← Chapters

အခန်း (၅၄၂၆-၅၄၃၀)

Vol. 275 Ch. 5426-5430

အခန်း (၅၄၂၆-၅၄၃၀)

Vol. 275 Ch. 5426-5430

Chapter 5426

"ဒီအရာရှိ လွီသိုင်းက အရှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်..."

အာရုံငါးပါးဘုရင်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ လုယွီကို ကျေးဇူးတင်စကား ပြောဆိုလိုက်၏။

သူ၏ ယခင်ဘဝတွင် လုယွီသည် လွီမိသားစုဝင် ငါးဆယ့်ကိုးဦးကို ကယ်တင်ခဲ့သည်။ ယခုအချိန်၌ လုယွီသည် နောက်တစ်ကြိမ် လှုပ်ရှားခဲ့ပြီး လွီမိသားစုအတွက် ပုန်းကွယ်နေသော မကောင်းဆိုးရွားကျင့်ကြံသူ များကို ဖယ်ရှားပေးခဲ့သည်။ ဤကျေးဇူးတရားကို သူ ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည် မဟုတ်ချေ။

ကောင်းကင်ဘုံနယ်မြေတွင် နေထိုင်ခဲ့ဖူးသူတိုင်း မကောင်းဆိုးရွားကျင့်ကြံသူများသည် မည်သည့်အရာဖြစ်ကြောင်း သိကြပေ၏။ ဤလူများသည် အောက်ခြေအဆင့်မရှိဘဲ မည်သည့်အရာကိုမဆို ပြုလုပ်ကြပေမည်။ ဤလူများကို တော်ဝင်အိမ်တော်အတွင်း ရောနှောနေခွင့်ပြုခြင်းက အချိန်မရွေး ထိုးစိုက်ရန် အသင့်ဖြစ်နေသော ထက်ရှသည့် ဓားတစ်ချောင်းကို သူ၏ခုတင်ဘေးတွင် ထားရှိခြင်းနှင့် တူညီနေသည်။

"မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး... ငါက အခြေအနေအရ လုပ်ပေးလိုက်တာပါ... ကောင်းပြီလေ... မင်း သွားလို့ရပြီ..."

လုယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

လုယွီ၏အမူအယာကို ကြည့်ရလျှင် သူ၏စိတ်နေစိတ်ထားသည် အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် အနည်းငယ်မျှပင် လှုပ်ခတ်သွားပုံ မရှိချေ။

"ဒီအရာရှိကို သွားခွင့်ပြုပါ..."

အာရုံငါးပါးဘုရင် သည် သူ၏သမီးကို ပွေ့ဖက်ပြီး အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

ထို့နောက် သူသည် တစ်ချက်လွှတ်အမိန့်တစ်ခုကို ထုတ်ပြန်လိုက်၏။ သူ၏ခွင့်ပြုချက်မရှိဘဲ လုယွီ နေထိုင်သော ခြံဝင်းအနီးသို့ မည်သူမျှ ချဉ်းကပ်ခွင့် မရှိချေ။ ထိုအမိန့်အား မလိုက်နာသော မည်သူမဆို ကွပ်မျက်ခြင်း ခံရပေမည်။

ယခုအချိန်တွင် ခြံဝင်းအတွင်း၌ အာရုံငါးပါးဘုရင် မကြာသေးမီက ခေါ်ယူထားသော အစေခံအရှင် နေထိုင်ကြောင်း လူများအားလုံး သိရှိထားပြီး ဖြစ်၏။ အသစ်ရောက်လာသော အစေခံအရှင်တစ်ဦးက ဤမျှထိ ကြီးမားသော ဂုဏ်ပြုမှုကို ရရှိခြင်းအပေါ် လူအများက သံသယဝင်နေကြသည်။ သို့ရာတွင် အာရုံငါးပါးဘုရင်က စကားပြောဆိုခဲ့ပြီးဖြစ်သဖြင့် မည်သူကမျှ မနာခံဘဲ မနေဝံ့ကြချေ။

အာရုံငါးပါးဘုရင် ထွက်ခွာသွားသည်ကို မြင်သောအခါ လုယွီ၏ အကြည့်သည်လည်း တဖြည်းဖြည်း နောက်ဆုတ်သွားပေသည်။

"သက်စောင့်စိတ်ဝိညာဉ် မီးအိမ်... စတင်စမ်း..."

လုယွီ၏အတွေးတစ်ချက်နှင့်အတူ တံခါးသည် ချက်ချင်းပိတ်သွားလေ၏။

သက်စောင့်စိတ်ဝိညာဉ် မီးအိမ်ခုနစ်ခုသည် တပြိုင်နက်တည်း လောင်ကျွမ်းသွားပြီး မီးတောက်များ တောက်ပလာကာ လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာမဟာတာအိုသည် ပတ်ဝန်းကျင်တွင် လှည့်ပတ်နေတော့သည်။

...

အာရုံငါးပါးဘုရင်သည် သူ၏သမီးကို ပြန်ခေါ်လာပြီးနောက် တော်ဝင်အိမ်တော်တွင် နေထိုင်သော သမားတော်ကို ချက်ချင်းဆင့်ခေါ်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် လုကျိရန်သည် ထိတ်လန့်ပြီး ရုတ်တရက် သတိလစ်သွားခြင်းသာဖြစ်သည်။ အပ်စိုက်ကုသမှု တစ်ကြိမ် ပြုလုပ်ပြီးနောက် လုကျိရန်က ဖြည်းညှင်းစွာ နိုးထလာခဲ့သည်။

"အဖေ..."

လုကျိရန်သည် ဖြည်းညှင်းစွာ သတိပြန်လည်လာပြီး အနီးအနားရှိ အာရုံငါးပါးဘုရင်ကို မြင်တွေ့ချိန်၌ ရုတ်တရက် ငိုကြွေးလိုက်၏။

နတ်ဘုရားနဂါးဟိန်းသံ၏ စွမ်းအားသည် သေးငယ်သော ကိစ္စတစ်ရပ် မဟုတ်ချေ။ ထိုအရာသည် ဤလောကတွင် အစွမ်းထက်ဆုံးနှင့် အနက်ရှိုင်းဆုံးသော အစစ်အမှန် နဂါးဟိန်းသံ ဖြစ်ပြီး လူတစ်ဦး၏အာရုံကြောများအပေါ် ကြီးမားသော သက်ရောက်မှုအား ဖြစ်စေသည်။

ခိုင်မာသော စိတ်ဆန္ဒရှိသည့် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုကဲ့သို့ ဟိန်းဟောက်သံကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ ချမ်းသာသော မိသားစုမှ နုနယ်သော အမျိုးသမီးငယ်တစ်ဦးအတွက်ဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။

အာရုံငါးပါးဘုရင်ကို မြင်တွေ့ရချိန်တွင် လုကျိရန်သည် ချက်ချင်းဆိုသလိုပင် အားကိုးရာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

"အဖေ... မကြာသေးခင်ကမှ အဖေ ခေါ်ထားတဲ့ အဲ့ဒီအစေခံအရှင်ကို လုံးဝ မယုံသင့်ဘူး... သူက လူဆိုးတစ်ယောက်ပဲ... ခုဏကတောင် သူက ကျွန်မကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့သေးတယ်... အား... ကျွန်မ အခု မှတ်မိပြီ... သူက ကျွန်မကို တိုက်ခိုက်ခဲ့တာ သေချာတယ်... အဖေ... အဖေက သူ့ကို လုံးဝအလွတ်မပေးသင့်ဘူး..."

