စိတ်ထဲကမေးလိုက်သည်။

“အစောပိုင်းအခြေအနေကို အခြေခံရရင် အဲ့ဒီ အဆင့် ၂ရုပ်သေးက သာမန်ရုပ်သေးတစ်ခုမဟုတ်တာသိသာတယ်။ ခုခံအားနဲ့ ခွန်အားနှစ်မျိုးလုံးက အတော်ကောင်းနိုင်တယ်…”

“ဒီကောင်လေးကလည်း ပြီးပြည့်စုံခြင်းအဆင့်သိုင်းပညာနှစ်ခုတတ်ထားတယ်ဆိုတော့ ကျော်ဖြတ်နိုင်သင့်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်က ခက်ခဲပြီး ဒဏ်ရာတောင်ရကောင်းရနိုင်တယ်…”

အိုမင်းသည့်အသံ မျှတသည့်အကဲဖြတ်မှုတစ်ခု ပေးလိုက်သည်။

အစောပိုင်း မုန့်ချန်ချင်းနယ်ပယ်ကြောင့် တုန်လှုပ်ပြီးကတည်းက သူမ ယခုချိန်ထိ တိတ်ဆိတ်နေခဲ့သည်။

အရင်ကလို မုန့်ချန်ချင်းနှင့် ပတ်သက်၍ သာမန်တိုင်းမပြောနိုင်တော့ပေ။

အဆုံးမှာတော့ သူမက နှစ်ကြိမ်တိတိမှားယွင်းခဲ့တာဖြစ်သည်။

“ဟုတ်တယ်, ကျွန်မလည်း အဲ့လိုပဲထင်တယ်…”

ပိုင်စုရှီ အပြင်းအထန်ခေါင်းညိမ့်လိုက်၏။

“ဂျူနီယာညီလေးမုန့်…”

ရှဟန်လည်း မုန့်ချန်ချင်း၏ ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။

သို့ပေမဲ့ အခြားလူတွေနှင့် မတူပဲ သူက သဘာဝအတိုင်း မုန့်ချန်ချင်း အောင်မြင်ဖို့မျှော်လင့်နေခဲ့သည်။

အခန်း (၁၂ )

တုန်လှုပ်မှု

လမ်းကြောင်းက သိပ်မရှည်ပေမဲ့ သုံးရာမီတာသာရှိ၏။ ဘေးနှစ်ဖက်ရှိနံရံတွေက မြင့်မားမတ်စောက်ကာ ရံဖန်ရံခါ ကျောက်တုံးတွေ ပြုတ်ကျလာ၏။ ရှေ့ကိုကြည့်လိုက်လျှင် မည်းနက်သည့်ကမ္ဘာကြီးရှိနေပြီး လူသားပုံစံပုံရိပ်တွေ မားမားမတ်မတ်ရပ်နေကာ အေးစက်သည့်အော်ရာတွေ ထုတ်လွတ်နေကြသည်။

ဝှစ်!

တစ်ယောက်ယောက်ရောက်လာသည်ကို အာရုံခံမိသည့်အခါ ရုပ်သေးတွေအားလုံး ခေါင်းမော့လာကြ၏။

သူတို့၏မူလအရောင်မှိန်နေသည့်မျက်လုံးတွေလည်း ကျောက်စိမ်းရောင်တောက်လာပြီး ကြမ်းကြုတ်သည့်အော်ရာတွေထုတ်လွှတ်လာသည်။

စိတ်ဓာတ်ပျောညံ့သူတွေဆိုလျှင် ထိုအကြည့်တွေအောက်၌ နောက်ဆုတ်သွားကြမည်ဖြစ်သည်။

“အပြင်စည်းရဲ့ အန္တရာယ်အများဆုံးနေရာလို့ နာမည်ကျော်ကြားတဲ့ ရုပ်သေးတောင်ကြားက တကယ်ပဲကြောက်စရာကောင်းလား, ကြည့်ကြတာပေါ့…”

မုန့်ချန်ချင်း နှုတ်ခမ်းတွေအနည်းငယ်ကွေးသွားပြီး ရှေ့ကိုလျှောက်သွားလိုက်သည်။

ဝေါင်း!

