အခန်း (၅၄၃၆-၅၄၄၀)
Vol. 275 Ch. 5436-5440
Chapter 5436
ဘုန်း...
သွေးအဆိပ်ဘုရင်သည် သရဲတစ္ဆေစစ်သူကြီး ၏လက်ထဲရှိ ဓားကို သူ၏လက်ဗလာသက်သက်ဖြင့် ခြေမွှဖျက်ဆီးလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သွေးနီရောင် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ရုတ်တရက် ကျဆင်းလာပြီး ရေလွှမ်းမိုးကဲ့သို့ ပြိုကျလာကာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသည်။
လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သရဲတစ္ဆေစစ်သူကြီးသည် သွေးအန်ပြီး ချက်ချင်းလွင့်ထွက်သွားကာ သူ ဝတ်ဆင်ထားသော အနက်ရောင်သံချပ်ကာပင် ကွဲအက်သွားပေ၏။
"အချိန်ဖြုန်းနေတာပဲ... သူတို့အားလုံးကို သတ်လိုက်စမ်း..."
သွေးအဆိပ်ဘုရင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
အပြင်ဘက်ရှိ ယန်မိသားစုကျင့်ကြံသူ များသည် ဝံပုလွေများနှင့် ကျားများကဲ့သို့ ချက်ချင်းပြေးဝင်လာကြပြီး သူတို့ မြင်သမျှ လူများအားလုံးကို သတ်ဖြတ်ကြတော့သည်။
ငိုကြွေးသံများ အော်ဟစ်သံများနှင့် အသားများထဲသို့ ဓားများဝင်ရောက်သွားသော အသံများသည် တစ်သံပြီးတစ်သံ ထွက်ပေါ်လာကာ ဖရိုဖရဲဖြစ်နေပြီး အလွန်သွေးပျက်ဖွယ်ကောင်းလှသည်။
သွေးအဆိပ်ဘုရင်သည် ဤအရာများကို မကြားချင်ယောင်ဆောင်နေပြီး သူ၏အကြည့်သည် ဖန်းယင်းအပေါ်တွင် စူးစိုက်၍ ကျရောက်နေပေ၏။
"မင်းကို ဒီအထိ လိုက်ဖမ်းလာတာ... နောက်ဆုံးတော့ ငါ မင်းကို မိသွားပြီ... မင်း ငါတို့ ယန်မိသားစုထဲကို ခိုးဝင်လာတာကို ငါတို့က လုံးဝသတိမထားမိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား..."
သွေးအဆိပ်ဘုရင်က ခြေလှမ်းတစ်လှမ်းချင်း ချဉ်းကပ်လာသည်။
ဖန်းယင်း၏ ဖြူဖွေးနူးညံသော လည်ပင်းပေါ်တွင် အနက်ရောင် သွေးကြောပုံစံများဖြင့် ဖုံးလွှမ်းနေသည်။
သွေးအဆိပ်ဘုရင် ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ သူမသည် စကားတစ်ခွန်းမျှ မပြောဘဲ ချက်ချင်းတိုက်ခိုက်လိုက်ပြီး သူမ၏ လက်ထဲရှိ ထက်ရှသောဓားဖြင့် လေဟာနယ်ကို ပိုင်းဖြတ်ကာ ရှေ့သို့ထိုးစိုက်လိုက်သည်။
"ရယ်စရာပဲ... မင်းက ငါ့ရဲ့ သွေးအဆိပ်ကြောင့် အဆိပ်သင့်နေတာတောင်မှ နာခံမှု မရှိသေးပါလား..."
သွေးအဆိပ်ဘုရင်သည် အနည်းငယ်မျှ ဂရုမစိုက်ဘဲ လှောင်ပြောင်လိုက်၏။
ဤနာမည်ဆိုးဖြင့် ကျော်ကြားသော အဆိပ် ဘုရင်သည် နယ်မြေသခင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်သည်။ ဖန်းယင်း တိုက်ခိုက်သည်ကို မြင်တွေ့ချိန်၌ သူသည် လုံးဝ ဂရုမစိုက်ဘဲ သူမကို ဖိနှိပ်ရန် သူ၏လက်ကို မြှောက်လိုက်သည်။
ဖန်းယင်း၏လက်ထဲမှဓားသည် လွင့်ထွက်သွားသော်လည်း သူမသည် သွေးအဆိပ်ဘုရင်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိချေ။ သူမ၏ ပုံရိပ် ဖြတ်ပြေးသွားခြင်းနှင့်အတူ သူမသည် ထိုရက်စက်ကြမ်းတမ်းသော တည်ရှိမှုကို အမှန်တကယ် ကျော်ဖြတ်သွားပြီး နောက်သို့လှည့်ထွက်ရန် ဟန်ပြင်လိုက်၏။
သူမ၏ ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်သည် အနက်ရောင်ပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး အနောက်ဘက်ရှိ ယန်မိသားစု ကျင့်ကြံသူအုပ်စုထဲသို့ ချက်ချင်းပြေးဝင်သွားသည်။
ဖန်းယင်းသည်လည်း နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူသူတစ်ယောက်ပင်။ ယခုအချိန်၌ သူမသည် အဆိပ်သင့်နေသော်လည်း သာမန်ကျင့်ကြံသူများကို ရင်ဆိုင်ခြင်းမှာ သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်ရောက်လာပြီး စိတ်ကြိုက်သတ်ဖြတ်နေသည့်အလားပင်။
မကြာမီတွင် ယန်မိသားစုကျင့်ကြံသူများ၏ ဝင်္ကပါတွင် ဟာကွက်တစ်ခု ဖြစ်ပေါ်လာသည်။
"မင်းကို ဒီအတိုင်း ထွက်သွားခွင့်ပြုလိုက်ရင် ငါက ငရဲနယ်မြေဆယ့်ရှစ်ခုမှာ ဆက်မနေတော့ဘူး..."
သွေးအဆိပ်ဘုရင်သည် အနောက်မှနေ၍ လှောင်ပြောင်လိုက်ပြီး ဖန်းရင်း၏ ပုံရိပ်ယောင်ကို ကြည့်ကာ ရှည်လျားပြီး ရှုပ်ထွေးသော မှော်မန္တန်တစ်ခုကို ရုတ်တရက် ကျယ်လောင်စွာ စတင်ရွတ်ဆိုလိုက်၏။
ထိုမန္တန်၏လေသံသည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သွေးနီရောင် အဆောင်လက်ဖွဲ့ပျံတစ်ခုသည် ကိုယ်ပိုင်အသက်ရှိသကဲ့သို့ သူ၏ခြေထောက်အောက်မှ ထွက်ပေါ်လာကာ ဖန်းယင်း၏နံဘေးသို့ ချက်ချင်းပျံသန်းသွားသည်။
ဖန်းယင်း၏ခန္ဓာကိုယ် ချက်ချင်းတုန်ရီသွားပြီး နေရာမှာပင် ချက်ချင်းအေးခဲတောင့်တင်းသွားပေ၏။ သူမ၏ခြေထောက်အောက်တွင် သွေးရောင်သင်္ကေတ ထောင်ပေါင်းများစွာ ပေါက်ဖွားလာပြီး သူမကို ခိုင်မာစွာ ဖမ်းချုပ်ထားသော သံကြိုးများအလားပင်။
ဤသည်မှာ သွေးအဆိပ်ကျိန်စာပင်။
သွေးအဆိပ်ကြောင့် အဆိပ်သင့်နေသူများသည် အတိုင်းအတာတစ်ခုအထိ သွေးအဆိပ်ဘုရင် ၏ ရုပ်သေးရုပ်များ ဖြစ်ကြသည်။
ဖန်းယင်းသည် နောက်လှည့်ကြည့်လိုက်ကာ သူမ၏ဆံပင်ရှည်များ ဖရိုဖရဲဖြစ်နေပြီး သူမ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူမ၏ လက်ထဲတွင် ခရမ်းရောင် အလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပေ၏။ ထို့နောက် မှော်မန္တန်တစ်ခု၏ ဖိအားအရှိန်အဝါများ ထွက်ပေါ်လာပြီး သူမသည် တန်ပြန်တိုက်ခိုက်မှု တစ်ခုကို ချက်ချင်းစတင်ရန် ဟန်ပြင်လိုက်သည်။
သို့သော် သွေးအဆိပ်ဘုရင်သည် သူမ ထိုသို့ ပြုလုပ်မည်ကို ကြိုသိနေသည့်အလား သူက သူ၏လက်ကို မြှောက်ကာ ဖန်းယင်းကို လက်ညှိုးထိုး၍ ပြောဆိုလိုက်၏။
"ရပ်စမ်း..."