လုကျိရန်သည် စိုးရိမ်ပူပန်စပြုလာပြီး သူမ၏မျက်ရည်များ ထပ်မံ၍ ကျဆင်းလာသည်။

သူမသည် နတ်ဘုရားနဂါးဟိန်းသံကြောင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ယခုအချိန်အထိ ပြန်တွေးကြည့်ရုံဖြင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေဆဲပင်။

အာရုံငါးပါးဘုရင်က အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။

"အမှန်အတိုင်း ပြောစမ်း... အနောက်ဘက်ခြံဝင်းကို မင်း ဘာလို့ သွားတာလဲ..."

လုကျိရန်သည် နှုတ်ခမ်းဆူကာ အနည်းငယ် မကျေမနပ်ဖြစ်သွားလေ၏။

"အဖေ... ကျွန်မက ဒဏ်ရာရနေတာလေ... ကျွန်မအတွက် မစိုးရိမ်သင့်ဘူးလား..."

"ပြောစမ်း... အဲ့ဒီကို ဘာလို့ သွားတာလဲ..."

အာရုံငါးပါးဘုရင်က ရုတ်တရက် အသံမြှင့်လိုက်သည်။

လုကျိရန် ထိတ်လန့်သွားသည်။ အာရုံငါးပါးဘုရင်သည် အလွန်အလေးအနက်ထားနေသည်ကို မြင်တွေ့ချိန်၌ သူမက တီးတိုးပြောဆိုလိုက်သည်။

"ရှောင်တျဲ့က ကျွန်မကို ပြောတာ... သူက မကြာသေးခင်က ဘုရင်ကို အစေခံအရှင်တစ်ယောက်က လမ်းလွဲအောင် လုပ်နေပြီးတော့ ကျွန်မတို့မိသားစုရဲ့ကျေးဇူးရှင်နေခဲ့တဲ့ အိမ်မှာတောင် နေနေတယ်လို့ ပြောတယ်... ကျွန်မက ဒေါသထွက်ပြီးတော့ သူနဲ့ အကျိုးအကြောင်း သွားပြောပြချင်လို့ပါ..."

ရှောင်တျဲ့သည် မကောင်းဆိုးရွားကျင့်ကြံသူမှ ရုပ်ဖျက်ထားသော အစေခံမလေး၏အမည်ပင်။

အာရုံငါးပါးဘုရင်သည် နာကျင်စွာဖြင့် သူ၏မျက်လုံးများကို စုံမှိတ်လိုက်၏။

အချိန်အတော်ကြာပြီးနောက် အာရုံငါးပါးဘုရင် က သက်ပြင်းချလိုက်သည်။

"မင်းက ဝက်ဝံခံတပ်ကို သွားပြီး အမြဲတမ်း လေ့ကျင့်ချင်နေတာ မဟုတ်ဘူးလား... ငါ သဘောတူတယ်... တပ်တွေကိုခေါ်ပြီး ဝက်ဝံခံတပ်ကို အခုချက်ချင်းသွားတော့..."

"ဘာ... အဖေ... ကျွန်မ အပြင်ထွက်ပြီး လေ့ကျင့်ဖို့ အဖေက တကယ်ကြီး သဘောတူလိုက်တာလား..."

လုကျိရန်သည် အလွန်အမင်း ဝမ်းသာသွားပေ၏။

သူမသည် အပြင်ထွက်၍ သူမကိုယ်သူမ သက်သေပြချင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အာရုံငါးပါးဘုရင်သည် သူမကို နည်းလမ်းပေါင်းစုံဖြင့် တားမြစ်ထားခဲ့သည်။ သူ၏သမီးကို အဝေးသို့သွားပြီး ဒုက္ခခံစေရန် သူ မည်သို့ ရက်စက်နိုင်မည်နည်း။

"သွား... အခုချက်ချင်း ထွက်သွား... မင်းလည်း ကြီးပြင်းလာပြီပဲ... တကယ်လို့ ဒီဘုရင်က မင်းကို အခု ကာကွယ်ထားမယ်ဆိုရင် အနာဂတ်မှာ မင်းကို ဒုက္ခပေးသလို ဖြစ်လိမ့်မယ်..."

အာရုံငါးပါးဘုရင်သည် နာကျင်စွာဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

...

တစ်ချိန်တည်းမှာပင် စတုတ္ထနယ်မြေရှိ တောင်ကြားတစ်ခုတွင်...

ဆယ်နှင့်ချီသော အနက်ရောင်ပုံရိပ်များသည် မှော်လက်နက်များကို ထိန်းချုပ်ကာ ကြယ်တာရာကောင်းကင်ယံကို အလွန်အမင်း ပြင်းထန်သောအရှိန်ဖြင့် ဖြတ်သန်းသွားကြ၏။

သို့သော် ခေါင်းဆောင်ဖြစ်သူက တောင်ထိပ်တစ်ခုပေါ်သို့ ရုတ်တရက် ဆင်းသက်လိုက်၏။ သူ၏ခေါင်းစွပ်သည် လေကြောင့် လန်သွားသဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏မျက်နှာ ပေါ်လွင်သွားသည်။

သရဲတစ္ဆေစစ်သူကြီး... ကျန်းချီဖုန်း...

"ချီဖုန်း... ဘာဖြစ်လို့လဲ..."

သူ၏နောက်မှ အနက်ရောင်ပုံရိပ်တချို့သည် တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြ၏။ သူတို့အနက်မှတစ်ဦးက ရှေ့သို့ တိုးလာရာ သူမသည် ကျန်းမိသားစု၏ သရဲတစ္ဆေစစ်သူကြီးတစ်ယောက်ဖြစ်သော ကျန်းဟုန်ကျူးပင်။

"တော်ဝင်အိမ်တော်မှာ ငါ ချထားတဲ့ နယ်ရုပ်တွေ ရှင်းလင်းခံလိုက်ရပြီ..."

ကျန်းချီဖုန်း၏မျက်လုံးများတွင် သွေးရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

Chapter 25427

"မဖြစ်နိုင်တာ... အဲ့ဒီနယ်ရုပ်တွေကို သေသေချာချာ ဖုံးကွယ်ထားတာလေ... နှစ်ပေါင်းများစွာကြာအောင် ရှာမတွေ့ခဲ့တာကို ဒီနေ့ ဘယ်လိုလုပ်ပြီးတော့ အမှားအယွင်း ဖြစ်သွားရတာလဲ..."

ကျန်းဟုန်ကျူးသည် အလွန်အမင်း အံ့အားသင့်သွားပေ၏။

ဤနယ်ရုပ်များသည် အရေးမပါသော်လည်း အကယ်၍ ရည်ရွယ်ချက်ရှိသော တစ်စုံတစ်ဦးက သူတို့၏နောက်ကွယ်တွင် ရှိနေသူများကို ရှာတွေ့သွားလျှင် အကျိုးဆက်များက မှန်းဆ၍ မရနိုင်လောက်အောင် ဆိုးရွားပေလိမ့်မည်။

"ကိစ္စမရှိပါဘူး... အဲ့ဒီလူတွေကို ငါက သွယ်ဝိုက်ပြီး စီစဉ်ထားတာ... သူတို့က ငါတို့ဆီကို ဘယ်လိုမှ ပြန်ခြေရာခံလို့ မရနိုင်ဘူး..."

ကျန်းချီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

"ဒါပေမဲ့ ငါတို့က သတိလက်လွတ်နေလို့ မရဘူး... ဒီနယ်ရုပ်တွေကို ရှင်းလင်းလိုက်တာနဲ့ တော်ဝင်အိမ်တော်အတွင်းက အာရုံငါးပါးဘုရင် ကိုစောင့်ကြည့်ဖို့က သေချာပေါက် ပိုခက်ခဲလာလိမ့်မယ်... အနာဂတ်မှာ သူ့ကို ကြိုးကိုင်ဖို့ ပိုပြီးခက်ခဲလာနိုင်တယ်..."

