← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

Chapter 85+86

~

အခန်း ၈၅+၈၆ : ဤလောကဝယ် ကူးပြောင်းလာသူ တစ်ယောက်သာ ရှိသင့်သည်

~

ဂူချန်သည် သေမင်းမျက်လုံးကို ကြည့်ရှုရန် လက်ကို မြှောက်လိုက်စဉ်မှာပင် တံခါးဆီမှ အလောတကြီး ခေါက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

တံခါးကို ဖွင့်ကြည့်လိုက်ရာ မကြာသေးမီကမှ ခွဲခွာလာခဲ့သည့် လင်းယဲ့မှတစ်ပါး အခြားသူ မဟုတ်ချေ။

သစ်သားတံခါး ပွင့်သွားသည်နှင့် လင်းယဲ့မှာ အထဲသို့ ဝင်ရန်ပင် မစောင့်နိုင်တော့ဘဲ ဂူချန်ကို တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် စိုက်ကြည့်နေ၏။ သူ၏ လေသံမှာလည်း မျှော်လင့်ချက်နှင့် ထိတ်လန့်မှုတို့ ရောယှက်နေလျက်

-

"မင်း နောက်ထပ် SSS အဆင့် သိုင်းပါရမီတစ်ခုကို

နိုးထလာပြန်ပြီလား.."

မိုင်ပေါင်းများစွာ ဝေးကွာသည့် နေရာမှပင် ထိုကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်ပေရာ ထိုကဲ့သို့သော ဖြစ်ရပ်ဆန်းမျိုးမှာ

ဧကန်မုချ SSS အဆင့် ပါရမီပင် ဖြစ်ရမည်။

အံ့ဩစရာ အကောင်းဆုံးမှာ ထိုပါရမီကို နိုးထစေသူမှာ မနေ့ကမှ SSS အဆင့် ပါရမီတစ်ခုကို နိုးထစေခဲ့သည့် ဂူချန်ပင် ဖြစ်နေ၏။

B အဆင့် ပါရမီမှ SSS အဆင့်သို့ ရုတ်ချည်း ပြောင်းလဲသွားခြင်းကိုပင် ကမ္ဘာပျက်မတတ် မကြုံစဖူး ဖြစ်ရပ်ဟု ဆိုနိုင်ပါလျှင် နှစ်ရက်အတွင်း

SSS အဆင့် ပါရမီ နှစ်ခုကို နိုးထစေခြင်းမှာမူ လောကနိယာမအားလုံးကို ဆန့်ကျင်နေသည့် ကိစ္စပင်

ဖြစ်တော့သည်။

သီအိုရီအရသော်လည်းကောင်း၊ လက်တွေ့အရသော်လည်းကောင်း

ဤသို့ ဖြစ်လာနိုင်ခြေမှာ လုံးဝ မဖြစ်နိုင်ဟုပင် သတ်မှတ်ရပေမည်။

သို့သော်လည်း ထိုကဲ့သို့ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်ရပ်မှာ သူ၏ မျက်စိရှေ့မှောက်တွင်ပင် ရုတ်တရက် ဖြစ်ပျက်ခဲ့လေပြီ။

လင်းယဲ့မှာ အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သော်ငြားလည်း ထိုအခိုက်အတန့်တွင်မူ အလွန်အမင်း အံ့အားသင့်သွားရသဖြင့် စိတ်ကို မနည်း ထိန်းချုပ်နေရရှာသည်။

"အင်း.."

ဂူချန်က ပေါ့ပေါ့ပါးပါးပင်

ခေါင်းညိတ်ပြလိုက်၏။

' ဒီ သောက်ဖန်လုံးကလည်း အာရုံခံတာ ကောင်းလိုက်တာ..'

မည်သို့ပင်ဖြစ်စေ ဤသည်မှာ အရေးမကြီးလှပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ တိုးတက်မှုနှုန်းမှာ မည်သူမဆို စိတ်ကူးယဉ်နိုင်သည်ထက်ပင် သာလွန်နေသောကြောင့် ဖြစ်၏။

တစ်နေ့လျှင် အဆင့်တစ်ခု တိုးတက်နေသည့် SSS အဆင့် ပါရမီ အနည်းငယ် ပိုရှိနေခြင်းက ဘာများ ထူးဆန်းနေဦးမည်နည်း။

"တကယ်ပဲ SSS အဆင့် ပါရမီ နှစ်ခုပါလား.."

