← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇)

ခွန်အားအကြီးအကျယ်တိုးတက်ခြင်း၊ လျှို့ဝှက်နယ်မြေ၊ နဂါးအဆင့်

အချိန်တွေ ကုန်ဆုံးသွားခဲ့သည်။

တစ်လကြာပြီးနောက်…

ကျွီ…

တံခါးပွင့်လာပြီး အဖြူရောင်ပုံရိပ်တခု လျှောက်ထွက်လာခဲ့သည်။

ထိုအရာက မုန့်ချန်ချင်းပင်။

သို့ပေမဲ့ ဤအခိုက်အတန့်၌ သူ့အော်ရာက အကြီးအကျယ်တိုးတက်နေပြီဖြစ်သည်။

အတော်လေးခန့်ညားထည်ဝါလှ၏။

“အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၄…”

ရိုးရိုးသားသားပြောရလျှင် ဤအဆင့်က သူမျှော်လင့်ထားတာထက် အတော်လေးကျော်လွန်နေခဲ့သည်။

တတိယအဆင့်ကို ရောက်တာက အကန့်အသတ်ဟုထင်ထားခဲ့၏။

မမျှော်လင့်ထားပဲ အဆင့် ၄ကို ရောက်ရှိသွားခဲ့သည်။

သို့ပေမဲ့ တွေးကြည့်လျှင် နားလည်ပေးလို့ရ၏။

အဆုံးမှာတော့ သူ့၌ အဆင့် ၂ အမြစ်ရိုးရှိပြီး ထိုအရာက ပြိုင်ဘက်ကင်း၏။

ထပ်ပေါင်းပြောရလျှင် အဖိုးတန်အရင်းအမြစ် ဖြစ်သည့် ဒြပ်စင်စိတ်ဝိညာဉ်မြက်လို အကူအညီတွေလည်းရှိ၏။

ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေ ခြံဝန်းထဲရှိ ကြီးမားသည့်ကျောက်တုံးကြီးတစ်ခုအပေါ် ကျရောက်သွားခဲ့သည်။

ထိုအရာကို တပည့်တွေလေ့ကျင့်ဖို့ အထူးလုပ်ပေးထားတာဖြစ်ပြီး တော်တော်လေးမာကျော၏။

မုန့်ချန်ချင်း သူ့ခွန်အားဘယ်လောက်တိုးတက်လာလည်းဆိုတာ စမ်းကြည့်နေချင်နေခဲ့သည်။

ဆွစ်!

ဓားဆွဲထုတ်ပြီး ချက်ချင်းပဲ ပြီးပြည့်စုံခြင်းအဆင့် လေမိုးကြိုးဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၄ကျင့်ကြံခြင်းနှင့်အတူ လေနှင့် မိုးကြိုးက ချက်ချင်းပဲ လှိမ့်တက်လာခဲ့သည်။

ဓားပေါ်၌ သိပ်သည်းသည့် လျှပ်စီးကြောင်းတွေ တဖျတ်ဖျတ်လက်နေပြီး ပြေးလွားနေသည့် မိုးကြိုးမြွေတွေကဲ့သို့ပင်။

လေပြင်းများလည်း တဝုန်းဝုန်းတိုက်ခတ်လာပြီး ခြံဝန်းထဲရှိ သစ်ရွက်ထောင်ပေါင်းများစွာကို လွင့်ပျံသွားစေခဲ့သည်။

ခရက်!

ဓားအလင်းတန်း မျက်စိတမှိတ်အတွင်း ရောက်ရှိလာပြီး လေ့ကျင့်ရေးကျောက်တုံးပေါ် ကျရောက်သွားခဲ့သည်။

မီးပွားတွေ လွင့်စင်သွားပြီး ကျောက်တုံးတကယ်ပင် နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။

ဟစ်!

မုန့်ချန်ချင်း မနေနိုင်ပဲ လေအေးတွေရှုသွင်းလိုက်၏။

ရိုးရိုးသားသားပြောရလျှင် ဤစွမ်းအားက သူမျှော်လင့်ထားတာထက် အနည်းငယ်ကျော်လွန်နေခဲ့သည်။

သိထားရမှာက ထိုအရာက လေ့ကျင့်ရေးကျောက်တုံးတစ်ခုဖြစ်ပြီး ဘယ်လောက်မာကျောတယ်ဆိုတာ စိတ်ကူးကြည့်နိုင်တာပဲ ဖြစ်သည်။

သို့ပေမဲ့ မမျှော်လင့်ထားပဲ ဓားတစ်ချက်တည်းနှင့် နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။

တကယ်ပင် ထိုအရာက ပြီးပြည့်စုံခြင်းအဆင့် သိမ်မွေ့ဓားနည်းစနစ်ဖြစ်၏။

သူသာ ဓားချီကိုသုံးလျှင်?...

