← Chapters

အဂ္ဂိရတ် ပြိုင်ပွဲလေးတစ်ခု

Vol. 37 Ch. 361

အဂ္ဂိရတ် ပြိုင်ပွဲလေးတစ်ခု

Vol. 37 Ch. 361

“ကိစ္စကတော့ ရှင်းသွားပြီ။ တာ့ရှား တစ်နိုင်ငံလုံးမှာရှိတဲ့ မိစ္ဆာတွေက တက်လှမ်းသူတွေနဲ့ နိုးထသူတွေကိုပဲ အဓိက ပစ်မှတ်ထားနေကြတာ။ သာမန် လူတွေကတော့ သူတို့မျက်စိထဲ မဝင်သရွေ့ အတိုက်ခိုက်မခံရဘူး။”

ဝမ်ရှိုယီက အာလူးကြော်တစ်ဆုပ်ကို ပါးစပ်ထဲထိုးထည့်ကာ တဂျွတ်ဂျွတ်ဝါးရင်း ပြောလိုက်သည်။

“စီနီယာချန်၊ မိစ္ဆာတွေက တစ်ခုခု ကြံစည်နေတာ သေချာတယ်။ ဒီသတ္တဝါတွေက အရိုးထဲအထိ ယုတ်မာကောက်ကျစ်ကြတာ။ အခြေအနေတွေ ပိုဆိုးမလာခင် ကျွန်တော်တို့နှစ်ယောက် ပေါင်းပြီးတော့ အနီးဆုံးက မိစ္ဆာချိပ်ပိတ်မျှော်စင်ကို သွားဖြိုဖျက်သင့်တယ်လို့ ထင်တယ်။”

ချန်ဟွိုက်အန်ကလည်း အာလူးကြော်တစ်ဖတ်ကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး ဝါးရင်းတန်းလန်း ပြန်ပြောလိုက်သည်။

“မင်းပြောတာကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်တည်းနဲ့တော့ ဒါကို ကိုင်တွယ်နိုင်ပါ့မလား။”

“ကျွန်တော်တို့နှစ်ယောက်တည်းလို့ ဘယ်သူ ပြောလို့လဲ။”

ဝမ်ရှိုယီက လက်ညှိုးတစ်ချောင်းကို ယမ်းပြရင်း ပြုံးလိုက်သည်။

“ဒီမိစ္ဆာလှိုင်းက ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေကို ထိခိုက်မှုပေးတယ်ဆိုပေမဲ့ အခွင့်အရေးလည်း ပါလာတာပဲ။”

သူက ဘယ်ကထုတ်လိုက်မှန်းမသိ အစိမ်းရောင်အချွဲများ ပေကျံနေသော ဖန်လုံး တစ်လုံးကို ထုတ်ပြလိုက်သည်။

“ဒါ ဘာလဲဆိုတာ သိလား။”

“မိစ္ဆာအမြုတေ…” ချန်ဟွိုက်အန်က ချက်ချင်းပြန်ဖြေသည်။

“မှန်တယ်။ မိစ္ဆာအမြုတေပဲ။” ဝမ်ရှိုယီက ဂုဏ်ယူစွာ ခေါင်းညိတ်ပြသည်။

“ဒါတွေနဲ့ဆိုရင် ကျင့်ကြံမှုကို မြန်မြန်ဆန်ဆန် တိုးတက်စေမယ့် ဆေးလုံးတွေ ဖော်စပ်လို့ရတယ်။ လူတိုင်း ဒါကို သုံးစွဲပြီး အဆင့်တက်လာကြပြီ ဆိုရင်တော့ အင်အားကြီးအဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး မျှော်စင်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လို့ရပြီ...”

“ကောင်းပြီ၊ ငါသဘောတူတယ်။”

ချန်ဟွိုက်အန်က ချက်ချင်းပင် လက်ခံလိုက်သည်။

သူဒ ရုတ်တရက်ပြောင်းလဲသွားသော လေသံကြောင့် ဝမ်ရှိုယီ မှင်တက်သွားရ၏။

“စီနီယာချန်... ဘာလို့ ရုတ်တရက်ကြီး…”

“မိစ္ဆာတွေကို နှိမ်နင်းဖို့ဆိုတာ ငါတို့ရဲ့ မြင့်မြတ်တဲ့ တာဝန်ပဲလေ…”