ထူးဆန်းသည့်အသံတစ်ခုထွက်ပေါ်လာပြီး လက်နက်မျိုးစုံကိုင်ဆောင်ထားသည့် ရုပ်သေးရာချီ မုန့်ချန်ချင်းဆီ ပြေးဝင်လာခဲ့သည်။

“ဘယ်လောက်ကြာကြာတောင့်ခံနိုင်လောက်လဲ။ သူက အကြီးအကဲရဲ့ အကြံဉာဏ်ကိုတောင်နားမထောင်ဘူး။ တကယ်မောက်မာတယ်…”

“သူ့ကိုယ်သူ သန်မာတယ်လို့ တကယ်ထင်နေတာလားမသိဘူး…..”

လူတိုင်းက မုန့်ချင်းချင်း ဒဏ်ရာအပြင်းအထန်ရပြီး ပြန်လာမည့်အချိန်ကို စိတ်ကူးပြီးနေပြီဖြစ်သည်။

သို့ပေမဲ့‌ နောက်တခဏ၌….

“အရိပ် ၉ ခုဓားသိုင်း…”

တည်ငြိမ်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပဲ သိပ်သည်းသည့်ဓားအရိပ်တွေခုတ်ပိုင်းလိုက်ရာ အရပ်မျက်နှာအသီးသီးကို ပြေးထွက်သွား၏။

ပတ်ဝန်းကျင်ရှိ ရုပ်သေးတွေ ရင်ဘတ်မှာနက်ရှိုင်းသည့် ဓားဒဏ်ရာတွေနှင့် လွင့်ထွက်သွားခဲ့သည်။

ရုပ်သေးတွေက တယိမ်းတယိုင်ဖြစ်နေပြီး ၎င်းတို့၏ အမြုတေဒဏ်ရာရသွားတာ သိသာလှ၏။ မျက်လုံးရှိ အလင်းရောင်တွေလည်း ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး နောက်ဆုံးလုံးဝမှိန်ကျသွားကာ မြေပြင်ပေါ်လဲကျသွားတော့သည်။

“ဘာ…”

လူအုပ်အာမေဍိတ်အသံထွက်ပေါ်လာပြီး သူတို့၏မျက်နှာတွေ၌ မယုံကြည်နိုင်မှုတွေပြသနေကြ၏။ လူအချို့မျက်နှာပေါ်ရှိလှောင်ပြောင်သည့် အပြုံးတွေလည်းအေးခဲသွားကြသည်။

ဤမြင်းကွင်းက သူတို့မျှော်လင့်ထားတာထက် ကျော်လွန်နေပြီး စိတ်ကူးထားတာနှင့်လုံးဝတခြားဆီဖြစ်နေခဲ့သည်။

“ဓားတစ်ချက် အရိပ် ၉ ခု…”

“ဒါက ပြီးပြည့်စုံခြင်းအဆင့် အရိပ် ၉ ခု ဓားသိုင်းပဲ…”

အကြီးအကဲအမူအရာလည်း ပြောင်းလဲသွား၏။

“သူက အဆင့်ချိုးဖျက်ပြီးကာစမှာတင် ရုပ်သေးတောင်ကြားကိုစိန်ခေါ်ရဲတာ မအံ့ဩတော့ပါဘူး။ ဒီလောက်များတဲ့ရုပ်သေးတွေနဲ့ ရင်ဆိုင်ရတာတောင် အခြားသူတွေလို မရှောင်တာလဲ မဆန်းပါဘူး…”

တကယ်တော့ အရိပ် ၉ ခုဓားသိုင်းက ပြီးပြည့်စုံသည့် ဓားနည်းစနစ်တစ်ခုဖြစ်၏။ ၎င်းက ဓားအရိပ် ၉ခုကိုပေါင်းစပ်ထားပြီး မူလဓားချက်တွေကို အားအကောင်းဆုံးဖြစ်စေတာဖြစ်သည်။

ထို့ပြင် ၎င်း၏ ပြီးပြည့်စုံမှုကြောင့် အရိပ် ၉ခုဓားသိုင်းကျင့်ကြံခြင်း၏ ခက်ခဲမှုကလည်း အတော်မြင့်ပြီး အလွန်မြင့်သည့်နားလည်နိုင်းစွမ်းကို လိုအပ်၏။ ကျယ်ပြောလှသည့်အပြင်စည်းတစ်ခုလုံးကိုကြည့်လျှင် ထိုအရာကို ကျွမ်းကျင်သည့်သူ အများကြီး မရှိပေ။

“အပြင်စည်းမှာ ဒီလိုပါရမီရှင်တစ်ယောက် ရှိမယ်လို့မျှော်လင့်မထားဘူး…”

အကြီးအကဲ ရုတ်တရက်စိတ်လှုပ်ရှားလာပြီး သူ့မျက်လုံးတွေ တောက်ပလာ၏။ သူ့မျက်လုံးထဲ၌ မုန့်ချန်ချင်းကို ဂိုဏ်း၏လျစ်လျှူရှုခံထားရသည့် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့သည်။

ဘုန်း!