သူသာ ဓားချက်ထဲ ဓားချီထည့်သွင်းအသုံးပြုလျှင် လေမိုးကြိုးဓားရည်ရွယ်ချက်ဖြစ်ပြောင်းသွားပြီး မြင်ကွင်းက ပိုလို့တောင်အံ့ဩစရာကောင်းမည် ဖြစ်သည်။

ယေဘုယျပြောရလျှင် သိုင်းပညာတစ်ခုက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားလျှင် နည်းစနစ်ပိုင်းထက် ရည်ရွယ်ချက်ပိုင်းသို့ ပိုဦးတည်သွားလေ့ရှိ၏။

ထိုအရာက သဘောတရားကို အာရုံစိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် လူတစ်ယောက်က ချီ ဒါမှမဟုတ် ပိုမြင့်သည့်သဘောတရားတွေကို နားလည်လာလျှင် သိမ်မွေ့အဆင့်သိုင်းပညာ၏ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်မည်ဖြစ်သည်။

မုန့်ချန်ချင်း ကျေနပ်စွာခေါင်းညိမ့်လိုက်သည်။

ဓားသိမ်းဖို့ ပြင်လိုက်ချိန်မှာပဲ ဓားကိုယ်ထည်ပေါ်၌ များစွာသော အက်ကွဲကြောင်းတွေ ပေါ်လာတာ မြင်လိုက်ရပြီး တစ်ချက်ထိလိုက်တာနှင့် ကွဲကြွေသွားတော့မလိုပင်။

“ငါ အဆင့်မြင့်ဓားတစ်ချောင်း အမြန်လိုအပ်နေပြီ…”

သူ့မှာရှိသည့် သာမန်ဓားတွေက သူ၏စွမ်းအားကို နောက်ထပ်မခံနိုင်တော့ပေ။

လေမိုးကြိုးဓားချက်တစ်ချက်သုံးရုံဖြင့် ဤကဲ့သို့ ဖြစ်သွားခဲ့သည်။

“ငါ ကလန်ကို တစ်ခေါက်ပြန်သွားရမယ်…”

မုန့်ချန်ချင်း ဆုံးဖြတ်လိုက်သည်။

အမှန်တော့ မိသားစုက သူ့အား အရင်းအမြစ်တော်တော်များများ ပေး၏။

သို့ပေမဲ့ သူ့ပါရမီ မြင့်တက်လာပြီး အမြစ်ရိုးအဆင့် ၂ကိုရောက်သည့်အခါ စားသုံးသည့်နှုန်းကလည်း အတော်လေးမြန်လာခဲ့သည်။

သူ့၏ မုန့်ကလန် မိသားစုမှာ စီပွားရေးမိသားစုဖြစ်၍ နောက်ခံက အတော်လေးတောင့်၏။

လက်ရှိဥက္ကဌက သူ့အဒေါ်ဖြစ်ပြီး အပြည့်အဝထောက်ပံ့မှုနှင့် တာအိုဖန်တီးခြင်းနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက်ကိုပင် ပျိုးထောင်ပေးနိုင်ကြောင်း ပြောဖူး၏။

မိသားစုနောက်မျိုးဆက်အားလုံး၏ ပါရမီက သာမန်ပဲဖြစ်နေပြီး တစ်ယောက်မှထူးထူးချွန်ချွန်ဖြစ်မလာတာတော့ သနားစရာပင်။

“ဟမ်…”

တစ်ခုခုကို ခံစားမိပြီး မုန့်ချန်ချင်း သူ့ ညာဘက်ကို ကြည့်လိုက်သည်။

ထိုအခါ ခြံဝန်းအဝင်ဝ၌ တစ်စုံတစ်ယောက်ရပ်နေတာကို မြင်လိုက်ရ၏။

၎င်းက ချင်ဖန်းပင်။

သူက ပါးစပ်အဟောင်းသားဖြင့် ရပ်နေပြီး အံ့ဩမှင်သက်နေခဲ့သည်။

သူ့မျက်လုံးတွေ၌ မယုံသင်ကာမှုတွေ အပြည့်ပင်။

“စီနီယာချင်း…”

မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။

သူ့စကားတွေကြောင့် ချင်ဖန်း ရုတ်တရက်အသိပြန်ဝင်သွားပြီး အလျင်အမြန်ရှေ့လျှောက်လာကာ အလွန်အမင်းတုန်လှုပ်သည့် အမူအရာဖြင့်ပြောလိုက်သည်။

“ဂျူနီယာညီလေးမုန့်, မင်း လေမိုးကြိုးဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျွမ်းကျင်သွားပြီပေါ့…”

ပြီးပြည့်စုံခြင်းအဆင့်ဆိုတာ လေနှင့်မိုးကြိုးကို ပေါင်းစပ်လိုက်ခြင်းကို ဆိုလို၏။ ထို့ပြင် အစောပိုင်းက အခြေအနေက ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်မှသာ လုပ်နိုင်သည့်အရာဆိုတာ သိသာ၏။

“ဟုတ်တယ်…”

မုန့်ချန်ချင်း ခေါင်းညိမ့်လိုက်သည်။

ချင်ဖန်းချက်ချင်းပဲ နောက်ခြေနှစ်လမ်း ဆုတ်သွားပြီး အမူအရာက တုန်လှုပ်နေခဲ့သည်။

သူမှတ်မိတာအရဆိုလျှင် မုန့််ချန်ချင်းက လေမိုးကြိုးဓားသိုင်းကို လွန်ခဲ့သည့်တစ်လကမှ ရရှိခဲ့တာဖြစ်သည်။

တစ်လတည်း…

တစ်လတည်းနှင့် သူက ပြီးပြည့်စုံခြင်းအဆင့်ထိ ကျွမ်းကျင်သွားခဲ့သည်။

သိထားရမှာက ထိုအရာက သိမ်မွေ့အဆင့် ဓားသိုင်းတစ်ခုပင်။

အဆင့်နိမ့်သိုင်းပညာတစ်ခုမဟုတ်ပေ။

သူ၏ နားလည်နိုင်စွမ်းက အတော်ကောင်း၏။

သို့ပေမဲ့ ၈နှစ်ကြာကျင့်ကြံပြီးမှသာ ကျွမ်းကျင်အဆင့်ကို ရောက်ရှိခဲ့တာဖြစ်သည်။

သို့ပေမဲ့ မုန့်ချန်ချင်း…

ဒီကောင်တကယ်လူရောဟုတ်ရဲ့လား?

သို့ပေမဲ့ မုန့်ချန်ချင်း အခြေအနေ တွေးကြည့်လိုက်တော့ ချင်ဖန်း အနည်းငယ်နားလည်ပေးနိုင်၏။

ဓားချီကို နားလည်နိုင်သည့် သူတစ်ယောက်…

လေမိုးကြိုးဓားသိုင်းကို တစ်လတည်းနှင့် ပြီးပြည့်စုံခြင်းအဆင့်ထိ ကျွမ်းကျင်သွားတာ ခက်ခဲသည့်အရာတော့ မဟုတ်ပေ။

“ဂျူနီယာညီလေးမုန့်ရဲ့ နားလည်နိုင်စွမ်းက တကယ်ကြောက်စရာကောင်းတာပဲ။ အနာဂတ်မှာ စိတ်ဝိညာဉ်ဓားသိုင်းကိုတောင် သင်ယူနိုင်မှာ ကြောက်မိတယ်…”

ချင်ဖန်း အလေးအနက်ပြောလိုက်သည်။

“စီနီယာအကိုချင်း ချီးမွမ်းလွန်းနေပါသည်။ ငါ ကံကောင်းသွားရုံပါ…”

မုန့်ချန်ချင်း နှိမ့်ချစွာ ပြောလိုက်သည်။

စိတ်ဝိညာဉ်ဓားကျမ်းက စိတ်ဝိညာဉ်တောင်ထိပ်၏ အဆင့်မြင့်ဆုံး ဓားနည်းစနစ်တစ်ခုဖြစ်ပြီး ၎င်း၌ အပိုင်း ၁၀ပိုင်း ပါဝင်၏။

ပြောစကားတွေအရ အမြင့်ဆုံးအဆင့်က ကောင်းကင်အဆင့်ကို ရောက်လုနီးပါးဖြစ်သည်။

ချင်ဖန်း သူ့ခေါင်းကို အနည်းငယ်ခါရမ်းလိုက်သည်။

ကံကောင်းတယ်?....