ချန်ဟွိုက်အန်က တရားမျှတမှုများ ပြည့်နှက်နေသော မျက်နှာပေးနှင့် အလေးအနက် ပြောလိုက်သည်။

...သို့သော် သူ့စိတ်ထဲမှာတော့…

မင်းရဲ့ မြင့်မြတ်တဲ့တာဝန်ကို သွားပြောလိုက်။

ဘယ်သူက ဒီလောက်အန္တရာယ်များတဲ့ အလုပ်ကို အလကားလုပ်မှာလဲ။

ဒါပေမဲ့ တခြားလူတွေ ရှေ့ကနေ ဦးဆောင်တိုက်ပေးမယ်ဆိုရင် လက်ခံနိုင်စရာ ရှိပါတယ်။

ငါကတော့ နောက်ကနေ လိုက်ပြီး အကျိုးအမြတ်တွေကိုပဲ သိမ်းကျုံးယူရုံပေါ့။

ငါ့ရဲ့ တကယ့်အစွမ်းကိုလည်း ထုတ်ပြနေစရာ မလိုတော့ဘူး။

ဝမ်ရှိုယီနောက်ကို လိုက်ပြီး အမြတ်ထုတ်ရုံပဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေတာပေါ့...

“စီနီယာကတော့ စီနီယာပါပဲ…”

ဝမ်ရှိုယီက ချန်ဟွိုက်အန်ကို အားကျအတုယူဖွယ်ရာ မျက်လုံးဖြင့် ကြည့်လိုက်၏။

ဒါက သူဖြစ်ချင်တဲ့ စံပြပုဂ္ဂိုလ်မျိုးပဲ…

တရားမျှတမှုနဲ့ သီလတွေ အကြောင်းကို ပါးစပ်က အလိုအလျောက် ထွက်လာနိုင်တယ်…

“ကျွန်တော် အဂ္ဂရတ်ပညာကို အနည်းငယ် သိထားတယ်။ မိစ္ဆာနှိမ်နင်းသူဗျူရိုက လူတွေ အင်အားတောင့်တင်းလာအောင် ကျွန်တော် ဆေးလုံးတွေ ဖော်စပ်ပေးရင် ဘယ်လိုလဲ။” ဝမ်ရှိုယီက ရိုးသားစွာ ကမ်းလှမ်းလာသည်။

ချန်ဟွိုက်အန်က သူ့ကို သံသယဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း…

ထိုကလေး၏ မျက်နှာမှာ တကယ့်ကို ဖြူစင်လွန်းနေသည်။

သူက တကယ်ပဲ ကူညီချင်နေတာပါ။ ဘာအကြံအစည်မှ မရှိဘူး။

ဒါပေမဲ့လည်း...

ဝမ်ရှိုယီ၏ ခေါင်းပေါ် ဝဲနေသော မီးခိုးရောင် အရှိန်အဝါကြီးကတော့...

ချန်ဟွိုက်အန် စိတ်ထဲကနေ သက်ပြင်းသာ ချနိုင်တော့သည်။

ဒီကလေးက စေတနာကောင်းရှိတာ မှန်ပေမဲ့၊ ဝမ်ရှိုယီဖော်တဲ့ ဆေးလုံးတွေကိုတော့ ဘယ်သူ့ကိုမှ ကျွေးလို့မဖြစ်ဘူး။

ချန်ဟွိုက်အန်က ဘာမှပြန်မပြောသည့်အခါတွင် ဝမ်ရှိုယီက အလျင်အမြန် ထပ်ပြောလိုက်သည်။ “စီနီယာ၊ မစိုးရိမ်ပါနဲ့။ လိုအပ်တဲ့ ပစ္စည်းတွေကို ကျွန်တော် ကိုယ်တိုင် ထုတ်ပေးပါ့မယ်၊ ကတိပေးပါတယ်။ ဒါက စေတနာနဲ့ လုပ်ပေးတာပါ၊ တစ်ပြားမှ မယူပါဘူး။”

“ဟူး...” ချန်ဟွိုက်အန်က သုံးစက္ကန့်လောက် စဉ်းစားပြီး ကတုံးဆံပင်တိုလေးကို ပွတ်လိုက်ကာ ဝမ်ရှိုယီကို စောင်းကြည့်လိုက်သည်။

