အခန်း (၂၀၉-၂၁၀)
Vol. 21 Ch. 209-210
အခန်း (၂၀၉) - နံနက်ခင်းအလင်းသစ်နှင့် ရေရှည်စီမံကိန်း
လင်းထျန်းလုံသည် တိုတမ်မိခင်သစ်ပင်ကြီး၏ အမြစ်တွယ်နေသော နေရာတွင် လှဲလျောင်းနေရင်း မိခင်သစ်ပင်ကြီးထံမှ မြစ်ဖျားခံလာသော ပိုမိုထူထပ်၊ ကြီးမြတ်သည့် အသက်စွမ်းအင်များနှင့် သူ၏ ခန္ဓာကိုယ်တွင်းမှ တဟုန်ထိုးတက်လာသော စွမ်းအားများကို ခံစားနေသည်။
အဆင့် ၃၂ ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး စွမ်းရည်ပေါင်းစပ်ခြင်းစနစ်ကို ကနဦးနားလည်သဘောပေါက်သွားခြင်းက သူ့အား အနာဂတ်အတွက် မကြုံစဖူး ယုံကြည်မှုများကို ပေးစွမ်းနိုင်ခဲ့သည်။
သေးငယ်သော ပုံရိပ်နှစ်ခုသည် သူ၏ရင်ဘတ်ပေါ်ရှိ အနူးညံ့ဆုံးနှင့် အထူဆုံး အမွေးအမျှင်များကြားသို့ ဘယ်ညာ တိုးဝင်လာကြသည်။
“ဖေဖေ... ဟိုအရမ်းဆိုးတဲ့ လူဆိုးကြီးတွေက နောက်တစ်ခါ ထပ်မလာကြတော့ဘူးမလား” ရှောင်လန်က မော့ကြည့်လာပြီး မေးလိုက်လေ၏။ သူမ၏ ရှည်လျားသော မျက်တောင်လေးများပေါ်တွင် အိပ်ချင်မူးတူးဖြစ်နေသည့် အရိပ်အယောင်လေးများ ကပ်ငြိနေသေးသည်။
ရှောင်ယင်းကမူ စကားမပြောသော်လည်း ထိုမေးခွန်းထုတ်လိုသည့် အကြည့်မျိုးဖြင့် သူ့ကို စူးစိုက်ကြည့်နေသည်။
“လောလောဆယ်တော့ သူတို့မှာ လာရဲတဲ့သတ္တိ မရှိတော့ပါဘူး” လင်းထျန်းလုံက ခေါင်းငုံ့ကာ သူ့သမီးနှစ်ယောက်၏ ခေါင်းလေးများကို မေးစေ့ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
သူ၏ နူးညံ့သိမ်မွေ့သော အတွေးများက သမီးလေးများ၏ ရင်ထဲရှိ နောက်ဆုံးကျန်ရစ်နေသော စိုးရိမ်ပူပန်မှုများကို ပြေပျောက်သွားစေသည်။
“နောက်ဆိုရင် ဒီနေရာက ပိုပိုပြီး လုံခြုံလာသလို၊ ပိုပိုပြီးတော့လည်း လှပလာတော့မှာပါ”
“ဝံပုလွေဖေဖေက ဒီတစ်ခါ တကယ်ကို စွမ်းအားတွေ အပြည့်အ၀ ထုတ်ပြလိုက်တာပဲ၊ ဒီတိုက်ပွဲအပြီးမှာ ပတ်ဝန်းကျင်က လူသားအင်အားစုတွေ ငါတို့ရဲ့ စွမ်းအားကို ပြန်အကဲဖြတ်ရတော့မယ်”
“ဟုတ်တယ်... အနည်းဆုံးတော့ ငါတို့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်အများကြီး ရသွားတာပေါ့၊ နောက်ဆိုရင် ဒီအခြေခံအုတ်မြစ်ကို သေချာစီမံခန့်ခွဲရမယ်”
သမီးလေးများကို နှစ်သိမ့်ပေးပြီးနောက် လင်းထျန်းလုံက သူ၏ အရည်အချင်းပြည့်ဝသော စစ်သူကြီးသုံးဦးထံသို့ အကြည့်ရွှေ့လိုက်သည်။
ရန့်မြဲ့သည် ပျက်စီးနေသော အကာအကွယ် အချက်အချာတစ်ခုရှေ့တွင် မတ်တတ်ရပ်နေပြီး သူ၏နက်ရှိုင်းသော အပြာရောင် ရေခဲကြေးခွံချပ်ဝတ်တန်ဆာက နေရောင်အောက်တွင် သတ္တုရောင်များ လင်းလက်နေသည်။
အဆင့် ၃၀ သို့ တက်လှမ်းလာပြီးနောက် ရေခဲစွမ်းအင်အပေါ် သူ၏ထိန်းချုပ်နိုင်စွမ်းက ပိုမိုသိမ်မွေ့လာခဲ့သည်။
လက်ရှိတွင် သူသည် မိခင်သစ်ပင်၏ အသက်စွမ်းအင်နှင့် သူ၏ ကိုယ်ပိုင် အကြွင်းမဲ့ရေခဲဝိညာဉ်တို့မှ အေးစက်သောအငွေ့အသက်များကို အတိကျဆုံး လက်မှုပညာရှင်တစ်ဦးကဲ့သို့ လမ်းညွှန်ကာ စွမ်းအင်အချက်အချာတည်ဆောက်ပုံကို ပြုပြင်ခိုင်ခံ့စေလျက်ရှိသည်။
ထို့ကြောင့် အကာအကွယ် ပြန်လည်ကောင်းမွန်လာသည့်အရှိန်က ပုံမှန်ထက် များစွာ သာလွန်နေလေသည်။