အကယ်၍ ဤစကားများသာ ပြင်ပသို့ ပျံ့နှံ့သွားပါက ဂုဏ်သရေရှိသော တော်ဝင်အိမ်တော်၏ အကြီးအကဲချုပ်သည် မကောင်းဆိုးရွားကျင့်ကြံသူကို ဖုံးကွယ်ထားသော နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမိမည် မဟုတ်ချေ။

ဤသည်ကို "မီးအိမ်အောက်က အမှောင်ထု" ဟု ခေါ်ဆိုခြင်း ဖြစ်ပေ၏။

"အဲ့ဒါက ဘာအရေးပါလို့လဲ... သူတို့ကို စုံစမ်းစစ်ဆေးခိုင်းလိုက်... စတုတ္ထနယ်မြေက အနှေးနဲ့အမြန် ပြိုလဲပျက်စီးတော့မှာ... ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ ထွက်သွားတာ ပိုကောင်းမယ်..."

ကျန်းဟုန်ကျူးသည် ဂရုမစိုက်ဘဲ ပြောဆိုလိုက်ရာ သူမ၏ အိုမင်းနေသော မျက်နှာအောက်မှ ကြမ်းတမ်းသော အက်ရှရှအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

သူမ၏နံဘေးရှိ အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားသည် မလှုပ်မယှက် မတ်တတ်ရပ်နေပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ စောင့်ကြပ်နေပေ၏။ သူတို့အားလုံးသည် ကျန်းမိသားစုက လေ့ကျင့်ပေးထားသော အသေခံကြေးစား ကျင့်ကြံသူများ ဖြစ်ကြပြီး လျှို့ဝှက်ချက်များကို ဖွင့်ဟပြောဆိုမည် မဟုတ်ချေ။

"ကောင်းပြီ... ဘာပဲဖြစ်ဖြစ် အာရုံငါးပါးဘုရင် က ငါ့ကို ကောင်းကောင်း ဆက်ဆံခဲ့တော့ ငါက အစပိုင်းမှာ နည်းနည်းတုံ့ဆိုင်းနေခဲ့တာ... ဒါပေမဲ့ အခု ဒီဖုံးကွယ်ထားတဲ့ ဝှက်ဖဲက ပေါ်သွားပြီဆိုတော့ ငါတို့ကျန်းမိသားစုက စတုတ္ထနယ်မြေမှာ ဆက်နေဖို့ မလိုတော့ဘူး..."

ကျန်းချီဖုန်း၏မျက်လုံးများတွင် ဆိုးညစ်သော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

သူ၏ခါးတွင် ငွေရောင်တံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားပြီး ထိုအရာ၏ပုံစံသည် ဘုရင်အမိန့်ပေး ရွှေတံဆိပ်ပြားနှင့် အနည်းငယ် ဆင်တူသော်လည်း ပစ္စည်းမှာ အလွန်ကွာခြားလှသည်။

ငွေရောင်တံဆိပ်ပြားပေါ်တွင် ငရဲနယ်မြေ၏ အက္ခရာဖြင့် စာလုံးတချို့ကို ရေးထွင်းထားပေ၏။ ဤသည်မှာ 'ဝက်ဝံခံတပ် တပ်ရင်းမှူး'ပင်။

လီတစ်သောင်း ရှည်လျားသော ဝက်ဝံခံတပ် သည် စတုတ္ထနယ်မြေ၏ အရေးကြီးသော ခံစစ်စည်းဖြစ်ပြီး ယန်မိသားစုကို ကာကွယ်ရန် အဓိကအင်အားစု ဖြစ်ပေ၏။

ကျန်းချီဖုန်းသည် တာဝန်ကို သူ၏သဘောဆန္ဒအရ တောင်းဆိုခဲ့ပြီး အာရုံငါးပါးဘုရင်ကလည်း ငြင်းဆန်၍ မရနိုင်ခဲ့ချေ။ ခံတပ်တွင် တပ်စွဲရသည့် ဤအရေးကြီးသော ရာထူးမှာ နောက်ဆုံးတွင် ကျန်းချီဖုန်း၏လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

"ငရဲနယ်မြေမှာ အရာအားလုံးက ခွန်အားအပေါ် အခြေခံတာပဲ... အာရုံငါးပါးဘုရင်... အခု မင်းက ခေါင်းမကြည်မလင်ဖြစ်ပြီး အပုပ်ချစကားတွေကို နားထောင်နေတော့ မင်း ငါ့ကို အပြစ်တင်လို့ မရဘူး..."

ကျန်းချီဖုန်း၏မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ထင်ဟပ်လာသည်။

...

အာရုံငါးပါးဘုရင် အိမ်တော် အတွင်း၌ တင်းကြပ်သော စစ်ဆေးမှုတစ်ခုကို ပြုလုပ်နေပေ၏။

စတုတ္ထငရဲနယ်မြေမှ ရွေးချယ်ထားသော ထိပ်တန်းကျင့်ကြံသူများသည် တော်ဝင်အိမ်တော်အတွင်းရှိ အဖွဲ့ဝင်များကို တစ်ဦးချင်း စစ်ဆေးမှုများ ပြုလုပ်နေကြသည်။ ဤသည်မှာ နံနက်စောစောကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တော်ဝင်အိမ်တော်တစ်ခုလုံး အလွန်စည်ကားပြီး ဆူညံပွက်လောရိုက်နေသည်။

သို့သော် ဤအရာများအနက်မှ တစ်ခုမျှ လုယွီကို မသက်ရောက်ခဲ့ချေ။

တော်ဝင်အိမ်တော်၏ အနောက်ဘက်ခြံဝင်းတွင် လုယွီသည် နေရာအနှံ့အပြား၌ စိတ်ဝိညာဉ်မီးအိမ်များကို စီစဉ်ထားပြီး အခန်းတစ်ခုလုံး၌ ကြယ်ရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေပေ၏။

ကံကြမ္မာသည် ကြိုးတစ်ချောင်းအလားပင်။ မရေမတွက်နိုင်သော ကြိုးမျှင်များသည် အချိန်မြစ်ပြင်ကျယ်ကို ဖြတ်သန်းသွားပြီး အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများ အဆုံးမရှိသော နက်ရှိုင်းမှုများဖြင့် ကောင်းကင်နှင့်မြေပြင်ကြားရှိ အနက်ရှိုင်းဆုံးသော မဟာတာအိုကို ဖော်ပြနေပေ၏။

ထိုမီးအိမ်၏ မီးတောက်များသည် ကံကြမ္မာလှေကို ရှာဖွေရန်အတွက် သဲလွန်စများပင်။

မီးအိမ်၏ မီးတောက်များသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး လှေတစ်စင်းကို တွေ့ချိန်၌ တိတ်ဆိတ်စွာ ကျဆင်းလာကာ အကယ်၍ ရှာဖွေနေသူ မဟုတ်ပါက ထိုအရာများသည် ဆက်လက်၍ မျောပါသွားပေမည်။

ဤသို့ဖြင့် ငါးရက်တိတိ အဆက်မပြတ် ဆက်လက်လုပ်ဆောင်ပြီးနောက် နောက်ဆုံးတွင် ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

အမှောင်ထုထဲတွင် အဆုံးမရှိသော ကံကြမ္မာကြိုးများသည် အမှတ်တစ်ခုတည်း၌ စုစည်းသွားပြီး မှုန်ဝါးသော မြူခိုးများဖြင့် ဖုံးကွယ်ထားသော်လည်း သွယ်လျသော ပုံရိပ်တစ်ခုကို မသဲမကွဲဖော်ပြနေသည်။

"နင်းချူ..."