လင်းယဲ့မှာ မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာတစ်ခုလုံး နီမြန်းလျက် အခန်းအတွင်း ဟိုမှသည် လျှောက်သွားနေသည်မှာ မျောက်တစ်ကောင်ကဲ့သို့ပင် စိတ်လှုပ်ရှားနေချေ​သည်။

SSS အဆင့် ပါရမီ နှစ်ခုဆိုသည်မှာ

မည်သူ့ကိုမဆို ပြောပြလျှင် နောက်ပြောင်နေသည်ဟုသာ ထင်ကြပေလိမ့်မည်။

အံ့ဩစရာပင်။ တောင်ပိုင်းမဟာမိတ်အဖွဲ့ကို ထားလိုက်ဦး၊ တစ်ခုလုံးသော လူသားမဟာမိတ်အဖွဲ့တွင်ပင် ဤကဲ့သို့သောသူမျိုး ရှိလိမ့်မည် မထင်။

ဤကဲ့သို့ ပါရမီရှင်မျိုးမှာ အနာဂတ်တွင် ဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်သည် ။

တောင်ပိုင်းမဟာမိတ်အဖွဲ့၏ မျှော်လင့်ချက်ဆိုသည့် ပါရမီရှင်မှာ အဓိပ္ပာယ်မရှိတော့ပေ ။ လင်းပေ့ဆိုသည့် အမှိုက်က ဂူချန်နှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ပြန်ရောက်လျှင် လင်းပေ့ကို ဂူချန်အား အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုခိုင်းရမည်။

အချိန်အတော်ကြာ လျှောက်သွားပြီးနောက်တွင်မှ လင်းယဲ့မှာ အနည်းငယ် စိတ်တည်ငြိမ်သွားကာ ဝတ်ရုံအတွင်းမှ အနက်ရောင် လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး ဂူချန်အား နှမြောတသစွာဖြင့် ကမ်းပေးလိုက်ကာ..

"ဒါက ရှားပါးတဲ့ ရတနာတစ်ခုပဲ။

မင်းအနေနဲ့ အဲဒီနေရာရဲ့ မူလပုံစံကို မှတ်မိနေသရွေ့ မိုင်ပေါင်း တစ်သောင်းအတွင်း ဘယ်နေရာကိုမဆို

ချက်ချင်း ကူးပြောင်းသွားနိုင်တယ်။ ဒီစွမ်းအားကိုလည်း အချိန်မရွေး အသုံးပြုလို့ ရတယ်.."

"ဒါပေမဲ့ တစ်ခါသုံးပြီးတိုင်း

စွမ်းအင် ပြန်ဖြည့်ဖို့ တစ်လလောက် စောင့်ရလိမ့်မယ်.."

"ဒီလက်စွပ်သာ ရှိရင် အဆင့်ခုနစ်

ပညာရှင်တစ်ယောက်က မင်းကို လာသတ်ရင်တောင် ဘေးကင်းကင်းနဲ့ ထွက်ပြေးနိုင်မှာပါ.."

လက်စွပ်မှာ အလွန် အဖိုးတန်သော်လည်း လင်းယဲ့မှာမူ တွန့်ဆုတ်ခြင်းမရှိဘဲ ပေးအပ်လိုက်ခြင်း ဖြစ်၏။ အနာဂတ်တွင် လောက၏ ထိပ်သီးပညာရှင်

ဖြစ်လာမည့် တပည့်တစ်ယောက်နှင့် နှိုင်းယှဉ်လျှင် ဤရှားပါးရတနာမှာ ဘာမျှ မဟုတ်ချေ။

"ကျေးဇူးတင်ပါတယ်.."

ဂူချန်၏ မျက်လုံးများမှာ တောက်ပသွားကာ အလကားရသည့် ပစ္စည်းကို ငြင်းပယ်စရာ အကြောင်းမရှိဟူသော စိတ်ဖြင့်ပင် လက်ခံလိုက်တော့သည်။

မိုင်တစ်သောင်းအတွင်း ကူးပြောင်းနိုင်သည့် ရတနာမှာ အဆင့် ၇ တာအိုလက်နက်တစ်ခုကဲ့သို့ပင် တန်ဖိုးရှိပေလိမ့်မည်။

လင်းယဲ့မှာ သူ၏ တပည့်သစ်အတွက် အမှန်တကယ်ပင်

ရင်းနှီးမြှုပ်နှံနေခြင်း ဖြစ်ပုံရ၏။

' လင်ပေ့ ဆိုတဲ့ တစ်ယောက်နဲ့ တွေ့ရင် နဲနဲ အလျော့ပေးပြီး အသက်ချမ်းသာ ပေးလိုက်ပါ့မယ်.. '

ဂူချန် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး...