ထျန်းပင်းကတော့ ငြိမ်ငြိမ်မနေနိုင်ပုံရသည်။ သူသည် ကြီးမားလွန်းသော ရွှေရောင်ရင့်ရင့် ခန္ဓာကိုယ်ကြီးဖြင့် ဝံပုလွေအသိုက်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ မတည်မငြိမ်ဖြစ်နေသော ကျောက်သားချပ်ဝတ်အလွှာမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း အဆင့်တက်သွားခြင်းကြောင့် ရရှိလာသော စွမ်းအားများက သူ့ကို စိတ်လှုပ်ရှားဖွယ် အခြေအနေတစ်ခုတွင် ရှိနေစေသည်။
သူ၏ ထက်ရှသော လက်သည်းများကို လေထဲသို့ ဝှေ့ယမ်းလိုက်တိုင်း ထွက်ပေါ်လာသည့် ပေါက်ကွဲသံများကြောင့် အနီးနားတွင် အနားယူနေကြသော လုပ်ကြံသတ်ဖြတ်သူများမှာ ရိုသေလေးစားစွာ ငေးကြည့်နေကြရသည်။
အကြီးမားဆုံး အပြောင်းအလဲကတော့ ယင်းဖုန်းပင်ဖြစ်သည်။ ရေခဲအိမ်တစ်ခု၏ အရိပ်ထဲတွင် သူက တိတ်တဆိတ် လှဲလျောင်းနေလေ၏။
ငွေပြာဘုရင်မျက်ဝန်း၏ ထက်ရှမှုသာ မရှိပါက သူ ယင်းဖုန်း၏ တည်ရှိမှုကို လုံးဝသိရှိနိုင်မည် မဟုတ်ပေ။
အရိပ်ဝိညာဉ်ကို အောင်မြင်စွာ နိုးထပြီးနောက် သူ၏အငွေ့အသက်များသည် အလွန်တရာ ထိန်းချုပ်ထားနိုင်လာပြီး အရိပ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမှန်တကယ် ပြောင်းလဲသွားသကဲ့သို့ပင်။
ထိုဖုံးကွယ်နေသော အန္တရာယ်ငွေ့အသက်များကလည်း ယခင်ကထက် ပိုမိုပြင်းထန်လာနေသည်။
လင်းထျန်းလုံ တစ်ချက်တွေးလိုက်သည်နှင့် စစ်သူကြီးသုံးဦး၏ အဆင့်မြှင့်တင်ထားသော အချက်အလက်ပြမျက်နှာပြင်များ အားလုံးသည် အလင်းတန်းသုံးခုကဲ့သို့ သူ၏အသိစိတ်ထဲတွင် ရှင်းလင်းစွာ ပေါ်လာသည်။
မနေ့ညက ပြင်းထန်သော တိုက်ပွဲအတွင်း သူ သတိမထားမိလိုက်သော ပြောင်းလဲမှုများစွာကို ယခု ရှင်းလင်းပြတ်သားစွာ ပြသထားလေသည်။
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်၏လက်အောက်ခံ နှင်းဝံပုလွေမျိုးနွယ်စု အစောင့်အရှောက်ခေါင်းဆောင် ရန့်မြဲ့၏ အချက်အလက်များ -
အဆင့် - ၃၀ (ဘုရင်အဆင့်)
သွေးမျိုးဆက် - နှင်းဖြူဝံပုလွေပြာ သွေးမျိုးဆက် (သန့်စင်ပြီး)
ပင်ကိုစွမ်းရည်များ -
[အကြွင်းမဲ့ရေခဲဝိညာဉ် (ရွှေရောင် - အလယ်အလတ်)]
ဝိသေသလက္ခဏာ “အကြွင်းမဲ့ခန္ဓာကိုယ်” - ခန္ဓာကိုယ် ခုခံနိုင်စွမ်း သိသိသာသာ တိုးတက်လာကာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများသည် ပြင်းထန်သော ရေခဲလောင်ကျွမ်းခြင်း အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။
ဝိသေသလက္ခဏာ “ရေခဲမီးလျှံ” - အပူချိန်လျှော့ချခြင်းနှင့် လောင်ကျွမ်းခြင်း ဂုဏ်သတ္တိ နှစ်မျိုးလုံးပါဝင်သော အဖြူရောင်မီးတောက်များကို ထိန်းချုပ်နိုင်ပြီး စဉ်ဆက်မပြတ် ရောနှောပျက်စီးမှုကို ဖြစ်စေသည်။
ဝိသေသလက္ခဏာ “ဝိညာဉ်အေးခဲခြင်း” - တိုက်ခိုက်တိုင်းတွင် ဝိညာဉ်ကို ထုံကျဉ်စေသော အအေးဒဏ်ကို သယ်ဆောင်လာကာ ရန်သူများအား စိတ်ဝိညာဥ်အေးခဲခြင်း အခြေအနေသို့ ရောက်ရှိစေနိုင်ခြေ မြင့်မားပြီး ၎င်းတို့၏ တုံ့ပြန်မှုများနှင့် စွမ်းအင်စီးဆင်းမှုများကို များစွာနှောင့်နှေးစေသည်။
[ရေခဲကြေးခွံချပ်ဝတ်တန်ဆာ (ခရမ်းရောင် အဆင့်မြင့်)]
ဝိသေသလက္ခဏာ “ကြံ့ခိုင်သောတံတိုင်း” - တက်ကြွစွာ အသက်သွင်းလိုက်သည့်အခါ ရုပ်ပိုင်းဆိုင်ရာနှင့် စွမ်းအင်အကာအကွယ်ကို အချိန်တိုအတွင်း ၅၀ ရာခိုင်နှုန်း ထပ်ဆောင်းတိုးမြှင့်ပေးသည်။
ကျွမ်းကျင်မှုစွမ်းရည်များ -
[မိစ္ဆာဝိညာဉ်ခွဲလက်သည်း (ခရမ်းရောင် အဆင့်မြင့်)] (စွမ်းအားမြှင့်တင်ထားသည်)