လုယွီသည် ပုံရိပ်၏ကောက်ကြောင်းကို ချက်ချင်းမှတ်မိသွားပေ၏။

ဤသည်မှာ သူ၏ ယခင်ဘဝမှ အငယ်ဆုံး တပည့်မလေး ဖန်းနင်းချူပင်။

ဤအချိန်၌ ဖန်းနင်းချူ၏စိတ်ဝိညာဉ်သည် ကျယ်ပြန့်သော ပင်လယ်ပြင်ထဲရှိ လှေငယ်လေးတစ်စင်းကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အချိန်မရွေး တိမ်းမှောက်သွားနိုင်ချေ ရှိနေသည်။

ဤသည်မှာ ဖန်းနင်းချူ လက်ရှိရင်ဆိုင်နေရသော အခြေအနေသည် အလွန်အမင်း အန္တရာယ်များပြီး အချိန်မရွေး သူမ၏အသက်ကို ဆုံးရှုံးနိုင်ခြေ ရှိနေကြောင်း အဓိပ္ပာယ်ရသည်။

လုယွီသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ သူ ကူညီပေးချင်သော်လည်း စိတ်ဝိညာဉ်မီးအိမ်များ၏ အကျိုးသက်ရောက်မှုမှာ အလွန်အမင်း အကန့်အသတ်ရှိနေသည်။

ထိုအရာများသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကိုသာ စစ်ဆေးနိုင်ပြီး တည်နေရာများကို ခြေရာခံ၍ မရနိုင်ချေ။

ဤသည်မှာ စိတ်ဝိညာဉ်မီးအိမ်များ၏ ကန့်သတ်ချက် ဖြစ်ပြီး အပြောင်းအလဲကျမ်းစာ သည်လည်း နင်းချူ၏ ယေဘုယျ တည်နေရာကို မတွက်ချက်နိုင်သေးပေ။

Chapter 5428

"အပြောင်းအလဲကျမ်းစာရဲ့ စွမ်းအားက တခြားအရာအားလုံးထက် သာလွန်တယ်... တကယ်လို့ ငါက နင်းချူရဲ့ တည်နေရာကို မတွက်ချက်နိုင်ရင်တောင် အနည်းဆုံးတော့ အကူအညီ ပေးနိုင်တယ်..."

လုယွီသည် ယခုအချိန်တွင် ရပ်တန့်ရန် ဆန္ဒမရှိသေးချေ။

သူ့စိတ်ဝိညာဉ်၏ အာရုံခံနိုင်စွမ်းအောက်တွင် ဖန်းနင်းချူ၏စိတ်ဝိညာဉ် သည် ဖုန်မှုန့်ကဲ့သို့ သေးငယ်နေပြီး အနည်းငယ် ပေါ့ဆမှု​ရှိလျှင်ပင် သူမ ပျက်စီးသွားနိုင်ခြေရှိသည်။ သို့ရာတွင် လုယွီသည် ငရဲနယ်မြေသို့ ရောက်ရှိနေသည့်တိုင် သူ၏တပည့်မလေး ထောင်ချောက်ထဲသို့ ပို၍နက်ရှိုင်းစွာ ဝင်ရောက်သွားသည်ကို မည်သို့မျှ ထိုင်ကြည့်နေနိုင်မည် မဟုတ်ချေ။

လုယွီ၏စိတ်ဝိညာဉ်တွင် မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး သူ မြင်ရသမျှ အရာအားလုံး အဆုံးအစမရှိသော အမှောင်ထုကြီးဖြစ်ကာ အဆုံးသတ်ကို မမြင်ရပေ။

ဤသည်မှာ ဖန်းနင်းချူကို ဖုံးအုပ်ထားသော မြူခိုးများ ဖြစ်၏။ အပြောင်းအလဲကျမ်းစာ၏ စူးစမ်းရှာဖွေမှု စွမ်းအားသည်လည်း ဤနေရာတွင် ရပ်တန့်သွားခဲ့သည်။

"သင်္ကေတပညာက ဖြတ်သန်းရတဲ့ အန္တရာယ်ကို အပြစ်မတင်သင့်ဘူးလို့ ဆိုထားတယ်..."

လုယွီက နက်နဲသိမ်မွေ့သော အသံများကို ထုတ်လွှတ်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ရုတ်တရက် ထွက်ပေါ်လာပြီးပတ်ဝန်းကျင်တဝိုက်လုံးတွင် ပျံ့နှံ့သွားပေ၏။

ဤသည်မှာ ကောင်းကင်နှင့်မြေပြင်နှင့် ပတ်သက်၍ အပြောင်းအလဲကျမ်းစာ၏ နက်နဲသိမ်မွေ့သော အမှန်တရားပင်။ လောကီရေးရာများတွင် အန္တရာယ် ပါဝင်နေသော်လည်း အကယ်၍ လူတစ်ဦးက အချိန်မီ ကုစားနိုင်ပါက အန္တရာယ်ကို ဘေးကင်းမှုအဖြစ်သို့ ပြောင်းလဲနိုင်သည်။

ပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းတန်း သင်္ကေတ ထောင်ပေါင်းများစွာ မျောလွင့်နေပြီး လုယွီ၏မျက်ခုံးနှစ်ခုကြားတွင် စုစည်းသွားကြသည်။ လုယွီ၏မျက်လုံးများသည် နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ တောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေပေ၏။

သူ၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့်လေဟာနယ် စီးဆင်းမှုနှုန်း နှေးကွေးသွားသည်။ လုယွီ၏ပတ်ဝန်းကျင်တွင် တစ်နာရီ ကုန်ဆုံးသွားသော်လည်း အပြင်ဘက်တွင်မူ လက်ဖက်ရည်တစ်ခွက် သောက်သည့်အချိန်သာ ကြာမြင့်ပေလိမ့်မည်။

အချိန်ဥပဒေသ... လေဟာနယ်ဥပဒေသ... ကံကြမ္မာဥပဒေသ...

ဤအရာများသည် ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုများအတွင်းရှိ အနက်ရှိုင်းဆုံးသော ဥပဒေသတချို့ဖြစ်ပြီး ယခုအချိန်၌ ထိုအရာအားလုံးကို လုယွီက ထုတ်ဖော်အသုံးပြုလိုက်ခြင်းပင်။

ထူထပ်လေးလံသော အပြောင်းအလဲကျမ်းစာသည် လုယွီ၏နဖူးအထက်တွင် မျောလွင့်နေပေ၏။ ထို့နောက် အလင်းတန်းလေးများ ကျဆင်းလာပြီး သူ၏မျက်ခုံးများထဲသို့ စုဝေးသွားကာ လုယွီက စုပ်ယူလိုက်သည်။

ဤအပြောင်းအလဲကျမ်းစာကို ရှေးဦးသက်ရှိ ဖူရှီက ဖန်တီးခဲ့ခြင်းဖြစ်ပြီး အလွန်နက်နဲသိမ်မွေ့သည်။ လုယွီသည် ထိုကျမ်းစာကို အသေအချာ ဖတ်ရှုခဲ့သော်လည်း သူ ဖတ်ရှုသည့် အချိန်တိုင်း နားလည်မှုအသစ်တစ်ခုအား ရရှိခဲ့သည်။

ယခုအချိန်၌ လုယွီသည် သူ၏ရှေ့မှ မြူခိုးများကို ဖယ်ရှားရန်အတွက် အပြောင်းအလဲကျမ်းစာ ကို တစ်ချိန်တည်းတွင် ဖတ်ရှုကာ နားလည်မှု အသစ်များကို ရယူနေခြင်းပင်။

အတိတ်က ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီး ကံကြမ္မာလမ်းကြောင်း ရှင်းလင်းသွားသည်နှင့်အမျှ လုယွီသည် သူ၏မှော်စွမ်းအားများက ဤနားလည်မှုနှင့်အတူ အလျှင်အမြန် တိုးတက်လာကြောင်း ခံစားလိုက်ရသည်။

"ဒီတော့ ရှေးဦးဂန္တဝင်ကျမ်းစာတွေကို လေ့လာတာကလည်း မှော်စွမ်းအားကို တိုးတက်စေနိုင်တာပဲ..."