“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ ငါကိုယ်တိုင်လည်း အဂ္ဂိရတ်ပညာ နည်းနည်းပါးပါး တတ်ထားတာပဲ။ မင်းက ပစ္စည်းတွေ ထုတ်ပေး၊ ငါ ဖော်စပ်ပေးမယ်လေ။”

“...နေပါဦး၊ စီနီယာက ဆေးဖော်စပ်တာလည်း တတ်တာလား။”

ဝမ်ရှိုယီ၏မျက်နှာ တွန့်သွားသည်။

သူ့မျက်နှာက ‘ခင်ဗျား နောက်နေတာလား’ ဟူ၍ ပြောနေသလိုပင်။

သူ ခုနက နှိမ့်ချပြီး ပြောလိုက်ခြင်း ဖြစ်သည်။ အရှင်မ တစ်ခါက ပြောဖူးသည်မှာ ဝမ်ရှိုယီ၏ အဂ္ဂိရတ် ပါရမီက ဓားသိုင်းထက်ပင် သာကြောင်းပင်။ သူက ထိုမျှအထိ တော်ပေသည်။

အခုတော့ ချန်ဟွိုက်အန်က သူလည်း တတ်သည်ဟု ပြောနေ၏။

“ဒါပေါ့။ ငါက အဲဒီပညာမှာ အရမ်းတော်တာ။”

ချန်ဟွိုက်အန်က အလင်းရောင်ကို ကျောပေးပြီး မတ်တပ်ရပ်လိုက်ရာ သူ၏ ပုံရိပ်က မြင့်မြတ်ပြီး ခန့်ညားနေသည်။

ထိုကိုယ်ဟန်အနေအထားက မျက်နှာပေါ်မှ ပျာယာခတ်နေမှုနှင့် ရှက်ကိုးရှက်ကန်း အမူအရာကို ဖုံးကွယ်ပေးထားပြီး အရှက်မရှိဘဲ အခုလို ကြေညာလိုက်နိုင်၏။

“ငါ မင်းကို ပြောပြရဲတယ်။ C ပြည်နယ် မိစ္ဆာနှိိမ်နင်းသူဗျူရိုမှာ ရှိတဲ့ ‘အရိုးသန့်စင် ဆေးလုံး’ တွေကို မြင်ဖူးတယ်မလား။ အဲဒါတွေ အကုန်လုံးကို ငါဖော်စပ်ထားတာ။

အကြွင်းအကျန် အမှိုက်စတွေနဲ့ ဖော်စပ်ထားတာလို့တောင် ပြောလို့ရတယ်…”

ဘာ။ အမှိုက်စတွေနဲ့ ဟုတ်လား။

ဝမ်ရှိုယီမှာ ငါးရိုက်ခံလိုက်ရသလို မျက်နှာကြီး ဖြစ်သွားသည်။

၎င်းက တစ်ယောက်ယောက် သူ့ကို လာပြောနေသလိုပင်။

“ဟေ့လူ၊ ကျွန်တော် အမှိုက်ပုံထဲက ပစ္စည်းတွေနဲ့ မစ်ရှလင်ဟင်းလျာတွေ ချက်ထားတယ်၊ မြည်းကြည့်မလား။”

“စီနီယာ... ကျွန်တော့်ကို နောက်နေတာ မဟုတ်ဘူးမလား။”

သူက ယဉ်ယဉ်ကျေးကျေး ပြုံးရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း သူ၏ ကမ္ဘာကြီး ပြိုလဲနေပြီဆိုသည်မှာ သိသာ၏။ သူ ချန်ဟွိုက်အန်ကို လေးစားသည်မှာ မှန်သော်လည်း ထိုကိစ္စကတော့ နည်းနည်းလွန်သွားလေပြီ။

“မင်း ငါ့ကို မယုံဘူးလား။”

ချန်ဟွိုက်အန်က လှည့်ကြည့်လိုက်ပြီး ပြောသည်။

“ဒါဆို ပြိုင်ပွဲလေးတစ်ခု လုပ်မလား။”

သူက ဆေးလုံးများ မဖော်စပ်တတ်သေးသည်မှာ မှန်ပေသည်။

ဒါပေမဲ့ ဘာဖြစ်လဲ။

ငါက မူလတာအိုခန္ဓာ ပိုင်ရှင်ပဲလေ။ ကမ္ဘာငယ်လေးထဲကို ခုန်ဝင်လိုက်ပြီး ယွန်ပိုင်ယွီ ဒါမှမဟုတ် ကျိုးရွှမ်ကျိဆီက သင်လိုက်ရုံပေါ့။ ဘာကြောက်နေရမှာလဲ။