ဝိသေသလက္ခဏာ “ဝိညာဉ်တိုက်စားခြင်း” - တိုက်ခိုက်မှုများသည် ရန်သူ၏ဝိညာဉ်ကို တိုက်စားနိုင်စေပြီး စဉ်ဆက်မပြတ် နာကျင်မှုကို ဖြစ်စေကာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို အားနည်းစေသည်။
အကျဉ်းချုပ် - အခြေခံစွမ်းရည်များ (ခွန်အား၊ အမြန်နှုန်း၊ ကြံခိုင်မှု) သည် ရွှေရောင်စွမ်းရည်များ၏ အထောက်အပံ့ဖြင့် သိသိသာသာ တိုးတက်လာသည်။
ရေခဲထိန်းချုပ်မှုနှင့် ခံတပ်အကာအကွယ်စွမ်းရည်များမှာလည်း အခြေခံကျကျ အားကောင်းလာကာ ဝံပုလွေအသိုက်၏ အခိုင်မာဆုံးသော ခံတပ်ကြီးဖြစ်လာသည်။
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်၏လက်အောက်ခံ နှင်းဝံပုလွေမျိုးနွယ်စု လုပ်ကြံသတ်ဖြတ်သူခေါင်းဆောင် ထျန်းပင်း၏ အချက်အလက်များ -
အဆင့် - ၃၀ (ဘုရင်အဆင့်)
သွေးမျိုးဆက် - နှင်းဝံပုလွေပြာသွေးမျိုးဆက် (သန့်စင်ပြီး)
ပင်ကိုစွမ်းရည်များ -
[ထာ၀ရဗာဂျရာခန္ဓာ (ရွှေရောင် - အဆင့်မြင့်)]
ဝိသေသလက္ခဏာ “ပြောင်းပြန်အကြေးခွံ” - အကာအကွယ်ကို ချိုးဖျက်နိုင်လောက်အောင် ပြင်းထန်သော တိုက်ခိုက်မှုကို လက်ခံရရှိသောအခါ အလိုအလျောက် အလုပ်လုပ်နိုင်ခြေရှိပြီး အချိန်တိုအတွင်း ကာကွယ်မှုကို အဆမတန် တိုးမြှင့်ပေးကာ လက်ခံရရှိသော ပျက်စီးမှု၏တစ်စိတ်တစ်ပိုင်းကို သန့်စင်သော စွမ်းအင်လှိုင်းလုံးများအဖြစ် ပြန်လည်ရိုက်ခတ်လာသည်။
[နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ် (ခရမ်းရောင် အဆင့်မြင့်)] (ဝိသေသလက္ခဏာသစ် နိုးထလာသည်)
ဝိသေသလက္ခဏာ “တိုက်ပွဲရူးသွပ်ခြင်း” - သွေးစွမ်းအင် ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားတိုင်း ကိုယ်ပိုင်တိုက်ခိုက်မှုစွမ်းအား၊ အကာအကွယ်နှင့် တိုက်ပွဲဝင်လိုစိတ်တို့ ၁၅ ရာခိုင်နှုန်း တိုးလာမည်ဖြစ်သည်။
ကျွမ်းကျင်မှုစွမ်းရည်များ -
[ပြင်းထန်ရေခဲဝါးမြိုခြင်း (ခရမ်းရောင် အဆင့်မြင့်)]
ဝိသေသလက္ခဏာ “ဝိညာဉ်ဆုတ်ဖြဲခြင်း” - ကိုက်ခဲတိုက်ခိုက်မှုများသည် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကို သယ်ဆောင်လာကာ ရန်သူကို ခေတ္တမျှ ကြောက်ရွံ့သွားစေနိုင်ခြေရှိသည်။
[ရူးသွပ်အားလှိုင်း (ခရမ်းရောင် - အဆင့်မြင့်)] (ခွန်းအား၊ တွန်းကန်မှုနှင့် သံချပ်ကာဖောက်ထွင်းနိုင်သော အကျိုးသက်ရောက်မှုများ တိုးမြှင့်ထားသည်)
အကျဉ်းချုပ် - ခွန်အားနှင့် အကာအကွယ်များ အရည်အသွေးပိုင်းဆိုင်ရာအရ တိုးတက်လာခဲ့သည်။
တိုက်ပွဲကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာသည့် ဝိသေသလက္ခဏာက သူ့အား စစ်မြေပြင်တွင် အိပ်မက်ဆိုးတစ်ခုနှင့် ဖောက်ထွင်းရေးကိရိယာတစ်ခု ဖြစ်လာစေသည်။
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်၏လက်အောက်ခံ နှင်းဝံပုလွေမျိုးနွယ်စု အမဲလိုက်ခေါင်းဆောင် ယင်းဖုန်း၏ အချက်အလက်များ -
အဆင့် - ၃၀ (ဘုရင်အဆင့်)
သွေးမျိုးဆက် - နှင်းဝံပုလွေပြာ သွေးမျိုးဆက် · အရိပ်မျိုးဗီဇပြောင်းလဲမှု
ပင်ကိုစွမ်းရည်များ -
[အရိပ်ဝိညာဉ် (ရွှေရောင် - အဆင့်မြင့်)] (အသစ်နိုးထလာသည်)
ဝိသေသလက္ခဏာ “အရိပ်ခန္ဓာ” - အမြန်နှုန်းနှင့် ကိုယ်ပျောက်နိုင်စွမ်းကို သိသိသာသာ တိုးမြှင့်ပေးကာ အရိပ်များထဲသို့ လွတ်လပ်စွာ ပေါင်းစပ်ဝင်ရောက်ပြီး သွားလာနိုင်စေသည်။