လုယွီသည် သူ၏စိတ်နှလုံးသားထဲတွင် အံ့အားသင့်သွား၏။ သူ အနည်းငယ် စဉ်းစားပြီးနောက် နားလည်သဘောပေါက်သွားသည်။

သူသည် တိုက်တိုက်ဆိုင်စွာဖြင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။

ထိုရှေးဦးသက်ရှိများ ဖန်တီးခဲ့သော ဂန္တဝင်ကျမ်းစာများသည် လက်ရှိလောကကြီးတွင် ရှိနေသော ကျင့်ကြံခြင်းနည်းစနစ်များထက် မှန်းဆ၍ မရနိုင်လောက်အောင် ပို၍အဆင့်မြင့်သည်။ သူတို့ ကျင့်ကြံခဲ့သော မှော်စွမ်းအားများသည် ရှေးဟောင်းအစစ်အမှန် အင်မော်တယ်များထက်ပင် ပို၍သန့်စင်ပေ၏။

ထိုကဲ့သို့သော သန့်စင်သည့် မှော်စွမ်းအားများကြောင့် လုယွီ၏ကျင့်ကြံခြင်းသည် အလွန်လျှင်မြန်သော အရှိန်အဟုန်ဖြင့် မောင်းနှင်နေသော လှေပျံတစ်စင်းအလား အလျှင်အမြန် တိုးတက်လာခဲ့သည်။

သို့ရာတွင် ထိုသို့ဖြစ်စေကာမူ သူ့အတွက် နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန်မှာ အလွန်ခက်ခဲလှ၏။

ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်အတွက် လုယွီသည် သံသရာပန်းတစ်ပွင့်ကို အားကိုးခဲ့ရပြီး နှစ်သောင်းနှင့်ချီစုဆောင်းခဲ့သော စွမ်းအားများကို ဝါးမြိုကာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ရွှမ်အင်မော်တယ် နှောင်းပိုင်းအဆင့်၏ 'ကောင်းကင်အရှင်သခင်' နယ်ပယ်မှ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်သို့ ခြေလှမ်းလှမ်းခြင်းမှာ ဖြတ်ကျော်၍ မရနိုင်သော ချောက်ကမ်းပါးတစ်ခုနှင့် ပို၍တူညီနေပေ၏။

ရှေးဟောင်းခေတ်ကို ပြန်ကြည့်လျှင် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိနိုင်သူများမှာ ဖီးနစ်ငှက်မွေးများနှင့် ချီလင်ဦးချိုများကဲ့သို့ ရှားပါးလှသည်။

"ငါ့ဆီမှာ သူတော်စင်တစ်ပါးရဲ့ မွေးရာပါ စွမ်းရည်ရှိနေပြီ... မရေမတွက်နိုင်တဲ့ အမွေအနှစ်တွေရဲ့ ကောင်းချီးတွေနဲ့ ပေါင်းစပ်ထားတာ... ငါ့ရဲ့ ကျင့်ကြံခြင်းက သာမန်ကျင့်ကြံသူတွေထက် အဆပေါင်းထောင်နဲ့ချီ ပိုမြန်ပြီးတော့ တစ်နေ့ကို မိုင်တစ်ထောင် တိုးတက်နေတယ်... ဒါပေမဲ့ ဒီတိုးတက်မှုအရ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်နယ်ပယ်ကို အဆင့်တက်ဖို့ အနည်းဆုံး နှစ်တစ်သောင်း ကြာလိမ့်မယ်..."

လုယွီသည် သူ့ကိုယ်သူ ဆန်းစစ်ကြည့်ပြီးနောက် အဆင့်တက်ရန် လိုအပ်ချက်များကို တွက်ချက်ပြီးဖြစ်ပေ၏။

ဤလိုအပ်ချက်ကို သူ လက်မခံနိုင်ချေ။

နှစ်တစ်သောင်းဆိုသည်မှာ အလွန်ကြာမြင့်သော အချိန်တစ်ခုပင်။ ပင်လယ်များသည် ပိုးစာခင်းများအဖြစ် ပြောင်းလဲသွားပြီး အရာအားလုံးသည် သံသရာလည်ပတ်နေကာ မည်သည့်အရာမဆို ဖြစ်သွားနိုင်သည်။ သူသည် ထိုနေ့ရက်ကို ရောက်သည့်အထိ အမှန်တကယ်ကို မစောင့်နိုင်ချေ။

"ထားလိုက်တော့... အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူက သေချာပြောနိုင်မှာလဲ..."

လုယွီက သူ၏စိတ်ကို စုစည်းလိုက်သည်။ သူ၏ မျက်ခုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ပျံ့နှံ့သွားကာ သူ၏စိတ်ဝိညာဉ် အတွင်းရှိ မြူခိုးများကို ချက်ချင်းထိုးဖောက်သွားသည်။

အပြောင်းအလဲကျမ်းစာကို အကြိမ်များစွာ သေချာစွာ နားလည်ထားသဖြင့် လုယွီ၏စိတ်ဝိညာဉ်သည် လွန်ပူတစ်ခုအလား ကံကြမ္မာကြိုးများ၏ အဆုံးမရှိသော မြူခိုးများကို ချက်ချင်းထိုးဖောက်သွားပေ၏။

Chapter 5429

လုယွီ၏နတ်ဘုရားစိတ်အာရုံသည် ကြမ်းတမ်းစွာ ပွင့်အံ့ထွက်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ သူ၏မျက်လုံးရှေ့ရှိ မြူခိုးများကို လုံးဝပျောက်ကွယ်သွားစေခဲ့သည်။

မြူခိုးများ ပျောက်ကွယ်သွားသည်နှင့်အမျှ ကံကြမ္မာကြိုးများသည် ပို၍ရှင်းလင်းလာပြီး နင်းချူ၏ကောက်ကြောင်းသည် တဖြည်းဖြည်း ထင်ရှားလာပေ၏။

ဤနည်းလမ်းသည် နင်းချူ၏ တည်နေရာကို အတိအကျ မရှာနိုင်သော်လည်း စမ်းချောင်းထဲတွင် မျောပါနေသော ပုလင်းထဲရှိ သတင်းစကားတစ်ခုနှင့် တူညီသည်။ တစ်ဖက်လူ၏ တိကျသော တည်နေရာကို မသိနိုင်သော်လည်းကြားခံတစ်ခုမှတစ်ဆင့် သူတို့အကြား၌ ဆက်သွယ်မှုတစ်ခုကို ဖွဲ့စည်းနိုင်သည်။

ဤကြားခံမှာ ကံကြမ္မာပင်။

"တကယ်ကို စာအုပ်တစ်အုပ်ကို အကြိမ်တစ်ရာ ဖတ်တာက အကျိုးသက်ရောက်မှု ရှိသေးတာပဲ... ငါက အပြောင်းအလဲကျမ်းစာကို အကြိမ်တွေအများကြီး တိတ်တဆိတ် ရွတ်ဆိုခဲ့ပြီးတော့ ငါ့ရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲခဲ့တယ်... နင်းချူရဲ့ တည်နေရာကို ငါ ရှာမတွေ့သေးပေမဲ့ သူ့ရဲ့ ကံကြမ္မာကို သွယ်ဝိုက်ပြီး ပြန်ဖွဲ့စည်းနိုင်တယ်..."