နှိမ့်ချလွန်းနေတာပဲ။

သိုင်းပညာကျင့်ကြံရာမှာ ဘယ်ကကံကောင်းတာရှိရမှာလဲ။ ထိုအရာက နားလည်နိုင်စွမ်းအပေါ် လုံးဝအခြေခံတာဖြစ်သည်။

“စီနီယာအကိုချင်း ဒီကိုလာတာ တစ်ခုခုပြောစရာရှိလို့လား…”

မုန့်ချန်ချင်း မေးလိုက်သည်။

“ဒါက…”

ချင်ဖန်း အနည်းငယ်ရှက်သွား၏။

မူလ၌ သူက မုန့်ချန်ချင်းကို အကြံဉာဏ် အနည်းငယ်ပေးပြီး သူတို့ဆက်ဆံရေးတိုးတက်အောင် လုပ်ချင်ခဲ့၏။

မည်သူထင်ထားမည်နည်း။ မုန့်ချန်ချင်း တစ်လတည်းနှင့် ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ခဲ့သည်။

ထိုကောင်၏ ဓားပညာက သူ့ထက်ပိုလို့တောင် မြင့်နေခဲ့သည်။

ယခုသူက ဘာအကြံဉာဏ်ပေးနိုင်အုန်းမည်နည်း။

“အဟမ်း, တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ငါ မင်းဘယ်လိုအခြေအနေရှိလည်း လာကြည့်ရုံပါ…”

ချင်ဖန်း ပေါ့ပေါ့ပါးပါး ချောင်းဟပ်လိုက်သည်။

“ပြီးတော့ မင်းကို သတင်းကောင်းအချို့လည်းလာပြောတာ…”

“ငါ နားထောင်နေပါတယ်…”

မုန့်ချန်ချင်း တက်ကြွသွား၏။

ချင်ဖန်းကို အတွင်းစည်း၏ စီနီယာတစ်ယောက်အဖြစ် သတ်မှတ်နိုင်၏။ သူ သတင်းကောင်းဟုပြောသည့်အရာက သဘာဝအတိုင်း သာမန်ဟုတ်မည်မဟုတ်ပေ။

“ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေကို သတ်မှတ်ထားတယ့်အချိန်ထက် စောပြီး ဖွင့်တော့မယ်…”

ချင်ဖန်း၏ အသံ၌ စိတ်လှုပ်ရှားသည့်အရိပ်အရောင်တွေ ရှိနေခဲ့သည်။

“လျှို့ဝှက်နယ်မြေ…”

မုန့်ချန်ချင်း တခဏကြောင်သွားပြီး မျက်လုံးတွေတောက်ပလာ၏။

ကျင့်ကြံရေးလောက၌ လျှို့ဝှက်နယ်မြေဆိုသည့် စကားလုံးက ကံကြမ္မာကောင်းနှင့် အဓိပ္ပာယ်ဆင်တူ၏။

အထဲ၌ အမျိုးမျိုးသော ရတနာတွေ, ဆေးလုံးတွေ, အံ့ဩဖွယ်ရာတွေရှိ၏။

ထိုအရာက အခွင့်အလမ်းနယ်မြေတစ်ခုပင်။

သို့ပေမဲ့ လျှို့ဝှက်နယ်မြေတွေကို အဓိကအင်အားစုကြီးတွေက ထိန်းချုပ်ထားပြီး သာမန်သိုင်းပညာအဆင့်တွေ ဝင်ရောက်ဖို့ အခွင့်အရေး အတော်နည်း၏။

ဤအရာက သိုင်းပညာဆင်များစွာ အဓိကအင်းအားစုတွေကို ဝင်ရောက်ချင်ကြသည့်အကြောင်းပြချက်တွေထဲက တစ်ခုလည်းဖြစ်သည်။

ကြည့်ရတာ သူ့ကံကကောင်းနေပုံပင်။ ရောက်ရောက်ချင်း ဤကဲ့သို့ကိစ္စမျိုးနှင့် လာကြုံနေခဲ့သည်။ ယေဘုယျ ပြောရလျှင် လျှို့ဝှက်နယ်မြေတွေက နှစ်အနည်းငယ်ကြာမှ တစ်ခါသာဖွင့်၏။

“ဘယ်အချိန်မှာ ဖွင့်မှာလဲ…”

မုန့်ချန်ချင်း မေးလိုက်သည်။

“အခုကစပြီး နောက်နှစ်လလောက်ကြာရင် ဖွင့်မှာ…”