ဝိသေသလက္ခဏာ “အရိပ်ဝိညာဉ်” - စွမ်းအင်တိုက်ခိုက်မှုများအား ခုခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး ရှောင်တိမ်းနိုင်စွမ်းကိုလည်း အလွန်တိုးတက်စေသည်။
ဝိသေသလက္ခဏာ “အရိပ်ဘေးဒဏ်” - မိမိ၏အရိပ်ကို ခေတ္တထိန်းချုပ်ကာ သီးခြားတိုက်ခိုက်မှုများ သို့မဟုတ် ကာကွယ်မှုများကို လုပ်ဆောင်နိုင်သည်၊ အရိပ်သည် ပင်မခန္ဓာကိုယ်၏ အခြေခံစွမ်းရည်များနှင့် ကျွမ်းကျင်မှုအများစုကို ပိုင်ဆိုင်ထားသည်။
[တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်း (ရွှေရောင် - အလယ်အလတ်)] (အရိပ်ဝိညာဉ်နှင့် နက်ရှိုင်းစွာ ပဲ့တင်ထပ်နေသည်၊ ကိုယ်ပျောက်ခြင်းနှင့် အရိပ်သွားလာခြင်း အကျိုးသက်ရောက်မှုများ တိုးမြှင့်ထားသည်)
ဝိသေသလက္ခဏာ “ရေခဲခြေရာ” - အကျိုးသက်ရောက်မှုကို တိုးမြှင့်ထားသည်၊ ခြေရာများကို ပိုမိုဖုံးကွယ်ထားကာ ရေခဲပေါက်ကွဲမှု အဖျက်စွမ်းအားနှင့် အနှောင့်အယှက်ပေးနိုင်စွမ်း တိုးလာသည်။
ကျွမ်းကျင်မှုစွမ်းရည်များ -
[အရိပ်ကူးပြောင်းခြင်း (ခရမ်းရောင် အဆင့်မြင့်)] (ကူးပြောင်းနိုင်သော အကွာအဝေးနှင့် အကြိမ်အရေအတွက် တိုးလာသည်)
[အစွန်းရောက်အရိပ်လေဓားသွား (ခရမ်းရောင် - အလယ်အလတ်)] (လေဓားသွားအမြန်နှုန်းနှင့် ကိုယ်ပျောက်နိုင်စွမ်း တိုးလာကာ အရိပ်တိုက်စားမှုကို သယ်ဆောင်ထားနိုင်သည်)
[သဘာ၀အာရုံ ခြေရာခံခြင်း (ခရမ်းရောင် - အလယ်အလတ်)] (အာရုံခံနိုင်သော အကွာအဝေးနှင့် တိကျမှုတိုးလာသည်)
အကျဉ်းချုပ် - ကိုယ်ပျောက်ခြင်း၊ အမြန်နှုန်းနှင့် လှည့်စားခြင်းတို့သည် အဆင့်အသစ်များသို့ ရောက်ရှိသွားကာ သူ့အား စစ်မှန်သော အရိပ်သခင်နှင့် စစ်မြေပြင်၏တစ္ဆေတစ်ကောင် ဖြစ်လာစေသည်။
ပုံပန်းသဏ္ဍာန် မတူညီကြသော်လည်း အားကောင်းသော အငွေ့အသက်များ ထုတ်လွှင့်နေသည့် ဤလက်အောက်ခံ သုံးဦးကို ကြည့်ရင်း လင်းထျန်းလုံ၏ ရင်ထဲတွင် ဂုဏ်ယူမှုနှင့် တည်ငြိမ်မှုတို့ ပြည့်လျှံလာသည်။
ယခင်ကထက် များစွာသာလွန်သော စွမ်းအားများ သူတို့ကိုယ်တွင်း၌ ဖြတ်သန်းစီးဆင်းနေသည်ကို သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။
ဤသည်မှာ ဝံပုလွေအုပ်စု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အနာဂတ်တွင် နယ်မြေချဲ့ထွင်ရန်အတွက် လက်သည်းများနှင့် အစွယ်များပင် ဖြစ်သည်။
မနေ့ညက အဖြစ်အပျက်များအတွင ဝမ်းနည်းဖွယ် စွန့်လွှတ်အနစ်နာခံမှုများနှင့် ပြင်းထန်သော တိုက်ပွဲများသည် ယခုအခိုက်အတန့်တွင် တန်ဖိုးရှိသော ရလဒ်ကောင်းများအဖြစ် ပြောင်းလဲသွားချေပြီ။
“ဖေဖေ... ဦးဦးတွေက အရမ်းမိုက်တာပဲ” ရှောင်လန်က မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိ၊ လင်းထျန်းလုံ၏ အမူအရာကို အတုခိုးကာ စစ်သူကြီးသုံးဦးကို လေးနက်သော မျက်နှာလေးဖြင့် ကြည့်နေလေသည်။
ရှောင်ယင်းကလည်း တီးတိုးထောက်ခံလိုက်သည်။ “အင်း... သမီးလည်း ပိုပြီးလုံခြုံလာသလို ခံစားရတယ်”
“ဒီအဓိကမဏ္ဍိုင်ကြီးသုံးခုနဲ့ဆိုရင် ဝံပုလွေအသိုက်ရဲ့ အခြေခံအုတ်မြစ်က ခိုင်မာသွားပြီ၊ အချိန်ပေးနိုင်မယ်ဆိုရင် စစ်မှန်တဲ့ ဘုရင်အဆင့် စွမ်းအားရှင်တွေနဲ့တောင် ရင်ဆိုင်လို့ ရနိုင်လောက်တယ်”
“တကယ်ပါပဲ... ဦးလေးထျန်းပင်းရဲ့ ရှေ့သို့ချီတက်ခြင်း ဝိသေသလက္ခဏာက စစ်မြေပြင်အတွက် သီးသန့်ဖန်တီးထားသလိုပဲ၊ ဦးလေးယင်းဖုန်းရဲ့ အရိပ်ဝိညာဉ်ကတော့ ခန့်မှန်းရ ပိုတောင်ခက်သေးတယ်..."