ဖန်းယင်း၏ လှုပ်ရှားမှုများအားလုံးသည် သဲနွံထဲသို့ နစ်ဝင်သွားသကဲ့သို့ အကန့်အသတ်မရှိ လေးလံသွားသည်။
"အစကတော့ ငါက မင်းကို သွေးကျွန်တစ်ယောက်အဖြစ် သန့်စင်ချင်ခဲ့တာ... ဒါပေမဲ့ အကြီးအကဲခန်းမက မင်းကို အတော်လေး စိတ်ဝင်စားနေတယ်... ငါ့ရဲ့လက်ထဲကို မကျရောက်တာက မင်းရဲ့ ကံကောင်းမှုပဲ..."
သွေးအဆိပ်ဘုရင်သည် ရှေ့သို့ တိုးလာပြီးနောက် အဆောင်လက်ဖွဲ့ပျံတစ်ခုသည် ဖန်းရင်း၏နဖူးပေါ်သို့ ချက်ချင်းကပ်ငြိသွားသည်။
"ဒါက မကောင်းတော့ဘူး..."
ဖန်းယင်း စိတ်ပျက်အားငယ်သွားသည်။ သူမ၏ စွမ်းအားများအားလုံးသည် ထိူအဆောင်လက်ဖွဲ့ ကြောင့် ချိတ်ပိတ်ခံလိုက်ရပြီး သူမ ထွက်ပြေးရန် ကြိုးစားခြင်းမှာ ဆန္ဒသက်သက်သာ ဖြစ်ပေမည်။
"ကောင်းပြီလေ... ငါက သူ့ကို ပြန်ခေါ်သွားမယ်... မင်းတို့က ကျန်တဲ့လူတွေကို သတ်လိုက်တော့..."
သွေးအဆိပ်ဘုရင်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
အချိန်တခဏအတွင်းတွင် ပတ်ဝန်းကျင်ရှိ အော်ဟစ်သံများနှင့် သတ်ဖြတ်နေသံများ ပို၍ပင် ကျယ်လောင်လာပေ၏။
ဓားချက်ပေါင်းများစွာ ထိုးခံထားရသော အိုမင်းနေသည့် ဘုန်းတော်ကြီးအိုသည် နတ်ဘုရားရုပ်ထုဘေးတွင် လဲကျနေပြီး သွေးများဖြင့် ဖုံးလွှမ်းနေသည်။
သူ၏သွေးများ ပျံ့လွင့်သွားပြီး မြင့်မားကာ ကြီးကျယ်ခမ်းနားသော မြေအောက်လောက နတ်ဘုရားရုပ်ထုပေါ်သို့ ကျရောက်သွားသည်။
"အိုး နတ်ဘုရား... ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါ..."
ဘုန်းတော်ကြီးအိုသည် သူ၏ နောက်ဆုံး အော်ဟစ်သံကို ထုတ်လွှတ်လိုက်၏။
"ဟား ဟား ဟား... အဘိုးကြီး... မြေအောက်လောက နတ်ဘုရားက မရှိတော့ဘူး... မင်း ဘယ်လောက်ပဲ တောင်းပန်နေပါစေ အလကားပဲ..."
ယန်မိသားစု ကျင့်ကြံသူများသည် ရယ်မောလိုက်ကြပြီး သူတို့၏ဓားများကို တပြိုင်နက်တည်း မြှောက်လိုက်ကြသည်။
Chapter 5437
ယန်မိသားစု ထိန်းချုပ်ထားသော ပဉ္စမနယ်မြေ တွင် မြေအောက်လောက နတ်ဘုရားကျောင်းများအားလုံးကို လုံးဝဖြိုချခဲ့ပြီး ယင်လော့ ဧကရာဇ်၏ဘုရားကျောင်းများကို တည်ထောင်ခဲ့သည်။
မြေအောက်လောက နတ်ဘုရားနှင့် ပတ်သက်၍မူ...
သေဆုံးသွားသော နတ်ဘုရားတစ်ပါး၏ ကြီးကျယ်ခမ်းနားမှုကို မည်သူက ဂရုစိုက်မည်နည်း....
"ထားလိုက်တော့... အသုံးမကျတဲ့ အဘိုးကြီး... သူ့ကို သတ်ပြီး အဆုံးသတ်လိုက်တော့..."
တစ်စုံတစ်ယောက်က ပေါ့ပေါ့ပါးပါး လေသံဖြင့် အမိန့်ပေးလိုက်၏။
ယန်မိသားစု ကျင့်ကြံသူတချို့က ချက်ချင်းပြေးဝင်လာကြသည်။
"မင်းတို့အားလုံးကို ငါ တိုက်ခိုက်မယ်..."
ဘုန်းတော်ကြီးအိုသည် သူ၏နောက်ဆုံးအော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။
သူ၏မှော်ရတနာများသည် ကျိုးပဲ့နေပြီဖြစ်ရာ ဘုန်းတော်ကြီးအိုသည် စိတ်ပျက်အားငယ်စွာဖြင့် ယဇ်ပလ္လင်ရှေ့တွင် ထားရှိသော ယဇ်ပူဇော်သည့် နတ်ဘုရားလက်နက်ကိုယူကာ သူ၏ရှေ့တွင် ကိုင်ထားရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
ယဇ်ပူဇော်သည့် နတ်ဘုရားလက်နက်သည် အလှဆင်ရန်သက်သက်သာ ဖြစ်ပေ၏။ ထိုရတနာ၏အဆင့်မှာ နိမ့်ပါးခြင်းမရှိသော်လည်း တိုက်ခိုက်သတ်ဖြတ်ရာတွင် အကျိုးသက်ရောက်မှု များစွာမရှိပေ။
သို့သော် သူ ယဇ်ပူဇော်သည့် နတ်ဘုရား လက်နက်ကို ကောက်ကိုင်လိုက်သည့် အချိန်အခိုက်အတန့်တွင် ဓားရှည်သည် တုန်ခါသွားပြီး အရပ်မျက်နှာအားလုံးသို့ လွှမ်းခြုံသွားသော ဓားချီ တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ခပ်အုပ်အုပ်အသံများ ဆက်တိုက်ပဲ့တင်ထပ်သွားသည်။
ဓားချီအလင်းတန်း ရွေ့လျားသွားသည်နှင့်တပြိုင်နက် ဘုန်းတော်ကြီးအို၏ရှေ့တွင် မတ်တတ်ရပ်နေသော ယန်မိသားစုကျင့်ကြံသူ များ မရှိတော့ချေ။ သူတို့၏ခေါင်းများသည် မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းသွားကြ၏။
သွေးမျာ ပန်းထွက်လာပြီး မြေပြင်ပေါ်သို့ ဖြာကျသွားကာ သွေးညှီနံ့များက လေထုထဲတွင် ပျံ့နှံ့သွားစဉ် သာယာနာပျော်ဖွယ်ကောင်းသော နတ်ဘုရား တေးသွားတစ်ပုဒ်သည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ပဲ့တင်ထပ်သွားသည်။
ဘုန်းတော်ကြီးအိုသည် အလွန်အမင်း ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူသည် အလွန်အားနည်းနေပြီဖြစ်ပြီး သူ၏ အိုမင်းနေသော ခန္ဓာကိုယ်သည် ဒဏ်ရာအပြင်းအထန်ရထားသော သူ့ကို မထောက်ပံ့နိုင်တော့သဖြင့် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။
"နတ်ဘုရား... အဲ့ဒါက အရှင်လား..."