ချင်ဖန်း ပြန်ပြောလိုက်သည်။

“မူလကတော့ အနည်းဆုံး နှစ်ဝက်လောက်တော့ကြာအုန်းမှာ။ ဒါပေမဲ့ မကြာသေးခင်က ငါတို့ဂိုဏ်းတပည့် ၆ယောက် နဂါးစာရင်းကနေ ဖယ်ရှားခံလိုက်ရတော့ အခြေအနေက အရေးပေါ်ဖြစ်လာသည်။ ဒါ့ကြောင့် ဂိုဏ်းက စောဖွင့်ဖို့စီစဉ်လိုက်တာ…”

“နဂါးစာရင်း…”

မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွား၏။

ဤအရာက အဓိက အထွတ်အမြတ်နယ်မြေကြီး ၄ခု သတ်မှတ်ထားသော စာရင်းတစ်ခုဖြစ်၏။

၎င်း၏ရည်ရွယ်ချက်မှာ သိုင်းပညာရှင်တွေ၏ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေ တက်ကြွလာစေဖို့ဖြစ်ပြီး အမျိုးမျိုးသော အဓိကအင်အားစုတွေ၏ ခွန်အားပြယုဒ်လည်းဖြစ်သည်။

ပြောကြတာတော့ ထိုအရာက ဂိုဏ်းအဆင့်အနိမ့်အမြင့်ကိုလည်း သက်ရောက်မှုရှိ၏။

ဘယ်လိုပဲဖြစ်ဖြစ် အလွန်အရေးကြီးပြီး လျစ်လျှူရှုထားလို့မရပေ။

အခန်း (၁၈)

ပြောင်းပြန်လမ်းညွှန်မှု၊ အပြန်အလှန်ကူညီခြင်းနှင့် ဓားခြေလှမ်း

တောင်ပိုင်းနယ်မြေရှိ စီရင်စုတစ်ခုဆီ၌ နဂါးစာရင်းရှိပြီး စုစုပေါင်း တစ်ရာကျော်လောက်ရှိတာဖြစ်သည်။

ထန်းလင်စီရင်စုအတွင်းရှိ အဓိကအင်အားစုတွေထဲက တစ်ခုအနေဖြင့် တခါတည်းနှင့် နေရာ ၆နေရာ ဆုံးရှုံးရတာ တကယ်ကိုသိသာသည့် ဆုံးရှံးမှုတစ်ခုပင် ဖြစ်သည်။

သူတို့တွေ တပည့်တွေ ခွန်အားတိုးမြှင့်ဖို့ လျှို့ဝှက်နယ်မြေကို စောဖွင့်ခဲ့တာ အံ့ဩစရာမဟုတ်ပေ။

“လျှို့ဝှက်နယ်မြေဖွင့်ခြင်း…, အတွင်းစည်းကပါရမီရှင်တွေ သွားကြလိမ့်မယ်…”

မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။

သူ့အတွက်တော့ ပင်ကိုယ်ပါရမီနှင့် ရတနာတွေထက် မိတ်ဆွေဖွဲ့ခြင်းကသာ ပထမဦးစားပေးဖြစ်သည်။

ပုံမှန်နေ့တွေဆို ထိုပါရမီရှင်တွေက တံခါးပိတ်ကျင့်ကြံနေကြပြီး အပြင်ထွက်ခဲ၏။

ယခုတော့ အခွင့်အရေးက သူဆီ ရောက်ရှိလာပြီပင်။

သို့ပေမဲ့ လျှို့ဝှက်နယ်မြေမဖွင့်ခင် သူ့ခွန်အားကို အလျင်အမြန်တိုးတက်ဖို့ လိုသေး၏။

အရင်ကပြောခဲ့သလိုပင်…

ခွန်အားကသာ မိတ်ဆွေဖွဲ့ဖို့ အဓိကသော့ချက်ဖြစ်၏။

“ပြောပြလို့ ကျေးဇူးတင်ပါတယ် စီနီယာအကိုချင်း မဟုတ်ရင် ငါဒါနဲ့ လွဲချော်သွားတော့မှာ…”

မုန့်ချန်ချင်း အသိပြန်ဝင်လာပြီး ပြောလိုက်သည်။

သူက မိသားစုဆီ ပြန်ဖို့စီစဉ်ထားခဲ့သည်။ ဟိုမှာသာကြာသွားလျှင် ထိုအရာနှင့် လွဲချော်သွားမည်ဖြစ်သည်။

အမှန်တကယ်တော့ မိသားစုနှင့် ဂိုဏ်းက သိပ်မဝေးပေ။

ဆယ်ရက်လောက်သာ ခရီးသွားရ၏။

“ဒါက ကိစ္စသေးသေးလေးပါ။ ဂျူနီယာညီလေးမုန့် ကျေးဇူးတင်စရာမလိုပါဘူး…”