ကံစမ်းမဲနတ်ဘုရား ချန်ဟွိုက်အန်၏ အဘိဓာန်ထဲ စကားလုံး သုံးလုံးသာ ရှိသည်။

အသက်ရှင်မယ်။ အတင်းတိုးမယ်။ ပိုက်ဆံသုံးမယ်။

သာမန်ဆိုလျှင် ဝမ်ရှိုယီက စီနီယာချန်ကို စိန်ခေါ်ရဲမည် မဟုတ်။ သို့သော်လည်း ဆေးဖော်စပ်ခြင်းကတော့ သူဒ ဂုဏ်ယူစရာ ပညာရပ်ပင်။ ချန်ဟွိုက်အန်က ခေါင်းမာနေခြင်း ဖြစ်ရမည်။ ဂျူနီယာတစ်ယောက်အနေနှင့် သူက စီနီယာ့ကို အမှန်တရားများ သိမြင်လာအောင် ကူညီပေးရပါလိမ့်မည်။

“ကောင်းပါပြီဗျာ…”

ဝမ်ရှိုယီက အနည်းငယ် ပြုံးလိုက်ပြီး နောက်ပိုင်း ချန်ဟွိုက်အန်က သူ့ကို အံ့သြတကြီး ကြည့်နေမည့် ပုံရိပ်ကို စိတ်ကူးကြည့်လိုက်သည်။

“စီနီယာ၊ ဒါက ပြိုင်ပွဲဆိုတော့ ကြေးတစ်ခုခု ထားကြမလား။”

“ရတာပေါ့…” ချန်ဟွိုက်အန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“တကယ်လို့ မင်းနိုင်ရင် နောက်ပိုင်း မင်း ဒါမှမဟုတ် ခွန်းလွန်နန်းတော်က ဖော်စပ်တဲ့ ဆေးလုံးတွေကိုပဲ ငါ သုံးမယ်။”

“သဘောတူတယ်…” ဝမ်ရှိုယီ စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။

သို့သော် ချန်ဟွိုက်အန် မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။

“တကယ်လို့ မင်းရှုံးရင်တော့ အခုကစပြီး ငါဖော်စပ်တဲ့ ဆေးလုံးတွေကိုပဲ မင်း သုံးရမယ်။ သဘောတူလား။”

သူ တစ်ခုခုကို စမ်းသပ်ချင်နေချင်ခြင်းပင်။

အကယ်၍ ဝမ်ရှိုယီက သူဒ ဆေးလုံးများကိုသာ သုံးစွဲမည်ဆိုရင် သူ့ခေါင်းပေါ်မှ အရှိန်အဝါများ လျော့သွားလေမလား။

ဖြစ်နိုင်လျှင် ထိုအရှိန်အဝါများကို ဖယ်ရှားပေးနိုင်သော ဆေးလုံးမျိုးကိုပင် သူ ဖော်စပ်ကောင်း ဖော်စပ်နိုင်ပါလိမ့်မည်။

၎င်းက သူ့အတွက် အခွင့်အရေးပင်။

ဒီကလေးကို လမ်းလျှောက်နေတဲ့ စမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ပဲ။

ဝမ်ရှိုယီက ထောင်ချောက်ထဲ ရောက်နေပြီ ဖြစ်ကြောင်းကို လုံးဝမသိဘဲ စိတ်အားထက်သန်စွာ ခေါင်ညိတ်လိုက်သည်။ “မျှတပါတယ်။ အချိန်ဆွဲ မနေတော့ဘူး၊ အခုပဲ စကြမလား။”

“ငါ့ကို ဆယ်မိနစ်လောက် အချိန်ပေး။ ဆေးမဖော်ခင် ငါ ရေမိုးချိုးပြီး သင့်တော်တဲ့ အဝတ်အစားတွေ လဲရဦးမယ်။”

ချန်ဟွိုက်အန်က ဝတ်ရုံလက်စကို ခါလိုက်ပြီး မေးစေ့ကို မော့လိုက်ရာ တခြား ကမ္ဘာက ပညာရှင်ကြီးတစ်ယောက်၏ အငွေ့အသက်များ ထွက်ပေါ်လာ၏။

ဆေးမဖော်ခင် ရေမိုးချိုးအဝတ်လဲရမယ် ဟုတ်လား။...