“ဝံပုလွေဖေဖေရဲ့ ကွပ်ကဲမှုအောက်မှာ တကယ့်ကို ထူးချွန်တဲ့ သူရဲကောင်းတွေ စုဝေးနေတာပဲ”
သမီးနှစ်ယောက်ကို နှစ်သိမ့်ပွတ်သပ်ပေးလိုက်ပြီးနောက် လင်းထျန်းလုံက အဝေးသို့ မျှော်ကြည့်လိုက်လေသည်။
အခန်း (၂၁၀) - ဧရာမချော်ရည်ကြံ့ကြီးအား သတ်ဖြတ်ခြင်း (၁)
နံနက်ခင်းအလင်းရောင်အောက်တွင် ထျန်းစန်းတောအုပ်ကြီးသည် ရှင်းလင်းသော ပုံပန်းသဏ္ဍာန်များနှင့် တိကျသောနယ်နိမိတ်များ ခွဲခြားထားလေသည်။
ဤတိုက်ပွဲအပြီးတွင် ကျယ်ပြန့်လွန်းသော နယ်မြေကြီးသည် အမည်ခံသက်သက်သာ မဟုတ်တော့ဘဲ လက်တွေ့တွင်ပါ သူ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝကျရောက်သွားပြီဖြစ်သည်။
“ငါတို့အိမ်အတွက် အနာဂတ်ပုံစံကြမ်းသစ်တစ်ခု ရေးဆွဲရမယ့်အချိန် ရောက်ပြီ” သူ၏ အတွေးများသည် သာမန်မျက်စိဖြင့် မမြင်ရသော ကွန်ရက်တစ်ခုကဲ့သို့ ပျံ့နှံ့သွားပြီး သူ၏ အမြင်အာရုံများကို စစ်သူကြီးသုံးဦးထံသို့ ပေးပို့လိုက်သည်။
“အရှေ့ဘက်က ရေခဲရေတံခွန်မှာ မတ်စောက်တဲ့ မြေပြင်အနေအထားရှိတယ်၊ ကာကွယ်ရလွယ်ပြီး တိုက်ခိုက်ရခက်တယ်၊ အဲဒါကို သဘာဝအတားအဆီးတစ်ခုအနေနဲ့ အသုံးပြုလို့ရတယ်”
“ငါတို့ အဲဒီမှာ ပထမဆုံး နယ်စပ်ကင်းစခန်းကို တည်ဆောက်ပြီး မြေအောက်မှာ ရှိနိုင်တဲ့ ရေခဲပင်မသလင်းကျောက်ကြောကို တူးဖော်ကြမယ်”
ရန့်မြဲ့၏ အေးစက်သော မျက်ဝန်းများတွင် အလင်းရောင်တစ်ချက် လက်သွားပြီး ကင်းစခန်း၏ ခံစစ်တည်ဆောက်ပုံကို သူ၏စိတ်ထဲတွင် ချက်ချင်း တွက်ချက်နေပြီဖြစ်သည်။
ထို့အပြင် အကြွင်းမဲ့ရေခဲဝိညာဉ်၏ စွမ်းအားကို ခံတပ်များနှင့် မည်သို့ပေါင်းစပ်ရမည်ကိုလည်း စဉ်းစားနေသည်။
“တောင်ဘက်က ရှေးဟောင်းတောအုပ်ကြီးမှာက အရင်းအမြစ်တွေ ပေါများပေမယ့် ပိုအားကောင်းတဲ့ မိစ္ဆာသားရဲတွေလည်း ပုန်းအောင်းနေတယ်"
“ငါတို့ လုံခြုံတဲ့ အမဲလိုက်လမ်းကြောင်းအချို့ကို စီစဉ်ဖို့လိုတယ်၊ ပြီးတော့ အဲ့သားရဲတွေကို တဖြည်းဖြည်းထိန်းချုပ်နိုင်ဖို့ အရေးကြီးတဲ့ နေရာတွေမှာ လျှို့ဝှက်ထောက်ပံ့ရေးစခန်းတွေ ထားဖို့ စဉ်းစားရမယ်”
ထိုစကားကို ကြားသောအခါ ထျန်းပင်းက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး တိုက်ခိုက်မည့် လမ်းကြောင်းများနှင့် အမဲလိုက်နိုင်မည့် ပစ်မှတ်များကို မြေပြင်ပေါ်တွင် သူ၏ လက်သည်းများဖြင့် ရေးဆွဲနေပြီဖြစ်သည်။
ရှေ့သို့ချီတက်ခြင်း ဝိသေသလက္ခဏာက သူ့ကို အောင်နိုင်ခြင်းအတွက် ဆန္ဒများဖြင့် ပြည့်နှက်နေစေသည်။
“ဝံပုလွေအသိုက်အတွက်ကတော့...” လင်းထျန်းလုံသည် အဓိကနေရာကို ဝေ့ကြည့်လိုက်သည်။
“ခံစစ်စနစ်ကို အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်၊ အသွင်ပြောင်းပြီးနောက် မိခင်သစ်ပင်ရဲ့ စွမ်းအားကို အကောင်းဆုံး အသုံးချရမယ်”
“နေထိုင်ဖို့ရာ နေရာတွေကိုလည်း ချဲ့ထွင်ဖို့လိုတယ်၊ သီးသန့်ပျိုးခင်းတွေ၊ လေ့ကျင့်ရေးနယ်မြေတွေနဲ့ အရင်းအမြစ်ဂိုဒေါင်တွေကို တည်ဆောက်ပြီး ဒီနေရာကို အသိုက်တစ်ခုတည်း မဟုတ်ဘဲ စည်ကားသိုက်မြိုက်တဲ့... အိမ်တစ်လုံး ဖြစ်လာစေရမယ်”