ချင်ဖန်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

သူ့စိတ်ထဲ၌ သူကပိုလို့တောင် ပြင်ဆင်နေခဲ့သည်။ ကြည့်ရတာ သူ့အသိပေးမှုက အချိန်ကိုက်ဖြစ်သွားပုံပင်။

အမှတ်တွေ အများကြီးရသွားပြီပင်။

မုန့်ချန်ချင်းပေါ် သူ့ထင်မြင်ချက်တွေအားလုံးက စွန်းဟိုင်ရှန်းဆီမှ လာတာဖြစ်သည်။

သို့ပေမဲ့ ယနေ့တော့ သူ့ကိုယ်ပိုင်မျက်လုံးတွေနှင့် မြင်လိုက်ရရာ နောက်ထပ်သူ့စိတ်ထဲမှာ သံသယတွေမရှိတော့ပေ။

ဤမုန့်ချန်ချင်းက တကယ်ပင်ထူးခြား၏။

ယခုအချိန်မှာ တက်သစ်စအခြေအနေသာရှိသေးပြီး ဂိုဏ်း၏အာရုံစိုက်မှုအများအပြားကို မရှိသေးပေ။ သို့ပေမဲ့ အနာဂတ်တွင် သေချာပေါက် ဂိုဏ်းအတွင်း၌ တောက်ပသည့်ပုံရိပ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ထို့ကြောင့် သူတို့၏ဆက်ဆံရေးကို အလျင်အမြန်တိုးတက်အောင် လုပ်ရမည်ဖြစ်သည်။

မဟုတ်လျှင် အနာဂတ်တွင် သူ့မျက်လုံးထဲ၌ သူကဘာကောင်မှဟုတ်တော့မည် မဟုတ်တော့ပေ။

ချင်ဖန်း တွေးနေတာကို မုန့်ချန်ချင်း လုံးဝမသိပေ။

သိခဲ့လျှင် သူက သေချာပေါက် ထရယ်နေမည်ဖြစ်သည်။

ဘုရားရေ… သူတို့က တစ်ယောက်ကိုတစ်ယောက် နှစ်သက်မှုတိုးအောင် လုပ်နေကြသည်မဟုတ်လား?

သူက သူ့မိတ်ဆွေ၏ နှစ်သက်မှု တိုးတက်ဖို့ အလိုရှိနေခဲ့သည်။ သို့ပေမဲ့ သူ့သူငယ်ချင်းကလည်း သူ၏နှစ်သက်မှုကို တိုးမြှင့်ချင်နေခဲ့သည်။

တကယ်ကို ရယ်စရာပင်။

အပြန်အလှန်မြှင့်တင်နေကြတာဖြစ်သည်။

“အော် ဒါနဲ့စကားမစပ် ဂျူနီယာမုန့် ငါ့မှာ အတော်လေး ကို့ယို့ကားယားနိုင်တဲ့ တောင်းဆိုမှုတစ်ခုရှိတယ်…”

ချင်ဖန်းအပြုံးမှေးမှိန်သွားပြီး အနည်းငယ်ရှက်ရွံ့သွား၏။

“စီနီယာချင်း ကျေးဇူးပြု၍ လွတ်လွတ်လပ်လပ်ပြောပါ…”

မုန့်ချန်ချင်း ပြောလိုက်သည်။

“ဒါက….အာ….”

ချင်ဖန်းပြောဖို့အရေး တွေဝေနေပြီး နောက်ဆုံးမှာအံကြိတ်ပြီး ပြောလိုက်သည်။

“ငါ လေမိုးကြိုးဓားသိုင်းနဲ့ ပတ်သက်ပြီး မရှင်းတာလေးရှိနေလို့ မင်းလမ်းညွှန်ပေးနိုင်မလား…”

ပြောပြီးနောက် ချင်ဖန်း အင်္ကျီလက်ထဲ၌ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

အမှန်တိုင်းပြောရလျှင် သူ့စိတ်ထဲမှာ အနည်းငယ်ရှက်နေခဲ့သည်။

အဆုံးမှာတော့ သူက မုန့်ချန်ချင်းကို လမ်းညွှန်ပေးဖို့လာခဲ့တာဖြစ်သည်။

သို့ပေမဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမည်ဟု မည်သူထင်ထားမည်နည်း။