ဘုန်းတော်ကြီးအိုသည် တွေဝေမိန်းမောနေရင်း တီးတိုးရေရွတ်လိုက်၏။
"ဟုတ်တယ်... ငါပဲ..."
ပေတစ်သောင်းမြင့်သော နတ်ဘုရား အလင်းတန်းသည် မိုးကောင်းကင်သို့ ပျံ့လွင့်သွားပြီး ဘုရားကျောင်း၏အစက်အပြောက်များဖြစ်နေသော နံရံများ ကွဲအက်သွားကာ အတွင်းဘက်ရှိ နတ်ဘုရားပုံစံများ တုန်ခါသွားသည်။
တောက်ပသော အလင်းတန်းများသည် လေဟာနယ်ကို ဖုံးလွှမ်းသွားပြီး အမှောင်ထုအားလုံးကို ဖယ်ရှားပစ်လိုက်သည်။ နတ်ဘုရား တေးသွားသည် ကောင်းကင်ကိုးထပ်အထက်တွင် မြည်ဟီးနေပြီး မရေမတွက်နိုင်သော ကျမ်းစာရွတ်ဆိုသံများ ထွက်ပေါ်လာသည်။
မြင့်မားသော နတ်ဘုရားရုပ်ထုသည် ဖြည်းညှင်းစွာ တုန်ခါလာပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများသည် နတ်ဘုရားအလင်းတန်းများအတွင်း၌ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ထိုအရာများသည် လေဟာနယ်အတွင်းတွင် သိပ်သည်းစွာ စုဝေးနေပြီး ပြိုင်ဘက်ကင်းသော မှော်စွမ်းအားများကို ပေါ်လွင်စေကာ နက်နဲသိမ်မွေ့ပြီး နားလည်ရခက်လှသည်။
လုယွီသည် နတ်ဘုရားရုပ်ထုထဲမှ ထွက်လာပြီး စူးရှတောက်ပသော အလင်းတန်းများမှနေ၍ မဟာတာအိုသင်္ကေတတစ်ခုကို ဖန်တီးပြီး သူ၏ရှေ့တွင် ထုတ်ဖော်ထားသည်။
ဝုန်း...
မမြင်နိုင်သော နတ်ဘုရားစိတ်အာရုံတစ်ခုသည် ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ ပွင်အံ့ထွက်လာပေ၏။ ထိုအရာသည် ကြီးမားကျယ်ပြန့်သော ဒီရေကဲ့သို့ လှိုင်းထန်နေကာ ခမ်းနားကြီးကျယ်ပြီး အဆုံးမရှိသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ဝှစ်... ဝှစ် .."
မြေအောက်လောက နတ်ဘုရားကျောင်းတွင် ရှိနေသေးသော ယန်မိသားစုကျင့်ကြံသူ များသည် ထွက်ပြေးရန် အချိန်မရလိုက်ဘဲ ချက်ချင်းခြေမွှဖျက်ဆီးခံရကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
"အိုး ကောင်းကင်ဘုံ... ဒီတသက်မှာ နတ်ဘုရားကို မြင်ရဖို့ အခွင့်အရေး ငါ ရလာခဲ့တာလား... ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား..."
ဘုန်းတော်ကြီးအိုသည် မငိုဘဲ မနေနိုင်တော့ဘဲ သူ၏အိုမင်းနေသော ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီနေပေ၏။
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ဘုန်းတော်ကြီးအို၏ဒဏ်ရာများ ချက်ချင်းပြန်လည်ကောင်းမွန်သွားသည်။
ရွှေရောင်အလင်းတန်း၏ လွှမ်းခြုံမှုအောက်တွင် သူ၏ဒဏ်ရာများသည် ပြန်လည်ကောင်းမွန်သွားရုံသာမကဘဲ သူ၏သက်တမ်းပင် တိုးလာပြီး သူ၏မျက်နှာသည် ကျန်းမာသော နီမြန်းမှုကို ဖြည်းညှင်းစွာ ပြန်လည်ရရှိလာသည်။
မြေအောက်လောကနတ်ဘုရား ပြန်လည်၍ ထွက်ပေါ်လာလေပြီ။
လူများအားလုံးသည် သူတို့၏ရှေ့ရှိ နတ်ဘုရား ရုပ်ထုထဲမှ ရုတ်တရက် ထွက်လာသော လူငယ်ကို ကြည့်လိုက်ကြပြီး ဤအတွေးသည် သူတို့၏ စိတ်ထဲတွင် တပြိုင်နက်တည်း ထွက်ပေါ်လာပေ၏။
ယခင်က မြေအောက်လောက တာအိုသခင် သည် သူနှင့် မည်မျှထိ တူညီသနည်း။ သူ၏အနက်ရောင်ဆံပင်များသည် လေထဲတွင် လူးလွန့်နေပြီး ထိုပြိုင်ဘက်ကင်းသော ဟန်ပန်သည် ယနေ့ထိတိုင် ငရဲနယ်မြေရှိ သက်ရှိများစွာအတွက် ဖျောက်ဖျက်၍ မရနိုင်သော အမှတ်တရတစ်ခုပင်။
"သူက မြေအောက်လောက နတ်ဘုရား မဖြစ်နိုင်ဘူး... မြေအောက်လောက နတ်ဘုရားက သေသွားပြီ..."
အပြင်ဘက်ရှိ ယန်မိသားစု ကျင့်ကြံသူ များသည် အော်ဟစ်ကြုံးဝါးလိုက်ပြီး နောက်တစ်ကြိမ် ရှေ့သို့ပြေးဝင်လာကြသည်။
သူတို့သည် ဤမြေအောက်လောက နတ်ဘုရားကျောင်းကို လူတစ်သောင်းကျော်ဖြင့် ဝန်းရံထားသဖြင့် အုပ်စုတစ်စု သေဆုံးသွားချိန်၌ အပြင်ဘက်ရှိလူများသည် ချက်ချင်းဝင်ရောက်လာကာ အင်အားဖြည့်တင်းလိုက်သည်။
လုယွီသည် အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် ရွှေရောင်မီးတောက်များ လူးလွန့်နေသည်။ ထို့နောက် မီးတောက်နှစ်ခုသည် ရှည်လျားသော နဂါးများကဲ့သို့ ချက်ချင်းခုန်ထွက်လာပြီး လူအုပ်ထဲသို့ တိုးဝင်သွားပေ၏။
မီးပင်လယ်သည် ရက်စက်ကြမ်းကြုတ်ပြီး လူတစ်စုကို ရက်စက်စွာ ချက်ချင်းဝါးမျိုသွားသဖြင့် စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မီးတောက် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရှိနေသော လူများအားလုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ယန်မိသားစု အကြီးအကဲတချို့သည် လူအုပ်ထဲတွင် ရောနှောနေပြီး နံဘေးပတ်လည်မှ ဝိုင်းရံကာ လျှို့ဝှက်နည်းစနစ်များဖြင့် တိုက်ခိုက်လိုက်ကြ၏။ သူတို့၏စွမ်းအားများသည် ရှေ့သို့တန်းတန်းမတ်မတ် ထွင်းဖောက်သွားသော ခိုင်ခံမာကျောသည့် ရေခဲဆူးများအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်း မရှိချေ။ သူသည် သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ တောင်များနှင့် မြစ်များကို ပြိုကျစေနိုင်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ယန်မိသားစု အကြီးအကဲတချို့ကို သတ်ဖြတ်ကာ သူတို့၏ စိတ်ဝိညာဉ်များကို ခြေမွှဖျက်ဆီးလိုက်သည်။
Chapter 5438
"မင်းက သေချင်နေတာပဲ....."