‘’ဟူး...ငါလေးက တကယ်ကို လူကောင်းလေးတစ်ယောက်ပါလား..’

မိမိကိုယ်မိမိပင် ကြင်နာတတ်သူဟု

ထင်မှတ်ကာ ကြည်နူးနေမိတော့သည်။

လင်းယဲ့ကို ပြန်လွှတ်လိုက်ပြီးနောက်

ဂူချန်သည် သိုင်းစာမေးပွဲ သရုပ်ဖော်မှု ပြီးဆုံးသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။

ထို့နောက်တွင်မူ အခြားသူများက သူ့အကြောင်းကို မည်သို့ပင် ပြောဆိုနေကြပါစေ၊ အင်တာနက်ပေါ်တွင် မည်မျှပင် ဆူညံနေပါစေ၊ သူသည် အထူးယာဉ်ကို

စီးနင်းကာ ချင်းဟယ်မြို့အခြေစိုက်သို့ တိတ်တဆိတ် ပြန်လာခဲ့လေသည်။

ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းလမ်းကို ကျင့်ကြံရန်နှင့် အဆင့်တက်လှမ်းရန်သာ အာရုံရောက်နေသဖြင့်

အခြားကိစ္စများကို ဂရုမစိုက်လိုတော့ချေ။

နံနက်စောစောတွင် ဂူချန်သည် အိမ်သို့ ပြန်ရောက်လာပြီး လုဖန်ကို စောင့်ကြည့်နေသည့် အသေခံအစောင့်နှင့် ချက်ချင်း တွေ့ဆုံလိုက်သည်။

ဂူချန်က ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း အေးစက်သော လေသံဖြင့်...

"ဘယ်လိုလဲ.."

အနက်ရောင်ဝတ် အသေခံအစောင့်သည် ချက်ချင်းပင် ဒူးတစ်ဖက် ထောက်လိုက်ကာ ရိုသေစွာ ပြန်လည် ဖြေကြားလေသည်။

"သခင်လေး.. အဲဒီ လုဖန်က အစပိုင်းမှာတော့ တော်တော်လေး ခေါင်းမာနေခဲ့ပေမဲ့ နှိပ်စက်ညှဉ်းပန်းလိုက်တဲ့အခါမှာတော့ သူရဲ့ မူလကမ္ဘာက တိုက်ခိုက်ရေး နည်းစနစ်တွေကို ထုတ်ပြောလာပါတယ်.."

"အခုအချိန်အထိ သူက တိုက်ခိုက်ရေး

နည်းစနစ် ခုနစ်ခုကို အပြည့်အစုံ ပြောပြထားပါတယ်။ အားလုံးကို စစ်ဆေးပြီးပါပြီ။ အဲဒီထဲက

နှစ်ခုက သခင်လေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေပါတယ်.."

ထိုသို့ ပြောဆိုပြီးနောက်... အသေခံအစောင့်က သူကူးယူထားသည့် သိုင်းကျမ်း နှစ်စောင်ကို ထုတ်ယူကာ ဂူချန်ထံသို့ ကမ်းပေးလိုက်၏။

ဂူချန်သည် ထိုကျမ်းနှစ်စောင်ကို

ယူလိုက်ပြီး စိတ်ထဲမှ စနစ်မျက်နှာပြင်ကို ခေါ်ယူလိုက်ရာ ကျင့်စဥ်များနှင့် ပတ်သက်သည့် အချက်အလက်များ

ချက်ချင်း ပေါ်ထွက်လာတော့သည်။

[ကောင်းကင်အဆင့် တိုက်ခိုက်ရေး နည်းစနစ်

(S) - ရွှေကျီးကန်း ခန္ဓာကိုယ် သန့်စင်ခြင်းကျင့်စဥ် ]