သူ့နားလည်နိုင်စွမ်းက အကန့်အသတ်ရှိပြီး အကြီးအကဲက အချိန်ပြည့် လမ်းညွှန်မပေးနိုင်ပေ။ ယခု ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခုရှေ့မှာရှိနေရာ လွဲချော်သွားလျှင် နောင်တရနေမည်ဖြစ်သည်။

ထုတ်ပြောရတာ ရှက်စရာကောင်းပြီး စီနီယာတစ်ယောက်၏ အထောက်အထား ရှုံးဆုံးရသော်လည်း …

သို့ပေမဲ့…

မာနဆိုတာ ခွန်အားရှိမှသာ ဖြစ်ပေါ်လာရတာဖြစ်သည်။

ထို့ပြင် ဤလူက ဂျူနီယာမုန့်ဖြစ်ပြီး သူသဘောကျရသည့် မကောင်းဆိုးဝါးဆန်သည့်ပုံရိပ်လည်း ဖြစ်၏။

“သေချာတာပေါ့…”

မုန့်ချန်ချင်း အနည်းငယ်ကြောင်သွားပြီး ပြုံးလိုက်သည်။

ထိုအရာက နှစ်သက်မှုရမှတ် ပြန်ရနိုင်သည်မဟုတ်လား။

သူက ကျွမ်းကျင်အဆင့် လေမိုးကြိုးဓားသိုင်းကို ချင်ဖန်းဆီမှ ရရှိခဲ့၏။ ယခုပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိပြီးနောက် ချင်ဖန်းအား တဖန်ပြန်သင်ပေးခဲ့သည်။

“ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေးမုန့်…”

ချင်ဖန်း ရုတ်တရက် ကျေနပ်သည့်အမူအရာပြသလိုက်၏။

ထို့နောက် သူမရှင်းတာတွေကို တစ်ခုပြီးတစ်ခုမေးလိုက်သည်။

မုန့်ချန်ချင်း၏ လက်ရှိဓားပညာအဆင့်နှင့် ဤမေးခွန်းတွေကိုဖြေဖို့က အလွယ်လေးပင်။

သူက ထိုအချက်အလက်များကို ပိုမိုကျယ်ပြန့်အောင်ပင် ရှင်းပြပေးနိုင်သေးသည်။

၎င်းမှာ ချင်ဖန်းအတွက် အလွန်ကြီးမားသောလှုံ့ဆော်မှုတွေကို ပေးစွမ်းနိုင်ခဲ့သည်။

တခဏကြာသည့်အခါ ချင်ဖန်းမျက်နှာ၌ ရှင်းလင်းသည့်အမူအရာတစ်ခုပေါ်လာခဲ့သည်။

သူက လက်ချင်းဆက်ပြီး မုန့်ချန်ချင်းကို အရိုအသေပေးလိုက်သည်။

အပြုအမူကစစ်မှန်လှပြီး ရင်ထဲအသဲထဲမှ လာတာဖြစ်သည်။

“ငါ့ကို ဉာဏ်အလင်းပွင့်အောင် ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေးမုန့်။ မင်းကြောင့်သာမဟုတ်ရင် ငါ ဒီအဆင့်ကိုရောက်ဖို့ အနည်းဆုံး ၅နှစ်၊ ၆နှစ်လောက် အချိန်ယူရလိမ့်မယ်…”

“အခုတော့ နှစ်ဝက်သာ အချိန်ယူရတော့မယ်။ နောက်နှစ်ဝက်ကြာရင် ငါ သေချာပေါက် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီ…”

သူက အချို့ကို နားလည်ခဲ့သော်လည်း ထိုအရာက အချို့သာဖြစ်သည်။ မုန့်ချန်ချင်း အများအပြားရှင်းပြခဲ့သော်လည်း သူအပြည့်အဝနားမလည်နိုင်သည့် အရာများစွာရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အချိန်ပေးစဉ်းစားရအုန်းမည်ပင်။

“အကိုချင်း မင်းက ယဉ်ကျေးလွန်းနေပါပြီ။ ငါတို့က မိတ်ဆွေတွေ မဟုတ်ဘူးလား။ မိတ်ဆွေတွေကြားမှာ ဘာလို့ဒီလိုစကားတွေပြောနေမှာလဲ….”