သွေးအဆိပ်ဘုရင်သည် အလွန်အမင်း ဒေါသထွက်သွားပေ၏။ သူသည် ဖန်းယင်းကို အစောပိုင်းကမှ ထိန်းချုပ်ထားပြီး သူမကို ဖိနှိပ်ရန် ရည်ရွယ်ထားခဲ့သည်။ သို့ရာတွင် မထင်မှတ်ဘဲ သူ၏နံဘေးပတ်ဝန်းကျင်ရှိ ယန်မိသားစု ကျင့်ကြံသူများအားလုံး လုယွီ၏ချေမှုန်းခြင်းကို ခံလိုက်ရသည်။
သူ၏ ကြီးကျယ်ခမ်းနားပြီး ကြီးမားသော ခန္ဓာကိုယ်သည် ပေတစ်သောင်းရှည်လျားသော သွေးအလင်းတန်းအောက်တွင် သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဆိုးနတ်ဘုရား တစ်ပါးအလား အလွန်စူးရှတောက်ပနေပေ၏။
သွေးအဆိပ်ဘုရင်သည် ခေါင်းမော့ကာ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်။
"လှည့်ကွက်လေးတွေ သုံးပြီးတော့ သေသွားတဲ့ နတ်ဘုရားတစ်ပါးရဲ့ ဂုဏ်သတင်းကို ငှားရမ်းပြီး မင်းက ဘယ်သူ့ကို အရူးလုပ်နိုင်မှာလဲ....."
"မင်းက နတ်ဘုရားရဲ့ဘုရားကျောင်းကို ရောက်လာမှတော့ ဘာလို့ ဒူးမထောက်တာလဲ....."
လုယွီက အေးစက်တင်းမာစွာ ပြောလိုက်ရာ သူ၏အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
တောင်တစ်တောင်ကဲ့သို့ ကြီးမားလေးလံသော နတ်ဘုရားစွမ်းအားတစ်ရပ် ရုတ်တရက် ကျဆင်းလာရာ သွေးအဆိပ်ဘုရင်သည် သွေးအန်ပြီး ချက်ချင်းဒူးထောက်ရက်သား လဲကျသွားခဲ့သည်။
ဂုဏ်သရေရှိ သရဲဘုရင်တစ်ပါးသည် ဒူးထောက်ရသည်အထိ အမှန်တကယ် ဖိနှိပ်ခံလိုက်ရပေ၏။ သွေးအဆိပ်ဘုရင်သည် မလိုလားအပ်သော အော်ဟစ်သံကို ထုတ်လွှတ်လိုက်ပြီး ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။
သို့ရာတွင် လုယွီသည် အပိုစကားများ ပြောမနေတော့ချေ။ သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ဖိနပ်ဖြင့် သွေးအဆိပ်ဘုရင်၏ ရင်ဘတ်ကို ဖိနင်းလိုက်သည်။ သွေးအဆိပ်ဘုရင်၏ရုပ်ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေ၏။
"ဝုန်း..."
သွေးအဆိပ်များ ပျံ့နှံ့သွားသော်လည်း စူးရှတောက်ပသော နတ်ဘုရားစွမ်းအားများ၏ရှေ့တွင် ထိုအရာများအားလုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
သွေးဝိညာဉ်တစ်စက်က ထွက်ပြေးရန် ကြိုးစားသော်လည်း လုယွီက သူ့ကို အခွင့်အရေး လုံးလုံးလျားလျား မပေးခဲ့ချေ။ သူ၏လက်ချောင်းများကို တစ်ချက်လှုပ်ခတ်လိုက်ရုံဖြင့် သူသည် ထိုသွေးဝိညာဉ်ကို အဝေးမှနေ၍ ခြေမွှဖျက်ဆီးလိုက်သည်။
နာမည်ဆိုးဖြင့် ကျော်ကြားသော သွေးအဆိပ် ဘုရင်သည် လုံးလုံးလျားလျား အဆုံးသတ်သွားခဲ့လေပြီ။
လူများအားလုံး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် လုယွီသည် မိုးကောင်းကင်ယံသို့ မြင့်မားစွာ ပျံသန်းသွားပြီး အောက်ဘက်ရှိ သံမဏိချပ်ဝတ်ငရဲကို ငုံ့ကြည့်လိုက်သည်။
"သွေးအဆိပ်ဘုရင် သေသွားပြီ....."
"သူ့ကို သတ်... သွေးအဆိပ်ဘုရင် အတွက် လက်စားချေကြစမ်း....."
ယန်မိသားစု၏ တိုက်ပွဲအလံများသည် အဆက်မပြတ် လူးလွန့်နေဆဲပင်။ ယန်မိသားစု ကျင့်ကြံသူနှစ်သိန်းသည် မြေအောက်လောက နတ်ဘုရားကျောင်းရှိ အခြေအနေကို သတိပြုမိသွားကြပြီး ချက်ချင်းပြေးဝင်လာကြ၏။
ဘုရားကျောင်း၏ အပြင်ဘက်သို့ ကြည့်လိုက်လျှင် တစ်စုံတစ်ယောက်၏ဦးရေပြားကို ထုံကျင်သွားစေသော အနက်ရောင်ပုံရိပ်များ ထူထပ်သိပ်သည်းစွာ ရှိနေသည်။
ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး လုယွီ၏ဝတ်စုံ လူးလွန့်နေကာ သူ၏မျက်လုံးများသည် အေးစက်တင်းမာနေပြီး သူ၏မျက်နှာအမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိချေ။ သူသည် ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင်တစ်ပါး၏ ဖိအားအရှိန်အဝါကို ထုတ်လွှတ်ထားပြီး မည်သည့်ပြိုင်ဘက်ကိုမဆို ကြောက်ရွံ့စိတ်များ ပေါက်ဖွားလာစေသည်။
"အခု ယန်မိသားစုက ငါ့ရဲ့ နတ်ဘုရားကျောင်းရှေ့မှာ စစ်ပွဲဆင်နွှဲဖို့အထိ အတင့်ရဲနေတာပါလား....."
လုယွီ၏မျက်လုံးများသည် လျှပ်စီးများအလား စူးရှတောက်ပနေသည်။ သူသည် လက်ကိုမြှောက်ပြီး လက်ညှိုးညွှန်လိုက်ရာ နတ်ဘုရား စွမ်းအားများသည် ဓားချီအလင်းတန်းများအလား အရပ်မျက်နှာအဘက်ဘက်ကို လွှမ်းခြုံသွားသည်။
ပထမဆုံး ပြေးဝင်လာသော ယန်မိသားစု အကြီးအကဲသည် ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ နတ်ဘုရားစွမ်းအားကြောင့် ချက်ချင်း ခေါင်းဖြတ်ခံလိုက်ရကာ သွေးများ အဆက်မပြတ် ယိုစီးကျလာသည်။
အနောက်ဘက်ရှိ မရေမတွက်နိုင်သော ယန်မိသားစု ကျင့်ကြံသူများသည် အံ့အားသင့်သွားကြ၏။ လုယွီ၏ ရင်းနှီးမှုမရှိသော မျက်နှာကို မြင်တွေ့ချိန်၌ သူတို့သည် သူ့ကို တိုက်ရိုက်ဖယ်ရှားရန် ပြင်ဆင်ခဲ့ကြသော်လည်း မထင်မှတ်ဘဲ သူသည် ခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်နေသည်။
လူအချို့သည် ကြောက်ရွံ့ပြီး ထွက်ပြေးရန် နောက်သို့လှည့်လိုက်ကြသည်။ သို့ရာတွင် ယန်မိသားစုကျင့်ကြံသူများအနက် အများစုကမူ လုယွီကို လူအင်အား အရေအတွက်များပြားမှုအောက်တွင် မြှုပ်နှံရန်အတွက် ဒီရေလှိုင်းဗျူဟာကို အသုံးပြုရန် ပြင်ဆင်နေသည်။ သူတို့၏မျက်နှာများပေါ်တွင် ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ ထွက်သွားခွင့် မရှိဘူး....."