[မြေကမ္ဘာအဆင့် တိုက်ခိုက်ရေး နည်းစနစ်

(A) - ချော်ရည်သားရဲ ခြေလှမ်း ကျင့်စဥ်]

စနစ်၏ ဆုံးဖြတ်ချက်ကို ကျော်ဖြတ်နိုင်သည်ဆိုကတည်းက

ဤကျင့်စဉ်များမှာ ပြဿနာမရှိသည်မှာ သေချာပေသည်။

ကောင်းကင်အဆင့်နှင့် မြေကမ္ဘာအဆင့်ဟူသော ခွဲခြားမှုမှာမူ သူတို့ကမ္ဘာတွင် အသုံးပြုသည့် အခေါ်အဝေါ်များသာ ဖြစ်ပေလိမ့်မည်။

"နောက်ဆုံးတော့ ငါ အဆင့်လေးကို

တက်လှမ်းနိုင်ပြီပေါ့.."

ဂူချန်သည် စိတ်ထဲမှ အနည်းငယ် ဝမ်းသာသွားမိ၏။

သူသည် အဆင့်သုံး၏ အထွတ်အထိပ်တွင်

တစ်ရက်၊ နှစ်ရက်ခန့် ကြာအောင် ရပ်တန့်နေခဲ့ရပေရာ ဤမျှကြာအောင် ပိတ်မိနေခြင်းမှာ အမှန်တကယ်ပင်

စိတ်မသက်မသာ ဖြစ်ရပေသည်။

အခြားသူများမှာ နှစ်ပေါင်းများစွာ

သို့မဟုတ် ဆယ်စုနှစ်ချီ၍ ပိတ်မိနေတတ်သော်လည်း သူ၏အမြင်တွင်မူ တစ်ရက်၊ နှစ်ရက်ဆိုသည်မှာပင်

အလွန် ကြာမြင့်နေပြီ ဖြစ်၏။

သို့သော်လည်း ထိုသို့ မလုပ်ဆောင်မီတွင် ဖြစ်လာနိုင်ခြေရှိသည့် ခြိမ်းခြောက်မှုများကို အမြစ်ပြတ် ရှင်းလင်းပစ်ရပေမည်။

ဂူချန်က ချက်ချင်း ထရပ်ကာ လျှို့ဝှက်အခန်းဆီသို့ လျှောက်လှမ်းသွားပြီးနောက် လုဖန်ကို ချုပ်နှောင်ထားသည့် အကျဉ်းခန်းသို့ ရောက်ရှိသွားတော့သည်။

ဂျောက်ခနဲ အသံနှင့်အတူ မှိန်ဖျော့ဖျော့ မီးရောင်များ ပွင့်လာကာ လုဖန်၏ ပင်ပန်းနွမ်းနယ်ပြီး ဖြူဖျော့နေသည့် မျက်နှာကို ထင်ဟပ်စေ၏။

မှောင်မည်းနေသည့် နေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသဖြင့် သူသည် အမှောင်ထုနှင့် ကျင့်သားရနေခဲ့ပြီ ဖြစ်သော်လည်း ယခုကဲ့သို့

ရုတ်တရက် လင်းထိန်လာသည့်အခါတွင်မူ လန့်နိုးသွားသည်။

သူသည် စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းနေပြီးနောက်

မျက်ခွံများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

ဂူချန်ကို မြင်လိုက်ရသည့်အခါတွင်မူ

သူ၏ အသက်မဲ့နေသော မျက်လုံးများထဲ၌ မျှော်လင့်ချက် အရိပ်အယောင်များ ဖြတ်ပြေးသွားကာ အက်ရှရှ

လေသံဖြင့် ..

"သခင်... သခင်ကြီးဂူ... ကျွန်တော်...

ခိုင်းတာမှန်သမျှ... အကုန်လုပ်ပေးခဲ့ပြီးပါပြီ... ကျွန်တော့်အသက်ကို... ချမ်းသာပေးပါ...

သခင်ကြီးရဲ့... ခွေးတစ်ကောင်အဖြစ်... နေခွင့်ပေးပါ..."