အရိပ်ထဲတွင် တိတ်တဆိတ် ပုန်းကွယ်နေသော ယင်းဖုန်းမှာ မလှုပ်ရှားလာသော်လည်း သူ၏စိတ်ထဲတွင် နယ်မြေတစ်ခုလုံးအတွက် ကင်းထောက်ကွန်ရက်နှင့် လျှို့ဝှက်ကင်းစောင့်ချထားမည့် အစီအစဥ်ကို ရေးဆွဲနေပြီဖြစ်ကြောင်း လင်းထျန်းလုံသိသည်။
ဤမျှော်လင့်ချက်များ ပြည့်နှက်နေသော လေထုကြားတွင် အလွန်သိမ်မွေ့သော်လည်း ဖရိုဖရဲဖြစ်ကာ ပြင်းထန်သော စွမ်းအင်အတက်အကျတစ်ခုကို လင်းထျန်းလုံက ငွေပြာဘုရင်မျက်ဝန်းဖြင့် ထက်ရှစွာ ဖမ်းယူသိရှိလိုက်သည်။
၎င်းမှာ ရေကန်ထဲ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်။ ၎င်းသည် အနောက်မြောက်ဘက်မှ လာခြင်းဖြစ်ပြီး အလွန်ဝေးကွာသော်လည်း အားနည်းခြင်းမရှိပေ။
တစ်ချိန်တည်းမှာပင် ယင်းဖုန်းကလည်း စုံစမ်းစစ်ဆေးပြီးနောက် အတွေးတစ်ခု ပေးပို့လာကာ လေးနက်မှုတစ်ချို့ ပါဝင်နေသည်။
“ဘုရင်ကြီး... အနောက်မြောက်ဘက် မီတာခုနစ်ဆယ်လောက်မှာ ကျွန်တော်ထောင်ထားတဲ့ ရေခဲခြေရာ ထောင်ချောက်ကို တစ်ယောက်ယောက် တက်နင်းမိသွားတယ်"
အဲဒါက တမင်သက်သက် တိုက်ခိုက်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ကျန်ခဲ့တဲ့ စွမ်းအင်အငွေ့အသက်က အရမ်းစိမ်းသက်နေတယ်..."
“ပြီးတော့ သဘာဝအတိုင်း ရိုင်းစိုင်းမှုတွေ ပြည့်နှက်နေပြီး သူ့ရဲ့ စွမ်းအင်လှိုင်းအရ အနည်းဆုံးတော့ ဘုရင်အဆင့်မှာ ရှိတယ်။ ထောင်ချောက်မိတဲ့ နေရာက ဝိညာဉ်နက်တောင်ကြောလို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ နေရာရဲ့ အစွန်အဖျားမှာပါ"
“အခြေအနေကိုအခြေအနေကို ဆက်စုံစမ်းဖို့ ကင်းထောက်ဝံပုလွေတစ်ကောင် လွှတ်လိုက်ရမလား”
“ဝိညာဉ်နက်တောင်ကြော...” လင်းထျန်းလုံက ထိုအမည်ကို မှတ်သားထားလိုက်သည်။ ဘုရင်အဆင့် တည်ရှိမှုနှင့် ပြင်းထန်သော စွမ်းအင်ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည့် သူ့အိမ်နီးချင်းတစ်ဦးပင်။
“အထဲထိ ဝင်သွားစရာမလိုဘူး” အန္တရာယ်များသော အကြံပြုချက်ကို သူက တည်ငြိမ်စွာ ငြင်းပယ်လိုက်သည်။
“အဝေးကနေပဲ စောင့်ကြည့်ထားပြီး စွမ်းအင်အတက်အကျ ပုံစံတွေကို မှတ်တမ်းတင်ထား။ အခုလောလောဆယ် ငါတို့ရဲ့ အဓိကတာဝန်က တိုက်ပွဲကရလာတဲ့ အသီးအပွင့်တွေကို စုပ်ယူဖို့နဲ့ ငါတို့ကိုယ်ငါတို့ သန်မာလာအောင်လုပ်ဖို့ပဲ”
သူက ခေါင်းမော့လိုက်ပြီး အဝေးသို့ကြည့်နေလေသည်။ သူ၏အကြည့်တို့သည် ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ အနောက်မြောက်ဘက်သို့ လှမ်းကြည့်နေသကဲ့သို့ပင်။
အတွင်းပိုင်းအကျပ်အတည်းများ ယာယီပြီးဆုံးသွားသော်လည်း ဤကမ္ဘာကြီးက ဖော်ပြထားသည်မှာ ရေခဲတောင်ထိပ်မျှလောက်သာရှိပြီး ရှေ့ဆက်ရမည့်လမ်းများမှာလည်း ဘယ်သောအခါမှ ချောမွေ့နေမည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် သူက တစ်ယောက်တည်း လျှောက်လှမ်းနေရခြင်း မဟုတ်ပေ။
……..