လုယွီသည် ရုတ်တရက် လက်ချောင်းငါးချောင်းကို စုစည်းလိုက်ပြီး သူ၏ရှေ့တွင် ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
လောကကြီးကို တုန်လှုပ်စေသော ဒေါသတကြီး ဟိန်းဟောက်သံကဲ့သို့ နဂါးဟိန်းသံတစ်သံ ပွင့်အံ့ထွက်လာပြီး ရှင်းလင်းစွာ ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ ကောင်းကင်နှင့်မြေပြင်ကြားရှိ အကျယ်လောင်ဆုံးနှင့် အရက်စက်ဆုံးသော နဂါးဟိန်းသံ ရုတ်တရက်မြည်ဟည်းလာသည့်အလား အရပ်မျက်နှာအဘက်ဘက်ကို တုန်ခါသွားစေပေ၏။
ဧရာမနဂါးလက်သည်းတစ်ခုသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ရှေးဟောင်း အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ထားကာ ရှေးဟောင်း အစစ်အမှန်နဂါးတစ်ကောင်က သူတို့ရှေ့တွင် ရစ်ခွေနေသကဲ့သို့ ကြောက်ရွံစိတ်များကို ဖြစ်ပေါ်စေသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်... မိုးပြာနဂါး မိုးကောင်းကင်ယံကို ဆုတ်ဖြဲခြင်း...
ဤလှုပ်ရှားမှုတွင် မည်သည့်နည်းစနစ်မျှ မရှိချေ။ ထိုအရာသည် ရှေးဟောင်းအစစ်အမှန်နဂါးတစ်ကောင်၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို အတုယူထားပြီး သန့်စင်သော စွမ်းအားကို အမှတ်တစ်ခုတည်း၌ စုစည်းကာ ဟိန်းသံတစ်သံနှင့်အတူ ပေါက်ကွဲထွက်လာခြင်းပင်။
ကောင်းကင်ကိုးထပ်နှင့် မြေပြင်ဆယ်လွှာတို့သည် ထိုအရာကြောင့် တုန်ခါသွားကြ၏။ ငရဲ၏မြေပြင်သည် ပြင်းထန်စွာ စတင်တုန်ခါလာပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို ကြေမွှပျက်စီးသွားစေသည်။
လုယွီသည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့်ယန်မိသားစုကျင့်ကြံသူနှစ်သိန်း ရှိနေသော နေရာ အေးခဲတောင့်တင်းသွားတော့သည်။
ရှေ့ဆုံးမှ ပြေးဝင်လာသော ယန်မိသားစု ကျင့်ကြံသူ ထောင်ပေါင်းများစွာသည် သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ မူလစိတ်ဝိညာဉ်များ သို့မဟုတ် အကြွင်းအကျန်စိတ်ဝိညာဉ်များပင် မလွတ်မြောက်နိုင်ကြချေ။
ထိုတိုက်ခိုက်မှုသည် မိုးကောင်းကင်ကို ခြေမွှလိုက်သော ဧရာမလှိုင်းလုံးကြီးတစ်ခုအလား တလိမ့်လိမ့်ထလာကာ လှိုင်းလုံးတစ်ခုစီတိုင်းသည် နောက်တစ်ခုထက် ပို၍မြင့်မားပြီး ရှေ့သို့ အပြင်းအထန် ဖိနှိပ်လာသည်။ အနောက်ဘက်ရှိ ယန်မိသားစုကျင့်ကြံသူများသည် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်ကြပြီး ကြီးမားကျယ်ပြန့်သော စွမ်းအားအောက်တွင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
Chapter 5439
ကောင်းကင်ကြီးသည် မှိုင်းညို့နေပြီး သွေးမြူခိုးများက လေထုထဲတွင် ပြည့်နှက်နေသည်။
လူနှစ်သိန်းသည် မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားကြသည်။ သူတို့သည် ဤနေရာတွင် မည်သည့်အချိန်ကမျှ ရှိမနေခဲ့ဖူးသည့်အလားပင်။ လေထုထဲတွင် ကျန်ရစ်နေသော သွေးညှီနံ့ကသာ သူတို့တည်ခဲ့ရှိမှု၏ တစ်ခုတည်းသောသဲလွန်စ ဖြစ်ပေမည်။
နတ်ဘုရားကျောင်းအတွင်း၌ အသက်ရှင်ကျန်ရစ်သူများသည် ဤမြင်ကွင်းကြောင့် အလွန်အမင်း အံ့အားသင့်သွားကြ၏။ သူတို့ တစ်ဦးစီတိုင်းသည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရကာ မိုးကောင်းကင်အောက်ရှိ ထိုပြိုင်ဘက်ကင်းသော ပုံရိပ်ကို တွေဝေမိန်းမောစွာ စူးစိုက်၍ ကြည့်နေကြသည်။
လုယွီသည် အလွန်အမင်း အစွမ်းထက်လှ၏။ သူ ထွက်ပေါ်လာချိန်မှစ၍ သူ၏လွှမ်းမိုးချုပ်ကိုင်နိုင်သော တိုက်ခိုက်မှုများကြောင့် သူသွားလေရာတိုင်းတွင် တားဆီး၍ မရနိုင်သလောက်နီးပါးပင်။
ယန်မိသားစု၏ တိုက်ခိုက်ရေးတပ်မကြီးသည် ဤတစ်ကြိမ်တွင် လက်ရွေးစင်များဖြင့် ဖွဲ့စည်းထားသော်လည်း လုယွီ၏ရှေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ချောမွေ့စွာ မလွတ်မြောက်နိုင်ခဲ့ချေ။
"သူက တကယ်ပဲ မြေအောက်လောက နတ်ဘုရား ဖြစ်နိုင်မလား....."
လူအများသည် သူတို့၏စိတ်များအတွင်းတွင် အံ့အားသင့်သွားကြသော်လည်း မည်သူကမျှ မမေးဝံ့ကြပေ။
"ဖူး... ဖူး... ဖူး..."