မရေတွက်နိုင်သည့် ရုပ်သေးတွေ ဆက်လက်ပြေးဝင်လာကြသည်။ သို့ပေမဲ့ သူတို့ကံကြမ္မာက ပြောင်းလည်းမသွားပေ။ အားလုံးလွင့်ထွက်သွားပြီး ချေမွသွားကြသည်။

မုန့်ချန်ချင်း လုံးဝကိုတိုက်ပွဲထဲမှာ နစ်မြုပ်နေ၏။ သူ့ပတ်ဝန်းကျင်၌ ဤလောက်များသည့် ရုပ်သေးတွေ သတ်ဖြတ်လိုစိတ်အပြည့်နှင့်ရှိနေရာ မည်သည့်ဖိအားမှ မခံစားရဘူး ပြောဖို့ကမဖြစ်နိုင်ပေ။

သို့ပေမဲ့ ဤအရာက သူ၏စိတ်စွမ်းအားကို လေ့ကျင့်ဖို့အကောင်းဆုံးအခွင့်အရေးလည်းဖြစ်သည်။

သိုင်းပညာကျင့်ကြံသူတွေအတွက် ကျင့်ကြံရေးအခြေခံသာမက စိတ်စွမ်းအားကလည်းအလွန်အရေးပါ၏။ စိတ်စွမ်းအားဟူသည် သ‌င်္ဘောတစ်ခု၏ တက်မတစ်ခုကဲ့သို့ပင်။

ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားတွေကို ထိန်းချုပ်ပြီး ကမောက်ကမဖြစ်သွားခြင်းမှ ကာကွယ်ပေး၏။ ထို့ပြင် စိတ်စွမ်းအားသန်မာလေလေ အနာဂတ်မှာဝိညာဉ်ရေးရာ နည်းစနစ်တွေကိုထိတွေ့နိုင်လာလေလေဖြစ်သည်။

“အရမ်းသန်မာတာပဲ…”

လူအုပ်မနေနိုင်ပဲ တုန်လှုပ်အံ့အားသင့်စွာပြောလိုက်သည်။ ရုပ်သေးရာချီရှိနေသော်လည်း မုန့်ချန်ချင်းကတော့ ထိန့်လန့်သည့်အမူအရာမပြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ဥယျာဉ်ထဲမှာ လမ်းလျှောက်နေသကဲ့သို့ သာသာယာယာဖြစ်နေခဲ့သည်။ ရုပ်သေးအကုန်နီးပါး သူ့နားကိုတစ်ကောင်မှ မကပ်နိုင်ခင် အားလုံး တိုက်ရိုက်ပဲလွင့်ထွက်သွားခဲ့သည်။

မြင်ကွင်းက မယုံနိုင်စရာပင်။ ရုပ်သေးတောင်ကြားကို ရေပြင်ညီအတိုင်း တိုးဝင်သွားခဲ့သည်။ ဤအရာက အပြင်စည်းတပည့်တွေလုပ်နိုင်သည့်အရာလား။

လုံးဝ စိတ်ကူးယဉ်မကြည့်နိုင်ပေ။

ဂလု!

ကျောက်ကျန်းနှင့် အခြားသူတွေတောင်မနေနိုင်ပဲ တံတွေးမျိုချလိုက်ကြသည်။ ဒီလောက်များသည့် ရုပ်သေးတွေနှင့်ရင်ဆိုင်ရာ၌ သူတို့က ရှောင်တိမ်းရုံသာတတ်နိုင်ပြီး ထိပ်တိုက်မရင်ဆိုင်ရဲကြပေ။

သို့ပေမဲ့ ဤအကောင်က…

“စီနီယာအကိုမုန့်…”

ပိုင်စုရှီမျက်လုံးတွေ တောက်ပလာခဲ့သည်။

ဘန်း!