သူ၏ အကြည့်များမှာ အသနားခံနေပုံရပြီး ကျန်ရှိနေသည့် အင်အားအားလုံးကို စုစည်းကာ ပြောဆိုနေခြင်းပင်။

စကားအဆုံးတွင်မူ သူသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်ကာ သွေးစများ ပါဝင်သည့် တံတွေးများကို ထွေးထုတ်လိုက်ရ၏။

ထိုသည်ကို မြင်သောအခါ ဂူချန်၏ မျက်နှာတွင် နူးညံ့သည့် အပြုံးတစ်ခု ပေါ်လာကာ ..

"ဒါပေါ့... ငါ ဒီကို လာတာကလည်း မင်းကို လွှတ်ပေးဖို့ပဲလေ.."

သူက လက်ဝှေ့ယမ်းလိုက်ရာ ဘေးနားရှိ အသေခံအစောင့်မှာ ရှေ့သို့ တိုးလာပြီး လုဖန်၏ ခြေလက်များတွင် ရိုက်ထားသည့် သံမှိုများကို ဖယ်ရှားကာ သံခြေချင်းများကိုလည်း ဖြုတ်ပေးလိုက်တော့သည်။

ဘုတ်ခနဲ အသံနှင့်အတူ လုဖန်မှာ သစ်သားစင်ပေါ်မှ ကြမ်းပြင်ပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားလေသည်။

နာကျင်နေသော်လည်း သူ၏ မျက်လုံးများထဲတွင်မူ ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လွင်နေသည် ။

'ငါ အသက်ရှင်ပြီ..'

'ငါ နောက်ဆုံးတော့ အသက်ရှင်ပြီ..'

'ငါ နောက်ထပ် ဒုက္ခခံစရာ မလိုတော့ဘူး..'

'ဂူချန်... မင်း စောင့်နေလိုက်..'

'အခုတော့ ငါ ဒီအရှက်ကွဲမှုကို သည်းခံထားမယ်။ ငါ့ရဲ့ မူလခွန်အား ပြန်ရတာနဲ့ ငါခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် မင်းကို အဆပေါင်း ရာချီပြီး ပြန်ပေးဆပ်ခိုင်းစေရမယ်..'

ဖောင်းခနဲ အသံနှင့်အတူ လုဖန်၏ မျက်လုံးထဲမှ ပျော်ရွှင်မှုများမှာ ပျောက်ကွယ်သွားကာ သူ၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားတော့သည်။

သွေးစများမှာ နေရာအနှံ့သို့ လွင့်စင်သွားကာ အကျဉ်းခန်းအတွင်း သွေးအိုင်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

[ပိုင်ရှင်သည် နယ်လွန်မိစ္ဆာအား

အကျဉ်းကျခံနေရခြင်းမှ ကယ်တင်ပေးခဲ့ပြီး နောင်အနာဂတ်တွင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများ

မခံစားရစေရန် လုပ်ဆောင်ပေးခဲ့သဖြင့် စေတနာအမှတ်များ +၅၀၀ ရရှိပါသည်]

ဂူချန်သည် သူ၏ ခြေထောက်ကို လုဖန်၏ ခေါင်းမရှိတော့သည့် အလောင်းပေါ်တွင် နင်းလိုက်ပြီး လှောင်ပြောင်သံဖြင့် ..

"မင်းကတော့ တကယ်ကို သင်ခန်းစာ

မရသေးပါလား.."

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလော။

အိမ်နှင့် ဝေးရာသို့ ရောက်နေချိန်တွင် ဇာတိတူခြင်း တွေ့ရသည်မှာ အဆိုးဆုံးပင် ဖြစ်၏။

ကူးပြောင်းလာသူများအတွက်လည်း ထိုနည်းတူပင်။

နယ်လွန်မိစ္ဆာတစ်ယောက်တွင် မည်သူမျှ မခန့်မှန်းနိုင်သည့် စွမ်းရည်များ ရှိနေနိုင်ပေရာ သူ အသက်ရှင်နေသရွေ့ အန္တရာယ်မှာ ပိုမို ကြီးမားလာပေလိမ့်မည်။

မိမိ လိုချင်သည့်အရာကို ရရှိပြီးပြီ

ဖြစ်သောကြောင့် သူ့ကို ဆက်လက် အသက်ရှင်ခွင့် ပေးထားရန် မလိုအပ်တော့ချေ။

ဤလောကဝယ် ကူးပြောင်းလာသူတစ်ယောက်သာ ရှိသင့်ပေသည်။

All Chapters