“အနာဂတ်မှာ မင်းနားမလည်တဲ့ အရာတွေရှိနေသေးရင် အချိန်မရွေး ငါ့ဆီလာခဲ့ပါ…”

မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်သည်။

ထိုအရာကို မြင်သည့်အခါ ချင်ဖန်း အတော်လေးရင်ထဲထိသွား၏။

အတွင်းစည်း၌ နှစ်များစွာနေထိုင်ပြီးနောက် သူကပါရမီရှင်များစွာကို အမှန်တကယ်မြင်ဖူး၏။

သို့ပေမဲ့ အများစုက မောက်မာကြ၏။

သူတို့က ကောင်းကင်ရှိ တိမ်တိုက်တွေကဲ့သို့ ဖြစ်ပြီး အောက်ရှိပုံရိပ်တွေကို အရေးတယူလုပ်ကြည့်ခဲ၏။

သို့ပေမဲ့ ဤဂျူနီယာမုန့်က မတူပေ။

ဤကဲ့သို့ မြင့်မားသည့် ပါရမီ ပိုင်ဆိုင်ထားတာသိသာသော်လည်း ချဉ်းကပ်ရအလွန်လွယ်ကူနေခဲ့သည်။

သူအချိန်အတော်ကြာမဖြေရှင်းနိုင်ဖြစ်နေခဲ့သည့် သံသယတွေကို စိတ်ရှည်စွာဖြေရှင်းပေးခဲ့သည်။

အမှန်တကယ်ကို ရှားပါး၏။

ဒင်!

[နှစ်သက်မှုအဆင့် ကြယ်နှစ်လုံးသို့ တိုးတက်သွားပါပြီ]

[ရရှိသောစွမ်းရည်- ဓားခြေလှမ်း(တစိတ်တပိုင်းကျွမ်းကျင်)]

[ချက်ချင်းပေါင်းစပ်လိုပါသလား]

စနစ်၏အသံ မုန့််ချန်ချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။

“မပေါင်းစပ်သေးဘူး…”

မုန့်ချန်ချင်း ငြင်းဆန်ဖို့ ရွေးချယ်လိုက်၏။

ရှင်းပြချိန်၌ သူက ဤကိစ္စနှင့်ပတ်သက်ပြီး မျှော်လင့်မထားခဲ့ပေ။ ထိုအရာက သံသယတွေကို ဖြေရှင်းပေးရုံသာဖြစ်သည်။

မမျှော်လင့်ထားတာက ချင်ဖန်း၏ နှစ်သက်မှုက တိုက်ရိုက်ပဲ တိုးတက်သွားခဲ့သည်။

သို့ပေမဲ့ တွေးကြည့်လိုက်တော့ ထိုအရာက အဓိပ္ပာယ်တော့ရှိ၏။

သူပြောခဲ့တာအားလုံးက အနှစ်သာရတွေသာဖြစ်ပြီး ချင်ဖန်းကို သိသိသာသာတိုးတက်အောင် ကူညီပေးနိုင်၏။

ထို့ကြောင့် ချင်ဖန်း၏နှစ်သက်မှုတိုးတက်တာက အကျိုးအကြောင်းဆီလျော်တာပဲ ဖြစ်သည်။

သူက ဓားခြေလှမ်းနှင့်ပတ်သက်ပြီး မရင်းနှီးသော်လည်း ၎င်း၏နာမည်ကို ချင့်ချိန်ကြည့်လျှင် ခြေလှမ်းနည်းစနစ်တစ်ခု ဖြစ်နိုင်၏။ ထို့ပြင် သူလစ်ဟာနေသည့် သိုင်းပညာတစ်ခုလည်းဖြစ်၏။

ထိုအရာက လူတစ်ယောက် တကယ်ကိုအိပ်ချင်နေတုန်း ခေါင်းအုံးလာပေးသလိုဖြစ်ပြီး လိုအပ်နေတာကို ဖြည့်ဆည်းပေးလိုက်တာပင်။

ထို့ပြင် အတွင်းစည်းရှိ သိုင်းပညာတွေက သင်ချင်တိုင်းသင်လို့ရသည့်အရာတွေ မဟုတ်ပေ။

လေမိုးကြိုးဓားသိုင်းမှလွဲ၍ လူတစ်ယောက်က အခြားနည်းစနစ်တွေကို သင်ယူချင်လျှင် အကျိုးပြုမှတ်တွေကို သင်ယူရမည်ဖြစ်သည်။

ချင်ဖန်း ဤသိုင်းပညာလဲလှယ်ဖို့ တာဝန်အများအပြားလုပ်ခဲ့ရမည်ပင်။

သူကတော့ ဘာတာဝန်မှလုပ်စရာမလိုပဲ အကျိုးအမြတ်ရလိုက်၏။

All Chapters