လုယွီသည် သူ၏အတွေးများကို စုစည်းကာ သူ၏နတ်ဘုရားစိတ်အာရုံကို ကာကွယ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေသော အတွေးများအားလုံးကို ဖယ်ရှားလိုက်၏။

'ဘုန်း'ခနဲ အသံနှင့်အတူ ဓားတစ်ချောင်းကဲ့သို့ ထက်ရှသော သူ၏နတ်ဘုရားစိတ်အာရုံသည် မြူခိုးလွှာများကို ထိုးဖောက်သွားပြီး နောက်ဆုံးတွင် နင်းချူ၏စိတ်ဝိညာဉ် ထံသို့ ရောက်ရှိသွားသည်။

ထို စိတ်ဝိညာဉ်သည် ဒုက္ခရောက်နေသော်လည်း ခံနိုင်ရည်ရှိနေပြီး လန်းဆန်းတက်ကြွမှု အရိပ်အယောင်တစ်ခုကိုပင် ထုတ်လွှတ်ထားသည်။

"ကောင်းတယ်... ငါ့ရဲ့ တပည့် ပီသတယ်... ဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ စိုးရိမ်မနေတာက အရမ်းကောင်းမွန်တဲ့ စိတ်နေစိတ်ထားပဲ..."

လုယွီက စိတ်လက်ပေါ့ပါးစွာဖြင့် ရယ်မောလိုက်၏။ ရွှေရောင်နဂါးတစ်ကောင်သည် သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီး လေဟာနယ်ကို ဖြတ်ကျော်ကာ သူမထံသို့ ပျံသန်းသွားပေ၏။

တစ်ချိန်တည်းမှာပင် ငရဲနယ်မြေရှိ မှောင်မိုက်နေသော အပျက်အစီးနယ်မြေတစ်ခုအတွင်း၌...

ဖန်းနင်းချူက ဖြူရော်နေသော မျက်နှာဖြင့် နံရံတစ်ခုကို မှီထားသည်။ ပတ်ဝန်းကျင်တွင် ထူးဆန်းသော ကျောက်တုံးများဖြင့် ပြည့်နှက်နေပြီး ပျက်စီးနေသော နံရံအချို့နှင့် ရောနှောနေသည်။ ဤနေရာ၌ရှိနေသော ဗိသုကာပုံစံများသည် ဤခေတ်ကာလမှ အဆောက်အအုံများနှင့် လုံးဝမတူဘဲ ရှေးဟောင်းနှင့်ရာသီဥတုဒဏ်ခံထားရသော အငွေ့အသက်ကို ထုတ်လွှတ်ထားပေ၏။

သူမသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေးလဲလျောင်းနေပြီး သူမ၏အသက်ရှူသံ အနည်းငယ်လေးလံနေကာ သူမ၏ဝမ်းဗိုက်အောက်ပိုင်းမှ သွေးစီးကြောင်းများ ယိုစီးကျနေသည်။

သူမ၏အဖြူရောင်ဝတ်စုံသည် စုတ်ပြဲနေပြီဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ကို ခဲယဉ်းစွာ ဖုံးကွယ်ထားရသည်။ သူမ၏ဖိနပ်များကို မည်သည့်နေရာတွင်မျှ မတွေ့ရဘဲ သူမ၏ခြေဖဝါးလေးများတွင် ရွှံ့များဖြင့် ဖုံးလွှမ်းနေကာ အလွန်သနားစရာကောင်းသော အခြေအနေကို ဖော်ပြနေပေ၏။

သို့သော် ဤအချိန်၌ ပတ်ဝန်းကျင်တွင် မိုးကြိုးများ မြည်ဟည်းနေပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မိုးသည်းထန်စွာ ရွာသွန်းလာသည်။

"ဒီမိုးရွာသွန်းမှုက ငါ့ရဲ့ခြေရာတွေကို ဖုံးကွယ်ထားရင် သူတို့က ငါ့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."

ဖန်းနင်းချူသည် မိုးရေထဲတွင် စိုရွှဲနေသော်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

ဘုန်း...

ကောင်းကင်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး လျှပ်စီးမိုးကြိုးသံများ မြည်ဟီးသွားသည်။

ကောင်းကင်ကိုးထပ်သည် မင်ကဲ့သို့ မည်းမှောင်နေပြီး ကောင်းကင်ဘုံပြစ်ဒဏ်သည် အချိန်မရွေး ကျဆင်းလာနိုင်သည့်အလား မမြင်ရသော ဖိနှိပ်ချုပ်ကိုင်နိုင်သည့် စွမ်းအားတစ်ရပ်က လေထုထဲတွင် ရွေ့လျားနေပေ၏။

ဖန်းနင်းချူ၏မျက်လုံးအကြည့် အနည်းငယ် ရွေ့လျားသွားပြီး သူမသည် ထွက်ပေါက်တစ်ခုတွေ့ရန်အတွက် ပတ်ဝန်းကျင်ကို စတင်၍ ရှာဖွေလိုက်သည်။

သို့သော် ဤအချိန်၌ နောက်ထပ်မိုးကြိုးသံတစ်ချက် မြည်ဟီးသွားပြီး ရွှေရောင်အလင်းတန်းများ ပါရှိသော မိုးကြိုးလျှပ်စီးတစ်လှိုင်း ချက်ချင်းကျဆင်းလာသည်။

"မကောင်းတော့ဘူး..."

ဖန်းနင်းချူက တွေးတောလိုက်သည်။

အကယ်၍ သူမသာ အထွတ်အထိပ်အခြေအနေတွင် ရှိနေပါက ဤသာမန်မိုးကြိုးလှိုင်းကို သူမ ကြောက်ရွံ့နေမည် မဟုတ်ချေ။ သို့သော် သူမသည် ယခုအချိန်၌ အလွန်အားနည်းနေပြီး မိုးကြိုးကို ရင်ဆိုင်ရန် မဆိုထားနှင့် သူမ၏ရုပ်ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကိုပင် မကုသနိုင်ပေ။

ဖန်းနင်းချူသည် ထွက်ပြေးရန် ဟန်ပြင်လိုက်သော်လည်း သူမ ထွက်သွားတော့မည့် အချိန်မှာပင် ကောင်းကင်ယံ၌ မိုးကြိုးများ ဟိန်းဟောက်လာပြီး လျှပ်စီးမိုးကြိုးတစ်ချက် ရုတ်တရက် ကျဆင်းလာကာ သူမကို ပြင်းထန်စွာ ရိုက်ခတ်သွားပေ၏။

ဘုန်း...