ဝံပုလွေအသိုက်၏ နံနက်ခင်းသည် လုံးဝ ငြိမ်းချမ်းနေခြင်းတော့ မဟုတ်ပေ။
လင်းထျန်းလုံသည် တိုတမ်မိခင်သစ်ပင်ကြီး၏ အမြင့်ဆုံးသစ်ကိုင်းပေါ်တွင် ရပ်နေရင်း သူ၏ ရေခဲပြာရောင် ငွေပြာဘုရင်မျက်ဝန်း’ဖြင့် အနောက်မြောက်ဘက်ရှိ ‘ဝိညာဉ်နက်တောင်ကြော’ ဟု သတ်မှတ်ထားသော အန္တရာယ်များသည့် နယ်မြေဆီသို့ အာရုံစိုက်ကြည့်ရှုနေသည်။
မနေ့ညက ယင်းဖုန်း သတင်းပို့ထားသည့် နယ်စပ်ရှိ ‘ရေခဲခြေရာ’ ထောင်ချောက် တက်နင်းခံရမှုက တိုက်ပွဲပြီးကတည်းက သူ၏စိတ်ထဲတွင် စွဲထင်နေခဲ့သည်။
“ဘုရင်ကြီး” အေးစက်စက် အသိစိတ်လှိုင်းတစ်ခု လင်းထျန်းလုံ၏ စိတ်ထဲသို့ စီးဝင်လာသည်။ ယင်းမှာ ယင်းဖုန်း ပင်ဖြစ်သည်။
“အနောက်မြောက်ဘက် မီတာခုနစ်ဆယ်မှာရှိတဲ့ ကျန်ရစ်နေတဲ့ ရေခဲခြေရာတွေအကုန်လုံး ဖျက်ဆီးခံလိုက်ရပြီ၊ အဲဒီစွမ်းအားက... သိသာထင်ရှားတဲ့ ရန်လိုမှုတွေနဲ့ ဒီဘက်ကို ချဉ်းကပ်လာနေတယ်”
ယင်းဖုန်း၏သတိပေးချက်နှင့် တစ်ပြိုင်နက်တည်းမှာပင် လင်းထျန်းလုံ၏ မျက်လုံးများ အနည်းငယ် ကျုံ့ဝင်သွားသည်။
ငွေပြာဘုရင်မျက်ဝန်း၏ အမြင်အာရုံ အဆုံးတွင် မည်းနက်နေသော အနက်ရောင် ဒီရေလှိုင်းများ လှုပ်ရှားလာသည်ကို တွေ့လိုက်ရပြီး အရုဏ်ဦး၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲလိုက်သည့် ခြေသံများက မိုးချိန်းသံပမာ ထွက်ပေါ်လာသည်။
“ရန်သူတွေ လာနေပြီ”
ရေကန်ထဲ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည့်အလား အေးစက်သော အသိစိတ်အာရုံက ဝံပုလွေအသိုက်တစ်ခုလုံးဆီသို့ မမြင်ရသော လှိုင်းဂယက်များ ချက်ချင်း ရိုက်ခတ်သွားသည်။
ဒဏ်ရာများကို လျက်နေသော၊ ပစ္စည်းများကို သယ်ယူနေသော၊ သို့မဟုတ် မိခင်သစ်ပင်၏ အလင်းရောင်အောက်တွင် အနားယူနေသော နှင်းဝံပုလွေတိုင်းသည် ထိုအခိုက်အတန့်တွင် ရပ်တန့်သွားကြပြီး သူတို့၏ ခေါင်းများကို အနောက်မြောက်ဘက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
ဆူညံပွက်လောရိုက်ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း လုံးဝမရှိဘဲ သွေးနှင့် မီးတောက်များကြားတွင် ရင့်ကျက်လာခဲ့သော အေးစက်သည့် အကြည့်များနှင့် ဆူပွက်နေသော တိုက်ပွဲဝင်လိုစိတ်များသာ ရှိနေသည်။
သစ်ပင်အိမ်လေးထဲတွင် သူမ၏လက်သေးသေးလေးများဖြင့် ရေခဲစွမ်းအင်များကို ဝံပုလွေပေါက်လေးပုံစံ ဖန်တီးရန် ကြိုးစားနေသည့် ရှောင်လန်သည် ရုတ်တရက် တောင့်တင်းသွားသည်။
ကျိုးလွယ်ဆတ်လွယ်သော ပုံစံတူ ရေခဲအရုပ်လေးသည် ‘ဒေါက်’ ခနဲ ကွဲကြေသွားသည်။
ပြတင်းပေါက်အပြင်ဘက် အဝေးမှ ကောင်းကင်ကို ဖုံးလွှမ်းလာသည့် တိမ်တိုက်ကြီးက သူမ၏ အာရုံကို လုံးဝ ဖမ်းစားသွားလေ၏။
“ဖေဖေ” သူမက ပြတင်းပေါက်ဆီ ပြေးသွားပြီး လက်ညှိုးသေးသေးလေးဖြင့် အနောက်မြောက်ဘက်ကို ညွှန်ပြကာ ထိတ်လန့်တကြားဖြစ်နေသော အသံဖြင့် အော်လိုက်သည်။
“ဟိုမှာ ဘာကြီးလဲ... ကောင်းကင်ယံက မည်းမှောင်လာပြီ၊ ပြီးတော့ အရမ်းကျယ်တဲ့ အသံကြီးတွေလည်း ကြားနေရတယ်”
လင်းထျန်းလုံ သင်ပေးထားသည့်အတိုင်း လေထုထဲရှိ စွမ်းအင်စီးဆင်းမှုများကို အာရုံခံနိုင်ရန် အနီးအနားတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သော ရှောင်ယင်းသည်လည်း ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