ရုပ်သေးလွင့်ပျံသွားပြီး မြေပြင်ပေါ်ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

သေးသွယ်သည့် ပုံရိပ်တစ်ခု ထိုရုပ်သေးပေါ် ဖြတ်လျှောက်သွားခဲ့သည်။

၎င်းက မုန့်ချန်ချင်းပင်။

ယခု၌ သူကလမ်းကြောင်း၏အဆုံးကို ရောက်ရှိနေပြီဖြစ်သည်။

လမ်းကြောင်းအတွင်းရှိ ရုပ်သေးအားလုံးကို ရှင်းလင်းခဲ့ပြီးပြီဖြစ်သည်။

ယခု အဆင့် ၂ ရုပ်သေးသာ ကျန်ရှိတော့၏။

မုန့်ချန်ချင်း ပေါ့ပေါ့ပါးပါး အသက်ရှုသွင်းလိုက်၏။ ထို့နောက် သူ့ပုံစံကိုချိန်ညှိကာ ရှေ့ကိုမျှော်ကြည့်လိုက်သည်။

မဝေးသည့်နေရာ၌ ကြီးမားသည့်ချပ်ဝတ်ကြီးဝတ်ဆင်ထားသည့် ရုပ်သေးတစ်ကောင်ရှိနေပြီးအခြားရုပ်သေးတွေနှင့်ယှဉ်လျှင် အရွယ်အစားအားဖြင့် ပိုကြီးနေခဲ့သည်။

၎င်းက သံတူကြီးကိုကိုင်ဆောင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ သန်မာသည့်ဖိအားတွေထုတ်လွှတ်နေ၏။

တစ်စုံတစ်ယောက်ရောက်လာတာကို အာရုံခံမိသည့်အခါ ၎င်း၏ရုပ်သေးမျက်လုံးတွေ ရုတ်တရက်ပွင့်လာပြီး အေးစက်စက်အလင်းတန်းတွေထွက်ပေါ်လာ၏။

ထို့နောက် စကားတစ်ခွန်းမပြောပဲ ဖြေးညင်းစွာထရပ်ကာ သံတူကြီးနှင့် မုန့်ချန်ချင်းဆီ ပြေးဝင်လာခဲ့သည်။

တခဏ ကမ္ဘာမြေကြီးတုန်ခါသွား၏။

“သူဒါကိုကျော်ဖြတ်နိုင်မယ်လို့ မင်းထင်လား….”

တစ်စုံတစ်ယောက်မနေနိုင်ပဲမေးလိုက်သည်။ ယခုချိန်၌ မည်သူတစ်ဦးတစ်ယောက်မှ နောက်ထပ်မုန့်ချန်ချင်းကို လျှော့တွက်ပြီး မလှောင်ပြောင်ရဲကြတော့ပေ။

သူ၏လွှမ်းမိုးနိုင်စွမ်းရှိသည့် လမ်းကြောင်းရှင်းနည်းက သူတို့အားလုံးကိုအပြင်းအထန်တုန်လှုပ်သွာစေခဲ့သည်။

သူက သေချာပေါက် အားလုံးထက်သာသည့်ပါရမီရှင်တစ်ယောက် ဖြစ်တယ်ဆိုတာသူတို့သိ၏။

“ပြောရတော့ခက်တယ်။ နောက်ဆုံးတော့ ဒါကအဆင့် ၂ ရုပ်သေးပဲလေ…”

တစ်စုံတစ်ယောက်စဉ်းစားပြီး ပြန်ပြောလိုက်သည်။

“သူကျော်ဖြတ်နိုင်မယ်ဆိုရင်တောင် အရင်ကလို လွယ်ကူမှာတော့မဟုတ်လောက်ဘူး။ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုတော့ဖြစ်လိမ့်မယ်….”

တခြားသူတွေသဘောတူညီသည့်အနေဖြင့် ခေါင်းညိမ့်လိုက်ကြသည်။ ဤရှင်းပြချက်က ပိုရုပ်တိရှိ၏။

လူအုပ်ဆွေနွေးနေစဉ် လမ်းကြောင်းအဆုံးရှိတိုက်ပွဲက စတင်နေခဲ့ပြီပင်။

All Chapters