လျှပ်စီးမိုးကြိုးပစ်ခတ်ခံရခြင်း၏ ပြင်းထန်သော နာကျင်မှုသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

သို့သော် ဖန်းနင်းချူသည် နေရာမှာပင် အေးခဲတောင့်တင်းသွားပြီး မလှုပ်မယှက် ရှိနေသည်။

သူမ၏စိတ်ထဲတွင် ကြီးမားကျယ်ပြန့်ပြီး တောက်ပနေသော ခမ်းနားသည့် ခန်းမကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ရွှေရောင်နဂါးတစ်ကောင်သည် အထက်တွင် ရှိနေပြီး ကောင်းကင်ကိုးထပ်၏ ပြင်ပကောင်းကင်ဘုံ တွင် လွင့်မျောနေကာ ကြီးကျယ်ခမ်းနားပြီး တည်ကြည်လေးနက်နေပေ၏။ သူ၏နဂါးမျက်လုံးတစ်စုံမှ အကန့်အသတ်မဲ့ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ကာ သူမကို စောင့်ကြည့်နေသည်။

ဖန်းနင်းချူသည် တစ်စုံတစ်ခုကို နက်ရှိုင်းစွာ ခံစားလိုက်ရ၏။ ဤရွှေရောင်နဂါး၏ရှေ့တွင် သူမသည် အမြင့်မြတ်ဆုံးဧကရာဇ်၏ စွမ်းအား ကို ခံစားလိုက်ရသည်။

ဝေါင်း...

ဖန်းနင်းချူ အံ့အားသင့်နေချိန်တွင် ရွှေရောင်နဂါးသည် ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူမ၏မူလစိတ်ဝိညာဉ် ထဲသို့ ပြင်းထန်စွာ တိုးဝင်သွားသည်။

ဖန်းနင်းချူ မတုံ့ပြန်နိုင်မီ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ကြီးမားကျယ်ပြန့်သော အင်မော်တယ်စွမ်းအားသည် သူမ၏ အနှစ်သာရနှင့်ခြင်ဆီတို့ကို သန့်စင်ပေးပြီး သူမ၏အခြေအနေကို ပြန်လည်ကောင်းမွန်စေပေ၏။ ထို့နောက် သူမ၏ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့များကို ထုတ်လွှတ်စေပြီး သေမျိုးလောကနှင့် ကင်းကွာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာစေသည်။

ဖန်းနင်းချူသည် သူမ၏ ခန္ဓာကိုယ်အတွင်း၌ ပိတ်ဆို့နေသော အတားအဆီးတစ်ခု ကွဲအက်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ 'ခရက်' ဟူသော အသံနှင့်အတူ သူမကို ဒုက္ခပေးနေသော ပိတ်ဆို့နေသော အတားအဆီးသည် ပွင့်သွားပေ၏။

သူမ၏ဒဏ်ရာများအားလုံးနှင့် ပင်ပန်းနွမ်းနယ်မှုများအားလုံး ဖယ်ရှားခြင်း ခံလိုက်ရသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဖန်းနင်းချူသည် သူမ၏အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ထို့ပြင် သူမ၏ စိတ်ထဲတွင် သူမ ယခင်က မမြင်ဖူးသော ရှေးဟောင်းမှတ်တမ်းတချို့ ထွက်ပေါ်လာသည်။

Chapter 5430

"ကောင်းကင်ဘုံ အမွေအနှစ်တစ်ခု ကျဆင်းလာပြီးတော့ ငါက ကံကောင်းတဲ့သူ ဖြစ်လာခဲ့တာပဲ..."

ဖန်းနင်းချူ၏စိတ်နှလုံးသား ကြီးမားစွာ တုန်လှုပ်သွားပြီး သူမသည် ချက်ချင်း တုံ့ပြန်လိုက်၏။

ဤကောင်းကင်ဘုံနယ်မြေတွင် ဒဏ္ဍာရီလာ ဇာတ်လမ်းများစွာ ရှိနေသည်။

အတိတ်က သာမန်အရည်အချင်းသာရှိသော သာမန်လူများသည် သူတို့၏ ကံကြမ္မာအလှည့်အပြောင်းတွင် လောကကို တုန်လှုပ်စေသော အမွေအနှစ်တစ်ခုကို ရရှိသွားကြသည်။ သူတို့သည် အမြင့်သို့ တက်လှမ်းသွားနိုင်ပြီး လူထောင်ပေါင်းများစွာက ကြည်ညိုလေးစားရသော ဂုဏ်သရေရှိ စီနီယာများ ဖြစ်လာနိုင်ကြ၏။ မိသားစုအတွင်း မျက်နှာသာပေးခံရမှုမှ ကျဆင်းသွားသော သခင်လေးများနှင့် တော်ဝင်မျိုးဆက်များသည် ယခင်လူများ ချန်ထားရစ်ခဲ့သော ရှေးဟောင်း အပျက်အစီးများကို ရုတ်တရက် ရရှိနိုင်ကာ နောက်ဆုံးတွင် သမိုင်း၌ သူတို့၏နာမည်များကို ချန်ရစ်ခဲ့ပြီး အမြင့်သို့ တက်လှမ်းသွားနိုင်သည်။

သို့သော် ထိုဒဏ္ဍာရီလာ ဇာတ်လမ်းများနှင့်အတူ မရေမတွက်နိုင်သော ဆိုးရွားသောဇာတ်လမ်းများလည်း ရှိနေပေ၏။

တချို့လူများသည် အမွေအနှစ်ကို ရရှိပြီးနောက်တွင် ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ ရှာဖွေတွေ့ရှိခံရကာ နောက်ဆုံးတွင် ရတနာအတွက် သတ်ဖြတ်ခံရမှုကို ခံစားခဲ့ကြရသည်။ လူတချို့သည် သူတို့၏ ကြီးထွားမှု လမ်းတစ်ဝက်တွင် ပျက်စီးသွားခဲ့ကြသည်။ ထို့ထက်ပို၍ များပြားသူများမှာမူ အမွေအနှစ်ကို ချန်ထားရစ်ခဲ့သော သခင်၏ အမွေအနှစ်နယ်မြေတွင် အန္တရာယ်ပြုခြင်းကို ခံခဲ့ကြရသည်။ အမွေအနှစ်ကို ချန်ထားရစ်ခဲ့သူသည် တစ်စုံတစ်ယောက်အပေါ် ကောင်းမွန်ရမည်ဟု မည်သူက ပြောသနည်း။

ဖန်းနင်းချူသည် ကံကြမ္မာကောင်းသော ဆုံတွေ့မှုများကို မယုံကြည်ခဲ့သဖြင့် သူမသည် သူမ၏ ကိုယ်ပိုင်ဆန္ဒကိုသာ အားကိုးကာ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာခဲ့သည်။

မြေအောက်လောက တာအိုသခင်၏ စီနီယာတပည့်များအနက် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့သော်လည်း အငယ်ဆုံးနှင့် အသိသာဆုံး မဟုတ်ပုံရသော ဂျူနီယာတပည့်လေးဖြစ်သည့် သူမတစ်ယောက်တည်းသာ ယခုအချိန်အထိ အသက်ရှင်ရက်ကျန်ရစ်ခဲ့သည်။

ယခုအချိန်၌ အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ် ထွက်ပေါ်လာခဲ့လေပြီ။

ထိုရွှေရောင်နဂါးအတွင်းတွင် နှိုင်းယှဉ်စရာမရှိလောက်အောင် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများ ရှိရုံသာမကဘဲ နက်နဲသိမ်မွေ့သော ကျင့်ကြံနည်းစနစ်များနှင့် လှုပ်ရှားမှုများစွာလည်း ရှိနေသည်။

ထိုကျင့်ကြံခြင်းနည်းစနစ်များ၏ မူရင်းဇစ်မြစ်ကို ဖန်းနင်းချူက မပြောပြနိုင်ဘဲ အလွန်ရှေးကျပြီး အစွမ်းထက်ကြောင်းကိုသာ ခံစားမိပေ၏။

သူမသည် ယခုအချိန်၌ ထိုအရာများကို ဖြည်းညှင်းစွာ နားလည်အောင် လုပ်ဆောင်ရန် အချိန်မရှိသော်လည်း ဤအမွေအနှစ်မှာ လုံးဝ သာမန်မဟုတ်ကြောင်းကို သူမ အာရုံခံနိုင်သည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက ကြီးမားသော ဆူပူအုံကြွမှုတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။

"တစ်ယောက်ယောက်က အမှောင်ထဲကနေ ငါ့ကို ကူညီနေသလိုမျိုး ငါ ဘာလို့ ခံစားနေရတာလဲ..."