သွေးအန်သော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဖန်းယင်း၏မျက်နှာ ဖြူရော်နေပြီး သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်ရက်သား လဲကျသွားပေ၏။
သူမသည် ရိုးတွင်းခြင်ဆီအထိလှိုက်အောင် အဆိပ်သင့်နေလေပြီ။ သူမသည် မူလက သွေးအဆိပ်ဘုရင်၏ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း ယခုချိန်၌ သွေးအဆိပ်ဘုရင် သေဆုံးသွားသဖြင့် အဆိပ်ကို ဆက်လက်ဖိနှိပ်ထား၍ မရနိုင်တော့ချေ။
ဤသည်မှာ သွေးအဆိပ်ဘုရင်၏ ရက်စက်ကြမ်းကြုတ်မှုပင်။ သူ၏သွေးကျွန်များကို ထိန်းချုပ်ရန်အတွက် သူသည် သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ကျိန်စာနည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည်။ အကယ်၍သွေးအဆိပ် ဘုရင်သာ မတော်တဆ သေဆုံးသွားပါက ထိုသွေးကျွန်များအနက်မှ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သခင် သေဆုံးချိန်၌ အစေခံများလည်း သေကြေပျက်စီးရပေမည်။ ထိုအစေခံများသည် သွေးအဆိပ်ဘုရင်၏ သတ်ဖြတ်ခြင်းကို မခံရစေရန်အတွက် သူတို့၏ အမြင့်မားဆုံး သစ္စာရှိမှုကို မကြာခဏ ကျိန်ဆိုရလေ့ရှိသည်။
"အရှင်... ဒီလက်အောက်ငယ်သားရဲ့ အရည်အချင်း မရှိမှုကို ခွင့်လွှတ်ပါ... တာဝန်ကို အောင်မြင်အောင် မထမ်းဆောင်နိုင်ခဲ့ဘူး... ပြီးတော့ ဒီလက်အောက်ငယ်သားနောက်ကို လိုက်လာတဲ့ ထောင်စုမှူးနှစ်ယောက်ကလည်း ကံမကောင်းစွာနဲ့ သေဆုံးသွားခဲ့ပြီ... အခုဆိုရင် ကောင်းကင်ကွန်ယက်ရဲ့ ကယ်ဆယ်ရေးအဖွဲ့မှာ လူနှစ်ယောက်ပဲ ကျန်တော့တယ်....."
ဖန်းယင်း၏အသံသည် အလွန်အက်ရှရှဖြစ်နေပေ၏။ သူမ၏စိတ်သည် အနည်းငယ် လွင့်မျောနေပြီး လုယွီ ရာဇပလ္လင်ပေါ်သို့ တက်ကာ ဧကရာဇ်ဖြစ်လာခြင်းကိုပင် သူမ ကြာမြင့်စွာကတည်းက မေ့လျော့နေခဲ့သည်။ သူမသည် လုယွီကို အတိတ်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အုပ်ချုပ်သူအရှင်အဖြစ်သာ ဆက်ဆံနေဆဲပင်။
"မင်း သေမှာမဟုတ်ဘူး....."
လုယွီက သူ၏လက်ကိုမြှောက်ပြီး ရွေ့လျားလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ဖန်းယင်းအပေါ်သို့ ဖြာကျသွားသည်။
ဖန်းရင်း၏ခန္ဓာကိုယ်အရေပြားမှ သွေးမြူခိုးအမျှင်တန်းများ ထွက်ပေါ်လာသော်လည်း သူမ၏ရောဂါလက္ခဏာများသည် အားနည်းသွားမည့် အရိပ်အယောင် မပြဘဲ ထိုအစား ပို၍ပင် ပြင်းထန်လာခဲ့သည်။
"အလကားပဲ... သွေးအဆိပ်ဘုရင်ရဲ့ အဆိပ်သင့်ခံရပြီးမှတော့ ဒီလောကမှာ ဘယ်သူကမှ သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး....."
တစ်စုံတစ်ယောက် တည်ကြည်လေးနက်စွာ သက်ပြင်းချလိုက်၏။
ထိုသွေးအဆိပ်ဘုရင်သည်အစွမ်းထက်သော အဆိပ်ဘုရင်တစ်ယောက် ဖြစ်နေသောကြောင့်ပင် နယ်မြေတစ်ခုကို လွှမ်းမိုးထားနိုင်ခဲ့ခြင်းပင်။ အကယ်၍ ထိုအဆိပ်ကို ဤမျှထိ လွယ်ကူစွာ ဖြေရှင်းနိုင်ပါက သူသည် မည်သို့ နာမည်ကြီးလာနိုင်မည်နည်း။
"ဒီလက်အောက်ငယ်သားမှာ ထောက်လှမ်းရေး အချက်အလက်တချို့ ရှိသေးတယ်... ဒါတွေအားလုံးကို သင်္ချိုင်းထဲ ယူသွားလို့ မရဘူး....."
ဖန်းရင်းက ဖျော့တော့တော့လေသံဖြင့် ဆက်လက်၍ ပြောဆိုသည်။
"မင်း သေမှာမဟုတ်ဘူးလို့ ငါပြောခဲ့တယ်လေ... ဒါကြောင့် မင်း မသေဘူး....."
လုယွီ၏အသံသည် နတ်ဘုရားများထံမှ တီးတိုးစကားတစ်ခွန်းအလားပင်။
သူ၏လက်တစ်ဖက်က ဖန်းယင်းဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။ သူ၏ လက်ဝါးအတွင်းတွင် ဥပဒေသစွမ်းအားတချို့က သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား အလင်းတန်းများ တောက်ပနေသည်။
ဥပဒေသများကို ထိန်းချုပ်ခြင်း...
ဤသည်မှာ တာအိုသခင် တစ်ပါးသာ ကျွမ်းကျင်နိုင်သော နည်းလမ်းတစ်ခုပင်။
သို့ရာတွင် လုယွီသည် ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနေသော်လည်း နှောင်းပိုင်းမျိုးဆက်များ၏ အတုအယောင်အင်မော်တယ်များသည် အစစ်အမှန်အင်မော်တယ်များနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
သွေးမြူခိုးအမျှင်တန်း အမြောက်အများသည် ဖန်းယင်း၏ခန္ဓာကိုယ်ထဲမှ ချက်ချင်းထွက်လာပြီး မရေမတွက်နိုင်သော ကြိုးမျှင်များသည် လုယွီ၏လက်ထဲတွင် ထိန်းချုပ်ထားသော ပင့်ကူအိမ်တစ်ခုအလားပင်။
ထိုသွေးမြူခိုးများထဲမှ ကူကောင်တစ်ကောင် ရုတ်တရက် ပျံသန်းထွက်လာပြီး အဝေးသို့ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။ လုယွီက သူ၏ လက်ချောင်းများကို တောက်လိုက်ပြီး ကူကောင်ကို ချက်ချင်းခြေမွှဖျက်ဆီးလိုက်သည်။
ကူကောင် ပျောက်ကွယ်သွားသည်နှင့်အမျှ ဖန်းယင်၏လည်ပင်းပေါ်ရှိ ထိတ်လန့်ဖွယ်ကောင်းသော အနက်ရောင်သွေးကြောများသည် တဖြည်းဖြည်း နောက်ဆုတ်သွားပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားပေ၏။
"သူက သွေးအဆိပ်ကို တကယ်ပဲ ဖယ်ရှားလိုက်တာလား....."
လူများအားလုံးသည် ယုံကြည်နိုင်စရာ မရှိသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလား အံ့အားသင့်သွားကြသည်။
လက်ချောင်းများကို တစ်ချက်တောက်လိုက်ရုံဖြင့် သွေးအဆိပ်များကို ဖယ်ရှားခြင်း....
ဤသည်မှာ နတ်ဆိုးများနှင့်နတ်ဘုရားများ၏ နည်းလမ်းတစ်ခုပင်။
"အဆင့်မြင့်နတ်ဘုရားကို အရိုအသေပြုပါတယ်....."
ဘုန်းတော်ကြီးအို၏မျက်လုံးများတွင် ရူးသွပ်စွဲလန်းမှုများ ထင်ဟပ်နေပြီး သူက ပထမဆုံး ဒူးထောက်အရိုအသေပြုလိုက်သည်။
ထိုနေရာရှိ တခြားကျင့်ကြံသူများသည် ဤသည်ကို မြင်တွေ့ချိန်၌ သူတို့၏စိတ်နှလုံးများထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြ၏။
မြေအောက်လောက နတ်ဘုရားသည် သေဆုံးသွားပြီ မဟုတ်လော...