သူမက လင်းထျန်းလုံအနားသို့ အမြန်ပြေးလာပြီး ရှေ့ခြေထောက်ပေါ်ရှိ ထူထဲသော ငွေရောင်အမွေးများကို လက်သေးသေးလေးများဖြင့် ဆုပ်ကိုင်ကာ သူမ၏မျက်နှာလေးကို အပ်ထားလိုက်သည်။
ထို့နောက် သူမထံမှ တိုးညှင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ “သူတို့က... အရမ်းဝေးတဲ့နေရာကနေ လာကြတာလား၊ သူတို့ကြည့်ရတာ... အရမ်းကြမ်းတမ်းမယ့်ပုံပဲ”
“ရှောင်လန်၊ ဒီလူသတ်ချင်တဲ့ အငွေ့အသက်ကြီးက အရမ်းများပြားပြီး ရှုပ်ထွေးနေတယ်၊ အင်အားစုအသေးလေးတော့ မဟုတ်ဘူး သူတို့ အသိုက်တစ်ခုလုံးက အကောင်တွေအကုန် စေလွှတ်လိုက်တာလား”
“ရှောင်ယင်း၊ အနောက်မြောက်ဘက်ကိုကြည့်လိုက်... ဟုတ်ပြီ၊ အဲ့တာ ဖေဖေတို့ စောင့်ကြည့်နေတဲ့ နေရာပဲ၊ အဲဒီနယ်က အရှင်သခင်က ငါတို့ အင်အားကြီးလာမှာကို ထိုင်မစောင့်ရဲတော့လို့ ငါတို့ တိုက်ပွဲပန်းနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်တာပဲဖြစ်မယ်”
လင်းထျန်းလုံက ခေါင်းငုံ့ကာ သူ၏ နှာခေါင်းကြီးဖြင့် သမီးနှစ်ယောက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး နူးညံ့သော်ငြား ပြတ်သားလွန်းသည့် စိတ်ဆန္ဒဖြင့် သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။
“မိခင်သစ်ပင်ကြီးရဲ့ နယ်မြေထဲမှာပဲ နေကြနော်၊ ဒီနေရာက အလုံခြုံဆုံးပဲ။ ဖေဖေနဲ့ ဦးလေးတွေက ဖေဖေတို့အိမ်လေးကို ဘယ်လိုကာကွယ်မလဲဆိုတာ သေချာကြည့်နေကြ”
ဤကမ္ဘာအသစ်တွင် ရှင်သန်ရပ်တည်နိုင်ရုံမျှမက အစွမ်းထက်ဆုံး အရှင်သခင်တစ်ပါးဖြစ်လာရန် သူ၏ရည်မှန်းချက်များကို ထိုရန်သူများက စမ်းသပ်လာချေပြီ။
သူ၏ အသိစိတ်သည် မမြင်ရသော အမိန့်ပေးချက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝံပုလွေအသိုက်ကို တိကျမြန်ဆန်သော စစ်စက်ယန္တရားကြီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားစေသည်။
ရန့်မြဲ့၏ပုံရိပ်သည် အဓိကခံစစ်ဆုံချက်ထဲသို့ တိတ်ဆိတ်စွာ ပေါင်းစပ်သွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရေခဲကြေးခွံချပ်ဝတ်တန်ဆာမှာ အေးစက်စက် အလင်းရောင်များ တောက်ပလာကာ ခြေထောက်အောက်ရှိ မိခင်သစ်ပင်၏စွမ်းအား၊ ကြယ်တာရာအကာအကွယ်တစ်ခုလုံးနှင့် နက်ရှိုင်းစွာ ချိတ်ဆက်သွားသည်။
ထျန်းပင်းကတော့ ထပ်မံမထိန်းချုပ်နိုင်တော့သည့်အလား စိတ်လှုပ်ရှားနေသည့် ဟိန်းဟောက်သံတိုးတိုးကို ပြုလုပ်လိုက်သည်။
သူ၏ ရွှေရောင်ရင့်ရင့် ခန္ဓာကိုယ်ကြီးမှာ အနည်းငယ် ကိုင်းညွတ်သွားပြီး ကြွက်သားများ ဖောင်းကြွလာကာ ထာဝရဗာဂျရာခန္ဓာ၏ အလင်းရောင်များက အမွေးများအောက်တွင် စီးဆင်းနေသည်။
ပိုမိုများပြားသော နှင်းဝံပုလွေများသည် မရေမတွက်နိုင်အောင် လေ့ကျင့်ထားခဲ့သည့် ပုံစံများအတိုင်း သူတို့၏ တိုက်ပွဲဝင်နေရာများသို့ လျင်မြန်တိတ်ဆိတ်စွာ ဝင်ရောက်သွားကြသည်။
အစောင့်အရှောက်များက ရှေ့တန်းသို့ တက်လာပြီး၊ လုပ်ကြံသတ်ဖြတ်သူများက တိုက်ခိုက်ရန် အသင့်ပြင်ထားကာ၊ အမဲလိုက်သမားများကတော့ အရိပ်များနှင့် ရေခဲစူးချွန်များ၏ အကာအကွယ်အောက်တွင် လုံးဝ ပျောက်ကွယ်သွားကြသည်။
နောက်တစ်ခဏတွင်တော့ ကျူးကျော်သူများသည် အဝေးရှိ သစ်ပင်ကြီးများကို ဖျက်ဆီးကာ ရေကာတာကျိုးပေါက်ပြီး ရေလွှမ်းမိုးမှုကြီးတစ်ခု ဖြစ်ပေါ်လာသည့်အလား ပျက်စီးခြင်း အငွေ့အသက်များကို သယ်ဆောင်လျက် အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာကြတော့သည်။