ဖန်းနင်းချူက လေဟာနယ်ကို စူးစိုက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

ဤသည်မှာ ပင်ကိုယ်အသိဉာဏ် တစ်မျိုးပင်။ လူသားများတွင် အန္တရာယ်များနှင့် ဘေးဒုက္ခများကို ရှောင်ရှားနိုင်စွမ်း ရှိသော်လည်း အဆင့်တစ်ခုအထိ ကျင့်ကြံပြီးနောက် ဤပင်ကိုယ်အသိဉာဏ်၏ထက်ရှမှုသည် အဆပေါင်းများစွာ တိုးတက်လာပေ၏။

သို့သော် ဖန်းနင်းချူက ထပ်မံ၍ ခေါင်းခါလိုက်သည်။ တစ်စုံတစ်ယောက်က သူမကို မည်သို့ ကူညီနိုင်မည်နည်း။

ဆရာသခင် သေဆုံးပြီးကတည်းက ငရဲနယ်မြေတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေခဲ့သည်။

သူမသည် ကောင်းကင်ဘုံနယ်မြေသို့ ထွက်ပြေးခဲ့သော်လည်း ယန်မိသားစု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသေးပြီး ယခုအချိန်၌ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာရင်း ဤကြောက်မက်ဖွယ်နေရာသို့ ထပ်မံ၍ ရောက်ရှိလာခဲ့သည်။

"ဒါပေမဲ့ ဒါကလည်း ကောင်းတဲ့ကိစ္စပဲ... အခု ငါက ငါ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားပြီဆိုတော့ ငါ့ကိုယ်ငါ ကာကွယ်နိုင်စွမ်းလည်း ရှိလာပြီ..."

"ဒီနေ့ ငါက ငန်းနက်တစ်ကောင်လို ညှပ်ခံထားရတဲ့ အတောင်ပံတွေနဲ့ နားနေရတယ်... တစ်နေ့ကြရင် မြွေကနေ နဂါးအဖြစ် ပြောင်းလဲသွားဖို့ ငါ ရှက်ရွံနေမှာ မဟုတ်ဘူး...

သူမ၏စွမ်းအားကို တစ်ကြိမ်တည်းဖြင့် အဆင့်များစွာ မြှင့်တင်ရန်အတွက် ဤအမွေအနှစ်ကို သူမ လုံးလုံးလျားလျား အားကိုးနိုင်သည်။

မိုးပြာရောင် အလင်းတန်းတစ်တန်းသည် ဖန်းနင်းချူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး စိုရွှဲနေသော သူမ၏အဝတ်အစားများကို ချက်ချင်း ခြောက်သွေ့သွားစေသည်။

ရုတ်ချည်းဆိုသလိုပင် သူမသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး လေဟာနယ်ထဲသို့ ပြေးထွက်သွားတော့သည်။

...

အာရုံငါးပါးဘုရင် အိမ်တော်... အနောက်ဘက်ခြံဝင်း၌...

လေပြင်းတစ်ချက်သည် လုယွီ၏အခန်းထဲသို့ တိုက်ခတ်ဝင်ရောက်လာပြီး ဝေလငါးဆီမီးခွက် ခုနစ်ခုလုံးကို တစ်ပြိုင်နက်တည်း ငြိမ်းသတ်သွားစေကာ လုယွီနှင့်ဖန်းနင်းချူကြားရှိ ဆက်သွယ်မှုသည် ပြတ်တောက်သွားပေ၏။

အပြောင်းအလဲကျမ်းစာ၏ စွမ်းအားသည် ကြီးမားသော်လည်း ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်သော အဆင့်သို့ မရောက်ရှိသေးချေ။ တခြားသူများ၏ကံကြမ္မာကို အတင်းအကြပ်ပြောင်းလဲနိုင်စွမ်းသည်ပင် ကန့်သတ်ချက်တစ်ခု ဖြစ်နေလေပြီ။

ဤကိစ္စအတွက် လုယွီသည် သူ၏ မှော်စွမ်းအားများအနက် ဆယ်ရာခိုင်နှုန်းအပြည့်ကို အသုံးပြုခဲ့ရသည်။

သို့သော် လုယွီသည် ကောင်းကင်အရှင်သခင် နယ်ပယ်သို့ အဆင့်တက်ပြီးပြီဖြစ်သည်။ အတွေးတစ်ချပ်နှင့်အတူ ကြီးမားကျယ်ပြန့်သော စိတ်ဝိညာဉ်စွမ်းအားများသည် ဒီရေအလား သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ ပြင်းထန်စွာ ပျက်စီးနေသော မှော်စွမ်းအားများကို ဖြည်းညှင်းစွာ ပြန်လည်ကောင်းမွန်လာစေသည်။

"ဟူး..."

လုယွီသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သော်လည်း သူ၏မျက်လုံးများမူအတွင်း၌ သတိဝီရိယများ ရှိနေဆဲပင်။

ဟောကိန်းထုတ်မှု သင်္ကေတတစ်သောင်းသည် လုယွီ၏ခေါင်းနောက်တွင် မျောလွင့်နေပြီး ပါကွ အလင်းစက်ဝန်းတစ်ခုအဖြစ် ဖွဲ့စည်းကာ ဖြည်းညှင်းစွာ လည်ပတ်နေသည်။

ကောင်းကင်ဘုံကို ဆန့်ကျင်သော သူ၏ ကံကြမ္မာကို ပြောင်းလဲသည့် လုပ်ရပ်အပြီးတွင် ဖန်းနင်းချူ၏အခြေအနေသည် အလွန်အမင်း ဆိုးရွားနေမှုမှ အသင့်အတင့် ဆိုးရွားမှုအဖြစ်သို့ ပြောင်းလဲသွားပေ၏။ သူမသည် သေချာပေါက် သေဆုံးရမည့် အခြေအနေတွင် အသက်ရှင်ရန်အတွက် မျှော်လင့်ချက် အနည်းငယ် ရှိလာနိုင်သည်။

"ငါက သူ့ကို ရှေးဟောင်း ကောင်းကင်ဘုံနန်းတော်ကနေ အသင့်တော်ဆုံးအမွေအနှစ်ကို ပေးခဲ့တယ်... ပြီးတော့ ငါ့ရဲ့ စွမ်းအား ဆယ်ရာခိုင်နှုန်းကို ပို့ပေးခဲ့တယ်... သူက ဒါတွေထဲက သေးငယ်တဲ့ အစအနလေးတစ်ခုကို ရရှိဖို့တောင်မှ အကန့်အသတ် ဖြစ်နေပြီဆိုပေမဲ့ ဒါက ကိစ္စများစွာကို ကိုင်တွယ်ဖို့ သူအတွက် လုံလောက်တယ်..."

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"သူက အတိအကျ ဘယ်နေရာမှာလဲ... ပြီးတော့ သူက ဘာလို့ သေချာပေါက် သေဆုံးရမယ့် အခြေအနေမှာ ရှိနေတာလဲ..."

All Chapters