သို့သော် ယခုချိန်၌ သူတို့၏ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းသည် နတ်ဘုရားများသာ ပြသနိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်မှာ သိသာထင်ရှားသည်။
ဤအချိန်တွင်ပင် သံမဏိချပ်ဝတ်ငရဲ၏ အဝေးတစ်နေရာ၌ လေပြင်းမုန်တိုင်းများ ရုတ်တရက် တိုက်ခတ်လာပြီး မိုးခြိမ်းသံများ မြည်ဟည်းလာသည်။
Chapter 5440
"သွေးအဆိပ် ဘုရင်ကို ဘယ်သူ သတ်တာလဲ... ထွက်လာပြီး မင်းရဲ့ သေဆုံးခြင်းကို ရင်ဆိုင်လိုက်စမ်း....."
မှိုင်းညို့နေသော တိမ်တိုက်များကြားတွင် မိုးကြိုးပစ်ခတ်သကဲ့သို့ အော်ဟစ်သံကြီးက ကောင်းကင်နှင့်မြေပြင်တခွင်လုံး၌ ပဲ့တင်ထပ်သွားသည်။
ယန်မိသားစု၏မဟာအကြီးအကဲ ရောက်ရှိလာလေပြီ။ ကြောက်စရာကောင်းသော မှော်စွမ်းအားများ ရောယှက်နေသည့် သူ၏အသံသည် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့ပေ၏။
"အဲ့ဒါက ယန်မိသားစုရဲ့မဟာအကြီးအကဲတစ်ယောက်ဖြစ်တဲ့ တပ်မှူးပဲ... သူက ယန်ယွမ်ဘုရင် ရဲ့လက်အောက်မှာ နံပါတ်တစ် ကျွမ်းကျင်သူပဲ....."
"သူ ရောက်နေပြီဆိုတော့ ခံတပ်ကာကွယ်ရေးတွေ ချိုးဖျက်ခံလိုက်ရပြီဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား....."
လူများအားလုံး ထိတ်လန့်သွားကြပြီး သူတို့၏ တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သွေးအဆိပ်ဘုရင်တစ်ပါးတည်းကပင် သူတို့ကို ကြောက်ရွံ့စေရန် လုံလောက်နေပြီဖြစ်ရာ သူ့ထက်ပို၍ အစွမ်းထက်သော ကျွမ်းကျင်သူတစ်ယောက်ဆိုလျှင် ထည့်ပြောနေရန်ပင် မလိုအပ်တော့ချေ။
လုယွီက ရှေ့သို့ ပျံသန်းသွားပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
"သူ့ကို ငါသတ်ခဲ့တာပဲ....."
ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားများသည် မိုးကောင်းကင်သို့ ပျံ့လွင့်သွားပေ၏။ မြေအောက်လောက နတ်ဘုရားကျောင်းသည် ပြင်းထန်စွာ မြည်ဟီးသွားပြီး ပေတစ်သောင်းမြင့်မားသော နတ်ဘုရားအလင်းတန်းများ ရောယှက်ကာ တောက်ပနေသည်။ လုယွီ၏ ခေါင်းနောက်တွင် ဧရာမအလင်းစက်ဝန်းကြီးတစ်ခု လှည့်ပတ်နေပြီး သူ့ကို သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား ဖြစ်နေစေသည်။
"နတ်ဘုရား တစ်ပါးလား... မဟုတ်ဘူး... မင်းက ငါတို့ငရဲနယ်မြေရဲ့ နတ်ဘုရား မဟုတ်ဘူး... မင်းက ဘယ်သူလဲ....."
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟီးနေသော လူအိုကြီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
ယှဉ်ပြိုင်၍မရနိုင်လောက်အောင် အစွမ်းထက်သော မှော်စွမ်းအားများသည် တစ်ဖက်လူ၏ မိုးကြိုးပစ်ခတ်သကဲ့သို့ အသံလှိုင်းကို ခံစားရပြီးနောက် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
ယန်တီမင်သည် အံ့အားသင့်သွားပေ၏။ သူ၏မှော်စွမ်းအားများသည် အပြန်အလှန် တိုက်ခိုက်မှု တစ်ကြိမ်တည်းဖြင့် တစ်ဖက်လူ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
"မင်းက ဘယ်သူလဲ....."
ယန်တီမင်က အော်ဟစ်လိုက်သည်။
သူ အရေးနိမ့်သွားခြင်းက သူ့ကို နာကျင်စေသော်လည်း သူ့ကို ပို၍အံ့အားသင့်စေသည်မှာ လုယွီ ပြသခဲ့သော စွမ်းအားပင်။ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကောင်းကင်ကိုးထပ်အထက်ရှိ မရေမတွက်နိုင်သော နတ်ဘုရားများနှင့် ဗုဒ္ဓများထက် သာလွန်နေပြီး သူပင်လျှင် ပြန်လည်ခုခံတိုက်ခိုက်ရန် သတ္တိမရှိတော့ချေ။
အစပထမတွင် အထင်သေးနေသော်လည်း ယန်တီမင်သည် ချက်ချင်းထိတ်လန့်သွားပေ၏။ သွေးအဆိပ်ဘုရင် သေဆုံးခြင်းမှာ မည်သို့မျှ မတော်တဆမှုတစ်ခု မဟုတ်နိုင်ချေ။ တစ်ဖက်လူသည် မယုံနိုင်လောက်အောင် အစွမ်းထက်သောစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဤအချိန်အခိုက်အတန့်၌ ယန်တီမင်သည် ဆက်မနေရဲတော့ဘဲ ထွက်ပြေးရန်အတွက် နောက်သို့လှည့်လိုက်၏။
သူသည် ချက်ချင်းထွက်ပြေးရန် ရည်ရွယ်ကာ အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားသော်လည်း လုယွီ၏အမြန်နှုန်းမှာ ပို၍မြန်ဆန်ပေသည်။ လက်သီးတစ်ချက်တည်းဖြင့် ယန်တီမင်၏ရုပ်ခန္ဓာကိုယ် ကြေမွှပျက်စီးသွားသည်။
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများအားလုံး သက်ပြင်းချလိုက်ကြသည်။ သူသည် လက်သီးတစ်ချက်တည်းဖြင့် အစွမ်းထက်သော ယန်မိသားစု မဟာအကြီးအကဲကို သတ်ဖြတ်လိုက်၏။
သူ၏ရုပ်ခန္ဓာကိုယ် ကြေမွှပျက်စီးသွားပြီးနောက် ယန်တီမင်၏စိတ်ဝိညာဉ် ထွက်ပေါ်လာကာ ထွက်ပြေးရင်း အော်ဟစ်လိုက်သည်။
"လူတိုင်း တိုက်ခိုက်ကြ... သူ့ကို သတ်စမ်း....."
ယန်တီမင်က အဆက်မပြတ် အော်ဟစ်နေပေသည်။ သူ၏နောက်တွင်ရှိနေသော ယန်မိသားစု ကျင့်ကြံသူငါးသိန်းသည် ရှေ့သို့ပြေးဝင်လာပြီး တိုက်ခိုက်လိုက်ကြ၏။
ပျားအုံတစ်ခုကဲ့သို့ လွှမ်းမိုးနေသော လူအုပ်ကြီးသည် ထူထပ်သိပ်သည်းပြီး အနက်ရောင် အစုအဝေးတစ်ခုဖြစ်ကာ အကန့်အသတ်မရှိသော ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
လုယွီ၏ပုံရိပ်သည် ဤလူအုပ်ကြီးကြားတွင် မယုံနိုင်လောက်အောင် အထီးကျန်ဆန်နေပုံရပေ၏။
လုယွီက အသက်ရှုသွင်းလိုက်ရာ နဂါးများကဲ့သို့ ရှည်လျားသော စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းနှစ်ခု ထွက်ပေါ်လာသည်။ လုယွီ၏ရင်ဘတ်မှ မိုးခြိမ်းသံကဲ့သို့သောအသံများ ထွက်ပေါ်လာပြီး သူသည် လူအုပ်ကြီးကိုကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
နတ်ဘုရားနဂါးဟိန်းသံ...