ဝမ်ရှိုယီ မတ်မတ်ရပ်လိုက်ပြီး သူ့မျက်လုံးထဲ လေးစားမှုများ လင်းလက်လာသည်။

အင်း... ဒါက တကယ့် စီနီယာကြီးတစ်ယောက်ရဲ့ ဖိအားပဲ။

နိုင်မည်ဖြစ်ကြောင်း သိနေသော်လည်း ထိုကြီးမားလှသော အရှိန်အဝါကြောင့် ဝမ်ရှိုယီမှာ ချွေးစေးများပင် ထွက်လာရသည်။

ချန်ဟွိုက်အန်က အကျဉ်းခန်း(၀)ထဲသို့ ပြန်ဝင်လာသည်။

နည်းနည်း ပျာယာခတ်နေသော်လည်း အရေးကြီးသည်တော့ မဟုတ်ပေ။

သူက ဗီအာဦးထုပ်ကို ဝတ်ပြီး ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ မျက်လုံးဖွင့်လိုက်ရာ ဓားကျောင်းတော် ဂိုဏ်းချုပ် အဆောင်ထဲ ရောက်နေလေပြီ။

“ဪ... ဒါ ကျွန်တော်တို့ရဲ့ ဘိုးဘေးကြီး မဟုတ်လား။ ပြန်လာတာ ကြိုဆိုပါတယ်။”

အနားမှ မြှောက်ပင့်သံတစ်ခု ထွက်ပေါ်လာသည်။

စုချီနျန်ကလွဲလို့ ဘယ်သူ ဖြစ်နိုင်မှာလဲ။

“ဘိုးဘေးကြီးက တစ်ခါတွေ့တိုင်း ပိုပြီး ခန့်လာတယ်။ ဟားဟားဟား…”

ချန်ဟွိုက်အန်က ထိုမြှောက်ပင့်စကားများကို လျစ်လျူရှုပြီး ဘာမှပြန်မပြောပေ။

သူက ဓားကို စီးနင်းပြီး ကောင်းကင်ယံထဲ ပျံတက်သွားကာ ကြောက်မက်ဖွယ် ဓားဖိအားတွေကို ထုတ်လွှတ်ရင်း လင်းရှီးတောင်ကြားဆီကို တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

တောင်ကြားတစ်ခုလုံးအပေါ် သူဒ ဓားအရှိန်အဝါများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

အောက်မှ တပည့်များက ထိုကြီးမားသော ဖိအားအောက် တုန်လှုပ်နေကြရသည်။

နောက်တစ်ခဏတွင်တော့…

သူက ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ယွန်ပိုင်ယွီ၏ အရှေ့တည့်တည့်မှာ ဆင်းသက်လိုက်သည်။

သူက ပါးလွှာသော ဝတ်ရုံကို ဝတ်ထား၏။

တရားထိုင်နေစဉ် ထိုဖိအားကြောင့် လန့်နိုးသွားရာ ဓားအရှိန်အဝါ ဝန်းရံနေသော ဓားကျောင်းတော် ဘိုးဘေးကြီးကို မြင်လိုက်ရသောအခါ သူ၏ လှပသော မျက်နှာလေးမှာ ဖြူဖျော့သွားတော့သည်။

သူ၏အသံလေး တုန်ရီနေ၏။

“ဘိုး…ဘိုးဘေးကြီး... ကျွန်မတို့ဆီကို ဘာများ ခိုင်းစရာ ရှိလို့ပါလဲ။”

သူ မကြာသေးမီက ဆုံးဖြတ်ချက်များထဲ ဓားကျောင်းတော် သို့မဟုတ် ဘိုးဘေးကို စိတ်ဆိုးစေမည့် အရာများ ပါနေမလားဟု အသည်းအသန် ပြန်စဉ်းစားနေမိသည်။

သို့သော် အရှေ့မှ ဘိုးဘေးကြီးကတော့ အေးစက်စွာ ငုံ့ကြည့်နေပြီး ခက်ထန်သော အမူရာ၊ အေးစက်နေသော အသံကြီးနှင့် ပြောလိုက်၏။

“အခုချက်ချင်း…ငါ့ကို…အဂ္ဂိရတ်ပညာ…သင်ပေးစမ်း။”

…

All Chapters