လုယွီ၏နောက်တွင် ရွှေရောင်နဂါးပုံရိပ်ယောင်တစ်ခု ရစ်သိုင်းလွှမ်းခြုံနေသည်။
ကောင်းကင်နှင့်မြေပြင်အကြားတွင် အစွမ်းထက်သော နဂါးဟိန်းသံများဖြင့် ပြည့်နှက်နေပေ၏။ ဤသည်မှာ ယခင်က အာရုံငါးပါးဘုရင် ပြသခဲ့သော စွမ်းအားမျိုး မဟုတ်ချေ။ လုယွီသည် ရွှမ်အင်မော်တယ် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းဖြင့် ထိုကဲ့သို့ သိုင်းပညာနည်းစနစ်ကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမှာ လူအများကို လုံးလုံးလျားလျား လွှမ်းမိုးချုပ်ကိုင်နိုင်သော တည်ရှိမှုတစ်ခုပင်။
ဝေါင်း...
ကောင်းကင်နှင့်မြေပြင်ကြားတွင် ကြီးမားကျယ်ပြန့်သော နဂါးဟိန်းသံကြီးသာ အဆက်မပြတ် ပဲ့တင်ထပ်နေပေ၏။
ပတ်ဝန်းကျင်ရှိ တောင်များသည် တစ်လုံးပြီးတစ်လုံး ပြိုလဲကျသွားပြီး ဤကြီးမားသော ဖိအားကို တောင့်မခံနိုင်သော ဧရာမကျောက်တုံးအမြောက်အများ အက်ကွဲသွားကြသည်။
တိုက်ခိုက်ရန် သို့မဟုတ် ကာကွယ်ရန် အချိန်မရလိုက်သော ယန်မိသားစုကျင့်ကြံသူများသည် ပြင်းထန်သော အသံလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်များအပြင် သူတို့၏စိတ်ဝိညာဉ်များလည်း မလွတ်မြောက်နိုင်ကြဘဲ သူတို့အားလုံး အမြစ်ပြတ်ချေမှုန်းခြင်းခံလိုက်ရသည်။
လူငါးသောင်းသည် ကြီးမားသော အရေအတွက်ဖြစ်သော်လည်း နတ်ဘုရားနဂါးဟိန်းသံ၏ ခွဲခြားမှုမရှိသော တိုက်ခိုက်မှုအောက်တွင် မိုးကောင်းကင်ကြီးပင် သွေးများဖြင့် စွန်းထင်းသွားသည်။
ဤနဂါးဟိန်းသံသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ခဲ့သည်။
နတ်ဘုရားနဂါးဟိန်းသံ ပျောက်ကွယ်သွားချိန်တွင် လုယွီ၏ရှေ့၌ မတ်တတ်ရပ်နေသော ယန်မိသားစုကျင့်ကြံသူဟူ၍ တစ်ဦးတစ်ယောက်မျှ မကျန်တော့ချေ။ သေဆုံးသွားသော လူများ၏ ခန္ဓာကိုယ်အစအနများသည် အမြင့်မှဖြာကျလာပြီး သွေးမိုးတစ်ခုကို ဖန်တီးလိုက်သည်။
ရှည်လျားသော သွေးမြစ်တစ်စင်း စီးဆင်းလာပြီး တဝုန်းဝုန်း စီးဆင်းနေသော သွေးများမှ ပြင်းထန်သော သွေးညှီနံ့များ ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဤနေရာသည် ငရဲနယ်မြေတစ်ခု ဖြစ်လာခဲ့၏။ လူငါးသိန်းသည် ဤတိုက်ခိုက်မှုအတွင်းတွင် သေဆုံးသွားကြပြီး မိုးကောင်းကင်တစ်ခြမ်းသည် အနီရင့်ရောင် စွန်းထင်းသွားပေ၏။
လုယွီသည် သတ်ဖြတ်ခြင်းနတ်ဘုရား တစ်ပါးနှင့် တူညီနေပြီး သူ အသက်တစ်ချက်ရှုထုတ်လိုက်ကာ မရေမတွက်နိုင်သော အလောင်းများကို ကျော်ဖြတ်ပြီး ယန်တီမင်ထံသို့ ချဉ်းကပ်လာသည်။
ယန်တီမင်သည် ရူးသွပ်သွားသည့်အလားခံစားနေရကာ ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏ စိတ်ကိုထိန်းချုပ်နိုင်စွမ်း လုံးလုံးလျားလျား ဆုံးရှုံးသွားသည်။
ဒါက ဘယ်လို စွမ်းအားမျိုးလဲ...
သူ့ရှေ့မှ လူငယ်သည် နတ်ဘုရားတစ်ပါး ဖြစ်လျှင်ပင် ဤမျှထိကြီးမားသော စွမ်းအားမျိုး ရှိနေခြင်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။
အစောပိုင်းက ထွက်ပေါ်လာသော နတ်နဂါး ဟိန်းသံသည် သူ၏ ထွက်ပြေးနေသော စိတ်ဝိညာဉ်ကိုလည်း သက်ရောက်မှုရှိခဲ့ပြီး ဖရိုဖရဲ ဖြစ်စေခဲ့သည်။ ယခုအချိန်၌ သူ နောက်ဆုံးတွင် သူ၏စိတ်ကို ထိန်းညှိပြီးသွားချိန်၌ သူသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးသွားတော့သည်။
"မင်းတို့ယန်မိသားစု ငါ့ကို သစ္စာဖောက်တုန်းက ဒီနေ့ ဒီလို အဆုံးသတ်မျိုးကို စဉ်းစားခဲ့ဖူးလား....."
လုယွီ၏အသံသည် အရိုးကွဲလုမတက် အေးစက်တင်းမာနေသည်။
ယန်တီမင်သည် ဤစကားကို ကြားချိန်တွင် ပို၍ပင် ထိတ်လန့်သွားပေ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မရေမတွက်နိုင်သော အတွေးများ သူ၏ စိတ်ထဲတွင် ပြေးလွှားသွားသည်။ နောက်ဆုံးတွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ထိုတည်ရှိမှုသည်လည်း အဆုံးမရှိသော အလောင်းများနှင့်သွေးပင်လယ်ကို ကျော်ဖြတ်ကာ လျှောက်လှမ်းခဲ့သည်။ ထိုတည်ရှိမှု၏ ပြိုင်ဘက်ကင်းသော ဟန်ပန်သည် သူ၏ရှေ့မှ လူငယ်နှင့် ဖြည်းညှင်းစွာ ထပ်တူကျသွားပေ၏။
"မြေအောက်လောက တာအိုသခင်....."
ယန်တီမင်၏အသံ တုန်ရီနေသည်။
သို့သော် အချိန်တခဏအကြာမှာပင် သူ၏ စိတ်ထဲတွင် ကျယ်လောင်သော တုန်ခါသံကြီးတစ်သံဖြင့် ပြည့်နှက်သွားပြီး ဓားချီတစ်လှိုင်း သူ၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ထိုးဖောက်သွားသည်။
ထိုအစွမ်းထက်သော ဓားချီသည် သူ၏ စိတ်ဝိညာဉ်ကို ရက်စက်ကြမ်းတမ်းစွာ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုက်၏။